လင်းယူလှုပ်ရှားခြင်း
Vol. 137 Ch. 1913
ရှီမာယူယူသည် ကျင့်ကြံရန် ဝင်သွားသည်။ မိုယွိသည် သူမကို လက်ဖက် ရည်သောက်ရန်ကိုပင် သွားရှာ၍မရသဖြင့် စိတ်ဓာတ်ကျသွားလေသည်။
ကံကောင်းစွာပင် သူ၏ ပျင်းရိမှုကို ပြေလျော့စေသော တစ်စုံတစ်ရာ လုပ် ရန် တွေ့သွားသည်မှာ မကြာလိုက်ပေ။
“ဘိုးဘေးကြီး ချီမျိုးနွယ်နဲ့ မျိုးနွယ် ၉ က နောက်ဆုံးတော့ လှုပ်ရှားပြီ” မျိုးနွယ်ဝင်တစ်ယောက်သည် ရောက်လာပြီး သတင်းပို့ကာ ဆက်ပြောလေ သည် “အဲဒီကိုသွားချင်လား”
“မျိုးနွယ် ၉ တစ်ခုပဲလား အဲရှေ့က တခြားမျိုးနွယ်တွေကရော”
“ရှေ့က မျိုးနွယ် ၁ ကနေ မျိုးနွယ် ၈ ကိုပြောတာလား တခြားမျိုးနွယ်တွေ က မလှုပ်ရှားဘူး.. သူတို့တွေက မျိုးနွယ် ၉ သူတို့ကိုနှင်ထုတ်တာကို စိတ်ပျက် နေတဲ့ပုံပဲ”
မူလအစက မျိုးနွယ် ၉ တစ်ခုသာ တစ်စ္ဆေလောကတွင် ရှိသည်။ မျိုးနွယ် ၁ မှ မျိုးနွယ် ၈ ဟူ၍မရှိပေ။ သို့သော် မျိုးနွယ် ၉ မှလူတချို့ကို နှင်ထုတ်ရာမှ ထို လူများ၏မျိုးဆက်များသည် မျိုးနွယ် ၁ နှင့် မျိုးနွယ် ၈ ဟူ၍ တဖြည်းဖြည်း ပေါ်ပေါက်လာပြီး ကျော်ကြားလာခဲ့ကာ ဤအာဏာတော်လှန်ရေးရေးအတွက် တောင်းဆိုခဲ့သည်။
ထို့ကြောင့် မျိုးနွယ် ၁ နှင့် မျိုးနွယ် ၉ တို့သည် ဆက်စပ်နေကြသည်။ အကယ်၍ မျိုးနွယ် ၉ သာမျိုးနွယ် ၁ မှ မျိုးနွယ် ၈ ကိုစုစည်းလိုက်ပါက သူတို့ကို ကိုင်တွယ်ရန်မှာ အားထုတ်ရမည်ဖြစ်သည်။
“မျိုးနွယ် ၄ နဲ့ ၅ ကလွဲပြီး တခြားသူတွေက လှုပ်ရှားမှုမရှိကြဘူး” မျိုးနွယ် ဝင်များ ပြန်ဖြေကြလေသည်။
“မျိုးနွယ် ၄ နဲ့ ၅ ကအစကတည်းက မျိုးနွယ် ၉ ကိုမှီခိုနေရတာ မဟုတ်ရင် သူတို့က တခြားမျိုးနွယ်တွေကြားမှာ ထောင်ထွက်နေမှာမဟုတ်ဘူး.. အခု မျိုးနွယ် ၉ က လှုပ်ရှားပြီဆိုတော့ သူတို့လည်း နောက်ကလိုက်မှာအသေအချာ ပဲ ဒါပေမဲ့ အကြောင်းအရင်းကို သူတို့သိရဲ့လားမသိဘူး.. အများစုက ရှေ့ပြေး အဖြစ် အသုံးချခံရတော့မှာ” မိုယွိ လှောင်ပြောင်လိုက်သည်။
“မျိုးနွယ် ၄ နဲ့ ၅ သာဒါကိုသိရင် တစ္ဆေကြင်ယာတော်လည်း သိထားမှာပဲ တခြားဘာအကျိုးအမြတ်ရှိလာရင်တောင် မျိုးနွယ် ၉ ခေါင်းပေါ်ကျမှာမဟုတ် ဘူး.. အဲတော့ သူတို့တွေက ဒဏ္ဍာရီနဂါးအမိန့်ကို မသိထားဘူးလို့ထင်တယ်”
“အင်း မိုကျယ်ကိုသွားပြောလိုက် အခုမလှုပ်ရှားသေးနဲ့ဦးလို့ စီစဉ်ထားတဲ့ အတိုင်းပဲ သွားလုပ်ထားနှင့်လိုက်.. သူတို့ဘာသာ ဝင်လာမှာကိုပဲ စောင့်ကြတာ ပေါ့” မိုယွိ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ” မျိုးနွယ်ဝင်များသည် ပြန်ဖြေပြီးနောက် ထွက်သွားကြ သည်။
“ခင်ဗျားက မဟာမိတ်မရှိဘဲ ခင်ဗျားတို့မိုမျိုးနွယ်ရဲ့ အားတစ်ခုတည်းနဲ့ တော်ဝင်မျိုးနွယ် ၈ ခုကို တိုက်ခိုက်နိုင်မယ်လို့ ယုံကြည်ချက်ရှိလွန်းနေတာပဲ” ဝူလင်းယူ၏ အသံသည် သူ့နားထဲဝင်လာပြီး သူ၏ပုံရိပ်သည် လေထဲတွင် တဖြည်းဖြည်း ပေါ်လာသည်။
မိုယွိသည် သူပေါ်လာသည်ကို မအံ့ဩဘဲ မေးလိုက်သည် “မရဏာလော က,က ဟိုလူနှစ်ယောက်ရော”
သူသည် အရိပ်မည်းနှင့် ဟွမ်တို့၏ သရုပ်မှန်ကို သိပြီးသားဖြစ်နေသည်။
“သူတို့တွေ သွားလည်ကြတယ်” ဝူလင်းယူ ပြောလိုက်သည် “ကျုပ် မေးခွန်းကို မဖြေသေးဘူးပဲ”
“မိုမျိုးနွယ်က သိုသိုသိပ်သိပ်ပဲလှုပ်ရှားတယ် ဒီတစ်ခါကတော့ အရင်နဲ့ မတူတော့ဘူး”
ထိုလူများသည် မိုမျိုးနွယ်ကို တိုက်ခိုက်ချင်နေသည်။ ထိုအရာမှာလည်း သူတို့၏ အကြံအစည်ပေါ်တွင် မူတည်သည်။
“မင်းက မိုမျိုးနွယ်ကို ယုံကြည်မှုရှိလွန်းနေတာပဲ.. ဒါပေမဲ့ ချီမျိုးနွယ်နဲ့ မျိုးနွယ် ၉ တို့ကလည်း အဲလိုပဲဆိုရင် ဘယ်လိုလုပ်မလဲ” ဝူလင်းယူ မေးလိုက် သည်။
မိုယွိသည် မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည် “ခင်ဗျား ဘယ်လိုလုပ်သိတာလဲ”
“ကျုပ်က ဘာမှမသိပါဘူး ဒီအတိုင်းပြောကြည့်ချင်တာပါ.. အရာအားလုံး မှာ ခြွင်းချက်ရှိတယ်… ခင်ဗျားမှာ တစ်ခုခုရှိထားရင် ခင်ဗျားရဲ့အကျင့်နဲ့ အဲဒါကို လျစ်လျူရှုနိုင်မှာမဟုတ်ဘူး အဲတော့ ဒီပြဿနာက သူမဆီကို ပြန်ရောက်လာ မှာပဲ” ဝူလင်းယူ ပြန်ဖြေလေသည် “သူမက အခု ကောင်းကောင်းကျင့်ကြံနေ တယ် အဲတော့ ဒီကိစ္စတွေကို သူမအတွက် ကျုပ်ဖြေရှင်းပေးမယ်”
မိုယွိ၏ နှုတ်ခမ်းထောင့်မှာ တွန့်တက်သွားသည်။ ဒီလူက တည့်ပဲဟ။
“ခင်ဗျားဘာလုပ်ချင်လို့လဲ” သူ မေးလိုက်သည်။
“အရမ်းကိုရိုးရှင်းပါတယ်.. ခင်ဗျားအစီအစဉ်ကို ပြောပြ… ပြီးရင် မွမ်းမံဖို့ လိုမလားလို့ ကြည့်တာပေါ့” ဝူလင်းယူသည် သူ၏ရှည်လျားသော အင်္ကျီလက် ကိုသပ်ပြီး မိုယွိ၏ရှေ့တွင် ထိုင်လိုက်သည်။
မိုယွိသည် ဝူလင်းယူကို စိုက်ကြည့်ပြီး သူ၏သရုပ်မှန်ကို သိရန် တိတ်တ ဆိတ်ကြိုးစားနေသည်။ သူ၏ ခမ်းနားမှုသည် တစ္ဆေဘုရင်နှင့်် ယှဉ်နိုင်သည်။
သူ တွေးနေသည့်အတွေးကို ဝူလင်းယူသည် သေချာပေါက်သိသည်။ သို့သော် သူ ဘာမှမပြောဘဲ ဆက်ပြီးသာကြည့်ခွင့်ပေးလိုက်သည်။
ထိုအချိန် သူနတ်ဆိုးဧကရာဇ်ဖြစ်ခဲ့သည့်နှစ်က တစ္ဆေဘုရင်နှင့် အတိုက်အခံဖြစ်ခဲ့ကာ မည်သူက အားသာသည်ကတော့ မရှင်းလင်းခဲ့ပေ။ သူ သည် နတ်ဆိုးမျိုးနွယ်ဝင်များကိုခေါ်ကာ လူသားလောကကိုပင် သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
မိုယွိသည် အတန်ကြာအောင် တိတ်ဆိတ်သွားပြီး ပြောလေသည် “ခင်ဗျား စဉ်းစားထားတာကို ပြောပါဦး…”
တစ်နှစ်ကြာပြီးနောက်…
ရှီမာယူယူသည် ကျင့်ကြံရာမှထွက်လာသည်။ သူမ၏ခန္ဓာကိုယ် အနည်း ငယ် တောင့်တင်းနေသည်ဟု ခံစားရသဖြင့် အကြောဆန့်ပြီးနောက် သူမ နေထိုင်သည့် နေရာတွင် မည်သူမှမရှိသည်ကို တွေ့လိုက်ရသည်။
“ဟိုလူကြီး သုံးယောက်က ဘယ်ရောက်နေတာလဲ.. သူတို့တွေ ပြဿနာ ရှာလို့ နှင်ထုတ်ခံရတယ်လို့တော့ မပြောလိုက်နဲ့” သူမလှည့်ပတ်ကြည့်သော် လည်း မည်သူကိုမှမတွေ့သဖြင့် ထွက်လာခဲ့လိုက်သည်။
အစက သက်ဝင်လှုပ်ရှားသော မိုမျိုးနွယ်သည် သည်တစ်ကြိမ်တွင် အလွန်တိတ်ဆိတ်နေသည်။ သူမ လှည့်ပတ်ကြည့်သော်လည်း နေရာတိုင်းတွင် ရှိနေကျ မိုမျိုးနွယ်ဝင်များကိုပင် မတွေ့ရပေ။ အတန်ကြာမှပင် ကလေးငယ် တစ်ဖွဲ့ကိုသွားတွေ့သည်။
ကလေးငယ်များသည် သုံးလေးနှစ်လောက်သာရှိသေးကာ ဆယ်ကျော် သက်မိန်းကလေးများမှ ချီထားသည်။ ထိုမိန်းမငယ်လေးသည် ရှီမာယူယူကို မြင်သောအခါ ပြောလေသည် “ဘိုးဘေးကြီး”
ရှီမာယူယူသည် သူမ နားကြားမှားသလားဟု အထင်နှင့် နှုတ်ခမ်းကို ကွေးညွှတ်လိုက်သည်။
ဘိုးဘေးကြီးဟုတ်လား။ သူမက အဲလောက်တောင် အိုနေပြီလား။
“ဘိုးဘေးကြီးက ကျွန်မတို့ဘိုးဘေးကြီးရဲ့ ဆရာလေ.. အဲဒါကြောင့် ဘိုးဘေးကြီးလို့ခေါ်တာ သဘာဝကျပါတယ်” ထိုမိန်းမငယ်လေးသည် အသက် အရွယ် မကြီးသေးသော်လည်း စကားကိုပါးနပ်စွာ ပြောတတ်သည်။
“မိုကျိကိုရော ဘယ်လိုခေါ်လဲ” ရှီမာယူယူ မေးလိုက်သည်။
“ဦးလေးငယ်ပါ”
“ဒါဆို ငါ့ကို ဒီအတိုင်းပဲ အဒေါ်လို့သာခေါ်ပါ” ရှီမာယူယူသည် တည်ငြိမ် သောမျက်နှာဖြင့် ပြောလေသည် “ဘိုးဘေးကြီးလို့ခေါ်တာကို ငါ သဘောမတူ ဘူး”
“ဟုတ်ကဲ့ပါ အဒေါ်” မိန်းမငယ်လေးသည် ပြုံးပြီးပြန်ဖြေလိုက်ကာ အရုပ် ကလေးများကို သူမကို အဒေါ်ဟုခေါ်ရန် ပြောနေသေးသည်။
“တခြားသူတွေရော.. မျိုးနွယ်က ဘာလို့ ဒီလောက်ခြောက်ကပ်နေတာ လဲ” ရှီမာယူယူ မေးလိုက်သည်။
“ချီမျိုးနွယ်နဲ့ မျိုးနွယ် ၉ တို့ရောက်လာလို့ ဘိုးဘေးကြီးက မျိုးနွယ်တစ်ခု လုံးကိုခေါ်ပြီး သွားတိုက်ခိုက်တယ်” မိန်းမငယ်လေး ပြန်ဖြေလေသည်။
“ဒီလောက် မြန်မြန်ကြီး တိုက်ခိုက်နေကြပြီလား” ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ သူမ ကျင့်ကြံနေတာ မကြာသေးပါဘူး။
“သူတို့တွေ တိုက်နေတာ အကြိမ်ပေါင်းမနည်းတော့ဘူး” မိန်းမငယ်လေး ပြောလေသည် “ဒီတစ်ခါကတော့ ပြီးခါနီးပြီလို့ ဘိုးဘေးကြီးပြောတယ်”
“အဲလောက် မြန်တာလား” ရှီမာယူယူသည် ပို၍ပင် အံ့ဩနေသည်။ အနည်းဆုံးတော့ သုံးနှစ်မှ ငါးနှစ်လိုဦးမည်ဟု သူမ ထင်ထားခဲ့သည်။ သို့သော် သူမ ကျင့်ကြံသည်မှာ ၁ နှစ်သာရှိသေးသော်လည်း နောက်ဆုံးတိုက်ပွဲနွှဲရန် အချိန်ကျနေပြီဖြစ်သည်။
“ချီမျိုးနွယ်နဲ့ တိုက်ဖို့ အစ်ကိုကြီး ဝူလင်းယူမှာ အကြံရှိတာ.. သူတို့တွေ ပြန်မတိုက်ခိုက်နိုင်လို့ ကိစ္စတွေကမြန်သွားတာ” မိန်းမငယ်လေး ပြောလေ သည် “မျိုးနွယ်ထဲက ကလေးတွေကြောင့်သာမဟုတ်ရင် ကျွန်မလည်း သူတို့ နောက်လိုက်သွားမှာ”
ဝူလင်းယူသည်လည်း ဤကိစ္စတွင် ပါဝင်နေသည်။ ထိုသတင်းကြားလိုက် ရသည်မှာ ရှီမာယူယူ အံ့ဩသွားသည်။ သို့သော် သူမအတွက် သူလုပ်ပေးသည် ကိုလည်းသိသည်။ မဟုတ်လျှင် သူ့အကျင့်နှင့် ထိုကိစ္စများကို ဝင်ပါရန်မဖြစ်နိုင် ပေ။
“အခု သူတို့တွေ ဘယ်မှာလဲ”
“သူတို့တွေ မိုမြို့တော်မှာ.. အတိအကျတော့ ဘယ်မှာလဲမသိဘူး.. အဒေါ် အဒေါ်လည်သွားမှာလား မိုမြို့တော်ကို ဘယ်လိုသွားရမလဲ ကျွန်မသိတယ်”
….
ရှီမာယူယူ ထွက်လာချိန်တွင် တိုက်ပွဲမှာပြီးလုနီးပါးဖြစ်နေလေပြီ။ သူမ သည် လေထုထဲမှ တုန်ခါမှုကိုခံစားမိသည်။ မိုယွိနှင့် ဝူလင်းယူတို့ မျိုးနွယ်များ နှင့် မရှိသည်ကို တွေ့လိုက်ရသည်။ သူတို့သည် လေဟာနယ်တွင် ရှိနေသည့်ပုံ ပင်။
ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့သည် မိုမျိုးနွယ်နှင့် မျက်နှာချင်းဆိုင်လေ သည်။ နှစ်ဖက်လုံးတွင် သေသူများ ဒဏ်ရာရသူများရှိကြသည်။ သို့သော် နှစ်ဖက်လုံး၏ အခြေအနေကိုကြည့်လျှင် မိုမျိုးနွယ်သည် ပို၍ စိတ်အေးလက် အေးရှိသည့်ပုံပင်။ သို့သော် တစ်ဖက်မှာလည်း လက်မလျော့ပေ။ ထိုလူများ သည် မိုမျိုးနွယ်ကို စိုက်ကြည့်နေကြပြီး သတ်ချင်နေကြသည်။
ယခုနှစ် မိုမျိုးနွယ်၏ လှုပ်ရှားမှုများမှာ အရင်ကနှင့်မတူပေ။ သူတို့၏ အကြံအစည်မှား ပျက်စီးသွားခဲ့ကာ မိုမျိုးနွယ်၏ လုပ်ဆောင်ချက်များသည် မြန်ဆန်လာခဲ့သည်။ မိုမျိုးနွယ်၏ နည်းဗျူဟာများသည် ယခင်ကနှင့်မတူတော့ ဘဲ ရှောင်လွှဲရန်မဖြစ်နိုင်ပေ။ သူတို့၏ အင်အားကို ကြိုတင်ဖုံးကွယ်ထားလျှင် တောင် ကိုင်တွယ်ရန် မလွယ်လှပေ။
သို့သော် သူတို့ကို ဤနည်းနှင့် ရှင်းချင်လျှင် မိုမျိုးနွယ်သည် အိပ်မက် မက် နေခြင်းသာဖြစ်သည်။ ဝူလင်းယူနောက်တစ်ယောက်ရှိလျှင်တောင် သူတို့တွင် အနိုင်ရရန် အခွင့်အရေးတစ်ခုရှိသေးသည်။
“ဟင် တိုက်ခိုက်တာက ရပ်သွားပြီလား” ရှီမာယူယူ၏ အသံထွက်လာ သည်နှင့် စစ်မြေပြင်တစ်ခုလုံး၏ လေထုမှာ ရုတ်တရက်ပြောင်းလဲသွားလေ သည်။