← Chapters

ရတနာ

Vol. 137 Ch. 1918

ရတနာ

Vol. 137 Ch. 1918

သစ်ချသီးအခွံအပုံလိုက်ကို မြင်သောအခါ ရှီမာယူယူ ပြုံးလိုက်သည် “ကြည့်ရတာ သစ်ချသီးကို ဘယ်လိုစားရမယ်ဆိုတာကို သိတဲ့လူရှိတဲ့ပုံပဲ.. လုံးဝ ကိုအပုံလိုက်ကြီးပဲ.. ဒါတွေအကုန်စားဖို့ ဘယ်လောက်တောင် ကြာမှာလဲမသိ ဘူး”

“သခင်မလေး ဒီသစ်ချသီးအခွံက အရမ်းကိုမာတယ် နင်းလိုက်တာ တောင် ကြေမသွားဘူး” အရိပ်မည်းသည် တအံ့တဩ ပြောလေသည်။

“ဒီလောက်မာတဲ့ သစ်ချသီးရှိသေးတာလား” ရှီမာယူယူ လျှောက်သွားပြီး သစ်ချသီးအခွံကို ကောက်ယူပြီး ခပ်ပြင်းပြင်းညှစ်လိုက်သည်။ သို့သော် သူမသာ နာသွားသည်။ “ဒီလောက်မာတဲ့ သစ်ချသီးကို အဲလူဘယ်လိုများထုလဲမသိဘူး”

သစ်ချသီးကို တောင်နှင့်ထုလျှင်တောင် ကြေမည့်ပုံမပေါ်ပေ။

“ရတနာ တစ်မျိုးမျိုးပဲဖြစ်ရမယ်” ဟွမ် ပြောလိုက်သည်။

“ဒါက တစ္ဆေလောက,က သစ်ချသီးမဟုတ်ဘူး” မိုယွိ လျှောက်လာပြီး ရှီမာယူယူ၏ လက်ထဲမှ သစ်ချသီးကိုယူပြီး ခေတ္တမျှကြည့်လေသည် “ဒါကို တခြားနေရာက ယူလာတာပဲ”

“လူသားလောကတို့ နတ်ဆိုးလောကတို့က ဖြစ်မလား”

ဝူလင်းယူလည်း လာကြည့်လေသည် “ဒါက နတ်ဆိုးလောက,က ဟာ တော့မဟုတ်ဘူး.. နတ်ဆိုးစွမ်းအင်ရှိမနေဘူး.. ဒါပေမဲ့ လူသားလောက,က စွမ်းအင်နဲ့လည်း မတူဘူး”

လောကတစ်ခုစီမှ ပစ္စည်းများသည် ထိုနေရာ၏ ဝိညာဉ်စွမ်းအားတချို့ရှိ သည်။ သို့သော် ဤသစ်ချသီးအခွံမှ စွမ်းအားသည် အလွန်ထူးဆန်းသည်။ ထို လောကသုံးပါးမှ ဝိညာဉ်စွမ်းအား ဟုတ်မနေပေ။

“ဒါက ဒီလောကသုံးပါးက ဝိညာဉ်စွမ်းအားမဟုတ်ဘူး.. တခြားနေရာက ယူလာတာလား” ရှီမာယူယူသည် စဉ်းစားရင်း လက်ထဲမှ သစ်ချသီးအခွံကို ကြည့်လိုက်သည်။

သူမသည် တခြားကမ္ဘာများကို မမြင်ဖူးသော်လည်း စိတ်ထဲတွင်တော့ မှန်းမိပြီးသားဖြစ်သည်။ သို့သော် ဤကမ္ဘာမှမဟုတ်သည့် ပစ္စည်းကို မြင်ဖူးခြင်း မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ကြည့်ရတာ သစ်ချသီးကြိုက်တဲ့ အပြင်လူက ဒီကိုရောက်လာပြီး ဒီအပုံ လိုက်ကြီးကိုထားသွားတာထင်တယ်” အရိပ်မည်း ပြောလိုက်သည် “အဲလူ ဘယ်ကလာလဲတော့မသိဘူး ဒါပေမဲ့ တွေ့တော့တွေ့ချင်မိသား”

မိုယွိသည် ထိုအရာများကို ကြည့်ပြီး ထိုကောင်လေးကို စဉ်းစားမိသွား သည်။

“အဲကောင်လေး ဖြစ်မယ်လို့ထင်တယ်” သူသည် ခန့်မှန်းချက်ကို ပြောပြ လိုက်သည်။

“ဟင် တကယ်လား”

“ဒဏ္ဍာရီနဂါးအမိန့်က ဒဏ္ဍာရီလာပစ္စည်းလေ.. ဘယ်သူမှ မမြင်ဖူးကြဘူး အခု ရုတ်တရက်ပေါ်လာတာဆိုတော့ အပြင်ကနေရောက်လာဖို့ ဖြစ်နိုင်ချေများ တယ်” မိုယွိ ခွဲခြမ်းစိတ်ဖြာလေသည် “ပြီးတော့ သူက မင်းကိုလာရှာတာ.. မင်းက မိုးကြိုးကို လှုံ့ဆော်နိုင်တဲ့သူဆိုတာကို ဒီကမ္ဘာမှာ မသိတဲ့လူမရှိဘူး.. အပြင်လူကတော့ မသိဘဲနေလိမ့်မယ်”

“ဟင်… အပြင်ကလူက ကျွန်မကို ရှာတယ်လား ရှင်အတွေးလွန်နေပြီ” ရှီမာယူယူသည် ထိုသို့မထင်ပေ “ကမ္ဘာကြီးကဒီလောက်ကျယ်တာ အကုန်ဖြစ် နိုင်တယ်”

မတူညီသောကမ္ဘာမှလူသည် သူမကို တွေ့ချင်သည်မှာ မဖြစ်နိုင်ဟု ထင် သည်။

“ကဲ ကဲ အစားပဲစားကြတာပေါ့ လမ်းချော်မသွားကြနဲ့” သူမ ပြောပြီး နောက်တွင် ငါးပြန်ကင်နေကာ ငါးကင်ကိုလှန်နေသည်။

သူမ ထိုအရာကို စိတ်မဝင်စားသည်ကို တခြားသူများမြင်သောအခါ ကြည့်မနေတော့ဘဲ သူမ ငါးကင်သည်ကိုပင် ပြန်ကြည့်နေလိုက်သည်။

တစ်ရက်တာနားပြီးနောက်တွင် ငှက်နီသည် သူတို့ကို ခရီးဆက်ရန် ဦးဆောင်သွားကာ စိမ့်မြေရောက်မှပင် ရပ်တော့သည်။

ငှက်နီသည် လေတွင်တန့်နေပြီး ဆက်သွားတော့သည်ကို မြင်သောအခါ သူမ မိုယွိကို မေးလိုက်သည် “ဘာဖြစ်တာလဲ”

မိုယွိသည် လက်ထဲမှ လက်ဖက်ရည်ခွက်ကို ချထားလိုက်သည် “ငှက်နီ လေးက ရတနာကို အာရုံခံမိတာပဲ”

“ရတနာဟုတ်လား တကယ်ကြီးလား” ရှီမာယူယူသည် ရုတ်တရက် စိတ်ဝင်စားသွားကာ နေရာမှထရပ်လေသည် “ရတနာရှိမှတော့ ဆင်းသွားပြီး ကြည့်ရအောင်လေ”

“အဲလောက်ကြီး စိတ်မလှုပ်ရှားသေးနဲ့ဦး ဒီနားမှာ ဘာတစ်ခုမှမရှိတာကို ငှက်နီလေး အာရုံခံမိနေတာ.. နေရာအတိအကျကို ငါလည်းမသိဘူး” မိုယွိ သည် သူအပေါ်သို့ ရေအေးလောင်းချလေသည်။

ရှီမာယူယူသည် စိတ်ထဲမထားဘဲ ပြုံးပြီးပြောလိုက်သည် “နေရာလည်း ကောင်းတယ် ငှက်နီလေး ဆင်းဖို့နေရာရှာလိုက်”

ငှက်နီလေး ခေါင်းညိတ်ပြီး နိမ့်ဆင်းလိုက်ကာ ခြောက်သွေ့ပုံရသည့် နေရာတစ်ခုတွင် ရပ်လိုက်သည်။

သူတို့သည် ငှက်နီလေး၏ ကျောပေါ်မှဆင်းလိုက်ကြသည်။ မိုယွိ လက် တစ်ချက်ဝေ့လိုက်သည်နှင့် ငှက်နီလေး ပျောက်သွားလေသည်။

ရှီမာယူယူသည် ထိုမြင်ကွင်းနှင့် အလွန်ရင်းနှီးနေသည်။ မိုယွိတွင်လည်း သက်ရှိများကို ထားနိုင်သည့် ဝိညာဉ်စေတီကဲ့သို့ နေရာတစ်ခုရှိသည့်ပုံပင်။

“သခင်မလေး ဒီနေရာကို ရောက်လာတဲ့လူရှိတယ်… ဒီခြေရာတွေက အရမ်းလတ်ဆတ်နေတယ်” သူသည် လှည့်ပတ်ကြည့်လိုက်ရာ ခြေရာများကို အမြန်ပင်ရှာတွေ့လေသည်။

“ဒီခြေရာတွေကို ကြည့်ရတာတော့ လူများတဲ့ပုံပဲ” ဝူလင်းယူသည် ခြေရာ များကို ကြည့်ရုံနှင့်တင် အခြေအနေကို နားလည်သွားသည်။ “သူတို့လည်း ရတနာအတွက်လာတာဖြစ်မယ်”

“ဒါဆိုရင် ဒီခြေရာတွေအတိုင်း လိုက်သွားရင် သဲလွန်စရနိုင်တယ်” ရှီမာယူယူသည် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

ကောင်းလိုက်တာ သူတို့ကို လမ်းပြမယ့်သူရှိနေတယ်။

ထိုခြေရာများအတိုင်း လိုက်သွားလိုက်လျှင် အားလုံး၏ ဝိညာဉ်စွမ်းအင် ကိုလည်း ချွေတာပြိးသားဖြစ်မည်။ ရှီမာယူယူနှင့် ဝူလင်းယူအတွက်တော့ ပိုရိုးရှင်းသည်။ သူတို့၏ ဝိညာဉ်ကို လဲလိုက်ရုံပင်ဖြစ်သည်။

“ဒီလိုပတ်ဝန်းကျင်မှာ တကယ်ပဲ ရတနာရှိလို့လား” ဤနေရာမှာ သာမန် ဖြစ်လွန်းသည်ဟု အရိပ်မည်း ထင်သည်။ ရတနာရှိမည့် ပုံစံလည်း မပေါက်ပေ။ အရေးအကြီးဆုံးမှာ ရွှံ့တော်ကြီးဖြစ်နေပြီး လူတစ်ဦးတစ်ယောက်မှ ရှိမနေပေ။ တကယ်လို့ ရတနာရှိနေရင် ဘယ်လိုလုပ် တစ်ယောက်မှမရှိတာလဲ။

“ဒီမှာရှိတယ်လို့ ငှက်နီလေးပြောတယ်” မိုယွိ ပြန်ဖြေလေသည်။

“ဒါဆိုလည်း ငှက်နီလေးကို ခေါ်ပြီး လမ်းပြခိုင်းတာပေါ့” ရှီမာယူယူသည် တောင်းဆိုလေသည်။

“ငါပြောပြီးပြီလေ ငှက်နီလေးရဲ့ အာရုံက ‌အပိုင်းအခြားရှိတယ်လို့.. ပတ်ပတ်လည် မိုင်တစ်ရာပဲ အာရုံခံနိုင်တယ်” မိုယွိ ပြောလိုက်သည် “မင်း ရတနာ ရှာချင်ရင် ကိုယ့်ဘာသာရှာပေါ့”

“ခြေရာတွေက ဒီမှာပျောက်သွားယ်” ဝူလင်းယူသည် လှည့်ပြီး ရှီမာယူယူ ကို ပြောလေသည်။

ရှီမာယူယူသည် ရှေ့တိုးပြီး ကြည့်သည် “ဒီမှာ ဘာခြေရာမှမရှိဘူး ကြည့် ရတာ မြေအောက်ကို ဆင်းသွားတယ်ထင်တယ် လိုက်ဆင်းရအောင်”

“ဟုတ်ပြီလေ”

သူတို့သည် ဝိညာဉ်စွမ်းအားများဖြင့် လွှမ်းခြုံကာ ရွှံ့အလယ်သို့ ခုန်ချ လိုက်သည်။ ရွှံ့များသည် နူးညံ့နေကာ ခုန်ဝင်လိုက်သည်နှင့် နစ်ဝင်သွားလေ သည်။

သူတို့ အတန်ကြာသည်အထိ နှစ်ဝင်လိုက်ပြီးနောက် အောက်ရှိ မာခဲနေ သော ကျောက်တုံးများနှင့် တွေ့လေသည်။ ထိုကျောက်များအောက်တွင် အပေါက်တစ်ပေါက်ရှိသည်။ ထိုအပေါက်မှာ အသစ်ဖြစ်နေသဖြင့် ထိုလူများ ဖောက်သွားသည့်ပုံပင်။

“ဂူထဲကို ဆင်းရအောင်” ရှီမာယူယူသည် ဂူထဲသို့ အရင်ဆင်းသွားသည်။ အောက်ခြေမှာ မာခဲသော ကျောက်တုံးဖြစ်လိမ့်မည်ဟု ထင်ထားသော်လည်း အမှောင်မြစ်ဖြစ်နေလိမ့်မည်ဟု မထင်မိပေ။ ရှီမာယူယူသည် သိပ်ဂရုစိုက်မနေ ဘဲ ရေထဲသို့ ဆင်းလိုက်သည်။

နောက်လူများလည်း လိုက်ဆင်းကြသည်။

သူတို့သည် ကမ်းစပ်ဆီသို့ ကူးခတ်လာကြသည်။ ဝူလင်းယူသည် အမှောင်မြစ်ကို မီးတောက်ဖြင့် အလင်းပေးလိုက်သည်။

“သားရဲသေတွေ”

ရှီမာယူယူသည် မလှမ်းမကမ်းတွင် အမှောင်သားရဲတချို့၏ အလောင်း များသည် ရေပေါ်တွင်ပေါ်နေသည်။

“ဒါကိုကြည့်လိုက် ဒီလူတွေလုပ်သွားတာပဲဖြစ်မယ်” ရှီမာယူယူ ပြော လိုက်သည် “ဘေးပတ်ဝန်းကျင်ကို မပျက်စီးအောင် ဒီမရဏာသားရဲ‌တွေကို သတ်လို့ရလား.. ကြည့်ရတာ အဲလူတွေက အရမ်းသန်မာပုံပဲ”

“အားတော့မနည်းဘူး” ဟွမ်သည် မရဏာသားရဲများ၏ အလောင်းကို စစ် ကြည့်လိုက်ရာ အားလုံးသည် တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်ကို သွားတွေ့သည်။ ထိုမရဏာသားရဲများသည် အားကောင်းကြကာ ခုခံရန် အခွင့် အရေးပင်မရလိုက်ဘဲ အသတ်ခံလိုက်ရသည်။ ထိုအရာမှာ ထိုလူများသည်  အားကောင်းသည်ကို ပြသနေသည်။

“သူတို့ လမ်းကြောင်းအတိုင်းလိုက်ပြီး ဆက်လျှောက်သွားမယ်”

လမ်းကိုဦးဆောင်သည့် လူသာရှိလျှင် သူတို့ ရှာနေရန်မလိုပေ။

သူတို့သည် မြစ်အောက်ခြေတွင် နေ့တစ်ဝက်နီးပါး လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် မရဏာသားရဲ အများအပြား အသတ်ခံထားရသည်ကို တွေ့လိုက်ရသည်။ တချို့မှာ အလွန်ပင် အဖိုးတန်သည်။ ထိုလူများ သတ်သွား သည်ကို ရှီမာယူယူ အနည်းငယ် နားမလည်နိုင်ဖြစ်ရသည်။

အဲလူတွေက အလောကြီးနေတဲ့ပုံပဲ။

“ဘုန်း”

ရှေ့တိုက်ပွဲမှ အသံထွက်လာရာ ရှီမာယူယူနှင့် ဝူလင်းယူတို့သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်မိကြသည်။

နောက်ဆုံးတော့ သူတို့ လိုက်မှီသွားပြီလား။

“ရှေ့ကတိုက်ပွဲက အားကောင်းတဲ့ပုံပဲ သွားကြည့်ကြမလား”

All Chapters