ညှာတာခြင်းမရှိသတ်ခြင်း
Vol. 137 Ch. 1914
သည်တစ်ကြိမ်တွင် ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့တွင် အင်အားအပြည့်ဖြစ် နေသည်။ သူတို့သည် မိုမျိုးနွယ်ကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ ထို့ကြောင့် လူအားလုံးကို ခေါ်လာခြင်းဖြစ်သည်။ ဤတိုက်ပွဲမှာ ကြီးမားလှသဖြင့် ပြီးခဲ့ သည့် တိုက်ပွဲများထက် လူသတိထားစရာဖြစ်နေသည်။
တစ္ဆေလောကအတွင်းရှိ အဓိကမိသားစုလေးခုရှိသည့်အနက် မိသားစု သုံးခုသည် ရုတ်တရက် အသေအကြေတိုက်ခိုက်နေကြသည်မှာ လူအများ၏ အာရုံကို စွဲဆောင်မိပြီးသားဖြစ်သည်။ သူတို့သည် ရုတ်တရက်ဖြစ်လာသော အဖြစ်အပျက်ကို သိချင်နေကြသော်လည်း မည်သူမှ သတင်းမစုံစမ်းရဲကြပေ။ သူတို့သည် ဘေးတွင်ရပ်ကာ တိုက်ပွဲကိုကြည့်ရုံသာကြည့်နေကြသည်။
သည်တစ်ကြိမ်တော့ ပထမအဆင့်နေရာတွင်ရှိနေသည့် မိုမျိုးနွယ်ကို သေချာပေါက် ဆွဲချနိုင်လိမ့်မည်ဟု ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့သည် အစက ထင်ထားကြသည်။ သို့သော် မိုမျိုးနွယ်သည် နှစ်ပေါင်းများစွာ သိုသိုသိပ်သိပ်နေ လာခဲ့ပြီး သူတို့၏ အင်အားမှာလည်း အရင်ကထက်ကြီးထွားလာလိမ့်မည်ဟု ထင်မထားကြပေ။ မျိုးနွယ်နှစ်ခု အတိတ်တွင် ဖိနှိပ်ခဲ့သမျှသည် ဝေဝါးနေသွား ပြီဖြစ်ကာ ယုံကြည်ချက်အပြည့်ရှိခဲ့သည်မှာလည်း မိုမျိုးနွယ်ကြောင့် အစိတ်စိတ်ဖြစ်ခဲ့ရလေပြီ။
မိသားစုနှစ်ခု၏ ဘိုးဘေကြီးမှာလည်း မိုယွိကို ဖြေရှင်းရန်လွယ်ကူခဲ့၏။ သို့သော် သူစိမ်းတစ်ယောက် အပိုရှိနေလိမ့်မည်ဟု မထင်ခဲ့ပေ။ ထိုသူစိမ်းသည် ကြည့်ရသည်မှာ ငယ်ရွယ်ပုံပေါက်သော်လည်း သူတို့၏ ဘိုးဘေးကြီးကို လဲပြို သွားအောင် လုပ်နိုင်လောက်အောင် သန်မာသည့်အားရှိသည်။
သို့သော် ထိုသို့ဖြစ်သော်ငြား ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့သည် ရှုံးနိုင်မည် ဟု မထင်ကြသေးပေ။ မိုယွိနှင့် သူစိမ်းလူသေသွားလျှင် သူတို့ အနိုင်ရနိုင်သည်။
သို့သော် မထင်မှတ်စွာပင် စောင့်နေတုန်းမှာပင် ရှီမာယူယူ ရောက်လာ သည်။
သူတို့သည် သူမကိုမြင်သောအခါ ယန်ချန်းမြို့အဖြစ်အပျက်ကို အမှတ်ရ သွားကြသည်။
အစောပိုင်းက ဒိဝူနှင့်တခြားသူများသည် ယန်ချန်းမြို့အဖြစ်ကို မှတ်တမ်း တင်ထားခဲ့သည်။ အစက အင်ပါယာမြို့တော်တွင်သာ ဖြန့်ရန်စီစဉ်ထားသော် လည်း ဤအဖြစ်သည် အားလုံးအပေါ်တွင် သက်ရောက်မှုကြီးမားပြီး ဤမျှ ပျံ့ သွားလိမ့်မည်ဟု ထင်မထားပေ။ ရလဒ်အနေနှင့် မိတ္တူတစ်ခုမှ နှစ်ခုအဖြစ်၊ မိတ္တူနှစ်ခုမှ လေးခုအဖြစ် ပွားသွားခဲ့သည်။ အရိပ်ကျောက်တုံးရသည့်လူမှာ ပိုပို များလာပြီး ယန်ချန်းမြို့အပြင်မှ မိုးကြိုးဘေးဒုက္ခကို သူတို့ပါ မြင်ခဲ့ရသည်။
အခု ရှီမာယူယူ ရောက်လာချေပြီ။ သူမ အဲလိုမျိုး ထပ်လုပ်ဦးမှာလား။ သူမသာ မိုးကြိုးကို လှုံ့ဆော်လိုက်ရင် သူတို့ ဘာလုပ်နိုင်မှာလဲ။
သူတို့ ဒီလိုမျိုးပဲ နောက်ဆုတ်လိုက်ရမှာလား။
ဒါပေမဲ့ သူတို့ နောက်မဆုတ်ချင်ဘူး။
ဘိုးဘေးကြီးအဆင့် တိုက်ပွဲမှာ မပြီးသေးပေ။ ရှီမာယူယူသည်လည်း မိုးကြိုးဘေးဒုက္ခကို လှုံ့ဆော်ချင်သည့် ရည်ရွယ်ချက်မရှိပေ။ သူတို့သည် ကံကောင်းမှုကိုသာ စောင့်နေရသည်။ သူတို့၏ဘိုးဘေးကြီးနိုင်သည်နှင့် ရှီမာယူယူရှိလျှင်တောင် မိုမျိုးနွယ် အနာဂတ်တွင် ခေါင်းထောင်လာရန် ခက်ခဲ သွားမည်။
ထိုနေရာမှ စိုးရိမ်မှုများနှင့် မတူညီစွာပင် မိုမျိုးနွယ်သည် သူမကို မြင် သည်နှင့် စိတ်အေးသွားကြသည်။ ချီမျိုးနွယ်တို့နှင့် ရင်ဆိုင်ရချိန်တွင် သူတို့၏ တင်းမာနေသော စိတ်များသည် ရုတ်တရက် လျော့ကျသွားခဲ့သည်။ ထိုလူများ ၏မျက်နှာများတွင် အပြုံးများပေါ်လာကြသည်။
“ယူယူ ဘယ်လိုလုပ် ရောက်လာတာလဲ” မိုကျိသည် သူမကို နှုတ်ဆက် လေသည်။
“ကျွန်မ ကျင့်ကြံတာကနေထွက်လာတော့ ဘယ်သူမှရှာမတွေ့လို့လေ” ရှီမာယူယူ ပြောလေသည် “လင်းယူရော”
သူမ လှည့်ပတ်ကြည့်ပြီးနောက် ဝူလင်းယူကို မမြင်ရပေ။ သူ့သဘော အတိုင်းဆိုလျှင် ဤအချိန်တွင် ဤနေရာတွင်ရှိနေသင့်သည်။
“မထင်မှတ်ဘဲ လင်းယူက အရည်အချင်းတော်တော်ရှိတာပဲ သူနဲ့ ဘိုးဘေးကြီးနှစ်ယောက်လုံး လေဟာနယ်ထဲဝင်သွားတယ်” မိုကျိ ပြန်ဖြေလေ သည်။
သန်မာသည့်လူများအကြား တိုက်ခိုက်ရာတွင် စွမ်းအားကြီးမားလွန်းကာ စိတ်စွမ်းအားမှာလည်း ကျယ်ပြန့်လွန်းသဖြင့် လေဟာနယ်တွင် တိုက်ခိုက်ရန် ရွေးချယ်ကြသည်
ထိုအကြောင်းကို ကြားလိုက်ရသောအခါ ရှီမာယူယူ အံ့ဩသွားသည်။ ဝူလင်းယူတော်သည်ကို သူမသိသည်။ သို့သော် ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့၏ ဘိုးဘေးကြီးများနှင့် တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မထားပေ။
“သူ့မှာက စွမ်းအားတွေ အဆက်မပြတ်ထုတ်ပေးနိုင်တဲ့ နဂါးမျက်လုံးရှိ တယ်လေ.. အဲဒါက အပိုဆုလိုပဲ” အရိပ်မည်းသည် သူမဘေးတွင်ပေါ်လာ သည်။ ဟွမ်ကတော့ ရှိမနေပေ။ သူသည် ဝူလင်းယူကို ကာကွယ်နေခြင်းဖြစ်နိုင် သည်။
“ဘိုးဘေးကြီးတွေ တိုက်ခိုက်နေတာ ကြာနေပြီ မကြာခင်ရလဒ်ထွက်လာ တော့မှာပါ” မိုကျယ်သည် ရွှေချပ်ဝတ်တန်ဆာနှင့် အလွန်ပင်ထည်ဝါနေသည်။
“ဒါဆိုလည်း ခဏလောက် စောင့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက် သည်။
စောင့်ရမယ်… သူတို့ဘာကိုစောင့်ရမှာလဲ။
ရှီမာယူယူ လှုပ်ရှားတော့မည်ကို ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့သည် ရုတ်တရက် နားလည်သွားကြသည်။ သူမတို့သာ သူတို့ကို ရှင်းမည်ဆိုပါက ရိုးရှင်းသောနည်းလမ်းဖြစ်သည့် မိုးကြိုးဘေးဒုက္ခကိုသာ ရွေးမည်ဖြစ်သည်။
“သူမကို မိုးကြိုးဘေးဒုက္ခခေါ်ခွင့်မပြုနိုင်ဘူး.. အတူတက်ကြမယ်… ရှီမာယူယူကို ဒီနေရာမှာတင် သတ်လိုက်ရအောင်” ချီမျိုးနွယ်များ အော်ကြလေ သည်။
ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ တို့သည် ခေတ္တမျှတွေဝေသွားကြသည်။ သို့သော် ရှီမာယူယူကို အရင်ရှင်းထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ အထူးသဖြင့် မျိုးနွယ် ၄ နှင့် ၅ တို့သည် မျိုးနွယ် ၉ အတွက် ရှေ့ပြေးအဖြစ် ထွက်လာသည်။ သူတို့ သည် မူလအစကပင် တစ္ဆေကြင်ယာတော်၏ ဘက်တော်သားများဖြစ်သဖြင့် ရှီမာယူယူတို့နှင့် ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်သည်။ အခုချိန် သူတို့ သူမကို သတ်လိုက်ပါက တစ္ဆေကြင်ယာတော်ဆီကပင် မျက်နှာရနိုင်သေးသည်။
ထိုသို့စဉ်းစားလိုက်သောအခါ မျိုးနွယ် ၄ နှင့် ၅ သည် ပျော်ရွှင်လာကာ ရှီမာယူယူကို တိုက်ခိုက်ကြလေသည်။
မျိုးနွယ် ၄ နှင့် ၅ တို့လှုပ်ရှားကြသည်ကို မိုကျယ်မြင်သည်နှင့် ပြန်တိုက် ခိုက်ရန် ပြင်လေသည်။ သို့သော် မျိုးနွယ် ၄ နှင့် ၅ တို့လမ်းတစ်ဝက်မရောက်ခင် မှာပင် လေထဲမှထွက်လာသော စွမ်းအားကြောင့် သေကုန်ကြလေသည်။
“မင်းတို့က သတ္တိရှိလှချည်လား.. မင်းသမီးကိုတောင် တိုက်ခိုက်ရဲတယ်” ဟန့်ရှန်းနှင့် ဟန့်ဖန်းတို့သည် တစ္ဆေဘုရင်၏လူများကို လေထဲမှခေါ်လာသည်။ သူတို့၏ စူးရှသော အရှိန်အဟုန်သည် ထိုလူများကို အေးခဲသွားစေသည်။
“ဟန့်ရှန်းနဲ့ဟန့်ဖန်း” ချီမျိုးနွယ်၏ ခေါင်းဆောင်သည် တစ္ဆေဘုရင်အနား တွင်ရျိသော ကိုယ်ရံတော်နှစ်ယောက်ကို သိသည်။ ထိုလူနှစ်ယောက်ကိုကြည့် ပြီး တစ္ဆေဘုရင်သည် အရာအားလုံးကို သိထားနှင့်ပြီးဖြစ်ကြောင်း သူ သိလိုက် လေပြီ။
“သခင်ကြီးနှစ်ယောက် ဒီကိုဘာလို့လာတာလဲ” သူတို့ ဖြတ်သွားခြင်းသာ ဖြစ်ပါစေဟု မျိုးနွယ် ၉ မှလူများသည် စိတ်ကူးယဉ်နေတုန်းပင်။ လမ်းကြုံရုံသာ ဆိုပါက သူတို့ မမြင်နိုင်သဖြင့် လှည့်ပြော၍ရသည်။ သူတို့သာ ရှီမာယူယူ နောက်လိုက်လာခြင်းဖြစ်ပါက ရလဒ်မှာ…
ဟန့်ဖန်းသည် နှာရှုတ်လေသည် “ကျုပ်တို့က အရှင့်ရဲ့ အမိန့်နဲ့ မင်းသမီး လေးရဲ့ လုံခြုံရေးကို ကာကွယ်နေတာ.. ကျုပ်တို့မရှိတုန်းကို ဒီလောက်ရဲတင်း ကြမယ်လို့ ထင်မထားဘူးပဲ”
“သခင်ကြီး ကျွန်တော်တို့…”
သူတို့သည် စကားလှည့်ပြောချင်သည်။ ဒါပေမဲ့ သူတို့ဘာပြောနိုင်ဦးမှာ လဲ။ သူတို့သည် ဟန့်ဖန်းနှင့် ဟန့်ရှန်းတို့အကြောင်းကို ကြားဖူးသလို မြင်လည်း မြင်ဖူးသည်။ သူတို့သည် ဘာမှမပြောနိုင်ကြတော့ပေ။
ဟန့်ဖန်းနှင့် ဟန့်ရှန်းတို့သည် ဘာမှမပြောဘဲ အနောက်မှ အစောင့်ကို ပြောလိုက်သည် “မျိုးနွယ် ၄ နဲ့ ၅ ကမင်းသမီးလေးကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့တယ်.. အရှင့်ရဲ့အမိန့်အရ သူတို့ကို အညှာတာခြင်းမရှိ သတ်ရမယ်”
“ညှာတာခြင်းမရှိ သတ်ရမယ်” ဆိုသည့်စကားလုံးများသည် အားလုံး၏ နားထဲသို့ဝင်လာပြီး သူတို့၏ နှလုံးသားကို ခေါက်လိုက်သလိုပင်။
တစ္ဆေဘုရင်က ဒီမြေးမကို အတော်တန်ဖိုးထားတာပဲ။ ယန်ချန်းမြို့က အဖြစ်မှာလည်း ပတ်သက်နေတဲ့ မိသားစုတွေအကုန်လုံးကို တစ်ခါတည်း ရှင်းပစ်ခဲ့တာပဲ။ အခုချီမျိုးနွယ်နဲ့ မျိုးနွယ် ၉ တို့နဲ့ ရင်ဆိုင်တဲ့အခါမှာလည်း မျက်နှာသာပေးမှာမဟုတ်ဘူး။ သူတို့ကို မှီခိုနေတဲ့ မျိုးနွယ် ၄ နဲ့ ၅ ကိုလည်း သတ်မယ်လို့တောင် ပြောနေသေးသည်။
“သခင်ကြီးတို့” မျိုးနွယ် ၉ ခေါင်းဆောင် အော်လေသည် “မျိုးနွယ် ၄ နဲ့ ၅ က ပြီးခဲ့တဲ့နှစ်တွေမှာ တစ္ဆေကြင်ယာတော်ကို ခစားခဲ့ကြတော့ ဒီနေ့ မင်းသမီး လေးကို မတတ်သသာလို့ တိုက်ခိုက်ရတာပါ.. တစ္ဆေကြင်ယာတော်ရဲ့ မျက်နှာ ကိုထောက်ထားပြီး ကျွန်တော်တို့ကို သက်ညှာပေးပါ”
“တစ္ဆေကြင်ယာတော်ရဲ့ လူဟုတ်လား” ဟန့်ရှန်းသည် အသံကိုမြှင့်လိုက် သည်။ လှည့်စား၍ရပြီဟု အားလုံးထင်လိုက်ချိန်တွင် သူသည် သူတို့ကို သဲ့သဲ့ ကြည့်ကာ အေးစက်စွာနှာရှုတ်လေသည် “အဲဒါက အရှင်နဲ့ဘာဆိုင်လို့လဲ.. ငါတို့ ကအရှင့်ရဲ့အမိန့်ကိုပဲ တိုက်ရိုက်နာခံတယ်.. ဘယ်သူပဲဖြစ်နေနေ မင်းသမီး လေးကို ထိရဲတဲ့သူကတော့ ညှာတာခြင်းမရှိသေရမယ်.. ဘာလုပ်နေကြတာလဲ မင်းတို့တွေ နားကန်းနေကြတာလား”
သူပြောလိုက်သည်မှာ အနောက်မှ တပ်သားများကို ဖြစ်သည်။ သူတို့ သည် ဟန့်ရှန်း၏ဆိုလိုရင်းကို နားလည်သွားသဖြင့် မနှောင့်နှေးရဲကြတော့ပေ။ သူတို့အားလုံးသည် မျိုးနွယ် ၄ နှင့် ၅ တို့၏လူများကို တိုက်ခိုက်ကြလေသည်။
မျိုးနွယ် ၄ နှင့် ၅ တို့သည်လည်း မိသားစုကြီးများဖြစ်ကြသော်လည်း တစ္ဆေဘုရင် ရွေးထားသော တပ်သားများရှေ့တွင်တော့ အကုန်သေကုန်ကြ သည်။
ရှီမာယူယူသည် သူမ၏ နှာခေါင်းကိုထိလိုက်သည်။ သူမကိုပေးတဲ့ တစ္ဆေ ဘုရင်ရဲ့လူတွေက တကယ်မိုက်တာပဲ။