ရီမိသားစု၏ ချစ်ခြင်းမေတ္တာဦးနှောက်...
Vol. 39 Ch. 571
~တကယ်တော့ မဟာသူတော်စင်အများစု၏ ရင်ထဲတွင် အနည်းငယ် စိုးရိမ်စိတ်များ ရှိနေခဲ့ကြသည်။ အကြောင်းမှာ ဤတစ်ကြိမ်တွင် လျှို့ဝှက်ဆန်းကြယ်အင်အားစုများထဲ၌ စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူနှစ်ဦးတောင် ပါဝင်နေသောကြောင့် ဖြစ်သည်။
ရီမိသားစုဘက်တွင်မူ မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ စစ်မှန်သောနတ်ဘုရားနယ်ပယ်တွင် ကျင့်ကြံသူ တစ်ဦးသာ ရှိပါသည်။ ယခုလို ဝိုင်းရံတိုက်ခိုက်မှုမျိုးကို ရီမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်က အမှန်တကယ် အနိုင်ယူနိုင်ပါ့မလား။
ထိုအခိုက်အတန့်၌....
“သူတို့… သူတို့ ထွက်လာကြပြီ။”
ဟစ်အော်သံတစ်ခုနှင့်အတူ ပုံရိပ်အချို့သည် အားလုံး၏မြင်ကွင်းထဲသို့ ဝင်ရောက်လာ၏။
ဦးဆောင်လာသူနှစ်ဦးမှာ ရီမိသားစု၏ မျိုးနွယ်စုခေါင်းဆောင်နှင့် အရွက်တစ်ထောင်ဆေးခန်း၏ ခန်းမပိုင်ရှင်တို့ပင်တည်း။
တစ်စုံတစ်ယောက်က ထိုသူနှစ်ဦးကို
မြန်မြန်ဆန်ဆန် ရိပ်မိလိုက်သည်။
“ရီမိသားစု နိုင်သွားတယ်။ ရီမိသားစုက တကယ်နိုင်သွားတာပဲ။”
“အလို”
လူတိုင်း၏ရင်ထဲမှ တုန်လှုပ်ခြောက်ခြားမှုနှင့်အတူ မယုံကြည်နိုင်ခြင်းများက လှိုက်တက်လာသည်။
ရီမိသားစုက ဒီလောက်တောင် အစွမ်းထက်နေပြီလား။
စစ်မှန်သောနတ်ဘုရား နှစ်ပါး ပါဝင်သည့် လျှို့ဝှက်ဆန်းကြယ် အင်အားစုကြီး တစ်ခုလုံးသည်ပင် ရီမိသားစု၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။
ဤအချိန်မှစ၍ ရီမိသားစုသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်ခုလုံး၏ သရဖူ
မဆောင်းသော ဧကရာဇ် ဖြစ်လာတော့မည်ကို လူတိုင်းသိလိုက်ကြသည်။
သို့သော် ရီမိသားစုဝင်များအတွက်မူ ဤအရာသည် ကျင့်သားရနေပြီးသော အဖြစ်အပျက်တစ်ခုသာ ဖြစ်သည်။ များပြားလှသော စိန်ခေါ်မှုများကို ဖြတ်ကျော်ပြီးနောက် သူတို့အတွက် အံ့ဩစရာဟူ၍ မရှိတော့ပေ။
တစ်ခုတည်းသော အကျိုးကျေးဇူးမှာ
တာ့ယွီနတ်မင်းဆက်၏ နယ်မြေများ ထပ်မံတိုးချဲ့နိုင်တော့မည်ပင်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေနှင့် မယှဉ်နိုင်သော်လည်း၊ ဤနေရာတစ်ခုလုံးကို သိမ်းပိုက်နိုင်ပါက တာ့ယွီနတ်မင်းဆက်အတွက် ကြီးမားသော အဆင့်မြှင့်တင်မှုတစ်ခု ဖြစ်လာမည်မှာ သေချာပေသည်။
ရီရှောင်းရှောင်း၏ ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။
နောက်ဆုံးတော့ တာ့ယွီနတ်မင်းဆက်ရဲ့ နယ်မြေတွေကို ချဲ့ထွင်ဖို့ အချိန်ကျလာပြီ။ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကို သိမ်းပိုက်ပြီးတာနဲ့ မင်းဆက်ရဲ့ ကံကြမ္မာစွမ်းအားတွေ တိုးလာပြီး ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကလည်း စစ်မှန်သော နတ်ဘုရားနယ်ပယ်ကို ဖြတ်ကျော်ဖို့ နီးကပ်လာတော့မှာပဲ။
ထိုအခါ ရီမိသားစုတွင် ရီဖန်ပြီးလျှင် ဒုတိယမြောက် စစ်မှန်သောနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦး ပေါ်ထွက်လာတော့မည်။
ရီဖန်ကတော့ စနစ်အကြောင်းကို တွေးတောနေမိသည်။
စနစ်ကတော့ အဆင့်တွေ မြင့်လာတာနဲ့အမျှ ပေါ်လာတာ နည်းသွားလိုက်တာ။ ဒါပေမဲ့ ပေးတဲ့ဆုလာဘ်တိုင်းကတော့ ငါ့ကို ဘယ်တုန်းကမှ စိတ်မပျက်စေခဲ့ဘူး။ စနစ်က အုပ်စိုးခြင်းနယ်ပယ်အထက်က ဆုလာဘ်တွေကိုများ ထည့်သွင်းစဉ်းစားပေးမလား။ အဲဒီအထက်မှာက ဘယ်လိုနယ်ပယ်မျိုး ရှိနေသေးတာလဲ။
သူ၏ ကျင့်ကြံမှုအဆင့် စစ်မှန်သော
နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေသည့်တိုင် ထိုနယ်ပယ်များ အကြောင်းကို သူ
မသိရှိသေးပေ။ သူသည် အုပ်စိုးခြင်းနယ်ပယ် အထက်တွင် ကျွမ်းကျင်သူများ အမှန်တကယ် ရှိနေသေးသလားဟုပင် သံသယဝင်လာမိသည်။
ကောင်းကင်မဏ္ဍိုင်နတ်ဘုရားကို ချေမှုန်းပြီးနောက်တွင် ရီဖန်သည် မြေဘီလူးစစ်မှန်သောနတ်ဘုရားကို လက်လွှတ်အဆုံးရှုံးခံရန် ရည်ရွယ်ချက်မရှိပေ။ ကံမကောင်းစွာဖြင့် မြေဘီလူးစစ်မှန်သောနတ်ဘုရားသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူ့ကို
ရှာဖွေရန်မှာ အလွန် ခက်ခဲပါတော့မည်။
“ကျင်းထျန်၊ ပင်ကိုပျက်ဆီးခြင်း ပင်လယ်နဲ့ ဆက်စပ်နေတဲ့ စကြဝဠာတွေကို သွားစုံစမ်းပြီး မြေဘီလူး စစ်မှန်သော နတ်ဘုရားရဲ့ သတင်းကို ရှာဖွေလိုက်။”
ရီဖန်သည် ထိုစကြဝဠာများနှင့် အဆက်အသွယ် သိပ်မရှိလှပေ။ သို့သော် ထိုကမ္ဘာများတွင် စစ်မှန်သော
နတ်ဘုရားများ ရှိနေသဖြင့် မိမိကိုယ်တိုင် ရှာဖွေခြင်းထက် ပို၍ စိတ်ချရပေလိမ့်မည်။
—--
ထိုအချိန်မှာပင်၊ ကောင်းကင်နတ်ဆိုးနယ်မြေ၌၊ လောဘကြီး စစ်မှန်သော နတ်ဘုရား
သည်လည်း ကောင်းကင်မဏ္ဍိုင်
နတ်ဘုရား၏ သေဆုံးခြင်းကို အာရုံခံလိုက်မိလေ၏။
ကောင်းကင်မဏ္ဍိုင် နတ်ဘုရား၊
လောဘကြီး စစ်မှန်သော နတ်ဘုရားနှင့် မြေဘီဘူး စစ်မှန်သော
နတ်ဘုရားတို့ အားလုံံံံးမှာ ကောင်းကင်ဘုံ နတ်ဆိုး၏ တိုက်ရိုက်
လက်အောက်ခံ တပ်ဖွဲ့များ ဖြစ်ကြပြီး၊ သူတို့အားလုံးတွင် တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုများ ရှိနေကြပေသည်။
မြေဘီလူး စစ်မှန်သော နတ်ဘုရားနှင့် ပတ်သက်၍မူ၊ အများဆုံးဆိုရလျှင် သူသည် စစ်တုရင်ရုပ် တစ်ခုမျှသာ ဖြစ်ချေသည်။
ဆက်သွယ်ရေး တာဝန်ခံအဖြစ် ဆောင်ရွက်သော ကောင်းကင်မဏ္ဍိုင် နတ်ဘုရားမှ လွဲ၍၊ ကောင်းကင်ဘုံနတ်ဆိုး၏ လက်အောက်တွင် စစ်မှန်သော
နတ်ဘုရားကျွမ်းကျင်သူများ မည်မျှ ရှိသည်ကိုပင် သူ မသိခဲ့ပေ။
“ကောင်းကင် မဏ္ဏိုင် ကျဆုံးသွားခဲ့ပြီ... ဒါတွေအားလုံးက မြေဘီလူး စစ်မှန်သော နတ်ဘုရား ဒုက္ခရှာလို့ဖြစ်ရတာ။ ဒီလိုလူတွေကို မစုဆောင်းသင့်ဘူးလို့ ငါ အရင်ကတည်းက ပြောခဲ့သားပဲ။”
လောဘကြီး စစ်မှန်သောနတ်ဘုရား
သည် သူ၏လက်ထဲမှ ကြေမွသွားသော ဝိညာဉ်ကျောက်စိမ်းပြားကို ကြည့်ရင်း သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်၏။
သို့သော် လောဘကြီး
စစ်မှန်သောနတ်ဘုရားတွင် ကောင်းကင်မဏ္ဏိုင်အတွက် လက်စားချေရန် ရည်ရွယ်ချက်မရှိခဲ့ပေ။
ရီဖန်သည် ကောင်းကင်မဏ္ဏိုင်အား အနိုင်ယူနိုင်ခဲ့တော့၊ သူသည် မိမိနှင့် တန်းတူ ဖြစ်နိုင်ခြေများသည်။
အရာအားလုံးကို ကောင်းကင်ဘုံနတ်ဆိုး၏ ဆုံးဖြတ်ချက်အတိုင်းသာ ထားရှိရပေမည်။
ကောင်းကင်ဘုံနတ်ဆိုးသာ ပြန်လည် ရောက်ရှိလာလျှင်၊ သူတို့၏ အစီအစဉ်ကို ဝင်ရောက် စွက်ဖက်ဝံ့သူ အားလုံးမှာ ကောင်းကင်ဘုံနတ်ဆိုး၏ အစာများ ဖြစ်လာကြပေလိမ့်မည်။
ဖရိုဖရဲကမ္ဘာကြီး ပြန်လည်နိုးထလာရေးနှင့် ကောင်းကင်ဘုံနတ်ဆိုးကို ဆင့်ခေါ်ခြင်းမှာ လက်ရှိတွင် အရေးကြီးဆုံးအရာများ ဖြစ်ကြသည်။
“ကောင်းကင်နတ်ဆိုးနယ်မြေနဲ့ နဂါးနိုင်ကမ္ဘာကို ငါသိမ်းပိုက်ပြီးတာနဲ့၊ အရှင် ကောင်းကင်ဘုံနတ်ဆိုး ပြန်လည်ကြွမြန်းလာဖို့ အချိန်တန်ပြီ။”
”
လောဘကြီး စစ်မှန်သောနတ်ဘုရား၏ စိတ်ထဲတွင် အတွေးများ မြန်ဆန်စွာ ခုတ်မောင်းသွားသည်။
သူ သိထားသည်မှာ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ
ကဲ့သို့ပင် ကောင်းကင်နတ်ဆိုး နယ်မြေနှင့် နဂါးနိုင် ကမ္ဘာတို့သည် အထက်
နယ်မြေများ ဖြစ်ကြသည်။
စစ်မှန်သောနတ်ဘုရားအများစု မသိသည်မှာ ဤအထက်
နယ်မြေများဆိုသည်မှာ ဖရိုဖရဲ ကမ္ဘာကြီး ကြေမွပျက်စီးသွားချိန်က ဖြစ်ပေါ်လာသော အပိုင်းအစများသာ ဖြစ်သည်။
စကြဝဠာ၏အရှင်သခင် ပန်ကုသည် ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်ကာ ဖရိုဖရဲ ကမ္ဘာကို ဖန်တီးခဲ့ပြီးနောက်
ဟုန်ယွမ် နယ်မြေသို့ ဖြတ်ကျော်နိုင်ခဲ့သည်။ ထို့နောက် သူ၏ စွမ်းအားများ ကုန်ခန်းသွားပြီး နတ်ဆိုးနတ်ဘုရားသုံးထောင်၏ ချောင်းမြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးခဲ့ရသည်။
ထိုအချိန်တွင် ဖရိုဖရဲ ကမ္ဘာအတွင်း၌ အစွမ်းထက်သော အုပ်စိုးခြင်းနယ်မြေ ကျွမ်းကျင်သူခြောက်ဦး ပေါ်ထွက်လာခဲ့ပြီး ဖရိုဖရဲ ကမ္ဘာ၏ စွမ်းအားကို အထွတ်အထိပ်သို့ ပို့ဆောင်ပေးခဲ့သည်။
သို့သော် အကြောင်းရင်း မသိရဘဲ ဖရိုဖရဲ ကမ္ဘာအပြင်ဘက်မှ အင်အားကြီးပုဂ္ဂိုလ်များ ဝင်ရောက်တိုက်ခိုက်လာသဖြင့် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့၏။ ထိုအချိန်က အုပ်စိုးခြင်း နယ်ပယ်မှ ပုဂ္ဂိုလ်ကြီးခြောက်ဦး၏ ကျင့်ကြံမှု အဆင့်သည် စစ်မှန်သော ဟုန်ယွမ်နယ်မြေသို့ပင် ဖြတ်ကျော်ရောက်ရှိနေပြီ ဖြစ်သည်။
ထိုတိုက်ပွဲကြီးသည် ဖရိုဖရဲ ကမ္ဘာကြီး ခံနိုင်ရည်ရှိသည့် ကန့်သတ်ချက်ကို ကျော်လွန်သွားခဲ့၏။ ဖရိုဖရဲ မြေကြီးသည် ကြေမွသွားပြီး နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ထိုအပိုင်းအစများသည် အထက်နယ်မြေများ ဖြစ်လာခဲ့သည်။ ပိုမိုသေးငယ်သော နေရာလွတ် အပိုင်းအစများကတော့ စကြဝဠာအသီးသီး ဖြစ်လာခဲ့ကြလေ၏။
ထိုအချိန်မှစ၍ ဟုန်ယွမ်နယ်မြေမှ ပုဂ္ဂိုလ်ကြီးများသည် ပျောက်ကွယ်သွားခဲ့ကြပြီး မည်သည့်အခါမျှ ပြန်လည်ပေါ်ထွက်လာခြင်း မရှိတော့ပေ။
နော
လောဘကြီး စစ်မှန်သောနတ်ဘုရား၏ နောက်ကွယ်မှ ကောင်းကင်
နတ်ဆိုးပင်လျှင် ထိုပုဂ္ဂိုလ်ကြီးများ မည်သည့် နေရာသို့ ရောက်သွားသည်ကို မသိရှိပေ။ သို့မဟုတ် သိသော်လည်း သူ့အား မပြောပြခြင်းလည်း ဖြစ်နိုင်သည်။
ဤသည်မှာ ဖရိုဖရဲ ကမ္ဘာ၏ ဇာစ်မြစ်၊ ဖရိုဖရဲ ကမ္ဘာတစ်ခုလုံး၏ အကြီးမားဆုံးသော လျှို့ဝှက်ချက်ပင် ဖြစ်သည်။
ရှေးဟောင်းစွမ်းအားရှင်များထံမှ ပြီးပြည့်စုံသော အမွေအနှစ်ကို ဆက်ခံထားသည့် အင်အားစုကြီးများတွင် မှတ်တမ်းအချို့ ရှိကောင်းရှိနိုင်သော်လည်း အင်အားစုအများစုမှာမူ ဤအဖြစ်အပျက်များကို လုံးဝသိရှိကြမည် မဟုတ်ပေ။ သမိုင်းတွင် လစ်ဟာမှု ဖြစ်ရပ်များစွာ ရှိနေခဲ့သည်။
အကယ်၍သာ ရီဖန် သည်နေရာတွင် ရှိနေခဲ့ပါက လောဘကြီး စစ်မှန်သော နတ်ဘုရား ပြောပြနေသည့် သမိုင်းသည် သူ၏ ကမ္ဘာဟောင်း ဖြစ်သော အပြာရောင်ကြယ်မှ ဒဏ္ဍာရီများနှင့် အလွန်တရာ တူညီနေသဖြင့် သေချာပေါက် အလွန်တရာ တုန်လှုပ်သွားပေလိမ့်မည်။
တကယ်တော့ ရီဖန်သည် ပန်ကုစကြဝဠာအတွင်း၌ ဖရိုဖရဲ ကမ္ဘာနှင့်ပတ်သက်သော သဲလွန်စအချို့ကို ရှာဖွေ တွေ့ရှိထားပြီး ဖြစ်လေသည်။