← Chapters

နောက်ဆုံးတော့ ဘယ်သူနိုင်သွားလဲ...

Vol. 38 Ch. 569

နောက်ဆုံးတော့ ဘယ်သူနိုင်သွားလဲ...

Vol. 38 Ch. 569

~မြေဘီလူး စစ်မှန်သောနတ်ဘုရား၏ အားကုန်သုံးတိုက်ကွက်ကို ရင်ဆိုင်ရသောအခါ၊

ရီကျင်းထျန်သည် သူ၏ ဖိအားများ ချက်ချင်းဆိုသလို နှစ်ဆတိုးလာသည်ကို ခံစားလိုက်ရသည်။

ဒါကလည်း မတတ်နိုင်ပေ။ အလယ်အလတ်အဆင့် စစ်မှန်သော နတ်ဘုရား တစ်ပါး၏ အားကုန်သုံး တိုက်ခိုက်မှုကို သာမန် စစ်မှန်သောနတ်ဘုရား တစ်ပါးပင် ခံနိုင်ရည်ရှိမည် မဟုတ်။

ရီကျင်းထျန်တွင် လျှို့ဝှက်ကျင့်စဉ်အမျိုးမျိုးနှင့် ရီဖန်၏ စွမ်းအားများဖြင့် ပြည့်နှက်နေသော နတ်ဘုရားရိုက်ကြာပွတ်သာ မရှိခဲ့လျှင် သူသည် ခုခံနိုင်စွမ်းပင် ရှိမည် မဟုတ်ပေ။

...အဖေ... အဖေရယ်... မြန်မြန် မလာရင်တော့ သားတော့ မခံနိုင်တော့ဘူးနော်...

ရီကျင်းထျန်သည် သူ့စိတ်ထဲတွင် ရီဖန် အမြန်ဆုံးရောက်လာပါစေဟု ဆုတောင်းနေမိသည်။

'ရီဖန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်နှင့်ဆိုလျှင် ကျိုဖန်းမြို့မှ ဤနေရာသို့ အလျင်အမြန်ရောက်လာရန်မှာ အချိန်များစွာ ကြာမြင့်လိမ့်မည် မဟုတ်... ဟုတ်သည်၊ ခဏလေးသာ လိုပေလိမ့်မည်။'

သူ၏ဒဏ်ရာများက တဖြည်းဖြည်း ပေါ်လာလေပြီ။ သို့သော်လည်း ရီကျင်းထျန်သည် မြေဘီလူးစစ်မှန်သော နတ်ဘုရား၏ တိုက်ခိုက်မှုကို ခိုင်မာစွာ ခုခံထားနိုင်ဆဲပင်။

သူသည် မြေဘီလူး စစ်မှန်သော နတ်ဘုရားကို အမှန်ပင် မယှဉ်နိုင်ခဲ့ပေ။ သို့သော် ထိုစစ်မှန်သော နတ်ဘုရားအနေဖြင့်လည်း ရီကျင်းထျန်အား အချိန်တိုအတွင်း သတ်ဖြတ်ပစ်ရန်မှာ မဖြစ်နိုင်သေးသော ကိစ္စတစ်ခုပင် ဖြစ်နေခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ မြေဘီလူးစစ်မှန်သောနတ်ဘုရားမှာ ပို၍ပို၍ စိတ်မရှည်ဖြစ်လာသည်။

'ဒီအတိုင်းသာ ရီဖန် ရောက်လာတဲ့အထိ စောင့်နေရင်တော့... အားလုံးပြီးဆုံးသွားပြီပဲ။'

မြေဘီလူးလျှို့ဝှက်နည်းစနစ်။

အခြားရွေးချယ်စရာ မရှိတော့သည့်အဆုံး

မြေဘီလူး စစ်မှန်သောနတ်ဘုရားသည် အရာအားလုံးကို ဂရုမစိုက်တော့ဘဲ စွမ်းအင်အမြောက်အမြား သုံးစွဲရသော လျှို့ဝှက် သိုင်းနည်းစနစ်တစ်ခုကို မဆိုင်းမတွ ထုတ်ဖော်လိုက်လေတော့သည်။

'မဟာသူတော်စင်အဆင့် ကျင့်ကြံသူ

တစ်ယောက်ကို ဖြေရှင်းဖို့အတွက် လျှို့ဝှက်နည်းစနစ်အထိ ထုတ်သုံးရတဲ့ အလယ်အလတ်အဆင့် စစ်မှန်သော နတ်ဘုရားဆိုလို့ လောကမှာ ငါပဲ ပထမဆုံး ရှိလောက်မယ်။'

...တောက်! မဟာသူတော်စင် တစ်ကောင်ကို နိုင်အောင်တိုက်ဖို့ လျှို့ဝှက်ကျင့်စဉ် သုံးရတယ်လို့များ သတင်းထွက်သွားရင် ငါတော့ အရှက်ကွဲပြီး သေရလိမ့်မယ်...

'ဒါပေမဲ့ ဒီရီမျိုးနွယ်က ကောင်တွေက တကယ်ကို ဓလေ့ထုံးစံနဲ့ မညီတဲ့ကောင်တွေပဲ။ မျိုးနွယ်ခေါင်းဆောင်ဖြစ်တဲ့ ရီဖန်က အကြောင်းပြချက်

မရှိဘဲ အစွမ်းထက်နေတာက တစ်မျိုး၊ အခု သူ့မျိုးနွယ်ဝင် တစ်ယောက်ကလည်း ဒီလောက်တောင် အစွမ်းထက်နေပြန်ရော။'

လျှို့ဝှက်သိုင်းနည်းစနစ်ကို အသုံးပြုသည့်အပြင်၊ မြေဘီလူး စစ်မှန်သော နတ်ဘုရားသည် ကောင်းကင်မဏ္ဏိုင်ထံသို့ အကူအညီ လာပေးရန် အကြောင်းကြားလိုက်သေးသည်။

'တစ်ကယ်လို့ ရီဖန်သာ ပေါ်လာခဲ့ရင်တောင် ကောင်းကင်မဏ္ဏိုင်ရှိနေတာက အာမခံချက်

တစ်ခုတော့ ရသေးတာပေါ့။'

'အခြေအနေ အရမ်းဆိုးလာရင်တော့... ကောင်းကင်မဏ္ဏိုင်ကို သစ္စာဖောက်ပြီး ကိုယ်လွတ်ရုန်းဖို့ပဲ။'

'အဖေ... ကျွန်တော် မရတော့ဘူး'

လျှို့ဝှက်သိုင်းနည်းစနစ်ကို အသုံးပြုလိုက်ပြီးနောက် မြေဘီလူး စစ်မှန်သောနတ်ဘုရား၏အခြေအနေကို မြင်လိုက်ရသည့်အခါ

ရီကျင်းထျန်၏ ဦးရေပြားပင် ထုံကျဉ်သွားခဲ့ရသည်။

'အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားတစ်ယောက်က လျှို့ဝှက်သိုင်းနည်းစနစ်အထိ သုံးလာမှတော့... ဒါက ငါဘယ်လိုမှ ယှဉ်နိုင်မယ့်အရာမျိုး မဟုတ်တော့ဘူး။'

ထိုအခိုက်အတန့်မှာပင် ရင်းနှီးနေသော ပုံရိပ်

တစ်ခုသည် နောက်ဆုံး၌

ရီကျင်းထျန်၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့လေသည်။

ရီဖန်သည် သူ၏ရှေ့မှ မြေဘီလူး စစ်မှန်သောနတ်ဘုရားကို ကြည့်လိုက်ပြီး သူ၏ အရှိန်အဝါ ကို ချက်ချင်းပင် မှတ်မိသွားခဲ့၏။

ဤအရှိန်အဝါသည် သူ၏ နှလုံးသားထဲတွင် တေးမှတ်ထားခဲ့သော ထိုအရှိန်အဝါ၏ ပိုင်ရှင်ပင် ဖြစ်သည်။

မြေဘီလူး စစ်မှန်သော နတ်ဘုရားက ကောင်းကင်ဘုံ ချိတ်ဆက် နယ်မြေကနေ ထွက်ခွာပြီးနောက် ဒီပင်ကိုပျက်စီးခြင်းပင်လယ်ကို ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

'ဒါဆို မကြာသေးခင်က ပင်ကို ပျက်စီးခြင်းပင်လယ်မှာ ပေါ်ထွက်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်စစ်မှန်သော နတ်ဘုရားဆိုတာ ဒီလူကိုး။'

'ဒါပေမဲ့... ရောက်မှတော့ ရောက်လာပြီပဲ။ အိမ်ရှင်တစ်ယောက်အနေနဲ့ ဧည့်ဝတ်တော့ ကျေပွန်ပြရမှာပေါ့။'

တစ်ဖက်တွင်မူ မြေဘီလူး စစ်မှန်သောနတ်ဘုရားသည် ရီဖန်ထံမှ ရင်းနှီးနေသော အရှိန်အဝါကို ခံစားလိုက်ရသည့်အခါ နှလုံးသားတစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။

'ရီဖန်ရဲ့ အရှိန်အဝါက ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ထဲမှာ ရှိနေခဲ့တုန်းကထက်တောင် ပိုပြီးအစွမ်းထက်နေပါလား။ အရင်ကတည်းက သူ့ကိုမယှဉ်နိုင်ခဲ့တာ... အခု သူက ပိုပြီးတောင် အစွမ်းထက်လာသေးတယ်။ ဒါကို ဘယ်လိုပြန်တိုက်ခိုက်ရမှာလဲ!'

တစ်စက်မျှပင် တုံ့ဆိုင်းမနေတော့ဘဲ မြေဘီလူးစစ်မှန်သော နတ်ဘုရားသည် ချက်ချင်းပင် နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။

"ဟင်းလင်းပြင် နတ်ဘုရားနယ်ပယ်"

ရီဖန်၏ ဦးခေါင်းအထက်တွင် ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်၏ ပုံရိပ်တစ်ခု ချက်ချင်းပေါ်ထွက်လာပြီး မိုင်ပေါင်းတစ်သန်းပတ်လည်အချင်းဝက်ကို အရိပ်မည်းကြီးဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

ယခုအခါတွင် ရီဖန်သည် ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်၏ စွမ်းအားကို အခြေခံအဆင့်အနေဖြင့် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

တစ်စုံတစ်ယောက်ကို ထောင်ချောက်ဆင်ရန်အတွက် ၎င်းကို အသုံးပြုခြင်းမှာ အလွန်ပင် သင့်တော်လှ၏။

'အဆင့်မြင့်နတ်ဘုရား လက်နက်... ။'

ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ကို ဖြတ်သန်းခဲ့ဖူးသော ကောင်းကင်ဘုံချိတ်ဆက် နယ်မြေမှ စစ်မှန်သော နတ်ဘုရား တစ်ပါးအနေဖြင့် မြေဘီလူးစစ်မှန်သော နတ်ဘုရားသည် ဤမျှော်စင်၏ ပုံပန်းသဏ္ဌာန်ကို သေချာပေါက် မှတ်မိနေ၏။

ဒီဟင်းလင်းပြင်နတ်ဘုရားမျှော်စင်က တကယ်တမ်းမှာ အဆင့်မြင့်နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ဘယ်လိုမှ တွေးထင်မှတ်မထားခဲ့ပေ...။ ထိုအချိန်တုန်းကသာ သူ ဒီမျှော်စင်ကို ဖြတ်ကျော်နိုင်ခဲ့လျှင် ဒီလက်နက်က သူ့အပိုင်ဖြစ်သွားလောက်ပြီ။

ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်၏ ပေါ်ထွက်လာမှုသည် မူလကတည်းက စိတ်ဓာတ်ကျနေခဲ့ပြီဖြစ်သော မြေဘီလူးစစ်မှန်သောနတ်ဘုရားအား ပို၍ပင် အားအင်ချိနဲ့သွားစေခဲ့သည်။

'ငါ့အစွမ်းအစနဲ့တော့ ဒီဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ရဲ့ ချုပ်နှောင်မှုကို ဖျက်ဆီးပြီး ထွက်ပြေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။'

'ကောင်းကင်မဏ္ဏိုင်က ဘာလို့ ခုထိ ရောက်မလာသေးတာလဲ။'

နောက်တစ်ခဏတွင် ရီဖန်သည် ပုံရိပ်တစ်ခုကို မြေဘီလူး စစ်မှန်သောနတ်ဘုရား၏ ဘေးသို့ ရွှေ့ပြောင်းပို့ဆောင်ပေးလိုက်သည်။ ရီဖန် ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ကို ထိန်းချုပ်နေစဉ်အတွင်း မျှော်စင်၏ သက်ရောက်မှုနယ်ပယ်ထဲတွင် အခြားသော စစ်မှန်သောနတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ဦး၏ အရှိန်အဝါ ရှိနေသည်ကို သူ သတိပြုမိသွားခဲ့ခြင်း ဖြစ်၏။

'ကြည့်ရတာ... ဒါက မြေဘီလူးစစ်မှန်သောနတ်ဘုရားရဲ့ အပေါင်းအပါပဲ ဖြစ်ရမယ်။'

"ထျန်းရှု... မင်းက ဘယ်လိုလုပ် ဒီထဲကို ရောက်လာရတာလဲ!"

ရုတ်တရက်ပေါ်ထွက်လာသော ကောင်းကင်

မဏ္ဏိုင်ကို မြင်လိုက်ရသောအခါ မြေဘီလူး

စစ်မှန်သောနတ်ဘုရားမှာ စကားပင် မပြောနိုင်တော့ပေ။

အတွင်းတစ်ယောက် အပြင်တစ်ယောက်ညှပ်ပြီး ဒီဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ရဲ့ ချုပ်နှောင်မှုကို ဖျက်ဆီးဖို့ သူ အခုလေးတင်ပဲ တွေးနေခဲ့ ၏။ ယခုတော့ မျက်စိတစ်မှိတ်အတွင်းမှာပဲ ကောင်းကင်မဏ္ဏိုင်ကိုယ်တိုင်ကပါ အတွင်းထဲရောက်လာပြီဆိုတော့... သူ့အကြံအစည်တွေအားလုံးက အလကားဖြစ်သွားခဲ့လေပြီ။

"မြေဘိီလူး... ဒါ ဘာတွေဖြစ်နေတာလဲ!"

ကောင်းကင်မဏ္ဏိုင်သည် စောစောခဏက တွန်းလှန်၍မရနိုင်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရပြီးနောက် မြေဘီလူး စစ်မှန်သောနတ်ဘုရား၏ ဘေးသို့ နေရာရွှေ့ပြောင်းခံလိုက်ရခြင်း ဖြစ်သည်။

"မင်းမြင်တဲ့အတိုင်းပဲ... ငါတို့နှစ်ယောက် ထောင်ချောက်မိနေပြီ!"

ထွက်ပြေးလို့ကတော့ မရနိုင်တော့ပေ။ ဒီတော့ တိုက်ပွဲအတွက်ပဲ ပြင်ဆင်ရတော့မည်ပင်။

မြေဘီလူးစစ်မှန်သောနတ်ဘုရားသည် မျှော်လင့်ချက်ကို လက်လွှတ်လိုက်ပြီး တိုက်ပွဲဝင်ရန် အသင့်ပြင်လိုက်၏။

သူတို့နှစ်ယောက်လုံးက အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားတွေ... ရီဖန်က အစောပိုင်းအဆင့်ပဲ ရှိသေး၏။ ငါတို့မှာ အနိုင်ရဖို့ အခွင့်အရေး လုံးဝမရှိတာတော့ မဟုတ်ချေ။

ရွေးချယ်စရာမရှိတော့သည့်အဆုံး မြေဘီလူး

စစ်မှန်သော နတ်ဘုရားသည် သူနှင့် ရီဖန်ကြားမှ အရှုပ်အရှင်းဇာတ်လမ်းကို ကောင်းကင်မဏ္ဏိုင်အား အကျဉ်းချုံး၍ ပြောပြလိုက်ရ၏။

'ဒီကောင့်ကို အစိမ်းလိုက် ဝါးစားချင်စိတ်တောင် ပေါက်တယ်။'

ကောင်းကင်မဏ္ဏိုင်သည် မြေဘီလူးစစ်မှန်သော နတ်ဘုရားကို ကြည့်ကာ စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။

'သူ့ပြဿနာ သူရှာတာ၊ အခု ငါ့ကိုပါ ဒုက္ခလာပေးနေတယ်။ ကြည့်ရတာ ကောင်းကင်နတ်ဆိုးရဲ့ အစီအစဉ်ပါ ထိခိုက်တော့မယ့် ပုံပဲ... ဒီတော့ ငါ ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ။'

"ငါတို့နှစ်ယောက် ပေါင်းပြီး ဒီစစ်မှန်သော နတ်ဘုရားကို သတ်မယ်!"

ကောင်းကင်မဏ္ဏိုင်သည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှ မဟုတ်သောကြောင့်

ရီဖန်၏ စွမ်းဆောင်မှုများကို နားလည်ခြင်းမရှိပေ။ သို့မဟုတ်ပါက ဤကဲ့သို့သော စကားမျိုးကို သူ ပြောထွက်လိမ့်မည် မဟုတ်ချေ။

ကောင်းကင်မဏ္ဏိုင်က ထိုသို့ ပြောလာမှတော့ မြေဘီလူးစစ်မှန်သော နတ်ဘုရားဘက်ကလည်း မည်သို့မျှ ငြင်းဆန်စရာ မရှိတော့ပေ။

နောက်တစ်ခဏတွင် သူတို့နှစ်ဦးလုံးသည် မိမိတို့၏ တန်ခိုးပြင်းလက်နက်များကို အသီးသီး ထုတ်ယူလိုက်ကြသည်။

ကောင်းကင်မဏ္ဏိုင်၏ တန်ခိုးပြင်းလက်နက်မှာ အံ့အားသင့်ဖွယ်ရာပင် အဆင့်နိမ့်နတ်ဘုရားလက်နက် တစ်ခု ဖြစ်နေခဲ့သည်။

နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားသော အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရား... ဤသည်မှာပင် ကောင်းကင်မဏ္ဏိုင်က ရီဖန်ကို အနိုင်ယူနိုင်လိမ့်မည်ဟု ထင်မှတ်နေခဲ့ခြင်း၏ အဓိကအကြောင်းအရင်း ဖြစ်လေသည်။

ကောင်းကင်မဏ္ဏိုင်၌ နတ်ဘုရားလက်နက်တစ်ခု အမှန်တကယ်ရှိနေသည်ကို မြေဘီလူး

စစ်မှန်သောနတ်ဘုရားကိုယ်တိုင်ပင် ယခုမှ ပထမဆုံးအကြိမ်အဖြစ် သိရှိလိုက်ရခြင်း ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် သူ၏စိတ်ထဲတွင် ယုံကြည်မှုအနည်းငယ် ပြန်လည်ရှင်သန်လာခဲ့၏။

*****

All Chapters