နောက်ဆုံးတော့ ဘယ်သူနိုင်သွားလဲ (အပိုင်း ၂)...
Vol. 38 Ch. 570
~သူ့မှာလည်း ရွေးချယ်စရာ မရှိတော့။ ရီဖန်ပေးသော ဖိအားက အလွန်ကြီးမားလွန်းနေသည်။
နတ်ဘုရားလက်နက်၊ ကောင်းကင်ခွင်းဓား။
ကြေမွနေသော နတ်ရွှေဖြင့် သွင်းလုပ်ထားပြီး တိုက်ခိုက်ရာတွင် ပြိုင်ဘက်ကင်းလှ၏။
သို့သော် ရီဖန်၏ အမြင်တွင် ထိုနတ်ဘုရားလက်နက်ကို ထုလုပ်ခဲ့သည့် လက်နက် ပညာရှင်၏ အဆင့်အတန်းမှာ အလွန်နိမ့်ကျလွန်းနေသည်။
'ဒီလို ပုံစံနဲ့ ထုလုပ်ထားတာက ကုန်ကြမ်းတွေကို ဖြုန်းတီးပစ်ရာ ရောက်ရုံတင်မကဘူး... ကြေမွနေတဲ့ နတ်ရွှေစင်တွေရဲ့ စွမ်းအား အပြည့်ကိုလည်း ထုတ်သုံးနိုင်မှာ မဟုတ်ဘူး။'
ရီဖန်၏ လက်နက်သွန်းလောင်းခြင်း ပညာရပ်မှာ နတ်ဘုရား အဆင့်နှင့် တဖြည်းဖြည်း နီးကပ်လာပြီဖြစ်ရာ အသေးစိတ် မြင်နိုင်စွမ်းမှာလည်း တိုးတက်လာခဲ့ပြီ ဖြစ်သည်။
သူသည် စစ်မှန်သော နတ်ဘုရား လက်နက်
တစ်ခုကို မဖန်တီးနိုင်သေးသော်လည်း သူ၏ အမြင်မှာမူ အဆမတန် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါ၏။
ဟင်းလင်းပြင် နတ်ဘုရား မျှော်စင်။
ရီဖန်၏ လက်ထဲတွင် သေးငယ်သော ဟင်းလင်းပြင် နတ်ဘုရား မျှော်စင်လေး တစ်ခု ပေါ်ထွက်လာသည်။
ဟင်းလင်းပြင် နတ်ဘုရား မျှော်စင်သည် အဆင့်မြင့်နတ်ဘုရား လက်နက်တစ်ခုအနေဖြင့် ရန်သူများကို ထောင်ချောက်ဆင်နိုင်ရုံသာမက သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာလည်း အလွန်အစွမ်းထက်လှပေသည်။
သွား။
ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်သည် ရှေ့သို့ ပျံသန်းထွက်သွားပြီး ကောင်းကင်ခွင်းဓားနှင့် တိုက်ရိုက်ဝင်တိုက်လေသည်။
ကောင်းကင်ခွင်းဓားထံမှ နားစည်ကွဲလုမတတ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာ၏။
နတ်ဘုရားအဆောင်များတွင် ဝိညာဉ်ရှိကြရာ ဤသည်မှာ ကောင်းကင်ခွင်းဓား၏ ဝိညာဉ်မှ ငိုကြွေးမြည်တမ်းလိုက်သော အသံပင်တည်း။
ကောင်းကင်ခွင်းဓားသည် နောက်သို့လွင့်စဉ်သွားပြီး ဟင်းလင်းပြင် နတ်ဘုရား မျှော်စင်မှာမူ အရှိန်မပျက်ဘဲ သူတို့နှစ်ဦးထံသို့ ဆက်လက်တိုးဝင်သွားသည်။
ကောင်းကင်မဏ္ဏိုင်သည် ရင်ဘတ်ထဲမှ စို့နင့်သွားကာ သူ၏ကောင်းကင်ခွင်းဓားကို ပြန်လည်သိမ်းဆည်းလိုက်၏။ ကောင်းကင်ခွင်းဓားပေါ်မှ သတိပြုမိရန် ခက်ခဲသော ဒဏ်ရာတစ်ခုကို ခံစားလိုက်မိသောအခါ သူ၏မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။
'ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ!'
'နှစ်ခုလုံးက နတ်ဘုရားလက်နက်တွေချင်းတူတူကို... ငါ့ရဲ့ကောင်းကင်ခွင်းဓားက ဒီလောက်တောင် ကြွပ်ဆတ်နေစရာ အကြောင်းမရှိဘူး။'
"အဲ့ဒါ... စစ်မှန်သောနတ်ဘုရား ချန်ရီရဲ့ ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ပဲ... အဆင့်မြင့်နတ်ဘုရားလက်နက် ဖြစ်သင့်တယ်။"
မြေဘီလူးစစ်မှန်သောနတ်ဘုရား၏ အားနည်းသော အသံသည် နောက်မှ ထွက်ပေါ်လာသည်။
"ဘာ... မင်း ဘာလို့ စောစောက မပြောတာလဲ!"
ကောင်းကင်မဏ္ဏိုင်သည် မြေဘီလူးစစ်မှန်သောနတ်ဘုရားအား ထိုနေရာတွင်ပင် သတ်ပစ်လိုက်ချင်စိတ် ပေါက်သွား၏။
'ဒီလောက်အရေးကြီးတဲ့ သတင်းအချက်အလက်ကို သူက ဖုံးကွယ်ထားတာလား။'
မြေဘီလူး စစ်မှန်သောနတ်ဘုရားမှာ ဒီလောက်တောင် အစွမ်းထက်သည့် ရန်သူတစ်ယောက်ရှိမှန်းသာ စောစောကတည်းက သိခဲ့လျှင် သူသည် မြေဘီလူးနှင့် မဟာမိတ်ဖွဲ့ဖြစ်မှာမဟုတ်ပေ။
'မြေဘီလူး စစ်မှန်သော နတ်ဘုရားကို အကူအညီပေးဖို့ ဒီကို လာဖို့ မပြောနဲ့... ပင်ကိုပျက်စီးခြင်းပင်လယ်ကိုတောင် စွန့်ပစ်ပြီး ဖြစ်နိုင်သမျှ အဝေးဆုံးကို ထွက်ပြေးသွားလောက်ပြီ။'
'ဘာပဲဖြစ်ဖြစ် ငါတို့မှာ ပစ်မှတ်တွေ အများကြီးရှိတာပဲ။ ပင်ကိုပျက်စီးခြင်း ပင်လယ်တစ်ခုတည်းကို လက်လွှတ်လိုက်ရတာက သိပ်ပြီးနစ်နာသွားမှာမှ မဟုတ်တာ။'
'အခုတော့... ငါကိုယ်တိုင် ဝင်ပါပြီးသွားပြီ။ နောင်တရဖို့က နောက်ကျသွားခဲ့ပြီ။'
တစ်ဖက်တွင်လည်း ရီဖန်သည် သူ့ကို အလွယ်တကူ လွှတ်ပေးမည့်ပုံမပေါ်ချေ။
"အရင်ဆုံးဝင်တိုက်မယ်... လွတ်နိုင်ရင် ချက်ချင်းပြေးမယ်!"
ဟင်းလင်းပြင်နတ်ဘုရား လက်နက်ကဲ့သို့ အဆင့်မြင့်နတ်ဘုရားအဆောင်တစ်ခုက ဤနေရာတွင် ဖိနှိပ်ထားသောကြောင့် ကောင်းကင်မဏ္ဏိုင်သည် အနိုင်ရနိုင်ခြေကို စိတ်ကူးထဲပင် မထည့်တော့ပေ။
ယခုအချိန်တွင် အကောင်းဆုံးအခြေအနေမှာ ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်၏ ဖိနှိပ်မှုမှ ရှောင်တိမ်းပြီး ဤနေရာမှ ထွက်ပြေးလွတ်မြောက်သွားရန်သာ ဖြစ်သည်။
တိုက်ပွဲသည် တစ်ဖန်ပြန်လည် စတင်ခဲ့လေသည်။
ရီဖန်၏ နတ်ဘုရားလက်နက်နှင့် ရင်ဆိုင်ရသောအခါ ကောင်းကင်မဏ္ဏိုင်သည် သူ၏ ကောင်းကင်ခွင်းဓားကို ထုတ်သုံး၍ တန်ပြန်ခုခံရန် နောက်တစ်ကြိမ် ဖိအားပေးခံလိုက်ရပြန်သည်။
အကယ်၍သာ သူတို့၏ နတ်ဘုရားအဆင့်နည်းစနစ်များကို အသုံးပြု၍ ခုခံမည်ဆိုပါက သူတို့၏ သေဆုံးခြင်းကို ပို၍အရှိန်မြှင့်ပေးသလိုသာ ဖြစ်ပေလိမ့်မည်။
ကောင်းကင်ခွင်းဓား၏ ဝိညာဉ် အားနည်းသွားသည့် အကြိမ်တိုင်းတွင် ကောင်းကင်မဏ္ဏိုင်၏ နှလုံးသားမှာ ဓားဖြင့်ထိုးဆွခံရသကဲ့သို့ နာကျင်ခံစားနေရ၏။
သူသည် နတ်ဘုရားလက်နက်တစ်ခုနှင့် လဲလှယ်နိုင်ရန်အတွက် မရေမတွက်နိုင်သော ပေးဆပ်မှုများကို တည်ဆောက်ခဲ့ရသည်။
ယခုမူ ထိုလက်နက်သည် ဤနေရာတွင် ပျက်စီးသွားနိုင်ပေသည်။ သူ မည်သို့ မခံစားရဘဲ နေနိုင်မည်နည်း။
" မြေဘီလူး... မင်းမှာ တခြားအကွက်တွေရှိသေးရင် အခုသုံးတော့။ မဟုတ်ရင် ငါတို့အားလုံး ဒီနေရာမှာ သေရလိမ့်မယ်။"
ကောင်းကင်မဏ္ဏိုင်သည် ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်ကို နောက်တစ်ကြိမ် တွန်းထုတ်လိုက်ပြီးနောက် မြေဘီလူးစစ်မှန်သောနတ်ဘုရားအား ဒေါသတကြီး အော်ဟစ်လိုက်သည်။
ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲသည် သူ့ကောင်းကင်ခွင်းဓားအပေါ်တွင်သာ လုံးလုံးလျားလျား မှီခိုနေရသည်။ မြေဘီလူး
စစ်မှန်သော နတ်ဘုရားမှာမူ သူ့နောက်တွင် ပုန်းအောင်းနေခဲ့သည်။
'ဒီဒုက္ခက မြေဘိီလူး စစ်မှန်သောနတ်ဘုရားရဲ့ ပရိယာယ်ကြောင့် ဖြစ်လာတာ ။ အခုတော့ သူကပဲ ဒိုင်ခံရှင်းနေရတယ်။'
သူ ဒေါသထွက်နေခဲ့သည်။
"ကောင်းပြီ"
မြေဘီလူး စစ်မှန်သော နတ်ဘုရား၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး သူ့လက်ထဲတွင် အမှန်တကယ် လျှို့ဝှက်ချက် တစ်ခု ရှိနေသည့်အလားပင်။
နောက်တစ်ခဏတွင် ရွှေရောင်အဆောင်ပြား
တစ်ခုသည် မြေဘီလူး စစ်မှန်သော နတ်ဘုရား၏ လက်ထဲတွင် အလိုအလျောက် ပေါ်ထွက်လာ၏။
ထိုအဆောင်ပြားပေါ်တွင် အလွန်ပင် မျက်စိကျိန်းလောက်သော နတ်ဘုရား အရှိန်အဝါ တစ်ခု ရှိနေသည်။
သို့သော် ထိုအရှိန်အဝါကို မြင်လိုက်ရသောအခါ ကောင်းကင်မဏ္ဏိုင်၏ မျက်နှာမှာ အလွန်ပင် အရုပ်ဆိုးအကျည်းတန်သွားခဲ့သည်။
နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်... ။
ဒါက တစ်ခါသုံးရတနာဖြစ်ပြီး အသက်ကယ် မှော်လက်နက်တစ်ခုလည်း ဖြစ်သည်။
နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်တိုင်းမှာ အလွန်အဖိုးတန်လှ၏။
ဘာပဲပြောပြော စစ်မှန်သောနတ်ဘုရားများအကြားတွင် သူတို့၏အသက်ကို ကယ်တင်နိုင်သော အဆောင်များသည် တိုက်ခိုက်ရေးနတ်ဘုရားလက်နက်များထက်ပင် ပို၍တန်ဖိုးရှိသည် မဟုတ်ပါလား။
မြေဘီလူးစစ်မှန်သောနတ်ဘုရားက နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်ကို ထုတ်ယူလိုက်သည့်အခါ ကောင်းကင်မဏ္ဏိုင်သည် သူ၏ရည်ရွယ်ချက်ကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
'နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်က တစ်ခါပဲသုံးလို့ရပြီး လူတစ်ယောက်ကိုပဲ ခေါ်ပြီးထွက်ပြေးလို့ရတယ်။'
'မြေဘီလူး စစ်မှန်သောနတ်ဘုရားက ငါ့ကိုထားပြီး သူ့တစ်ယောက်တည်း လွတ်အောင်ပြေးဖို့ ကြံစည်နေတာပဲ!'
ထိုအခိုက်အတန့်၌ မြေဘီလူး စစ်မှန်သောနတ်ဘုရားသည် ကောင်းကင်မဏ္ဏိုင်၏ ဟိန်းဟောက်သံကို အာရုံမစိုက်ဘဲ နတ်ဘုရား ချိုးဖျက်ခြင်းအမှတ်တံဆိပ်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
နောက်တစ်ခဏတွင် နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်ထံမှ စွမ်းအားများ လှိုင်းလုံးကြီးထွက်ပေါ်လာသည်။
ရီဖန်သည်လည်း တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိသွားသော်လည်း တားဆီးရန်မှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားချိုးဖျက်ခြင်း အမှတ်တံဆိပ်သည် ဟင်းလင်းပြင်နတ်ဘုရားမျှော်စင်မှ ချုပ်နှောင်ထားသော နေရာလွတ်ကို တိုက်ရိုက်ချိုးဖျက်လိုက်ပြီး မြေဘီလူး စစ်မှန်သောနတ်ဘုရားကို ခေါ်ဆောင်ကာ ပင်ကိုပျက်စီးခြင်း ပင်လယ်ထဲသို့ ပျောက်ကွယ်သွားခဲ့သည်။
"တောက်"
ရီဖန်သည် သူ့ဒေါသကို မထိန်းချုပ်နိုင်တော့ပေ။
မြေဘီလူး စစ်မှန်သော နတ်ဘုရားကြောင့် အသာစီးမရဖြစ်နေရခြင်းက သူ့ကို အလွန်အမင်း ဒေါသထွက်စေခဲ့သည်။
ဘာပဲဖြစ်ဖြစ် ရီဖန်၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန်လျင်မြန်စွာ တိုးတက်လာခဲ့ပြီး သူ၏ အသိပညာမှာမူ လုံလောက်ခြင်း မရှိသေးပေ။
နတ်ဘုရားချိုးဖျက်ခြင်းအမှတ်တံဆိပ်ကိုပင် သူ မမှတ်မိခဲ့ချေ။
"စစ်မှန်သောနတ်ဘုရား ချန်ရီ... အဓိကတရားခံလည်း ထွက်ပြေးသွားပြီဆိုတော့ ဒီမှာပဲ ရပ်လိုက်ကြရအောင်... ကျွန်တော် လျော်ကြေးပေးဖို့ အသင့်ပါပဲ!"
သူတို့နှစ်ယောက် ပေါင်းလျှင်တောင် ရီဖန်ကို
မယှဉ်နိုင်ခဲ့ကြပေ။
ယခု မြေဘီလူး စစ်မှန်သော နတ်ဘုရားက သူ့တစ်ယောက်တည်း ထွက်ပြေးသွားသောအခါ ကောင်းကင်မဏ္ဏိုင်၌ ရီဖန်ကို ခုခံနိုင်စွမ်း လုံးဝမရှိတော့ချေ။
လက်ရှိအချိန်တွင် ကောင်းကင်မဏ္ဏိုင် အမုန်းဆုံးသူမှာ ရီဖန်မဟုတ်ဘဲ ထွက်ပြေးသွားသော မြေဘီလူးစစ်မှန်သောနတ်ဘုရားသာ ဖြစ်သည်။
"လျော်ကြေးပေးမယ် ဟုတ်လား... မင်းကိုငါဖျက်ဆီးလိုက်ရင် မင်းပစ္စည်းတွေက ငါ့အပိုင်ဖြစ်လာမှာပဲလေ။"
မြေဘီလူးစစ်မှန်သောနတ်ဘုရား ထွက်ပြေးသွားသောအခါ ဤဆုံးရှုံးမှုအတွက် တစ်စုံတစ်ယောက်က လျော်ကြေးပေးရမည်မှာ သဘာဝပင်။
ကောင်းကင်မဏ္ဏိုင်ကလည်း အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရား တစ်ပါးပင်။
.. သူ၏ ပိုင်ဆိုင်မှုတွေကလည်း မဆိုးလောက်ဘူး။ သို့ဆိုလျှင်တော့ သူ၏ ဒဏ်ရာရနေသည့်နှလုံးသားကို ကုစားဖို့ လုံလောက်လောက်မည်ပင်။
"ချန်ရီ... ငါ မင်းကို ကြောက်နေတယ်လို့ မထင်လိုက်နဲ့။ မင်း ငါ့ကို ထပ်ပြီးဖိအားပေးမယ်ဆိုရင် အားလုံးအတူတူ သေကြတာပေါ့!"
ကောင်းကင်မဏ္ဏိုင်သည်လည်း ရက်စက်ကြမ်းကြုတ်လာပြီး သူ၏ အရာအားလုံးကို
ပုံအောရန် အသင့်ဖြစ်နေသည့်အလားပင်။
သို့သော် ယခုအခါ လုံးဝအလေးအနက်ဖြစ်နေသော ရီဖန်၏ရှေ့တွင် ကောင်းကင်မဏ္ဏိုင်၌ အရာအားလုံးကို ပုံအောရန် အရည်အချင်းပင်
မရှိခဲ့ပါချေ။
သွေးမျိုးဆက်... ဒသမအလွှာ။
ဘဝခြောက်ပါး သံသရာစက်ဝန်း။
ရီဖန်သည် တစ်ချိန်က ပေဟွမ် စစ်မှန်သောနတ်ဘုရားကို သတ်ခဲ့ဖူးသော ဘဝခြောက်ပါးသံသရာစက်ဝန်းကို နောက်တစ်ကြိမ် ထပ်မံအသက်သွင်းလိုက်သည်။
ဘဝခြောက်ပါး၏ သံသရာဥမင်လိုဏ်ခေါင်းသည် ရယ်ဖန်၏နောက်တွင် ပေါ်ထွက်လာပြီး ကောင်းကင်မဏ္ဏိုင်ဘီလူးသည် အချိန်မြစ်ထဲတွင် စွဲထင်နေသော သူ၏စစ်မှန်သောဝိညာဉ်မှာ ရူးသွပ်မတတ် တုန်ခါနေသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤသည်မှာ စစ်မှန်သောဝိညာဉ်က ခြိမ်းခြောက်မှုကို အာရုံခံမိပြီး မကြာမီကျရောက်လာတော့မည့် အန္တရာယ်ကို ကောင်းကင်မဏ္ဏိုင်အား သတိပေးနေခြင်း ဖြစ်သည်။
'တောက်'
'ဒီရယ်ဖန်မှာ စစ်မှန်သောဝိညာဉ်ကို ခြိမ်းခြောက်နိုင်တဲ့ နည်းလမ်း ရှိနေတာကိုတောင် မြေဘီလူးစစ်မှန်သောနတ်ဘုရားက ငါ့ကိုမပြောခဲ့ဘူး။'
ဤအခိုက်အတန့်တွင် ကောင်းကင်မဏ္ဏိုင်သည် မြေဘီလူး စစ်မှန်သောနတ်ဘုရားက အဘယ်ကြောင့် သူနှင့် ပူးပေါင်းရန် သတ္တိပင်မရှိဘဲ အဖိုးတန်သော နတ်ဘုရား ချိုးဖျက်ခြင်းအမှတ်တံဆိပ်ကို အသုံးပြုကာ ထွက်ပြေးသွားသည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။
'ဒီလိုအစွမ်းနဲ့... ဒီလို အင်အားနဲ့သာဆိုရင် ငါသာမြေဘီလူး စစ်မှန်သော နတ်ဘုရားဆိုရင်လည်း ထွက်ပြေးမှာပဲ'
ဟင်းလင်းပြင်နတ်ဘုရား မျှော်စင်၏ ဖိနှိပ်မှု။
ဟင်းလင်းပြင်နတ်ဘုရား မျှော်စင်သည် ပုံရိပ်ယောင်အဖြစ် မဟုတ်တော့ဘဲ ၎င်း၏ရုပ်ခန္ဓာအစစ်ဖြင့် တိုက်ရိုက်ပေါ်ထွက်လာပြီး ကောင်းကင်ခွင်းဓားပေါ်သို့ ဖိနှိပ်ချလိုက်သည်။
နတ်ဘုရားအဆင့်လက်နက်၏ အထောက်အပံ့
မရှိဘဲ ကောင်းကင်မဏ္ဏိုင်သည် သူ အရင်က သိခဲ့ဖူးသော ပေဟွမ် စစ်မှန်သော နတ်ဘုရားနှင့် ဘာမှ မခြားနားတော့ပေ။
'အား'
'မြေဘီလူး စစ်မှန်သောနတ်ဘုရား... မင်း သေသင့်တယ်!'
ဘဝခြောက်ပါးသံသရာစက်ဝန်းအောက်တွင် မြူမှုန်သည် မြူမှုန်သို့လည်းကောင်း၊ မြေကြီးသည် မြေကြီးသို့လည်းကောင်း ပြန်လည်ရောက်ရှိသွားကြလေ၏။
သူတို့သည် စစ်မှန်သော နတ်ဘုရားအဆင့်ကျွမ်းကျင်သူများ ဖြစ်ကြလျှင်ပင် အကြွင်းမဲ့စွမ်းအား၏ ရှေ့မှောက်တွင် သာမန်ကျင့်ကြံသူများနှင့် ဘာမှ မခြားနားကြပေ။
ဘဝခြောက်ပါးသံသရာစက်ဝန်းထံမှ ပြည့်ဝသွားသော ခံစားချက် တစ်ခု ထွက်ပေါ်လာသည်။
စစ်မှန်သော နတ်ဘုရား အဆင့် ကျွမ်းကျင်သူ
တစ်ဦးကို ချေဖျက်ရခြင်းသည် ရီဖန်အတွက်ပင်လျှင် သူ ထင်သလောက် လွယ်ကူခဲ့သည်တော့ မဟုတ်ပေ။
'အသစ် တိုးတက်လာတဲ့ ဘဝခြောက်ပါး သံသရာစက်ဝန်းက အလယ်အလတ်အဆင့်
စစ်မှန်သော နတ်ဘုရား တစ်ယောက်အတွက်တော့ စွမ်းရည် တစ်ချို့ရှိနေသေးတယ်။'
'ကျင့်ကြံခြင်း အဆင့်က နည်းနည်းလေးသာ ပိုမြင့်သွားရင် မျှော်လင့်ချက်မဲ့သွားလိမ့်မယ်။'
'ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်က အားနည်းနေသေးတယ်... ဆက်ပြီး တိုးတက်အောင် လုပ်ဖို့ လိုသေးတယ်။'
မြေဘီလူး စစ်မှန်သော နတ်ဘုရားနှင့် ကောင်းကင်မဏ္ဏိုင်တို့ တစ်ပြိုင်နက်တည်း ပေါ်ထွက်လာခြင်းက ရီဖန်ကို တစ်ခုခု မှားယွင်းနေသည်ဟု ခံစားမိစေခဲ့သည်။
'ပူးပေါင်းကြံစည်မှု... သေချာပေါက် ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခုပဲ။'
'ကန့်လန့်ကာနောက်ကွယ်က ဒီလိုပုန်းလျှိုးကြံစည်နေတဲ့ကောင်တွေက စိတ်ပျက်စရာ အကောင်းဆုံးပဲ။'
'သတ္တိရှိရင် ထွက်လာပြီး တရားမျှမျှတတ တိုက်ခိုက်ကြပါလား...ဘာလို့ နောက်ကွယ်မှာ ပုန်းပြီး ပရိယာယ်တွေ သုံးနေလဲ'
ရီဖန်သည် စစ်မှန်သောနတ်ဘုရားအဆင့်ကျွမ်းကျင်သူတစ်ဦး၏ ဝိညာဉ်ကို ရှာဖွေနိုင်ခြင်းမရှိပေ။
ဤပူးပေါင်းကြံစည်မှုအတွက် ရီဖန်လုပ်နိုင်သည်မှာ သူ၏ ကိုယ်ပိုင် နည်းဗျူဟာကို မပြောင်းလဲဘဲ ပြောင်းလဲမှုများကို တုံ့ပြန်ရန်သာ ဖြစ်သည်။
သည်တစ်ကြိမ်တော့ ရီမျိုးနွယ်ကို အချိန်
နည်းနည်းလောက် ကြာအောင် ငြိမ်းချမ်းမှုပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားမိသောအခါ အဝေးတွင် ပုန်းအောင်းနေသော ကျင့်ကြံသူများစွာသည် နောက်ဆုံးတွင် စတင်ပေါ်ထွက်လာကြသည်။ စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ တိုက်ခိုက်သူ သုံးဦး၏ အရှိန်အဝါသည် ပင်ကို ပျက်စီးခြင်း ပင်လယ် တစ်ခုလုံးကို ပျက်စီးလုနီးပါးဖြစ်သွားသည်ဟု ခံစားရစေခဲ့၏။
မတတ်နိုင်ပေ။ စစ်မှန်သော နတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူများ၏ စွမ်းအားသည် ပင်ကို ပျက်စီးခြင်း ပင်လယ်က ကိုင်တွယ်နိုင်သည့် အမြင့်ဆုံး ကန့်သတ်ချက်ထက် အနည်းငယ်ကျော်လွန်နေခဲ့သည်။
သတ္တိကောင်းသော မဟာသူတော်စင်အဆင့်ကျွမ်းကျင်သူအချို့သည် နောက်ဆုံး အောင်နိုင်သူမှာ မည်သူ ဖြစ်သည်ကို ကြည့်ရှုလိုသောကြောင့် ထိုနေရာသို့ ခိုးဝင်လာခဲ့ကြ၏။
လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားရှင် နှစ်ဦးနှင့် ရီမျိုးနွယ်မှ မျိုးနွယ် ခေါင်းဆောင် တစ်ဦး။
ရီမျိုးနွယ်၏ မျိုးနွယ်ခေါင်းဆောင်မှာလည်း
စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးဖြစ်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။
လျှို့ဝှက်ဆန်းကြယ် စစ်မှန်သောနတ်ဘုရားကျွမ်းကျင်သူ နှစ်ဦးနှင့် နှိုင်းယှဉ်လျှင် သူတို့သည် ရီမျိုးနွယ်၏ မျိုးနွယ် ခေါင်းဆောင်က အောင်နိုင်သူ ဖြစ်လာရန် ပို၍ ဆန္ဒရှိကြသည်။
ဘာပဲဖြစ်ဖြစ် ဤနှစ်များအတွင်း မူလပထမပင်လယ်၌ ရီ မျိုးနွယ်၏ ဂုဏ်သတင်းမှာ အလွန်ကောင်းမွန်ခဲ့ပြီး တိုက်ပွဲများတွင် မပါဝင်ဘဲ အရွက်တစ်ထောင် ဆေးခန်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော စစ်မှန်သောနတ်ဘုရားနှစ်ဦးမှာမူ မကြာသေးမီက ပင်ကို ပျက်စီးခြင်း ပင်လယ်၌ အဖြစ်အပျက်များစွာကို ဖြစ်ပွားစေခဲ့သော လျှို့ဝှက်ဆန်းကြယ်အင်အားစုများ၏ အစိတ်အပိုင်းဖြစ်ရပေမည်။
အကယ်၍ ဤလျှို့ဝှက်ဆန်းကြယ်အင်အားစုသာ အောင်နိုင်သွားခဲ့ပါက သူတို့၊ ပင်ကို ပျက်စီးခြင်းပင်လယ်၏ ကျင့်ကြံသူများသည် မည်သည့်အရာနှင့် ရင်ဆိုင်ရမည်ကိုပင် မသိကြချေ။
ဒီတစ်ကြိမ်မှာ နောက်ဆုံးအောင်နိုင်သူက ဘယ်သူဖြစ်မလဲ။
*****