ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ အခင်းအကျင်း…
Vol. 38 Ch. 557
~"ဒီအတိုင်း ထိုင်ပြီး သေမယ့် အချိန်ကို စောင့်နေလို့တော့ မဖြစ်ဘူး။ ဒီကိစ္စက ပင်ကိုပျက်ဆီးခြင်းပင်လယ် တစ်ခုလုံးနဲ့ ဆိုင်တာ၊ ငါတို့ချည်းပဲ ဒီဒုက္ခကို ခံနေလို့ ဘယ်ဖြစ်မလဲ။"
မဟာသူတော်စင် ခရမ်းလမင်းသည် ရုတ်တရက် အသိဉာဏ်
ဝင်လာသလို ဖြစ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်။ ဘာလို့ ငါတို့ချည်းပဲ ရင်ဆိုင်နေရမှာလဲ။"
"သွား... တခြားလူတွေကို အခုသွားခေါ်၊ အားလုံးပေါင်းပြီး လုပ်ကြရအောင်။"
အစကတည်းက ရူးမတတ်ဖြစ်နေသော လူအုပ်ကြီးသည် သူတို့၏ခံစားချက်များကို ထုတ်ဖော်ရန် လမ်းစတစ်ခုကို ရှာတွေ့သွားသည့်အလား သဘောတူညီစွာ တုံ့ပြန်ကြ၏။
တခြားသူတွေ လိုက်ချင်သလား၊ မလိုက်ချင်ဘူးလားဆိုတာကို သူတို့ဂရုမစိုက်တော့ပေ။ အခု သူတို့လိုချင်သည်မှာ လူတိုင်းကို ဒီအထဲ ဆွဲသွင်းဖို့သာ ဖြစ်သည်။
*ငါတို့သေရမယ်ဆိုရင်တောင် တခြားကောင်တွေ အရင်သေပါစေ။*
"ခရမ်းလမင်း၊ ဒီကိစ္စကို မင်းတာဝန်ယူလိုက်။ ဘယ်ကောင်မှ မလာရဲဘူးဆိုရင်တော့ ငါတို့ကို ရက်စက်တယ်လို့ လာအပြစ်မတင်နဲ့။"
စကားပြောလိုက်သော မဟာသူတော်စင်၏ မျက်လုံးများတွင် ကြမ်းကြုတ်သော အငွေ့အသက်များ ပြည့်နှက်နေလေသည်။
မဟာသူတော်စင် ခရမ်းလမင်းက သဘောတူညီစွာ ခေါင်းညိတ်လိုက်၏။
မကြာမီပင် ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွင်းမှ အဓိကအဖွဲ့အစည်းအားလုံးသည် မဟာသူတော်စင် ခရမ်းလမင်းထံမှ အကြောင်းကြားစာကို လက်ခံရရှိကြသည်။
အစပိုင်းတွင်တော့ ဤအဖွဲ့အစည်းကြီးများသည် ထိုအကြောင်းကြားစာကို အလေးမထားခဲ့ကြပေ။
ဗဟိုနယ်မြေမှ အဖွဲ့အစည်းများက အားကောင်းသည်မှန်သော်လည်း သူတို့ကို လာရောက်ရန် တောင်းဆိုပိုင်ခွင့်တော့ မရှိချေ။ သို့သော် မကြာမီမှာပင် ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံး ပိတ်ဆို့ခံလိုက်ရသည့်သတင်းက ပျံ့နှံ့လာတော့သည်။
လျှို့ဝှက်ဆန်းကြယ်သောအဖွဲ့အစည်းက ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို အဘယ်ကြောင့် ပိတ်ဆို့လိုက်သည်ဖြစ်စေ၊ ထိုအဖြစ်က သူတို့ကို ထိတ်လန့်သွားစေသည်။
ဖရိုဖရဲ ဖြစ်ချိန်များတွင် အားနည်းသူများက အားကြီးသူများကို မှီခိုအားကိုးရန် ရှာဖွေကြတော့၏။
အဖွဲ့အစည်းအတော်များများသည် ဗဟိုနယ်မြေမှ အဓိကအဖွဲ့အစည်းများကို ပဲ့တင်သံပြုကာ၊ သူတို့၏ ဘုံဗျူဟာကို ဆွေးနွေးရန် ဗဟိုနယ်မြေသို့ ဦးတည် ထွက်ခွာသွားကြသည်။
သို့သော် အချို့အဖွဲ့အစည်းများမှာတော့
မလှုပ်မယှက် ကျန်နေခဲ့သည်။ ဤအဓိက အဖွဲ့အစည်းများက မိမိတို့၏ အကျိုးအဖို့ စိတ်ထဲတွင် ထားရှိမည် မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားကြ၏။
သူတို့၏ဆင့်ခေါ်မှုမှာ မိမိတို့ ယူဆောင်လာနိုင်မည့် တန်ဖိုးကြောင့်သာ ဖြစ်သည်။
*နောက်ဆုံးမှာ အကုန်လုံး အသတ်ခံရမှာအတူတူပဲဆိုရင်၊ ဘာလို့ အစကတည်းက ငါတို့ပိုင်ဆိုင်မှုတွေကို အလုခံရမှာလဲ။*
*မသွားဘူး... ဘယ်လိုနည်းနဲ့မှ မသွားဘူး။*
အထွတ်အထိပ်မဟာသူတော်စင် တန်ခိုးရှင်များရှိသော အဖွဲ့အစည်းနှစ်ခုပင်လျှင် လူအများ၏အမြင်ကို လိုက်လျောကာ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ကိုယ်ပိုင်မဟာမိတ်အဖွဲ့များ ထူထောင်မည်ဖြစ်ကြောင်း ကြေညာပြီး အခြားအဓိကအဖွဲ့အစည်းများကိုပါ လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ခဲ့ကြ၏။
သူတို့၏ အဆိုပြုချက်များမှာလည်း လျင်မြန်စွာပင် ထောက်ခံမှုအချို့ကို ရရှိခဲ့သည်။ မဟာမိတ်အဖွဲ့ငယ်နှစ်ဖွဲ့ကို လျင်မြန်စွာ ထူထောင်လိုက်ကြသည်။
ဤမဟာမိတ်အဖွဲ့ငယ်နှစ်ဖွဲ့သည် ဗဟိုနယ်မြေမှ အင်အားစုများနှင့် မယှဉ်နိုင်သော်လည်း သူတို့၏ စုပေါင်းစွမ်းအားမှာ အားမနည်းလှပါ။ သူတို့သည် သာမန်အထွတ်အထိပ်မဟာသူတော်စင်တိုင်း ရန်မစရဲသော အင်အားစုများ ဖြစ်ကြသည်။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံးသည် ဂယက်ထနေခဲ့သည်။ နှစ်ပေါင်းသိန်းချီ တည်ငြိမ်နေခဲ့သော ဟန်ချက်ညီမှုသည် ဤအခိုက်အတန့်တွင် လုံးဝပျက်စီးသွားပုံရသည်။
အစွန်အဖျားဒေသများမှာတော့ အတော်အတန် တိတ်ဆိတ်နေဆဲဖြစ်သည်။ ဤနေရာမှ အဖွဲ့အစည်းများမှာ အတော်အတန် အားနည်းကြပြီး မဟာသူတော်စင်များ သိပ်မရှိကြပါ။ မဟာမိတ်အဖွဲ့အားလုံးက သူတို့ကို အထင်သေးကြလေသည်။
ရီကျင်းထျန်သည် သူ၏အချိန်အများစုကို ကျင့်ကြံခြင်းတွင် ကုန်ဆုံးစေသော်လည်း၊ အဖွဲ့ခွဲအသီးသီးတွင် ဖြစ်ပျက်နေသည်များကိုတော့ သူသိနေသေးသည်။
မဟာမိတ်အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍မူ ရီကျင်းထျန်မှာ စိတ်ဝင်စားမှုမရှိပေ။
ဤမဟာမိတ်အဖွဲ့များက သူ့ကို ရန်မစသ၍ အရာအားလုံး အဆင်ပြေ ချောမွေ့နေမည် ဖြစ်သည်။
ဟုတ်ပါသည်။ သူတို့သာ သူ့ကို ရန်စခဲ့လျှင်တော့ ရီကျင်းထျန်က သူတို့ကို သူ၏ တစ်ပိုင်းနတ်ဘုရားရုပ်သေး၏ စွမ်းအားကို မြည်းစမ်းစေလိမ့်မည်။
တစ်ပိုင်းနတ်ဘုရားရုပ်သေးတစ်ရုပ်သည် စစ်မှန်သောနတ်ဘုရားကျွမ်းကျင်သူများကို ရင်ဆိုင်ရာတွင် အခက်အခဲအချို့ရှိနိုင်သော်လည်း၊ ဤမဟာသူတော်စင်များကို ရင်ဆိုင်ရာတွင်တော့ အခက်အခဲမရှိပေ။
တစ်ပိုင်းနတ်ဘုရားကို နတ်ဘုရားအဖြစ် မသတ်မှတ်သေးလျှင်ပင် ၎င်းသည် မယုံနိုင်လောက်အောင် အားကောင်း လေသည်။
…
"ခရမ်းလမင်း၊ အတွင်းပိုင်း နယ်မြေတွေ အခုဘယ်လိုနေလဲ။"
မဟာသူတော်စင် တစ်ဦးက မေးလိုက်၏။
"တချို့ကတော့ ငါတို့ မဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ သဘောတူကြတယ်၊ ဒါပေမဲ့ မိုးကြိုးကျားသူတော်စင်နဲ့ ရွှေရောင်မြင့်မြတ် သူတော်စင်ကတော့ သူတို့ကိုယ်ပိုင်မဟာမိတ်အဖွဲ့တွေ ထောင်ပြီး ငါတို့နဲ့ပြိုင်ဆိုင်ဖို့ ကြံနေပုံပဲ။"
မဟာသူတော်စင် ခရမ်းလမင်း၏ မျက်လုံးများတွင် မထီမဲ့မြင်အမူအရာများ ပြည့်နှက်နေသည်။ မဟာမိတ်အဖွဲ့တစ်ခု ထူထောင်ရာတွင် မဟာမိတ်အရေအတွက်မှာ အရေးအကြီးဆုံးကဏ္ဍမဟုတ်ပေ။
မဟာမိတ်အဖွဲ့၏ အဓိကစစ်ရေးအင်အားသာလျှင် အရေးအကြီးဆုံးဖြစ်သည်။
သူတို့၏ ဖရိုဖရဲမဟာမိတ်အဖွဲ့တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်၌ ကျန်ရှိနေသော အထွတ်အထိပ်မဟာသူတော်စင်အားလုံးနီးပါး ပါဝင်သည်။ သူတို့ထဲမှ နှစ်ယောက်သာထွက်သွားလျှင်ပင် ဤမဟာသူတော်စင်နှစ်ဦးထူထောင်ထားသော မဟာမိတ်အဖွဲ့ဟုခေါ်တွင်သည့်အရာများက ခုခံနိုင်မည်မဟုတ်ပေ။
"ကောင်းပြီလေ၊ သူတို့မဝင်ချင်ဘူးဆိုရင်တော့ သူတို့တည်ရှိနေဖို့လည်း မလိုအပ်တော့ဘူး။"
မဟာသူတော်စင် ခရမ်းလမင်းက အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ၏မျက်လုံးများတွင် သတ်ဖြတ်လိုသောစိတ်များ ပြည့်နှက်နေ၏။
လူတိုင်းသာ ဒီသူတော်စင်နှစ်ယောက်လို မဟာမိတ်အဖွဲ့တွေ ထောင်နေမယ်ဆိုရင် သူတို့ ဖရိုဖရဲမဟာမိတ်အဖွဲ့က လူဘယ်လိုထပ်စုမလဲ။ သူတို့ မဟာသူတော်စင်တွေရဲ့ အစီအစဉ်တွေကရော ဘယ်လိုဆက်သွားမှာလဲ။
"သွေးလက်၊ မင်းနဲ့ ထျန်းယိ သွားပြီး အဲ့ဒီ မဟာမိတ်အဖွဲ့လို့ခေါ်တဲ့ကောင်တွေကို ဖျက်ဆီးလိုက်။"
"ကောင်းပါပြီ။"
ထို အထွတ်အထိပ်မဟာသူတော်စင် တန်ခိုးရှင်နှစ်ဦးက ဘာမှပြန်မပြော။ သို့သော် သူတို့၏ တိတ်ဆိတ်ခြင်းက သဘောတူလိုက်ကြောင်းကို ပြသနေသည်။
အရေးကြီးသည့်အခိုက်အတန့်များတွင် ကြက်ကိုသတ်ပြီး မျောက်ကိုခြောက်ခြင်းသည် အထိရောက်ဆုံးနည်းလမ်းဖြစ်သည်။
ဤကြက်နှစ်ကောင်ကို သတ်ပြီးနောက်တွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွင်း၌ သူတို့ကို ဆန့်ကျင်ရဲသော အင်အားစုများ ရှိတော့မည် မဟုတ်ပေ။
ထိုအခါ သူတို့၏ အစီအစဉ်များ ဆက်လက်လုပ်ဆောင်နိုင်ပေလိမ့်မည်။
အခုလောလောဆယ်တွင် ဤလျှို့ဝှက်ဆန်းကြယ် အင်အားက ဘယ်အချိန်လှုပ်ရှားမည်ကို သူတို့မသိပေ။ အချိန်သည် အလွန့်... အလွန်... နည်းပါးလှ၏။
လျှို့ဝှက်ဆန်းကြယ် တန်ခိုးရှင်က လှုပ်ရှားသည့် အချိန် ရောက်လျှင်တော့ အရာအားလုံး နောက်ကျသွားပေလိမ့်မည်။
မဟာသူတော်စင် နှစ်ဦး၏ ပုံရိပ်များသည် ဖရိုဖရဲမဟာမိတ်အဖွဲ့မှ တိမ်လို၊ လေလို ပျောက်ကွယ်သွားပြီး အတွင်းပိုင်း နယ်မြေသို့ ဦးတည်သွားကြသည်။
မိုးကြိုးကျားမဟာမိတ်အဖွဲ့တွင်တော့ မိုးကြိုးကျားသူတော်စင်နှင့် ရွှေရောင်မြင့်မြတ်သူတော်စင်တို့မှာ ပြုံးပျော်နေကြသည်။
ဤတစ်ကြိမ်တွင် ဤမဟာမိတ်အဖွဲ့ဟု ခေါ်တွင်သည့် အရာကို ထူထောင်ခြင်းဖြင့် သူတို့သည် အရင်းအမြစ်များကို အလိုရှိသလို စုဆောင်းနိုင်ပေလိမ့်မည်။
မိုးကြိုးကျားသူတော်စင်၏ ပတ်လည်မှ အရှိန်အဝါ မှာ အံ့အားသင့်ဖွယ်ရာ အထွတ်အထိပ်မဟာသူတော်စင်အဆင့်သို့ ရောက်ရှိနေခဲ့သည်။
ဤသည်ကား သူ ဖရိုဖရဲမဟာမိတ်အဖွဲ့သို့ မဝင်ရောက်ရခြင်း၏ အကြောင်းရင်းပင်တည်း။
"ရွှေရောင်မြင့်မြတ်၊ မင်းလည်း အဆင့်တက်တော့မယ် မဟုတ်လား။"
မဟာမိတ်အဖွဲ့ထူထောင်ရန် အဆိုပြုချက်ကို ရွှေရောင်မြင့်မြတ်သူတော်စင်က ကြံစည်ခဲ့ခြင်း ဖြစ်သည်။
ဖရိုဖရဲမဟာမိတ်အဖွဲ့ထံမှ ဖြစ်နိုင်ခြေ ရှိသော ဖိအားများကို ခုခံနိုင်ရန်အတွက် ရွှေရောင်မြင့်မြတ် သူတော်စင်သည် မိုးကြိုးကျားသူတော်စင်ထံသို့ လှည့်လာခဲ့သည်။
မိုးကြိုးကျားသူတော်စင်သာ အထွတ်အထိပ်မဟာသူတော်စင်အဆင့်သို့ ချိုးဖြတ်နိုင်လျှင် သူတို့၏မဟာမိတ်အဖွဲ့သည် ရှင်သန်နိုင်ပေလိမ့်မည်။
ဖရိုဖရဲမဟာမိတ်အဖွဲ့က အားကောင်းသော်လည်း၊ အထွတ်အထိပ်မဟာသူတော်စင်တစ်ဦးကို အပြည့်အဝတိုက်ခိုက်မည်မဟုတ်ပေ။
ထိုအချိန်တွင် သူ၊ ရွှေရောင်မြင့်မြတ်
သူတော်စင်သည်လည်း အထွတ်အထိပ်မဟာသူတော်စင်တစ်ဦး
အဖြစ် ချိုးဖြတ်ပေလိမ့်မည်။
အထွတ်အထိပ်မဟာသူတော်စင်နှစ်ဦးနှင့်ဆိုလျှင် သူတို့သည် ပို၍ပင် ဘေးကင်းလုံခြုံပေလိမ့်မည်။
*****