← Chapters

ကောင်းကင်ဘုံနတ်ဆိုးကို တွန်းလှန်ခြင်း_၁…

Vol. 40 Ch. 599

ကောင်းကင်ဘုံနတ်ဆိုးကို တွန်းလှန်ခြင်း_၁…

Vol. 40 Ch. 599

~အမွေအနှစ်ကို လက်ခံခဲ့သူအားလုံးမှာ သူတို့၏ကျင့်ကြံခြင်းအဆင့်၌ အခြေခံအားဖြင့် အဓိကအဆင့်ချိုးဖြတ်နိုင်ကြပြီး၊ အနိမ့်ဆုံးအဆင့်မှာမူ အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့်တွင် ရှိနေခဲ့သည်။

ဗောဓိဘိုးဘေးနှင့် သူ၏မျိုးဆက်နှစ်ဦးမှာမူ အလယ်အလတ်အဆင့် စစ်မှန်သောနတ်ဘုရားအဆင့်သို့ပင် ရောက်ရှိသွားခဲ့ရာ၊ လက်ရှိပတ်ဝန်းကျင်တွင် သူတို့၏သီးသန့်နတ်ဘုရားလက်နက်များနှင့် ပေါင်းစပ်လိုက်လျှင်၊ သူတို့သည် အင်အားကြီးသူများ၏ ပထမတန်းစား အဆင့်တွင် ထားရှိရန် အရည်အချင်း ပြည့်မီပါတော့မည်။

ရီမိသားစု၏ အင်အားမှာ တစ်ဖန်ပြန်လည်၍ လှိုင်းလုံးကြီးတစ်ခုပမာ တိုးတက်သွားခဲ့ပြန်သည်။

ပြန်လည်ရောက်ရှိပြီးနောက်၊ ရီဖန်သည် လူတိုင်းကိုမိမိတို့၏ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ထားရန် ညွှန်ကြားလိုက်၏။

လက်ရှိအခြေအနေမှာ မရှင်းလင်းသေးဘဲ၊ ရီမိသားစု၏အင်အားကို ဖော်ထုတ်ပြသည်က အကျိုးမရှိပေ။

တောနက်ကြီးမှာ နိုးထလာတော့မည်ဖြစ်ပြီး၊ ၎င်းမှာ သေချာပေါက် အလွန်ငြိမ်သက်နေမည်မဟုတ်။

အရာအားလုံး ရှင်းလင်းသွားသည့်အခါ၊ တစ်စုံတစ်ယောက်က ရီမိသားစုကို တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်လျှင်၊ သူတို့သည် ကြောက်မက်ဖွယ် ကောင်းခြင်း ဟူသော အဓိပ္ပာယ်အမှန်ကို နားလည်သွားကြပေလိမ့်မည်။

ရီဖန်သည် ထိုအဖြစ်ကို အနည်းငယ် မျှော်လင့်နေမိသည်။ ရီမိသားစု၏အင်အားမှာ လောကကြီး၏ရှေ့မှောက်တွင် ထုတ်ဖော်ပြသလိုက်သည့်အခါ၊ လူများမည်သို့ တုံ့ပြန်ကြမည်ကို သူ သိချင်နေမိ၏။

...

အဆင့်ချိုးဖြတ်ခြင်း...

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား။

ရီမိသားစုတွင် အထွတ်အထိပ်တန်ခိုးရှင်များ အရေအတွက် တိုးပွားလာသည်နှင့်အမျှ၊ ရီဖန်၏ကျင့်ကြံခြင်းအရှိန်မှာ တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့သည်။

ထိုသို့ ပြီးနောက်တွင်၊ သူ၏ကျင့်ကြံခြင်းအဆင့်မှာ နောက်ဆုံးတွင် နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားသို့ အဆင့်ချိုးဖြတ်သွားခဲ့လေပြီ။

သို့သော် ရီဖန်၏စိတ်အခြေအနေမှာ ယခုအချိန်တွင် အထူးတလည် ကောင်းမွန်မနေခဲ့ပေ။

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားသို့ အဆင့်ချိုးဖြတ်ပြီးနောက်၊ သူသည် ကမ္ဘာကြီး၏ သံခြေကျင်းခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ဖြစ်ပြီး၊ သူ၏ကျင့်ကြံခြင်းအရှိန်ကို များစွာနှေးကွေးသွားစေသည်။

ယခင်ကနှင့်နှိုင်းယှဉ်လျှင်၊ လုံးဝပင် ယှဉ်စရာမရှိတော့။

ထို့အပြင်၊ ရီဖန်သည် အဟန့်အတားတစ်ခုကို အသိအမှတ်ပြုလိုက်ရသည်။

၎င်းမှာ အရည်အချင်းကြောင့် ဖြစ်ပေါ်လာသော အဟန့်အတားမဟုတ်ဘဲ၊ ကမ္ဘာကြီး၏

အဟန့်အတား တစ်ခုပင် ဖြစ်သည်။

ကမ္ဘာကြီးက ရီဖန်ကို ဖိနှိပ်ထားပြီး၊ သူ့ကို ပိုမိုမြင့်မားသော နယ်ပယ်တစ်ခုသို့ အဆင့်ချိုးဖြတ်ခြင်းမှ တားဆီးနေသကဲ့သို့ ထင်ရ၏။

ဤသည်မှာ ရီဖန် ပန်ကုစကြဝဠာထဲတွင် ရှိနေစဉ်ကကဲ့သို့ပင်။

ထိုစဉ်က ကမ္ဘာကြီး၏ ဖိနှိပ်မှုသည် တန်ခိုးရှင်ကြီးများကို မှိုင်တွေသွားစေခဲ့သည်။

ရီဖန် ယုံကြည်သည်မှာ အခြားနှောင်းပိုင်းအဆင့် စစ်မှန်သော နတ်ဘုရား ကျင့်ကြံသူများသည်လည်း ထိုနည်းတူပင် ဖြစ်ရမည်ဟူ၍။

အဆင့် မချိုးဖြတ်နိုင်ဘဲ၊ သူတို့၏ ကျင့်ကြံခြင်း အဆင့်များမှာ နှောင်းပိုင်းအဆင့် စစ်မှန်သော

နတ်ဘုရားတွင် အမြဲတစေ ကန့်သတ်ခံထားရပေမည်။

ဤမျှနှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင်၊ ရီဖန်သည် စစ်မှန်သောနတ်ဘုရားအထွတ်အထိပ် ကျွမ်းကျင်သူများ သို့မဟုတ် စစ်မှန်သောနတ်ဘုရားနယ်ပယ်ကို ကျော်လွန်သွားသူများအကြောင်း ဘယ်သောအခါမျှ မကြားခဲ့ရသည်မှာ မထူးဆန်းတော့ပေ။

ဤသို့သောအကြောင်းပြချက်တစ်ခု ရှိနေခဲ့သည်ကိုး။

ဒီလက်ရှိကမ္ဘာကြီးက အရင်က ပန်ကုစကြဝဠာလိုပဲ၊ ပျက်စီးနေတဲ့အခြေအနေမှာ ရှိနေလောက်တယ်။

အဆင့်ချိုးဖြတ်ချင်တယ်ဆိုရင်တော့၊ ကမ္ဘာကြီး ပြန်လည်ပြုပြင်ပြီးတဲ့အထိ စောင့်ရမှာပဲ။

တောနက်ကြီး နိုးထလာမှု။

ဒါက ဒီလိုကြောင့်ကိုး။

အတိတ်မှ အစအနအချို့မှာ ရီဖန်၏စိတ်ထဲတွင် တဖြည်းဖြည်းနှင့် ဆက်စပ်မှုရှိသော အကြောင်းအရာအဖြစ် ပုံပေါ်လာခဲ့သည်။

တောနက်ကြီး၏ နိုးထလာမှု...။

ကမ္ဘာကြီး၏ ပြည့်စုံလာမှု...။

အဆင့်ချိုးဖြတ်ခြင်း၏ လမ်းကြောင်း...။

ဤနှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအားလုံးသည် ယခုအခါတွင် တောနက်ကြီး၏ နိုးထလာမှုကို စောင့်ဆိုင်းနေကြရမည်သာ။

တောနက်ကြီး လုံးဝနိုးထလာမှသာလျှင် သူတို့သည် အဆင့်ချိုးဖြတ်ခြင်း၏လမ်းကြောင်းပေါ်တွင် ဆက်လက်

လျှောက်လှမ်းနိုင်ပေလိမ့်မည်။

ဤနှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူများသည် ဆက်လက်အဆင့်ချိုးဖြတ်လိုစိတ် ရှိကြရမည်သာ။

ကောင်းကင်ဘုံနတ်ဆိုးက ဤမျှကြီးမားသော လှုပ်လှုပ်ခတ်ခတ်ဖြစ်မှုကို ဖြစ်ပွားစေခဲ့သော်လည်း၊ မည်သူတစ်ဦးတစ်ယောက်မျှ လာရောက်စီမံခန့်ခွဲမှု မပြုသည်မှာ အံ့ဩစရာမရှိတော့ပေ။

ဤနှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်ကြီးများအတွက်၊ တောနက်ကြီး နိုးထလာရန် စောင့်ဆိုင်းခြင်းသည် ယခုအခါတွင် အရေးကြီးဆုံးအရာ ဖြစ်နေ၍ပင်။

အရာအားလုံးမှာ ပိုမို၍ ရှင်းလင်းလာခဲ့လေပြီ။

ဟုတ်ပေသည်၊ ရီဖန်သည်လည်း ကောင်းကင်ဘုံနတ်ဆိုးကို ဝင်ရောက်စွက်ဖက်ရန် စိတ်မပါပေ။

ကောင်းကင်ဘုံနတ်ဆိုးက ရီဖန်ကို အနှောင့်အယှက်မပေးသမျှ ကာလပတ်လုံး၊ သူသည် ဒုက္ခကို ဆန္ဒအလျောက် သွားရောက်ရှာဖွေမည်မဟုတ်ပေ။

ငြိမ်းချမ်းစွာ သန်မာခြင်းသည် အကောင်းဆုံးသော ရွေးချယ်မှုပင်။

“အိုး…”

ရီဖန်၏နတ်အာရုံ လွှမ်းခြုံထားသော ရီမိသားစု၏ ပိုင်နက်အတွင်း၌၊ ထူးဆန်းသော ဖြစ်တည်မှုတစ်ခု ရုတ်တရက်ပေါ်ထွက်လာခဲ့သည်။

စိတ်အာရုံတစ်ချက်ဖြင့်၊ ဤသူစိမ်းမှာ ချက်ချင်းပင် ရီဖန်၏ဂူအိမ်တော်အတွင်းသို့ ရွှေ့ပြောင်းခံလိုက်ရသည်။

ဒါက အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူတစ်ယောက်။

အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူတစ်ယောက်က ရီမိသားစုရဲ့ ကာကွယ်ရေးအခင်းအကျင်းကို ကျော်ဖြတ်ပြီး ရီမိသားစုထဲမှာ ပေါ်လာတယ်ဟုတ်လား။

ငါသာ သူ့ကိုမတွေ့ခဲ့ရင်၊ ဒါမှမဟုတ် ဒီစစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူက ရုတ်တရက်လှုပ်ရှားလိုက်ရင်၊ အကျိုးဆက်တွေက တွေးတောင်မတွေးဝံ့စရာပဲ။

ကျစ်။

ရီမိသားစုကို လာရှုပ်ရဲတယ်၊ သေချင်နေတာပဲ။

အစွန်းရောက်သော သတ်ဖြတ်လိုစိတ်တစ်ခုမှာ ပေါ်ထွက်လာပြီး ရီမိသားစုတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ရီမိသားစု ကျင့်ကြံသူအားလုံးမှာ ကမန်းကတန်း ခေါင်းမော့လိုက်ကြပြီး၊ ရီဖန်၏သတ်ဖြတ်လိုစိတ်ကို ခံစားမိကာ သူတို့၏နှလုံးသားများမှာ ဒေါသများ မီးခိုးလုံးလို လိမ့်တကမလာတော့၏။

ပြေးမကြည့်ဘဲနှင့်ပင်၊ သူတို့ သိသည်မှာ ရီဖန်ကို ဤမျှဒေါသထွက်စေသူသည် ရီမိသားစုကို တိုက်ခိုက်ခဲ့သူသာ ဖြစ်ရမည်။

ရီမိသားစု၏ အဖွဲ့ဝင်များအနေဖြင့်၊ ရီမိသားစု ကျင့်ကြံသူများသည် ရီမိသားစုနှင့် အလွန်ပင် တစ်သားတည်းကျနေကြသည်။

အကယ်၍ တစ်စုံတစ်ယောက်က ရီမိသားစုကို တိုက်ခိုက်ရန် ဝံ့မည်ဆိုလျှင်၊ သူတို့သည် သေသည်အထိ တိုက်ခိုက်ရန် ဝံ့ကြပေလိမ့်မည်။

သူတို့သေဆုံးသွားလျှင်ပင်၊ သူတို့၏ပြိုင်ဘက်ထံမှ အသားတစ်တစ်ကို ဆွဲယူသွားကြပေလိမ့်မည်။

ရီဖန်၏ရှေ့မှောက်တွင်၊ ရီဖန် ရှာဖွေတွေ့ရှိခဲ့သော အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူမှာ ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေခဲ့သည်။

သူသည် ရီမိသားစုအတွင်းမှ သတင်းအချက်အလက်များကို ချောင်းမြောင်းရန် အမိန့်ပေးခံခဲ့ရပြီး၊ သူ၏ပုန်းကွယ်နိုင်စွမ်း ကောင်းမွန်မှုကြောင့်၊ ရီဖန် မရှာနိုင်ဟု အောက်မေ့ခဲ့သည်သာ။

သို့သော် မမျှော်လင့်ထားခဲ့သည်မှာ ရီဖန်သည် သူထင်ထားသည်ထက် ပိုမိုအားကောင်းနေခြင်းပင်။

သူသည် အခင်းအကျင်းကို ကျော်ဖြတ်ပြီး ရီမိသားစုအတွင်းသို့ ဝင်ရောက်ကာစရှိသေးပြီး၊ သူလှုပ်ရှားရန် အချိန်မရမီမှာပင်၊ ရီဖန်၏ ဖမ်းဆွဲခံလိုက်ရသည်။

သူသည် လက်တစ်ကမ်းအလိုမှ ရီဖန်ကို ကြည့် နေလေသည်။ သူသည် ရီဖန်နှင့် သေသည်အထိ တိုက်ခိုက်ရန် နည်းနည်းမျှ အစီအစဉ်မျှ မရှိခဲ့ပေ။

သူ၏နတ်ကိုယ်ထည်ကို ပထမဆုံးအခွင့်အရေးမှာပင်

ဖျက်ဆီးလိုက်၏။

သူ၏စစ်မှန်သောဝိညာဉ်ကိုတော့ အသက်ရှင်လျက် ထိန်းသိမ်းထားလိုက်၏။

အစောပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား ကျင့်ကြံသူတစ်ဦး၏ နတ်ကိုယ်ထည်ပေါက်ကွဲမှုမှာ နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်တစ်ဦးပင်လျှင် လျစ်လျူမရှုနိုင်သောအရာ ဖြစ်သည်။

သို့သော် ရီဖန်၏ရှေ့မှောက်တွင်တော့...။

စွမ်းအင်အားလုံးမှာ ရုတ်တရက် ငြိမ်သက်သွား၏။

မူလအစ၏ လမ်းကြောင်းတရား...။ အရာအားလုံးကို ထိန်းချုပ်ခြင်း။

ရီဖန် ပိုမိုကောင်းမွန်စွာ ထိန်းချုပ်နိုင်သော စွမ်းအင်အားလုံးမှာ သူ၏ရှေ့မှောက်တွင် ၎င်းတို့၏ရင်းမြစ်ကို ဆန့်ကျင်ပုန်ကန်ကြပေလိမ့်မည်။

စွမ်းအင်မှာ ယဉ်ပါးသွားသည်။ စစ်မှန်သောနတ်ဘုရား ကျွမ်းကျင်သူ၏ နတ်ကိုယ်ထည်မှာ ပျောက်ကွယ်သွား၏။

သို့သော်ငြားလည်း၊ ရီဖန်သည် သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပေ။

ထိုသူ မိမိကိုယ်ကို

ဖောက်ခွဲလိုက်သည့်အခိုက်အတန့်တွင်၊ ရီဖန်သည် မော့ရှယ်

စစ်မှန်သောနတ်ဘုရားကို ကယ်တင်ခဲ့သော အမှောင်စွမ်းအင်နှင့် ထပ်တူကျသည့် ရင်းနှီးသော အမှောင်စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။

ပြီးခဲ့တဲ့တစ်ခေါက်က မော့ရှယ်စစ်မှန်သောနတ်ဘုရားကို သေလမ်းကနေ တစ်ခါ လွှတ်ပေးလိုက်ရတာကတောင် ငါ အတော် ဒေါသထွက်နေတာ။

အခု၊ ဒီလိုပုံစံမျိုးနဲ့ ငါ့ကိုလာပြီး ရန်စနေတယ်၊ ရီမိသားစုကို အနိုင်ကျင့်လို့လွယ်တယ်လို့ တကယ်ထင်နေကြတာလား၊ ဟမ့်။

ရင်တွင်း ကြိမ်းဝါးသံနှင့်အတူ နောက်တစ်ခဏတွင်...

ရီဖန် နေရာလွတ်ကို တိုက်ရိုက် ဆုတ်ဖြဲလိုက်သည်။

သူ၏ရုပ်ခန္ဓာပတ်လည်တွင် ဘဝခြောက်သွယ် လည်ပတ်ခြင်းတရား၏ အရှိန်အဝါများ အပြင်းအထန် ရစ်ဝဲနေလျက်၊ ရီဖန်သည် အချိန်နှင့်နေရာလွတ်၏ မြစ်ကြောင်းထဲသို့ ထိုးစစ်ဆင်ဝင်ရောက်သွားတော့သည်။

အချိန်နှင့်နေရာလွတ်၏ မြစ်ကြောင်းအတွင်း၌၊ စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်၏ စစ်မှန်သောဝိညာဉ်ကို သယ်ဆောင်ကာ ထွက်ပြေးရန် ကြိုးစားနေသော အနက်ရောင်စွမ်းအင်သည်၊ ရီဖန် အချိန်နှင့်နေရာလွတ်၏ မြစ်ကြောင်းထဲသို့ ဝင်ရောက်လာသည်ကို မြင်လိုက်ရသည့်အခါ၊ ချက်ချင်းပင် ဧရာမနတ်ဆိုးအရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ရီဖန်ထံသို့ ခုန်အုပ်လိုက်တော့သည်။

“လာခဲ့စမ်း။ ဒီသောက်ရှက်မရှိတဲ့အရာ..မင်း

ဘယ်လောက် အချိန်စီးလဲဆိုတာ ကြည့်ကြသေးတာပေါ့။”

All Chapters