← Chapters

ထွက်ခွာခြင်း

Vol. 137 Ch. 1916

ထွက်ခွာခြင်း

Vol. 137 Ch. 1916

သူမ၏ တောင်းဆိုချက်သည် နတ်ဆိုးမျိုးနွယ်များ ကြားခဲ့သည့် သတင်း ကိုသာ မေးခြင်းဖြစ်ပြီး သူကြားခဲ့သည့်အကြောင်းကို မေးနေခြင်းမဟုတ်ပေ။ ထို့ကြောင့် ထိုအကြားမှကွာခြားချက်ကို အခွင့်အရေးယူလိုက်ခြင်းဖြစ်သည်။

ထိုစဉ်က တစ်စုံတစ်ယောက်၏ မျက်နှာထားကို စဉ်းစားမိလျှင် သူ အံကြိတ်မိသည်။

ထိုနေ့က သူ မိုယွိကို အစီအစဉ်ပြောင်းမည့်အကြောင်း ပြောပြီးနောက် မိုယွိသည် သူ့ကို လေးမျက်နှာအံ့ဖွယ်ချိပ်စည်းအကြောင်း ပြောခဲ့သည်။

“ဒီကိစ္စကို တစ်ယောက်တည်းလုပ်ရတာ အရမ်းဖိအားများတယ်.. ဖိအား ကို မျှပေးမယ့်လူလိုချင်နေတာ” မိုယွိ ပြုံးလိုက်သည်မှာ တစ်ယောက်ယောက် ကပင် ထရိုက်ချင်စရာကောင်းလှသည်။

သူသည် အေးစက်စွာ နှာမှုတ်လိုက်သည်။ ဒါက ဘယ်လိုတောင် ကူလီကူမာများလိုက်လဲ။ ဖိအားတွေအရမ်းများတယ်ဟုတ်လား။ ယူယူသာ အမှန်ကိုသိသွားရင် သူ့ကံကြမ္မာကို မျှဝေပေးမယ့်သူလိုနေတာလေ။

သူသည်လည်း လေးမျက်နှာအံ့ဖွယ်ချိပ်စည်းအကြောင်း တွေးလိုက်သည် နှင့် ခေါင်းကိုက်လာသည်။ တစ္ဆေဘုရင်၊ ချင်းဟွမ်၊ အသူရာငရဲနှင့် မိုယွိတို့ပင် သတင်းကိုမစုံစမ်းနိုင်ရာ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းသည် သူတို့အားလုံး ကို လှည့်စားနေသလိုပင်။ သူမ မရဏာစံတင်အဆင့်ကို ကျော်ဖြတ်နိုင်မှပင် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းနေရာကို ရှာတွေ့ရန်ကိုသာ မျှော်လင့်ရတော့ မည်။

သို့သော် ထိုစကားများသည် မိုယွိ သူ့ကိုပြောခဲ့ခြင်းဖြစ်သည်။ နတ်ဆိုး မျိုးနွယ်မှ ရှာမတွေ့ခဲ့သဖြင့် သူမ၏ တောင်းဆိုချက်လည်း မပြည့်ခဲ့ပေ။ ထို အချိန် သူမ အနံ့ခံမိလျှင်လည်း သူထိုသို့သာ ပြောရန်စီစဉ်ထားသည်။

ဝူလင်းယူ စိတ်နှင့်လူနှင့် မကပ်သည်ကို ရှီမာယူယူမြင်သောအခါ မေး လိုက်သည် “လင်းယူ ဘာတွေစဉ်းစားနေတာလဲ”

ဝူလင်းယူသည် စိတ်ကိုပြန်စုစည်းလိုက်သည်။ သည်တစ်ကြိမ်တွင် သူမ ကို မည်သည့်သဲလွန်စမှ ပေးမတွေ့နိုင်ပေ။ သူ ပြုံးပြီး ပြောလိုက်သည် “ကိုယ် ဒီအတိုင်းစဉ်းစားနေတာပါ.. အခု မိုမျိုးနွယ်ပြဿနာကို ဖြေရှင်းပြီးသွားပြီ နောက်ကို မင်း ဘယ်သွားမှာလဲ.. မင်းပြန်ချင်လား ဒီမှာနေပြီး တစ်ခုခုလုပ်ချင် လား”

ရှီမာယူယူသည် ခေတ္တမျှစဉ်းစားပြီး ပြောလိုက်သည် “ညီမက အခုမှ ကျင့်ကြံတာကနေထွက်လာတာ အဲတော့ အတွေ့အကြုံလိုသေးတယ်.. ထပ်ပြီး ကျင့်ကြံရင်လည်း သက်ရောက်မှုက အဲလောက် ကောင်းတော့မှာမဟုတ်ဘူး”

ဝူလင်းယူလည်း ထိုသို့တွေးသည်။ သူမ ဆက်ပြီး တံခါးပိတ်မကျင့်ကြံ ချင်ကြောင်း ကို သူသိသည်။

“ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ပြိုင်ပွဲလည်း ပြီးသွားပြီ.. ပြန်သွားဖို့ကို စိတ်ပူနေဖို့မလိုဘူး… ဖြည်းဖြည်းပဲ ပြန်ကြတာပေါ့.. မျက်စိရှေ့မှာ မြစ်တွေ တောင်အမြင့်ကြီးတွေကို ကြည့်ရင်လည်း ဉာဏ်ပွင့်နိုင်တာပဲ.. နားနားနေနေ နေရင်းနဲ့ ရှုခင်းလှလှတွေကို ခံစားကြတာပေါ့… ကျင့်ကြံဖို့ သင့်တော်တဲ့နေရာ တွေ့လာရင်လည်း တံခါးပိတ်ကျင့်ကြံတာပေါ့” ရှီမာယူယူသည် အရင်က အေးအေးလူလူရှိလှသော ဘဝတွင် မနေခဲ့ရသည်ကို‌ တွေးမိပြီး ရုတ်တရက် ထို ကဲ့သို့ဘဝကို မျှော်လင့်လာသည်။

“မင်းအဲလိုတွေးရင်လည်း လုပ်ချင်တာလုပ်လေ” ဝူလင်းယူသည် ဘာကို မှ မငြင်းဆန်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူ တစ္ဆေလောကသို့ ရောက်လာ သည်မှာ သူမကို အဖော်ပြုပေးရန်ဖြစ်သည်။ ထို့ကြောင့် သူမ လုပ်ချင်သည့် အတိုင်းလုပ်နိုင်သည်။

ပြီးနောက် သူသည် သူမအတွက် စိတ်မကောင်းဖြစ်မိသည်။ သူမသည် နှစ်ပေါင်းကြာရှည်သည့်တိုင်အောင် အနားမယူခဲ့ရဘဲ ကျင့်ကြံခြင်းကလွဲပြီး တခြားလုပ်ခဲ့ရသည့် အရာမရှိသည်ကို သိလိုက်ရချိန်တွင် ဤကဲ့သို့ အနားယူ လိုက်သည်ကလည်း မဆိုးလှဟုထင်သည်။

“သခင်မလေး ကျွန်တော်တို့ ဘယ်တော့သွားကြမလဲ” အရိပ်မည်းနှင့် ဟွမ်တို့သည် မိုမျိုးနွယ်တွင် တစ်နှစ်တာမျှ နေလာခဲ့ပြီဖြစ်ရာ ကောင်းကောင်း ကြီး စူးစမ်းပြီးဖြစ်လေသည်။ သူတို့ ထွက်သွားရမည်ဟု ကြားသောအခါ ပျော် ကြသည်။

“လောစရာမရှိပါဘူး မိုယွိတို့ကို ပြောပြီးတာနဲ့ ထွက်သွားတာပေါ့”

မိုယွိကို ပြောလိုက်သည်နှင့် ရိုးရှင်းသော လုပ်ငန်းစဉ်ဖြစ်လိမ့်မည်ဟု ရှီမာယူယူ ထင်သည်။ မည်သို့ပင်ဖြစ်စေကာမူ မိုမျိုးနွယ်သည် လက်ရှိတွင် အလုပ်များနေကြကာ သူမသည်လည်း အပိုဒုက္ခအဖြစ်မခံလိုပေ။

သို့‌သော် မိုယွိ၏ စကားများကို ကြားပြီးနောက် အံ့ဩလွန်းသဖြင့် သူမ၏ ပါးစပ်မှာ အပွင့်သားဖြစ်နေသည်။

“တကယ်ကြီး ပြောနေတာလား” သူမ၏ နှုတ်ခမ်းထောင့်မှာ ကွေးတက် သွားပြီး နားကြားမှားသလားဟုပင် ထင်မိသည်။

“တကယ်လေ” မိုယွိ ပြောလိုက်သည် “ငါ မင်းနဲ့လိုက်ခဲ့မယ်”

“မိုမျိုးနွယ်ရဲ့ ကိစ္စတွေက မပြီးသေးဘူးလလေ” ရှီမာဘူယူသည် ဤကဲ့ သို့ ထင်းနေသည့်ဂုဏ်အင်္ဂါရှိသည့်လူမျိုးကို အတူခေါ်မသွားချင်ပေ။ “ထပ်ပြီး လုပ်ရမယ့်ကိစ္စတွေလည်းရှိမှာပဲ ဒီလိုမျိုး ထွက်လာလိုက်တာ မကောင်းပါဘူး”

“အဲဒီကိစ္စတွေ ရှင်းဖို့လောက်ကတော့ ငါ့ကိုမလိုပါဘူး” မိုယွိ နှာမှုတ်လေ သည် “သူတို့ကိုပဲ အပ်ထားလိုက်တော့မယ်”

“ဒါဆိုရင် ကျွန်မနဲ့ ခရီးလိုက်ထွက်ပြီး ဘာလုပ်မှာလဲ.. ကိုယ့်ဘာသာ သွား လည်မှာလား” ရှီမာယူယူသည် မခေါ်ချင်ပေ။ သူနှင့်ဆိုလျှင် ပြဿနာများသလို မလွတ်လပ်နိုင်ပေ။

“မင်းနောက်လိုက်ရတာ ပျော်ဖို့ကောင်းတယ်” မိုယွိသည် သူမကို အသိ အမှတ်ပြုသည် “ပြီးတော့ အရင်ကလည်း အတူဒီလိုပဲသွားနေကျမလား ဘာလဲ ဝူလင်းယူရှိနေတော့ တခြားသူတွေကိုမလိုက်ခိုင်းတာလား”

“အဲဒါနဲ့ တူလို့လား” ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက်သည် “လူသားလောကမှာတုန်းက ရှင့်ကို ဘယ်သူမှမသိကြတော့ ရှင်နဲ့အတူသွား လည်း ဘယ်သူမှဘာမှမပြောကြဘူး.. အခု ကျွန်မတို့က တစ္ဆေလောကမှာလေ ရှင်က လုံးဝကို နာမည်ကြီးလေ.. မိုမျိုးနွယ်နဲ့ တခြားမျိုးနွယ်နှစ်ခု ကိစ္စလည်း မပြီးသေးဘူး ကျော်ကြားမှုတွေက အကုန်လုံးရှင့်အပေါ်ရောက်နေတာလေ.. ရှင့်ကို အတူခေါ်သွားတာက ပြဿနာကိုပါ ခေါ်သွားတာမဟုတ်ဘူးလား”

“အဲလိုတွေ ပြောနေလည်း အသုံးမဝင်ဘူး” မိုယွိ၏ စကားများသည် ရှီမာယူယူ၏ စကားများကို ပိတ်ပြောလိုက်သော်လည်း နောက်ဆက်ပြောသည့် စကားများမှာ ရှီမာယူယူ၏ စိတ်ကိုပြောင်းသွားစေသည် “မင်းက ဒဏ္ဍာရီနဂါး အမိန့်ကို စိတ်ဝင်စားနေတာမလား”

“ဒဏ္ဍာရီနဂါးအမိန့်ရှာဖို့ ကျွန်မကိုခေါ်သွားမလို့လား” ရှီမာယူယူ၏ မျက်လုံးများ ပင့်တက်လာသည်။

“အဲကလေး ဘယ်မှာလဲဆိုတာကို ငါမှမသိတာ.. ဘယ်လိုလုပ် ခေါ်သွား ပေးနိုင်မှာလဲ.. ဒါပေမဲ့ သူ့ကိုတွေ့ရင် အနည်းဆုံးတော့ မှတ်မိသေးတယ်လေ”

ရှီမာယူယူမှာ “…”

မည်သို့ပင်ဖြစ်စေကာမူ မိုယွိသည် သူမ၏ ခရီးစဉ်နောက်သို့ လိုက်လာ သည်။ ထွက်မသွားခင်တွင် နှုတ်ဆိတ်နေသော မိုမျိုးနွယ်များကို ကြည့်ပြီး ရှီမာဘူယူသည် စိတ်ထဲမှ ငိုကြွေးမိသည်။ ဤကဲ့သို့ အပြင်တွင် လျှောက်ပတ် သွားနေတတ်သော ဘိုးဘေးကြီးရှိသည်ကပင် သူတို့အတွက်လည်း ကံကောင်း နေသလိုပင်။

“ယူယူ အစတုန်းတော့ ဒီကိစ္စပြီးသွားရင် မင်းနဲ့ စကားကောင်းကောင်း ပြောဦးမယ်လို့ စဉ်းစားနေတာ.. ဒါပေမဲ့ မင်း ဒီလောက်မြန်မြန်ကြီး သွားလိုက် လိမ့်မယ်လို့ ထင်မထားဘူး.. နောက်ဆိုရင်တော့ မိုမျိုးနွယ်ကို လာလည်လို့ရပါ တယ်” မိုကျိ၏ မိခင်ဖြစ်သူသည် ရှီမာယူယူကိုဆွဲပြီး ပြောလေသည်။

ကံကောင်းစွာပင် မိုကျိသည် သူမကုသပေးခြင်းကြောင့် ပျောက်ကင်းခဲ့ သည်။ မဟုတ်လျှင် နောက်ဆက်တွဲဆိုးကျိုးများဖြစ်လာနိုင်သည်။

“သေချာတာပေါ့ရှင်” ရှီမာယူယူသည် ပြန်ဖြေပြီး ချက်ချင်းပင် သဘောတူလိုက်သည်။

“ယူယူ ဘိုးဘေးကြီးက မင်းနဲ့လိုက်မှာဆိုတော့ နောက်ကို သူ့ကိုဂရုစိုက် ပေးပါဦး.. သူတစ်ခုခု အမှားလုပ်မိရင်လည်း ဆုံးမပေးပါ” မိုကျယ်သည် မျက်နှာတည်တည်ဖြင့် ပြောသော်လည်း ရှီမာယူယူသည် ရယ်ကွဲမိတော့မလို ဖြစ်သွားသည်။

“စိတ်မပူပါနဲ့ အဘိုးမို.. တစ်ခုခုဆိုရင် ကျွန်မတို့ အရင်သွားလိုက်ပါမယ်” သူမသည် ဤအခြေအနေမှာ အနည်းငယ်ထူးဆန်းသည်ဟု ထင်မိသည်။ ကြာကြာနေလိုက်ပါက သူမ ရယ်မိတော့မည်ကိုပင် စိုးရသည်။

မိုကျိသည် သူတို့ကို မိုမြို့တော်ရောက်သည်အထိ လိုက်ပို့သည်။ သူ၏ တွန့်ဆုတ်နေသော မျက်လုံးများကို မြင်သောအခါ မိုယွိသည် သူ့ကို နှင်ထုတ် လိုက်လေသည်။ အလုပ်ရှုပ်နေသော မျိုးနွယ်တစ်ခုလုံးအား မျှတစေရန် သူ သည် သခင်လေးတစ်ယောက်အနေနှင့် အကြာကြီး နေရာလပ်မထားသင့်ပေ။

မိုကျိသည် စိတ်ထဲမှ ငိုမိသည်။ မျိုးနွယ်က အလုပ်များနေတယ်ဆိုရင် သူ လည်း ဘိုးဘေးကြီးပဲလေ.. ဘာလို့ သူကျထွက်သွားတာလဲ။ ဆင်ခြေတွေ အကုန်လုံး ဆင်ခြေတွေချည်းပဲ…

ရှီမာယူယူတို့သည် မိုမျိုးနွယ်မှ အထူးတလည် ပြင်ပေးထားသည့် ကြီးမား လှသော သားရဲပျံပေါ် တက်လိုက်ကြသည်။ ငှက်ကြီး၏ကျောပေါ်တွင် အခန်း သုံးခန်းရှိရာ ကျင့်ကြံနိုင်သည်။ ထို့ကြောင့် သူတို့သည် အချိန်မဖြုန်းဘဲ ကျင့်ကြံ ရင်းနှင့် ခရီးနှင်၍ရသည်။

“မဆိုးဘူးပဲ” ရှီမာယူယူသည် အထဲမှ အပြင်အဆင်ကို ကျေနပ်စွာ ကြည့် လိုက်သည်။ အပြင်ဆင်မှာ လျော့တွက်၍မရပေ။

“သေချာပေါက် မဆိုးဘူးလေ ဒါက ငါ့စီးတော်ယာဉ်ပဲ” မိုယွိ ပြောလိုက် သည် “ငါ့ငှက်နီလေးက မြန်ရုံတင်မကဘဲ ရတနာတွေကို အာရုံခံစားတတ် တယ်.. နေရာကောင်း တစ်ခုကိုဖြတ်သွားပြီဆိုတာနဲ့ သူ့မျက်လုံးကနေ ပြေး မထွက်နိုင်ဘူး”

ရှီမာယူယူသည် အနည်းငယ် အံ့ဩသွားသည်။ ဤငှက်နီကြီးသည် ဤမျှ အားကောင်းလိမ့်မည်ဟု ထင်မထားပေ။

“အခု ဘယ်သွားကြမှာလဲ”

ရှီမာယူယူသည် ရှေ့ကိုတည့်တည့်ကြည့်ပြီး ပြောလေသည် “ဒီဘက်ကိုပဲ ဆက်သွားကြတာပေါ့”

မိုယွိ ပြောရန်မလိုခင်မှာပင် ငှက်နီကြီးသည် အတောင်ပံဖြန့်ကာ မိုးပေါ် သို့ ပျံတက်သွားလေသည်။ ရှီမာယူယူသည် ပြတင်းပေါက်ဘေးထိုင်ပြီး အောက် မှ မြင်ကွင်းများကို ခံစားချက်ကောင်းကောင်းဖြင့် ကြည့်လေသည်။

“အဲကလေး ဘယ်တွေရောက်နေလည်း မသိဘူး” မိုယွိသည် သူမကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

ရှီမာယူယူ မျက်မှောင်ကြုတ်လိုက်သည် “ကျွန်မကို တစ်ခုခုဖုံးကွယ်ထား တာရှိလား”

All Chapters