လူယုတ်မာ သတ်သမား ကျန်းဟူလောကသို့ ပြန်လည်ရောက်ရှိခြင်း...
Vol. 39 Ch. 575
~“ထာဝရအသက်ဂိုဏ်း သေစမ်း။ ထာဝရအသက်မဟာသူတော်စင် သေစမ်း။”
တကယ်တော့ တုန်းဖန်းယိသည် ကျောက်ပင်လယ်ထံမှ ဒုက္ခရောက်နေကြောင်း အချက်ပြသတင်းကို ပထမဆုံးအကြိမ်ကတည်းက လက်ခံရရှိခဲ့သည်။ သို့သော် သူ ရောက်ရှိသွားချိန်တွင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ ရီရှန်ဟယ်သည် အလွန်မြန်ဆန်စွာ လှုပ်ရှားခဲ့ပြီး သူတို့ကို
တပါတည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့လေပြီ။
သူ ထည့်သွင်းထားခဲ့သော လူအားလုံး
အဖမ်းခံလိုက်ရသဖြင့် တုန်းဖန်းယိသည် ထာဝရအသက်ဂိုဏ်းက သူ၏ အစီအစဉ်များကို သတိပြုမိသွားနိုင်သည်လားဟု
ရင်ထိတ်သွားရလေသည်။
ထိုအချိန်တွင် တုန်းဖန်းယိ၏ အဆောင်ပြားသည် ရုတ်တရက် အသံမြည်လာသည်။
“တုန်းဖန်းယိ၊ မင်းဘက်က အခြေအနေ ဘယ်လိုရှိလဲ။”
အေးစက်သော အသံ တစ်ခုကြောင့်
တုန်းဖန်းယိ မထိန်းနိုင်ဘဲ တုန်လှုပ်သွားသည်။
“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်၊ ကျွန်တော်တို့ ဆက်ပြီး ကြိုးစားကြည့်လို့ ရသေးတယ်လို့ ယုံကြည်ပါတယ်။”
တုန်းဖန်းယိသည် ခုထိတိုင် လက်လျှော့ချင်စိတ် မရှိသေးပေ။
အကယ်၍ သူသည် ထာဝရအသက်ဂိုဏ်းကို တိုက်ပွဲမရှိဘဲ ဖြိုခွဲနိုင်ခဲ့ပါက ၎င်းသည် သူ၏ ဂုဏ်သိက္ခာ ဖြစ်လာမည်။ ဤအောင်မြင်မှုဖြင့် သူသည် အထွတ်အထိပ်မဟာသူတော်စင် အဆင့်သို့ တက်လှမ်းရန် အရင်းအမြစ်များနှင့် လဲလှယ်လိုသေးသည်။ သို့သော် နှစ်ထောင်ပေါင်းများစွာ ကြာပြီးသည့်တိုင် သူ မအောင်မြင်ခဲ့ပါက ၎င်းသည် သူ၏ တာဝန်သာ ဖြစ်ပေလိမ့်မည်။
ကျောက်စံအိမ်တော် အင်မော်တယ်ဂိုဏ်းတွင် တာဝန်တစ်ခု မအောင်မြင်ခြင်းသည် တာဝန်ယူရမည်ကို ဆိုလိုသည်။
“တုန်းဖန်းယိ၊ မင်းဘက်က အခြေအနေကို ငါသိတယ်။ မင်း စီစဉ်ထားတဲ့ လူတွေ အကုန်လုံးကို ထာဝရ အသက်ဂိုဏ်းက ခေါ်သွားပြီ။ မင်း ဆက်ပြီး ကြိုးစားစရာ မလိုတော့ဘူး။”
“သုံးရက်ကြာရင် ကျောက်စံအိမ်တော်က
စစ်မှန်သော နတ်ဘုရား ဆင်းသက်လာပြီး ထာဝရအသက်ဂိုဏ်းကို သိမ်းပိုက်လိမ့်မယ်။”
နှစ်များတစ်လျှောက် ကျောက်စံအိမ်တော် အင်မော်တယ်ဂိုဏ်းသည် ထာဝရအသက်ဂိုဏ်းကို အောင်မြင်စွာ ထိုးဖောက်နိုင်ခြင်း မရှိသေးသော်လည်း ဂိုဏ်း၏ ထူးခြားချက်အများစုကို နားလည်လာခဲ့သည်။
ထာဝရအသက် မဟာသူတော်စင်တွင် ကြီးမားသော လျှို့ဝှက်ချက် တစ်ခု သေချာပေါက်ရှိသည်။
သို့မဟုတ်ပါက ထာဝရအသက်ဂိုဏ်းသည် မည်သည့်ဝင်ငွေမှ မရှိဘဲ ဤမျှ များပြားသော အရင်းအမြစ်များကို ရရှိနိုင်မည်မဟုတ်ပေ။ ၎င်းသည် လုံးဝ ယုတ္တိမတန်ချေ။
အဓိကအချက်မှာ နှစ်ပေါင်းများစွာ
တုန်းဖန်းယိ ရီဟိုင်ကျောင်းကို စုံစမ်းမေးမြန်းပြီးနောက် ကောက်ချက်အချို့ ချခဲ့ရသည်လေ။
ရီဟိုင်ကျောင်း၏ ကျင့်ကြံမှုသည် သူတော်စင် အထွတ်အထိပ် အဆင့်တွင်သာ ရှိသော်လည်း သူမသည် အနာဂတ်အပေါ် ယုံကြည်မှု အပြည့် ရှိနေပုံပင်။
စစ်မှန်သော နတ်ဘုရား နယ်ပယ်၏ အဟန့်အတားကပင်လျှင် ရီဟိုင်ကျောင်းအပေါ် မည်သည့် ဖိအားမျှ ပေးနိုင်ပုံ မပေါ်ပါ။
ဤသည်မှာ ထာဝရအသက်ဂိုဏ်း၏ လျှို့ဝှက်ချက်သည် စစ်မှန်သော နတ်ဘုရားနယ်ပယ်အတွက် အသုံးဝင်နိုင်ဖွယ်
ရှိကြောင်း ညွှန်ပြနေသည်။
ထို့ကြောင့် ကျောက်စံအိမ်တော်
အင်မော်တယ်ဂိုဏ်းသည် ထာဝရအသက်ဂိုဏ်းကို ဖမ်းဆီးရာတွင် နှစ်တစ်သောင်း အချိန်ယူလိုခြင်း ဖြစ်ရသည်။ ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရားသည် အမှန်တကယ်ပင် စစ်မှန်သော နတ်ဘုရား အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သော်လည်း သူသည် စစ်မှန်သော နတ်ဘုရား အဆင့် ကျွမ်းကျင်သူများကြားတွင် အထူးတလည် အားကောင်းသူ တစ်ဦး မဟုတ်နေပေ။
စစ်မှန်သော နတ်ဘုရားနှင့် သက်ဆိုင်သော မည်သည့် အရင်းအမြစ်မဆို လူများကို
ဆွဲဆောင်နိုင်လေ၏။ ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရားသည်လည်း ခြွင်းချက် မရှိပေ။
အကယ်၍ သူ ကြောက်ရွံ့ရသော ပင်ကိုပျက်ဆီးခြင်း ပင်လယ်ရှိ ရီမိသားစုသာ မရှိခဲ့ပါက ကျောက်စံအိမ်တော်၏ စစ်မှန်သောနတ်ဘုရားသည် ကြာမြင့်စွာကတည်းက ကိုယ်တိုင် ဝင်ရောက် စွက်ဖက်ပြီး ဖြစ်ပေလိမ့်မည်။
နှစ်တစ်သောင်း အချိန်ကုန်ခဲ့ပြီး
တုန်းဖန်းယိသည် ယခုထိတိုင် မအောင်မြင်သေးရာ ကျောက်စံအိမ်တော်၏ စစ်မှန်သောနတ်ဘုရားသည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ပေ။
ဤနှစ်တစ်သောင်းအတွင်း ရီမိသားစုသည် မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ခဲ့ခြင်းဖြင့် ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရားကို ၎င်းတို့သည် ပင်ကို ပျက်ဆီးခြင်းပင်လယ်အပေါ် များစွာ ဂရုမစိုက်ဟု ယုံကြည်စေခဲ့သည်။
ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရား လှုပ်ရှားလိုက်လျှင်ပင် သတိထားသရွေ့ ပြဿနာ မရှိသင့်ပေ။
ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် ရီမိသားစုမှလွဲ၍ အခြား အင်အားစုများသည် ထည့်သွင်းစဉ်းစားရန် မထိုက်တန်ပါ။
သူ၏ အချိန်များစွာကို ဖြုန်းတီးခဲ့သော တုန်းဖန်းယိအတွက်မူ ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရားသည် သူ့ကို သေဒဏ်ချမှတ်ထားပြီး ဖြစ်သည်။
တုန်းဖန်းယိ ကျောက်စံအိမ်တော်
အင်မော်တယ်ဂိုဏ်းသို့ အသက်ရှင်လျက် ပြန်ရောက်သွားလျှင်ပင် သူသည် အရေးမပါသော အသေးအဖွဲ တစ်ဦးသာ ဖြစ်မည် ဖြစ်ပြီး အရေးပါစွာ အသုံးပြုခံရမည့် အရည်အချင်းကို ဘယ်တော့မှ ထပ်မံ ရရှိတော့မည် မဟုတ်ပေ။
တုန်းဖန်းယိ တစ်ခဏချင်းတွင် ပြိုလဲသွားသည်။ သူသည် ပြန်လည် ချေပလိုသော်လည်း စကားတစ်ခွန်းမျှ မပြောနိုင်ခဲ့ပေ။
ဆက်သွယ်မှု ဖြတ်တောက်သွားချိန်အထိ တုန်းဖန်းယိမှာ တုံ့ပြန်နိုင်ခြင်း မရှိသေးပေ။
တစ်ခဏအကြာတွင် တုန်းဖန်းယိ၏ မျက်လုံးများ၌ ရုတ်တရက် စိတ်ပိုင်းဖြတ်မှုများဖြင့် ပြည့်နှက်လာသည်။
*မဟုတ်သေးဘူး၊ ငါ့မှာ နောက်ဆုံးအခွင့်အရေးတစ်ခု ရှိသေးတယ်။*
ကျောက်စံအိမ်တော်၏ စစ်မှန်သော
နတ်ဘုရားက သူ ကိုယ်တိုင် လှုပ်ရှားမည်ဟု ပြောခဲ့သော်လည်း ၎င်းသည်လည်း အချိန်လိုအပ်သည် မဟုတ်ပါလော။
ကျောက်စံအိမ်တော်၏ စစ်မှန်သော
နတ်ဘုရား လှုပ်ရှားမှု မပြုမီ မိမိက ထာဝရအသက်ဂိုဏ်းကို သိမ်းပိုက်ပြီး
၎င်းတို့၏ လျှို့ဝှက်ချက်ကို ရှာဖွေနိုင်သရွေ့၊ ပြီးလျှင် ၎င်းကို ကျောက်စံအိမ်တော်၏ စစ်မှန်သော နတ်ဘုရားထံ တင်ပြနိုင်သရွေ့ မိမိသည် သေချာပေါက် အရေးပါစွာ အသုံးပြုခံရဦးမည် ဖြစ်သည်။
ထာဝရအသက်ဂိုဏ်း၏ လျှို့ဝှက်ချက်ကို ယူကာ ထွက်ပြေးခြင်းသည်လည်း ဖြစ်နိုင်ခြေတစ်ခုပင်။
သူ၏ မဟာသူတော်စင် နှောင်းပိုင်းအဆင့် ကျင့်ကြံမှုဖြင့် ရီဟိုင်ကျောင်းကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ထာဝရ အသက် မဟာသူတော်စင်ကို လျှို့ဝှက်ချက်ကို စွန့်လွှတ်စေခြင်းသည် ဖြစ်နိုင်ချေ မရှိသော ကိစ္စရပ်တစ်ခု မဟုတ်ပေ။
ထာဝရအသက်မဟာသူတော်စင်က
ရီဟိုင်ကျောင်းကို မည်မျှ ချစ်ခင်သည်ကို သူ အလွန်ရှင်းလင်းစွာ သိသည်။ မဟာသူတော်စင်အဆင့် မှော်လက်နက်အစုံအလင် ပိုင်ဆိုင်ထားသော သူတော်စင်နယ်မြေ စွမ်းအားရှင် တစ်ဦး၊ ပြောလျှင် ယုံနိုင်ပါသလား။
ထိုသို့သော ဆက်ဆံမှုက တုန်းဖန်းယိကို အနည်းငယ် မနာလိုဖြစ်စေသည်။
စိတ်ပိုင်းဖြတ်ပြီးသည်နှင့် တုန်းဖန်းယိသည် ချက်ချင်း လှုပ်ရှားလာတော့သည်။
မကြာမီတွင် သူသည်
ရီဟိုင်ကျောင်း၏ ဂူအိမ်သို့ ရောက်ရှိလာပြီး စကားတစ်ခွန်းမျှ မပြောဘဲ သူ ကြာမြင့်စွာကတည်းက ပြင်ဆင်ထားသော အခင်းအကျင်းကို တိုက်ရိုက် အသက်သွင်းလိုက်သည်။
နောက်တစ်ခဏတွင် ရီဟိုင်ကျောင်းသည် သူမ၏ ထိန်းချုပ်မှုအောက်တွင် မရှိသော အခင်းအကျင်းတစ်ခု အသက်ဝင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ဤဂူအတွင်းရှိ အခင်းအကျင်းအားလုံးကို ရီကျင်းဟိုင်က စီစဉ်ထားခြင်း ဖြစ်ရာ သူမ၏ ထိန်းချုပ်မှု အပြင်ဘက်မှ အခင်းအကျင်း တစ်ခု ပေါ်လာရန် နည်းလမ်းမရှိပေ။
တစ်ခုတည်းသော ရှင်းလင်းချက်မှာ တစ်စုံတစ်ယောက်သည် သူမ၏ ဂူအိမ်ရှိ အခင်းအကျင်းကို ဝင်ရောက်လာခြင်း ဖြစ်သည်။ ထို့အပြင် ဤပုဂ္ဂိုလ်သည် အားနည်းသူ တစ်ဦး မဟုတ်ပေ။
ရီဟိုင်ကျောင်း တွေးတောလိုက်သည်။ သူမ၏ ဂူအိမ်တွင် ရီကျင်းဟိုင်နှင့် သူမကိုယ်တိုင်မှလွဲ၍ သူမ၏ အစ်ကိုများစွာပင် ၎င်းကို ထိန်းချုပ်နိုင်စွမ်း မရှိပေ။
မဟုတ်သေး၊ လူတစ်ယောက်တော့ ရှိသေးသည်။
ရီဟိုင်ကျောင်း၏ စိတ်ထဲတွင် အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့စေသော အတွေးတစ်ခု ပေါ်လာသည်။
သူမ၏အဖေသည် ဤသို့သော အခင်းအကျင်းမျိုးကို သေချာပေါက် တည်ဆောက်မည်မဟုတ်ပေ။
အခွင့်အရေးရှိသည့် တစ်ဦးတည်းသောသူမှာ သူမ၏ တာအို လက်တွဲဖော်
တုန်းဖန်းယိ ဖြစ်သည်။
နှစ်ထောင်ပေါင်းများစွာက တုန်းဖန်းယိသည် ရီဟိုင်ကျောင်းကို အချိန်မရွေး လာတွေ့လိုသည်ဟူသော အကြောင်းပြချက်ဖြင့် ဂူအခင်းအကျင်း၏ တစ်စိတ်တစ်ပိုင်း ထိန်းချုပ်ခွင့်ကို ရရှိခဲ့ပြီး ရီဟိုင်ကျောင်း၏ ဂူအိမ်သို့ အချိန်မရွေး ဝင်ရောက်နိုင်ခဲ့သည်။
ထိုအချိန်က ရီဟိုင်ကျောင်းသည် တုန်းဖန်းယိအပေါ် လုံးဝယုံကြည်မှုရှိခဲ့ရာ သဘာဝအတိုင်းပင် သူမသည် တုန်းဖန်းယိ၏ အဆိုပြုချက်ကို မငြင်းဆန်ဘဲ ထိန်းချုပ်ခွင့်၏ တစ်စိတ်တစ်ပိုင်းကို ကြည်ကြည်ဖြူဖြူ ပေးခဲ့သည်။
“ဟင့့်အင်း ၊ တုန်းဖန်းတော့ သေချာပေါက် မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။”
ရီဟိုင်ကျောင်းသည် သူမ ရွေးချယ်ခဲ့သော လူက သူမကို ဤသို့ ဆက်ဆံလိမ့်မည်ဟု
ယခုထိတိုင် မယုံကြည်ရဲသေးပါ။
နှစ်များတစ်လျှောက် တုန်းဖန်းယိ ကျင့်ကြံရန် အသုံးပြုခဲ့သော အရင်းအမြစ် အားလုံးကို သူမက သူမ၏ အဖေထံမှ တောင်းဆိုပေးခဲ့ခြင်း ဖြစ်ရာ တုန်းဖန်းယိသည်
လိုလေသေးမရှိ ဖြစ်ခဲ့သည်လေ။