← Chapters

ဒဏ္ဍာရီနဂါးအမိန့်

Vol. 137 Ch. 1911

ဒဏ္ဍာရီနဂါးအမိန့်

Vol. 137 Ch. 1911

တော်ဝင်မျိုးနွယ် ၈ ခုတွင် မိုမျိုးနွယ်၏ အဆင့်မှာမြင့်မားသည်။ တခြား သူများမှ သူတို့ကိုဖိနှိပ်ရန်မှာ မလွယ်ကူလှပေ။ သို့သော် ယခုမိုမျိုးနွယ်ကို ကြည့်လျှင် သူတို့သည် ဆိုးဆိုးဝါးဝါးဖိနှိပ်ခံနေရသလိုပင်။

“ပြိုင်ဘက်တွေက မျိုးနွယ် ၂ ခုပဲ” မိုယွိ ပြောလေသည် “တစ္ဆေလောက, က မိသားစုလေးခုရဲ့ အင်အားက သိပ်မကွာကြဘူး.. ဒုတိယနဲ့ စတုတ္ထမိသားစု တွေပေါင်းလိုက်တော့ ငါတို့ ကိုင်တွယ်နိုင်ရင်တောင် နည်းနည်းတော့ အခက် တွေ့နေတယ်”

“အဲဒါကြောင့် ရှင်ပြန်မလာတာကိုး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဘာလို့လဲ သူတို့က ဘာလို့ ရှင်တို့နဲ့ရှင်းချင်တာလဲ.. သူတို့တွေလည်း အချိန်တွေ အကြာကြီး အေးချမ်းလာတာပဲ.. အကြောင်းမရှိဘဲ ရုတ်တရက်ကြီး နှိမ်နှင်းမှာ မဟုတ်ဘူး”

“ဒဏ္ဍာရီနဂါးအမိန့်ကြောင့်လေ”

“ဘိုးဘေးကြီး” မိုယွိ စကားဆုံးသည်နှင့် မိုကျယ်နှင့် တခြားသူများသည် ခွင့်မပြုသလို အော်ကြလေသည်။

“ရပါတယ်” မိုယွိသည် တည်ငြိမ်စွာပင် ပြောသေလည် “သူမ သိသွား လည်းကိစ္စမရှိဘူး”

ရှီမာယူယူသည် အားလုံးကို မေးခွန်းထုတ်သလို ကြည့်လိုက်သည် “ဒဏ္ဍာရီနဂါးအမိန့်ဆိုတာဘာလဲ”

“ဒဏ္ဍာရီနဂါးအမိန့်တဲ့လား” စကားဖြတ်ပြောခဲလှသော ဝူလင်းယူသည် ပြောလေသည် “အဲဒီ ဒဏ္ဍာရီနဂါးအမိန့်လား”

“အစ်ကိုသိတာလား” ရှီမာယူယူသည် ဝူလင်းယူကို တအံ့တဩကြည့် လေသည်။

“အရင်ကကြားဖူးတယ်” ဝူလင်းယူပြောလိုက်သည် “အဲဒါက နဂါးရဲ့ စွမ်းအားကိုရနိုင်တဲ့ဟာပဲ.. အဲဒါရလိုက်ရင် မြေပြင်ကဝိညာဉ်သားရဲတွေကို အမိန့်ပေးလို့ရတယ်.. လူသားလောက၊ တစ္ဆေလောကနဲ့ နတ်ဆိုးလောက မရွေးဘူး… အဲထဲက စွမ်းအားကိုဖွင့်လိုက်တာနဲ့ အထဲမှာရှိနေတဲ့ ဒဏ္ဍာရီနဂါး ရဲ့စွမ်းအားကိုရသွားမယ်… ပြီးတော့ ဒဏ္ဍာရီနဂါးရဲ့စွမ်းအားတစ်ဝက်ကို အဲထဲမှာထည့်ထားတယ်”

“နဂါးရဲ့စွမ်းအားဟုတ်လား” ရှီမာယူယူသည် မျက်လုံးများပြူးကျယ်သွား တော့သည် “မိုယွိ အဲဒါအမှန်ပဲလား”

ကြက်သွေးရောင်မီးတောက်၏ ဒဏ်ရာသည် နှစ်ပေါင်းသိန်းချီကြာခဲ့ သည်။ သူ၏ နောက်ဆုံးအသက်ကိုကယ်ရန်အတွက် သားရဲဥအဖြစ်ပြောင်းခဲ့ရ သည်။ သူမနှင့် စာချုပ်တည်ထောင်ပြီးနောက်တွင် သူမ၏ အဆင့်တက်မှုနှင့် ပေါင်းလိုက်သောအခါ အနည်းငယ်သက်လာသည်။ သို့သော် အနည်းငယ်ဟု ဆို သော်လည်း အလွန်အားကောင်းလှသည်။ သူသာ အပြည့်အဝအားကောင်းလာ ပါက သူမ မှန်းပင်မမှန်းနိုင်တော့ပေ။

အဇူရာနဂါးနှင့် ဟင်္သပဒါးရောင်ငှက်တို့သည် ကမ္ဘာအထက်တွင် ဘေးချင်းကပ်ရပ်နေကြသည်။ အဇူရာနဂါး၏ စွမ်းအားတစ်ဝက်ကပင် အလွန် ကြောက်မက်ဖွယ်စွမ်းအားဖြစ်သည်။ ပြီးနောက် မြေပေါ်မှ ဝိညာဉ်သားရဲများ အားလုံးကို အမိန့်ပေးနိုင်သည့်စွမ်းအားမှာ အလွန်ဆွဲဆောင်မှုရှိလှသည်။

“ဟုတ်တယ် ဒဏ္ဍာရီနဂါးအမိန့်က တကယ်ပဲ တစ္ဆေလောကကို ရောက်လာတယ်.. ဒါပေမဲ့ ငါတို့နဲ့တော့ ရှိမနေဘူး” မိုယွိ ပြောလိုက်သည် “ပြီးတော့ အဲလူတွေက ဒီမှာရှိတယ်လို့ယုံနေကြတာ ပြီးတော့ သူလည်း အပေါင်းအပါတွေကို စည်းရုံးထားတယ်”

“ဒုတိယမျိုးနွယ်က ချီမျိုးနွယ်၊ စတုတ္ထမျိုးနွယ်က မျိုးနွယ် ၉ ပဲ”

“သူတို့ပဲ ငါက သူ့ထက်သာတယ်လို့ ချီမီဆိုတဲ့လူက အမြဲထင်နေတာ အဲတော့ သူအဲသတင်းရတာနဲ့ ငါ့ကိုရှင်းပစ်ချင်နေတာပဲ” မိုယွိ ပြောလေသည်။

“ဒဏ္ဍာရီနဂါးအမိန့်က ဘယ်မှာရှိလဲဆိုတာ မသိရဘူးလေ အဲဒါကို ဘာလို့ မိုမျိုးနွယ်မှာရှိတယ်လို့ ထင်နေကြတာလဲ.. တစ်ခုခုတော့ ဖြစ်နေပြီ မလား” ဝူလင်းယူ မေးလိုက်သည်။

“ကလေးတစ်ယောက်ကြောင့်ပါ”

“ကလေးဟုတ်လား”

“ဟုတ်တယ် ငါ လျောင်ပြည်နယ်ကထွက်လာတော့ မြို့လေးတစ်ခုမှာ ထူးဆန်းတဲ့ ကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်”

“ထူးဆန်းတဲ့ကလေးလား”

“အဲကောင်လေးက ၇ နှစ် ၈ နှစ်လောက်ပဲရှိဦးမယ် ဒါပေမဲ့ သူက ပုံမှန် ကလေးတစ်ယောက်ပုံစံမဟုတ်ဘူး သိချင်တာနဲ့ သူနဲ့ ခဏလောက် အဆက် အသွယ်လုပ်ခဲ့တယ်” မိုယွိ ပြောရင်းနှင့် တစ်စုံတစ်ရာကို သတိရသွားဟန်နှင့် ရပ်လိုက်သည်။

“ပြီးတော့ ဘာဖြစ်လဲ ဘာတွေ့ခဲ့တာလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူက ကလေးမဟုတ်တာကို သိလိုက်ရတယ်… သူ့ခန္ဓာကိုယ်က ဖွံ့ဖြိုး မှုရပ်သွားလို့ ငယ်နေတာပဲ.. ဒါပေမဲ့ ငါ သေချာမစုံစမ်းရသေးခင်မှာပဲ သူ ပျောက်သွားတယ်” မိုယွိ ဆက်ပြောလေသည်။

“အဲဒီကလေးက ဒဏ္ဍာရီနဂါးအမိန့်ရဲ့ ပိုင်ရှင်ဖြစ်နေမလား”

“အဲတုန်းက ငါလည်း မထင်ခဲ့မိဘူး.. ဒါပေမဲ့ အခုစဉ်းစားလိုက်တော့ အဲလို ဖြစ်နိုင်တယ်” မိုယွိ ပြောလိုက်သည် “ဒဏ္ဍာရီနဂါးအမိန့်ကြောင့်မို့လို့ သူ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုရပ်သွားတာဖြစ်မယ်”

“ဒဏ္ဍာရီနဂါးရဲ့ စွမ်းအားကို ဆက်ခံလိုက်လို့လား”

“ဆန့်ကျင်ဘက်အနေနဲ့ သူက ဒဏ္ဍာရီနဂါးအမိန့်ကို လက်ခံပြီးတော့ အထဲကစွမ်းအားကို လက်မခံလို့ သူ့ခန္ဓာကိုယ်က အဲလိုအခြေအနေဖြစ်သွား တာပဲ”

ရှီမာယူယူသည် စားပွဲကို လက်ချောင်းများဖြင့် ခေါက်ပြီး စဉ်းစားကာ ပြောလိုက်သည် “အဲဒီကလေးက အရင်က ဒဏ္ဍာရီနဂါးရဲ့ စွမ်းအားကို ထွက် အောင်လုပ်ပြီးတော့ ပြန်ပျောက်သွားတာဖြစ်မယ် အဲတော့ ရှင်က သူနဲ့အတူနေ ခဲ့တော့ သံသယဝင်စရာဖြစ်နေတယ်.. ဒါပေမဲ့ ဒါကဆင်ခြေသက်သက်ပါပဲ ဟုတ်တယ်မလား”

မိုယွိသည် သူမကို ချီးကျူးသည့် အကြည့်ဖြင့် ကြည့်လိုက်သည် “ချီမျိုးနွယ်က ငါတို့ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ ဒီအဖြစ်အပျက်ကြောင့် မဟုတ်လည်း တခြားတစ်ခုကို အကြောင်းပြမှာပဲ.. သူတို့လိုနေတာက အကြောင်းပြချက် သက်သက်ပဲ”

“ကျွတ် ကျွတ်ရှင်တို့လို မျိုးနွယ်ကြီးတွေကလည်း မမှန်မကန်တာတွေ များလိုက်တာ.. တစ်ချိန်လုံး သူတို့ကချောင်းနေတာပဲ” ရှီမာယူယူသည် စားပွဲကို ခေါက်နေသည် “ဒါပေမဲ့ ရှင်တို့က အဲလူတွေကို မျက်လုံးထဲတောင် ထည့်မှာ မဟုတ်ဘူးထင်တယ် ရှင်တို့က မိုကျိကိုပဲ ပိုစိတ်ပူမှာ”

“ဒီကိစ္စက တကယ်ပဲ ခေါင်းကိုက်စရာပဲ”

“ခေါင်းကိုက်စရာသက်သက်ပါပဲ အဲထက်မပိုဘူး” ရှီမာယူယူ ပြောလိုက် သည် “ခဏပဲကြာလိမ့်မယ် ကျွန်မကတော့ စိတ်မပူပါဘူး”

“ဘာလို့ ဒီလိုပြောတာလဲ မင်း ငါတို့ကိုစိတ်မပူဘူးလား” မိုယွိသည် သူမ ကို လှမ်းကြည့်လေသည် “မင်း မလာရင်လည်း ထားလိုက်တော့ ရောက်လာမှ တော့ ငါတို့နဲ့တစ်လှေတည်းစီးနေပြီလေ.. အခု မင်း ထွက်သွားရင်တောင် ငါတို့ နဲ့တစ်ဖွဲ့တည်းလို့ ထင်သွားကြမှာပဲ”

“ရှင့်စကားတွေအရဆိုရင် ကျွန်မတို့က တစ်ဖွဲ့တည်းဖြစ်နေပြီလား” ရှီမာယူယူသည် မျက်တောင်ခတ်လေသည်။

“ဟင်” မိုယွိ သူမကိုကြည့်လိုက်သည်။ ရုတ်တရက်ကြီး စကားပြောပုံက ပြောင်းသွားတယ်လို့ သူ ဘာလို့ခံစားမိနေတာလဲ။

“ရှင်ကိုယ်တိုင်ပဲပြောတာနော် ကျွန်မတို့က တစ်ဖွဲ့တည်းပါလို့”

“ဟုတ်တယ်”

“ဒါဆို ရှင်တို့နဲ့ ကျွန်မက တစ်ဖွဲ့တည်းဖြစ်သွားပြီ အဲတော့ ရှင်က တစ္ဆေ ကြင်ယာတော်နဲ့ တစ်ဖက်တည်းမဟုတ်တော့ဘူးနော်” ရှီမာယူယူသည် ပြုံးပြီး ကြည့်လေသည် “ဝမ်းကွဲအစ်ကိုက စိတ်ပူနေတာ.. တစ္ဆေကြင်ယာတော်က ရှင့်ကို စည်းရုံးဖို့ကြိုးစားနေတာတဲ့ ရှင်ပါသွားမှာကို ကျွန်မက စိုးရိမ်နေတာ”

“အဲဒါကို စိုးရိမ်ဖို့လိုသေးလို့လား” မိုယွိသည် လက်ဆန့်ထုတ်ကာ သူမ ခေါင်းကိုခေါက်ပြီး စူးရှစွာကြည့်လေသည်။

“ဒီမှာ ကျွန်မစိုးရိမ်တာမဟုတ်ပါဘူးနော် ဝမ်းကွဲအစ်ကိုကစိုးရိမ်နေတာ၊ အရင်က တစ္ဆေကြင်ယာတော်အတွက် အလုပ်လုပ်ပေးတာ ရှင်ပဲလေ” ရှီမာယူယူသည် သူ့လက်ကို ပုတ်ချလေသည် “ပြောရင်းနဲ့ ရှင် ကျွန်မကို အရင် လိုပဲသတ်ချင်တုန်းလား”

“မင်းက ဘာမှမဟုတ်တဲ့ကိစ္စတွေကိုတောင် မှတ်မိသေးတယ်နော် ဉာဏ် ကလည်း ကောင်းလိုက်တာ” မိုယွိ ရေရွတ်လေသည်။

“ကျွန်မက ရှင့်ကိုစိတ်ပူတာထက် အဲဒီကလေးကို ပိုစိတ်ဝင်စားတယ်” ရှီမာယူယူ ပြောလိုက်သည် “အဲဒီကလေးအကြောင်း သတင်းအသစ်ရသေး လား”

“သူ့ခန္ဓာကိုယ်မှာ ဒဏ္ဍာရီနဂါးအမိန်ရှိနေမှတော့ သေချာပေါက် ရှာနေ တာပေါ့” မိုယွိ ပြောလိုက်သည် “ဒါပေမဲ့ အဲလူတွေ လာပိတ်နေတော့ လုပ်ရတာ မချောဘူး”

“ဒါဆို ဒီကိစ္စတွေပြီးသွားတာနဲ့ အဲကလေးကို သွားရှာရအောင်” ရှီမာယူယူသည် ဝူလင်းယူကိုကြည့်လိုက်သည် “ဘယ်လိုနေလဲ”

“မင်းပျော်ရင်ပြီးတာပဲ” ဝူလင်းယူသည် သူမ၏ အကြံမှန်သမျှကို ထောက်ခံပေးသည်။

“ကျုပ်တို့က သူတို့လွှမ်းမိုးတာမခံရဘူးဆိုပေမဲ့ သူတို့ကို ရှင်းပစ်ဖို့ အချိန် နဲ့ စွမ်းအားတော့လိုလိမ့်မယ်” မိုကျယ် ပြောလေသည်။

“ရပါတယ် ဘယ်လိုပဲဖြစ်ဖြစ် အခု ကျွန်မရဲ့ အဓိကတာဝန်က ကျင့်ကြံဖို့ လေ အဲတော့ စောင့်နိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “တစ်ခုခုလိုတာ ရှိရင်တော့ ကျွန်မကိုပြောလိုက်ပါ ကျွန်မ တံခါးပိတ်ကျင့်ကြံမှာတော့မဟုတ်ဘူး”

“မင်းသမီးလေးက စဉ်းစားပေးတတ်တာပဲ”

“ဒါပေါ့ ဒါနဲ့… မိုမျိုးနွယ်အပြင်ဘက်မှာ ကျွန်မလူရှိတယ်.. သူတို့ကို ကောင်းကောင်းလေး ဆက်ဆံပေးပါ သူတို့က အဘိုးကထည့်ပေးလိုက်တာ”

“…”

ဘာလို့ စောစောကမပြောတာလဲ။

All Chapters