← Chapters

တောနက်ကြီး၏ ပြန်လည်နိုးထခြင်း၊ ရီဖန်၏ အသွင်ပြောင်းလဲခြင်း…

Vol. 43 Ch. 637

တောနက်ကြီး၏ ပြန်လည်နိုးထခြင်း၊ ရီဖန်၏ အသွင်ပြောင်းလဲခြင်း…

Vol. 43 Ch. 637

~လက်မှုပညာနတ်ဘုရားဂိုဏ်းမှ ကျင့်ကြံသူများသည် ရီဖန်၏နောက်သို့ လိုက်ပါလာရင်း သူတို့၏ စိုးရိမ်စိတ်က တစ်စတစ်စ ကြီးထွားလာခဲ့သည်။

*ဒီကောင်... ရီဖန်... ငါတို့ကိုများ လူပြတ်တဲ့ တစ်နေရာရာ ခေါ်သွားပြီး အကုန် ရှင်းပစ်မလို့လား မသိဘူး။*

ဒီလိုမှမဟုတ်လျှင် ရီမိသားစု၏ အဓိကနယ်မြေက ကောင်းကင်ဘုံချိတ်ဆက်နယ်မြေမှာ

ရှိမှန်း လူတိုင်းသိနေကြတာကို ဘာဖြစ်လို့များ ဒီလိုနေရာမျိုးကို ခေါ်လာရတာလဲ။

နောက်ဆုံးတွင်တော့ သူတို့အဖွဲ့သည် မူလကျောက်စိမ်းလိပ်ပြာတည်ရှိရာ နေရာသို့ ရောက်ရှိသွားကြလေ၏။

ထိုနေရာသို့ ဝင်ရောက်လိုက်သည်နှင့် သူတို့မြင်တွေ့လိုက်ရသည်က အလွန်တရာ စည်ကားလှုပ်ရှားနေသော မြင်ကွင်းတစ်ခုပင်။

သေးငယ်သော နေရာလေးတစ်ခုအတွင်းမှာပင် စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူများက အယောက်တစ်ရာမက ရှိနေသည်။

ထို့အပြင် မရေမတွက်နိုင်သော မဟာသူတော်စင်အဆင့် တန်ခိုးရှင်များလည်း ရှိနေသေး၏။

ဤနေရာတွင် မြင်တွေ့နေရသည့် စွမ်းအားပမာဏတစ်ခုတည်းနှင့်ပင် သူတို့၏ လက်မှုပညာ

နတ်ဘုရားဂိုဏ်းတစ်ခုလုံးကို အကြိမ်ပေါင်းများစွာ သေစေနိုင်လောက်သည်။

ဆေးဖော်သူက ဖော်နေ၏။ လက်နက် ပညာရှင်က လက်နက် သန့်စင်နေကြသည်။

လက်မှုပညာနတ်ဘုရားဂိုဏ်းသားတို့၏ အကဲခတ်မှုအရ၊ ဤစစ်မှန်သောနတ်ဘုရားများထဲမှ အတော်များများသည် လက်နက် သန့်စင်ခြင်းပညာတွင် သူတို့ထက်ပင် မနိမ့်ကျကြပေ။

ဒါ... ဒါက ရီမိသားစုရဲ့ အစစ်အမှန် အင်အားလား။

ကြောက်စရာကောင်းလိုက်တာ။

သို့သော် နောက်တစ်ခဏတွင် သူတို့ရင်ထဲမှ တုန်လှုပ်မှုက ပို၍ပင် ဆိုးဝါးသွားခဲ့သည်။

ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခုက သူတို့ကို လွှမ်းခြုံသွားပြီးနောက်၊ သူတို့၏ ဉာဏ်အလင်းပွင့်နိုင်စွမ်းမှာ အဆတစ်ရာမက တိုးမြင့်သွားသည်ကို ရုတ်တရက် ခံစားလိုက်ကြရ၏။

ယခင်က နားလည်ရခက်ခဲလှသော ကျင့်စဉ်အသိတရားများသည် ဤနေရာတွင် ချက်ချင်းဆိုသလိုပင် သဘောပေါက်နားလည်သွားသလို ဖြစ်နေသည်။

အချိန်တိုအတွင်းမှာပင် သူတို့တစ်ဦးချင်းစီ၌ အတွေးအမြင်များစွာ ပွင့်လင်းသွားခဲ့လေ၏။

ဒီလူတွေက စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူတွေ မဟုတ်လား။ သူတို့အပေါ်မှာပင် ဤမျှအစွမ်းထက်သော အကျိုးသက်ရောက်မှု ပေးနိုင်သည့် ရတနာဆိုလျှင်... ဘယ်အဆင့်လောက်များ ရှိနေမလဲ။

သူတို့၏ ရီမိသားစုအပေါ် ထားရှိသော အထင်အမြင်မှာ တစ်ကြိမ်ပြီး ၊ တစ်ကြိမ် ပြိုလဲကုန်၏။ ရီမိသားစုသည် အဆုံးမရှိသော တွင်းနက်ကြီး တစ်ခုနှင့်တူပြီး သူတို့၏ သိမြင်နားလည်နိုင်စွမ်းကို အဆက်မပြတ် ပြောင်းလဲစေခဲ့သည်။

ဒီရတနာကတော့ ရီမိသားစုအတွက် အရေးအကြီးဆုံး အရာ ဖြစ်ရမည် မဟုတ်လား။

အခု ရီဖန်က သူတို့ကို ဒီနေရာ ခေါ်လာပြီး ဒီရတနာရဲ့ တည်ရှိမှုကို သိခွင့်ပေးလိုက်ပြီ။

*ဒီလို ဖြစ်ပြီးမှတော့... ငါတို့သာ ရီမိသားစုကို သစ္စာဖောက်ဖို့ စိတ်ကူးမိရင်တောင် ဒါဟာ လုံးဝမဖြစ်နိုင်တော့ဘူး။ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ရီမိသားစုက ငါတို့ကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး။*

လူတိုင်း၏ စိတ်ထဲတွင် သူတို့၏ သနားစရာအနာဂတ်ကို ပုံဖော်ကြည့်နေမိကြသည်။

တစ်သောင်း... အဲ... အနှစ် တစ်သိန်း ကြာရင် ထွက်သွားလို့ ရတယ်လို့တော့ ပြောတာပဲ။ ဒါပေမဲ့ တကယ်ရော ထွက်သွားလို့ ရပါ့မလား။

သို့သော်... ဒီနေရာမှာသာ ဆက်ပြီးကျင့်ကြံခွင့် ရမည်ဆိုလျှင်လည်း ဒါက မဆိုးသည့် ရွေးချယ်မှုတစ်ခုလိုပင်။

နှောင်းပိုင်းအဆင့် စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူအချို့ကမူ ဤနေရာတွင်သာ အမြဲတမ်းကျင့်ကြံခွင့်ရပါက၊ သူတို့သည် အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်နိုင်မည့် မျှော်လင့်ချက်ပင် အမှန်တကယ် ရှိလာနိုင်သည်ဟု ခံစားနေကြရသည်။

သူတို့နှင့်ယှဉ်လျှင် ဖူရန်စစ်မှန်သောနတ်ဘုရား၏ အမြင်ကတော့ သိသိသာသာပင် ပို၍မြင့်မားလှ၏။

သူ့အပေါ်သို့ သက်ရောက်လာသော ကောင်းချီးမင်္ဂလာကို ခံစားလိုက်ရသည်နှင့် ဒဏ္ဍာရီလာ ရတနာတစ်ခုကို သူချက်ချင်း တွေးမိလိုက်သည်။

ထိုရတနာ၏ အစွမ်းသတ္တိသာလျှင် ဤမျှကြောက်မက်ဖွယ်ရာ အတိုင်းအတာအထိ ရောက်ရှိနိုင်မည်။

စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူများဆိုသည်မှာ အုပ်စိုးခြင်းနယ်ပယ်မှ တန်ခိုးရှင်များကို မယှဉ်နိုင်သော်လည်း၊ တောနက်ကြီးခေတ်မှာပင် အဓိကအင်အားစုများအဖြစ် သတ်မှတ်ခံရသူများဖြစ်လေ၏။

ထိုသို့သော ပုဂ္ဂိုလ်တစ်ဦးအတွက် နောက်တစ်ဆင့်တက်ရန်မှာ အလွန်တရာ ခက်ခဲလှပေပြီ။

မဟုတ်လျှင် တောနက်ကြီးခေတ်တွင် အုပ်စိုးခြင်းနယ်ပယ်မှ တန်ခိုးရှင်များ ဤမျှ နည်းပါးနေမည် မဟုတ်ပေ။

ဤသို့သော ပတ်ဝန်းကျင်တွင်သာ အမြဲကျင့်ကြံနိုင်မည်ဆိုပါက အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်နိုင်ခြေမှာ သိသိသာသာ တိုးလာမည်ဖြစ်သည်။

သာမန် မွေးရာပါဝိညာဉ်ရတနာတစ်ခုပင် ဤအဆင့်ကို မစွမ်းဆောင်နိုင်လျှင်၊ နောက်မှဖြစ်သော ဝိညာဉ်ရတနာများအကြောင်း ပြောနေစရာပင်မလိုတော့ချေ။

သူ၏အရည်အချင်းနှင့် ဖန်တီးနိုင်သော နောက်ပိုင်း ဝိညာဉ်ရတနာများပင် ဤအစွမ်း၏ ‘ တစ် ‘ရာခိုင်နှုန်းကိုပင် မမီနိုင်ပေ။

"ဂိုဏ်းချုပ်ရီ... ခင်ဗျား အဲ့ဒီရတနာကိုများ ရထားတာလား..."

ရီဖန် အထင်လွဲသွားမည်

စိုးသောကြောင့် ဖူရန်စစ်မှန်သောနတ်ဘုရားသည် ထိုရတနာ၏အမည်ကိုပင် ထုတ်ဖော်မပြောရဲခဲ့ပေ။

ဖူရန်စစ်မှန်သောနတ်ဘုရား၏ အမေးကိုကြားသော် ရီဖန်က ပေါ့ပေါ့တန်တန်ပင် ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်၊ ဒါ ဖရိုဖရဲကျောက်စိမ်းပြားပဲ။ အခုချိန်ကစပြီး ခင်ဗျားက ရီမိသားစုရဲ့ လက်နက် ပညာရှင်တွေနဲ့ အခင်းအကျင်း ပညာရှင်တွေကို ဒီနေရာမှာ လမ်းညွှန်ပေးရမယ်။ ခင်ဗျားကိုယ်တိုင်လည်း ဒီမှာ ကျင့်ကြံနိုင်တယ်။ ဒါပေမဲ့ ကျင့်ကြံတာက သင်ကြားရေးကိုတော့ နှောင့်နှေးစေလို့တော့ မဖြစ်ဘူး။"

မူလကျောက်စိမ်းလိပ်ပြာအကြောင်းကို ရီဖန်က တခြားသူများသိသွားမည်ကို လုံးဝဂရုမစိုက်ပေ။

သူကိုယ်တိုင် ခန့်မှန်းထားပြီးဖြစ်သော်လည်း၊ ရီဖန်က အတည်ပြုလိုက်သည့်အခါတွင်တော့ ဖူရန်စစ်မှန်သောနတ်ဘုရား၏ နှလုံးသားသည် တုန်လှုပ်မှုဖြင့် လှိုင်းထန်သွားခဲ့သည်။

*ဒီကောင်... ရီဖန်... သူ့နောက်ကြောင်းက ဘာများလဲ။ ဒီလိုအဆင့်မြင့်တဲ့ ရတနာမျိုးကိုတောင် ပိုင်ဆိုင်ထားနိုင်တယ်ဆိုတော့...။*

*ဒီပစ္စည်းက တစ်ချိန်က အဲ့ဒီပုဂ္ဂိုလ် ပိုင်ဆိုင်ခဲ့တာ မဟုတ်လား။*

ထိုပုဂ္ဂိုလ်သည် တောနက်ကြီးခေတ်နှောင်းပိုင်းတွင် ပျောက်ကွယ်သွားခဲ့ပုံရသော်လည်း၊ သူနှင့် ပတ်သက်ဖူးသူတိုင်းမှာ သာမန်လူ မဖြစ်နိုင်ပေ။

*ဒီရီဖန်ကများ... အဲ့ဒီပုဂ္ဂိုလ် ပြန်ဝင်စားတာများလား။*

ဤသတင်းကိုသာ တခြားသူများသိသွားပါက ကမ္ဘာကြီးတစ်ခုလုံး မတည်မငြိမ် ဖြစ်သွားမည်မှာ သေချာသည်။

ဆက်တွေးပင်မတွေးရဲတော့။ ဆက်ပြီးလည်း မစဉ်းစားရဲတော့ပေ။

ဖူရန်စစ်မှန်သောနတ်ဘုရားသည် သူ့ပါးစပ်ကို ချက်ချင်းပင် ပိတ်ထားလိုက်တော့သည်။

မူလကတော့ ဖူရန်စစ်မှန်သောနတ်ဘုရားသည် အသက်ရှင်သန်ရေးအတွက်သာ ရီမိသားစုနှင့် ပူးပေါင်းရန် သဘောတူခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုမူ၊ ဤသည်မှာလည်း ရွေးချယ်မှုကောင်းတစ်ခု ဖြစ်နိုင်သည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။

မူလကျောက်စိမ်းလိပ်ပြာ၏ အောက်တွင် ကျင့်ကြံခွင့်ရခြင်းမှာ လူများစွာ ဘယ်သောအခါမှ မခံစားဖူးသော အခွင့်အရေးတစ်ခု ဖြစ်သည်။

*ရီမိသားစုနဲ့သာ တွဲနေမယ်ဆိုရင် ဒါက မဆိုးတဲ့ အပေးအယူပဲ။*

ရီဖန်က ရီကျင်းလုံကို ခေါ်၍ ဖူရန် စစ်မှန်သော နတ်ဘုရား၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူ၏ စွမ်းရည်များကို မိတ်ဆက်ပေးလိုက်၏။

ဖူရန်စစ်မှန်သောနတ်ဘုရားသည် တောနက်ကြီးခေတ်မှ လက်နက် သန့်စင်ခြင်းတွင် စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦးမှန်း သိလိုက်ရသည့်အခါ လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်သွားကြ၏။

မူလကျောက်စိမ်းလိပ်ပြာ၏ အကူအညီဖြင့် သူတို့၏ တိုးတက်မှုက ကောင်းမွန်နေပြီ ဖြစ်သော်လည်း၊

မည်သို့ပင်ဖြစ်စေ ဆရာ တစ်ဦး

ရှိခြင်းနှင့်တော့ မယှဉ်နိုင်ပေ။

ထို့အပြင် ဤဆရာက သာမန်ပုဂ္ဂိုလ်တစ်ဦးလည်း မဟုတ်ပေ။

ရီဖန်၏ လက်နက် သန့်စင်ပညာက ထူးကဲသော်လည်း၊ သူ၏ တာဝန်များစွာကြောင့် သူတို့အားလုံးကို အချိန်ပြည့် လမ်းညွှန်မပေးနိုင်ခဲ့။

မကြာမီပင် ရီကျင်းလုံနှင့် အခြားသူများက ဖူရန်စစ်မှန်သောနတ်ဘုရားကို စိတ်အားထက်သန်စွာ ခေါ်ဆောင်သွားကြပြီး သူတို့၏ မေးခွန်းများဖြင့် တိုက်ခိုက်ကြတော့သည်။

ဖူရန်စစ်မှန်သောနတ်ဘုရား၏ စွမ်းအားနှင့် သူတို့၏မေးခွန်းများကို ဖြေဆိုရန်မှာ အခက်အခဲမရှိပါပေ။

ထူးခြားသော မှတ်ဉာဏ်အချို့၏ သင်ကြားမှုအောက်တွင် ဖူရန်စစ်မှန်သောနတ်ဘုရားသည် နှမြောတွန့်တိုမနေခဲ့။

အချိန်တိုအတွင်းမှာပင် ရီကျင်းလုံကဲ့သို့သော သူများ၏ အားကောင်းပြီးသားဖြစ်သော လက်နက်သန့်စင်ပညာမှာ ပို၍ပင် တိုးတက်လာခဲ့သည်။

ဤသတင်းကိုကြားသောအခါ ရီကျင်းဖန်သည် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားလေတော့သည်။

All Chapters