← Chapters

ဟေး? ဝန်ဆောင်မှု ဌာနလားဗျို့?

Vol. 24 Ch. 352

ဟေး? ဝန်ဆောင်မှု ဌာနလားဗျို့?

Vol. 24 Ch. 352

ဆွေးမြေ့နေသော သစ်ရွက်များ အပေါ်တွင် သစ်ရွက် အသစ်များက ထပ်မံ၍ ထူထဲစွာ ဖုံးလွှမ်းလျက် ရှိသည်။ အရပ်ပုသော ပုံရိပ် တစ်ခုက "ကျွိ ကျွီ" အသံများ ထွက်ပေါ်စေကာ ရှေ့သို့ လှမ်းရန် ပြုလိုက်စဉ် လူတစ်ဦးက သူ၏ ရှေ့တိုးလာမှုကို တားဆီးလိုက်ပြီး စိတ်လှုပ်ရှားစွာ အမူအရာ ပြလိုက်သည်။

ထိုပုံရိပ်မှာ ခေတ္တမျှ ကြောင်ငေးသွားပြီးနောက် စိတ်မချမ်းမသာဖြင့် ပြောလိုက်သည်။ "မင်းကတော့ကွာ၊ ပြဿနာ တစ်ခုခု ရှိရင်…"

သူ့ စကားမဆုံးမီပင် တစ်စုံတစ်ယောက်က သူ၏ ပါးစပ်ကို လှမ်းပိတ်လိုက်ပြီး ရှေ့ရှိ ကွင်းပြင်ဆီသို့ စိတ်လှုပ်ရှားစွာ လက်ညှိုးထိုး ပြလိုက်၏။ ထိုနေရာတွင် အိုဂါ သုံးကောင်က ကျယ်လောင်စွာ စကားပြော နေကြသည်။ သို့သော် အတော်အတန် ဝေးကွာသောကြောင့် တိုးညှင်းသော အသံများကိုသာ သူတို့ ကြားနိုင်လေသည်။

ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများမှာ အိုဂါတို့၏ ဘာသာစကားကို နားမလည်ကြချေ။

လန်ဆလော့သည် အနီးအနားတွင် ထိုင်ချလိုက်ပြီး ဂိမ်းမာတို့၏ အပြုအမူကြောင့် ချမ်းစိမ့်စိမ့် ဖြစ်နေမိသည်။ သူတို့သည် တောထဲသို့ ဝင်လာကတည်းက မရပ်မနား စကားပြော နေကြ၏။ လန်ဆလော့က သူတို့ကို တိတ်ဆိတ်စွာ နေရန် အမိန့်ပေး ချင်သော်လည်း အချည်းနှီးပင်။

မကြာမီပင် ဂိမ်းမာများက အိုဂါတို့၏ တည်နေရာကို ရှာဖွေတွေ့ရှိ သွားကြသည်။ သူတို့က "ဟာ၊ ဖိုရမ်ပေါ်မှာ တစ်ယောက်က အိုဂါတွေနဲ့ တွေ့ပြီး အသတ်ခံလိုက် ရတယ်တဲ့။ သူတို့က အနီးအနားမှာပဲ။ သွေးရာတွေ ရှာကြည့်၊ ဒီနားတစ်ဝိုက်မှာ ရှိသင့်တယ်" ဟု ပြောကြသည်။

နောက်တစ်နာရီ ကြာသည်အထိ သူတို့သည် ဆက်လက်၍ စကားဖောင်ဖွဲ့ နေကြ၏။

"ဖိုရမ်ပေါ်က တစ်ယောက်က…"

"ဖိုရမ်ပေါ်က ပို့စ်မှာ…"

"ဖိုရမ်မှာ ဘာတွေ ဆွေးနွေးထားလဲ။"

"ဖိုရမ်…"

ဖိုရမ်၊ ဖိုရမ်၊ ဖိုရမ်။ ဖိုရမ်ဆိုသည်မှာ မည်သို့သော ထောက်လှမ်းရေး အဖွဲ့အစည်းမျိုးပါနည်း။ လန်ဆလော့ မသိချေ။ သူသိသည်မှာ ဤလူသားများ၊ ဖယ်ရီများနှင့် အက်လ်ဖ်များက အိုဂါတို့၏ လှုပ်ရှားမှုများကို သိရှိ နေကြသည် ဟူသော အချက်ပင်။ ဂိမ်းမာတို့သည် မရပ်မနား စကားပြောရင်း ဘယ်ညာ ရွေ့လျားကာ လှည့်ပတ် သွားလာ ကြပြီးနောက် အိုဂါများကို ဝန်းရံ လိုက်ကြလေသည်။

ဟုတ်ပေသည်။ သူတို့သည် မိမိတို့၏ သားကောင်ကို ဝန်းရံလိုက် ကြပြီ။

လန်ဆလော့သည် ဤကဲ့သို့ ထူးဆန်းသော ဝန်းရံမှုကို တစ်ခါမျှ မကြုံဖူးချေ။ ဂိမ်းမာတို့သည် လမ်းလျှောက်ရင်း စကားပြောကြပြီး ရံဖန်ရံခါတွင် မြေကြီးပေါ် လှဲချလိုက်ကြကာ တစ်မိနစ်ခန့် အကြာတွင် ပြန်ထကြသည်။ ထို့နောက် သူတို့သည် အိုဂါ သုံးကောင်ကို ဝိုင်းထားလိုက်ကြ၏။

ဂိမ်းမာတို့သည် တိတ်ဆိတ်စွာ နေရန် ရည်ရွယ်ချက် မရှိကြချေ။ အဝေးမှ လူတစ်ယောက်က "ငါတို့ ဒီဘက်မှာ ဝိုင်းထားတာ ပြီးပြီ။ မြန်မြန် လုပ်ကြဟေ့" ဟု အော်ဟစ်လိုက်သည်။

ကျယ်လောင်သော အော်ဟစ်သံက အိုဂါများကို သတိပေး လိုက်သဖြင့် သူတို့သည် မတ်တပ်ရပ်ကာ ဒေါသတကြီး ဟိန်းဟောက် လိုက်ကြသည်။

ပတ်ပတ်လည်တွင် ဂိမ်းမာများစွာ ရှိနေသော်လည်း လန်ဆလော့မှာ စိတ်လှုပ်ရှားနေပြီး သူ၏ လက်ဖဝါးများမှာ ချွေးများဖြင့် စိုရွှဲနေသည်။ သူသည် တိုက်ပွဲကို မကြောက်ရွံ့သော်လည်း ရန်သူများမှာ စာအုပ်များ သို့မဟုတ် ဒဏ္ဍာရီများ အထဲတွင်သာ မကောင်းဆိုးဝါး သတ္တဝါများအဖြစ် ပါရှိတတ်သော လေးငါးမီတာ မြင့်သည့် အိုဂါများ ဖြစ်နေကြသည်။ သို့သော် ယခုအခါ သူတို့သည် သူ၏ ရှေ့မှောက်တွင် ထင်ထင်ရှားရှား ရပ်တည် နေကြ၏။ ဂုဏ်သိက္ခာ ကြီးမားသော သူရဲကောင်း တစ်ဦး အနေဖြင့် ဤကဲ့သို့သော ယုတ်မာသည့် သတ္တဝါများနှင့် ရင်ဆိုင်ရသည့် အခါ သူသည် အလွန် တရာ သွေးဆူနေမိသည်။

"စစ်သည်တော်တို့။"

သူသည် ဓားကို မြှောက်ကာ ဂိမ်းမာများအား "ငါတို့ရဲ့ ရန်သူတွေက မြေအောက်လောကရဲ့ မကောင်းဆိုးဝါး သတ္တဝါတွေပဲ၊ ဒါကြောင့် သနားညှာတာမှု မထားကြနဲ့။ သူတို့ကို ရဲရဲဝံ့ဝံ့ တိုက်ခိုက်ကြပြီးတော့…" ဟု အော်ဟစ်လိုက်သည်။

လန်ဆလော့၏ စကားမဆုံးမီပင် ဂိမ်းမာများက ရှေ့သို့ ပြေးထွက်သွား ကြလေပြီ။ အချို့ ဂိမ်းမာများက အော်ဟစ် ကြွေးကြော်ခြင်းပင် စတင် ပြုလုပ် နေကြ၏။

"ဟာ၊ ငါတို့ ဒီမှာ ဇာတ်လမ်းပိုင်း အန်နီမေးရှင်း ကြည့်နေတုန်း တစ်ဖက်က ဂိမ်းမာတွေက စပြီး ပြေးထွက်သွားကြပြီ။ အဲ့လို မလုပ်ကြနဲ့လေကွာ။ ပစ္စည်းတွေက ငါ့ အတွက်ဟ။"

"ပစ္စည်းတွေ ဟုတ်လား။ မစ်ရှင်မှာ ပြောထားတာက အိုဂါတွေရဲ့ ပစ္စည်းတွေကို မြို့စားကတော် လီလို ဆီကို တင်သွင်းရမယ် ဆိုပြီးတော့လေ။"

"အေးပေါ့၊ ဒါက စိတ်မကောင်းစရာပဲ၊ ဒါပေမဲ့ အဖွင့် ဇာတ်လမ်းတွဲ မစ်ရှင်ကနေတော့ သိပ်ပြီး မျှော်လင့်ထားလို့ မရဘူးလေ။"

ဂိမ်းမာ အုပ်စုကြီးသည် အိုဂါ သုံးကောင်ဆီသို့ ရေလုံးကြီး သဖွယ် တိုးဝင် သွားကြတော့သည်။

…

လီလိုသည် ဝါးတားတား ဆင်ဆာပုံများဖြင့် ဖုံးအုပ်ထားသော အသားတုံး သုံးတုံးကို စိုက်ကြည့်နေ၏။ အကယ်၍ ရှားလော့ခ်က အိုဂါသုံးကောင်၏ အစီအစဉ်ကို သူမအား ကြိုတင် အသိမပေးခဲ့ပါက ထိုအရာများမှာ အိုဂါများ ဖြစ်သည်ဟု သူမ သိနိုင်လိမ့်မည် မဟုတ်ချေ။

လီလို၏ ရှေ့မှောက်ရှိ ဂိမ်းမာ အားလုံးမှာ တိတ်ဆိတ် ငြိမ်သက်စွာ မလှုပ်မယှက် ရှိနေကြသည်။ လန်ဆလော့ပင်လျှင် ဖိနှိပ်မှုကို ခံစားနေရ၏။ သူသည် အောက်သို့ ဖိချ ခံထားရသကဲ့သို့ ခံစားနေရသည်။

လန်ဆလော့သည် ထိုအရာမှာ လီလို၏ ဩဇာအရှိန်အဝါ ဖြစ်ကြောင်း မသိရှိခဲ့ချေ။

"မဆိုးပါဘူး" လီလိုက ဂိမ်းမာအား ပြောလိုက်သည်။ "အိုဂါ ခံတပ်ကို တိုက်ခိုက်ဖို့ အတွက် ပြင်ဆင်ကြ။"

"နေဦး၊ ခဏလေးပါ မြို့စားကတော် လီလို။ အကယ်၍ ကျွန်တော်တို့ ကောင်းကောင်းမွန်မွန် ပြင်ဆင်မှု မရှိဘဲ အိုဂါတွေကို လက်လွတ်စပယ် တိုက်ခိုက်ရင် သူတို့ကို အနိုင်ယူဖို့ အခွင့်အရေး ရှိမှာ မဟုတ်ဘူး။ အိုဂါ သုံးကောင်နဲ့ တိုက်ပွဲကတောင် တော်တော် ခက်ခဲခဲ့တာ။"

လန်ဆလော့သည် ဒဏ်ရာ ဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ အကယ်၍ ဂိမ်းမာများက သူတို့၏ ခန္ဓာကိုယ်များကို ဒိုင်းသဖွယ် အသုံးမပြုခဲ့ပါက လန်ဆလော့ပင် သေဆုံးသွား နိုင်ပေသည်။ လူသား တစ်ဦး အနေဖြင့် သူ၏ အစွမ်း ခွန်အားမှာ မြေအောက်လောက၏ မကောင်းဆိုးဝါး သတ္တဝါများထက် နိမ့်ကျလှသည်။

"ငါ နားလည်ပါတယ်။ ဒါပေမဲ့ ငါတို့ ကြောက်ရွံ့မှာ မဟုတ်ဘူး၊ ပြီးတော့ အဲ့ဒီ အိုဂါတွေကို ငါတို့ အနိုင်ယူရမယ်။ ဒီလောက်ပါပဲ၊ ထပ်မပြောနဲ့တော့။"

လီလိုသည် လန်ဆလော့အား စကားဆက် မပြောစေရန် လက်မြှောက် တားဆီးလိုက်သည်။ ထို့နောက် သူမသည် ရဲတိုက်ငယ်လေးဆီသို့ ပြန်သွားပြီး ဟမ်းစတား သုံးကောင်ကို ဂိမ်းမာများနှင့် စကားပြောရန် ချန်ထားခဲ့သည်။

"တိုက်ပွဲ အတွက် ပြင်ဆင်ကြ။ ငါတို့ နေရာရွှေ့ပြောင်း ဝင်ပေါက်ကို ပြင်ဆင်ပေးမယ်။"

ထို့နောက် သူတို့သည် လီလိုနောက်သို့ လိုက်ပါသွားကြ၏။

ဂိမ်းမာတို့သည် ပြန်လည်၍ စကားဖောင်ဖွဲ့ နေကြစဉ် လန်ဆလော့မှာ ကြောင်ငေးနေလျက် ယခင် အဖြစ်အပျက်များကို ပြန်လည် စဉ်းစားနေမိသည်။ မဟာမှော်အရှင် ခေါင်းတုံးပြောင်၏ "ဤလူများသည် ဘုရားသခင် စေလွှတ်လိုက်သောသူများ ဖြစ်သည်" ဟူသော စကားကို သူ စဉ်းစား မိသည့်အခါ သူ၏ မျက်လုံးများ အရောင်တောက် လာခဲ့သည်။

သူတို့သည် မြေအောက် လောက၏ မကောင်းဆိုးဝါးများကို ဖျက်ဆီးရန် အလင်း အဖွဲ့အစည်းများကို ကိုယ်စား ပြုနေကြသည်တကား။

…

ကုလားထိုင် တစ်လုံးပေါ်တွင် ရှည်လျားသော အနက်ရောင် အမြီး တစ်ခုက ဘယ်ညာ ယိမ်းထိုးနေသည်။

မြေပြင်သို့ မမီနိုင်လောက်အောင် တိုလွန်းသော နောက်ခြေထောက် နှစ်ချောင်းမှာ လေထဲတွင် လွှဲယမ်းနေလျက် လက်သည်း တစ်ခုက မောက်စ်ကို ထိန်းချုပ်ကာ ကွန်ပျူတာ မျက်နှာပြင်ပေါ်ရှိ သေနတ်နှစ်လက် ကိုင်ထားသော အမျိုးသမီး တစ်ဦးကို ထိန်းချုပ်ရန် ဒေါသတကြီး ကလစ်နှိပ်နေသည်။ ကြက်ဥခေါင်းသည် မျက်နှာပြင်ကို ကြည့်ရင်း အခါအားလျော်စွာ စကားပြောနေ၏။

"ဘယ်အချိန်ဖြစ်ဖြစ် အဆင်သင့်ပဲ ဘော့စ်။"

"ငါ ရောက်နေပြီ။"

"လှုပ်လိုက်စမ်းပါ ဘေဘီရယ်။"

"ဟုတ်ပြီ ဘေဘီလေး။"

ဤအချိန်တွင် အသေးဆုံး ဖြစ်အောင် ချုံ့ထားသော ဝက်ဘ် စာမျက်နှာ တစ်ခုမှ ဘိဘိ အသံများ ထွက်ပေါ်လာသည်။

ကြက်ဥခေါင်းသည် သူ့ ဘာသာ ပွစိပွစိ ရေရွတ်ရင်း ကွန်ပျူတာ ဂိမ်းကို ရပ်တန့်လိုက်ပြီး ဝက်ဘ်စာမျက်နှာသို့ ပြောင်းလိုက်သည်။

စကားပြောခန်း တစ်ခု ပေါ်ထွက်လာပြီး စကားပြောခန်း၏ ညာဘက်ခြမ်းတွင် စကားပြော အမည်နှစ်ခု ရှိနေသည် -

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁]

အောက်တွင် ရှိသော အမည်မှာ [ဆောင်းတောင်ကုန်းအရှင် အုပ်ချုပ်သူ] ဖြစ်သည်။

[ဆောင်းတောင်ကုန်းအရှင် အုပ်ချုပ်သူ - ဘယ်သူရှိလဲ။ ဝန်ဆောင်မှု ဌာနလား။]

ကြက်ဥခေါင်းသည် စာရွက် တစ်ရွက်ကို ထုတ်ယူလိုက်ရာ ထိုစာရွက်မှာ ဝန်ဆောင်မှု ဌာန အဖြေ စကားများဖြင့် ပြည့်နှက်နေသည်။ သူသည် သက်ဆိုင်ရာ အပိုင်းများကို ရှာဖွေ၍ ကူးယူလိုက်သည်။

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ဟုတ်ကဲ့ပါ ချစ်ခင်ရသူလေး။ ဘယ်လို ကူညီပေးရမလဲရှင့်။]

[ဆောင်းတောင်ကုန်းအရှင် အုပ်ချုပ်သူ - ဟာ။ ဝန်ဆောင်မှု ဌာန ရှိသားပဲ။ ခင်ဗျား ဟန်ဆောင်နေတာလား။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ချစ်ခင်ရသူလေးရှင့်၊ ကျွန်မက အလုပ်သင် အသစ်ပါ။ ဘယ်လို ကူညီပေးရမလဲရှင့်။]

[ဆောင်းတောင်ကုန်းအရှင် အုပ်ချုပ်သူ - အာ၊ သိပ်များများစားစား မဟုတ်ပါဘူး။ ကျွန်တော်က ဝန်ဆောင်မှု ဌာနကို စမ်းကြည့်ချင်လို့ပါ။ အံ့ဩသွားတယ်။ စမ်းကြည့်လိုက်တာ တကယ် ရှိနေတာပဲ။ ခင်ဗျားက တစ်ယောက်တည်း ကိုယ်စားလှယ် ဆိုတော့ စိတ်အနှောင့်အယှက် ဖြစ်နေမှာလား။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - မဖြစ်ပါဘူး ချစ်ခင်ရသူလေးရှင့်၊ ကျွန်မက အခု အလုပ်သင် ဆင်းနေတာမို့ တစ်နေ့ကို တစ်နာရီပဲ အလုပ်လုပ်ရပါတယ်။]

[ဆောင်းတောင်ကုန်းအရှင် အုပ်ချုပ်သူ - အာ၊ ဒီလိုကိုး…]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - တခြားကိစ္စ မရှိရင် စကားပြောခန်းကို ပိတ်လိုက်ပါ့မယ်။ ပြဿနာ တစ်ခုခု ရှိရင် ကျွန်မကို ထပ်ရှာပါနော် ချစ်ခင်ရသူလေး။ (づ̄ 3 ̄)づ]

ကြက်ဥခေါင်းသည် စကားပြောခန်းကို မထီမဲ့မြင် ပိတ်လိုက်သော်လည်း သူ၏ ကွန်ပျူတာ ဂိမ်းကို ပြန်စရန် ပြင်ဆင်နေစဉ်မှာပင် ဘိဘိ အသံများ ထပ်မံ ထွက်ပေါ် လာပြန်သည်။

ကြက်ဥခေါင်းသည် စကားပြောခန်းဆီသို့ ပြန်ပြောင်းလိုက်သည်။ နောက်တစ်ယောက် ဖြစ်နေ၏။

[ဒရဂွန်ရာဂျာ နံပါတ် ၁ - အယ်။ ဟာ၊ ဝန်ဆောင်မှု ဌာနလား။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ဟုတ်ကဲ့ပါ ချစ်ခင်ရသူလေး။ ဘယ်လို ကူညီပေးရမလဲရှင့်။]

[ဒရဂွန်ရာဂျာ နံပါတ် ၁ - အာ၊ ဘာမှ မဟုတ်ပါဘူး။ ကျွန်တော် အိုဂါတွေကို မနိုင်ခဲ့ဘူး။ အိုဂါ ဇာတ်လမ်းအသစ် ရှိသေးလား။ ပစ္စည်းကိရိယာတွေ နည်းနည်းလောက် ပေးလို့ ရမလား။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ချစ်ခင်ရသူလေးရှင့်၊ အိုဂါတွေက အရည်အသွေး ကောင်း ပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ အဆင့်မြင့် မျိုးနွယ်စု ဖြစ်ပါတယ်။ အိုဂါတွေကို အနိုင်ယူပြီး သူတို့ရဲ့ ပစ္စည်းတွေ ရရှိဖို့ ပိုကြိုးစား ပေးပါရှင့်။]

[ဒရဂွန်ရာဂျာ နံပါတ် ၁ - မဟုတ်ဘူးလေ၊ ကျွန်တော် အခုပဲ ပြောလိုက်တယ်လေ အိုဂါတွေကို မနိုင်ဘူးလို့။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ဒါဆို ပိုကောင်းတဲ့ ပစ္စည်းတွေ သွားရှာပေါ့။]

[ဒရဂွန်ရာဂျာ နံပါတ် ၁ - ပစ္စည်းကောင်းတွေ ရဖို့ အိုဂါတွေကို အနိုင်ယူရမှာလေ။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ဒါဆို အိုဂါတွေကို သွားအနိုင်ယူပေါ့။]

[ဒရဂွန်ရာဂျာ နံပါတ် ၁ - ကျွန်တော် အိုဂါတွေကို မနိုင်ဘူးလို့။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ချစ်ခင်ရသူလေး ကျွန်မကို လာနောက်နေတာလား။ စကားပြောခန်းကို ပိတ်လိုက်တော့မယ်။ စိတ်ရှင်းရှင်းထားပြီးမှ ပြန်လာခဲ့ပါနော်။ (〃’▽’〃)]

"ဘယ်သူလဲဟ။ တမင်သက်သက် လုပ်တာလား။"

ကြက်ဥခေါင်းသည် နားလည်ရ ခက်လွန်းသည်ဟု ခံစားရကာ သူ့ ဘာသာ ပွစိပွစိ ရေရွတ်လိုက်သည်။ သူ၏ ကွန်ပျူတာ ဂိမ်းကို ပြန်စရန် ပြင်ဆင်နေစဉ်မှာပင် စကားပြောခန်းက စကားပြော အသစ် တစ်ခုကို ပြသလာသည်။

[နွန်း - ဝါး။ ဝန်ဆောင်မှု ဌာန ရှိတာပဲ။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - (づ̄3 ̄)づ ချစ်ခင်ရသူလေးရှင့်၊ ဘယ်လို ကူညီပေးရမလဲ။]

[နွန်း - မင်းက မိန်းကလေးလား။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ဂိမ်းနဲ့မဆိုင်တဲ့ မေးခွန်းတွေ မမေးပါနဲ့ ချစ်ခင်ရသူလေးရှင့်။]

[နွန်း - မင်းရဲ့ တုံ့ပြန်ပုံအရ မင်းက မိန်းကလေးပဲ။ ငါ မင်းကို ချစ်တယ် မိန်းကလေး။]

["ဒန်ဂျင်" ဝန်ဆောင်မှု ဌာန ၀၀၁ - ချစ်ခင်ရသူလေးရှင့်၊ အကယ်၍ ကျွန်မကို နှောင့်ယှက်နေတယ်ဆိုရင် စကားပြောခန်းကို ပိတ်လိုက်ပါ့မယ်။]

[နွန်း - မမလေး။ မမလေး။]

ကြက်ဥခေါင်းသည် စကားပြောခန်းကို ပြတ်သားစွာ အဆုံးသတ်လိုက်သည်။

ဒါက ဘာတွေလဲ။ သူတို့ အဲ့လောက်တောင် အားနေကြသလား။ ဘာလို့ ဂိမ်းမဆော့ကြတာလဲ။ စကားပြောရတာ ပျော်စရာ ကောင်းလို့လား။

ကြက်ဥခေါင်းသည် နားမလည်နိုင် ဖြစ်နေ၏။ သူ၏ ကွန်ပျူတာ ဂိမ်းကို ပြန်စရန် ပြင်ဆင်နေစဉ်မှာပင် ဘိဘိအသံများ ထပ်မံထွက်ပေါ် လာပြန်သည်။

ကြက်ဥခေါင်းသည် ကွန်ပျူတာကို ပိတ်လိုက်ပြီး ကီးဘုတ်ကို တွန်းဖယ်လိုက်သည်။ မျက်ရည်များ ဝေ့တက်လာပြီးနောက် သူသည် ဒေါသတကြီးဖြင့် ထောင့်ရှိ အသိုက်ဆီသို့ လျှောက်သွားကာ မကျေမချမ်း နှာမှုတ်ရင်း ငိုချလိုက်တော့သည်။

"အူး… အူး… အူး…"

All Chapters