ပျင်းရိခြင်း
Vol. 137 Ch. 1917
သူမ၏ ကျဉ်းမြောင်းသော မျက်လုံးများကို ကြည့်ပြီး မိုယွိ ပြုံးလိုက်သည် “မင်း အတွေးလွန်နေပြီ မင်းကို ငါက ဘယ်လိုလုပ်ဖုံးကွယ်နိုင်မှာလဲ”
“ရှင် တစ်ခုခု လိပ်ပြာမသန့်ဘူးဆိုရင် ရှင့်ဘယ်ဘက်နှုတ်ခမ်းထောင့်က ညာဘက်နှုတ်ခမ်းထောင့်ထက် နည်းနည်းတက်တယ်” ရှီမာယူယူ ပြောလိုက် သည်။ သူငြင်းနေချင်သည်ကို မြင်သောအခါ ပြောလိုက်သည် “ဒီအကြောင်းက မိုကျိ ပြောပြတာ”
မိုယွိ “…”
မိုကျိ ဒီကလေးတော့.. ပြန်ရောက်တဲ့အထိစောင့်နေ.. သူ့ကို ဘယ်လို ရှင်းလင်းရေးလုပ်ပေးမလဲလို့…
“ပြော.. ကျွန်မကို ဖုံးကွယ်ထားတာရှိင် ဒီကနေ ပစ်ချမှာနော်” ရှီမာယူယူ သည် အေးစက်စွာ နှာရှုတ်လေသည်။
ထိုအခိုက်တွင် သားရဲပျံသည် မိုယွိ၏ ပိုင်ဆိုင်မှုဖြစ်သည်ကို သတိမထား မိပေ။
“တကယ်တော့ ဘာမှမဟုတ်ပါဘူး” မိုယွိ ပြုံးလိုက်သည် “ငါ အဲကောင် လေးကို စကားပြောတော့ သူက ငါ့ကိုတစ်ခုမေးဖူးတယ်”
“အဲဒါက ယူယူနဲ့ ပတ်သက်နေတာလား” ဝူလင်းယူသည် အခိုင်အမာပင် မေးလေသည်။
“ကျွန်မလား.. အဲဒါက ကျွန်မနဲ့ ဘယ်လိုလုပ် သွားပတ်သက်တာလဲ” ရှီမာယူယူ အံ့ဩသွားသည်။ ပြီးနောက် ထိုအရာသည် သူမအတွက်ကြောင့် မိုယွိ လိုက်နေသလားဆိုသည်ကိုလည်း သိချင်သည်။ “အဲကောင်လေးက ဘာပြော လဲ”
“သူပြောတာက သူက မိုးကြိုးမကြာခဏ အပစ်ခံရတဲ့လူကိုရှာနေတာတဲ့” မိုယွိ ပြောလေသည် “အဲတုန်းကတော့ မင်းဆိုတာကို မတွေးမိဘူး ဒါပေမဲ့ အခု စဉ်းစားကြည့်လိုက်တော့ မိုးကြိုးခဏခဏအပစ်ခံနေရတာက မင်းလေ”
ထိုစဉ်က ယန်ချန်းမြို့မှ အဖြစ်အပျက် မဖြစ်သေးသဖြင့် သူသည် ရှီမာယူယူကို မတွေးမိပေ။ သို့သော် ယန်ချန်းမြို့မှအဖြစ်အပျက်ပြီးနောက် မိုးကြိုးအပစ်ခံရသည်မှာ သူမဖြစ်ကြောင်းကို အားလုံးသိသွားကြသည်။ ဖြစ်နိုင် ချေအရှိဆုံးမှာ ထိုကောင်လေးသည် သူမကို ရှာနေခြင်းပင်။
“အဲဒါကြောင့်ကိုး.. ရှင်က ကျွန်မနဲ့ ဘာလို့အတူလိုက်ချင်တာလဲလို့ သိချင် နေတာ.. ဒါက တကယ့်အကြံကိုး. ရှင်က ဒဏ္ဍာရီနဂါးအမိန့်ကိုလိုချင်တာလား” ရှီမာယူယူ သူ့ကိုမေးလိုက်သည်။
“မင်းကသာ မလိုချင်တာ ငါကအဲဒါကို ကြည့်ချင်တယ်လေ လမ်းတစ် လျှောက်မှာ အဲကောင်လေးကို စုံစမ်းခဲ့တယ်” မိုယွိသည် ထိုကောင်လေး အကြောင်းပြောချိန်တွင် သူ့မျက်နှာထားမှာ တစ်ခုခုလွဲမှားနေသလိုပင်။
ရှီမာယူယူသည် သူ့ကို အတန်ကြာအောင် စိုက်ကြည့်ပြီးနောက် ရုတ်တ ရက်ပြုံးပြီး သူ့ကိုညွှန်ပြကာ ပြောလေသည် “မိုယွိ မိုယွိ နှစ်ပေါင်းထောင်ချီ အောင်နေလာခဲ့တဲ့ အဘိုးကြီးကတော့ ကောင်လေး လိမ်တာကိုခံလိုက်ရပြီ ဟား ဟားဟား”
“ဘာတွေ အဲလောက်ရယ်ရလို့လဲ… သူက ကလေးပုံစံပဲလေ အသက် ဘယ်လောက်ရှိပြီလဲဆိုတာ ဘယ်သူသိမှာလဲ” မိုယွိသည် မငြင်းဆန်ပေ။ သို့သော် သူ့မျက်နှာထားမှာ ဆူပုပ်နေလေပြီ။
ထိုမျက်နှာမှာလည်း ရိုးရှင်းသောကလေး၏ လှည့်ဖြားခြင်းကို ခံလိုက်ရ ခြင်းကြောင့် ဖြစ်လာခြင်းဖြစ်သည်။ သူသာ ကလေမဟုတ်ဘူးဆိုတာသိရင် ဘယ်လိုလုပ် အလိမ်ခံရမှာလဲ။
သူ အဲကောင်ကို ဖမ်းမိရင်တော့ သေချာပေါက် ပညာပေးရမယ်။
ရှီမာယူယူသည် သူကြိမ်ဝါးနေသည်ကို ဂရုစိုက်မနေတော့ပေ။ သူ အတူ လိုက်လာသည့် အကြောင်းအရင်းကို သိသွားသောအခါ သူမ စိတ်ချသွားသည်။
“ရှင်လိုက်ချင်တယ်ဆိုလည်း လိုက်ခဲ့ပါ.. ဒါပေမဲ့ ရှင့်ကြောင့်မို့လို့ ကျွန်မ အစီအစဉ် မပြောင်းဘူးဆိုတာကိုတော့ ကြိုပြောထားလိုက်မယ်”
“မဟုတ်ဘူး ငါက ဒီအတိုင်းနောက်ကလိုက်ပြီး လှည့်သွားနေတာပဲ.. အဲကောင်လေးက ငါ့ရှေ့ရောက်လာတာ” မိုယွိ ပြောလိုက်သည်။
ထိုကောင်လေး၏ ပစ်မှတ်မှာ ရှီမာယူယူဖြစ်သည်။ ယန်ချန်းမြို့မှ အဖြစ်အပျက်ကြောင့် သူ အခုလောက်ဆို သိလောက်ပြီဖြစ်သည်။ ထို့ကြောင့် ဤနေရာသို့ လာမည် ကိုသေချာနေသည်။
ပြီးနောက် သူသည် ရှီမာယူယူ၏ ဘေးတွင်နေရင်းနှင့် ထိုကောင်လေးကို စောင့်ရုံပင်ဖြစ်သည်။
ငှက်နီသည် တစ်လကြာအောင် ပျံသန်းပြီးနောက် မိုမျိုးနွယ်၏ ပိုင်နက် နေရာမှ ထွက်လာခဲ့သည်။ သူတို့ထိုနေရာမှ ထွက်လာသောအခါ မိုယွိသည် နေရာနှင့် မရင်းနှီးတော့ပေ။
သူတို့သည် လှပသောနေရာတစ်ခုကို ရွေးပြီး နားကြသည်။ ငှက်နီသည် ဆင်းသက်ရန် နေရာရှာရာ ရေတံခွန်ဘေးရှိ မြေပြန့်ကိုရွေးချယ်လိုက်သည်။
“ဒီနေရာက ကောင်းတာပဲ.. ငါးဖမ်းပြီး ကင်ကြမလား” ရှီမာယူယူ အကြံ ပြုလိုက်သည်။
အစားအသောက်အသံကြားသည်နှင့် အရိပ်မည်းသည် ချက်ချင်းပင် ကမ်းလှမ်းသည် “ဒါဆို ကျွန်တော် ငါးသွားဖမ်းလိုက်မယ်”
“ဝိညာဉ်စွမ်းအင်နဲ့ မသတ်နဲ့နော် မဟုတ်ရင် အရသာမကောင်းတော့ဘူး ဒီအတိုင်းပဲဖမ်းလိုက်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီ... သခင်မလေး လုပ်ရမှာက စောင့်ရုံပဲ” အရိပ်မည်း ပြန်ဖြေလေ သည်။
သို့သော် ဝိညာဉ်စွမ်းအင် သုံးခွင့်မရှိသည်မှာ ရိုးရှင်းသည်ဟု ထင်ထားခဲ့ သည်။ ငါးများမှာ အလွန်ချော်ထွက်နေပြီး ဖမ်းမိလုဆဲဆဲတွင် ထွက်ပြေးသွား ပြန်သည်။ နာရီဝက်အကြာတွင် သူသည် အကောင်သေးနှစ်ကောင်သာ ဖမ်းမိရာ သူတို့အားလုံးစားရန်အတွက် မလုံလောက်ပေ။
“ကျန်တဲ့လူတွေ ဒီအတိုင်းပဲရပ်ကြည့်မနေနဲ့ လာပြီးအတူဖမ်းလေ” အရိပ် မည်းသည် ကမ်းစပ်ပေါ်မှ ယောက်ျားသား သုံးယောက်ကို အော်လေသည်။
“မင်း ကောင်းကောင်းလုပ်နေတာ တွေ့လို့ ငါတို့ မလိုဘူးလို့ထင်လို့” ဟွမ်သည် သစ်ပင်ကြီးကို မှီနေပြီး သွားကူညီရန် ရည်ရွယ်ချက်မရှိပေ။
ကျန်နှစ်ယောက်မှာလည်း ကူညီရန် စိတ်ကူးပင်မရှိပေ။
ရှီမာယူယူသည် ပြင်ဆင်မှုပြီးတော့မည်ဖြစ်သည်။ တောင်းထဲမှ သနားစရာ ငါးနှစ်ကောင်ကို ကြည့်ပြီးနောက် သူမသည် ကမ်းစပ်မှ လူသုံးယောက်ကို ကြည့်ပြီး ပြောလိုက်သည် “ရှင်တို့လည်း မြန်မြန်လေး ကူညီလိုက်ပါဦး.. မသွား ဘူးဆိုရင် ဘာငါးကင်မှစားရမှာမဟုတ်ဘူး”
“ငါလည်းသွားရမှာလား” မိုယွိသည် မလှုပ်မယှက်နှင့် ရေကို တွန့်ဆုတ် စွာ ကြည့်လေသည်။
သူက မိုမျိုးနွယ်ရဲ့ ဘိုးဘေးကြီးလေ။ ဒီလိုမျိုးတွေ တစ်ခါမှမလုပ်ဖူးဘူး။ အခု သူမက သူ့ကို မြစ်ထဲဆင်းပြီး ငါးဖမ်းခိုင်းနေတာလား။
“ရှင် သွားစရာမလိုပါဘူး” ရှီမာယူယူ၏ စကားလုံးများသည် သူ့ကို စိတ် သက်သာရာရစေသည်။ သူ ဘာမှမပြောခင်မှာပင် သူမ ဆက်ပြောလေသည် “ခဏနေရင် ဘာမှတော့ စားရမှာမဟုတ်ဘူး”
“…”
ခြိမ်းခြောက်တာ… ရှင်းရှင်းလင်းလင်းကြီးကို ခြိမ်းခြောက်နေတာ…
ခဏနေ သူတို့ အားလုံးစားသောက်နေချိန်တွင် သူတစ်ယောက်တည်း ရပ် ကြည့်နေရမှာတော့ အဆင်မပြေလှပေ။
“ဟုတ်ပြီလေ” သူ သဘောတူကာ ဖိနပ်ချွတ်ပြီး ရေထဲဆင်းရာ ဟွမ် လည်း လိုက်ဆင်းလေသည်။
ပြီးနောက် ဝူလင်းယူသည် ရေထဲသို့မဆင်းဘဲ သူတို့သုံးယောက် ငါးဖမ်း သည်ကို ရပ်ကြည့်နေလေသည်။
“လင်းယူ ဘာလို့ဆင်းမလာတာလဲ.. သခင်မလေးက မင်းကို ကြင်နာမယ် မထင်နဲ့.. မင်းလည်းခြွင်းချက်မရှိဘူး.. ခဏနေရင် ငါးကင်မကျွေးဘူး” အရိပ် မည်း စောဒကတက်သည်။
ဝူလင်းယူ ပြုံးလိုက်သည်။ သူ ငြင်းခုံမနေဘဲ သူတို့သုံးယောက် ငါးဖမ်းနေ သည်ကိုသာ ကြည့်နေလိုက်သည်။
အတန်ကြာသည်အထိ သူတို့သည် မည်သည့်ငါးမှဖမ်းမရသဖြင့် စိတ်ဓာတ်ကျလာသည်။
ထထိုအချိန်တွင် ရေထဲသို့ ပစ္စည်းတစ်ခုကျလာသည့် အသံသည် သူတို့၏ အာရုံကို ဆွဲဆောင်လိုက်သည်။ သူတို့ကြည့်လိုက်ရာ ဝူလင်းယူ၏ လက်ထဲတွင် ငါးဖမ်းပိုက်ကွန်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထိုအခါတွင် သူတို့သုံးယောက်၏ မျက်နှာများမှာ မည်းမှောင်သွားလေ သည်။ ဒီလူက စိတ်ထဲမှာတွေးထားတာ ရှိရဲ့သားနဲ့ သူတို့ကိုမပြောဘူး။ ရေထဲ မှာ အရှက်ရနေတဲ့ သူတို့ကိုကြည့်နေတာ တကယ်မုန်းဖို့ကောင်းတာပဲ။
သူတို့သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်လိုက်ကြပြီး ဘာစကားတစ်ခွန်းမှ မပြောဘဲ ကမ်းစပ်ကိုသွားကာ ဝူလင်းယူကို တိုက်ခိုက် လေသည်။
သူတို့သည် အမှန်တကယ် တိုက်ခိုက်နေခြင်းမဟုတ်သဖြင့် ရှီမာယူယူ လည်း ဂရုစိုက်မနေတော့ပေ။ ခြင်းထဲရှိ ငါးတချို့ကိုကြည့်လိုက် ကမ်းပေါ်သို့ ပစ်လာသော ပိုက်ကွန်ကိုကြည့်လိုက်နှင့် သူမ ခေါင်းခါလိုက်ပြီး မြစ်ထဲသို့ ဆင်း ကာ ဆေးကြောလိုက်သည်။ ငါးများ ခုတ်ထစ် ကြေးခွံချွတ် ဆေးကြောပြီး နောက် တံစို့ထိုးကာ ကင်လိုက်သည်။
သူတို့လေးယောက်သည် ငါးကင်အနံ့ကြောင့် အာရုံရောက်လာသည်။ အရိပ်မည်းသည် အစားအသောက်ခုံမင်သူဖြစ်သဖြင့် အမြန်ဆုံးပြေးလာသည်။ ရှီမာယူယူသည် သူ့မျက်လုံးများ အရောင်တောက်နေသည်ကို ကြည့်ပြီး ပြုံး လိုက်သည် “ဘာလို့ ဆက်မလုပ်ကြတာလဲ”
“ဟေ့ ဒီမှာစားစရာရှိနေတာလေ စားဖို့က အရေးကြီးတယ်” ရှီမာယူယူ ငါးကင်တချို့ကို သူ့ဘေးသို့ချလိုက်သည်ကို အရိပ်မည်း မြင်သောအခါ အမြန် ပင် ကိုင်ပြီး စတင်စားတော့သည်။
ရှီမာယူယူသည် သူ့ကိုမတားပေ။ ထိုငါးကင်မှာလည်း သူ့အတွက်ဖြစ် သည်။
ဝူလင်းယူသည် နောက်ဆုံးမှ ပြန်လာသည်။ သူသည် သူတို့သုံးယောက်၏ ပညာပေးခြင်းခံလိုက်ရသော်လည်း ဒဏ်ရာမရပေ။ သူ၏ အဝတ်များပင် ရှုပ်ပွ ခြင်းမရှိရာ ရန်ဖြစ်ထားသည့်လူနှင့် မတူပေ။
သူအပြစ်ရှိနေသဖြင့် သူတို့သုံးယောက်သည်လည်း အားမထည့်ကြပေ။
အရိပ်မည်းသည် ဘေးကို ငါးကင်နှင့်ရောက်လာသည်။ သူ မြေပြင်ပေါ်မှ သစ်ချသီးအခွံများကို မြင်သည်။ မထင်မှတ်စွာပင် နင်းလိုက်သောအခါ သစ်ချ သီးအခွံသည် ကွဲမသွားဘဲ သူ့ခြေထောက်သာ နာသွားသည်။
“ဒါက ဘယ်လို သစ်ချသီးအခွံလဲ ဘာလို့ ဒီလောက်မာတာလဲ”
သူ အော်လိုက်ချိန်တွင် အနောက်မှ သစ်ပင်သည် သစ်ချသီးပင်ဖြစ်နေ သည်ကို အားလုံးသတိထားမိသွားကြသည်။