← Chapters

မဟာမိတ်အဖွဲ့ထဲ ဝင်... မဝင်ဘူးလား.....

Vol. 38 Ch. 563

မဟာမိတ်အဖွဲ့ထဲ ဝင်... မဝင်ဘူးလား.....

Vol. 38 Ch. 563

~"ရီမိသားစု... လှုပ်ရှားလာပြီ!"

ခရမ်းလမင်းမဟာသူတော်စင်၏ မျက်နှာကတော့ သင်္ချိုင်းကုန်းတစ်ခုလို ညှိုးငယ်တိတ်ဆိတ်လို့နေ၏။

"ရီမိသားစု? ဟား! ဖရိုဖရဲမဟာမိတ်အဖွဲ့ဝင်တွေကို ရဲရဲတောက် လာတိုက်တယ်ဆိုတော့ သေချင်နေကြပြီထင်တယ်။"

အစည်းအဝေးခန်းထဲက တခြား မဟာသူတော်စင်အဘိုးကြီးများစွာကတော့ ဒေါသတွေထွက်၊ ဖြောင့်မတ်မှန်ကန်လှပါသည်ဆိုသော မခံချင်စိတ်တွေနှင့် ပွက်လောရိုက်ကုန်ကြသည်။

"နေစမ်းပါဦး... ရီမိသားစုရဲ့ ခေါင်းဆောင်က အဲ့လောက်တောင် အစွမ်းထက်လို့လား။"

တစ်ယောက်ကတော့ အခြေအနေမှန်ကို သိချင်စိတ်ဖြင့် မေးခွန်းထုတ်လိုက်သည်။

"ရီမိသားစုခေါင်းဆောင် လှုပ်ရှားတာ မဟုတ်ဘူး။ ရီမိသားစုထဲက ဒုတိယမျိုးဆက်တစ်ယောက်ပဲ...။ အဲ့ဒီ အရွက်တစ်ထောင်ဆေးခန်းကို တာဝန်ယူထားတဲ့ကောင်...။ သူက ထိပ်တန်းမဟာသူတော်စင်နှစ်ယောက်ကို တစ်ကွက်တည်းနဲ့ အပြတ်ရှင်းပစ်လိုက်တာ။"

စကားပြောနေရင်းမှာပင် ခရမ်းလမင်းမဟာသူတော်စင်၏ အသံထဲတွင် သတိမထားမိနိုင်လောက်အောင် သေးငယ်သော ကြောက်ရွံ့မှုအရိပ်အယောင်လေးတစ်ခု ပါဝင်နေခဲ့သည်။

"ဘုရား ဘုရား... ဒုတိယမျိုးဆက်လေးတစ်ယောက်က ဒီလောက်တောင် သန်မာနေရလား။"

သူ့စိတ်ထဲမှာတော့ မုန်တိုင်းထန်နေပြီ။

သူ့စုံစမ်းထားသည့် သတင်းတွေအရဆို ရီမိသားစုမှာ အများဆုံးရှိလှ ထိပ်တန်းမဟာသူတော်စင်တစ်ယောက်ပဲ ရှိသင့်သည်လေ။

သည်လို မဟုတ်လျှင် သူတို့က ရီမိသားစုကို လက်လှမ်းဝံ့မှာတောင် မဟုတ်ချေ။

သို့သော်... အခုတော့ သူတို့ ရထားသောသတင်းအချက်အလက်မှာ အမှားတစ်ခုရှိနေပုံပဲ။ မဟုတ်သေး... ဒါက သာမန်အမှားမဟုတ်။ သူတို့၏ ဖရိုဖရဲမဟာမိတ်အဖွဲ့ကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြုန်းသွားစေနိုင်သော ဧရာမအမှားကြီးတစ်ခု ဖြစ်သည်။

ဒုတိယမျိုးဆက်တပည့်တစ်ယောက်တောင် ဒီလောက် မယုံနိုင်စရာကောင်းတဲ့ အစွမ်းအစရှိနေမှတော့...။

ဒုတိယမျိုးဆက်တပည့်က ထိပ်တန်းမဟာသူတော်စင် နှစ်ယောက်ကို သတ်နိုင်ရုံတင်မကပေ၊ ရီမိသားစုက သူတော်စင်အဆင့် တန်ခိုးရှင် ဒါဇင်ပေါင်းများစွာကိုပါ တစ်ခါတည်း အုံလိုက်ကျင်းလိုက်

ထုတ်သုံးပြီး အခွင့်အရေးသမားတွေကို လိုက်လံရှင်းလင်းနေသေးသည်။

ထိုရီမိသားစုထဲမှာ တန်ခိုးရှင်တွေ ဘယ်နှစ်ယောက်လောက်များ ပုန်းနေသေးလဲ မသိပေ။

ဒီတစ်ခါ သူတို့သာ သတိမထားမိလျှင်၊ စစ်မှန်သောနတ်ဘုရားအဆင့်ကို ချိုးဖြတ်တက်ရောက်ဖို့ နေနေသာသာ၊ အမည်မသိ တန်ခိုးရှင်တွေ၏ တိုက်ခိုက်မှုကို ခုခံဖို့ အချိန်တောင် ရလိုက်မှာ မဟုတ်ပါ။

မကြာခင်မှာပင်၊ အခြားထိပ်တန်းမဟာသူတော်စင်များကလည်း လမ်းကြောင်းအမျိုးမျိုးကနေ ဒီတိုက်ပွဲ၏ အသေးစိတ်အချက်အလက်တွေကို ရရှိလာကြသည်။

အစီရင်ခံစာကို ဖတ်ပြီးနောက်မှာတော့ တန်ခိုးရှင်အများစု ဆိတ်ငြိမ်သွားကြသည်။

သူတို့ ရထားသည့် သတင်းနှင့်

တစ်ခြားစီပင်... ရီမိသားစု၏ အင်အားက အားနည်းမနေသည့်အပြင် ကြောက်ခမန်းလိလိ ကောင်းနေပါလား။

"ကဲ... ကိုယ့်လူတို့... ရီမိသားစုရဲ့ တပ်ဖွဲ့တွေက အဓိကနယ်မြေဘက်ကို ချဉ်းကပ်လာနေပြီ။ ငါတို့ ဘယ်လိုလုပ်သင့်လဲ။"

တစ်ယောက်က လေးနက်သောအသံဖြင့် စတင်မေးမြန်းလိုက်သည်။

"ဘာလုပ်ရမှာလဲ။ ပြန်တိုက်ရုံပေါ့။"

တချို့လူတွေကတော့ အခုထိ အခြေအနေမှန်ကို သဘောမပေါက်သေးတာပဲ။

"ပြန်တိုက်မယ် ဟုတ်လား။ ဟေ့ကောင်... မင်း ပြောတော့လွယ်လိုက်တာ။ အခု ရီမိသားစုပြထားတဲ့ အင်အားက သူတို့ရဲ့ အင်အားအကုန်အစင်လို့ မင်းသေချာလို့လား။ တကယ်လို့ ပြန်တိုက်ကြမယ်ဆိုရင် မင်းက ရှေ့ဆုံးက ထွက်မှာလား၊ ပြောစမ်း။"

မိသားစုတစ်ခုက သူတို့၏ အင်အားအကုန်လုံးကို တစ်ကြိမ်တည်းနှင့်တော့ ဘယ်တော့မှ ထုတ်ပြမှာမဟုတ်။

ရီမိသားစုမှာ ဘယ်လောက်အထိ အင်အားတွေ ဖုံးကွယ်ထားသေးလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်။

ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က ရီမိသားစုမှာ တစ်ပိုင်းနတ်ဘုရားအဆင့် တန်ခိုးရှင်တစ်ယောက်ရှိတယ် ဟူသော ကောလာဟလတစ်ခုကို ရုတ်တရက် သတိရသွားသည်။

အရင်ကတော့ ဒီကောလာဟလကို ဟားတိုက်ရယ်မောခဲ့ကြသော ကျင့်ကြံသူတွေ အခုတော့ စိတ်ထဲမှာ မတင်မကျ ဖြစ်လာကြသည်။

ရီမိသားစု အခုပြသထားသော အင်အားကို ကြည့်ရတာ ဒီကောလာဟလက အခြေအမြစ်မရှိဘဲ လျှောက်ပြောနေတာတော့ မဟုတ်လောက်ပေ။

ဒီနေရာမှာ ထိပ်တန်းမဟာသူတော်စင် ဆယ်ယောက်နီးပါး ရှိနေသော်လည်း တစ်ပိုင်းနတ်ဘုရားအဆင့် တန်ခိုးရှင်တစ်ယောက်နှင့် ယှဉ်လျှင်တော့ သူတို့မှာ အနိုင်ရဖို့ အခွင့်အလမ်း သိပ်မရှိပါ။

တစ်ပိုင်းနတ်ဘုရားဆိုတာက သူတို့အားလုံး အသည်းအသန်ရောက်ချင်နေသော စစ်မှန်သောနတ်ဘုရားနယ်ပယ်၏ နယ်နိမိတ်ကို ထိတွေ့နေပြီဖြစ်တဲ့ ကျင့်စဉ်အဆင့်တစ်ခု။

စစ်မှန်သောနတ်ဘုရားနယ်ပယ်နှင့် ထိစပ်သည့် ကျွမ်းကျင်သူတွေက အနည်းငယ်မျှ

ရိုးစင်းသူတွေ မဟုတ်ကြပေ။

"အားလုံးပဲ... ဒါက ကျုပ်တို့အချင်းချင်း ငြင်းခုန်နေရမယ့်အချိန် မဟုတ်ဘူး။ ရီမိသားစုကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ အရင်ဆုံး စဉ်းစားကြပါဦး။"

ဖရိုဖရဲမဟာမိတ်အဖွဲ့ထဲ ဝင်ထားသော အဖွဲ့အစည်းတိုင်းက ရှေးကျပြီး လေးစားစရာကောင်းသော၊ ကာလရှည်ကြာ

အဖွဲ့အစည်းကြီးတွေချည်းပင်။

ထိပ်တန်းမဟာသူတော်စင်အဖြစ် အခုမှ တက်လာသည့် အင်အားစု တစ်ခုတောင် ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အဓိကအဖွဲ့ဝင် ဖြစ်ခွင့်မရှိချေ။

ရှေးဟောင်းမျိုးဆက်များ၏ မျိုးဆက်များအနေနှင့် သူတို့မှာ အရင်းအမြစ်တွေ အလျှံပယ်ရှိကြသည်။

ဂိုဏ်းတိုင်းမှာ လျှို့ဝှက်ဖုံးကွယ်ထားသည့် လက်နက်ကောင်း တစ်ခုစီတော့ အနည်းဆုံးရှိကြသည်။

ဒီလက်နက်တွေက စစ်မှန်သောနတ်ဘုရားအဆင့် တန်ခိုးရှင်တစ်ယောက်နှင့် ယှဉ်လျှင်တော့ အလုံအလောက်မဖြစ်နိုင်ပေမဲ့...။

တစ်ပိုင်းနတ်ဘုရားတစ်ယောက်နှင့် ယှဉ်လျှင်တော့ အနည်းငယ် အသုံးဝင်ကောင်း ဝင်နိုင်ပါလိမ့်မည်။

သို့သော်ငြား အားလုံးက ကိုယ့်အလှည့်ကျမှ ထုတ်သုံးချင်ကြပြီး ဘယ်သူမှ အသက်အန္တရာယ်နှင့် အမှန်တကယ် မကြုံမချင်း ကိုယ့်ဖဲကို ထုတ်မပြချင်ကြပေ။

"ငါ့လက်နက်ကို အရင်ထုတ်သုံးလိုက်လို့ ငါ အားနည်းသွားရင် ဒီကောင်တွေက ငါ့ကို ဝိုင်းစားကြမှာ..." ဟူသော အတွေးက

လူတိုင်း၏ ရင်ထဲမှာ ကိန်းအောင်းနေ၏။

ဒီနေရာကလူတိုင်းက မဟာမိတ်တွေဖြစ်နေပေမဲ့ လူတိုင်းမှာ ကိုယ်ပိုင်အကြံအစည်တွေ ရှိနေတယ်ဆိုတာ သူတို့ကိုယ် သူတို့ အသိဆုံးပင်။

မိမိ၏ လက်နက်ကောင်းကို သုံးလိုက်ရလျှင်၊ နောက်ဆက်တွဲဖြစ်လာမည့်ကိစ္စတွေက ကောင်းသည့် လက္ခဏာ မဟုတ်ပါချေ။

လက်နက်ကောင်းဆိုတာ မသိမမြင်ရသေးခင်၊ ခြိမ်းခြောက်နိုင်စွမ်းရှိနေသေးသ၍သာ တန်ဖိုးရှိ၏။

တစ်ခါ ထုတ်သုံးလိုက်လျှင် ၎င်းကို တန်ပြန်တိုက်ခိုက်နိုင်မယ့် နည်းလမ်းကို ရှာတွေ့သွားကြမည်ပင်

အခြားဂိုဏ်းတစ်ခုကို လက်ဦးမှုယူပြီး

အရင်းအမြစ်တွေကို လုယူနိုင်မည့် အခွင့်အရေးသာရှိရင်၊ သည်ထဲက ဂိုဏ်းတစ်ခုမှ တုံ့ဆိုင်းနေကြမှာ မဟုတ်ပေ။

"ကိုယ့်လူတို့... တကယ်လို့ ရီမိသားစုက တစ်ပိုင်းနတ်ဘုရားအဆင့် တန်ခိုးရှင်တစ်ယောက် တကယ်ပေါ်လာခဲ့ရင်၊ မင်းတို့ရဲ့ လက်နက်ကောင်းတွေကို ထုတ်သုံးဖို့

မတွန့်ဆုတ်ကြပါနဲ့လို့ ကျုပ် မျှော်လင့်ပါတယ်။"

"ဘာပဲဖြစ်ဖြစ်၊ ဒီအခြေအနေက ကျုပ်တို့အားလုံး အတူတူ ဖန်တီးခဲ့ကြတာပဲလေ။"

"တကယ်လို့ ရီမိသားစုက ဟန်ဆောင်ပန်ဆောင် လုပ်နေတာဆိုရင်တော့ ကျုပ်တို့အားလုံး အတူတကွ လှုပ်ရှားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

"ရီမိသားစုရဲ့ အရင်းအမြစ်တွေကို ကျုပ်တို့ အတူတူ ခွဲဝေယူလို့ရပါတယ်။"

ဖရိုဖရဲမဟာမိတ်အဖွဲ၏ ခေါင်းဆောင်ဖြစ်တဲ့ ခရမ်းလမင်းမဟာသူတော်စင်က ရှေ့ထွက်စကားပြောလာတော့ လူတွေက သဘောတူလိုက်ကြသည်။

"နောက်ဆုံးတစ်ခု... ဒီကိစ္စကြောင့် ဘယ်သူမဆို ကိုယ့်ရဲ့ လက်နက်ကောင်းကို ထုတ်သုံးခဲ့ရရင်၊ ကျန်တဲ့လူတွေက သူ့ကို နှစ်တစ်သိန်းအတွင်းမှာ တိုက်ခိုက်ခြင်းမပြုရဘူး။ မဟုတ်ရင်တော့ ကျုပ်တို့အားလုံး ပူးပေါင်းပြီး သူ့ကို ဆန့်ကျင်တိုက်ခိုက်ကြမယ်။"

ဒီစကားက ဂိုဏ်းတော်တော်များများ၏ အာရုံစိုက်မှုကို ဖမ်းစားလိုက်သည်။

ခရမ်းလမင်းမဟာသူတော်စင် ပေးသည့်ကတိကို အာမမခံနိုင်ပေမဲ့၊ အနည်းဆုံးတော့ ရေတိုမှာ ထိရောက်မှုရှိသည်။

နှစ်တစ်သိန်းဟူသည့် အချိန်က သူတို့အတွက် နောက်ထပ်လက်နက်ကောင်း

တစ်ခု ရှာဖွေဖို့ သို့မဟုတ် ပင်ကို ပျက်စီးခြင်း ပင်လယ်ကနေ ထွက်ခွာသွားဖို့ လုံလောက်သည့် အချိန်ပင်။

"ဖရိုဖရဲမဟာမိတ်အဖွဲ့ကောင်တွေ အကုန်လုံး... ငါ့ရှေ့ကို ထွက်လာခဲ့စမ်း!"

သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပြည့်နှက်နေသော အသံတစ်ခုက ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။

ထိပ်တန်းမဟာသူတော်စင် အသုံးအဆောင် ကောင်းကင်လှေပျံက အာကာသကို အဆက်မပြတ် ဖြတ်သန်းရွှေ့ပြောင်းနေတာကြောင့် သူတို့ အဓိကနယ်မြေကို ရောက်လာတာ မြန်ဆန်လှ၏။

"ကဲ... အားလုံးပဲ။ အရွက်တစ်ထောင်ဆေးခန်းရဲ့ ဆေးခန်းပိုင်ရှင်ကို သွားတွေ့ကြရအောင်။"

ဒီစကားကိုပြောပြီးနောက် ခရမ်းလမင်းမဟာသူတော်စင်က အပြင်ဘက်ကို ပထမဆုံး ထွက်ခွာသွားသည်။

ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းအပေါ်မှာ ရပ်နေသော ရီကျင်းထျန်ကတော့ စိတ်မရှည်တော့ပေ။

"ဘာလဲဟ... ဧည့်သည်လာတာကို ထွက်တောင်မကြိုဘူးလား။ ကြာတယ်ကွာ။"

သူ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ထိပ်တန်းမဟာသူတော်စင် အသုံးအဆောင် ကောင်းကင်လှေပျံမှ စွမ်းအင်များက ချက်ချင်းဆိုသလို စုစည်းလာ၏။

နောက်တစ်ခဏမှာတော့ ထိပ်တန်းမဟာသူတော်စင်တစ်ဦး၏ အားကုန်သုံးတိုက်ကွက်နှင့်ညီမျှသော စွမ်းအင်လုံးကြီးတစ်လုံးက ပေါက်ကွဲထွက်ကာ ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းပေါ်သို့ မိုးသီးမိုးပေါက်များလို ကျဆင်းသွားတော့သည်။

"ဘုန်း..."

အားပြင်းသော တိုက်ခိုက်မှုကြောင့် ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းတစ်ခုလုံး တုန်ခါသွားသည်။

အားကောင်းသော အခင်းအကျင်းတစ်ခုက အခြေစိုက်စခန်းကို ချက်ချင်း လွှမ်းခြုံလိုက်ပြီး တိုက်ခိုက်မှုကို တားဆီးလိုက်လေ၏။

*****

All Chapters