← Chapters

ထာဝရအသက်ဂိုဏ်းတွင် မည်သူ အမှန်တကယ် အသန်မာဆုံးဖြစ်သနည်း.

Vol. 39 Ch. 578

ထာဝရအသက်ဂိုဏ်းတွင် မည်သူ အမှန်တကယ် အသန်မာဆုံးဖြစ်သနည်း.

Vol. 39 Ch. 578

~တုန်းဖန်းယိ၏ လှုပ်ရှားမှုကို ရင်ဆိုင်ရာတွင် ရီဟိုင်ကျောင်းသည် မည်သည့်အရာကိုမျှ ထပ်မံဖုံးကွယ်မနေတော့ပေ။

လျှို့ဝှက်သိုင်းကွက်တစ်ခုကို ထုတ်လွှတ်လိုက်သည်နှင့် မဟာသူတော်စင်အဆင့်၏ အစောပိုင်းအဆင့်မှ အရှိန်အဝါသည် ရီဟိုင်ကျောင်းထံမှ ပေါက်ကွဲထွက်လာ၏။

သို့သော် ဤသည်မှာ အဆုံးမသတ်သေးပေ။

သူတော်စင်ဖိတ်ခေါ်နိယာမ၊ သွေးမျိုးဆက်လျှို့ဝှက်သိုင်းကွက်။

တစ်ခဏအတွင်းမှာပင် ရီဟိုင်ကျောင်း၏ အရှိန်အဝါသည် မိုးထိအောင် မြင့်တက်သွားတော့သည်။

တုန်းဖန်းယိပင်လျှင် ရီဟိုင်ကျောင်းထံမှ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရလေသည်။

ထိုအခိုက်အတန့်တွင် တုန်းဖန်းယိသည် ရုပ်သေးအဆောင် အဘယ်ကြောင့် အာနိသင်မရှိခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားတော့၏။

တစ်ချိန်လုံး ရီဟိုင်ကျောင်း၏ ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ဦး၏ အထွတ်အထိပ်တွင် မရှိခဲ့ဘဲ သူ လှည့်စားခံခဲ့ရခြင်း ဖြစ်သည်။

*ငါ အကစားခံလိုက်ရတာလား။*

အခြေအနေကို အမြဲတမ်း ထိန်းချုပ်နိုင်ခဲ့သည်ဟု သူ့ကိုယ်သူ ယူဆခဲ့သော တုန်းဖန်းယိသည် ယခုအခါတွင် အကြီးအကျယ် အရှက်ကွဲသွားရ၏။

နှစ်ပေါင်းများစွာ လောကအနှံ့ ခြေဆန့်ခဲ့ပြီးနောက် မိန်းမတစ်ယောက်၏ လက်ထဲတွင် အကစားခံခဲ့ရသည်တဲ့လား။

ဒါက တုန်းဖန်းယိအတွက် ကြီးမားသော အရှက်တကွဲဖြစ်ခြင်းပင်။

သူ၏ နှလုံးသားထဲတွင် ရီဟိုင်ကျောင်းအပေါ် နာကြည်းမှုများ ပိုမိုကြီးထွားလာခဲ့သည်။

*ရီဟိုင်ကျောင်းက ငါ့ကို တကယ်ချစ်တယ် ဆိုရင် ဘာလို့ လိမ်လိမ်မာမာ ငါ့ဓားစာခံအဖြစ် မခံယူနိုင်ရတာလဲ။ ဘာလို့ ဒီလို အရေးကြီးတဲ့ အချိန်မှာ ငါ့အတွက် အခက်အခဲဖြစ်အောင် လုပ်ရတာလဲ။*

ဤအတွေးက တုန်းဖန်းယိ၏ လှုပ်ရှားမှုအပေါ် စွမ်းအားများ ပိုမိုထည့်သွင်းပေးလိုက်သည်။

မမြင်နိုင်သော စွမ်းအားတစ်ခုသည် ရီဟိုင်ကျောင်း၏ ဝိညာဉ်ပင်လယ်ကို ဗုံးကြဲတိုက်ခိုက်နေပြီး ရီဟိုင်ကျောင်းကို ပြင်းထန်စွာ ဒဏ်ရာရစေရန် ရှင်းလင်းစွာ ရည်ရွယ်ထား၏။

ရီဟိုင်ကျောင်း၏ မျက်လုံးများ အေးစက်သွားပြီး ထိပ်တန်းအဆင့် ခုခံကာကွယ်ရေး မဟာသူတော်စင် လက်နက်တစ်ခုသည် သူမ၏ခန္ဓာကိုယ်မှ အလိုအလျောက် ပျံထွက်လာကာ ကာကွယ် ပေးနေတော့သည်။

သူမ၏နောက်တွင် ထိပ်တန်းအဆင့် တိုက်ခိုက်ရေး မဟာသူတော်စင် လက်နက်သည်လည်း နောက်မကျဘဲ တုန်းဖန်းယိထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

*ထိပ်တန်းအဆင့် မဟာသူတော်စင် လက်နက်တွေ။*

ယခင်က တုန်းဖန်းယိသည် ရီဟိုင်ကျောင်းတွင် မဟာသူတော်စင် လက်နက်တစ်ခု ပိုင်ဆိုင်ထားသည်ကို သိခဲ့သော်လည်း ၎င်းမှာ အဆင့်နိမ့်တစ်ခုသာ ဖြစ်သည်။

ဤထိပ်တန်းအဆင့် မဟာသူတော်စင် လက်နက်နှစ်ခုကို ရီဟိုင်ကျောင်းသည် သူ့ရှေ့တွင် တစ်ခါမျှ မပြသခဲ့ဖူးပေ။

ရီဟိုင်ကျောင်း ယခုလေးတင် ပြသခဲ့သော များပြားလှသော အစီအမံများက တုန်းဖန်းယိအား သူသိခဲ့သော ရီဟိုင်ကျောင်းနှင့် လုံးဝကွဲပြားခြားနားကြောင်း သဘောပေါက်စေခဲ့သည်။

သူမ ပြုလုပ်ခဲ့သော လှုပ်ရှားမှုတစ်ခုချင်းစီတိုင်းသည် သူ၏မျှော်လင့်ချက်များကို ကျော်လွန်နေခဲ့သည်။

အဆက်မပြတ် ပြင်းထန်နေသော ထိပ်တန်းအဆင့် တိုက်ခိုက်ရေး မဟာသူတော်စင် လက်နက်နှင့် ရင်ဆိုင်ရသောအခါ တုန်းဖန်းယိသည် တည့်တည့်ရင်မဆိုင်ဝံ့ဘဲ ဘေးသို့သာ ရှောင်တိမ်းနိုင်ခဲ့သည်။

သို့သော် ရီဟိုင်ကျောင်းသည် တုန်းဖန်းယိအား အနားပေးရန် ရည်ရွယ်ချက်မရှိပေ။ တိုက်ခိုက်မှုလှိုင်းလုံးများက သူ့ထံသို့ အဆက်မပြတ် တဟုန်ထိုး ပြေးဝင်နေသည်။

*လူယုတ်မာတွေ သေသင့်တယ်။*

တုန်းဖန်းယိသည် သူ၏ ပိုမိုအားကောင်းသော ကျင့်ကြံမှုအဆင့်ကို အားကိုး၍ တိုက်ခိုက်မှုများကို ဆက်လက်ရှောင်တိမ်းနေရုံသာ တတ်နိုင်ပြီး ရှောင်တိမ်းရန် မဖြစ်နိုင်သည့်အခါတွင် ရံဖန်ရံခါ ထိမှန်မှုကို ခံရသည်။

မကြာမီတွင် တုန်းဖန်းယိ၏ ရှုံးနိမ့်မှုလက္ခဏာများ စတင်ပေါ်ပေါက်လာလေ၏။

ဤအချိန်အတွင်း တုန်းဖန်းယိသည် ရီကျင်းဟိုင်နှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးကျင့်ကြံသူတို့ တိုက်ပွဲကို ဘေးမှရပ်ကြည့်နေသည်ကို မြင်လိုက်ရရာ သူ၏အတွင်းစိတ်ထဲတွင် အားလုံးမကောင်းတော့ကြောင်း ခံစားမိလိုက်သည်။

သူသည် ရီဟိုင်ကျောင်းတစ်ယောက်တည်းကြောင့်ပင် ဤအခြေအနေသို့ တွန်းပို့ခံနေရပြီဖြစ်ရာ အကယ်၍ ရီကျင်းဟိုင်နှင့် လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးပါ တိုက်ပွဲတွင် ပါဝင်လာခဲ့ပါက သူ ယနေ့ ဤနေရာတွင် တန်းတန်းမတ်မတ် အဆုံးသတ်သွားမည်ကို စိုးရိမ်မိသည်။

ထာဝရအသက်ဂိုဏ်းတွင် အသန်မာဆုံးမှာ ထာဝရအသက်မဟာသူတော်စင် မဟုတ်ဘဲ သူ၏ သစ္စာခံညီမ ရီဟိုင်ကျောင်း ဖြစ်ပုံရသည်။

*သေစမ်း။*

အကယ်၍ သူသာ ဤသို့ဖြစ်လာမည်ကို စောစောက သိခဲ့လျှင် ရီဟိုင်ကျောင်းအပေါ် ပိုမိုသတိထားခဲ့ပေလိမ့်မည်။

တုန်းဖန်းယိ၏ မျက်လုံးထဲတွင် သူသာဆန္ဒရှိမည်ဆိုလျှင် ထာဝရအသက်ဂိုဏ်း၏ အသန်မာဆုံးအဖွဲ့ဝင်ဖြစ်သော ရီဟိုင်ကျောင်းကို ကိုင်တွယ်ဖြေရှင်းရန် အခွင့်အရေးများစွာ ရှိခဲ့သည်။

အကယ်၍ သူသာ ရီဟိုင်ကျောင်းကို စောစောက ဖယ်ရှားခဲ့မည်ဆိုလျှင် ယနေ့ကဲ့သို့ အခြေအနေမျိုး ဖြစ်လာမည်မဟုတ်ပေ။

ဤအရာအားလုံးသည် ရီဟိုင်ကျောင်း၏ အမှားသာ ဖြစ်သည်။ သူ့ထံမှ အလွန် သိုသိပ်စွာ ဖုံးကွယ်ထားခဲ့သောကြောင့် ဖြစ်သည်။

အကယ်၍ ရီဟိုင်ကျောင်းသာ နှုတ်ဆိတ်မနေခဲ့ပါက သူ ယနေ့ ဤသို့သော အကျပ်အတည်းတွင် ရှိနေမည် မဟုတ်ပေ။

အကယ်၍ သူသာ အခွင့်အရေး ရခဲ့လျှင် ရီဟိုင်ကျောင်းကို တန်ရာတန်ကြေး ပေးဆပ်စေမည်မှာ သေချာသည်။

ရီကျင်းဟိုင်သည် တိုက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ချက် မရှိသော်လည်း ရီရှောင်းရှောင်းမှာမူ စိတ်အားထက်သန်နေပုံ ရသည်။ သူမသည် လူယုတ်မာများကို ရိုက်နှက်ရသည့် အကြံကို အတော်လေး သဘောကျ၏။

သို့သော် သူမ၏ ချစ်စဖွယ်မြေးမလေးအား ဒေါသဖြေဖျောက်ရန် အခွင့်အရေးပေးရန်အတွက် ရီရှောင်းရှောင်းသည် တိုက်ပွဲတွင် ပါဝင်လိုသော သူမ၏ကိုယ်ပိုင်ဆန္ဒကို နောက်သို့ တွန်းပို့ခဲ့ရသည်။

အနည်းဆုံးတော့ သူမသည် ရီဟိုင်ကျောင်း သူမ၏ဒေါသကို အရင်ဖြေဖျောက်ပြီးသည်အထိ စောင့်ဆိုင်းရမည်။

ရီဟိုင်ကျောင်း၏ ကျင့်ကြံမှုအဆင့်သည် နောက်ဆုံးတွင် အနည်းငယ် အားနည်းနေသေးသည်။ ထိပ်တန်းအဆင့် မဟာသူတော်စင်လက်နက်ကို ထိန်းချုပ်ခြင်းသည် ရီဟိုင်ကျောင်းအပေါ် ကြီးမားသော ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

အကယ်၍ သူမသည် တုန်းဖန်းယိကို လျင်မြန်သော တိုက်ပွဲတွင် အနိုင် မယူနိုင်ခဲ့ပါက ၎င်းသည် သူမ၏ ရှုံးနိမ့်ချိန် ဖြစ်ပေလိမ့်မည်။

သို့သော် ရီဟိုင်ကျောင်းသည် မစိုးရိမ်ပါ။ သူမသည် ဒေါသကို ဖြေဖျောက်ရန်အတွက်သာ တိုက်ခိုက်နေခြင်း ဖြစ်သည်။

သူမ၏ အနောက်တွင် သူမ၏ အဘွားနှင့် အဖေတို့ ရှိနေသေးသည်။ ဤတုန်းဖန်းယိသည် နောက်ထပ် ပြဿနာ တစ်စုံတစ်ရာ ဖြစ်စေနိုင်မည် မဟုတ်ပေ။

ထိုးနှက်ချက်ပေါင်း ထောင်ချီ ဖလှယ်ပြီးနောက် ရီဟိုင်ကျောင်း၏ အရှိန်အဝါသည် နောက်ဆုံးတွင် မှေးမှိန်လာတော့သည်။

ရီဟိုင်ကျောင်း၏ ရုန်းကန်နေရပုံကို မြင်သောအခါ တုန်းဖန်းယိသည် အလွန် ဝမ်းမြောက်သွားသည်။

ထာဝရအသက်ဂိုဏ်း၏ အသန်မာဆုံးအဖွဲ့ဝင် ဖြစ်သော ရီဟိုင်ကျောင်းကို အနိုင်ယူခြင်းသည် ဂိုဏ်းတစ်ခုလုံးကို အနိုင်ယူခြင်းနှင့် တူညီသည်။ သူ၏ အစီအစဉ် အောင်မြင်တော့မည်။

ယခုအခါ ရီကျင်းဟိုင်ကို သူ၏ ရတနာများကို စွန့်လွှတ်ရန် ခြိမ်းခြောက်ရန်မှာ မဖြစ်နိုင်တော့ဟု ထင်ရသဖြင့် သူသည် ထာဝရအသက်ဂိုဏ်းကို ချေမှုန်းပြီးနောက် ဂိုဏ်း၏ ရတနာများကို သူကိုယ်တိုင် ရှာဖွေရန်သာ ဆက်လက် လုပ်ဆောင်နိုင်သည်။

“နှင်းနဂါးနတ်သိုင်း။”

ဤသည်မှာ တုန်းဖန်းယိ၏ အသန်မာဆုံး နတ်သိုင်းအမွေဆက်ခံမှု ဖြစ်ပြီး သူသည် မျက်စိတစ်မှိတ်အတွင်း ထုတ်လွှတ်လိုက်သည်။

နှင်းနဂါးတစ်ကောင်သည် တုန်းဖန်းယိ၏ စစ်မှန်သော အနှစ်သာရ

အရိပ်အယောင်ကို ဆောင်လျက် ရီဟိုင်ကျောင်းထံသို့ ဟိန်းဟောက်သွားသည်။

အကယ်၍ ၎င်းသာ ပစ်မှတ်ကို ထိမှန်ခဲ့ပါက အဆင့်မြင့် ခုခံကာကွယ်ရေး မြင့်မြတ်သော လက်နက်နှင့်ပင် ရီဟိုင်ကျောင်းသည် ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။

“ထိသွားပြီ။”

နတ်သိုင်းက ရီဟိုင်ကျောင်းကို ထိမှန်သည်ကို မြင်သောအခါ တုန်းဖန်းယိ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု နောက်ဆုံးတွင် ပေါ်ထွက်လာသည်။

သို့သော် နောက်တစ်ခဏတွင် ထိုအပြုံးသည် မှေးမှိန်သွား၏။

ရီဟိုင်ကျောင်း၏ အရှေ့တွင် ရင်းနှီးသော ပုံရိပ်တစ်ခု ရပ်နေသည်။

အရေးကြီးဆုံးမှာ ထိုပုံရိပ်သည် စစ်မှန်သော အထွတ်အထိပ်

မဟာသူတော်စင် တစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်နေခြင်းပင်။

ရီကျင်းဟိုင်။

“ထာဝရအသက် မဟာသူတော်စင်၊ သူ ဘယ်လိုလုပ် အထွတ်အထိပ်

မဟာသူတော်စင် ဖြစ်နိုင်မှာလဲ။”

ရီကျင်းဟိုင်ထံမှ ထွက်ပေါ်နေသော အမှားအယွင်း မရှိသော အထွတ်အထိပ်

မဟာသူတော်စင် တစ်ဦး၏ အရှိန်အဝါကို ခံစားမိသောအခါ တုန်းဖန်းယိသည် နောက်ဆုံးတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။

ထင်ရှားသည်မှာ ရီဟိုင်ကျောင်းသည် ထာဝရအသက်ဂိုဏ်း၏ အသန်မာဆုံး ပုဂ္ဂိုလ် လုံးဝ မဟုတ်ပေ။ ဤပုံမှန်အားဖြင့် မထင်မရှားသော ထာဝရအသက် မဟာသူတော်စင်သည် အမှန်တကယ်တွင် ဂိုဏ်း၏ အကြောက်မက်ဖွယ် အကောင်းဆုံး တည်ရှိမှုပင်။

အထွတ်အထိပ် မဟာ

သူတော်စင်တစ်ဦးက တစ်ချိန်လုံး ဟန်ဆောင် ကစားနေတာလား။ အထွတ်အထိပ် မဟာသူတော်စင်

တစ်ဦး၏ ဂုဏ်သိက္ခာ ဘယ်မှာလဲ။

အတွင်းစိတ်ထဲတွင် တုန်းဖန်းယိသည် ရီကျင်းဟိုင်၏ မျက်နှာပြောင်တိုက်မှုကို ကျိန်ဆဲနေသော်လည်း သူ့တွင် အခြားရွေးချယ်စရာများ မကျန်တော့ပေ။

ရီကျင်းဟိုင် သူ၏စစ်မှန်သော အရှိန်အဝါကို ဖော်ထုတ်လိုက်သည့်အချိန်တွင် တုန်းဖန်းယိသည် သူ သူ့ကို မယှဉ်နိုင်ကြောင်း သိလိုက်သည်။

*မဟုတ်သေးဘူး၊ ငါ မရှုံးသေးဘူး။ ကျောက်စံအိမ်တော်ရဲ့ စစ်မှန်သောနတ်ဘုရား ရောက်ရှိတဲ့အထိ ငါ အသက်ရှင်နေသရွေ့ ငါ့မှာ အခွင့်အရေးရှိသေးတယ်။*

ကျောက်စံအိမ်တော်၏ စစ်မှန်သောနတ်ဘုရား ဝင်ရောက်စွက်ဖက်သည့်အချိန်တွင် သူသည် အတော်လေး အထိနာ နေမည်ဖြစ်သော်လည်း အနည်းဆုံးတော့ သူ အသက်ရှင်နိုင်သေးသည်။

“ရီကျင်းဟိုင်၊ သိပ်ပြီးတော့ အထင်ကြီးမနေနဲ့။ မင်းရဲ့ ထာဝရအသက်ဂိုဏ်းအောက်မှာ ငါ ကြီးမားတဲ့ အခင်းအကျင်းတစ်ခုကို တည်ဆောက်ထားပြီးပြီ။ မင်း ငါ့ကို ထိရဲရင် မင်းရဲ့ ထာဝရအသက်ဂိုဏ်း ပျက်စီးပြီပဲ”

“ဒါ‌ပေါ့၊ ဒီအခင်းအကျင်းက မင်းကို မထိခိုက်နိုင်ပေမယ့် မင်းရဲ့ ထာဝရအသက်ဂိုဏ်းက သာမန်တပည့်တွေကရော ခံနိုင်ရည်ရှိပါ့မလား။”

တုန်းဖန်းယိသည် သူ့ကိုယ်သူ သတ္တိမွေးကာ သူ၏ နောက်ဆုံး ဝှက်ဖဲကို ထုတ်ဖော်လိုက်သည်။

“အခင်းအကျင်း။ မင်းက ဒီလူတွေကို ဆိုလိုတာလား။”

ပြောဆိုရင်း ရီကျင်းဟိုင်သည် အဓိပ္ပာယ်နက်နဲသော အပြုံးတစ်ခုကို ပြသလိုက်သည်။

သူ ရီကျင်းဟိုင်၏ အပြုံးကို မြင်လိုက်ရသောအခါ တုန်းဖန်းယိ၏ လုံးဝ စိတ်ဓာတ်ကျသွားသည်။

ထိုအချိန်၌ ဂူအိမ်၏ တံဆိပ်ခတ်ထားသော တံခါးသည် တစ်ဖန်ပြန်ပွင့်လာ၏။ ယခင်က ကျောက်ပင်လယ်နှင့် အခြားသူများကို ခေါ်ဆောင်သွားခဲ့သော အကြီးအကဲသည် ယခုအခါ သူတို့ကို ဂူအိမ်ထဲသို့ လမ်းညွှန်လာသည်။

ကျောက်ပင်လယ်နှင့် သူ၏အဖော်များသည် သူတို့၏ လန်းဆန်းတက်ကြွမှု ဆုံးရှုံးသွားကြသည်

သူတို့၏မျက်လုံးများက တုန်းဖန်းယိကို ကြည့်ရင်း ငူငူငိုင်ငိုင်နှင့် ကြောင်ငေးနေ၏။

ဒါကိုပဲ ထာဝရအသက်ဂိုဏ်းအကြောင်း အပြည့်အဝ နားလည်မှုလို့ ခေါ်တာလား။

ဤအကြီးအကဲသည်လည်း သူ၏စစ်မှန်သော ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသည်။ သူသည် အမှန်တကယ်ပင် နှောင်းပိုင်းအဆင့် မဟာသူတော်စင်တစ်ဦး ဖြစ်သော်လည်း သူသည် သူ့ကိုယ်သူ မဟာသူတော်စင်၏ အစောပိုင်းအဆင့်အဖြစ် ဟန်ဆောင်နိုင်ခဲ့သည်။

ကျောက်ပင်လယ်၊ အခြားအနည်းငယ်နှင့် နှောင်းပိုင်းအဆင့် မဟာသူတော်စင်အကြီးအကဲကို ကြည့်ရင်း တုန်းဖန်းယိပင်လျှင် မျှော်လင့်ချက်ကင်းမဲ့စွာ ခံစားလိုက်ရသည်။

မင်းတို့ ထာဝရအသက်ဂိုဏ်းက လူတွေအားလုံး ခွေးတွေပဲလား။ မင်းတို့ရဲ့ စစ်မှန်တဲ့ ကျင့်ကြံမှုအဆင့်တွေကို အမြဲတမ်း ဖုံးကွယ်ထားကြတယ်။ ဒီလိုလုပ်မှ စိတ်သက်သာရလို့လား။*

သူ၏နောက်ဆုံး ဝှက်ဖဲကို ကစားပြီးနောက် တုန်းဖန်းယိသည် သူ လုံးဝ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

“ငါ ဝန်ခံတယ်၊ ငါ အမှန်တကယ် ရှုံးသွားပြီ။”

တုန်းဖန်းယိက စကားဆိုလိုက်သည်။

“မင်းတို့ ငါ့ကို ဘယ်အချိန်က စပြီး သံသယဝင်ခဲ့တာလဲ။”

သူ ထာဝရအသက်ဂိုဏ်းတွင် သူ၏လုပ်ရပ်များကို ပြန်အမှတ်ရလိုက်သောအခါ တုန်းဖန်းယိသည် သူ၏ဟန်ဆောင်မှု ဘယ်အချိန်က ပေါ်သွားသည်ကို မသိနိုင်ခဲ့ပေ။

“မင်းကို သံသယဝင်တယ် ဟုတ်လား။ ငါတို့ မင်းကို အစကတည်းက ဘယ်တော့မှ မယုံခဲ့ဘူး။”

ထိုအသံနှင့်အတူ ရီရှန်ဟယ်သည် ဂူအိမ်အတွင်း ပေါ်လာခြင်းပါ။။

“အစ်ကိုကြီး။”

ရီရှန်ဟယ်ကို မြင်သောအခါ ရီဟိုင်ကျောင်းသည် အနည်းငယ် ရှက်ရွံ့စွာ စကားဆိုလိုက်သည်။

နှစ်တစ်ထောင်အကြာက ရီရှန်ဟယ်သည် ရီဟိုင်ကျောင်းကို တုန်းဖန်းယိ မကောင်းကြံနေကြောင်း ပြောပြခဲ့သည်။

ကံမကောင်းစွာဖြင့် အချစ်မှာ ရူးသွပ်နေသော ရီဟိုင်ကျောင်းသည် ထိုအချိန်က တုန်းဖန်းယိအကြောင်း တစ်စုံတစ်ရာ မမှန်မကန်ဖြစ်နေသည်ကို သတိမပြုမိခဲ့ပေ။ ထိုအစား သူမသည် ရီရှန်ဟယ်က အတွေးလွန်

နေသည်ဟု ထင်ခဲ့ပြီး အချိန်ကြာလာသည်နှင့်အမျှ တုန်းဖန်းယိကို သံသယ၏ အကျိုးကို ပေးရန် ဆုံးဖြတ်ခဲ့သည်။

နောက်ဆုံးတွင် အမှန်တကယ် နုံအသူမှာ သူမ ရီဟိုင်ကျောင်းသာ ဖြစ်နေသည်ကိုတော့ မမျှော်လင့်ခဲ့ပေ။

အားလုံးက သတိထားမိကြပြီး သူမတစ်ယောက်တည်းသာ မျက်ကန်းဖြစ်ကာ လှည့်စားခံခဲ့ရသည်။

“တုန်းဖန်းယိ၊ မင်းက ငါ့ညီမကို လောကဓံရဲ့ အတက်အကျတွေအကြောင်း သင်ခန်းစာပေးဖို့သာ မဟုတ်ရင် မင်း အခုထိ အသက်ရှင်နေမယ်လို့ ထင်နေတာလား။”

ရီရှန်ဟယ်၏ မျက်လုံးများမှာ အထင်အမြင်သေးမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ညီမကို အတွေ့အကြုံရရှိရန် ကူညီပေးနိုင်ခြင်းသည် တုန်းဖန်းယိအတွက် အမှန်တကယ်ပင် ထိုက်တန်သော လုပ်ရပ်တစ်ခု ဖြစ်သည်။

ရီရှန်ဟယ်၏ စကားကို ကြားသောအခါ တုန်းဖန်းယိ၏ မျက်နှာသည် ပြာနှမ်းသွားသည်။

ထင်ရှားသည်မှာ အစမှအဆုံးအထိ သူသည် ရီဟိုင်ကျောင်း ကြီးထွားလာစေရန် သူတို့၏အစီအစဉ်တွင် အသုံးတော်ခံလေးမျှသာ ဖြစ်နေခဲ့သည်။

ဤအသိစိတ်သည် သူ ရီဟိုင်ကျောင်းကို သူ၏လက်ညှိုးထိပ်တွင် ပတ်ထားသည်(ပိုင်နိုင်သည်)ဟု အမြဲထင်ခဲ့သော တုန်းဖန်းယိအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ် လေသည်။

All Chapters