← Chapters

ရီကျင်းထျန်..မင်းက အဲ့ဒီသူခိုးပဲ…

Vol. 38 Ch. 567

ရီကျင်းထျန်..မင်းက အဲ့ဒီသူခိုးပဲ…

Vol. 38 Ch. 567

~ရီကျင်းထျန်မှာ ဒီလူတွေ သူ၏မိသားစု အရင်းအမြစ်များကို ဖြုန်းတီးနေသည်ကို ကြည့်ရင်း စိတ်ကုန်လာသည်။ သူတို့နှင့် ဆက်လက်ကစားနေရန် စိတ်ဆန္ဒတစ်စက်မှ မရှိတော့ဘဲ၊ နောက်ဆုံးတွင် သူ၏ အမှန်တကယ် လက်စွမ်းကို ပြသလိုက်တော့သည်။

နတ်ဘုရားရိုက်ကြာပွတ်အတွင်း၌ ရီဖန်ပိုင်ဆိုင်သော စွမ်းအားသည် စတင်နိုးထလာ၏။

ထို့နောက်... ခပ်ဖွဖွလေး တစ်ချက် ပုတ်လိုက်သည်။

မူလက နတ်ဘုရားရိုက်ကြာပွတ်နှင့် အင်အားတန်းတူရှိနေခဲ့သော ခရမ်းလမင်း၏ လက်နက်သည် ချက်ချင်းဆိုသလိုပင် ကြေမွသွားသော အသံကို ထုတ်လွှတ်လိုက်သည်။

နတ်စွမ်းအားများသည် ခရမ်းလမင်းမဟာသူတော်စင်၏ မဟာသူတော်စင်လက်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ အဆက်မပြတ် ဖျက်ဆီးနေတော့၏။

အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ထိပ်တန်းမဟာသူတော်စင်လက်နက်အတွင်းမှ သူတော်စင် ပုံစံများသည် မှေးမှိန်ကာ အလင်းရောင်ကင်းမဲ့သွားသည်။

ဆက်ပြီး အသုံးချလို့ ရနိုင်သေးသည်ဆိုရင်တောင်မှ... ၎င်း၏ အစွမ်းအစတွေ

မူလကလို ပြန်ပြည့်လာဖို့အတွက် ရေတွက်၍ မကုန်နိုင်သော နှစ်ပေါင်းများစွာ အချိန် ပေးဆပ်ရလိမ့်မည်။

*သွားပြီ... သွားပြီ... ငါ့ဘဝတစ်ဝက်လောက်နဲ့ ရင်းပြီးမှ ရထားတဲ့... ငါ့ရဲ့ တစ်ခုတည်းသော...*

ခရမ်းလမင်း မဟာသူတော်စင်၏ မျက်လုံးများသည် ချက်ချင်းဆိုသလို နီရဲတောက်သွားသည်။ ဤသည်မှာ သူ၏ စည်းစိမ်ဥစ္စာတစ်ဝက်နီးပါးကို သွန်ချပြီး

မရေမတွက်နိုင်သော ကြိုးပမ်းမှုများအပြီးမှ ရရှိခဲ့သော သူ၏ တစ်ခုတည်းသော ထိပ်တန်းမဟာသူတော်စင် လက်နက် ဖြစ်သည်လေ။

ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်များဆိုသည်မှာ အလွန်အမင်း အဖိုးတန်လှသည်။

ထို့ကြောင့်ပင် ရီဖန် သွန်းလုပ်ခဲ့သော ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်များကို ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတွင် အနည်းငယ် ရောင်းချခဲ့သည်မှလွဲ၍ ပင်ကို ပျက်ဆီးခြင်း ပင်လယ်တွင် ကြော်ငြာ ရောင်းချခြင်းပင် မလုပ်ခဲ့ပေ။

ဘာကြောင့်ဆို... ဘယ်သူက ဝယ်နိုင်မှာတဲ့လဲ။ ဝယ်နိုင်သည့် သူ မရှိမှတော့ ဘာကိုသွားပြီး ကြော်ငြာနေစရာ လိုတော့မလဲ။

တစ်ချိန်က... ခရမ်းလမင်းမဟာသူတော်စင်သည် ရှေးဦးဖရိုဖရဲပင်လယ်၏ အသန်မာဆုံးနှင့် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့သည်။

သို့သော်... ထိုသူကိုယ်တိုင်ပင်လျှင် ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်တစ်ခုကို လက်ဝယ် ပိုင်ဆိုင်နိုင်ရန် သူ၏ စည်းစိမ်ဥစ္စာ တစ်ဝက်ကို စွန့်လွှတ်ခဲ့ရသည်အထိ ဖြစ်သည်။

တခြားသော အထွတ်အထိပ် မဟာသူတော်စင်များအဖို့မှာတော့ ဤလက်နက်မျိုးကို ပိုင်ဆိုင်ဖို့ဆိုသည်မှာ စိတ်ကူးထဲပင် ထည့်မစဉ်းစားနိုင်လောက်အောင် ဖြစ်နေခဲ့၏။

ယခုမူ... သူ၏ အဖိုးတန်လှသော အဆင့်မြင့်မဟာသူတော်စင်လက်နက်မှာ အသုံး

မဝင်တော့သည့် အခြေအနေသို့ ရောက်သွားခဲ့ပြီဖြစ်ရာ၊ ရီကျင်းထျန်အား အနိုင်ယူနိုင်ခဲ့လျှင်ပင် သူ၏ အထွတ်အထိပ်

ခေါင်းဆောင်ဆိုသည့်နေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ခက်ခဲသွားပေလိမ့်မည်။

အဆင့်မြင့်မဟာသူတော်စင်လက်နက်၏ အကာအကွယ်မဲ့သွားသည်နှင့်တစ်ပြိုင်နက်၊ သူနှင့် ရေလိုက်ငါးလိုက် နေခဲ့ကြသော အခြားအထွတ်အထိပ် မဟာသူတော်စင်များမှာလည်း ယခုအခါတွင် ရင်ဆိုင် ဖြေရှင်းရန် လွယ်ကူလွန်းသည့် ပြိုင်ဘက်များ မဟုတ်ကြတော့ချေ။

အကယ်၍သာ အရင်းအမြစ်များကို ပြန်လည် ခွဲဝေကြရမည်ဆိုပါက သူ ခရမ်းလမင်းသည် သူ ရူးသွပ်နေသော စစ်မှန်သော နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်မှာ ပို၍ပင် ခက်ခဲသွားပေတော့မည်။

သို့သော်... အနာဂတ်အရေးထက် ပိုအရေးကြီးသည်မှာ လက်ရှိရင်ဆိုင်နေရသော သေရေးရှင်ရေးအကျပ်အတည်းမှ မည်သို့လွတ်မြောက်အောင် ရုန်းကန်ရမည်ဆိုသည့်အချက်ပင် ဖြစ်လေသည်။

မဟာသူတော်စင်ခရမ်းလမင်း၏ အဖိုးတန်လက်နက်အား ဖျက်ဆီးပြီးသည်နှင့်

ရီကျင်းထျန်သည် တစ်စက္ကန့်မျှပင် ရပ်တန့်မနေဘဲ ခရမ်းလမင်းထံသို့ တဟုန်ထိုးဝင်သွားလေ၏။ မိမိတို့ ရီ မျိုးနွယ်၏ အနာဂတ်အရင်းအမြစ်များစွာ မျက်စိရှေ့တွင် ပြုန်းတီးသွားခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ရီကျင်းထျန်၏စိတ်ထဲတွင် စစ်မှန်သောနတ်ဘုရားတစ်ပါး ကိုယ်တိုင်ရောက်လာ၍ တားဆီးလျှင်ပင် ခရမ်းလမင်းအား အလွတ်ပေးရန် စိတ်ကူး

ဆံတစ်ခြည်မျှင်မျှ မရှိတော့ချေ။

နတ်ဘုရားရိုက်ကြာပွတ်သည် မဟာသူတော်စင်ခရမ်းလမင်းထံသို့ သက်ညှာမှုကင်းမဲ့စွာ ကျဆင်းသွားလေသည်။

'ဒါ... ဒါက ရီကျင်းထျန်ရဲ့ အစွမ်းမဟုတ်ဘူး။'

ခရမ်းလမင်းမှာ လုံးဝ ချုပ်နှောင်ခံထားရသလို ခံစားလိုက်ရပြီး လုံးဝမလှုပ်ရှားနိုင်တော့။ သူ့စိတ်ထဲမှာတော့ အမှန်တရားတစ်ခုကို တပ်အပ်သိလိုက်သည်။

'ငါ့မှာ ရှိတဲ့ အရေးအကြီးဆုံး လျှို့ဝှက်ကတ်တွေရော... တန်ဖိုးကြီး ဆေးလုံးတွေရော အကုန် ထုတ်သုံးခဲ့ပြီးပြီ။ စစ်မှန်သော

နတ်ဘုရား အဆင့်အောက်မှာ ငါ့ကို ယှဉ်နိုင်မယ့်သူ မရှိဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားခဲ့တာ။

ဒါပေမဲ့... အခုတော့ ဒီနတ်ဘုရားရိုက်

ကြာပွတ်ရဲ့ အစွမ်းကို ငါ လုံးဝ မခံနိုင်ဘူးတဲ့လား။

ငါ့လို အကွက်ဆင်တဲ့ ကောင်ကများ... နောက်ဆုံးတော့ ကိုယ့်ဗိုက်ကိုယ် ပြန်ပုတ်ပြနေရတဲ့ ဘဝပါလား။

ဒါဆို... ရီ မျိုးနွယ်မှာ စစ်မှန်သော

နတ်ဘုရား အဆင့် ပညာရှင် တစ်ယောက် တကယ် ရှိနေတာပဲ။

ဒီကြာပွတ်ထဲမှာ ရှိနေတဲ့ စွမ်းအင်ကလည်း ဟို စစ်မှန်သော နတ်ဘုရားအဆင့် ပညာရှင်က ထည့်ပေးထားခဲ့တာပဲ ဖြစ်ရမယ်။'

ယခု အခိုက်အတန့်တွင် ခရမ်းလမင်းမဟာသူတော်စင်မှာ နောင်တများဖြင့် ပြည့်နှက်နေသည်။

'ရီမျိုးနွယ်ဘက်က ပင်ကို ပျက်စီးခြင်းပင်လယ်၏ အရေးအခင်းတွေမှာ ဝင်ပါဖို့ စိတ်ကူး ဆံတစ်ခြည်မျှင်တောင် မရှိခဲ့ပေမဲ့၊ မိမိတို့၏ မဟာမိတ် အဖွဲ့ကတော့ အမြဲတမ်း ကိုယ့်သေတွင်းကိုယ် တူးပြီး ရန်လာစမိကြသည်။

တောက်!... အစကတည်းက ဟိုမဟာမိတ်အဖွဲ့ကောင်တွေ ဝင်ပြီး မွှေမနေခဲ့ရင် ဒီလိုအခြေအနေမျိုး ဖြစ်လာစရာ အကြောင်းကို မရှိဘူး။

အပြစ်အားလုံးက ဟိုမဟာမိတ်တွေကြောင့်ပဲ။ သူတို့သာ ရန်စမီးမွှေးမပေးခဲ့ရင် ငါကဘာကိစ္စနဲ့ ရီ မျိုးနွယ်ကို သွားစရမှာလဲ။

'ဒီလိုမှတော့... အားလုံး အတူတူသေကြတာပေါ့ကွာ'

ဝုန်း!

ခရမ်းလမင်းမဟာသူတော်စင်၏ ရုပ်ခန္ဓာသည် ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းဆိုသလို ကြေမွသွားသည်။

ဝိညာဉ်တစ်စသည် မှိန်ပျပျ လွင့်မျောပေါ်ထွက်လာ၏။

နတ်အလင်းတန်း တစ်ခုက ခရမ်းလမင်းမဟာသူတော်စင်၏ ဝိညာဉ်ကို ကာကွယ်ပေးထားသည်။

ထိုနတ်အလင်းတန်းလေးသာ မရှိခဲ့ပါလျှင် မဟာသူတော်စင် ခရမ်း လမင်း

တစ်ယောက် စောစောက

တိုက်ကွက်၏ အရှိန်ကို လုံးဝ တောင့်ခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

'အမယ်လေး... ဒီလူလည်ကောင်ကြီးမှာ လက်နက်ကောင်း နောက်တစ်ခု ရှိနေသေးတာကိုး။'

'တစ်ခုပြီးတစ်ခုနဲ့... မဟာသူတော်စင်ခရမ်းလမင်းမှာ လျှို့ဝှက်လက်နက်တွေ ဘယ်လောက်တောင် များနေတာလဲ။'

ဟေးကျောင်းစစ်မှန်သောနတ်ဘုရားကို ဝိုင်းတိုက်နေသည့် ကျင့်ကြံသူတစ်ချို့ကတော့ အခုမှပဲ သက်ပြင်းချနိုင်တော့သည်။

တော်သေးရဲ့... ဒီနေ့ ရီမျိုးနွယ်က ဝင်ပါလာလို့သာပေါ့။ ဒါ ငါတို့အတွက် ကံကောင်းခြင်း တစ်ခုပဲ ဖြစ်ရမယ်။

မဟုတ်လို့ကတော့... ဒီလောက်တောင် လက်နက်တွေ အပြည့်နှင့် ရေရေလည်လည် ကြောက်စရာကောင်းသော ခရမ်း လမင်းလို ပုဂ္ဂိုလ်မျိုးနှင့် ယှဉ်ပြိုင်ရလျှင် သူ့ထက် ဦးအောင်

စစ်မှန်သော နတ်ဘုရားအဆင့်ကိုရောက်ဖို့ဆိုတာ သူတို့ဘက်က ဘယ်လိုမှ ယုံကြည်ချက် ရှိနိုင်မှာ မဟုတ်ပေ။

မဟာသူတော်စင်ခရမ်းလမင်း... ခင်ဗျား တော်တော် ဖုံးကွယ်ထားနိုင်တဲ့ကောင်ပဲ။

တော်ပြီ... တော်ပြီ။ ဆက်ပြီးတိုက်ခိုက်နေလိုစိတ် တစ်စက်မှ မရှိတော့ဘူး။ ပြန်တာပဲကောင်းတယ် ... ဒီနေရာကနေ အမြန်ဆုံးထွက်သွားဖို့ပဲ ရှိတော့တယ်။

ဘာပဲဖြစ်ဖြစ်... သူတို့မှာ လိုအပ်သည့်အရင်းအမြစ်တွေအကုန်လုံးက ကိုယ်နှင့်တစ်ပါတည်း ရှိနေပြီးသားပင်။ လူသူ

ကင်းမဲ့သည့် နေရာ တစ်ခုလောက် ရှာ၊ တံခါးပိတ် ကျင့်ကြံလိုက်ရုံနှင့် စစ်မှန်သောနတ်ဘုရားအဆင့်ကို တက်လှမ်းဖို့ဆိုတာ

မဖြစ်နိုင်သော ကိစ္စတော့ မဟုတ်ပေ။

စစ်မှန်သောနတ်ဘုရားအဆင့်ကိုသာ ရောက်သွားခဲ့လျှင် ရီမျိုးနွယ်ကို ကြောက်နေစရာမလိုတော့ပေ။

တစ်ကယ်လို့ မရောက်ခဲ့လျှင်တောင်... ဟိုလျှို့ဝှက်ဆန်းကြယ် အင်အားစုတွေက

သူတို့ကို အလွတ်ပေးမည် မဟုတ်။

ဒီတော့ ကြောက်နေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ပေ။

"ငါ အရင်သွားပြီ"

အထွတ်အထိပ် မဟာသူတော်စင် တစ်ဦးသည် သူ၏ လျှို့ဝှက်လက်နက်မှ ကျန်ရှိနေသေးသော စွမ်းအင်ကို အသုံးပြုကာ

ထိုနေရာမှ အတင်း ရုန်းထွက်ရန် ကြိုးစားလိုက်လေသည်။

မဟာသူတော်စင်များစွာ ရှိနေသည့်အထဲမှ ရီကျင်းထျန် တစ်ယောက်တည်းက သူတို့အားလုံးကို တားဆီးနိုင်မည် မဟုတ်သည်မှာ သေချာ၏။ တစ်ယောက်ချင်းစီ လွတ်မြောက်သွားနိုင်လျှင် ရင်ဆိုင်ရမည့်ရန်သူတစ်ယောက် လျော့သွားသည်နှင့် အတူတူပင်။

ထိုမြင်ကွင်းကြောင့် ကျန်မဟာသူတော်စင်များမှာလည်း ဆက်လက်တိုက်ခိုက်လိုစိတ် ကုန်ခန်းသွားကြကာ တစ်ယောက်နောက်တစ်ယောက် လှည့်ပြေးရန် ပြင်ကြလေတော့သည်။

သို့သော် လျှို့ဝှက်လက်နက်များ ကုန်ဆုံးသွားပြီဖြစ်သော၊ သို့မဟုတ် ထွက်ပြေးရန်

မသင့်တော်သော လက်နက်များသာ ပိုင်ဆိုင်ထားသည့် မဟာသူတော်စင်များမှာမူ ဟေးကျောင်း ရုပ်သေး၏ ရစ်ပတ်တိုက်ခိုက်မှုကြားမှ လွတ်မြောက်ရန် အခွင့်အရေးမသာတော့ချေ။

"ကယ်ကြပါဦး! ကျွန်တော့်ကိုပါ ခေါ်သွားကြပါ!"

အထွတ်အထိပ်မဟာသူတော်စင်တစ်ဦးထံမှ ထွက်ပေါ်လာသော အသက်လုအော်ဟစ်သံသည် ကျန်ရှိနေသူများ၏ နှလုံးသားထဲသို့ ထိတ်လန့်ကြောက်ရွံ့မှုများကို သယ်ဆောင်လာခဲ့သည်။

အထွတ်အထိပ်မဟာသူတော်စင်များပင် ဤသို့သော အခြေအနေသို့ ဆိုက်ရောက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ သူတို့လို သာမန်ကျင့်ကြံသူလေးများ၏ အနာဂတ်သည် မည်သို့ဖြစ်လာမည်ကို မတွေးရဲအောင်ပင် ဖြစ်သွားကြ၏။

ထိုအခိုက်အတန့်တွင်ပင် မရေမတွက်နိုင်သော ကျင့်ကြံသူတို့၏ စိတ်ဓာတ်များ ပြိုလဲကျသွားကာ သူတို့၏ ကျင့်ကြံခြင်းအဆင့်များပင် သိသိသာသာ ယုတ်လျော့ကျဆင်းသွားပြီး အနာဂတ်အတွက် လမ်းပျောက်သွားကြသလို ခံစားလိုက်ရလေသည်။

ထွက်ပြေးသွားကြသော မဟာသူတော်စင်များမှာမူ နောက်သို့ပင် လှည့်မကြည့်ကြတော့ပေ။

သူတို့အရေးမှာ သူတို့အတွက်သာ အဓိကဖြစ်ပြီး ကိုယ်ပိုင်ဂိုဏ်းနှင့် မျိုးနွယ်ကိုပင် ထည့်မစဉ်းစားကြတော့ရာ မဟာမိတ် သို့မဟုတ် မဟာမိတ်ခေါင်းဆောင်ဆိုသည်မှာ ပြောစရာပင်မရှိတော့ချေ။

"မင်းတို့ တစ်ယောက်မှ လွတ်မယ် မထင်နဲ့။"

ထိုအသံသည် မဟာသူတော်စင် ခရမ်းလမင်း၏ ကြေမွသွားသော ဝိညာဉ်အကြွင်းအကျန်များထံမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး ကြားလိုက်ရသူတိုင်း၏ နှလုံးသားကို တုန်လှုပ်ခြောက်ခြားသွားစေခဲ့သည်။

လူတိုင်း၏ စိတ်ထဲတွင် မကောင်းသော နိမိတ်တစ်ခု ထွက်ပေါ်လာ၏။

"ဒုက္ခပဲ"

နောက်တစ်ခဏတွင် ခရမ်းလမင်း၏ လက်ထဲရှိ ကျောက်စိမ်းပြား တစ်ချပ်သည် အသံတိတ် ကြေမွသွားခဲ့၏။

တဆက်တည်း၌ ထွက်ပြေးနေသော မဟာသူတော်စင်အများအပြားသည်

သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ မူလစွမ်းအင်များထဲမှ အနက်ရောင်စွမ်းအင် တစ်စ ထွက်ပေါ်လာသည်ကို ရုတ်တရက် ခံစားလိုက်ကြရလေတော့သည်။

*****

All Chapters