ဗားရှင်း ၀.၃၁ အပ်ဒိတ်မှတ်တမ်း
Vol. 24 Ch. 350
[ဆိုဆာဟူးဂတ်စ်: ဒါက ကြောက်စရာပဲ၊ အရာအားလုံး ဝါးတားတား ဆင်ဆာရုပ်ပုံတွေနဲ့ ဖုံးအုပ်ထားတယ်။]
[ငါက ထူးခြားတယ်: ငါ မင်းတို့ အားလုံးနဲ့ အံဝင်ခွင်ကျ မဖြစ်နိုင်ဘူး၊ ဘာလို့လဲဆိုတော့ ငါက လုံလောက်အောင် ငတုံး မဟုတ်လို့ပဲ။]
[စူပါအကြမ်းဖက်တစ္ဆေ: ကြော်ထားတဲ့ ဂိမ်းမာတွေက ထာဝရတိုင်းပြည်မှာ ပထမဆုံး ပြန်လည် ရှင်သန်လာခဲ့ကြတယ်၊ ပြီးတော့ ပေါင်းထားတဲ့ ဂိမ်းမာတွေပေါ့။ ဂိမ်းမာ တစ်ယောက် ကတော့ ပြန်မလာသေးဘူး၊ သူက ဆာရှိမိ (လူသားပန်းကန်) အဖြစ် ပြင်ဆင်ခံနေရတယ်...]
[သန်းခေါင်ယံအညှောက်များ: ပြီးပြည့်စုံတယ်... မဟုတ်ဘူး။ ငါ ရေဆိုးမြောင်းတွေထဲ ဝင်ရောက်ဖို့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးကို မကျော်လွှားနိုင်ဘူး (.ӧ◡ӧ.) ဒါက တံတိုင်း တစ်ခု သက်သက်ပဲ။ မင်းတို့သာ ရေဆိုးမြောင်းတွေ သုံးပြီး ခိုးဝင်ခဲ့ရင် ထွက်ပေါက်မှာ ပိတ်ဆို့ ခံရမှာ မဟုတ်ဘူးလား။ ဒါမှမဟုတ် တစ်ယောက်ပြီး တစ်ယောက် သတ်ဖြတ် ခံရမှာလား။ ∠(ᐛ」∠)_]
...
၎င်းတို့မှာ ဘောင်းဘီမဝတ်သူ၏ အစီအစဉ်အပေါ် တုံ့ပြန်မှုများ ဖြစ်ကြသည်။
ဂိမ်းမာအချို့ အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသော်လည်း အစပြုမှုကို ထောက်ခံသော ဂိမ်းမာများလည်း ရှိနေခဲ့သည်။ အခြား အစီအစဉ်အားလုံး ကဲ့သို့ပင် သဘောတူသော ဂိမ်းမာများနှင့် သဘောမတူသော ဂိမ်းမာများ ရှိနေခဲ့သည်။
ရှားလော့ခ်သည် ခွဲခြမ်း စိတ်ဖြာရန် အစီအစဉ် အနည်းငယ် ရွေးချယ်ခဲ့ပြီး နောက်ဆုံးတွင် ဘရု၏ အကြံပြုချက် အပြီး ရှားလော့ခ်က ဆုံးဖြတ်ချက် တစ်ခု ချကာ "သူတို့ကို သူတို့ဘာသာသူတို့ ကစားခိုင်းလိုက်ပါ။"ဟု ဆိုလိုက်သည်။
"အရှင်ရှားလော့ခ်၊ ဂိမ်းမာတွေက လုံးဝ လွတ်လပ်မှု ရှိတဲ့ ဂိမ်းကို ပိုနှစ်သက်ကြတယ်၊ ဒါကြောင့် ကန့်သတ်ချက်တွေ ထပ်ထည့်စရာ မလိုပါဘူး။ အသေးစိတ် အစီအစဉ် တစ်ခု ရှိနေရင်တောင် သူတို့ လိုက်နာချင်မှ လိုက်နာကြလိမ့်မယ်။ ဂိမ်းမာ ၅,၀၀၀ ထဲမှာ တစ်ဝက်လောက်ပဲ တိုက်ပွဲ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတယ်။ သူတို့ တိုက်ပွဲကို ဆင်နွှဲဖို့ မတူညီတဲ့ အစီအစဉ်တွေ ရွေးချယ်နိုင်ပါတယ်။" ဘရုက အကြံပြုလိုက်သည်။
ရှားလော့ခ်သည် ၎င်းမှာ ယုတ္တိရှိသည်ဟု ထင်ခဲ့သည်။ နောက်ဆုံးတွင် ပြီးပြည့်စုံသော အစီအစဉ် တစ်ခုက သေဆုံးထိခိုက်မှုများကို လျှော့ချပေးမည် ဖြစ်ပြီး ၎င်းမှာ သူ၏ ဝင်ငွေကို လျှေ့ာနည်းစေမည် ဖြစ်သည်။ အစီအစဉ်ကောင်း တစ်ခုနှင့် အကျိုးအမြတ်များခြင်းမှာ တစ်ထပ်တည်း မကျခဲ့ပေ။
ရှားလော့ခ်သည် ကြားဝင် စွက်ဖက်ခြင်း မပြုရန် ဆုံးဖြတ် လိုက်သည်။ စောင့်ကြည့်ရေး မစ်ရှင် လုပ်ဆောင်နေသော ဂိမ်းမာအားလုံး ထာဝရတိုင်းပြည်သို့ ပြန်ရောက်သည်နှင့် သူ ဝန်ထမ်း အစည်းအဝေး တစ်ခု စီစဉ်ခဲ့သည်။
...
ဖိုးဉာဏ်ကျယ် အစည်းအဝေး အကြောင်းကြားစာ လက်ခံ ရရှိသည်နှင့် သူ သူ၏ မှတ်တမ်း စာအုပ်နှင့် ဘောပင်ကို ယူကာ စွန့်စားသူ အစည်းအရုံးမှ ထွက်ခွာသွားပြီး ဆောင်းတောင်ကုန်းမြို့ နေရာရွှေ့ပြောင်း ဝင်ပေါက်မှ တစ်ဆင့် ထာဝရတိုင်းပြည်သို့ ပြန်သွားခဲ့သည်။
အိဗလင်းမှာ ထာဝရတိုင်းပြည်၏ တရားဝင် ဝန်ထမ်းတစ်ဦး မဟုတ်ဘဲ ထာဝရတိုင်းပြည် စွန့်စားသူ အစည်းအရုံးမှ အကူအညီပေးသူ တစ်ဦးသာ ဖြစ်သောကြောင့် သူမ အစည်းအဝေး အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိခဲ့ပေ။ သို့သော် သူမ၏ အမူအရာအရ သူမ တက်ရောက်လိုပုံ ရသည်။
၎င်းမှာ ဖိုးဉာဏ်ကျယ် စိုးရိမ်စရာ မရှိသည့် အရာ တစ်ခု ဖြစ်သည်။
ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်တွင် များပြားလှသော ဂိမ်းမာများ ပြည့်နှက်နေခဲ့ပြီး သူတို့ ဒန်ဂျင်အရှင် ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသော "အမ်ပီစီများ" အကြောင်းနှင့် ဇာတ်လမ်းပိုင်း အသစ် တစ်ခု ရှိ၊မရှိ ဆွေးနွေး နေကြသည်။
သူတို့ ဖိုးဉာဏ်ကျယ် နေရာရွှေ့ပြောင်း ဝင်ပေါက် ခန်းမဆောင်မှ ထွက်လာသည်ကို မြင်တွေ့သည့်အခါ သူ့ကို စူးစူးရဲရဲ စိုက်ကြည့် နေခဲ့ကြသည်။
"အလိုလေး၊ ဖိုးဉာဏ်ကျယ်လည်း ဒီမှာပဲ။"
"ဒါက ဘယ်လို ဇာတ်လမ်းပိုင်းမျိုးလဲ။ ဒီလောက် အံ့ဩစရာ ကောင်းလို့လား။"
"အို ဘုရားသခင်၊ အမ်ပီစီအားလုံး ဒန်ဂျင်အရှင် ခန်းမဆောင်ထဲကို ဝင်သွားကြပြီ။ ငါလည်း ဝင်ချင်တယ်။"
"ဖယ်ရီမလေး ဝင်မသွားခဲ့ဘူး။"
"သူက အထူးပဲ။"
"ဖိုးဉာဏ်ကျယ်။ ဖိုးဉာဏ်ကျယ်။ ခင်ဗျား ရှားလီနဲ့ ဘယ်တော့မှ တွဲမှာလဲ။"
"အဲဒီလူက ရူးသွပ်နေတာပဲ၊ သူ့ကို ဆွဲထုတ်လိုက်။"
...
ဂိမ်းမာများကို ဒန်ဂျင်အရှင် ခန်းမဆောင် အပြင်ဘက်တွင်သာ ခွင့်ပြု ထားခဲ့သည်။
ဖိုးဉာဏ်ကျယ်သည် ဒန်ဂျင်အရှင် ခန်းမဆောင်၏ တံခါးကို ဖွင့်ကာ ဝင်ရောက်သွားပြီး တံခါးကို ပိတ်လိုက်သည်။
ကမ္ဘာကြီး တိတ်ဆိတ် ငြိမ်သက် သွားခဲ့သည်။
"အဲဒီမှာ ထိုင်လိုက်ပါ ဖိုးဉာဏ်ကျယ်။"
ရှားလော့ခ်သည် ဖိုးဉာဏ်ကျယ်ကို ကြည့်လိုက်ပြီး တစ်ခုတည်းသော နေရာလွတ်ကို လက်ညှိုးထိုး ပြလိုက်သည်။ ဒန်ဂျင်အရှင် ခန်းမဆောင်အတွင်းတွင် ဆင်းဘ၊ မုဖာဆာ၊ မိုရိုးစ်၊ ယိုဒါနှင့် သားရဲကောင်တို့ ရှိနေခဲ့ကြသည်။
သူတို့ အားလုံးမှာ ထာဝရတိုင်းပြည်မှ ဝန်ထမ်းများ ဖြစ်ကြသည်။
ဖိုးဉာဏ်ကျယ်မှာ နောက်ဆုံး ရောက်ရှိလာသော ဝန်ထမ်း ဖြစ်သည်။ သူ မျှော်လင့်တကြီး ထိုင်ချလိုက်သည်။
"ဝန်ထမ်းအားလုံး ရောက်ရှိနေပြီဆိုတော့ ကျွန်တော်တို့ အစည်းအဝေး စတင်ပါ့မယ်။ လူတိုင်း မတူညီတဲ့ လမ်းကြောင်းတွေကနေ နောက်ဆုံးရ သတင်းတွေ ကြားသိပြီး ဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။" ရှားလော့ခ်က သူတို့ကို ကြည့်လိုက်ပြီး "ကျွန်တော်တို့ ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင်ဆီကနေ ကြေးစားစစ်သားတွေ အဖြစ် ကျူးကျော်လာတဲ့ အိုဂါတွေကို တိုက်ခိုက်ဖို့ မစ်ရှင် တစ်ခု လက်ခံရရှိ ခဲ့ပါတယ်။"ဟု ဆိုလိုက်သည်။
လူတိုင်း ရှားလော့ခ်ကို တိတ်ဆိတ်စွာ ကြည့်နေ ခဲ့ကြသည်။
ဖိုးဉာဏ်ကျယ်မှာ ပုံမှန်အတိုင်းပင် စကားနည်းပြီး စိတ်ခံစားချက် ကင်းမဲ့ နေခဲ့သည်။ အခြားဝန်ထမ်း ခြောက်ဦးမှာ စာချုပ်များဖြင့် ခေါ်ယူထားခြင်း ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဆုံးပါက ထွက်ခွာသွား နိုင်သောကြောင့် သူတို့ ထံမှ အကြံပြုချက်များ ရရှိရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။
ကြက်ဥခေါင်းသည် သူ၏ ပါးစပ်တွင် တစ်ခါသုံးခွက် တစ်လုံးကို ကိုင်ဆောင်ထားပြီး သူ၏ လက်သည်းများတွင် ရေနွေးအိုးနှစ်လုံးကို ကိုင်ဆောင် ထားခဲ့သည်။ သူ သူတို့ အားလုံး အတွက် ရေလောင်းထည့် ပေးနေသော်လည်း သူ၏ ကိုယ်မှာ ကွေးညွှတ်ကာ ပုံပျက်ပန်းပျက် ဖြစ်နေခဲ့ပြီး သူ သူတို့ကို ရေဖြင့် လောင်းချတော့မည့် အလား ပေါက်နေခဲ့သည်။
"ငါတို့ အားလုံး ဒီကို ခေါ်လာခဲ့တာ မကြာခင် ထွက်ခွာတော့မယ်ဆိုတာ အသိပေးဖို့ပဲ။ ယိုဒါက စစ်သည်တော် ၂၀၀၊ ဖိုးဉာဏ်ကျယ်နဲ့ သားရဲကောင်တို့ကို ခေါ်ဆောင်ပြီး အိုဂါခံတပ် အနီးမှာ ရှေ့တန်းစခန်း တစ်ခု တည်ထောင် ရလိမ့်မယ်။ ပြီးရင် ငါတို့ ယာဉ်ပျံကြီးပေါ်က မှော်အက္ခရာ မာနာပုံစံကွက်ကနေ တစ်ဆင့် နေရာရွှေ့ပြောင်းပါ့မယ်။"
ရှားလော့ခ်က သူ၏ အစီအစဉ်ကို ဆက်လက် ရှင်းပြသည် "ပန်းပဲဆိုင်နဲ့ လက်သမား အလုပ်ရုံတို့ အချိန်ပို ဆင်းရလိမ့်မယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ပြင်ဆင်မှုတွေ လုပ်ထားကြပါ။"
"အဲ... ကျွန်တော့် အတွက်က,ကော အရှင်ရှားလော့ခ်။" မိုရိုးစ်သည် စိတ်အားထက်သန်သော အမူအရာဖြင့် သူ၏ လက်ကို မြှောက်ကာ မေးလိုက်သည်။ "ကျွန်တော် တိုက်ပွဲမှာ ပါဝင်လို့ ရမလား။ အရှင်ရှားလော့ခ်၊ ကျွန်တော့်ကို ထိခိုက်လွယ်တဲ့ ဂနိုမ်း တစ်ယောက်လို့ မထင်ပါနဲ့။ ကျွန်တော် ဆောင်းတောင်ကုန်းမြို့မှာ လုံခြုံရေး အစောင့် တစ်ယောက် မဖြစ်ခင်က ကျွန်တော်က ဒဏ္ဍာရီလာ စစ်သည်တော် တစ်ယောက်ပါ။"
"ဟုတ်တယ် မိုရိုးစ်။ ငါတို့ တိုက်ပွဲထွက်တဲ့ အခါ ထာဝရတိုင်းပြည်မှာ ကာကွယ်ရေး မရှိဘဲ မဖြစ်နိုင်ဘူး။ အဲဒါ မင်းရဲ့ အခန်းကဏ္ဍပဲ။ ဒဏ္ဍာရီလာ စစ်သည်တော် တစ်ယောက် အနေနဲ့ ငါတို့ မရှိတုန်း ထာဝရတိုင်းပြည်ကို မင်း တစ်ယောက်တည်းပဲ ကာကွယ်ထား နိုင်လိမ့်မယ်။ ငါ မင်းကို အခိုင်အမာ ယုံကြည်တယ်။"
ရှားလော့ခ်သည် တည်ငြိမ်စွာဖြင့် မိုရိုးစ်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ သူ ဆက်လက်၍ ဆိုလိုက်သည်။ "ဂိုဘလင်တွေလည်း မင်းကို လိုအပ်တယ်။ သူတို့ အများစုက တိုက်ခိုက်ရေး အတွေ့အကြုံ မရှိကြဘူး၊ ပြီးတော့ မင်း တစ်ယောက်တည်းပဲ ဒီလူသစ်တွေကို အားကောင်းတဲ့ စစ်သည်တော်တွေ ဖြစ်အောင် လေ့ကျင့်ပေး နိုင်လိမ့်မယ်။ သူတို့ကို လျင်မြန်စွာ လေ့ကျင့်ပေးဖို့ မင်း အချိန်ပို လုပ်ဆောင်ရနိုင်တယ်။ မင်း လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။"
မိုရိုးစ်၏ မျက်လုံးများမှာ အလွန် စိတ်လှုပ်ရှား သွားသောကြောင့် နီရဲ လာခဲ့သည်။
ရှားလော့ခ်သည် သူတို့၏ အလုပ်ပံ့ပိုး ကူညီမှုများကို အကျဉ်းချုပ် ဖော်ပြပြီး ထာဝရတိုင်းပြည်၏ အံ့ဩဖွယ် ဖွံ့ဖြိုးတိုးတက်မှု အတွက် ပံ့ပိုး ကူညီခဲ့ကြသည့် အတွက် သူတို့ကို ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။ သူက ဝန်ထမ်းများ နှုတ်ဖြင့် နှောင့်ယှက်ခြင်း သို့မဟုတ် ကိုယ်ထိလက်ရောက် ထိပါးခြင်း မခံရစေရန် မြို့သားများ၏ အပြုအမူနှင့် ယဉ်ကျေးမှု ကိုလည်း တိုးတက် ကောင်းမွန်အောင် ပြုလုပ်ပေးမည် ဖြစ်သည်။
ရှားလော့ခ်သည် လူတိုင်း ငြိမ်းချမ်းရေးနှင့်အချစ် အတွက် မိမိကိုယ်ကို စတေးကာ ဆန္ဒအလျောက် အချိန်ပို လုပ်ဆောင်ကြမည့် ခေတ်သစ်ဒန်ဂျင် တစ်ခု ဖန်တီးလိုခဲ့သည်။
သူ၏ မိန့်ခွန်းအပြီးတွင် ကြက်ဥခေါင်းသည် အချိန်ကြာမြင့်စွာ လက်ခုပ်တီးခဲ့သည်။
အစည်းအဝေး ပြီးဆုံးသွားပြီး ဝန်ထမ်းများသည် ဒန်ဂျင်အရှင် ခန်းမဆောင်မှ ထွက်ခွာသွား ခဲ့ကြသည်။
ဆင်းဘသည် ပထမဆုံး ထွက်ခွာသွားခဲ့ရာ လုံးဝ တိတ်ဆိတ် ငြိမ်သက် နေခဲ့သည်။ ဆင်းဘနောက်မှ မုဖာဆာမှာလည်း ဂိမ်းမာများ၏ နှောင့်ယှက်ခြင်းကို မခံခဲ့ရပေ။
မိုရိုးစ် ထွက်ခွာသွားသည့်အခါ တိုးညင်းသော စကားသံအချို့ ထွက်ပေါ်လာခဲ့ပြီး သားရဲကောင် ထွက်ခွာသွားခြင်းကိုမူ သင်္ချာမေးခွန်းများ ဆွေးနွေးနေသော စိတ်အားထက်သန်သည့် အသံများဖြင့် ကြိုဆိုခဲ့ကြသည်။ ယိုဒါမှာ လျှော်ကြိုးနည်းပညာရှင်နှင့် သူ၏ အဖွဲ့၏ ပြန်ပေးဆွဲခြင်းကို ချက်ချင်း ခံခဲ့ရပြီး ဖိုးဉာဏ်ကျယ်မှာမူ ဒန်ဂျင်အရှင် ခန်းမဆောင်မှ နောက်ဆုံး ထွက်ခွာသွားခဲ့သူ ဖြစ်သည်။
"ဖိုးဉာဏ်ကျယ်၊ မစ်ရှင်တွေ ရှိသေးလား။"
"ဇာတ်လမ်းပိုင်း ရှိသေးလား။ ငါတို့ ကြည့်ဖို့ ဇာတ်လမ်းပိုင်း အန်နီမေးရှင်းက,ကော။"
"ဖိုးဉာဏ်ကျယ်၊ ငါ လစ်ခ်ျတစ်ယောက် ဖြစ်ချင်တယ်။"
"ဖိုးဉာဏ်ကျယ်၊ ကျွန်တော့်အပေါ် သုတေသနလုပ်ပါ။ ခင်ဗျား ကျွန်တော့်အပေါ် ဘယ်တော့မှ သုတေသနလုပ်မှာလဲ။"
...
ရှားလော့ခ်သည် ပြတင်းပေါက် အပြင်ဘက်မှ ဆူညံပွက်လော ရိုက်နေခြင်းကို ကြည့်လိုက်သည်။ ဂိမ်းမာများ ပုံမှန်အတိုင်း ငြိမ်းချမ်းနေသည်ကို သတိပြု မိသောကြောင့် သူ အရေးမစိုက်ခဲ့ပေ။ သူ ကြက်ဥခေါင်းအား အစည်းအဝေးတွင် အသုံးပြုခဲ့သော ဆောင်းတောင်ကုန်းမြို့မှ ပံ့ပိုးကူညီထားသည့် ထိုင်ခုံများကို သိမ်းဆည်းရန်နှင့် တစ်ခါသုံး ခွက်များကို ပြန်လည် အသုံးပြုနိုင်ရန် ဆေးကြောရန် ကူညီပေးခဲ့သည်။
သူ၏ အလုပ်များ ပြီးဆုံးပြီးနောက် ကြက်ဥခေါင်းသည် သူ၏ ထိုင်ခုံတွင် သက်သောင့်သက်သာ အနားယူလိုက်သည်။ သူ သူ၏ ကွန်ပျူတာကို တပ်ဆင်လိုက်ပြီး သူ၏ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်သော ငါးနာရီကြာ ကွန်ပျူတာ ဂိမ်းကစားခြင်းကို စတင်ခဲ့သည်။
ရှားလော့ခ်မှာမူ ဆွေးနွေးခန်း ဖိုရမ်ကို ဝင်ရောက် ကြည့်ရှုကာ အကြောင်းအရာ အသစ်များ ထပ်ထည့်လိုက်သည်-
[ဗားရှင်း ၀.၃၁ အပ်ဒိတ်ဖြည့်စွက်ချက်]
"ထာဝရတိုင်းပြည်မှ စစ်သည်တော်များ ဆာမေးလ်၏ ဆိုးယုတ်သော အကြံအစည်ကို တားဆီး နိုင်ခဲ့သော်လည်း အိုဂါများ၏ အကြွင်းအကျန်များမှာ တစ်နေ့ထက် တစ်နေ့ အားကောင်းလာပြီး ငါတို့၏ ရှင်သန်ရပ်တည်မှုကို ခြိမ်းခြောက်နေသည်။ ငါတို့ လက်ပိုက်ကြည့်နေ၍ မဖြစ်ပေ။
ဂိမ်းဗားရှင်း အသစ်၊ အိုဂါမျိုးနွယ်စုများကို ထည့်သွင်းထားသည်-
မြင်ကွင်း အသစ်၊ အိုဂါခံတပ်ကို ထည့်သွင်းထားသည်- ချဲ့ထွင်လာသော အိုဂါ မျိုးနွယ်စုများသည် ဆောင်းတောင်ကုန်းမြို့၏ နယ်စပ် ကင်းစခန်းများကို သိမ်းပိုက်ကာ ကြီးမားသော အိုဂါခံတပ် တစ်ခု တည်ဆောက်ခဲ့ကြသည်။ ၎င်းကို သူတို့၏ ဗဟိုချက်အဖြစ် အသုံးပြု၍ အိုဂါခေတ်သစ် စတင်ရှင်သန် ကြီးထွား လာနေသည်။
အိုဂါခံတပ်: ဤသည်မှာ အားအင် ကြီးမားသော အိုဂါများစွာ သိမ်းပိုက်ထားသော နေရာ ဖြစ်သည်။ လက်ရှိတွင် ၎င်းမှာ ကြောက်မက်ဖွယ် စစ်ခံတပ် တစ်ခု ဖြစ်လာခဲ့ပြီး ပိုမို များပြားသော အိုဂါ မျိုးနွယ်စုများကို ပူးပေါင်းပါဝင်ရန် ဆွဲဆောင်နေသည်။ အစွမ်းထက် လက်နက်များ၊ ခိုင်ခံ့သော ချပ်ဝတ်များနှင့် ဒဏ္ဍာရီပစ္စည်း များပင် ဤနေရာတွင် ပေါ်ပေါက်လာလိမ့်မည်...
မစ်ရှင်အသစ်၊ အိုဂါများ၏ ကျူးကျော်မှုကို ထည့်သွင်းထားသည်- အိုဂါများသည် ချဲ့ထွင် နေကြပြီး သူတို့ တပ်မက်နေသော သယံဇာတများ ရှိသည့် မြေပေါ်လောက၏ ဗစ်တိုးရီးယားမြို့ကို မျက်စိကျ နေကြသည်။ အိုဂါများ၏ ကျူးကျော်မှုမှာ တစ်နေ့ထက်တစ်နေ့ နီးကပ် လာနေသည်။ မည်သူမျှ စစ်ပွဲ၏ ဒဏ်ရာဒဏ်ချက်များမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
အမ်ပီစီအသစ်၊ နီကိုလပ်စ်ကို ပြင်ဆင် မွမ်းမံထားသည်- သွေးစုပ်ဖုတ်ကောင် နီကိုလပ်စ်မှာ ထာဝရတိုင်းပြည်၏ ခိုင်မာသော မဟာမိတ် ဖြစ်သည်။ ရှားလော့ခ်၏ အကြံပြုချက်ဖြင့် သူ ဆောင်းတောင်ကုန်းမြို့ ဒန်ဂျင်အရှင် ဖြစ်လာခဲ့သည်။ ဆောင်းတောင်ကုန်းမြို့ရှိ ငါတို့ စစ်သည်တော်များ၏ လှုပ်ရှားမှုများကို အရေးယူ ဆောင်ရွက်မည် ဖြစ်ပြီး ပိုမို အဆင်ပြေလာလိမ့်မည်။
အပ်ဒိတ်အလွတ် အသစ် တစ်ခု ထပ်ထည့်ထားသည်- ကျွန်တော် စဉ်းစားမိတာနဲ့ ထပ်ထည့်ပေးပါမယ်။"