← Chapters

ပျောက်နေသည့်ချိပ်စည်း

Vol. 137 Ch. 1912

ပျောက်နေသည့်ချိပ်စည်း

Vol. 137 Ch. 1912

ရှီမာယူယူသည် မိုမျိုးနွယ်တွင်နေထိုင်ပြီး မိုကျိကို အခြေခံစစ်ဆေးစရာ များရှိသည်မှအပ အပြင်မထွက်ပေ။ ဝူလင်းယူ၊ ဟွမ်နှင့် အရိပ်မည်းတို့သည် မိုမျိုးနွယ်တွင် ပတ်သွားနေသဖြင့် မကျင့်ကြံကြပေ။

မိုမျိုးနွယ်ဝင်များသည် သူတို့ကိုမြင်သောအခါ သူတို့၏ သရုပ်မှန်ကို အလွန်သိချင်ကြသည်။ တချို့မှာ ပြေးလာပြီး သူတို့ကိုစိန်ခေါ်ကြသည်။

တစ်ရက်တွင် ရှီမာယူယူ မိုကျိ၏ ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် လက်ဖက်ရည်သောက်ရန် မိုယွိ၏ ဆွဲခေါ်ခြင်းကိုခံရလေသည်။ သူတို့ရှိနေ သည့် အဆောင်လေးသည် မိုမျိုးနွယ်၏ အမြင့်ဆုံးနေရာတွင်ရှိပြီး မိုမျိုးနွယ် တစ်ခုလုံးကိုမြင်ရသည်။ အဝေးမှကြည့်လျှင် ရှီမာယူယူသည် ဝူလင်းယူနှင့် တခြားမိုမျိုးနွယ်ဝင်တို့ တိုက်ခိုက်နေသည်ကို မြင်ရသည်။ လူအများစုဝေးနေ ရာ အသံများလည်း ဆူညံလျက်ရှိသည်။

“ရှင်က အေးအေးလူလူရှိလိုက်တာ” ရှီမာယူယူသည် လက်ဖက်ရည် တစ်ကျိုက်သောက်ပြီး နူးညံ့စွာ ပြောလိုက်သည် “ရှင်က ဒီလိုမျိုး လူတွေအများ ကြီးကို လှည့်စားနေတာပဲ”

သူမ အပြင်တွင်ရှိစဉ်က မိုမျိုးနွယ်သည် ပြဿနာကြီးဖြစ်နေသဖြင့် အပြင်မှလူများကို ပြောင်းလိုက်သည်ဟုပင် တွေးခဲ့သေးသည်။ သို့သော် မျိုးနွယ်အတွင်းတွင် ဤမျှအေးအေးဆေးဆေးဖြစ်နေလိမ့်မည်ဟု ထင်မထား ပေ။

“ဒါက ရန်သူရဲ့ မျက်လုံးကိုဖုံးထားဖို့ နည်းလမ်းတစ်ခုပဲလေ” မိုယွိ ပြော လိုက်သည် “သူတို့ကို အချိုကို အရသာမခံခိုင်းထားဘူးဆိုရင် နောက်တစ်ဆင့် ကို တက်တော့မှာမဟုတ်ဘူး”

“ရှင်က အဆင်သင့်ဖြစ်ပြီလား” ရှီမာယူယူ မေးလိုက်သည်။

“ဒီနာကြည်းမှုတွေက နှစ်နည်းနည်းနဲ့ ဖြစ်လာတဲ့ဟာတွေမဟုတ်ဘူး ပြီးတော့ ပြင်ဆင်တာတွေလည်း ရက်နည်းနည်းလောက်နဲ့ မပြီးဘူး.. ဖြေရှင်းဖို့ လိုတဲ့ တချို့ကိစ္စတွေရှိသေးတယ်.. တစ္ဆေလောကက ရှုပ်ထွေးတော့မယ်လို့ ငါ တစ်ခါကပြောတာ မှတ်မိလား ဒီခလောက်ဆန်ရှုပ်ထွေးနေတာကြီးမှာ ငါတို့ ပါ သွားတော့မယ်လို့ပဲထင်ခဲ့တာ.. အခု အကြောင်းအရင်းတွေထဲမှာ ငါတို့ကပါ ပါ သွားလိမ့်မယ်လို့ ထင်မထားဘူး”

ရှီမာယူယူ နှုတ်ဆိတ်သွားသည် “ကမ္ဘာကြီးက အကြာကြီးငြိမ်နေရင် ရှုပ်ထွေးမှုတွေရှိလာတာ သဘာဝပါပဲ.. ကျွန်မ အရင်ကကြားဖူးသလိုဆိုရင် ကမ္ဘာကြီးရဲ့ ယေဘူယျဦးတည်ရာလမ်းကြောင်းက အချိန်အကြာကြီးခွဲထားရင် နောက်ဆုံးကျ ပူးပေါင်းသွားပြီး အကြာကြီးပူပေါင်းထားရင်လည်း သဘာဝ အတိုင်း ပြန်ကွဲသွားမှာပဲ… အမြဲတမ်း ရှိမြဲအတိုင်းမရှိနိုင်ဘူး”

“အဲလိုဆိုပေမဲ့ အခွင့်အရေးဆိုတာလည်းလိုသေးတယ်… မင်းက တစ္ဆေ လောကကို အပြောင်းအလဲတွေယူလာမယ်လို့ ငါ တစ်ခါကပြောဖူးတယ်… မင်း က အကျိုးနဲ့သက်ရောက်မှုတွေ ဖြစ်စေလိမ့်မယ်”

“ရှင်ပြောသလိုဆိုရင် အခုလိုဖြစ်တာ ကျွန်မကြောင့်လား” ရှီမာယူယူ သည် မျက်ခုံးများကို ပင့်လိုက်သည် “ဒဏ္ဍာရီနဂါးအမိန့်ရှိတဲ့ ကလေးနဲ့ ဆက်သွယ်လာတာ ကျွန်မ မဟုတ်ဘူးလေ”

ထိုအဖြစ်သည် သူမနှင့် ဆက်စပ်လိမ့်မည်ဟု သူ ခံစားရသည်။ သို့‌သော် သူသည် ဂမ္ဘီရပညာရှင်မဟုတ်သဖြင့် တကယ့်ပတ်သက်မှုကို မသိနိုင်ပေ။ သူမ အခု ဒီမှာရှိနေလို့များလား။

သို့သော် ထိုကဲ့သို့မဟုတ်သည်ကို သူ၏ အလိုလိုသိစိတ်မှပြောနေသည်။

သူ လူသားလောကတွင် ရှိစဉ်က မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် သူ့ ရှေ့တွင်ပေါ်လာသည့် ကစဥ့်ကလျားတစ္ဆေလောကတွင် သူမရှိနေသည်ကို မြင် ခဲ့သည်ကို မှတ်မိသေးသည်။ သူမနှင့် တစ္ဆေလောကအကြားရှိ အရှုပ်အထွေး သည် ဤမိုမျိုးနွယ်၏ ပဋိပက္ခတွင် ပါဝင်ရုံသာမဟုတ်ပေ။

ရှီမာယူယူသည် သူနှုတ်ဆက်နေသည်ကို မြင်သောအခါ ခေါ်လေသည် “ဘာတွေတွေးနေတာလဲ”

“ဘာမှမဟုတ်ပါဘူး” မိုယွိသည် သူ၏အတွေးကို ဘာမှမပြောဘဲ လက်ဖက်ရည်ခွက်ကိုသာ တစ်ကျိုက်သောက်လိုက်သည်။

“ဟုတ်ပြီကွ..” ဝူလင်းယူ၏ လှပသောတိုက်ကွက်များကြောင့် အဝေးမှ လူများ အော်ဟစ်ကြရာ ရှီမာယူယူနှင့် မိုယွိတို့ အာရုံမှာ ထိုနေရာသို့ရောက်သွား ကြသည်။

အတန်ကြာအောင် ကြည့်ပြီးနောက် ရှီမာယူယူ ခေါင်းပြန်လှည့်ကာ လက်ဖက်ရည်ထပ်နှပ်လိုက်သည်။

“မိုယွိ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းဆိုတာကို သိလား” သူမ မေးလိုက် သည်။

“မင်း အကုန်လုံးကို သိနေပြီလား” မိုကျိသည် သူမကို ကြည့်လေသည်။ သူသည် သူမ၏ မျက်လုံးများကိုကြည့်သည်နှင့် သိနေသလိုပင်။

ပြီးတော့ သူမ မသိရင် လေးမျက်နှာအံ့ဖွယ်ချိပ်စည်း အကြောင်းကို ဘာလို့ပြောမှာလဲ။

“ဘာလို့ ဒီလိုကြည့်တာလဲ ကျွန်မ သိတာပေါ့” ရှီမာယူယူသည် အသေအချာပင် ပြောလေသည် “ဒါဆို သိရင်ပြောပြဦး လေးမျက်နှာချိပ်စည်း က ဘယ်မှာလဲ”

“ကြည့်ရတာ မင်း အများကြီးမသိသေးတဲ့ပုံပဲ” မိုယွိ ပြောလေသည်။

ရှီမာယူယူ သက်ပြင်းချလိုက်သည် “အမေ့ကို ချုပ်ထားတဲ့နေရာက အရမ်းအန္တရာယ်များတယ်လို့ အဘိုးပြောတယ်.. ပြီးတော့ ကျွန်မ မရဏာ စံတင်အဆင့်မရောက်ခင်ရင် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းရှိတဲ့နေရာကို မပြော ပြဘူးတဲ့”

“အရှင်က မင်းရဲ့လုံခြုံရေးကို စဉ်းစားတာပဲ” မိုယွိသည် တခြားသူ အတွက် အကောင်းပြောပေးသည်မှာ ရှားပါးသည် “အရှင်နဲ့ ငါသတင်းရတုန်းက သူလည်း အကြာကြီးစိတ်တိုနေခဲ့တာ.. အစတုန်းကတော့ သူလည်း အဲလို မဆုံးဖြတ်သင့်ဘူးလို့ ပြောတယ်… ဒါပေမဲ့ ဖြစ်တာကဖြစ်ပြီးပြီလေ.. လေး မျက်နှာအံ့ဖွယ်ချိပ်စည်းကပဲ အဲဒီရှေးတည်ဆောက်မှုတွေကို ဖျက်နိုင်မှာ”

“အဲတော့ ကျွန်မ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို ရမှဖြစ်မယ်” ရှီမာယူယူ၏ မျက်လုံးများမှာ ပြတ်သားလှသည် “ရှင်လည်း လေးမျက်နှာ အံ့ဖွယ်ချိပ်စည်းဘယ်မှာရှိလဲဆိုတာ သိတယ်မလား”

“ငါ သိပေမဲ့ မင်းကိုမပြောဘူး” မိုယွိ ပြောလိုက်သည် “ဒီအချက်ကိုတော့ ငါ အရှင်နဲ့ သဘောတူထားတယ်.. မင်း မရဏာစံတင်အဆင့်ကို မရောက်ခင် အထိ ဒီသတင်းကို လုံးဝမပြောပြဘူး”

“အိုး…” ရှီမာယူယူသည် လက်နှစ်ဖက်ဖြင့် လက်ဖက်ရည်ခွက်ကို လှည့် နေသည်။ “ရှင်အဲလိုပြောမယ်ဆိုတာ သိတယ် အဲဒါကြောင့် မျှော်လင့်ချက် တောင်မထားဘူး.. ရှင့်ဘာသာရှင် လက်ဖက်ရည်သောက်လိုက်တော့ ကျွန်မ ပြန်ပြီး လေ့ကျင့်မှ ရှင်လည်း စောစောပြောမှာ”

ပြောပြီးနောက်တွင် သူမထရပ်ကာ ထွက်သွားလေသည်။

မိုယွိသည် သူမကို မတားဘဲ သူမ၏ လက်ဖက်ရည်ခွက်ကိုသာ ငေးကြည့် နေလေသည်။

“သူမကို ဘာလို့အမှန်အတိုင်း မပြောတာလဲ” လေထဲတွင် အသံပေါ်ထွက် လာသော်လည်း အရိပ်အယောင်ပင် ပေါ်မလာပေ။

“ဘာပြောရမှာလဲ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းက ကမ္ဘာမှာ ပျံ့ကျဲနေပြီး သုံးခုပဲသိတယ်၊ နောက်တစ်ခုကပျောက်နေတယ်လို့လား” မိုယွိ ရယ်မောလေ သည် “အဲလိုဆိုရင် သူမ အသက်ရှင်နိုင်မှာမဟုတ်ဘူး”

“ဒါပေမဲ့…”

သူမလည်း သိနေတာပဲလေ ဟုတ်ဘူးလား။ အဲနေ့အတွက် အများကြီး ကြိုးစားပြီးမှ ဒီလိုရလဒ်ရမယ်ဆိုရင် သူမအတွက် အရမ်းမရက်စက်လွန်းဘူး လား။

“မင်းပြောချင်တာကို ငါသိပါတယ်.. ဒါပေမဲ့ အရှင်နဲ့ ငါအတွေးတူတယ်.. အချိန်ရှိသေးတာပဲ ငါတို့ လူလွှတ်ပြီးစုံစမ်းခိုင်းလို့ရတယ်.. ငါ ချိပ်စည်းကို ရှာ တွေ့နိုင်မှာပါ” မိုယွိသည် သက်ပြင်းချလိုက်သည်။ ထိုဖြစ်နိုင်ချေမှာ.. အလွန်ပင် သေးငယ်လွန်းသည်။

လေးမျက်နှာအံ့ဖွယ်ချိပ်စည်းသည် လေးခုခွဲခြားထားပြီး အရှေ့မျက်နှာ အံ့ဖွယ်ချိပ်စည်းမှာ တစ္ဆေဘုရင်၏ လက်ထဲတွင်ရှိသည်။ အနောက်မျက်နှာ အံ့ဖွယ်ချိပ်စည်းမှာ ချင်းဟွမ်လက်ထဲတွင်ရှိကာ တောင်မျက်နှာအံ့ဖွယ်ချိပ်စည်း သည် အသူရာငရဲတွင်ရှိပြီး.. မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်း တည်နေရာကို မသိရသေးပေ။

ယွိခဲ့လော့ကိုကယ်ရန် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းလိုအပ်သည်ဟု သိ ကတည်းကပင် တစ္ဆေဘုရင်သည် လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့သော်လည်း ဘာမှ မတွေ့ခဲ့ပေ။ ပြီးနောက် တခြားဂိုဏ်းနှစ်ခုမှလည်း ရှာနေရာ တစ္ဆေလောက တစ်ခုလုံးသည် မြောက်မျက်နှာချိပ်စည်းကို ရှာနေသည်ဟု ဆိုလိုသည်။ ထိုသို့ ဖြစ်သည်ပင် သတင်းမရသေးပေ။ ထိုအခါတွင်…

သူမ မရဏာစံတင်အဆင့်ကို ဖြတ်ကျော်နိုင်ပြီး သတင်းကိုသိသွားပါက မည်သို့တုံ့ပြန်မလဲမသိပေ။

မိုယွိသည် တွေးပင်မတွေးရဲပေ။

သူ သူမကို သိစဉ်က သူမသည် အသက်ဒါဇင်မျှသာရှိသည့် အရုပ်ကလေး ဖြစ်ခဲ့သည်။ အကြောင်းအရင်းတစ်ခုကြောင့် သူမ၏ ဝိညာဉ်စွမ်းအားသည် ကောင်းကင်၏ ဒဏ်ခတ်မှုကြောင့် ချိပ်ပိတ်ခံခဲ့ရသည်။ ထိုသို့ဆိုတောင် တစ်နေ့ တစ္ဆေလောကသို့ လာပြီး သူမ၏ မိခင်ဖြစ်သူကိုကယ်မည်ဟု ပြောခဲ့သည်။ နှစ်ပေါင်းများစွာအတွင်းတွင် မိသားစုပြန်လည်ဆုံစည်းရေးသည် သူမစိတ်ကူး ထားသောအကြီးဆုံးအတွေးပင်ဖြစ်သည်။ ထိုအရာကို မဖြစ်နိုင်ဘူးဟု ပြော လိုက်လျှင် အရက်စက်ဆုံးကိစ္စဖြစ်သည်။

သို့သော် ယခုအချိန်တွင်တော့ မပြောနိုင်ပေ။ သူမ သိသွားပါက ရှေ့ဆက် ရန်တက်ကြွမှုမရှိတော့မည်ကို စိုးရိမ်သည်။

ထိုအချိန် မိုမျိုးနွယ်နှင့် မလှမ်းမကမ်းတွင် အသက် ၇ နှစ် ၈ နှစ်အရွယ် ကလေးသည် လေးထောင့်သံတုံးတစ်တုံးကိုကိုင်ကာ လက်ထဲမှ သစ်ချသီးကို ခွဲနေသည်။

“ဒါက ဘယ်လိုသစ်ချသီးမျိုးပါလိမ့်… ဘာလို့ ဒီလောက်မာနေတာလဲ ကံကောင်းလို့ ငါ့မှာဒါရှိတာ မဟုတ်ရင် စားလို့ရမှာမဟုတ်ဘူး” ကလေးငယ် သစ်ချသီးကို ဖွင့်ပြီးနောက် အထဲမှအသားကို ယူပြီး ပါးစပ်ထဲထည့်ကာ အား ပြင်းပြင်းနှင့် ဝါးလိုက်သည် “ဒါပေမဲ့ အရသာတော့ရှိသားပဲ”

တစ်လုံးစားပြီးနောက် သူသည် သံတုံးကောက်ကာ ထပ်ခွဲနေသည်။ အနည်းငယ် ပင်ပန်းလာသောအခါ မြေပေါ်တွင်ထိုင်ပြီး အထဲမှ သစ်ချသီး အသားများကို ယူပြီး ဖြည်းဖြည်းချင်းစားလေသည်။

“ဟေး အဲဒီမိန်းကလေးကို ရှာဖို့ မင်းက ဒီလာခိုင်းတာ.. သူမက ဘယ်မှာ လဲ.. တစ္ဆေလောကက ဒီလောက်ကြီးတာ ငါ သေတဲ့အထိလမ်းလျှောက်နေရဦး မှာလား” သူသည် ရေရွတ်ရင်းစားနေသည်။ သူသည် သံတုံးကို ဘေးမှာချထား ရာ အောက်ခြေကို ဝါးဝါးကလေးမြင်ရသည်။ ‘မြောက်’ ဆိုသည့်စာလုံး…

All Chapters