အိုဂါခံတပ်၏ ဇာတ်လမ်း
Vol. 24 Ch. 358
"နေဦး၊ မင်းက မိုက်ကယ်အိန်ဂျယ်လိုရဲ့ အမွေအနှစ် ပစ္စည်းတွေ ရရှိခဲ့တယ်၊ ပြီးတော့ နတ်ဆိုးသခင် ၇၂ ပါးထဲက တစ်ပါး ဖြစ်တဲ့ ပိုလီယိုက မင်းကို ရှာတွေ့ ခဲ့တယ်လို့ ပြောတယ်၊ ဒါပေမဲ့ မင်းက မှော်ကျောက်တုံးတွေ ရဖို့ပဲ အခွင့်အရေးကို အသုံးချ ချင်တာလား။" လီလို၏ အသံ မြင့်တက်သွားသည်။
"အထင်မလွဲပါနဲ့၊ ငါက ပိုက်ဆံ ရဖို့ပဲ စဉ်းစားနေတာ မဟုတ်ပါဘူး။ ပိုလီယိုက ထောင်ကနေ လွတ်မြောက်လာ ခါစမို့ သူ့ကို အခုချိန်မှာ မျက်နှာပြခိုင်းဖို့ အချိန်ကောင်း မဟုတ်သေးဘူး။ ဒါ့အပြင် သူက ငါ့ကို သူ့ သခင် မိုက်ကယ်အိန်ဂျယ်လို,လို သဘောထားပေမဲ့ ငါက တကယ်တော့ သူ့ သခင်အစစ် မဟုတ်ဘူး။ ပိုလီယိုက အန္တရာယ် ရှိတဲ့ သတ္တဝါ တစ်ကောင်ပဲ၊ ဒါကြောင့် ငါတို့ သူ့ကို သေသေချာချာ နားမလည်ခင်နဲ့ သူ့ကို လုံးဝ ထိန်းချုပ် မတတ်ခင်မှာ သူ့ကို ဒီနေရာမှာ စစ်သားတွေကို လေ့ကျင့်ပေးဖို့ ထားတာက ပိုကောင်းတယ်" ဟု ရှားလော့ခ်က အလေးအနက်ထား ပြောလိုက်သည်။ သူ လိမ်ညာနေပုံ မရချေ။
"သူ့မှာ ရုပ်ခန္ဓာကိုယ် မရှိရင် သူ့ကို ဘယ်လို ထောင်ချခဲ့တာလဲ။"
လီလိုသည် ပစ်မှတ်ကို တည့်တည့် ထိမှန်အောင် ပြောလိုက်သော်လည်း ရှားလော့ခ်က လျင်မြန်စွာ ပြန်ဖြေလိုက်သည် "မာနာစွမ်းရည်တွေက အလျင်အမြန် ဖွံ့ဖြိုးတိုးတက် နေတယ်။ ဝိညာဉ်တွေကိုတောင် ဝိညာဉ်လောက,ကနေ ပြန်ဆွဲထုတ်ပြီး အလောင်းတွေထဲ ထည့်သွင်း နိုင်တယ်လေ။"
"သူ နှစ်တစ်ထောင် ထောင်ချခံရပြီး ကံကြမ္မာဆိုးနဲ့ တွေ့ချင်တယ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။"
"အိုး၊ အဲ့ဒါက ပိုလီယိုရဲ့ ဇာတ်လမ်းပဲ။ ပြည်သူတွေက ဒီလို ဇာတ်လမ်းမျိုးကို နှစ်သက်ကြတယ်။ မင်း သိတဲ့ အတိုင်းပဲ၊ စွန့်စားခန်း၊ ဇာတ်လမ်းတွဲနဲ့ ကမ္ဘာကြီးကို ကယ်တင်ခြင်းပေါ့။ ကိုယ့်ကိုယ်ကိုယ် ဗဟိုပြုတဲ့ လူသားတစ်စုက လေ့ကျင့်ရုံ သက်သက်ဆိုရင် ငြီးငွေ့ လာလိမ့်မယ်။ ဇာတ်လမ်းတွဲ တစ်ခု ထည့်သွင်းလိုက်ရင် ဖျော်ဖြေရေး တန်ဖိုးက နှစ်ဆ တိုးသွားလိမ့်မယ်။ ငါက သူတို့ရဲ့ လေ့ကျင့်ရေး ထိရောက်မှုကို တိုးတက်စေဖို့ ကြိုးစားနေတာ။"
လီလိုသည် ရှားလော့ခ်၏ ရှင်းပြချက်ကို ခေါင်းညိတ်ထောက်ခံပြီး "ဒီလိုဆိုရင် မင်းရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်လိုက်ပါ။ ငါ အနားယူဖို့ ပြန်တော့မယ်" ဟု ပြောလိုက်သည်။
လီလို မတ်တပ် ရပ်လိုက်ပြီး ပင်ပန်းနွမ်းနယ် နေပုံဖြင့် ပြောလိုက်သည်။ "မင်း သူတို့ကို အဲ့လောက်များများ သေခိုင်းနေရင် ကျန်းမာရေး အတွက် မကောင်းဘူး။ သွားကြစို့ ဘော့စ်အကြီး၊ ဒုတိယဘော့စ်၊ ဝတုတ်အိုတာကု"
လီလို အခန်းထဲမှ ထွက်ခွာသွားပြီး ဘော့စ်အကြီးနှင့် ဒုတိယဘော့စ်တို့သည် အိုဂါကို ကြည့်ရင်း သွားရည် ကျနေသော ဝတုတ်အိုတာကုကို ဆွဲခေါ်ကာ နောက်မှ လိုက်ပါ သွားကြသည်။
လီလိုနှင့် ဟမ်းစတားများ ထွက်ခွာ သွားပြီးနောက် ခေါင်းပြောင်နှင့် ဆေးမင်ကြောင် ထိုးထားသော အိုဂါသည် ထပ်မံ မတ်တပ် ရပ်လိုက်ပြီး အသံတိုးတိုးဖြင့် "သခင်" ဟု ပြောလိုက်သည်။
"နောက်ဆက်တွဲ ဇာတ်လမ်းကို ဆက်သွားကြစို့။" ရှားလော့ခ်သည် အိုဂါကို ကြည့်ကာ ပြောလိုက်သည်။
…
နဂါးမျိုးနွယ်သားသည် သူ၏ အစည်းအရုံး အဖွဲ့ဝင်များကို ဦးဆောင်ကာ အိုဂါ ခံတပ် အတွင်းသို့ ပိုမို နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ သူတို့ ပတ်ဝန်းကျင်တွင် အခြား ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာ များလည်း ရှိနေသည်။
ဂိမ်းမာများ အိုဂါ ခံတပ်သို့ ဝင်ရောက် ပြီးနောက် သူတို့သည် လီလိုနှင့် ဟမ်းစတား သုံးကောင်တို့နှင့် အဆက်အသွယ် ပြတ်တောက် သွားသော်လည်း သူတို့ အဆက်အသွယ် ပြတ်တောက် သွားစေသော ဇာတ်လမ်းပိုင်း အန်နီမေးရှင်းကို ဂိမ်းမာ တစ်ဦးတစ်ယောက်မျှ မမြင်တွေ့ ခဲ့ရချေ။
အိုဂါတစ်စု ပြေးထွက် လာကြပြီး သူတို့၏ မျက်လုံးများ အဝါရောင် အလင်းတန်း များဖြင့် တောက်ပနေကာ ကျယ်လောင်စွာ အော်ဟစ်ရင်း သူတို့၏ လက်နက်များကို ကြောက်မက်ဖွယ် ဝှေ့ယမ်း နေကြသည်။
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ ဆုတ်ခွာ သွားကြသည်။ သူတို့တွင် ထိခိုက် သေဆုံးမှုများ ရှိခဲ့သော်လည်း ပြင်းထန်ခြင်း မရှိချေ။ အိုဂါများသည် သူတို့ကို တိုက်ခိုက်ခြင်းထက် နေရာ တစ်ခုဆီသို့ မောင်းထုတ်နေပုံ ရသည်။
နဂါးမျိုးနွယ်သားသည် ထိုအရာအားလုံး ဇာတ်လမ်းကြောင့် ဖြစ်သည်ဟု ရှာဖွေ တွေ့ရှိ သွားသည်။
နဂါးမျိုးနွယ်သားနှင့် ဂိမ်းမာများ ခန်းမဆောင်ကြီး တစ်ခုသို့ ဆုတ်ခွာ သွားကြသည့် အခါ သူတို့သည် အစိမ်းရောင် အသားအရေရှိ သတ္တဝါ တစ်စုကို ဤနေရာသို့ မောင်းထုတ် ခံနေရသည်ကို မြင်တွေ့ လိုက်ရသည်။ သူတို့သည် မြေအောက်လောက ဘုံဘာသာ စကားဖြင့် စကားပြော နေကြသည်။
"ဟာ။ ဘာလို့ ဗစ်တိုးရီးယား မြို့က မိုက်မဲတဲ့ ကောင်တွေ ဒီမှာ ရောက်နေရတာလဲ။"
"ငါတို့ ဘာလုပ်သင့်လဲ။ အိုဂါတွေကို တိုက်ခိုက်သင့်လား ဒါမှမဟုတ် ဗစ်တိုးရီးယားသားတွေကို သတ်သင့်လား။"
"သေချာပေါက် ဗစ်တိုးရီးယားသားတွေကို သတ်ရမှာပေါ့။ အိုဂါတွေက ဖြည်းဖြည်းချင်း ရှင်းလို့ရတယ်၊ ဒါပေမဲ့ ဗစ်တိုးရီးယား ခွေးတွေကတော့ သေကို သေရမယ်။"
"ဝါးးးးး။"
ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် ထာဝရတိုင်းပြည်မှ ဂိမ်းမာများကို နားမလည်နိုင် သကဲ့သို့ ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည်လည်း ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများကို နားမလည် နိုင်ကြချေ။ ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် မြေပေါ်လောက ဘုံဘာသာစကားဖြင့် စကားပြော နေကြသည်။
"ဟာ။ အာသာပဲ။ ငါ အာသာကို တွေ့တယ်။"
"ငါတို့တော့ သွားပြီ။ ငါတို့ ကန့်သတ်ဒန်ဂျင် နယ်မြေကို စိန်ခေါ်ရင်း ပျော်နေကြတာ၊ ဘာလို့ အဖွဲ့အစည်း စစ်ပွဲ ဖြစ်သွားရတာလဲ။"
"ဖြစ်နိုင်တာကတော့ ဇာတ်လမ်း လိုအပ်ချက် ဖြစ်လိမ့်မယ်။ စိတ်မပူကြနဲ့၊ သူတို့မှာ အသက်မှတ်တွေ မရှိဘူး။"
"ဝါးးးးး။"
အဖွဲ့နှစ်ဖွဲ့ တိုက်ပွဲဖြစ်ပွား သွားကြသည်။ သူတို့၏ နာမည်များမှာ အနီရောင် ဖြစ်နေသော်လည်း အသက်မှတ်များ မရှိသောကြောင့် သူတို့ အချင်းချင်း တိုက်ခိုက်၍ မရနိုင်ချေ။
ဂိမ်းမာများသည် ဆန့်ကျင်ဘက် အဖွဲ့ကြောင့် စိတ်လှုပ်ရှား နေကြသော်လည်း သူတို့ အားလုံး ဝန်းရံ ခံထားရသည်။ ကယ်တင်နိုင်သော ဇာတ်လမ်း တစ်ခုခု မရှိပါက သူတို့ သတ်ဖြတ် ခံရတော့မည် ဖြစ်ပုံ ရသည်။
အိုဂါများသည် သူတို့၏ တိုက်ခိုက်မှုများကို ရပ်တန့်လိုက်ပြီး ရှားလော့ခ်သည် သွေးများဖြင့် ဖုံးလွှမ်းနေကာ သူတို့ ကြားမှ တိုက်ခိုက် ထိုးဖောက် ထွက်လာသည်။
ဂိမ်းမာများသည် ရှားလော့ခ် ဒဏ်ရာ ရရှိခြင်း ရှိ၊မရှိ မသေချာသော်လည်း သူ၏ ဝတ်ရုံမှာ ဆိုးရွားစွာ စုတ်ပြဲနေသည်။ ဂိမ်းမာများသည် သူ့ကို မြင်တွေ့လိုက်ရသည့် အတွက် အလွန် စိတ်လှုပ်ရှား နေကြသည်။
"ရှားလော့ခ်၊ မင်း ဒီတစ်ခါတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
ရှားလော့ခ်၏ သနားစရာ ကောင်းသော အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ခေါင်းပြောင်နှင့် ဆေးမင်ကြောင် ထိုးထားသော အိုဂါမှာ သန့်ရှင်းသပ်ရပ် နေသည်။
ဂိမ်းမာများသည် အိုဂါ ခေါင်းဆောင်ကို သတ်ဖြတ် လိုကြသော်လည်း သူတို့ ချုပ်တည်း ခံထားရသည်။ အဖွဲ့နှစ်ဖွဲ့လုံးမှ ဂိမ်းမာများသည် ဇာတ်လမ်းပိုင်း အန်နီမေးရှင်း အခြေအနေသို့ ဝင်ရောက် သွားကြပြီ ဖြစ်သည်။
"မင်းရဲ့ အစီအစဉ် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ထာဝရတိုင်းပြည်နဲ့ ဗစ်တိုးရီးယားမြို့က စစ်သည်တော်တွေက မင်းကို တားဆီးလိမ့်မယ်။ ပြီးတော့ ငါ …" ရှားလော့ခ် အသက်ပြင်းပြင်း ရှူလိုက်ရာ သူ၏ မာနာစွမ်းရည်များ အလျင်အမြန် စုစည်းလာပြီး "… ငါ့ရဲ့ အစွမ်း အကုန်သုံးပြီး မင်းကို တားဆီးမယ်" ဟု ပြောလိုက်သည်။
ရှားလော့ခ်သည် သူ၏ နောက်မှ ဂိမ်းမာများအား "စစ်သည်တော်တို့၊ ဒီအခွင့်အရေးကို ယူပြီး ထွက်ပြေးကြ၊ အချည်းနှီး အသက်စွန့် မသွားကြနဲ့။ ငါတို့ အသက်ရှင်နေသရွေ့ လက်စားချေဖို့ အခွင့်အရေး ရှိနေဦးမှာပဲ" ဟု ပြောလိုက်သည်။
ဇာတ်လမ်းမှာ ကြီးကျယ်သော ထွက်ပြေး လွတ်မြောက်ခန်း တစ်ခု ဖြစ်လာသည်မှာ ထင်ရှားလှသည်။
ဂိမ်းမာများစွာ ရှိနေသော်လည်း ပြန်လည် ရှင်သန်ရေး နေရာမှာ အတော်အတန် ဝေးကွာ လှသည်။ ထို့အပြင် ဂိမ်းမာတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ အိုဂါများအောက် များစွာ နိမ့်ကျလှသည်။ နောက်ဆုံးတွင် လက်ရွေးစင် ဂိမ်းမာများ ပင်လျှင် လအနည်းငယ် မျှသာ လေ့ကျင့်ထားကြရသေးသည် မဟုတ်ပါလော။
သူတို့၏ တိုက်ခိုက်ရေး စွမ်းအား နည်းပါးမှုကြောင့် အိုဂါများ အတွက် ဂိမ်းမာများကို ဦးတည်ရာ တစ်ခုဆီသို့ မောင်းထုတ်ရန် လွယ်ကူလှသည်။ ရှားလော့ခ်သည် ဂိမ်းမာများ အတွက် လမ်းပြ ပေးနေပြီး ဂိမ်းမာများမှာ သူ့ နောက်သို့ လိုက်ပါရန်မှ လွဲ၍ ရွေးချယ်စရာ မရှိချေ။ ဂိမ်းမာများ လမ်းကြောင်းမှ သွေဖည်သွားသည့်အခါ အဆုံး မရှိသော အလုံးအရင်းဖြင့် ရောက်ရှိလာသော ပတ်ဝန်းကျင်မှ အိုဂါများ၏ ခုတ်ထစ်ခြင်းကို ခံခဲ့ကြရသည်။
ခေါင်းပြောင်နှင့် ဆေးမင်ကြောင် ထိုးထားသော အိုဂါသည် ဘေးတွင် ရပ်နေပြီး သူတို့ကို အမိန့်ပေးနေသည်။
"သူတို့ကို ဖိနှိပ်ထား။ သူတို့ကို ထွက်ပြေးခွင့် မပေးနဲ့။"
"သူတို့ အားလုံးကို သတ်ပစ်။"
"ရှားလော့ခ်၊ မင်း သေသင့်တယ်။ မင်း ဒီနေ့ ထွက်ပြေး လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။"
အိုဂါ ခေါင်းဆောင်သည် ဘော့စ်အကြီး တစ်ဦးကဲ့သို့ ဘာမှမလုပ်ဘဲ အော်ဟစ်ရုံသာ ပြုလုပ်နေသည်။
ရှားလော့ခ်သည် ဂိမ်းမာများကို အိုဂါ ခံတပ်၏ ထွက်ပေါက်ဆီသို့ ဦးဆောင် ခေါ်သွားသည်။ အိုဂါလှိုင်းလုံး များစွာကို နောက်ပြန် တွန်းလှန်ပြီးနောက် သူသည် နောက်ဆုံးတွင် ဂိမ်းမာများကို အိုဂါ ခံတပ် အပြင်ဘက်သို့ ဦးဆောင် ခေါ်သွားနိုင်ခဲ့သည်။ သူတို့ ထွက်ပြေးရန် ပြင်ဆင်နေစဉ် မှာပင် ခေါင်းပြောင်နှင့် ဆေးမင်ကြောင် ထိုးထားသော အိုဂါက သူတို့၏ လမ်းကို ပိတ်ဆို့လိုက်သည်။
"မင်းရဲ့ ကံကောင်းမှု ကုန်ဆုံးသွားပြီ ရှားလော့ခ်။ ငါ ကိုယ်တိုင် မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်။" ဆေးမင်ကြောင် အိုဂါက အခဲမကျေစွာ အော်ဟစ်လိုက်သည်။
"မကောင်းဆိုးဝါး ပိုလီယို။ မင်း ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ငါ မင်းကို တားဆီးမယ်။ စစ်သည်တော်တွေက မင်းကို တားဆီးလိမ့်မယ်။" ရှားလော့ခ် အော်ဟစ်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ မျက်စိကျိန်း လောက်အောင် တောက်ပသော အလင်းရောင်များ ပေါက်ကွဲ ထွက်လာသည်။ သူသည် ပိုလီယိုဆီသို့ ပြေးဝင် တိုက်ခိုက်လိုက်ရာ ပိုလီယိုသည် မာနာစွမ်းရည် များစွာ ထုတ်ဖော် ပြသပြီး သူ၏ တင်းပုတ်ကြီးကို ရှားလော့ခ်ထံသို့ ရိုက်ချ လိုက်သည်။
ဆန့်ကျင်ဘက် မာနာစွမ်းရည်များ တိုက်မိကာ ကြီးမားသော ပေါက်ကွဲမှု နှင့် အခြား လျှို့ဝှက် ဆန်းကြယ်သော အလင်းရောင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည်။ နေရာတိုင်းတွင် ပေါက်ကွဲမှုများ ဖြစ်ပွားနေပြီး ဂိမ်းမာများ အံ့ဩတကြီး ပါးစပ် အဟောင်းသား ဖြစ်နေကြသည်။ သူတို့ ရှားလော့ခ်ကို ကူညီလို ကြသော်လည်း သူတို့သည် ဇာတ်လမ်းပိုင်း အန်နီမေးရှင်း အခြေအနေသို့ ဝင်ရောက်သွားကြပြီ ဖြစ်သည်။
ဤတိုက်ပွဲတွင် ရှားလော့ခ် နောက်ဆုံးတွင် အသာစီး ရရှိသွားသည်။ နောက်ဆုံး ပေါက်ကွဲမှုတွင် ပိုလီယို၏ ခန္ဓာကိုယ်ကို သွေးများဖြင့် ဝါးတားတား ဆင်ဆာပုံများ ဖုံးလွှမ်း သွားသည်။ သူသည် သူ၏ တင်းပုတ်ကြီးကို ကိုင်ဆောင်ကာ နောက်ဆုတ်ရင်း အသက်ပြင်းပြင်း ရှူနေပြီးနောက် ရှားလော့ခ်အား "ရှားလော့ခ်၊ မင်း အနိုင်ရနိုင်မှာ မဟုတ်ဘူး။ ငါ နောက်တစ်ကြိမ် မင်းကို သေချာပေါက် သတ်ပစ်မယ်" ဟု ပြောလိုက်သည်။
ပိုလီယိုနှင့် ပတ်ဝန်းကျင်မှ အိုဂါများသည် ဒီရေကျ လှိုင်းလုံးသဖွယ် နောက်ဆုတ် သွားကြသည်။
ထာဝရတိုင်းပြည်နှင့် ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများ နားမလည်နိုင် ဖြစ်နေကြသည်။
"ထာဝရတိုင်းပြည်ရဲ့ စစ်သည်တော်တို့၊ ဒီအကျပ်အတည်းက ငါ ထင်ထားတာထက် ပိုကြီးမားတယ်။ ဗွိုင့်ဒ်တပ်မတော်က အိုဂါတွေကို ထောက်ပံ့နေပြီး ခြိမ်းခြောက်မှုရဲ့ ရင်းမြစ်က ပိုမို နီးကပ် လာနေပြီ။ ငါတို့ သေသေချာချာ စီစဉ်ရမယ်။ ငါတို့ရဲ့ ရှေ့တန်းစခန်းကို ပြန်ကြ၊ ငါ အဲ့ဒီမှာ မင်းတို့ကို စောင့်နေမယ်။"
"ပြီးတော့ ဗစ်တိုးရီးယားမြို့က ဂိမ်းမာတို့။ မင်းတို့ရဲ့ မြို့စားကတော်က ပိုလီယိုရဲ့ သတ်ဖြတ်ခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ပြီး ဗစ်တိုးရီးယားမြို့ကို ပြန်ရောက် သွားသင့်ပြီ။ ငါတို့ အဖွဲ့အစည်းတွေ မတူညီကြပေမဲ့ ငါတို့မှာ တူညီတဲ့ ရည်မှန်းချက် တစ်ခုတော့ ရှိတယ်၊ အဲ့ဒါကတော့ အိုဂါတွေနဲ့ ဗွိုင့်ဒ် တပ်မတော်ကို အနိုင်ယူဖို့ပဲ။ ငါ မင်းတို့ကို တိုက်ခိုက်ဖို့ တောင်းဆိုပိုင်ခွင့် မရှိဘူး။ မင်းတို့ရဲ့ မြို့စားကတော်ဆီကို ပြန်သွားကြ၊ သူက နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်လိမ့်မယ်…"
ရှားလော့ခ်သည် ထာဝရတိုင်းပြည် ရှေ့တန်းစခန်း ဆီသို့ ဖြည်းညှင်းစွာ ပြန်လျှောက် သွားသည်။
ဇာတ်လမ်း ပြီးဆုံးသွားပြီး အဖွဲ့နှစ်ဖွဲ့မှ ဂိမ်းမာများ အချင်းချင်း ကြည့်နေကြသည်။ အချို့ဂိမ်းမာများ အိုဂါ ခံတပ်သို့ ပြန်သွားရန် ကြိုးပမ်း ကြသော်လည်း သူတို့ မသွားနိုင်ကြချေ။ သူတို့ ရှေ့တွင် အသိပေးချက် တစ်ခု ပေါ်လာသည် - [အိုဂါခံတပ် မကြာမီ ဖွင့်လှစ်ပါမည်။ တရားဝင် ဆွေးနွေးချက် ဖိုရမ်ကို ကျေးဇူးပြု၍ ကိုးကားပါ။]
အိုဂါခံတပ်တွင် စစ်ဆင်ရေး ဇာတ်လမ်းစဉ် အသစ် တစ်ခု ရှိလာတော့မည် ဖြစ်သည်။ ကန့်သတ်ဒန်ဂျင်နယ်မြေ တစ်ခုပင် ဖြစ်လာနိုင်သေးသည်။ ၎င်း ပိတ်ထားသောကြောင့် စူးစမ်းရှာဖွေရန် နည်းလမ်း မရှိချေ။
အဖွဲ့အစည်း တစ်ခုစီတွင် သူတို့၏ ကိုယ်ပိုင် ဇာတ်လမ်းများ ရှိကြလိမ့်မည်။ ထာဝရတိုင်းပြည်မှ ဂိမ်းမာများသည် သူတို့၏ ရှေ့တန်းစခန်းသို့ ပြန်သွားပြီး ဇာတ်လမ်း ဆက်ရန် ရှားလော့ခ်ကို ရှာဖွေ ရမည် ဖြစ်ပြီး ဗစ်တိုးရီးယားမြို့မှ ဂိမ်းမာများသည် ဇာတ်လမ်း ဆက်ရန် မြို့စားကတော် လီလိုကို ရှာဖွေ ရမည် ဖြစ်သည်။
အဖွဲ့နှစ်ဖွဲ့သည် အိုဂါခံတပ်၏ နယ်နိမိတ်ကို ကျော်လွန်သွားပြီးနောက် သူတို့ အချင်းချင်း တိုက်ခိုက်နိုင်ကြောင်း ရှာဖွေတွေ့ရှိ သွားကြသည်။
တောနက်ထဲတွင် ကြီးမားသော အဖွဲ့အစည်းစစ်ပွဲ တစ်ခု ပေါက်ကွဲ ဖြစ်ပွား သွားလေတော့သည်။