← Chapters

တောနက်ကြီးတိုက်ကြီး...

Vol. 38 Ch. 559

တောနက်ကြီးတိုက်ကြီး...

Vol. 38 Ch. 559

~ဖြစ်နိုင်သည်မှာ ရီမိသားစု၏ ဌာနချုပ်သည် အမြဲတမ်း အပြင်ဒေသတွင် ရှိနေသောကြောင့် သို့မဟုတ် ပေါ့ဆမှုကြောင့်ပင် ဖြစ်ပေမည်။ အဖွဲ့အစည်းအများစုသည် ဤအချက်အလက်ကို လျစ်လျူရှုခဲ့ကြသည်။

*အစွန်အဖျားက တောသားတွေက.. တကယ့်တန်ခိုးရှင်အစစ်ဆိုတာကို မြင်တောင် မြင်ဖူးကြလို့လား။*

အထွတ်အထိပ်

မဟာသူတော်စင်ထက် ကျော်လွန်သော ပုဂ္ဂိုလ်တစ်ဦး ဆိုသည်မှာ သူတို့အတွက် နောက်စရာ တစ်ခုမျှသာ ဖြစ်လေသည်။

များစွာသောသူတို့က ရီမိသားစုသည် သူတို့၏တန်ဖိုးကို မြှင့်တင်ရန် ဤသတင်းကို တမင်တကာ ပေါက်ကြားစေခဲ့သည်ဟု ထင်ကြေးပေးကြ၏။

သူတို့သည် အပြင် ဒေသတွင် နေထိုင်သော ဤမျှသေးငယ်သော မျိုးနွယ်စုတစ်ခုက ဤသို့သော အဆင့်ရှိ တန်ခိုးရှင်တစ်ဦးကို ပိုင်ဆိုင်နိုင်သည်ဆိုခြင်းကို အခြေခံကျကျ ငြင်းဆိုကြသည်။

သို့သော်လည်း ဤအရာက ရီမိသားစုအပေါ် မည်သို့မျှ သက်ရောက်မှုမရှိခဲ့ပေ။

ရီမိသားစုသည်လည်း မဟာမိတ်ဖွဲ့ခြင်းအပေါ်တွင် ထူးထူးထွေထွေ စိတ်ဝင်စားမှုမရှိပါချေ။

လက်ရှိအခြေအနေအရ ရီမိသားစုတွင် အကျိုးအမြတ်များအတွက် အရွက်တစ်ထောင်ဆေးခန်းနှင့် သူတို့၏အင်အားကို ချဲ့ထွင်ရန်အတွက် တာ့ယွီနတ်မင်းဆက်တို့ ရှိနေသည်။

လျှို့ဝှက်စွာဖြင့် ရီကျင်းဟိုင်၏ ထာဝရအသက် မြင့်မြတ်သောဂိုဏ်းလည်း ရှိနေသေး၏။

ထာဝရအသက်မြင့်မြတ်သောဂိုဏ်းသည် ရီမိသားစုနှင့် ကောင်းစွာခွဲခြားထားသည်။ ယခုအခါ လူအများစုမှာ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေနှင့် မူလဖရိုဖရဲပင်လယ် နှစ်ခုလုံးတွင် အားမနည်းသော ဤဂိုဏ်းသည် အမှန်တကယ်တွင် ရီမိသားစု၏ လက်အောက်တွင်ရှိသည်ကို မသိကြပေ။

ဤအင်အားစုများက ကြီးမားသော ရီမိသားစုကို ဖွဲ့စည်းထားလေသည်။

ရီမိသားစု၏ တည်ငြိမ်သောဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားမဖြစ်သရွေ့ သူတို့သည် အဓိကအင်အားစုများကြားမှ ကိစ္စရပ်များကို ယေဘုယျအားဖြင့် ဂရုမစိုက်ကြချေ။

သို့သော်လည်း ဤအင်အားစုများသည် ယခုအခါ ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိနေပုံရပြီး၊ ရီမိသားစုတစ်ခုလုံးကို မလွှဲမရှောင်သာ ထိခိုက်စေတော့မည်ဖြစ်သည်။

"လက်ရှိအခြေအနေ ဘယ်လိုရှိလဲ။"

မဟာသူတော်စင် ခရမ်းလမင်းက အခြားသူတော်စင်များကို မေးလိုက်သည်။

မဟာမိတ်ဖွဲ့ထားသော သူတော်စင်များထဲတွင် မဟာသူတော်စင် ခရမ်းလမင်းသည် အမြင့်ဆုံးသော ကျင့်ကြံမှုအဆင့်ရှိ၏။

ယခုအခါ သိသိသာသာများပြားသော အရင်းအမြစ်များကို ရယူပြီးနောက် သူ၏ကျင့်ကြံမှုအဆင့်သည် ပို၍ပင် အစွမ်းထက်လာခဲ့သည်။

မြေပြင်ပေါ်တွင် ပုံထားသော အရင်းအမြစ်ပုံကြီးများကို ကြည့်ရင်း သူတော်စင်များသည် လျှို့ဝှက်ဆန်းကြယ်သော

အဖွဲ့အစည်းများ ပေါ်ပေါက်လာခြင်းက ကံဆိုးမိုးမှောင်ကျမှုကြားမှ ကောင်းချီးတစ်ခုဖြစ်သည်ဟု ခံစားမိနေကြသည်။

*အရင်တုန်းကဆို ဒီလောက်များတဲ့ အရင်းအမြစ်တွေကို ဒီလောက်လွယ်လွယ်ကူကူ ဘယ်မှာ သွားရှာ လို့ရမှာလဲ။*

"ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို ကယ်တင်ခြင်း" ဟူသော အလံတော်အောက်တွင် တိုက်ခိုက်နေသမျှ ကာလပတ်လုံး၊ ဖရိုဖရဲမဟာမိတ်အဖွဲ့သို့ ဆန္ဒရှိရှိ မရှိရှိ ပါဝင်ခဲ့သော အင်အားစုများသည် သူတို့၏ အရင်းအမြစ်များကို နာခံစွာ ပေးအပ်ရပေမည်။

သူတို့သာ အရင်းအမြစ်များကို မပေးအပ်ပါက၊ ပူးပေါင်းဆောင်ရွက် လိုစိတ် မရှိသူများအဖြစ် သတ်မှတ်ခံရပြီး၊ ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ ငြိမ်းချမ်းရေးကို နှောင့်ယှက်ခြင်းဖြင့် အများအကျိုးကို ထိခိုက်စေသည်ဟု စွပ်စွဲခံရပေမည်။

အဆုံးတွင်တော့ များပြားလှသော အရင်းအမြစ်များသည် သူတော်စင်များထဲမှ အထွတ်အထိပ်တန်ခိုးရှင်များ၏ လက်ထဲတွင် စုစည်းသွားတော့သည်။

သူတို့၏ နောင်တမှာ အလွန်နောက်ကျသွားခဲ့ပြီ။

မဟာသူတော်စင် ခရမ်းလမင်းသည် ဤအရင်းအမြစ်များက သူ့ကို စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ချိုးဖြတ်တက်ရောက်ရန် အထောက်အကူပြုနိုင်မလားဟု စမ်းသပ်လိုနေသည်။

သူသာ စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ချိုးဖြတ်နိုင်လျှင်၊ လျှို့ဝှက်ဆန်းကြယ်သော

အဖွဲ့အစည်းများက ချမှတ်ထားသော ပိတ်ဆို့မှုများကို ဖောက်ထွက်ပြီး ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ထွက်ခွာသွားနိုင်ရန် ရည်ရွယ်သည်။

*ကျန်တဲ့လူတွေ ဘာဖြစ်ဖြစ် ငါ့ကိစ္စမဟုတ်ဘူး။*

သူတော်စင်များထဲမှ အခြားအထွတ်အထိပ် တန်ခိုးရှင်များသည်လည်း မဟာသူတော်စင် ခရမ်းလမင်းနှင့် တူညီသောရည်ရွယ်ချက်များကို မွေးမြူထားကြသည်။

သူတို့သည် ဤအရင်းအမြစ်များကို အသုံးချကာ စစ်မှန်သော

နတ်ဘုရားနယ်မြေသို့ ချိုးဖြတ်ပြီးနောက် ပြဿနာများသော ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ထွက်ခွာသွားရန် ကြံစည်နေကြသည်။

အဆင့်ချိုးဖြတ်ပြီးမှ ပင်ကို ပျက်ဆီး

ခြင်းပင်လယ်ကို ကယ်တင်မည် ဟုတ်လား။

နောက်မနေစမ်းပါနဲ့။

စစ်မှန်သောနတ်ဘုရားနယ်မြေသို့ ရောက်နှင့်ပြီးသားသူများပင် ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ ကိစ္စများတွင် မပါဝင်ဝံ့ကြလျှင်၊ သူတို့ အဆင့်ချိုးဖြတ်ပြီးမှလည်း ဘာအသုံးဝင်မှာလဲ။

ကိုယ့်ကိုယ်ကိုယ် ကယ်တင်နိုင်ရုံမျှနှင့်ပင် ဆန္ဒများလွန်းနေပြီဖြစ်သည်။

"မျိုးနွယ်နှစ်ခုကို ငါတို့ချေမှုန်းပြီးတဲ့နောက်မှာ အင်အားစုအများစုကတော့ ရွေးချယ်မှုအမှန်ကို လုပ်တတ်လာကြပါပြီ။"

"ဒါပေမဲ့ အစွန်အဖျားဒေသက သူတော်စင်တွေနဲ့ပတ်သက်လို့တော့ ငါတို့ဘယ်လိုဖြေရှင်းသင့်လဲ။"

သူတော်စင်တွေ ဟုတ်လား။

မဟာသူတော်စင် ခရမ်းလမင်းက ထိုစကားအပေါ် စဉ်းစားခန်းဝင်သွားသည်။

အစွန်အဖျားဒေသမှ ထိုအင်အားစုများသည် သူတို့၏ ထည့်သွင်းစဉ်းစားမှုထဲတွင် မပါဝင်ပေ။

စင်စစ်အားဖြင့်တော့ သူတို့ထဲမှ အသန်မာဆုံးသူမှာပင် သူတော်စင်တစ်ပါး၏ ကျင့်ကြံမှုသာရှိရာ၊ သိပ်အကျိုးအမြတ်မရှိလှ။ သူတို့ကို ဖရိုဖရဲမဟာမိတ်အဖွဲ့ထဲသို့ ထည့်သွင်းခြင်းက သိပ်အရေးမပါလှပေ။

သို့သော်လည်း အစွန်အဖျား ဒေသသည် ဤအရေးမပါသော အင်အားစုများဖြင့်သာ ဖွဲ့စည်းထားသည်တော့ မဟုတ်ပေ။

"အဲ့ဒီ ရီမိသားစုကရော”

သာလွန်အဆင့်ရှိ မဟာသူတော်စင် လက်နက်များကို ရောင်းချနိုင်သော အရွက်တစ်ထောင် ဆေးခန်းသည် သူတို့၏ အာရုံကို ဖမ်းစားထားနှင့်ပြီး ဖြစ်သည်။

ရီမိသားစုက မဟာသူတော်စင်လက်နက် မည်မျှ ဖန်တီးခဲ့သည်ကို သူတို့ မသိသော်လည်း၊ မကြာသေးမီက ရောင်းချခဲ့သော အရေအတွက်မှာပင် သိသိသာသာ များပြားလှသည်။

ထိုသို့သော ကြွယ်ဝချမ်းသာသည့် အင်အားစုတစ်ခုကိုတော့ သူတို့ လက်လွှတ်မခံချင်ကြပေ။

"ရီမိသားစုက ဘာတုံ့ပြန်မှုမှ မပြသေးဘူး။ သူတို့က အစွန်အဖျားဒေသမှာပဲနေပြီး၊ အင်အားစုကိုလည်း မတည်ထောင်ဘူး၊ ငါတို့ ဖရိုဖရဲမဟာမိတ်အဖွဲ့ထဲကိုလည်း မဝင်ဘူး။"

ဖရိုဖရဲမဟာမိတ်အဖွဲ့ကို မဝင်ချင်ဘူး ဟုတ်လား။

ဖရိုဖရဲမဟာမိတ်အဖွဲ့ကို မဝင်ချင်ဘူးဆိုရင်တော့ သိပ်ကောင်းတာပေါ့။

ထိုသူတို့သာဝင်လာလျှင်၊ ရီမိသားစု၏အစွမ်းနှင့် ဝေစုကို ဝေမျှရဖွယ်ရှိသည်။

မဝင်လျှင်တော့၊ အရေးယူရန် အကြောင်းပြချက်တစ်ခု ရသွားတာပေါ့။

သို့သော် သူတို့၏ထောက်လှမ်းရေးအရ ရီမိသားစု၏အစွမ်းသည် အားနည်းပုံမပေါ်ပေ။

အနည်းဆုံးတော့ သူတို့တွင် အထွတ်အထိပ်မဟာ

သူတော်စင်တစ်ဦးနှင့် ညီမျှသော တိုက်ခိုက်ရေးစွမ်းအားရှိသည်။

"ဒီရီမိသားစုကို ဘယ်သူ ကိုင်တွယ်မလဲ။"

မဟာသူတော်စင် ခရမ်းလမင်းက မေးလိုက်သည်။

ထိုအခါ သူတော်စင်များမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မည်သူမျှ အရှေ့မထွက်လာကြချေ။

ရီမိသားစုကို အနိုင်ယူရန်မှာ လွယ်ကူမည်မဟုတ်။

ရီမိသားစုကို အနိုင်ယူခြင်းမှ အကျိုးအမြတ်တစ်စုံတစ်ရာ မဆုံးရှုံးနိုင်မှတော့၊ ဘာကြောင့် သူတို့က စွန့်စားရမည်နည်း။

ထိုသို့သော သဘောထားများက မဟာသူတော်စင် ခရမ်းလမင်း၏ အကြည့်ကို အေးစက်သွားစေသည်။

အားနည်းသော အင်အားစုများနှင့် ဆက်ဆံရသည့်အခါ ဤသူများသည် ရှေ့ဆုံးမှ ခုန်ဝင်တိုက်ခိုက်ကြသည်။

သို့သော် ယခုအခါ တာဝန်က ပိုမိုစိန်ခေါ်မှုများလာသည့်အခါတွင်တော့ သူ့ထက်ငါ ဦးအောင် ရှောင်ထွက်သွားကြသည်။

*ငါအဆင့် ချိုးဖြတ်ပြီးရင်တော့ နာခံတယ်ဆိုတာ ဘာလဲဆိုတာကို ဒီလူတွေကို သေသေချာချာပြရမယ်။*

"သွေးလက်၊ မင်းပဲ ဒီကိစ္စကို ကိုင်တွယ်လိုက်ပါလား။"

မဟာသူတော်စင် ခရမ်းလမင်းက စမ်းသပ်သည့်အနေဖြင့် အကြံပြုလိုက်သည်။

သွေးလက်သူတော်စင်မှာ ချက်ချင်းပင် မကျေမနပ်ဖြစ်သွားသည်။

"ခရမ်းလမင်း၊ ပြီးခဲ့တဲ့တစ်ခေါက် မိုးကြိုးကျားတို့ကိစ္စကို ကျွန်တော်ပဲလုပ်ခဲ့ပြီးပြီလေ။ ဒီတစ်ခါတော့ တခြားတစ်ယောက်

အလှည့်မဟုတ်ဘူးလား။"

ရီမိသားစု၏အစွမ်းမှာ မရှင်းလင်း၊ ယခုအခါ အရင်းအမြစ်များစွာ လက်ထဲတွင်ရှိနေသဖြင့်၊ လူတိုင်းက သူတို့ ရရှိထားသော အရင်းအမြစ်များကို ချေဖျက်ရာတွင် အလုပ်များနေကြသည်။ ဘယ်သူ့မှာ ကိုင်တွယ်ရန် အချိန်ရှိပါမည်နည်း။

သွေးလက်သူတော်စင်၏ စကားများက သူတော်စင်များထဲမှ အခြားအထွတ်အထိပ်တန်ခိုးရှင်များကို နှုတ်ခမ်းမဲ့သွားစေသည်။

*တော်တော်မျက်နှာပြောင်တဲ့ကောင်ပဲ။ မိုးကြိုးကျားသူတော်စင်နယ်မြေကို အရေးယူတာက အကျိုးအမြတ်တွေရနိုင်လို့ မဟုတ်ဘူးလား။*

*လုယက်ထားတဲ့ပစ္စည်းတွေ အများဆုံးယူသွားတာ မင်းပဲ။ အခု အလုပ်လုပ်ရမယ်ကျတော့ ရှောင်ချင်နေတယ်။ ငါတို့ကိုများ အထင်နေတာလား။*

ကျန်လူများမှာ စိတ်ထဲမှ ကြိမ်းမောင်းနေမိကြ၏။

"သွေးလက်၊ အကျိုးအမြတ်တွေအားလုံး ခင်ဗျားပဲယူထားတာလေ။ ဒီတစ်ခါ ခင်ဗျားရှေ့ထွက်ရတာ ပုံမှန်ပဲ ၊ ဟုတ်တယ်မလား။”

*****

All Chapters