← Chapters

တစ်နှစ်ကြာ ပိတ်မိနေခြင်း၊ မိုးထိုးသွားသော အိမ်ငှားခနှင့် ကုန်ဈေးနှုန်းများ။

Vol. 5 Ch. 71

တစ်နှစ်ကြာ ပိတ်မိနေခြင်း၊ မိုးထိုးသွားသော အိမ်ငှားခနှင့် ကုန်ဈေးနှုန်းများ။

Vol. 5 Ch. 71

မျက်စိတစ်မှိတ်အတွင်းမှာပင် တစ်နှစ်တာကာလသည် လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။

တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ မြို့ကို ဝန်းရံထားသည်မှာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်သည်။

မီယွင်မြို့တွင် နေထိုင်သော ကျင့်ကြံသူများသည် ထွက်ခွာရန် နည်းလမ်းမရှိသေးသကဲ့သို့၊ တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများကလည်း နောက်ဆုတ်မည့်လက္ခဏာ မပြဘဲ မြို့၏ ဒုတိယအဆင့် ကာကွယ်ရေးအစီအရင်အား နေ့စဥ်မပြတ် တိုက်ခိုက်ကာ အစီအရင်၏စွမ်းအင်ကို အဆက်မပြတ် လျော့ပါးစေခဲ့သည်။

ဤအခြေအနေသည် မီယွင်မြို့မှ ကျင့်ကြံသူများအတွက် အလေ့အထတစ်ခုလိုပင် ဖြစ်လာခဲ့သည်။ နှစ်ဖက်စလုံးသည် ဟန်ချက်ညီနေသည့် အခြေအနေတွင် ရှိနေပုံရပြီး မည်သည့်ဘက်ကမှ တစ်ဖက်ကို အနိုင်မယူနိုင်ကြပေ။

မြို့ထဲတွင် ကျန်ရှိနေသော ကျင့်ကြံသူများသည် စစ်ပွဲဘယ်တော့ပြီးမည်ကို မည်သူမျှ မသိသောကြောင့် ပို၍ပို၍ ဂနာမငြိမ် ဖြစ်လာကြသည်။

"ဟူး..။”

ထိုအခိုက်တွင် သူ၏တိတ်ဆိတ်သောအခန်းထဲ၌ ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်ထားကာ သူ၏တစ်နေ့တာကျင့်ကြံမှုအား အဆုံးသတ်လိုက်သည်။

တစ်နှစ်တာ ပြင်းထန်စွာ ကျင့်ကြံအားထုတ်ပြီးနောက် သူ၏တိုးတက်မှုသည် အတော်လေး ထူးခြားလာခဲ့ပြီး ချီသန့်စင်ခြင်း အဆင့်(၇)၏ ၄၀% တိုးတက်မှု ရရှိခဲ့သည်။

ဤသည်မှာ ရှောင်လွှဲ၍မရသော အချက်ဖြစ်သည်။ နောက်ပိုင်းအဆင့်များသို့ ရောက်လေ၊ ကျင့်ကြံမှုအရှိန် နှေးကွေးလေဖြစ်ပြီး တိုးတက်ရန်မှာ ထင်သလောက် မလွယ်ကူတော့ပေ။

ဟုတ်ပေသည်၊ ဤတစ်နှစ်အတွင်း သူရရှိခဲ့သော အကျိုးကျေးဇူးမှာ သူ၏ကျင့်ကြံမှုတစ်ခုတည်းသာ မဟုတ်ပေ။

ပို၍အရေးကြီးသည်မှာ ဆေးလုံးများနှင့်ပတ်သက်၍ သူ၏နားလည်နိုင်စွမ်းမှာ တစ်ဆင့်တက်လာခဲ့ပြီး သူ၏ဆေးဖော်စပ်ပညာ ကျင့်ကြံမှုသည် ပထမအဆင့် ထိပ်တန်းအဆင့် ၉၉%သို့ ရောက်ရှိခဲ့ကာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် ဖြစ်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။

သူ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင် မဖြစ်နိုင်သေးသည့် အကြောင်းရင်းမှာ ဒုတိယအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦး၏ အမွေအနှစ်ဗဟုသုတများ မရှိသောကြောင့်သာ ဖြစ်သည်။

ထို့အပြင် သူ၏ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ်သည်လည်း အသေးစားအောင်မြင်မှုအဆင့်သို့ တက်လှမ်းသွားခဲ့ပြီး နတ်ဆိုးအသွင်ပြောင်းပညာရပ်မှာလည်း ကျွမ်းကျင်ပိုင်နိုင်မှုအဆင့်မှ အသေးစားအောင်မြင်မှုအဆင့်သို့ တိုးတက်သွားခဲ့သည်။

ဤအဆင့်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် သူ၏အသွင်ပြောင်းမှုကို မမြင်နိုင်သလို၊ သူ၏ကျင့်ကြံမှုကိုလည်း သိရှိနိုင်မည်မဟုတ်ပေ။ ယခုအခါတွင် သူသည် ရွှေအမြုတေကျင့်ကြံသူများရှေ့တွင်ပင် သူ့အား သတိပြုမိမည်အား စိုးရိမ်စရာမလိုဘဲ ရဲရဲဝံ့ဝံ့ လျှောက်သွားနိုင်လေပြီ။

မှန်ပေသည်၊ အသေးစားအောင်မြင်မှုအဆင့်သို့ ရောက်ပြီးနောက်တွင် တိုးတက်မှုသည် သိသိသာသာ လျော့ကျသွားပြီး ရပ်တန့်လုနီးပါးအခြေအနေသို့ ရောက်ရှိသွားတော့၏။

'စာအုပ်ကူ' ၏ အကူအညီသာမပါလျှင် ပါရမီရှိသော မိစ္ဆာလမ်းစဥ်ကျင့်ကြံသူတစ်ဦးပင်လျှင် ဤပညာရပ်ကို အသေးစားအောင်မြင်မှုအဆင့်သို့ ကျင့်ကြံရန် နှစ်တစ်ရာကျော် အချိန်ယူရပေမည်။

သူ၏တိုးတက်နှုန်းသည် အလွန်ပင် အံ့ဩစရာကောင်းသည်ဟု မှတ်ယူနိုင်ပေသည်။

"ယောက်ျား၊ မီယွင်မြို့က အိမ်ငှားခတွေ တိုးတော့မယ်လို့ ကြားတယ်။"

ထိုအချိန်တွင် ကျိပင်းယွီက တိတ်ဆိတ်သောအခန်းမှ ထွက်လာသော ကျိုးစွေ့အား စကားဆိုလိုက်သည်။

"အိမ်ငှားခတိုးမယ် ဟုတ်လား။ ဘာကိုဆိုလိုတာလဲ။"

ကျိုးစွေ့ မျက်မှောင်ကြုတ်လိုက်သည်။

မီယွင်မြို့၏ လက်ရှိအိမ်ငှားခမှာ တစ်လလျှင် အလယ်အလတ် ဝိညာဉ်ကျောက်တုံး နှစ်တုံးဖြစ်ပြီး အတော်ပင် ဈေးကြီးနေပြီဖြစ်သည်။

လစဉ် အလယ်အလတ်ဝိညာဉ်ကျောက်တုံး နှစ်တုံးဖြစ်ရာ၊ ယင်းသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာနှင့် ညီမျှပေသည်။

၎င်းပမာဏသည် ကျင့်ကြံသူတိုင်း တတ်နိုင်သည်မဟုတ်ပေ။

တိမ်မြူခိုးတောင်တန်းတွင် ဝိညာဉ်ကျောက်တုံးများ ရှာရန် နည်းလမ်းများစွာရှိသော်လည်း၊ ဤဈေးနှုန်းသည်ပင် ကျင့်ကြံသူများ တတ်နိုင်ရုံဆိုသည့်ပမာဏ အကန့်အသတ်ပင် ဖြစ်၏။

အကယ်၍ အိမ်ငှားခကို ထပ်တိုးမည်ဆိုလျှင် ထိုကျင့်ကြံသူများ ပုန်ကန်ကြပေလိမ့်မည်။

"မီယွင်မြို့မှာ ဝိညာဉ်ကျောက်တုံးတွေ ပြတ်လပ်လာလို့တဲ့။" မုဇီယန်က ရှင်းပြသည်။

"ဒုတိယအဆင့် ကာကွယ်ရေးအစီအရင်ကို ထိန်းသိမ်းထားဖို့ ဝိညာဉ်ကျောက်တုံးတွေ အများကြီးလိုတယ်လေ။ လွန်ခဲ့တဲ့တစ်နှစ်လုံး တတစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေရဲ့ အဆက်မပြတ်တိုက်ခိုက်မှုအောက်မှာ မီယွင်မြို့ရဲ့ အရန်ဝိညာဉ်ကျောက်တုံးတွေက မြန်မြန်ဆန်ဆန်ကို ကုန်ဆုံးသွားတယ်။"

"ဝိညာဉ်ကျောက်တုံးတွေ မလုံလောက်ရင် မီယွင်မြို့ရဲ့ ကာကွယ်ရေးအစီအရင်ကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး။ ဒီကာကွယ်ရေးကို ဆက်လက်လည်ပတ်နိုင်ဖို့ အင်မော်တယ်ရှားဂိုဏ်းက မြို့ထဲမှာနေတဲ့ ကျင့်ကြံသူတွေဆီက အိမ်ငှားခတိုးကောက်ဖို့ ဆုံးဖြတ်လိုက်တာပဲ။"

“မီယွင်မြို့ထဲမှာ နေတဲ့ကျင့်ကြံသူတိုင်း ဆက်ပြီးနေချင်ရင် မတန်တဆ ငှားရမ်းခကို ပေးရမှာပဲ။ မပေးနိုင်ရင် မီယွင်မြို့ကနေ နှင်ထုတ်ခံရလိမ့်မယ်။”

သူမက ၎င်းသည် အခြေအနေအရ မဖြစ်သာစွာ တိုးမြှင့်လိုက်ရခြင်းဖြစ်သည်အား အကျဉ်းချုံး ရှင်းပြလိုက်သည်။

ဝိညာဉ်ကျောက်တုံးများ မလုံလောက်ပါက အကာအကွယ်အစီအရင်သည် မနှေးမမြန်ဆိုသလို ပြိုလဲသွားမည်ဖြစ်ပြီး၊ ၎င်းက မည်သူ့အတွက်မှ မကောင်းချေ။

"အိမ်ငှားခတိုးမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ဘယ်လောက်အထိ တိုးမှာလဲ။"

ကျိုးစွေ့က မေးလိုက်သည်။

"အနည်းဆုံး နှစ်ဆလောက် တိုးမယ်လို့ ကောလာဟလထွက်နေတယ်။ အင်း၊ တစ်လကို အလယ်အလတ် ဝိညာဉ်ကျောက်တုံး လေးတုံးပေါ့။"

ရှားကျင်းယန်က ပမာဏတစ်ခုအား ပြောပြလိုက်သည်။

"အလယ်အလတ် ဝိညာဉ်ကျောက်တုံး လေးတုံးလား။ ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။"

ထိုစကားကို ကြားသောအခါ ကျိုးစွေ့ သက်ပြင်းချလိုက်သည်။

သူ့အတွက်တော့ အလယ်အလတ် ဝိညာဉ်ကျောက်တုံး လေးတုံးသည် ပြဿနာမဟုတ်သလို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုလည်း မဟုတ်ပေ။ လက်ရှိတွင် သူ့ထံ၌ အလယ်အလတ် ဝိညာဉ်ကျောက်တုံး ငါးထောင်ခန့် ရှိနေသည်။

ကိစ္စရပ်များအား ဝိညာဉ်ကျောက်တုံးများဖြင့် အလွယ်တကူဖြေရှင်းနိုင်ပါက၊ ယင်းသည် ကြီးကြီးမားမား ကိစ္စမဟုတ်ပေ။

လေးငါးနှစ်စာ ငှားရမ်းခ ကြိုတင်ပေးဆောင်ရမည်ဆိုလျှင်ပင် သူတတ်နိုင်ပေသည်။

"ဟုတ်တယ်၊ ကျွန်မတို့အတွက်တော့ သိပ်မများဘူး။ ဒါပေမဲ့ တခြားကျင့်ကြံသူတွေအတွက်တော့ ဒီလိုဘယ်ဟုတ်ပါ့မလဲ။"

ကျိပင်းယွီက ခေါင်းခါလိုက်ကာ "အခုခေတ်မှာ အိမ်ငှားခတိုးတာတစ်ခုတည်းနဲ့ ရိုးရှင်းမနေတော့ဘူး။ အဆောင်တွေ၊ မှော်လက်နက်တွေ၊ စိတ်ဝိညာဉ်ဆေးပင်တွေ၊ ဆေးလုံးတွေ စတဲ့ဈေးနှုန်းတွေအားလုံး အရင်ကထက် နှစ်ဆကျော်လောက် တက်သွားပြီ။"

"ပိုပြီးတုန်လှုပ်စရာကောင်းတာက စိတ်ဝိညာဉ်ဆန်နဲ့ အသားဈေးပဲ။ တစ်နှစ်ကြာကနဲ့ ယှဉ်ရင် ဈေးနှုန်းက အနည်းဆုံး သုံးဆ တက်သွားသလို၊ ငွေရှိရင်တောင် လွယ်လွယ်ဝယ်မရတော့ဘူး။ အခု မီယွင်မြို့မှာ ရိက္ခာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီ။ အိမ်နီးချင်းကျင့်ကြံသူတချို့ဆို သုံးရက်သုံးညလုံး ဘာမှမစားရလို့ သစ်သားတွေကိုတောင် ဝါးစားနေရတယ်လို့ ကြားတာပဲ။ သူတို့တွေ နေရာတိုင်းမှာ အစားအစာလိုက်တောင်းနေကြပေမဲ့ ဘယ်သူမှ မကူညီကြဘူးတဲ့။”

သူမက မီယွင်မြို့အတွင်း နေထိုင်မှုစရိတ်များ မိုးထိုးတက်လာပြီး ဈေးနှုန်းများ နေ့စဥ်ပြောင်းလဲနေကြောင်း ရှင်းပြလိုက်သည်။

မီယွင်မြို့ကို တစ္ဆေမိစ္ဆာဂိုဏ်းက ပိတ်ဆို့မထားပါက နေရာတိုင်းတွင် အစားအစာများ ပေါများနေပေလိမ့်မည်။

မြို့အပြင်ဘက်တွင် တိမ်မြူခိုးတောင်တန်းကြီး ရှိနေပြီး မရေမတွက်နိုင်သော သားရဲများ နေထိုင်ကြသည်။

သားရဲတစ်ကောင်ကပင် များစွာသောအသားများအား ထုတ်ပေးနိုင်လေသည်။ ယခင်က သားရဲအသားများသည် ဈေးသက်သာ၍ ပေါများလေသည်။

စိတ်ဝိညာဉ်ဆန်အတွက်မူ မြို့အစွန့်အဖျားတွင် စိုက်ပျိုးရေးမြေနေရာများ ဖွင့်လှစ်ထားပြီး နှစ်စဉ် ပေါများသော ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ခဲ့ကြသည်။

ဤသို့ဖြင့် မီယွင်မြို့သည် စားနပ်ရိက္ခာပေါကြွယ်ဝကာ၊ ဈေးနှုန်းမှာလည်း အမြဲတစေ လွန်စွာတည်ငြိမ်ပေသည်။

သူတို့သည် အစားအစာပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်ဟု ဘယ်တုံးကမှ ထင်မထားခဲ့ချေ။ ထို့ကြောင့် မီယွင်မြို့၏ ရိက္ခာသိုလှောင်မှုသည် များစွာ မမြင့်မားချေ။

သို့သော် ပိတ်ဆို့မှုတစ်နှစ်ကြာပြီးနောက်တွင်ပင် မီယွင်မြို့သည် ကြီးမားသော အစားအစာပြတ်လပ်မှုနှင့် စတင်ရင်ဆိုင်နေရပြီဖြစ်သည်။

"မီယွင်မြို့ရဲ့ အင်မော်တယ်ရှားဂိုဏ်းကျင့်ကြံသူတွေက အစားအစာထောက်ပံ့မှုကို လျှော့ချလိုက်ပြီလို့ ကောလာဟလတွေ ထွက်နေတယ်။ လမ်းပေါ်က ဆိုင်တွေမှာ ဆန်နဲ့အသားတွေ မရောင်းတော့ဘဲ နေ့စဥ်ထောက်ပံ့မှုကို ကန့်သတ်ထားတယ်တဲ့။" ရှားကျင်းယန်က လေးနက်စွာပြောလိုက်၏။

မီယွင်မ်ြု့သည် ငြိမ်ဝပ်ပိပြားရေးနှင့် ဆာလောင်နေသောကျင့်ကြံသူများ ဝရုန်းသုန်းကား မဖြစ်ပွားစေရန်အလို့ဌာ၊ အယောက်ချင်းစီ၏ နေ့စဉ်အစားအစာ ဝယ်ယူနိုင်မှုအား စတင်ကန့်သတ်လိုက်ပြီ ဖြစ်၏။

ဤအစားအသောက်ဈေးကွက်၏ ယာယီတည်ငြိမ်မှုသည် လိုအပ်သော အစီအမံတစ်ခုဖြစ်သည်။ ကျင့်ကြံသူများပင်လျှင် လူသားများဖြစ်ကြပြီး၊ သူတို့သည်လည်း ဆာလောင်မှုကို တွေ့ကြုံခံစားကြရသည်။

အခြေတည်အဆင့်နှင့် ရွှေအမြုတေ ကျင့်ကြံသူများပင်လျှင် ဆာလောင်မှုကို ခံစားရပြီး စားသုံးရန် လိုအပ်ပေသည်။

"ယောက်ျား၊ ကံကောင်းစွာနဲ့ပဲ ကျွန်မတို့က ကြိုတင်ပြင်ဆင်ပြီး ပစ္စည်းအများကြီး သိုလှောင်ထားခဲ့ကြတယ်။ မဟုတ်ရင် အခုချိန် ကျွန်မတို့လည်း အငတ်ဘေးစိုက်နေလောက်ပြီ။"

မုဇီယန်က ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။

တစ်နေ့တွင် အစားအစာအတွက် စိုးရိမ်ရလိမ့်မည်ဟု သူမ မည်သည့်အခါကမှ မထင်ထားခဲ့ပေ။ ကျင့်ကြံသူတစ်ဦးအနေဖြင့် အငတ်ဘေးကြောင့် သေဆုံးရခြင်းမှာ ရယ်စရာကောင်းလှသော်လည်း၊ ပိတ်ဆို့ခံထားရသော မီယွင်မြို့တွင်မူ ၎င်းမှာ အမှန်တကယ် ဖြစ်လာနိုင်ပေသည်။

သို့သော် သူတို့သည် ဆယ်နှစ်စာထက်မနည်းသော အစားအစာနှင့် အသားများကို သိုလှောင်ထားသောကြောင့် ရှားပါးသော ထောက်ပံ့မှုများအတွက် လုယက်ရန် မလိုအပ်ပေ။ သူတို့သည် နေ့စဥ်နေ့တိုင်း ပွဲတော်ကြီးတစ်ခုကဲ့သို့ စားသောက်နိုင်ကြသေးသည်။

အခြားကျင့်ကြံသူများနှင့် နှိုင်းယှဉ်လျှင် သူတို့၏ဘဝမှာ မနှိုင်းယှဉ်နိုင်လောက်အောင် ပိုမိုကောင်းမွန်လှသည်။

သူမ၏ယောက်ျားတွင် ကြိုတင်မြင်နိုင်စွမ်းရှိသည့်အတွက် ကျေးဇူးတင်မိ‌လေသည်။ မဟုတ်ပါက သူတို့သည်လည်း အခြားသူများကဲ့သို့ အဆုံးသတ်ရပေမည်။

All Chapters