ဇာတ်သိမ်းပိုင်းကြီး၊ ဖရိုဖရဲနယ်မြေ (၁)...
Vol. 43 Ch. 639
~နတ်ဘုရားများ ဘုံအဖွဲ့တွင် ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်ပြီးနောက်၊ ယခင်က တည်ငြိမ်အေးချမ်းလေ့ ရှိသော ခန်းမဆောင်ကြီးများ ရှားပါးသွားခဲ့သည်။
သို့သော် တောနက်ကြီး အပြည့်အဝ ပြန်လည် နိုးထလာသည်နှင့်အတူ၊ ထိုနေရာသည် ဖရိုဖရဲ အခြေအနေသို့ ဆိုက်ရောက်သွားလေတော့သည်။
တောနက်ကြီး၏ ပြန်လည်နိုးထလာမှုနှင့်အတူ ပါလာသော လျှို့ဝှက်ဆန်းကြယ်သည့် ဝိညာဉ်စွမ်းအင်သည် ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးနိုင်ရုံမျှသာ မဟုတ်ခဲ့ပေ။
၎င်း၏ အကျိုးသက်ရောက်မှုမှာ အမျိုးမျိုးသော အရင်းအမြစ်များအပေါ်တွင် ပို၍ပင် ကြီးမားလေသည်။
တစ်ချိန်က ရှားပါးလှသော အဆင့်မြင့်အရင်းအမြစ်များသည် ဤကာလအတွင်း မကြာခဏဆိုသလို ပေါ်ထွက်လာခဲ့သည်။
ဤအဖိုးတန်အရင်းအမြစ်များက မူလက အာဏာလုပွဲကိုသာ အာရုံစိုက်နေကြသော စစ်မှန်သောနတ်ဘုရား တန်ခိုးရှင်များကို နောက်ထပ်ယှဉ်ပြိုင်စရာ ပစ်မှတ်တစ်ခုကို ပေးလိုက်သည်၊ ထိုအရာမှာ အရင်းအမြစ်ပင်တည်း။
အချိန်တိုင်းလိုလိုမှာပင် ကျင့်ကြံသူအရေအတွက် အမြောက်အမြား သေဆုံးနေခဲ့သည်။
နာကျည်းမုန်းတီးမှုများနှင့် သက်စောင့်စွမ်းအင်များမှာ ပေါ်ထွက်လာလိုက်၊ လျင်မြန်စွာ ပျောက်ကွယ်သွားလိုက် ဖြစ်နေ၏။
လူတိုင်း၏ အာရုံမှာ တောနက်ကြီးပြန်လည်နိုးထလာပြီးနောက် ပေါ်ထွက်လာသော အရင်းအမြစ်များအပေါ်တွင်သာ ရှိနေကြပြီး၊ ထိုစွမ်းအင်များ ပေါ်ထွက်လာခြင်းကိုတော့ မည်သူမျှ သတိမပြုမိကြသလောက်ပင်။
ပြန်လည်ဝင်စားသူများပင်လျှင် အရင်းအမြစ်များ လုယက်ရာတွင် အလုပ်များနေကြပြီး ဤဘဝတွင် အမြင့်ဆုံးသို့ရောက်ရန် ကြိုးပမ်းနေကြသည်။
သတိပြုမိသော လူအနည်းငယ်ကလည်း သိပ်အာရုံမစိုက်ခဲ့ကြ။
အနက်ရောင်ဝတ်ရုံနှင့် ပုဂ္ဂိုလ်တစ်ဦးသည် စစ်မြေပြင်အမျိုးမျိုးကို အဆက်မပြတ်ဖြတ်သန်းကာ အရင်းအမြစ်များ စုဆောင်းနေသည်ကိုတော့ မည်သူတစ်ဦးတစ်ယောက်မျှ မသိခဲ့ပေ။
ယခု တောနက်ကြီးတစ်ခုလုံးတွင် တည်ငြိမ်ပုံရသော တစ်ခုတည်းသောနေရာမှာ ကောင်းကင်ဘုံချိတ်ဆက်နယ်မြေနှင့် ပင်ကို ပျက်စီးခြင်း ပင်လယ်တို့မှ ပြောင်းလဲဖြစ်ပေါ်လာသော နယ်မြေများသာ ဖြစ်ပေလိမ့်မည်။
ထိုနေရာများသည် ပန်ကုစကြဝဠာနှင့် အနီးဆုံးဖြစ်ပြီး အပြောင်းအလဲအများဆုံးကို ခံစားခဲ့ရသည်။
သို့သော် ရီမိသားစု၏ တည်ရှိမှုနှင့်အတူ လူတိုင်းအတွက် နယ်မြေများ ခွဲဝေပြီးဖြစ်ရာ အရင်းအမြစ်များအတွက် တိုက်ခိုက်ရန်မလိုတော့ပေ။
ရီမိသားစုမှ ကျင့်ကြံသူများသည်လည်း အအားမနေကြ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် ပေါများလှသော အရင်းအမြစ်များကို အဆက်မပြတ်အသုံးချကာ သူတို့၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်နေကြသည်။
မူလကျောက်စိမ်းလိပ်ပြာ၏ အစွမ်းချဲ့ထွင်ပေးမှုနှင့်အတူ ရီမိသားစု၏ တိုးတက်မှုမှာ အမြန်ဆုံးပင် ဖြစ်ခဲ့သည်။
ရီဖန်သည် အထီးကျန်ကျင့်ကြံနေသော်လည်း၊ ရီကျင်းထျန်နှင့် ရီရှောင်းရှောင်းတို့ ရှိနေသဖြင့် ရီမိသားစုသည် ဖရိုဖရဲ အခြေအနေသို့ မဆိုက်ရောက်ခဲ့ပေ။
ရီမိသားစုတစ်ခုလုံးသည် ယခင်ကနှင့် ဘာမှမခြားနားဘဲ ရှိနေခဲ့သည်။
ရီမိသားစုအတွင်းမှ တန်ခိုးရှင်အရေအတွက်သာလျှင် တိုးပွားလျက်ရှိသည်။
ရီဖန် အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်သွားသည့်အခါ၊ ရီမိသားစုဝင်ကျင့်ကြံသူများ၏ အရည်အချင်းများမှာ နောက်တစ်ကြိမ် တိုးတက်လာခဲ့ပြီး သူတို့၏ကျင့်ကြံခြင်းအဆင့်တက်မှုများမှာ ပို၍ပင် လွယ်ကူလာခဲ့သည်။
တောနက်ကြီးပြန်လည်နိုးထလာမှုက ယူဆောင်လာသော အခွင့်အရေးများနှင့်အတူ၊ ရီရှောင်းရှောင်းသည် ရီမိသားစုကျင့်ကြံသူများထဲမှ အုပ်စိုးခြင်းနယ်ပယ်သို့ ပထမဆုံးချိုးဖြတ်တက်ရောက်သွားသူ ဖြစ်လာခဲ့သည်။
အခြားသူများမှာလည်း ရီရှောင်းရှောင်း၏ ခြေရာနောက်သို့ လျင်မြန်စွာ လိုက်ပါလာကြပြီး အမီလိုက်နေကြသည်။
တစ်နှစ်။
ဆယ်နှစ်။
နှစ်တစ်ရာ။
နှစ်တစ်ထောင်။
နှစ်တစ်သောင်း။
တန်ခိုးကြီး ပုဂ္ဂိုလ်များအတွက် အချိန်၏ ကုန်ဆုံးခြင်းသည် အဓိပ္ပာယ်အားလုံး ပျောက်ဆုံးသွားခဲ့လေပြီ။
ရီမိသားစုအတွင်း၌ တန်ခိုးရှင် မည်မျှ ရှိသည်ကို မည်သူမျှ တိတိကျကျ မသိပေ။
သို့သော် ယခုအချိန်မှာပင် ရီမိသားစုသည် သူတို့၏ နယ်မြေကို ဖိနှိပ်ထားနိုင်လောက်သော အစွမ်းကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။
တစ်ခုတည်းသော အနည်းငယ်
နှမြောစရာမှာ ရီဖန်ကို ယနေ့တိုင် မမြင်တွေ့ရခြင်းပင်။
တောနက်ကြီး ပြန်လည်
နိုးထလာကတည်းက ရီဖန်သည် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်ကာ ဘယ်တော့မှ ပြန်ပေါ်မလာတော့ပေ။
ဘယ်လိုပဲ ဖြစ်ပါစေ၊ ရီမိသားစုနှင့် သူတို့၏ လက်အောက်ခံ
အင်အားစုများကတော့ သံသယရှိမည် မဟုတ်ကြပါ။
သို့သော် ယခင်က ရီမိသားစု၏ ဖိနှိပ်မှုကိုခံခဲ့ရသော အင်အားစုများသည် ရီဖန်ကို မမြင်တွေ့ရတော့သည့်
နောက်တွင် ရည်မှန်းချက်ငယ်လေးများ စတင်မွေးမြူလာကြသည်။
ရီဖန်၏ ကျင့်ကြံခြင်းအဆင့် လျင်မြန်စွာတိုးတက်လာမှုနှင့် တောနက်ကြီးမှ တန်ခိုးရှင်များကိုပင် ဖိနှိပ်နိုင်ခဲ့သည်ကို ထောက်ရှု၍ ရီမိသားစုတွင် လျှို့ဝှက်ချက်များမရှိဟုဆိုလျှင် မည်သူမျှ ယုံကြည်ချင်မည်မဟုတ်ပေ။
သို့သော် နှစ်ပေါင်းများစွာကြာသည်အထိ မည်သူမျှ ရီမိသားစုကို စုံစမ်းရန်မစရဲခဲ့။
ရီဖန်၏ ခြိမ်းခြောက်နိုင်စွမ်းက အလွန်ကြီးမားနေဆဲပင်။
ရီဖန်၏အရိပ်အယောင်မျှပင်မတွေ့ရဘဲ နှစ်တစ်သောင်း ကြာသွားသော်လည်း၊ မည်သူမျှ ရီမိသားစုကို ပေါ်ပေါ်တင်တင် ပစ်မှတ်မထားရဲကြသေး။
နောက်ဆုံးတော့ နှစ်တစ်သောင်းဆိုသည်မှာ ရီဖန်အတွက် တံခါးပိတ် ကျင့်ကြံသည့် အချိန်ကာလတစ်ခုမျှသာ ဖြစ်ကောင်းဖြစ်နိုင်လေသည်။
ရီဖန်ပြသခဲ့ဖူးသော အစွမ်းကို ထောက်ရှုလျှင်၊ သူသာ တံခါးပိတ် ကျင့်ကြံနေရုံသက်သက်သာဆိုလျှင်၊ သူတို့ သွားစပါက ကံကြမ္မာ မကောင်းနိုင်ပေ။
လျှို့ဝှက်ဆန်းကြယ်သော နေရာလပ်ထဲတွင်တော့၊ ရီဖန်၏ တောနက်ကြီးအပေါ် နားလည်မှုမှာ သူ၏ နှလုံးသားထဲတွင် တဖြည်းဖြည်း ကြည်လင်လာခဲ့သည်။
အရာအားလုံးသည် တိုက်ဆိုင်မှုတစ်ခု မဟုတ်ခဲ့ပေ။
သူ စတင်ပေါ်ပေါက်လာချိန်
ကတည်းကပင် ကြိုတင်ရေးဆွဲထားပြီးသား ဇာတ်ညွှန်းတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်သည်။
ထိုဇာတ်ညွှန်းကို ရေးသူမှာကား သူ၏ ယခင်ဘဝမှ သူကိုယ်တိုင်မှ လွဲ၍ အခြား မည်သူမျှ မဖြစ်နိုင်ပေ။
*တော်တော် စောင်ပေါဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်ပါလား။ ငါ့ကိုတော့ လာမလှည့်စားနဲ့။ နောက်ဆုံးတော့... ငါကိုယ်တိုင်က အကြီးဆုံးဇာတ်ကောင်ကြီး ဖြစ်နေတာပဲ။*
သို့သော် ရီဖန်သည် ဤအယူအဆကို တကယ်တမ်း ငြင်းပယ်နေခြင်းတော့ မဟုတ်။
သူ ရေးခဲ့သော ဇာတ်ညွှန်းကို စိတ်အားထက်သန်စွာ သရုပ်ဆောင်ရခြင်းသည် အတော်ပင် ကောင်းမွန်သော အရာ တစ်ခုဟု ထင်ရသည်။
သို့သော် ဤဇာတ်ညွှန်း၏ ဇာတ်သိမ်းပိုင်းကြီးကိုတော့ ဂရုတစိုက် ပုံဖော်ရန် လိုအပ်နေပါသေးသည်။
အမှောင်ထဲတွင် ပုန်းခိုနေသော ထိုကြွက်များမှာတော့ ဆက်လက်
ပုန်းခိုနိုင်တော့မည် မဟုတ်ပေ။
...
အချိန် ကြာလာသည်နှင့်အမျှ၊ အလွန်
မြင့်မားသော ကျင့်ကြံခြင်းအဆင့်များ ပိုင်ဆိုင်ပြီးသား ဖြစ်သော ထိုပြန်လည်ဝင်စားသူများသည် တောနက်ကြီး ပြန်လည်နိုးထလာမှုမှ အဆင့်မြင့် အရင်းအမြစ်များ ရရှိပြီးနောက်၊ သူတို့၏
ကျင့်ကြံခြင်း အဆင့်များမှာ မည်သည့် အတားအဆီးမှ မရှိသလောက် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
မကြာမီပင် အုပ်စိုးခြင်း နယ်ပယ်မှ တန်ခိုးကြီး ပုဂ္ဂိုလ်များ ပေါ်ထွက်လာကြသည်။
သူတို့၏ ကျင့်ကြံခြင်း အဆင့်များ အုပ်စိုးခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်နှင့် သူတို့၏ ကျင့်ကြံခြင်းကို ဆက်လက် တိုးမြှင့်ရန် ပို၍ပင် များပြားသော အရင်းအမြစ်များ လိုအပ်လာသည်။
သို့သော် ဤသည်မှာ တောနက်ကြီး ပြန်လည်နိုးထခြင်း၏ ကနဦးအဆင့်သာဖြစ်ပြီး လောက၏ပြောင်းလဲတိုးတက်မှုမှာ ကြာရှည်စွာ မဖြစ်ပေါ်သေးပေ။ အရင်းအမြစ်များမှာ အကန့်အသတ်ရှိနေပြီး အများစုမှာ ရှာဖွေခြစ်ထုတ်ပြီးသား ဖြစ်နေသည်။
ထို့ကြောင့် တိုးတက်ရန်အတွက် သူတို့လုပ်နိုင်သည်မှာ အခြားသူများထံမှ အရင်းအမြစ်များကို လုယက်ရန် နည်းလမ်းရှာဖွေခြင်းသာ။
မလွဲမသွေပင်၊ ပိုမိုအဆင့်မြင့်သော တိုက်ပွဲတစ်ခု မကြာမီ စတင်လေတော့သည်။
သို့သော် အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်သွားသော ပြန်လည်ဝင်စားသူများမှာ တစ်ယောက်တည်းမဟုတ်ပေ။
လျင်မြန်စွာပင်၊ အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်သွားသော အခြားပြန်လည်ဝင်စားသူများမှာလည်း ဘေးတွင်ရပ်ကြည့်မနေနိုင်တော့ဘဲ၊ အရင်းအမြစ်များ လုယက်ရန် စီစဉ်ကာ လှုပ်ရှားလာကြသည်။
ဤသို့ဖြင့် အရင်းအမြစ်လုပွဲများအလယ်တွင် ကြီးကျယ်ခမ်းနားသော စစ်ပွဲကြီးတစ်ခု ဖြစ်ပွားလေတော့သည်။
အုပ်စိုးခြင်းနယ်ပယ်မှ တန်ခိုးရှင်များစွာ လှုပ်ရှားလာကြရာ၊ စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ အမြောက်စာများသာ ဖြစ်လာနိုင်သည်။
အုပ်စိုးသူတို့၏ အစွမ်းမှာ စစ်မှန်သောနတ်ဘုရားအဆင့် တန်ခိုးရှင်များနှင့် မယှဉ်သာပေ။
ဤဖရိုဖရဲခေတ်တွင် အသက်ရှင်သန်ရန်အတွက် စစ်မှန်သောနတ်ဘုရားအဆင့် ကျင့်ကြံသူများမှာ အဖွဲ့အစည်းတစ်ခုခုတွင် ခိုလှုံရန်မှလွဲ၍ အခြားနည်းလမ်းမရှိတော့။
ဤစစ်ပွဲသည် နှစ်တစ်သန်းတိုင်တိုင် ကြာမြင့်ခဲ့သည်။
ထိုအချိန်အတွင်း ရီမိသားစုအပေါ် ကြံစည်သူမရှိသည်တော့ မဟုတ်။
သို့သော် ရီရှောင်းရှောင်းနှင့် နောက်ပိုင်းတွင် အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်သွားသော
ရီကျင်းထျန်တို့ ပေါ်ထွက်လာပြီးနောက် မည်သူမျှ ရီမိသားစုအနားသို့ မကပ်ရဲတော့ပေ။
ရီမိသားစုကား အမှန်ပင် အစွမ်းထက်လှ ပေသည်။
တောနက်ကြီး ပြန်လည်နိုးထလာသော်ငြားလည်း သူတို့သည် အထွတ်အထိပ်များထဲတွင် ရှိနေဆဲပင်။
လျှို့ဝှက်ဆန်းကြယ်သော ဂိုဏ်းချုပ်ရီဖန်ကို မမြင်တွေ့ရသေးခင်မှာပင် အုပ်စိုးခြင်းနယ်ပယ်မှ ပုဂ္ဂိုလ်နှစ်ဦး ရှိနေနှင့်ပြီ။
ဖြစ်နိုင်သည်မှာ အခြားသောတန်ခိုးကြီးပုဂ္ဂိုလ်များ အတွင်းတွင် ပုန်းကွယ်နေသေးသည်။
ရီမိသားစုကို မထိပါးအပ်။
တောနက်ကြီးခေတ် ရောက်ရှိလာသော်လည်း ရီမိသားစုသည် ယိုယွင်းပျက်စီးမသွားခဲ့ပေ။
စစ်မှန်သောနတ်ဘုရားများ ကျဆုံးသွားသည်နှင့်အမျှ စစ်မှန်သောနတ်ဘုရားအသစ်များ ပေါ်ထွက်လာသည်။
ဤခေတ်တွင် ကျင့်ကြံသူများအတွက် စစ်မှန်သောနတ်ဘုရားအဆင့်သို့ ချိုးဖြတ်တက်ရောက်ရန်မှာ ယခင်ကထက် များစွာပို၍ လွယ်ကူလှသည်။
ရီမိသားစုအတွင်း၌လည်း စစ်မှန်သောနတ်ဘုရားများ ပို၍ပို၍ ပေါ်ထွက်လာခဲ့သည်။
သို့သော် မျိုးဆက်ဟောင်းကျင့်ကြံသူများမှလွဲ၍ မျိုးဆက်သစ်များအတွက် အုပ်စိုးခြင်းနယ်ပယ်သို့ ချိုးဖြတ်တက်ရောက်ရန်မှာတော့ ထင်သလောက်မလွယ်ကူလှပေ။
နောက်ဆုံးတော့ အရည်အချင်းတိုးတက်လာရုံနှင့် အဆင့်တက်မည်ဟု အာမမခံနိုင်ပေ။
အဆင့်တက်ရန်အတွက် များစွာသောအချက်အလက်များကို ထည့်သွင်းစဉ်းစားရပေမည်။
...
"ကောင်းကင်ဘုံနတ်ဆိုး၊ ခင်ဗျား ဘာဖြစ်လို့ ကျုပ်တို့ကို ခေါ်ရတာလဲ။"
စကြဝဠာလေဟာနယ်ထဲတွင် အုပ်စိုးခြင်းနယ်ပယ်မှ ကျင့်ကြံသူအများအပြား ရုတ်တရက်ပေါ်လာပြီး သူတို့ရှေ့မှ ကောင်းကင်ဘုံနတ်ဆိုးကို အေးစက်စွာ ကြည့်လိုက်ကြသည်။
ကောင်းကင်ဘုံနတ်ဆိုးသည် ယခင်အတိုင်းပင် ပုံပန်းသဏ္ဌာန်ရှိနေသော်လည်း သူ၏ အရှိန်အဝါ မှာ ပို၍ပင် နက်နဲကာ မှန်းဆရခက်နေသည်။
“ဒီလိုပါ၊ ကျုပ် ဒီနေ့ ဒီကို လာတာကတော့ ခင်ဗျားတို့ကို ကြီးကျယ်တဲ့အခွင့်အရေးကြီးတစ်ခု ပေးအပ်ဖို့ပါပဲ။"
ကောင်းကင်ဘုံနတ်ဆိုးက ပြုံးလျက်ဆိုသည်။
"ကြီးကျယ်တဲ့အခွင့်အရေး ဟုတ်လား။ မင်းလို အပြင်လူတစ်ယောက်က ကျုပ်တို့ကို ဒီအခွင့်အရေး ပေးမယ်တဲ့လား။"
မထီမဲ့မြင်ပြုကာ အုပ်စိုးခြင်းနယ်ပယ်မှ တန်ခိုးရှင်တစ်ဦးက စကားနာထိုးလိုက်ခြင်းပါ။
" ဟုတ်တယ်။ဒီအခွင့်အရေးက ကျုပ်အတွက် အသုံးမဝင်ဘူး၊ ဒါပေမဲ့ ခင်ဗျားတို့အတွက်တော့ ဒါဟာ တကယ်ကို ကြီးကျယ်တဲ့ အခွင့်အရေးကြီး တစ်ခု နော်။”