ရီမိသားစုရဲ့ လက်တုံ့ပြန်မှု…
Vol. 38 Ch. 562
~ရွှေစမ်းနှင့် ငွေစမ်း သူတော်စင်ညီနောင်နှစ်ယောက်ကတော့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်ရိပ်ပြကြသည်။ သူတို့နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုတော့။ နားလည်မှုက ပြီးပြည့်စုံနေ၏။ ဒီတစ်ခါတော့ ဒီကောင်တွေကို အပြတ်ရှင်းရမည်။
စိတ်ကူးထဲမှာ တစ်သားတည်းကျသွားသည်နှင့်တစ်ပြိုင်နက်၊ သူတို့၏ ကိုယ်ပိုင် အထွတ်အထိပ်အဆင့် မဟာသူတော်စင်လက်နက်များကို ဆွဲထုတ်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
သတ်။
ထိပ်တန်းမဟာသူတော်စင်နှစ်ဦးထံမှ ပေါက်ကွဲထွက်လာသော စွမ်းအားများသည် မြို့တော်တစ်ခုလုံးကို ဖိစီးလွှမ်းခြုံသွားပြီး၊ သူတို့၏ အရှိန်အဝါက အရာအားလုံးကို တုန်လှုပ်ခြောက်ခြားစေလေ၏။
အရွက်တစ်ထောင်ဆေးခန်းခွဲ ပျက်စီးသွားစဉ်က တစ်ကြိမ် သွေးပျက်ခဲ့ဖူးသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည် ယခုတစ်ဖန် ကောင်းကင်သို့ မော့ကြည့်လာကြပြန်သည်။
သူတို့က ရွှေစမ်းသူတော်စင်နှင့် ငွေစမ်းသူတော်စင်ဟူသော ကျင့်ကြံသူ
နှစ်ယောက်၏ ဂုဏ်ပုဒ်ကို ကြားဖူးပြီးသားပင်။
ယခုလို ထိပ်တန်းမဟာသူတော်စင်နှစ်ယောက်၊ ဖရိုဖရဲမဟာမိတ်အဖွဲ့က လူတွေ ရောက်လာတယ်ဆိုကတည်းက
သူတို့၏ ပစ်မှတ်ဟာ ရီမိသားစု ဖြစ်ကြောင်း အားလုံးက တပ်အပ်သိနေကြသည်။
ရီမိသားစုနှင့် လက်တွဲဖို့ စိတ်ကူးယဉ်နေခဲ့သော ကျင့်ကြံသူတော်တော်များများကတော့ ယခုချိန်မှာ မျှော်လင့်ချက်တွေ ပျက်သုဉ်းကုန်ကြပြီ။
"သွားပါပြီ... ရီမိသားစုတောင် ဒီမဟာမိတ်အဖွဲ့ကို မခုခံနိုင်ရင် ငါတို့အတွက် ဘယ်သူရှိတော့မှာလဲ။"
အဝေးတစ်နေရာမှာတော့ ကောင်းကင်နဂါးမဟာသူတော်စင်တစ်ယောက်လည်း ရင်တထိတ်ထိတ်နှင့် ကြည့်နေလေသည်။
ရီကျင်းထျန်ဆီကို သတင်းပို့ပေးခဲ့တာ သူကိုယ်တိုင်ပင်။
အခု ရီမိသားစု တပ်ဖွဲ့တွေ ရောက်လာသော်လည်း ထိပ်တန်း မဟာ သူတော်စင်
နှစ်ယောက်ကို သူတို့ တကယ်နိုင်ပါ့မလားဆိုတာတော့ သူလည်း ရေရေရာရာ မသိ။
သတိပေးနိုင်တာက လွဲလို့ သူလည်း ဘာမှမတတ်နိုင်ခဲ့ပါချေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေစမ်းညီနောင်သည် မယုံကြည်နိုင်လောက်သော အကွာအဝေးကို ကျော်ဖြတ်ကာ ရီမိသားစုတပ်ဖွဲ့များ၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။
သူတို့လက်ထဲက မဟာသူတော်စင်လက်နက်များက အလင်းတန်းများ ထုတ်လွှတ်ကာ ရီမိသားစုဝင်များကို ဦးတည်တိုက်ခိုက်လိုက်တော့၏။
သို့သော်လည်း ရီမိသားစုဝင်များ၏ မျက်နှာတွင် အမူအရာတစ်စက်မှ
မပြောင်းလဲဘဲ အေးဆေးစွာပင် လူစုခွဲလိုက်ကြသည်။
သူတို့၏ ပစ်မှတ်က ဆေးခန်းခွဲတွေကို ဝင်တိုက်ပြီး အခွင့်အရေးယူ လုယက်သွားသော ငမိုက်သားတွေသာ ဖြစ်သည်။
ဒီ ရှေ့ဆုံးက ဘဝင်ရူးနေသည့့် ထိပ်တန်းမဟာသူတော်စင် နှစ်ကောင်ကိုတော့...
ရီကျင်းထျန် တစ်ယောက်တည်းနှင့် လုံလောက်နေပြီလေ။
ရီကျင်းထျန်ကလည်း စကားများ မနေတော့။ ရီဖန် ပေးထားသည့် နတ်ဘုရားရိုက်ကြာပွတ်ကို ခပ်အေးအေး ဆွဲထုတ်လိုက်သည်။
"ဒီကောင်တွေ... ရီမိသားစုကို ရဲရဲတောက် လာစမ်းတဲ့ကောင်တွေ... အကုန် သုတ်သင်ပစ်" လို့သာ ရီဖန်က အမိန့်ပေးခဲ့ရင်
ရီကျင်းထျန်ကလည်း နှစ်ခါပြန် စဉ်းစားနေမည်မဟုတ်။ လုပ်ဆို လုပ်ရုံသာ။
"ရွှမ်း..."
နတ်ဘုရားရိုက်ကြာပွတ်အား ညင်သာစွာ မြှောက်တင်လိုက်ပြီးနောက်... အားကုန်သည်းခြေကြွေမတတ် လွှဲရိုက်ချလိုက်၏။
"ခွပ်"
တစ်စစီ ကြေမွသွားသံက ချက်ချင်းဆိုသလို ပေါ်ထွက်လာတော့သည်။
ထိပ်တန်းမဟာသူတော်စင်နှစ်ယောက် မျက်စိသူငယ်နားသူငယ် ဖြစ်ကာ အားကိုးထားသော သူတို့၏ တန်ဖိုးကြီးလက်နက်များသည် နတ်ဘုရားရိုက်ကြာပွတ်ရှေ့တွင် မြူမှုန်တစ်စလိုပင်။ ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလို ကွဲကြေသွားရချေပြီ။
"ဖရိုဖရဲ မဟာမိတ်အဖွဲ့ ဟုတ်လား။"
ရီကျင်းထျန်က ရွှေစမ်းညီနောင်ကို တစ်ချက်အကဲခတ်လိုက်ရင်း သူ၏ မှတ်ဉာဏ်ထဲသို့ ထိုအမည်ကို စွဲစွဲမြဲမြဲ မှတ်ထားလိုက်သည်။
*ဟင်း... ဒီနာမည်ကိုတော့ မှတ်ထားရမယ်။ ဒီနှစ်ကောင်ရော၊ သူတို့ရဲ့ ဖရိုဖရဲ မဟာမိတ်အဖွဲ့ဆိုတာရော... ဘယ်ကောင်မှ လွတ်ဖို့ စိတ်မကူးနဲ့။*
အားလုံး... သေကိုသေရမည်။
ဒီအချိန်မှာတော့ ညီနောင်နှစ်ယောက်၏ နှလုံးသားတွေက လည်ချောင်းဝမှာ တစ်ဆို့နေလေပြီ။
သူတို့က ရီမိသားစုကို ပေါ့ပေါ့ဆဆ သဘောထားမိတာ။ ဒါပေမဲ့ အခုတော့ အခြေအနေကို လွန်လွန်ကျူးကျူး အထင်သေးမိမှန်း သိလိုက်ရသည်။
ရီမိသားစုရဲ့ နှောင်းပိုင်းအဆင့် မဟာသူတော်စင်တစ်ယောက်ကတောင် သူတို့နှစ်ယောက်ပေါင်းပြီး မယှဉ်နိုင်တဲ့အဆင့် ဖြစ်နေပါလား။
"ပြေးဟေ့!"
ရွှေစမ်းသူတော်စင်က သူ့ညီ ငွေစမ်းသူတော်စင်ကို အော်ပြောရင်း နောက်လှည့်ပြေးဖို့ ပြင်လိုက်သည်။
"ပြေးမယ်ပေါ့လေ... ဘယ်ကိုပြေးမလို့လဲ ကိုယ့်လူတို့။"
ရီကျင်းထျန်က သူ၏ သူတော်စင်စွမ်းအားများကို နတ်ဘုရားရိုက်ကြာပွတ်ထဲသို့
စီးဆင်းစေလိုက်၏။ ကျန်သည့် ကိစ္စတွေက ကြာပွတ်၏ တာဝန်ထားလိုက်တော့။
ကြာပွတ်က လေထဲတွင် တစ်ချက်လိမ်သွားပြီးနောက် နဂါးဝိညာဉ် တစ်ကောင်၏ ပုံရိပ်က ထွက်ပေါ်လာ၏။
၎င်း၏ ဒေါင်လိုက်မျက်လုံးများသည် သူတော်စင်နှစ်ဦးကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီးနောက် တစ်ဟုန်ထိုး ဝင်တိုက်တော့သည်။
တစ်ပိုင်းနတ်ဘုရားအဆင့် နဂါးဝိညာဉ်
တစ်ကောင်၏ တိုက်ခိုက်မှုကို ရွှေစမ်းသူတော်စင်လို လူမျိုးက မည်သို့ ခုခံနိုင်ပါ့
မလဲ။
တစ်ကိုက်တည်းသာ...။
တစ်ကိုက်တည်းနှင့်ပင် နဂါးကြီးက သူတို့
နှစ်ယောက်လုံးကို မျိုချကာ တစ်ပိုင်းနတ်ဘုရားလက်နက်အတွက် အာဟာရအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။
သူတော်စင်တစ်ပါး ကျဆုံးခြင်း လက္ခဏာက ကောင်းကင်ယံမှာ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
"ဟင်... ရီမိသားစုက သူတော်စင် ကျဆုံးသွားတာလား။"
သို့သော်လည်း အပေါ်သို့ မော့ကြည့်လိုက်ကြသည့်အခါမှာတော့ သူတို့ထင်ထားသလို ရီမိသားစုမှ သူတော်စင်မဟုတ်ဘဲ၊ ဘယ်တော့မှ မရှုံးနိုင်ဘူးဟု သူတို့ထင်မှတ်ထားခဲ့သော ဖရိုဖရဲမဟာမိတ်အဖွဲ့မှ ထိပ်တန်းမဟာသူတော်စင်နှစ်ယောက် ဖြစ်နေသည်ကို အံ့ဩတကြီး တွေ့လိုက်ကြရသည်။
ရွှေစမ်းသူတော်စင်နောက်ကို ပျားပန်းခတ် လိုက်လာကြသော ကျင့်ကြံသူတစ်သိုက်ကတော့ ကောင်းကင်မှာ ပြည့်နှက်နေသည့် သူတော်စင် ကျဆုံးခြင်းလက္ခဏာကို ကြက်သေသေကာ ပြူးကြည့်နေမိကြသည်။
"ဒါ...ဒါ ဘယ်လိုဖြစ်ရတာလဲ။ ညီနောင်နှစ်ယောက်လုံးက ပင်ကို ပျက်စီးခြင်းပင်လယ်ရဲ့ ထိပ်သီးတန်ခိုးရှင်တွေလေ။ ရီမိသားစုမှာ ထိပ်တန်းမဟာသူတော်စင်တစ်ယောက် ရှိတယ်ဆိုရင်တောင် သူတို့ကို ဒီလောက်လွယ်လွယ်နဲ့ သတ်နိုင်စရာ အကြောင်းမရှိဘူး မဟုတ်လား။!"
သူတော်စင်ကြီးနှစ်ယောက်တောင် ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရမှတော့... သူတို့လို ပမွှားလေးတွေက ဘာဆက်လုပ်ရမှာလဲ။
မူလကတော့ ထိပ်တန်းမဟာသူတော်စင်နှစ်ယောက်နဲ့အတူ လိုက်လာရလို့ ဘာအန္တရာယ်မှမရှိဘဲ အကျိုးအမြတ်တွေ ခံစားရတော့မယ်ဆိုပြီး ပျော်နေခဲ့ကြတာ။
ဘာများ မှားသွားတာလဲ။
အခုတော့... ဒီ "ရှယ်" ဆိုတဲ့ တာဝန်ကြီးက သူတို့အတွက် သေမင်းလက်မှတ် ဖြစ်မှန်းမသိ ဖြစ်သွားခဲ့ချေပြီ။
သူတော်စင်နှစ်ယောက်ကို မျက်နှာချိုသွေးပြီး၊ အမြတ်ထုတ်ပြီးသည်နှင့် ဖရိုဖရဲမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ကြံစည်ထားသည့် ငနဲတွေလည်း ယခုတော့ စိုးရိမ်စိတ်တွေ ဝင်လာကြလေပြီ။
သူတို့ရင်ထဲမှာ ကြောက်ရွံ့ခြင်းမှတစ်ပါး အခြားဘာမှ မကျန်တော့။
ထိုအခိုက်အတန့်မှာပင် ရီမိသားစု၏ တတိယမျိုးဆက်နှင့် စတုတ္ထမျိုးဆက် ကျင့်ကြံသူများကလည်း စတင်လှုပ်ရှားလာကြသည်။
ကံကြမ္မာအကြောင်းတရား၏ ခြေရာကောက်ကာ ရီမိသားစုကို ထိပါးခဲ့သည့် မည်သူတစ်ဦးတစ်ယောက်ကိုမှ အလွတ်မပေးနိုင်။
ဒီတစ်ကြိမ်က ရီမိသားစု၏ အင်အားပြ၊ ခြိမ်းခြောက်သည့် စစ်ဆင်ရေးဖြစ်၏။
မဟုတ်ရင် ဒီလူတွေက ဘယ်တော့မှ ကြောက်မှာမဟုတ်သလို၊ နောင်တစ်ချိန်မှာလည်း ဒီလိုလုပ်ရပ်မျိုးကို ထပ်လုပ်ဖို့ ဝန်လေးနေကြမည် မဟုတ်ပေ။
အချိန်အတော်ကြာသည့်အထိ မြို့တော်တစ်ခုလုံး သွေးချောင်းစီးသွားလေသည်။
မသက်ဆိုင်သော ကျင့်ကြံသူတွေကတော့ သက်ပြင်းချရင်း ရီမိသားစု၏ လှုပ်ရှားမှုတွေကို အသာစောင့်ကြည့်နေကြသည်။
ရီမိသားစုဝင်တွေ လိုက်လံသုတ်သင်တာ ခံနေရသည့် လူအများ၏ မျက်နှာမှာတော့ မျှော်လင့်ချက်ကင်းမဲ့နေသော အရိပ်အယောင်များ ထင်ဟပ်လို့နေ၏။
*အီးဟီးဟီး...ရီမိသားစုမှာ မဟာသူတော်စင်အဆင့် တန်ခိုးရှင်တွေ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် များနေရတာလဲ။
ဒီတစ်နေရာတည်းမှာတောင် ဒါဇင်ပေါင်းများစွာ ရှိနေပြီ။*
"မဟာသူတော်စင်အဆင့်ဆိုတာ ရှားပါးအရင်းအမြစ် မဟုတ်ဘူးလားဟ။"
အဓိကနယ်မြေတွေမှာတောင်မှ၊ အဲ့ဒီ
အမာခံ အထွတ်အထိပ်အင်အားစုကြီးတွေမှာတောင် ရီမိသားစုလောက် မဟာသူတော်စင်အဆင့်တွေ မရှိလောက်ဘူး။
အားလုံးက မိမိတို့ ရီမိသားစုကို အထင်သေးမိမှန်း၊ ရီမိသားစု၏ အင်အားကို သိသိသာသာ လျှော့တွက်မိမှန်း ကောင်းကောင်း သဘောပေါက်သွားကြတော့သည်။
ရီမိသားစု၏ အစွမ်းသည် မိမိတို့ စိတ်ကူးထဲမှာ ထင်ထားတာထက် အဆပေါင်းများစွာ ပို၍ ကြောက်မက်ဖွယ်ကောင်းနေပါသည်တကား။
ဒီတစ်ခေါက် ရီမိသားစုကို တိုက်ခိုက်ခဲ့တဲ့ ကျင့်ကြံသူအားလုံးနီးပါး အလျင်အမြန် လက်စတုန်းခံလိုက်ရသည်။
သို့သော်၊ ရီမိသားစုဝင်တွေက ဒီလောက်နှင့် ကျေနပ်မနေကြ။
ယခု သုတ်သင်လိုက်ရတာတွေက လက်တွေ့လှုပ်ရှားခဲ့သည့် အောက်ခြေအတန်းအစားတွေပဲ ရှိသေးသည်။
တကယ့် ကြိုးကိုင်သူက နောက်ကွယ်မှာ ပုန်းနေသော ဖရိုဖရဲ မဟာမိတ်အဖွဲ့ ဖြစ်သည်။
တပည့်အားလုံးက ရီကျင်းထျန်ကို လှည့်ကြည့်ကာ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေကြ၏။
"ကဲ... သွားကြတာပေါ့။ ဖရိုဖရဲမဟာမိတ်အဖွဲ့ဆိုတဲ့ သတ္တဝါတွေဆီ သွားတွေ့ကြသေးတာပေါ့။"
သူ့လက်ထဲမှာ တစ်ပိုင်းနတ်ဘုရားအဆင့် ရုပ်သေးရုပ်တစ်ရုပ် ရှိနေသေးသည် မဟုတ်လော။
ဖရိုဖရဲမဟာမိတ်အဖွဲ့လောက်ကိုတော့
ရီမိသားစုက အလေးအနက်ထားစရာလို့ကို မမြင်ပါ။
ဒီတစ်ခါ ဒီလူတွေ ရီမိသားစုကို လာမစခဲ့လျှင် ရီမိသားစုက သူတို့ကို စိတ်ဝင်စားမှာတောင် မဟုတ်ပါ။
"သတ်စမ်း"
တဟုန်ထိုး မြင့်တက်လာသော သတ်ဖြတ်လိုစိတ်များက ပို၍ပို၍ ပြင်းထန်လာတော့သည်။
အားလုံးက ရီမိသားစု၏ စစ်သင်္ဘောပေါ်သို့ တက်ရောက်ကာ ဖရိုဖရဲမဟာမိတ်အဖွဲ့ရှိရာ အဓိကနယ်မြေသို့ ဦးတည်ထွက်ခွာသွားကြလေ၏။
ဒီတစ်ကြိမ်ကတော့... ဖရိုဖရဲမဟာမိတ်အဖွဲ့ကို အမြစ်ပြတ်ချေမှုန်းဖို့ပင်တည်း။
...
ရှေးဦးဖရိုဖရဲပင်လယ်၏ ထောင့်တစ်နေရာတွင် မြေဘိီလူးစစ်မှန်သောနတ်ဘုရားသည် ရုတ်တရက် ရင်းနှီးသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရ၏။ ထိုအငွေ့အသက်က မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားသည်။
"ဘယ်သူလဲ။"
...
တူညီသော အခိုက်အတန့်မှာပင်... ဖရိုဖရဲမဟာမိတ်အဖွဲ့အတွင်း၌...
ရွှေစမ်းနှင့် ငွေစမ်းသူတော်စင်တို့ ကျဆုံးသွားသည်နှင့် သူတို့ချန်ထားခဲ့သော ဝိညာဉ်တံဆိပ်ပြားက ချက်ချင်းဆိုသလို ကွဲကြေသွားတော့သည်။
"မဟာမိတ်ခေါင်းဆောင်... သတင်းဆိုးပဲ။ ရွှေစမ်းနဲ့ ငွေစမ်းသူတော်စင်တို့ ကျဆုံးသွားပြီ!"
ခရမ်းလမင်းမဟာသူတော်စင်နှင့် အခြားသူများသည် ထိုသတင်းကို ကြားသည်နှင့် ကျင့်ကြံနေရာမှ လန့်နိုးလာကြသည်။
"သူတို့နှစ်ယောက်ဆီက ဘာများ သတင်း ပြန်ပို့လိုက်သေးလဲ။ ဘယ်လို ရန်သူနဲ့ တွေ့ခဲ့တာလဲ။"
ခရမ်းလမင်းမဟာသူတော်စင်က အလျင်အမြန် မေးလိုက်သည်။
"သူတို့ ရီမိသားစုရဲ့ ဆေးခန်းခွဲတစ်ခုကို ဖျက်ဆီးပြီးတဲ့နောက်မှာ ဘာသတင်းမှ ပြန်မပို့နိုင်ဘဲ ရုတ်တရက် ကျဆုံးသွားတာပဲ ခေါင်းဆောင်။"
သတင်းပြန်မပို့နိုင်လိုက်ဘူးဆိုတာက နိမိတ်မကောင်းပေ။
ဘယ်လို ရန်သူမျိုးမို့လို့ မဟာသူတော်စင်နှစ်ယောက်ကို သတင်းပို့ချိန်တောင်မရလောက်အောင် အမြန် ချေမှုန်းနိုင်ရတာလဲ။
"ကဲ... ဘယ်သူ သွားပြီးတော့ စုံစမ်းချင်လဲ။"
ခရမ်းလမင်းမဟာသူတော်စင်၏ အကြည့်က ယခု ရှိနေကြသော မဟာသူတော်စင်များစွာကို ဝေ့ကြည့်ရင်း ဖြည်းညှင်းစွာ ဆိုလိုက်သည်။
ကျန်သည့် မဟာသူတော်စင်တွေထဲက ဘယ်တစ်ယောက်မှ ဒီတာဝန်ကို ကိုယ့်သဘောနှင့်ကိုယ် မယူချင်ကြပေ။
အားလုံးက ငတုံးတွေ မဟုတ်ကြပါ
သူတော်စင်နှစ်ယောက်ကို သည်လောက်မြန်မြန် သတ်နိုင်သည့် ပုဂ္ဂိုလ်ဆိုတာ သူတို့လိုလူတွေ ခုခံနိုင်မယ့်ဟာမျိုး မဟုတ်တာ သေချာနေသည်လေ။
"အားလုံး... မဲနှိုက်ကြတာပေါ့ကွာ!"
မသေချာမရေရာသည့် ကိစ္စဆို မဲနှိုက်ရုံပဲရှိတော့သည်။
ဘာပဲဖြစ်ဖြစ် သူက မဟာမိတ်ခေါင်းဆောင်မို့လို့ မဲနှိုက်စရာ မလိုပါပေ
"အဲ့လိုတော့ ဘယ်ဖြစ်မလဲ။ အင်အားကြီးတဲ့လူတစ်ယောက်ကို လွှတ်သင့်တာပေါ့။"
အင်အားနည်းသည့့် လူတွေက ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားကြသည်။
ဒါက သူတို့ကို သေတွင်းထဲ တွန်းပို့နေတာနဲ့ ဘာထူးလို့လဲ။
အင်အားနည်းသည့် လူကလည်း မသွားချင်၊ အင်အားကြီးသော လူကလည်း မသွားချင်။
တစ်ခဏအတွင်းမှာပင် အခြေအနေက တင်းမာသွားတော့သည်။
ဤအဖြစ်အပျက်ကြောင့် မူလကတည်းက လျော့ရဲနေသည့် ဖရိုဖရဲမဟာမိတ်အဖွဲ့သည် ရုတ်တရက် ပြိုကွဲမည့် လက္ခဏာများ ပြသလာတော့၏။
ဒါက ခရမ်းလမင်းမဟာသူတော်စင် မြင်ချင်သော မြင်ကွင်းမဟုတ်ပေ။ သူ အဆင့်
မချိုးဖြတ်ခင်အထိတော့ ဒီမဟာမိတ်အဖွဲ့ ပြိုကွဲလို့ မဖြစ်သေးပါ။
ခရမ်းလမင်းမဟာသူတော်စင်က အာဏာသုံးပြီး အမိန့်ပေးတော့မည်ဟု ကြံရွယ်လိုက်စဉ်မှာပင် နောက်ထပ်သတင်းတစ်ခု ထပ်ရောက်လာရာ၊ သူ၏ မျက်နှာက ချက်ချင်းဆိုသလို သွေးမရှိဖြစ်သွားလေတော့သည်။
*****