← Chapters

မဟာမိတ်အဖွဲ့ထဲ ဝင်... မဝင်ဘူးလား...

Vol. 38 Ch. 564

မဟာမိတ်အဖွဲ့ထဲ ဝင်... မဝင်ဘူးလား...

Vol. 38 Ch. 564

~သို့သော်လည်း အထူးတန်းစား မဟာသူတော်စင် အသုံးအဆောင် ကောင်းကင်လှေပျံ တစ်စီး၏ တိုက်ကွက်များက ဤမျှရိုးစင်းစွာဖြင့် ပြီးဆုံးသွားမည်တော့ မဟုတ်ပေ။

ကောင်းကင်လှေပျံ၏ ကိုယ်ထည်ပေါ်တွင် အမြောက်ပြောင်းကဲ့သို့သော ပြွန်ချောင်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။

ထို့နောက်... ဒါဇင်နှင့်ချီသော တိုက်ကွက်များက တစ်ပြိုင်နက်တည်း ပစ်လွှတ်ကာ ဖရိုဖရဲမဟာမိတ်အဖွဲ့၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားတော့၏။

အခြေစိုက်စခန်းအတွင်းမှာတော့

မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ခေါင်းများမော့ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့်ကောင်းကင်လှေပျံမှ ပစ်လွှတ်လိုက်သော တိုက်ကွက်များကို ကြည့်နေကြသည်။

တချို့က ရီမိသားစု၏ ကောင်းကင်လှေပျံမှာ အဆင့်မြင့်ဆုံးတန်းစား မဟာသူတော်စင် အသုံးအဆောင်ဖြစ်ကြောင်း မှတ်မိသွားကြပြီ။

သူတို့ခမျာ ထိပ်တန်းအရည်အသွေးရှိသည့် တိုက်ခိုက်ရေး၊ ကာကွယ်ရေး မဟာသူတော်စင် လက်နက်တွေကိုတောင် မြင်ဖူးတွေ့ဖူးကြတာမဟုတ်။

ယခုလို သာမန်အထွတ်အထိပ်တန်းစား မဟာသူတော်စင် လက်နက်ပေါင်းများစွာနှင့် ညီမျှတန်ဖိုးရှိသော အထူးပျံသန်းလက်နက်ကောင်းကင်လှေပျံမျိုးကိုတော့ ပြောမနေနှင့်တော့၊ ကြားတောင် မကြားဖူးကြပါချေ။

ပင်ကို ပျက်စီးခြင်း ပင်လယ်တစ်ခုလုံးမှာ ဒီလောက် အစွမ်းထက်သော ကောင်းကင်လှေပျံတစ်စီးကို ပိုင်ဆိုင်လောက်အောင် ချမ်းသာကြွယ်ဝသည့် အင်အားစုတစ်ခု ရှိသည်ဟု သူတို့တစ်သက်နှင့် တစ်ကိုယ်

မကြားဖူးခဲ့ပါ။

ငါတို့... ဖရိုဖရဲမဟာမိတ်အဖွဲ့က... ဘယ်လို သတ္တဝါကြီးတွေကို သွားပြီး အမြီးဆွဲမိတာလဲ။

တော်တော်များများကတော့ ဒီဖရိုဖရဲမဟာမိတ်အဖွဲ့ထဲ ဝင်မိတာကို နောင်တရစ ပြုလာကြပြီ။

ဒီအဖွဲ့ထဲ ဝင်လို့ အကျိုးကျေးဇူး ဘာတစ်ခုမှ မရသည့်အပြင်၊ သူတို့ဆီက အရင်းအမြစ်တော်တော်များများကိုပါ အကြောင်းပြချက်အမျိုးမျိုးနှင့် အလှူလုပ်လိုက်ရသေးသည်။

အခုတော့ မဟာမိတ်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေက ဒီလောက်ကြောက်စရာကောင်းသည့် ရန်သူကို သွားဆွမိပြီ။

ဒီဒုက္ခက သူတို့အပေါ်ကိုပါ ကျရောက်လာဖို့ သေချာသလောက် ရှိနေသည်။

အခင်းအကျင်းကြီးက ဆက်လက် အလုပ်လုပ်နေသေး၍သာ။ မဟုတ်ရင် သူတို့အားလုံး လေးဘက်လေးတန်ကို ပြန့်ကျဲအောင် ထွက်ပြေးပြီး ဒီမဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်သွားကြလောက်ပြီ။ကြီးက ဆက်လက် အလုပ်လုပ်နေသေး၍သာ။ မဟုတ်ရင် သူတို့အားလုံး လေးဘက်လေးတန်ကို ပြန့်ကျဲအောင် ထွက်ပြေးပြီး ဒီမဟာမိတ်အဖွဲ့ကနေ နှုတ်ထွက်သွားကြလောက်ပြီ။

နောက်ဆုံးတော့ ခရမ်းလမင်းမဟာသူတော်စင်နှင့် အပေါင်းအပါများ ရောက်ရှိလာကြသည်။

ရီမိသားစု၏ အထူးတန်းစား မဟာသူတော်စင်အဆောင် ကောင်းကင်လှေပျံကို မြင်လိုက်ရပြီးနောက် သူတို့၏ မျက်နှာများက ပိုလို့ပင် အရုပ်ဆိုးအကျည်းတန်သွားတော့သည်။

"တောက်... ဒီကောင်တွေ..."

ခရမ်းလမင်းမဟာသူတော်စင်မှာတော့ ရင်ထဲက မခံချိမခံသာ ဖြစ်နေသည်။

သူက ပင်ကို ပျက်စီးခြင်း ပင်လယ်တစ်ခုလုံးမှာ အသန်မာဆုံးဟု အများက အသိအမှတ်ပြုထားပြီး အထူးတန်းစား မဟာသူတော်စင်လက်နက်တစ်ခုကို ပိုင်ဆိုင်ထားတာ။ ဒါလေးတစ်ခုတည်းနှင့်တင် တခြားထိပ်တန်းမဟာသူတော်စင်တွေ၏ မနာလိုဝန်တိုခြင်းကို ခံနေရသည်လေ။

ယခုတော့ သူတို့ အထင်မကြီးခဲသော

ရီမိသားစုက အဖွင့်အနေနှင့်ပင် အထူးတန်းစား ပျံသန်းစက်လှေကြီးတစ်စီး ထုတ်သုံးပြလိုက်သည်။

"သွားပြီ...။"

သူ့ရင်ထဲမှာ အတွေးတစ်ခုက ဖြတ်ပြေးသွား၏။

"ဒီကောင်တွေဆီမှာ အထူးတန်းစား မဟာသူတော်စင် လက်နက်တွေ တစ်ခုမက ရှိနေတာ သေချာတယ်။"

အရင်ကတော့ ရန်လိုတက်ကြွနေခဲ့သော ထိပ်တန်းမဟာသူတော်စင်များ ရုတ်တရက် အကြောင်သား ဖြစ်သွားကြသည်။

"ရီမိသားစုမှာ... တစ်ပိုင်းနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တကယ်မရှိဘူးလို့ ငါတို့ ထင်ခဲ့တာ...။"

"ဒါမှမဟုတ်... သူတို့ဆီမှာ တစ်ပိုင်းနတ်ဘုရားအဆင့် ကျွမ်းကျင်သူတွေပဲ ရှိနေတာများလား။

အတွေးများ ပဲ့တင်ထပ်နေစဉ်ပင်

" ဂျွပ်... ဂျွပ်..."

နောက်ဆုံးတော့ ဖရိုဖရဲမဟာမိတ်အဖွဲ့ကို ကာကွယ်ထားသော အခင်းအကျင်းသည် ကောင်းကင်လှေပျံ၏ အဆက်မပြတ်တိုက်ခိုက်မှုကို မခံနိုင်တော့ဘဲ ကျယ်လောင်စွာ ကွဲကြေသွားတော့သည်။

ရီကျင်းထျန်က ကောင်းကင်လှေပျံကို ဆက်လက် မတိုက်ခိုက်ခိုင်းတော့ပေ။

နောက်ဆက်တွဲ တိုက်ပွဲကတော့ လူကိုယ်တိုင် ဖြေရှင်းရတော့မည်။

"အရွက်တစ်ထောင်ဆေးခန်းရဲ့ ဆေးခန်းပိုင်ရှင်... ကျုပ်အထင်၊ ဒါက နားလည်မှုလွဲတာတစ်ခုပါ။ ကျုပ်တို့က ပင်ကို ပျက်စီးခြင်း ပင်လယ်ရဲ့ အနာဂတ်အတွက်ပဲ အလုပ်လုပ်နေကြတာပါ။ အခု ခင်ဗျားရဲ့ အစွမ်းအစကို အသိအမှတ်ပြုတဲ့အနေနဲ့၊ ကျုပ်တို့ရဲ့ ဖရိုဖရဲမဟာမိတ်အဖွဲ့မှာ ဒုတိယမဟာမိတ်ခေါင်းဆောင်အဖြစ် ဝင်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။"

ခရမ်းလမင်းမဟာသူတော်စင်ကတော့ ပါးစပ်ဟလိုက်သည်နှင့် ကိုယ့်ကိုယ်ကိုယ် ကိုယ်ကျင့်တရားအမြင့်ဆုံးနေရာပေါ် တင်လိုက်တော့သည်။

သူ့စကားကြောင့် ဘာမှမသိနားမလည်သော ကျင့်ကြံသူတော်တော်များများက ခရမ်းလမင်းမဟာသူတော်စင်၏ ပုံရိပ်သည် ပို၍ကြီးကျယ်ခမ်းနားသွားသလို ခံစားလိုက်ရသည်။

...အေးရော... ငါ့ကို ဒုဥက္ကဋ္ဌ ရာထူးနဲ့ လာဘ်ထိုးနေတာပေါ့လေ။...

ရီကျင်းထျန်က စိတ်ထဲမှာ ကြိတ်လှောင်လိုက်သည်။

ခရမ်းလမင်းမဟာသူတော်စင်ရဲ့ ဆိုလိုရင်းက ရှင်းသည်။

"မင်းတို့ ငါတို့နဲ့လာပေါင်း၊ အကျိုးအမြတ်ခွဲဝေယူဖို့ အရည်အချင်းပေးမယ်" ဆိုသည့် သဘောပင်။

ရီမိသားစုသာ သူတို့နှင့် လာပေါင်းလျှင် မဟာမိတ်အဖွဲ့၏ အင်အားက အဆများစွာ တိုးတက်လာမည်။ သူတို့ ရှေးဦးဖရိုဖရဲပင်လယ်တစ်ခုလုံးကို ထိန်းချုပ်နိုင်သည့်အခါ ရနိုင်မည့် အရင်းအမြစ်တွေက အခုထက်ပိုများလာမည်ပင်။

အဲ့ဒီအခါကျမှ မင်းတို့ ရီမိသားစုရဲ့ အရင်းအမြစ်တွေရော၊ လက်နက်တွေရော အကုန်လုံး ငါ့ဟာ ဖြစ်လာမှာပေါ့ကွာ...

ခရမ်းလမင်းက စိတ်ကူးယဉ်နေသည်။

သို့သော် တခြား ထိပ်တန်းမဟာသူတော်စင်တွေကတော့ ဒီစကားကြောင့် စိတ်ထဲမှာ အနည်းငယ် မသက်မသာဖြစ်သွားကြသည်။

ရီမိသားစုသာ ဝင်လာလျှင် သူတို့ ရနိုင်မည့် အရင်းအမြစ်တွေ သိသိသာသာ လျော့နည်းသွားမည် မဟုတ်လား။

သို့သော်လည်း... ဘယ်သူမှတော့ ကန့်ကွက်စကား မပြောရဲပေ။

အဓိကအကြောင်းရင်းက ရီမိသားစုပြထားတဲ့ အင်အားက အရမ်းသန်မာလွန်းနေသည်။ ဒီအချိန်မှာ ကန့်ကွက်မိလျှင် ရီမိသားစု၏ တိုက်ခိုက်ခံရမယ့် ပထမဆုံး ပစ်မှတ်ဖြစ်သွားနိုင်သည်လေ။

"ဖရိုဖရဲမဟာမိတ်အဖွဲ့ထဲ ဝင်ရမယ် ဟုတ်လား။"

ရီကျင်းထျန်၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာသည်။

"ရူးနေလားပဲ။ စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ယောက်တောင်မရှိတဲ့ အင်အားစုကများ ရီမိသားစုကို ဒီလိုမဟာမိတ်အဖွဲ့ထဲ ဝင်ဖို့ ဖိတ်ခေါ်ရဲတယ်။ တကယ်လို့ ရီမိသားစုကသာ စိတ်ဆန္ဒရှိရင် ဒီ ဖရိုဖရဲမဟာမိတ်အဖွဲ့ဆိုတာကြီးကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းပစ်လို့ရတယ်။ အဲ့ဒီတော့ ဝင်ရမှာက ဘာအကြောင်းရှိလို့လဲ။"

"ငါတို့ကို ဖိတ်ခေါ်ဖို့တော့ မလိုဘူး။ ရီမိသားစုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့လူတွေကိုသာ ထုတ်ပေးလိုက်။ ဒါဆိုရင်တော့ ငါတို့ တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်တာကို ရှောင်လွှဲလို့ ရနိုင်ကောင်းရဲ့။"

ရီကျင်းထျန်က ထိပ်တန်းမဟာသူတော်စင်တန်ခိုးရှင်တွေကို ကစားစရာတစ်ခုလို ကြည့်ရင်း ဆိုလိုက်သည်။

သူတို့ထဲက ဘယ်ကောင်တွေကို ကျားစေ့ကလေး အဖြစ် စတေးမလဲဆိုတာ သူ ကြည့်ချင်နေသည်။

ရီကျင်းထျန်၏စကားကြောင့် တန်ခိုးရှင်အများစုမှာ မသေချာမရေရာသော အကြည့်များဖြင့် အပြန်အလှန်ကြည့်ကုန်ကြသည်။

ရီမိသားစုကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာက သူတို့အားလုံး သဘောတူခဲ့သည့် ကိစ္စပင်။

တကယ်လို့ တစ်ယောက်ယောက်ကို ထိုးကျွေးရမယ်ဆိုလျှင်... သူတို့အားလုံး ပါဝင်ရပေလိမ့်မည်။

"မင်းတို့ ရီမိသားစုက ပင်ကို ပျက်စီးခြင်းပင်လယ်တစ်ခုလုံးကို ရန်သူတော်အဖြစ် သတ်မှတ်နေတာပဲ!"

ရီကျင်းထျန်၏ ပေါ်ပေါ်တင်တင် မလေးမစားလုပ်မှုက ခရမ်းလမင်းမဟာသူတော်စင်ကို ဒေါသထွက်စေသည်။

"အားလုံး... အစွမ်းကုန်တိုက်ကြ။ လက်မနှေးကြနဲ့။ မဟုတ်ရင် ဒီနေ့ ငါတို့အားလုံးသေလိမ့်မယ်!"

ခရမ်းလမင်းမဟာသူတော်စင်က အားလုံးကို နှိုးဆော်လိုက်သည်။

ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် အားလုံး၏ ရည်ရွယ်ချက်များက ခိုင်မာသွားသည်။

*ဟုတ်တယ်... တိုက်တော့တိုက်ရမယ်။ ဒါပေမဲ့ တခြားကောင်တွေ အရင်စတိုက်ပြီးမှ ငါတို့လိုက်တိုက်မယ်။*

သူတို့က ရီကျင်းထျန်က ကောင်းကင်လှေပျံကို ဆင်ခေါ်ပြီး တိုက်ခိုက်လိမ့်မည်ဟု ထင်နေစဉ်မှာပင်၊ ရီကျင်းထျန်မှာ ထိုသို့သော ရည်ရွယ်ချက်မရှိကြောင်း တွေ့လိုက်ရသည်။

ရီကျင်းထျန်၏ နောက်ကျောဘက်ဆီမှ... အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက်... ဖြည်းညင်းစွာ လျှောက်လှမ်းထွက်ပေါ်လာ၏။

နောက်တစ်ခဏမှာပင် သူတော်စင်အဆင့်ကို ကျော်လွန်သော စွမ်းအားတစ်ခုက သူ့ထံမှ ပေါက်ကွဲထွက်လာသည်။

ဟေးကျောင်းစစ်မှန်သောနတ်ဘုရား ဖန်တီးခဲ့သော ရုပ်သေးရုပ်သည် နောက်ဆုံးတွင် သူ၏အစွမ်းကို ထုတ်လွှတ်လိုက်ပြီ။

ဒီစွမ်းအားက လူတိုင်းကို ကျောချမ်းသွားစေသည်။

"တစ်... တစ်ပိုင်းနတ်ဘုရား...။ ရီမိသားစုမှာ တစ်ပိုင်းနတ်ဘုရား တကယ်ရှိနေတာပဲ။"

အနက်ရောင်ပုံရိပ်သည် ပျောက်ကွယ်သွားပြီးနောက် သွေးလက်သူတော်စင်၏ ရှေ့မှောက်တွင် ပြန်လည်ပေါ်ထွက်လာ၏။

ဟေးကျောင်းနတ်စွမ်းအား!

သွေးလက်သူတော်စင်မှာ ခုခံကာကွယ်ချိန်ပင်မရလိုက်။

သူ၏ အဆင့်မြင့် ကာကွယ်ရေးသူတော်စင်လက်နက်သည် ချက်ချင်းဆိုသလို နှစ်ပိုင်းကျိုးကာ ကြေမွသွားသည်။

နဂါးလက်သည်းကုတ်ချက်က အရှိန်မလျော့ဘဲ သွေးလက်သူတော်စင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်ဝင်ရောက်သွား၏။

သွေးလက်သူတော်စင်မှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် သူ၏ရုပ်ခန္ဓာကို ချက်ချင်းစွန့်လွှတ်ကာ သူ၏ဝိညာဉ်က အလျင်

အမြန် နောက်သို့ ဆုတ်ခွာလိုက်ရသည်။

"ခရမ်းလမင်း... ကယ်ပါဦး!"

သို့သော် နောက်တစ်ခဏမှာပင် ဟေးကျောင်းအရိပ်တစ္ဆေသည် သွေးလက်သူတော်စင်၏ ဝိညာဉ်ကို ဝါးမြိုချလိုက်လေပြီ။

ဝမ်းနည်းကြေကွဲဖွယ် အငွေ့အသက်များ ပျံ့နှံ့သွားပြီး သူတော်စင်တစ်ပါးကျဆုံးခြင်း လက္ခဏာက ထွက်ပေါ်လာသည်။

တိုက်ကွက်တစ်ကြိမ်တည်းနှင့် အစွမ်းထက်သော သွေးလက်သူတော်စင် ကျဆုံးသွားခြင်းက ကျန်လူများကို အရိုးထဲထိ အေးစိမ့်သွားစေသည်။

"မင်းတို့ ဘာလုပ်နေကြတာလဲ! အားလုံး... ကိုယ့်လက်နက်ကောင်းကိုယ် အခုထုတ်သုံးကြတော့ဟ!"

ဒီအခြေအနေရောက်နေတာတောင် ဒီမဟာသူတော်စင်တန်ခိုးရှင်တွေက အချင်းချင်း တွက်ကပ်နေကြသေးတာကြောင့် ခရမ်းလမင်းမဟာသူတော်စင်မှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲနေသည်။

"ဟုတ်တယ်... လက်နက်ကောင်းထုတ်သုံးရမယ်။"

ကျန်တဲ့သူတော်စင်တွေလည်း နောက်ဆုံးတော့ သဘောပေါက်သွားကြသည်။

"ဒီကောင် ငါ့ကိုလာတိုက်တဲ့အခါကျမှပေါ့။"

အနက်ရောင်နဂါးရုပ်သေးရုပ်က သွေးလက်သူတော်စင်ကို သုတ်သင်ပြီးနောက် ရပ်တန့်မနေဘဲ နောက်ထပ်မဟာသူတော်စင်တစ်ဦးဆီသို့ ဦးတည်သွားသည်။

ထိုပစ်မှတ်ထားခံရသော မဟာသူတော်စင်မှာ မချန်လှပ်ရဲတော့ဘဲ သူ၏ လက်နက်ကောင်းဖြစ်သော... အနက်ရောင်အသီးတစ်လုံးကို ထုတ်သုံးရန် ရွေးချယ်လိုက်လေတော့သည်။

*****

All Chapters