← Chapters

အနက်ရောင်တောင်ဓားပြများ-၂…

Vol. 40 Ch. 590

အနက်ရောင်တောင်ဓားပြများ-၂…

Vol. 40 Ch. 590

~လွန်ခဲ့သော တစ်ချိန်က နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်တစ်ဦးကို ကျူးလွန်မိခဲ့သဖြင့် အနက်ရောင်တောင်ဓားပြများသည် နှစ်ပေါင်း တစ်ထောင်တိုင်တိုင် လိုက်လံ ချေမှုန်းခံခဲ့ရပြီး အချိန် ကြာမြင့်စွာ ခြေရာဖျောက်နေခဲ့ဖူးသည်။

သို့သော်လည်း၊ ယခုတစ်ကြိမ်တွင် သူတို့ ပြန်လည်ပေါ်ထွက်လာရုံသာမက ရီမိသားစုကိုပင် ပစ်မှတ်ထားလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။

မူလက ရီမိသားစုအပေါ် အကြံအစည်ရှိခဲ့သော စစ်မှန်သောနတ်ဘုရားများသည် ချက်ချင်းပင် လက်လျှော့လိုက်ကြ၏။

ရီမိသားစုသာ အနက်ရောင်တောင်ဓားပြများ၏ ပစ်မှတ်ဖြစ်သွားခဲ့လျှင် သူတို့၏အဆုံးသတ်မှာ ကောင်းမွန်နိုင်သည်မှာ သေချာသည်။

အကယ်၍သာ မိမိတို့က ထပ်မံ၍ လှုပ်ရှားလိုက်ပါက၊ မိမိတို့ကိုယ်တိုင် အနက်ရောင်တောင်ဓားပြများ၏ ပစ်မှတ်ဖြစ်သွားနိုင်ပြီး၊ ထိုအချိန်ကျမှ ဒုက္ခပင်လယ်ဝေရပေတော့မည်။

လေဟာနယ်အတွင်းမှ အရှိန်အဝါများမှာ တစ်ခုပြီးတစ်ခု မှေးမှိန်ပျောက်ကွယ်သွားခဲ့လေ၏။

လေဟာနယ်အတွင်းမှ အရှိန်အဝါများ ပျောက်ကွယ်သွားသည်ကို အာရုံခံမိသောအခါ

ထျန်းရွေ စစ်မှန်သောနတ်ဘုရား၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ပွင့် ဖြစ်ပေါ်လာသည်။

သူတို့ အနက်ရောင်တောင်ဓားပြများ ပျောက်ကွယ်နေသည်မှာ နှစ်သောင်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ သူတို့၏ဂုဏ်သတင်းမှာ မကျဆင်းသွားသေးပေ။

ယခုတစ်ကြိမ်တွင်တော့ သူသည် ရီမိသားစုကို အသုံးချကာ အနက်ရောင်တောင်ဓားပြများ ပြန်လည်ရောက်ရှိလာကြောင်း ကြေညာပေတော့မည်။ သူသာ ရီမိသားစုကို ထိန်းချုပ်နိုင်ပြီး လုံလောက်သော အရင်းအမြစ်များကို ရရှိမည်ဆိုလျှင်၊ နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဖြစ်သို့ တက်လှမ်းနိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။

ထိုအချိန်ကျလျှင်၊ တစ်ချိန်က အနက်ရောင်တောင်ဓားပြများကို ပြိုလဲလုနီးပါးအထိ တွန်းပို့ခဲ့သော မော့ရှယ် စစ်မှန်သောနတ်ဘုရားကိုယ်တိုင် ထပ်မံရောက်ရှိလာလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့နေတော့မည် မဟုတ်ပေ။

“မင်းတို့ဘာသာ လက်နက်ချမှာလား... ဒါမှမဟုတ် ငါက မင်းတို့ကို ပြန်မခုခံနိုင်အောင် လုပ်ပေးရမလား ၊ ပြောစမ်း။”

ထျန်းရွေစစ်မှန်သောနတ်ဘုရားက ရီကျင်းထျန်ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများထဲမှ အန္တရာယ်အငွေ့အသက်များက လေဟာနယ်ကိုပင် ခပ်ရေးရေး ခဲသွားစေ၏။

ရီကျင်းထျန်၏ မျက်နှာပေါ်မှ အပြုံးမှာမူ လုံးဝမပြောင်းလဲသွားသည့်အပြင်၊ သူသည် အနည်းငယ် စိတ်လှုပ်ရှားနေဟန်ပင် ရှိနေသေးသည်။

ခုနက စစ်မှန်သောနတ်ဘုရားများ၏ တုံ့ပြန်ပုံအရဆိုလျှင်၊ သူ့ရှေ့မှ ဤစစ်မှန်သောနတ်ဘုရားများမှာ သာမညနောက်ခံရှိသူများ မဟုတ်သည်မှာ သေချာသည်။

သို့သော် ထိုသို့ဖြစ်လေ ကောင်းလေပင်။ ထိုသူတို့၏ နောက်ခံအင်အားကြီးမားလေ၊ ထိုသူတို့ထံမှ ရရှိမည့် တန်ဖိုးကြီးပစ္စည်းများ ပိုမိုများပြားလေ မဟုတ်ပါလား။

ထိုအခိုက်အတန့်မှာပင် အရှိန်အဝါအချို့က လျင်မြန်စွာ ပြေးဝင်လာကြသည်။

အေးစိမ့်လမင်းစစ်မှန်သောနတ်ဘုရားနှင့် အခြားသူများ နောက်ဆုံးတွင် ဆိုက်ရောက်လာကြခြင်း ဖြစ်ပါသည်။

“မိတ်ဆွေရီ၊ မတွေ့ရတာ ကြာပြီနော်”

မာနကြီး စစ်မှန်သောနတ်ဘုရားက ရီကျင်းထျန်အား နှုတ်ဆက်လိုက်၏။

“မိတ်ဆွေ မာနကြီး၊ မိတ်ဆွေဖီးနစ်၊ ပြီးတော့ မိတ်ဆွေ အေးစိမ့်လမင်း... ခင်ဗျားတို့ ဘာလို့ ရောက်လာကြတာလဲ။”

ရီကျင်းထျန်သည် အေးစိမ့်လမင်း စစ်မှန်သောနတ်ဘုရားနှင့် အခြားသူများ ဤအချိန်တွင် ပေါ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မိတ်ဆွေရီ၊ ရီမိသားစုရဲ့ မဟာမိတ်တွေ ဖြစ်တဲ့အတွက်၊ ကျုပ်တို့လည်း ဘယ်နေနိုင်ပါ့မလဲ၊ ဟားဟားဟား။”

မာနကြီး စစ်မှန်သောနတ်ဘုရားက တဟားဟား ရယ်မောလိုက်သည်။

အနက်ရောင်တောင်နယ်မြေမှ အနက်ရောင်တောင်ဓားပြများအကြောင်းကို မာနကြီး စစ်မှန်သောနတ်ဘုရားနှင့် အခြားသူများလည်း ကြားဖူးထားကြ၏။

သို့သော် ထိုအရာက ဘာဖြစ်နိုင်မည်နည်း။ သူတို့ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေသို့ ရောက်လာပြီး ဖြစ်သောကြောင့်၊ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေ၏ စည်းမျဉ်းများကို လိုက်နာရပေလိမ့်မည်။

သူတို့ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှ စစ်မှန်သောနတ်ဘုရားများသည်လည်း အလွယ်တကူ အနိုင်ပိုင်းနိုင်သူများ မဟုတ်ကြပေ။

မာနကြီး စစ်မှန်သောနတ်ဘုရားနှင့် အခြားသူများ ဤအချိန်တွင် အကူအညီပေးရန် ရောက်ရှိလာလိမ့်မည်ဟု ရီကျင်းထျန်ကိုယ်တိုင်ပင် မမျှော်လင့်ထားခဲ့ရာ သူ၏ရင်ထဲတွင် တစ်ချက် နွေးထွေးသွားရလေ၏။

အခက်အခဲကြုံမှ မိတ်စစ်မိတ်မှန်ကို သိရသည်တဲ့။

ရီမိသားစု၏ စွမ်းအားကို သူ ရီကျင်းထျန်က သိသော်လည်း သည်လူများကတော့ မသိကြပေ။

ဤအချိန်တွင် ရှေ့ထွက်လာနိုင်သူအားလုံးမှာ ရီမိသားစု၏ ခိုင်မာသော မဟာမိတ်များသာ ဖြစ်ကြသည်။

ထို့ပြင် မဟာမိတ်များအတွက်မူ ရီမိသားစုသည် ဘယ်သောအခါမျှ ကပ်စေးမနဲခဲ့ပေ။

သို့သော်လည်း၊ မိမိ၏အင်အားမှာ လုံလောက်နေပြီဖြစ်သောကြောင့် မဟာမိတ်များကို ဝင်ရောက်တိုက်ခိုက်စေရန် မလိုအပ်တော့ချေ။ ရီမိသားစုက သူ၏ရန်သူများကို မည်သို့အနိုင်ယူမည်ကို ဘေးမှရပ်ကြည့်နေရုံဖြင့်ပင် လုံလောက်ပေပြီ။

“ထွက်ခဲ့ကြ။”

ရီကျင်းထျန်က လက်ခုပ်တီး၍ အမိန့်ပေးလိုက်သည်။

ရီကျင်းထျန် စကားပြောလိုက်သည်နှင့် လေဟာနယ်၏ အရိပ်အလွှာထဲမှ ပုံရိပ်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြ၏။

တစ်ယောက်... နှစ်ယောက်...။ စုစုပေါင်း လူတစ်ဒါဇင်ကျော်မှာ လေဟာနယ်၏ အရိပ်အလွှာထဲတွင် ပုန်းအောင်းနေခဲ့ကြသော်လည်း မည်သူမျှ သတိမပြုမိခဲ့ကြပေ။

တစ်စုံတစ်ယောက်က လှုပ်ရှားတိုက်ခိုက်လာမည်ကို သိရှိပြီးကတည်းက၊ ရီကျင်းထျန်သည် တိုက်ပွဲစတင်မှ ပြန်လည်ခုခံရန် စောင့်ဆိုင်းနေလောက်အောင် မမိုက်မဲပေ။

အစကတည်းက သူသည် အနက်ရောင်တောင်ဓားပြများမှ လူများ ပေါ်ထွက်လာရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။

ရုတ်တရက်ပေါ်ထွက်လာသော ကျင့်ကြံသူများကို ကြည့်ရင်း ထျန်းရွေစစ်မှန်သောနတ်ဘုရား၏ မျက်မှောင်များမှာ ချက်ချင်းကြုတ်သွား၏။

ယနေ့ သူတို့ တွက်ကိန်းလွဲခဲ့ပြီ ဖြစ်ကြောင်း သူ နားလည်လိုက်သည်။

သို့သော်လည်း၊ ကျင့်ကြံသူ တစ်ဒါဇင်ကျော်သာ...။

သူတို့အားလုံး စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများတော့ မဖြစ်နိုင်လောက်ပါဘူး၊ ဟုတ်တယ် မဟုတ်လား။

ရီမိသားစုတစ်ခုတည်းက စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများ ဤမျှအများအပြား ဘယ်လိုလုပ် ပိုင်ဆိုင်နိုင်မှာလဲလေ။

နောက်တစ်ခဏ၌...။

စစ်မှန်သောနတ်ဘုရားနယ်ပယ် ကျွမ်းကျင်သူ ဒါဇင်ကျော်တို့၏ အရှိန်အဝါများက ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာတော့၏။

အနက်ရောင်တောင်ဓားပြများ၏ အဖွဲ့ဝင်အားလုံး မယုံကြည်နိုင်သည့်အလား မျက်လုံးအစုံ လင်ဗန်းလို ပြူးကျယ်ထွက်သွားကြသည်။

စစ်မှန်သောနတ်ဘုရားနယ်ပယ်...။

ဒီလူတွေအားလုံးကစစ်မှန်သော

နတ်ဘုရားနယ်ပယ်ပဲ။

ထိုမျှမက၊ သူတို့သည် စစ်မှန်သောနတ်ဘုရားနယ်ပယ်၏ အစောပိုင်းအဆင့်များသာမဟုတ်ဘဲ၊ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်များစွာပင် ပါဝင်နေသေးသည်။

ထိုအလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားအနည်းငယ်မှာမူ ရွှေရောင်အင်မော်တယ်တာအိုအသီးကို စုပ်ယူခဲ့သူများထဲမှ အင်အားအကြီးဆုံးသူများပင် ဖြစ်ပေတော့သည်။

စစ်မှန်သောနတ်ဘုရားနယ်ပယ်မှ တန်ခိုးရှင် နှစ်ဆယ်နီးပါး၏ ပေါက်ကွဲထွက်လာသော အရှိန်အဝါများက ကောင်းကင်ဘုံ ချိတ်ဆက်နယ်မြေ တစ်ခုလုံးကို ချက်ချင်းပင် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းလိုက်တော့သည်။

မရေမတွက်နိုင်သော စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများသည် သူတို့၏နတ်အာရုံများကို ထုတ်လွှတ်ကာ စစ်မှန်သောနတ်ဘုရားများအကြား တိုက်ပွဲကြီးတစ်ခု မည်သည့်နေရာတွင် ပေါက်ကွဲဖြစ်ပွားနေသည်ကို စပ်စုလိုက်ကြသည်။

ဤမျှများပြားသော စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများ ပါဝင်သော ဤတိုက်ပွဲကြီးသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေသည်။

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်တစ်ဦးပင်လျှင် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူ နှစ်ဆယ်ကျော်၏ စုပေါင်းတိုက်ခိုက်မှုကို သတိဖြင့် ရင်ဆိုင်ရပေလိမ့်မည်။

ဤသို့သောအခြေအနေမျိုးသည် ကောင်းကင်ဘုံချိတ်ဆက်နယ်မြေအတွက် ကြီးမားသောပြောင်းလဲမှုတစ်ခုကို အမှန်တကယ်ပင် ဆောင်ကြဉ်းလာနိုင်ပေသည်။

ဒီလူတွေက... ရင်းနှီးနေသလိုပဲ။

ရှီထျန်းစစ်မှန်သောနတ်ဘုရားနှင့် အခြားသူများ၏ အချက်အလက်များမှာ အဓိကအင်အားစုကြီးများ၏ စားပွဲများပေါ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ ( ခပ်မြန်မြန် ရိပ်မိသွားတာကို ပြောချင်တာပါ)

ရုတ်တရက်ပေါ်ထွက်လာသော ဤစစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများ၏ တူညီသောအချက်ကို မကြာမီမှာပင် ဖော်ထုတ်နိုင်ခဲ့သည်။ သူတို့အားလုံးသည် တာ့ယွီနတ်မင်းဆက်မှ ဖြစ်ကြသည်။

တာ့ယွီနတ်မင်းဆက်သည် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်များအတွက် စိမ်းသက်သော နာမည်တစ်ခု မဟုတ်ပေ။

အဆင့်ချိုးဖြတ်ခြင်းကာလ

အတွင်း၊ တာ့ယွီမင်းဆက်၏ စစ်မှန်သောနတ်ဘုရားတစ်ပါး ဖြစ်သော ရီရှောင်းရှောင်းသည် သူမ ပြသခဲ့သော ကြီးမားသည့် စွမ်းအားကြောင့် စစ်မှန်သော နတ်ဘုရားများစွာ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။

ထိုအချိန်မှာပင် တာ့ယွီနတ်မင်းဆက်သည် ရီမိသားစု၏ ဌာနခွဲတစ်ခုဖြစ်ကြောင်း လူတိုင်း နားလည်ခဲ့ကြသည်။

ဆိုလိုသည်မှာ ဤစစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူအားလုံးမှာ ရီမိသားစုမှ ဖြစ်ကြ၏။

စစ်မှန်သောနတ်ဘုရားများကိုပင် ကြောက်လန့်သွားစေသော ရလဒ်တစ်ခုမှာ လူတိုင်း၏ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့သည်။

ရီမိသားစု၏ အင်အားမှာ သူတို့စုံစမ်းသိရှိထားသော စစ်မှန်သောနတ်ဘုရားနှစ်ဦး သို့မဟုတ် သုံးဦးထက် များစွာသာလွန်နေသည်။ ဤသည်မှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပြီး၊ အဆုံးမရှိသော တွင်းနက်ကြီးတစ်ခုလိုပင်။

ချန်ရီ စစ်မှန်သောနတ်ဘုရား

တစ်ဦးတည်းကပင် လူများကို သတိထားစေရန် လုံလောက်နေပြီ။

ယခုမူ စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများစွာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ ရီမိသားစုသည် အမှန်တကယ်ပင် မည်မျှအထိ အစွမ်းထက်နေသနည်း။

မရေမတွက်နိုင်သော စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများသည် ယခုအခါတွင် ရီမိသားစုထံသို့ ပြေးသွားကာ ရီဖန်ကို ဤအကြောင်းများ မေးမြန်းလိုနေကြတော့သည်။

ရီမိသားစုတွင် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်စွမ်း ရှိရမည်။

သို့သော်လည်း၊ ယခုအခါတွင် သူတို့ဆန္ဒရှိလျှင်ပင်၊ ရီဖန်ကို မေးခွန်းမထုတ်ရဲကြတော့ပေ။

စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူအချို့မှာ အလွန်အမင်း နောင်တရသွားကြသည်။ အကယ်၍သာ သူတို့သည် ရီမိသားစု၏ စွမ်းဆောင်နိုင်မှုကို ကြိုတင်သိရှိခဲ့ပါလျှင်၊ ရီဖန်က သူ၏အစွမ်းကို ပြသခဲ့သည့်တိုင်အောင် အခွင့်အရေးယူရန် ကြိုးစားကြည့်ခဲ့ကြပေလိမ့်မည်။

ယခုမူ၊ အနည်းဆုံးတော့ နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်များ မပေါ်ထွက်လာသေးသမျှ၊ သူတို့သည် ရီမိသားစုအပေါ် မည်သည့်အတွေးမျှ မကြံရဲကြတော့ပေ။

သူတို့ မသိလိုက်ခင်မှာပင်၊ ရီမိသားစုသည် သူတို့ မထိရဲလောက်အောင် အင်အားကြီးမားသွားခဲ့လေပြီ။

အနက်ရောင်တောင်

ဓားပြများသည်လည်း ဤစစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများကဲ့သို့ တူညီသော စိတ်အခြေအနေ ရှိနေကြသည်။

ခုနက သူတို့မည်မျှ စိတ်လှုပ်ရှားခဲ့ကြသနည်း၊ ယခုအခါ သူတို့ သည်လောက် ကြောက်ရွံ့ထိတ်လန့်နေကြသည်။

အချို့သော စစ်မှန်သော နတ်ဘုရားများမှာမူ စနစ်တကျ မစုံစမ်းဘဲ ရီမိသားစုကို တိုက်ခိုက်ခဲ့သည့်အတွက် သူတို့၏စိတ်ထဲတွင် ထျန်းရွေစစ်မှန်သောနတ်ဘုရားကို စတင်အပြစ်တင်နေကြလေပြီ။

ထျန်းရွေစစ်မှန်သောနတ်ဘုရား၏ ရင်အစုံမှာမူ ဖိအားတစ်ခုကြောင့် လေးလံစွာ နိမ့်ချည်မြင့်ချည်ဖြစ်နေတော့သည်။ ရီမိသားစု၏ အင်အားမှာ သူ၏မျှော်လင့်ချက်ထက် ကျော်လွန်နေခဲ့သည်ပင်။

ယခုအခါတွင် သူသည် အမြတ်ထုတ်ရန် မည်သို့လုပ်ဆောင်ရမည်ကို မဟုတ်ဘဲ၊ လာမည့်တိုက်ပွဲကို မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားသင့်ပေပြီ။

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်ဖြစ်သော မော့ရှယ်စစ်မှန်သောနတ်ဘုရားနှင့် ရင်ဆိုင်ရစဉ်ကပင်၊ ဤမျှ စိတ်ပျက်အားငယ်မဖြစ်ခဲ့ရဖူးပေ။

အနက်ရောင်တောင်ဓားပြများအတွက်မူ ထျန်းရွေ စစ်မှန်သောနတ်ဘုရားက ဂရုမစိုက်ပေ။ သူသည် မိမိကိုယ်ကိုသာ ဂရုစိုက်သည်။

သူတို့သည် အပြန်အလှန်

အကျိုးစီးပွားအတွက် စုစည်းထားသော လူတစ်စုမျှသာ ဖြစ်သည်။ သူတို့သာ ဖျက်သိမ်းသွားလျှင်ပင်၊ သူအသက်ရှင်နေသ၍ အကျိုးအမြတ်များကို ဖန်တီးနိုင်သေးသမျှ၊ အခြားနတ်ဘုရားဓားပြအဖွဲ့တစ်ခုကို ဖွဲ့စည်းရန်မှာ မိနစ်ပိုင်းမျှသာ ကြာပေလိမ့်မည်။

“စလိုက်ကြရအောင်။”

ရီကျင်းထျန်သည် ဆက်လက်စောင့်ဆိုင်းရန် စိတ်မရှည်တော့ပေ။ သူသည် ရီဖန်ထံသို့ ပို့ဆောင်ပေးရမည့် အရင်းအမြစ်များစွာ ရှိနေသေးပြီး ထိုအရာများကို ရီမိသားစု၏ အင်အားအဖြစ်သို့ ပြောင်းလဲရဦးမည်။

“သတ်။”

ရီကျင်းဟိုင် ဦးဆောင်သော ရွှေရောင်အင်မော်တယ် ဆယ့်နှစ်ဦးက

အနက်ရောင်တောင်ဓားပြများထံသို့ စတင်ထိုးစစ်ဆင်ကြတော့၏။

ရီကျင်းထျန်မှာမူ အေးစိမ့်လမင်းစစ်မှန်သောနတ်ဘုရားနှင့် အခြားသူများ၏ ဘေးတွင်ရပ်ကာ အနက်ရောင်တောင်ဓားပြများကို ပျော်ရွှင်စွာ ကြည့်ရှုနေသည်။

အေးစိမ့်လမင်းစစ်မှန်သောနတ်ဘုရားနှင့် အခြားသူများမှာ တုန်လှုပ်မှုမှ မသက်သာသေးဘဲ၊ တိုက်ပွဲစတင်မှသာလျှင် အသိဝင်လာကြတော့သည်။

သူတို့သည် တိုက်ပွဲတွင် ပါဝင်ရန် ပြင်လိုက်သော်လည်း၊ ရီကျင်းထျန်က သူတို့ကို တားဆီးလိုက်သည်။

“ဒီကိစ္စပြီးရင်၊ ကျုပ်ရဲ့ ရီမိသားစုကို ဧည့်သည်အဖြစ် ကြွရောက်ပေးကြပါ။ ကျုပ်တို့ဆီမှာ ပစ္စည်းကောင်းတွေ အများကြီးရှိနေပြီး ခင်ဗျားတို့နဲ့ မျှဝေပေးချင်ပါတယ်။”

ဆေးလုံးသန့်စင်ခြင်းနှင့် လက်နက်သန့်စင်ခြင်း နည်းစနစ်များ တိုးတက်လာသည်နှင့်အမျှ၊ ရီဖန်သည် သူမူလက ထုတ်ယူခဲ့သည်ထက် ပိုမိုကောင်းမွန်သော အရာများကို သဘာဝကျကျ ထုတ်လုပ်နိုင်ပေပြီ။

သို့သော်လည်း၊ အများစုမှာ အတွင်းပိုင်းသုံးစွဲမှုအတွက်သာ သီးသန့်ထားရှိမည် ဖြစ်သည်။

ရီဖန်၏ ကျွမ်းကျင်မှုများ ထပ်မံအဆင့်မမြင့်မားမချင်း၊ တစ်နည်းဆ်ိုရသော် ထိုအရာများမှာ ရီမိသားစုအတွက် ပိုလျှံလာမှသာလျှင်၊ သူတို့သည် ပြင်ပသို့ ထုတ်ပြန်ရန် စဉ်းစားပေလိမ့်မည်။

အကောင်းဆုံးအရာများမှာ ရီမိသားစု သို့မဟုတ် သူတို့နှင့် အရင်းနှီးဆုံးသော အင်အားစုများအတွက်သာ အမြဲဖြစ်ပေလိမ့်မည်။

ယခုမူ၊ ဤအင်အားစုများသည် ရီကျင်းထျန်၏ ယုံကြည်မှုကို အမှန်တကယ်ပင် ရရှိခဲ့လေပြီ။

မဟာမိတ်အင်အားစုများအဖြစ်မှ၊ သူတို့သည် ယခုအခါတွင် လက်တွဲဖော်များ ဖြစ်လာခဲ့ကြသည်။

ရီမိသားစု၏ လက်တွဲဖော်များအနေဖြင့်၊ သူတို့သည် ပိုမိုကောင်းမွန်သော အရာများကို သဘာဝကျကျ ခံစားခွင့်ရှိပေသည်။

ကြီးမားသော အံ့အားသင့်မှုများက မာနကြီး စစ်မှန်သောနတ်ဘုရားနှင့် အခြားသူများအပေါ်သို့ ရေလွှမ်းမိုးသွားတော့သည်။

ရီမိသားစုနှင့် အစောဆုံး ထိတွေ့ခွင့်ရခဲ့သော အင်အားစုများထဲမှ တစ်စုအနေဖြင့်၊ သူတို့သည် ရီမိသားစု၏ လျှို့ဝှက်ဆန်းကြယ်မှုနှင့် အင်အားကို အခြားသူများထက် ပိုမိုနားလည်ကြသည်။

မဟုတ်ပါက၊ သူတို့သည် ဤအချိန်တွင် အကူအညီပေးရန် သူတို့၏ အင်အားအပြည့်ဖြင့် ကတိကဝတ်ပြုကြလိမ့်မည် မဟုတ်ပေ။

ယခုအခါတွင် သူတို့၏ ကြိုးပမ်းအားထုတ်မှုများမှာ သင့်လျော်သော ဆုလာဘ်ကို ရရှိခဲ့လေပြီ။

ရီမိသားစုသည် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူများစွာကို အစုလိုက်အပြုံလိုက် မွေးထုတ်ပေးနိုင်သောကြောင့်၊ ထိုအနည်းငယ်ထက် ပိုများသော နတ်ဘုရားအသွင်ပြောင်းဆေးလုံးများ ရှိရမည်မှာ သေချာသည်။

အကယ်၍သာ သူတို့သည် ထိုအရာများမှ အနည်းငယ်ကို ရရှိနိုင်မည်ဆိုလျှင်၊ သူတို့၏ သက်ဆိုင်ရာ အင်အားစုများတွင် စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူ တစ်ဦး သို့မဟုတ် နှစ်ဦးကို ထပ်မံတိုးပွားစေနိုင်ပေလိမ့်မည်။

All Chapters