ဘာတွေဖြစ်ခဲ့တာလဲ
Vol. 137 Ch. 1915
မျိုးနွယ် ၄ နှင့် ၅ အဖွဲ့ဝင်များသည် တစ္ဆေဘုရင်၏ တပ်သားများ၏ သတ် ခြင်းကိုခံလိုက်ရသဖြင့် ချီမျိုးနွယ်နှင့် မျိုးနွယ် ၉ မှလူများ၏ မျက်နှာမှာ အလွန် မည်းနက်သွားကြသည်။
“ဖျောက်”
မိုးရေတစ်စက်ကျလာပြီး ရှီမာယူယူ၏ လက်ဖမိုးပေါ်သို့ ကျလေသည်။ အေးစက်သော ထိတွေ့မှုသည် ရင်းနှီးသော ခံစားချက်ကိုဖြစ်စေသည်။
သူမ မိုးပေါ်သို့မော့ကြည့်ပြီး နှုတ်ခမ်းတွန့်ကာ ပြုံးမိသည်။
တခြားသူများသည်လည်း မိုးစက်များကျလာသည်ကို ခံစားမိသည်။ ဤကဲ့သို့ ရာသီဥတုတွင် မိုးရွာသည်မှာတော့ အနည်းငယ် ထူးဆန်းနေသည်။ ရှီမာယူယူက မိုးကိုမြင်တာတောင် ဘာလို့ ဒီလောက်ပျော်နေတာလဲ။
“ပြီးသွားပြီ…” မိုကျိ မမေးခင်မှာပင် သူမ အရင်ပြောပြီး သူ့ကိုပြုံးပြလိုက် သည် “ငါတို့နိုင်ပြီ”
ဟင်.. ရလဒ်ကိုတောင် မတွေ့ရသေးတာ။ ပြီးသွားပြီလို့ သူမက ဘယ်လို လုပ်သိတာလဲ။
မိုးသည် သူတို့အပေါ်ရွာကျလာသည်။ မိုးစက်များသည် သူတို့၏ အဝတ်များကို စိုထိုင်းစေမည့်အစား တွဲလွဲခိုနေသည်။
“ဒီမိုးက ထူးဆန်းလိုက်တာ” လူတစ်ယောက်သည် တအံ့တဩ အော်လေသည်။
မကြာမီတွင် မိုးစက်များရပ်တန့်သွားပြီး စုဝေးလိုက်ချိန်တွင် ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။ အားလုံး ငေးငိုင်နေတုန်းမှာပင် မိုးရေသည် လူတစ်ယောက် အဖြစ် တဖြည်းဖြည်းပြောင်းလဲသွားသည်။ ဝူလင်းယူ၏ မျက်နှာကိုမြင်လိုက်ရ သောအခါ အားလုံး ထိတ်လန့်ကုန်ကြသည်။
“လင်းယူ” ရှီမာယူယူ ပြေးသွားလိုက်ရာ ဝူလင်းယူသည် လက်ဆန့်ထုတ်ပြီး သူမကိုဖက်သည် “ကျင့်ကြံတာကနေ ထွက်လာပြီလား”
“အင်း သူတို့ရော ဘယ်မှာလဲ” ရှီမာယူယူ မေးလိုက်သည်။
“တစ္ဆေအိုကြီး ၉ ကိုတော့ ကိုယ်သတ်လိုက်ပြီ မိုယွိက နောက်တစ် ယောက်နဲ့ တိုက်ခိုက်နေတုန်းပဲ.. ပြီးတော့မှာပါ” ဝူလင်းယူ ပြန်ဖြေလေသည်။
မိုမျိုးနွယ်သည် ထိုစကားကြားသောအခါ ပြုံးနေကာ တစ်ဖက်တွင် မျိုးနွယ် ၉ သည် ကြောက်လန့်နေလေပြီ။
သူတို့ရဲ့ ဘိုးဘေးကြီး သေသွားပြီလား။ သူတို့ အနာဂတ်မှာ ဘာလုပ်ရ တော့မှာလဲ။
ရှီမာယူယူသည် သူတို့၏မျက်နှာထားများကို မြင်သောအခါ နှာရှုတ်လိုက် သည်။
ဒီအချိန်မှာတောင် သူတို့အနာဂတ်ကို စဉ်းစားနိုင်သေးတာလား။ ဒီအဖြစ် ပြီးသွားရင် မိုမျိုးနွယ်က သူတို့ကိုလွှတ်ပေးမယ်ထင်လို့လား။ မိုမျိုးနွယ်က သိုသို သိပ်သိပ်နေလိုက်တာ ကောင်းသွားတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ အမုန်းတရားတွေကို လွှတ်ပေးမယ်လို့ မဆိုလိုဘူးလေ။
မိုးနွယ် ၉ တင်စိုးရိမ်နေသည်မဟုတ်… ချီမျိုးနွယ်သည်လည်း စိုးရိမ် လျက်ရှိသည်။ ဝူလင်းယူသည် မျိုးနွယ် ၉ ၏ဘိုးဘေးကြီးကို သတ်ခဲ့ပြီး မိုယွိကို မကူညီပေ။ ထိုအစား သူ့ဘာသာပြန်လာခဲ့သည်။ ဆိုလိုသည်မှာ မိုယွိသည် အခြေအနေကောင်းနေပြီး သူကူညီရန်ပင်မလိုပေ။
ထိုအရာသည် ချီမျိုးနွယ်အတွက် သတင်းကောင်းတော့မဟုတ်ပေ။
ထင်ထားသည့်အတိုင်း အတန်ကြာအောင်စောင့်ပြီးနောက် မိုယွိ ပြန်လာ သည်။ သူသည် ဒဏ်ရာရထားသော်လည်း အားလုံးကို အံ့ဩစေတုန်းပင်။
“လောင်ချီကို ငါသတ်လိုက်ပြီ.. ဒီနေ့ ဆက်ပြီးတိုက်ခိုက်ချင်တုန်းလား” မိုယွိ၏ ပါးလွှာသောနှုတ်ခမ်းသည် ပေါ့ပါးနေသည်။ သူ၏အသံမှာ အရင်လို ပျင်းရိသံပါနေသော်လည်း စကားလုံးများမှာတော့ ချီမျိုးနွယ်နှင့် မျိုးနွယ် ၉တို့ အတွက် မိုးကြိုးသွားတစ်ခုလိုပင်။
ပြီးသွားပြီ… ဒီတစ်ခါ တကယ်ကြီးပြီးသွားခဲ့ပြီ။ တစ္ဆေလောကက တော်ဝင်မျိုးနွယ် ၈ ခုသည် အားကောင်းကြသည်။ သို့သော် အရေးကြီးဆုံး အကြောင်းအရင်းမှာ မိသားစုအတွင်းရှိ ဘိုးဘေးကြီးများကြောင့်ဖြစ်ကြသည်။
သူတို့၏ ဘိုးဘေးကြီးရှိလျှင် တခြားသူများသည် သူတို့ကို ရန်လာမစရဲကြ ပေ။ အခု သူတို့ ဘိုးဘေးကြီး သေသွားပြီဖြစ်သဖြင့် အနာဂတ်တွင် မိသားစု သည် ဟိုးအောက်သို့ ထိုးကျသွားမည်ဖြစ်သည်။ လူအများစုမှာ သူတို့ကို စောင့် ကြည့်နေတော့မည်ကို ကြိုတွေးမိနေလေပြီ။
မိုယွိသည် သူတို့ကိုကြည့်ရင်းနှင့် သူ့မျက်လုံးများ အရောင်လက်သွား သည်။ သူတို့က ဘယ်လိုလုပ် ဒီမှာဆက်နေရဲသေးတာလဲ။ သူတို့ သေတွင်း သူတို့တူးလိုက်တာမဟုတ်ဘူးလား။
“နောက်ဆုတ်မယ်” မျိုးနွယ်မှ အသက်ရှင်ကျန်သူများသည် အလောင်း များကိုပင် မသိမ်းနိုင်ဘဲ အမြန်ထွက်သွားကြသည်။ မိုမျိုးနွယ်အားကြောက်လန့် မှုသည် ရုတ်တရက်ပြောင်းလဲသွားကာ သူတို့ကို မတိုက်ခိုက်ရဲတော့ပေ။
“ဘိုးဘေးကြီး အဲလူတွေက တကယ်မုန်းဖို့ကောင်းတာပဲ ဘာလို့ သူတို့ကို လွှတ်ပေးလိုက်တာလဲ”
“ဟုတ်တယ် ဘိုးဘေးကြီး.. သူတို့က ကျွန်တော်တို့ကို သတ်ဖို့လာတာ ဘာလို့ လွှတ်ပေးလိုက်တာလဲ”
အငယ်တချို့မှာ မကျေနပ်ကြပေ။ ထိုလူများသည် သူတို့၏ တံခါးရှေ့သို့ ရောက်လာခဲ့ကြသည်။ သူတို့က ဒီအတိုင်းပြန်လွှတ်လိုက်ရမှာလား။
သူတို့ဘာလို့လွှတ်ပေးရမှာလဲ။
“မင်းတို့ စိတ်ပူဖို့မလိုဘူး ရန်သူနဲ့ ရှင်းရတာက တစ်ခါတလေ သတ်လိုက် တာထက် အသက်ရှင်လျက်ထားလိုက်တာက ကောင်းတယ်” မိုကျယ်သည် သူ၏ နှုတ်ခမ်းမွေးကို ပွတ်သပ်ပြီး သစ္စာမဲ့စွာ ပြုံးလေသည်။
“ခေါင်းဆောင်” အငယ်များသည် ခေါင်းဆောင်၏ အပြုံးကိုနားမလည် ပေ။ ဒါပေမဲ့ တခြားစီစဉ်ထားတာရှိသေးလို့လား။
သို့သော် ထိုစကားသည် ဩဇာရှိသူ၏ အကျင့်နှင့် လိုက်ဖက်ညီလှသည်။
“မင်းတို့ မျက်လုံးတွေက ဘယ်လိုဖြစ်နေတာလဲ” မိုကျယ်သည် အငယ် များကိုကြည့်လိုက်သည်။ သူ့ကို ဒီလိုကြည့်ရဲတာလား။
“ခေါင်းဆောင် ကျွန်တော်တို့ကို ပြောလိုက်ပါတော့ မဟုတ်ရင် ကျွန်တော် တို့ လွှတ်မပေးချင်ဘူး” လူတစ်ယောက်သည် အရဲစွန့်ပြီးပြောလေသည်။
“ဟုတ်ပြီ ဟုတ်ပြီ”
“ဟင်း အဲကလေးတွေကို ပြောလိုက်တော့.. ချီမျိုးနွယ်နဲ့ မျိုးနွယ် ၉ တို့က သူတို့မျိုးနွယ်ကို ပြန်ကြလိမ့်မယ် အဲအခါကျရင် သူတို့လက်အောက်က လုပ်ငန်းတွေကို ငါတို့သိမ်းပိုက်လိုက်တဲ့အကြောင်း သတင်းကြားရလိမ့်မယ်”
အဘိုးကြီးများ၏ ကောင်းချီးမရှိ၊ ထိုလုပ်ငန်းများမရှိဘဲနှင့် သူတို့သည် တော်ဝင်မျိုးနွယ် ၈ ခုထဲတွင် ပါဝင်နိုင်ပါ့ဦးမလား။ သူတို့ အစားခံရပြီး ခဏနဲ့ အရှင်းခံရမှာတောင် စိုးရိမ်ရတယ်။ တော်ဝင်မျိုးနွယ် အဆင့်အတန်းမှကျသွား ကာ ဤခြေအနေနှင့် အဆုံးသတ်ရသည်။ ကောင်းကင်၏ နှစ်သက်ခြင်းကိုခံရ သူများသည် လက်စားချေသည်ထက်ပင်ကောင်းသေးသည်။
မိုမျိုးနွယ်သည် ထိုစကားကိုကြားသောအခါ ပျော်ကြလေသည်။ ထိုအရာ သည် လူသတ်ရသည်ထက်ပင် ပျော်ဖို့ကောင်းသည်။
“အဘိုး ကျွန်တော်တို့ အရင်အစီအစဉ်က ဒီလိုမဟုတ်ဘူးမလား ဘယ်တုန်းက ပြောင်းလိုက်တာလဲ” မိုကျိတို့ မျိုးဆက်မှတစ်ယောက် ထွက်လာ ပြီးမေးလေသည်။
မိုကျယ်သည် ဝူလင်းယူကို အရိပ်အမြွက်မရှိကြည့်လိုက်သည် “ပြောင်း တယ်ဆိုပြောင်းတယ်ပေါ့ကွာ ဘယ်အချိန်ပြောင်းပြောင်းပေါ့.. အရင်အစီအစဉ် က အဆင်ပြေပါတယ် ဒါပေမဲ့ ရလဒ်ကတော့ ပျော်ဖို့ကောင်းမှာမဟုတ်ဘူး.. ကဲ ကဲ ဒီနေရာကို ရှင်းလိုက်ကြ.. အကုန်လုံး ပြန်နားလိုက်ကြ… ဒီနေ့ကစပြီး ငါတို့ ပုံမှန်နေ့တွေလိုဖြစ်သွားပြီ”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
အားလုံးမှာ မျိုးနွယ်သို့ ပြန်ကြသည်။ ဒဏ်ရာအပြင်းအထန်ရခဲ့သူများ သည် ဆေးကုသကြသည်။ ဒဏ်ရာမရသူများနှင့် အနည်းငယ်သာထိထားသော လူများသည် ထွက်သွားပြီးနောက် နေထိုင်ရာနေရာသို့ပြန်ကာ နားပြီး အရင်လို ဘဝကိုဖြတ်သန်းကြသည်။ သူတို့သည် လုပ်ငန်းအများစုကို သိမ်းယူလိုက် သဖြင့် အားလုံးကို ကိုင်တွယ်နိုင်ရန် အလုပ်ပိုများကြသည်။
ရှီမာယူယူသည် ဝူလင်းယူ သူတို့ကို အကြံပေးသည်ဟု မိုယွိဆီမှ ကြား သိရသည်။ သူတို့နှစ်ယောက် စကားပြောသည်ကိ သူတို့မမြင်ခဲ့ကြသော်လည်း သူမ တွေးကြည့်၍ရသည်။
“အရင်တုန်းက အကြောင်းတွေ တွေးမနေနဲ့တော့” ဝူလင်းယူသည် သူမ ၏ နဖူးကို ပုတ်လိုက်သည် “ကျင့်ကြံတာ ဘယ်လိုသက်ရောက်မှုတွေရှိလဲ”
“သေချာပေါက် ကျော်ဖြတ်နိုင်တာပေါ့.. အခု မရဏာစံတင်အဆင့်ဖြစ်နေ ပြီ” ရှီမာယူယူ ပြန်ဖြေလေသည် “ဒါပေမဲ့ နောက်ပိုင်းကိုရောက်လေလေ ကျင့်ကြံရတဲ့ အရှိန်နှုန်းကနှေးလေပဲ… မရဏာစံတင်အဆင့်ကိုကျော်ပြီးတော့ နောက်တစ်ဆင့်တက်ဖို့ကို အချိန်ကြာမှာပဲစိုးတာ”
ထိုအချိန်အတိုင်းအတာမှာ နှစ်ပေါင်းများစွာဖြစ်နိုင်ပြီး ဆယ်စုနှစ်ကြာ သွားနိုင်သလို ရာစုနှစ်လည်းဖြစ်သွားနိုင်သည်။ လက်ရှိမရဏာစံတင်အဆင့်ကို မဖြတ်နိုင်လျှင် တစ္ဆေဘုရင်သည် သူမကို လေးမျက်နှာအံဖွယ်ချိပ်စည်းကို ပြော မည်မဟုတ်ပေ။ ယူရမည့်အချိန်ကို တွက်ချက်ပြီးနောက် သူမ၏ စိတ်များ လေးလံလာသည်။
ဝူလင်းယူသည် သူမကို ဘေးမှကြည့်ပြီး နှုတ်ခမ်းတွန့်လေသည်။ ရှီမာယူယူသာ သူ့ကို လှည့်ကြည့်လျှင် သူ စိုးရိမ်နေသည်ကို မြင်ရလိမ့်မည်။
ရှီမာယူယူသည် စိတ်ထဲမှ ခေတ္တမျှ သက်ပြင်းချကာ ခေါင်းမော့ပြီး ဝူလင်းယူကို မေးလေသည် “လင်းယူ တစ္ဆေလောကက လူတွေသတင်းစုံစမ်းလို့ ရလား.. လေးမျက်နှာအံ့ဖွယ်ချိပ်စည်းက ဘယ်မှာလဲ”
ထိုအခါတွင် ဝူလင်းယူ၏ မျက်နှာထားသည် မူလအတိုင်းပြန်ဖြစ်သွားရာ သူ့စိတ်ကို သတိမထားမိလိုက်ပေ။
“မရဘူး” ဝူလင်းယူပြောလိုက်သည် “လေးမျက်နှာအံ့ဖွဘ်ချိပ်စည်းတွေ က အရမ်းလျှို့ဝှက်ဆန်းကြယ်တယ်ထင်တယ် ဘာသတင်းမှမရှိဘူး”
“အဲဒါဆိုရင် အဆင့်တက်အောင်လုပ်ပြီးမှ အဘိုးကိုသွားရှာရတော့မှာပဲ” ရှီမာယူယူ သက်ပြင်းချလေသည် “သတင်းရှိရင် ညီမကိုပြောဖို့မမေ့နဲ့နော်”
“အင်းပါ” ဝူလင်းယူသည် သူမ အရင်က ကြားဖူးသည်ကို တွေးပြီး သူမ အတွက် စိတ်မကောင်းဖြစ်မိသည်။