← Chapters

ဒါက မင်းတို့အသက်တွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ယူတာပဲ။

Vol. 5 Ch. 72

ဒါက မင်းတို့အသက်တွေကို ဝိညာဉ်ကျောက်တုံးတွေနဲ့ ဝယ်ယူတာပဲ။

Vol. 5 Ch. 72

"ငါတို့ သတိထားဖို့လိုတယ်။ ဆာလောင်မှုက ပြဿနာအများကြီး ဖြစ်စေနိုင်တယ်။"

"အထူးသဖြင့် အငတ်ဘေးဆိုက်ခါနီးဖြစ်နေတဲ့ ကျင့်ကြံသူတွေ ဘာလုပ်ကြမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။"

"ဒီရက်ပိုင်းအတွင်း ဖြစ်နိုင်ခြေရှိတဲ့ အဓိကရုဏ်းတွေနဲ့၊ ငါတို့ရဲ့ စားနပ်ရိက္ခာတွေကို ခိုးယူမခံရအောင် သတိထားရမယ်။"

ကျိုးစွေ့က လေးနက်စွာ သတိပေးလိုက်သည်။

သူတို့သည် လက်ရှိတွင် အဝတ်နှင့် အစားအစာ စိုးရိမ်စရာမရှိသော်လည်း၊ ကျင့်ကြံသူတိုင်း ထိုသို့ကံကောင်းကြသည်မဟုတ်ပေ။

သာမန်သေမျိုး ပဒေသရာဇ်နိုင်ငံများတွင်ပင် အစားအစာရှားပါးမှုကြောင့် ပုန်ကန်မှုများ ဖြစ်ပွားနိုင်ပြီး ဘေးဒုက္ခသင့်သူများ ပျံ့နှံ့နေတတ်သည်။

ကျင့်ကြံခြင်းလောကသည် ပို၍ပင် ကြောက်စရာကောင်းနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ၊ ကျင့်ကြံသူများသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြ၏။ ၎င်းတို့အကြားတွင် အဓိကရုဏ်းဖြစ်ပွားပါက၊ ကြီးမားသော အရှုပ်အထွေးအား သေချာပေါက် ဖြစ်ပွားစေပေမည်။

တစ်ချက်သတိလစ်လိုက်ရုံဖြင့် မီယွင်မြို့ကျဆုံးမှုအား ဦးတည်သွားစေနိုင်ပြီး၊ တစ္ဆေမိစ္ဆာဂိုဏ်းသားများအား တိုက်ခိုက်နိုင်ရန် လမ်းကြောင်းဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေနိုင်သည်။

သူသည် ဖြစ်နိုင်ခြေရှိသမျှ အရှုပ်အထွေးတိုင်းအား သတိထားရန် လိုအပ်ပေသည်။

"စိတ်မပူပါနဲ့၊ ကျွန်မတို့အိမ်ပတ်လည်မှာ ပထမအဆင့် ထိပ်တန်း အစီအရင်တစ်ခုကို တပ်ဆင်ထားပြီးပြီ။ ကျင့်ကြံသူတစ်ယောက်ယောက်က ကျူးကျော်ဝင်ရောက်လာရဲရင် ငါတို့ချက်ချင်း သိမှာပဲ။"

"သူတို့မှာ မကောင်းတဲ့ရည်ရွယ်ချက်ရှိရင် အစီအရင်ရဲ့စွမ်းအားနဲ့ အသတ်ခံရလိမ့်မယ်။"

ရှားကျင်းယန်က ယုံကြည်မှုရှိစွာ အာမခံလိုက်သည်။

မည်သို့ပင်ဆိုစေ သူမသည် ပထမအဆင့် ထိပ်တန်း အစီအရင်ပညာရှင်တစ်ဦးဖြစ်ပြီး ပထမအဆင့် အစီအရင်တစ်ခုကို အလွယ်တကူ တပ်ဆင်နိုင်သည်။ ၎င်းသည် ချီသန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူအများစုကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပို၏။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး မလာလျှင် ဤအစီအရင်ကို ချိုးဖျက်ရန်မှာ အတော်ပင် ခက်ခဲပေလိမ့်မည်။

ကျိုးစွေ့တို့သည်သာ ထိုသို့ပြုလုပ်ကြသည်မဟုတ်ပေ။ ကျင့်ကြံသူတိုင်း၏ နေအိမ်အားလုံးနီးပါးသည် အစီအရင်များ တပ်ဆင်ထားလေသည်။

သို့သော် သူတို့တပ်ဆင်ထားကြသည်မှာ သာမန်ပထမအဆင့် အဆင့်နိမ့်အစီအရင်များသာ ဖြစ်ကြပြီ၊ အခြေခံလုံခြုံမှုကိုသာ ပေးစွမ်းနိုင်ပေသည်။

မည်သို့ပင်ဖြစ်စေ ယင်းမှာ အနည်းဆုံးအားဖြင့် ကြိုတင်သတိပေးနိုင်သည့်အနေဖြင့် သေချာပေါက် အသုံးဝင်ပေသည်။

"သိပ်ကောင်းတယ်။"

ထိုစကားကို ကြားသောအခါ ကျိုးစွေ့ ချက်ချင်းပင် ကျေနပ်သွားသည်။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး မပေါ်လာသရွေ့ သူ၏နေရာသည် အတော်လေး လုံခြုံနေမည်ဖြစ်ပြီး အခြားကျင့်ကြံသူများ၏ လောဘတက်သော အကြည့်များအတွက် စိုးရိမ်စရာ မလိုတော့ပေ။

မည်သို့ပင်ဖြစ်စေ သူသည် ဖြစ်လာနိုင်သည့် အဓိကရုဏ်းများကို ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့လေသည်။ ထိုပြင်ဆင်မှုများက သေချာပေါက် အလဟဿဖြစ်မည် မဟုတ်ချေ။

...

နေ့လည်ခင်းတွင်၊

ကျိုးစွေ့သည် သူ၏သီးသန့်အခန်းထဲတွင် ဆေးဖော်စပ်ရင်း သူ၏ ဆေးဖော်စပ်ပညာအဆင့်ကို မြှင့်တင်နေစဥ် အိမ်အပြင်ဘက်မှ လေးနက်သော အသံတစ်ခု ပဲ့တင်ထွက်လာပြီး လမ်းတစ်လျှောက်လုံး ပျံ့နှံ့သွားသည်။

"ငါက အင်မော်တယ်ရှားဂိုဏ်းရဲ့ အရာရှိ ဖန်ဇယ်ပဲ။"

"ဒီအိမ်တွေမှာ နေထိုင်နေကြတဲ့ ကျင့်ကြံသူအားလုံး ငါ့ဆီကို ထွက်လာခဲ့ကြ။"

ဝှစ်…၊ ဝှစ်…။

ချက်ချင်းပင် တစ်လမ်းလုံးရှိ ခြံဝင်းတံခါးများ ပွင့်သွားပြီး ကျိုးစွေ့အပါအဝင် ကျင့်ကြံသူတစ်ဦးချင်းစီ ထွက်လာကြသည်။

ကျိုးစွင့်သည် မီယွင်မြို့၏ ကင်းလှည့်သမားအများအပြားကို သတိပြုမိလိုက်သည်။ သူတို့အများစုမှာ အင်မော်တယ်ရှားဂိုဏ်းမှ တပည့်များဖြစ်ကြပြီး၊ အနည်းငယ်မှာ လုမိသားစုဝင်များဖြစ်လေသည်။

ဤအင်အားစုနှစ်ခုပေါင်းစပ်မှုသည် မီယွင်မြို့ရှိ အတောင့်တင့်ဆုံး အင်အားစုဖြစ်လာပြီး၊ အခြေခံအားဖြင့် ဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားလေသည်။

တစ်ချိန်တည်းမှာပင်၊ သူတို့သည် မြို့ပြင်ရှိ တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများကို ဖယ်ရှားရန်လည်း တာဝန်ရှိလေ၏။

ဤကင်းလှည့်သမားများ၏ ကျင့်ကြံမှုအဆင့်များသည် ချီကျင့်ကြံခြင်း အဆင့်(၇)ထက် မနိမ့်ကျပေ။

အားလုံးထွက်လာကြသည်ကို မြင်သောအခါ အင်မော်တယ်ရှားဂိုဏ်း၏ အုပ်ချုပ်သူ ဖန်ဇယ်က အလွန်ကျေနပ်စွာဖြင့် ပြောလိုက်သည်။

"ငါ မင်းတို့အားလုံးကို အသိပေးစရာတစ်ခုရှိတယ်။ ဒီနေ့ကစပြီး မင်းတို့ရဲ့ အိမ်ငှားခကို နှစ်ဆတိုးလိုက်ပြီ၊ တစ်လကို အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးတုံး ပေးရမယ်။ ကြိုတင်ပေးထားပြီးရင်လည်း တိုးသွားတဲ့ငှားခအတွက် လိုငွေကို ထပ်ဖြည့်ရမယ်။ ဝိညာဉ်ကျောက်တုံး မရှိဘူးဆိုရင်တော့ မင်းတို့အားလုံး ဒီအိမ်တွေကနေ ထွက်သွားရလိမ့်မယ်။"

ဘာရယ်..။

ထိုစကားကို ကြားသောအခါ ပတ်ဝန်းကျင်မှ ကျင့်ကြံသူများ၏ မျက်နှာများမှာ သိသိသာသာ ပျက်သွားကြသည်။

သူတို့သည် အင်မော်တယ်ရှားဂိုဏ်းက ငှားရမ်းခဈေးနှုန်းများကို တိုးမြှင့်ရန် ရည်ရွယ်ထားပြီး အဆမတန်မြှင့်တင်မည်ဟု ကြားဖူး‌သော်လည်း၊ သူတို့သည် အမှန်တကယ်ဖြစ်လာမည်ဟု ထင်မထားခဲ့ချေ။

သို့သော် ယခုတွင်မူ၊ အင်မော်တယ်ရှားဂိုဏ်းသည် ငှားရမ်းခကို အမှန်တကယ် နှစ်ဆတိုးလိုက်ရာ၊ သူတို့အား ထွက်ပေါက်မရှိစေတော့ပေ။

"မင်းတို့ရူးနေလား။ တစ်လကို အလယ်အလတ်ဝိညာဉ်ကျောက်တုံး လေးတုံး၊ ဒါက ဓားပြတိုက်တာနဲ့ ဘာမှမထူးဘူး။ ငါတို့မှာ အဲ့ဒီလောက်များတဲ့ ဝိညာဉ်ကျောက်တုံးတွေ ဘယ်ကရမှာလဲ။" ကျင့်ကြံသူတစ်ဦးက ကျိန်ဆဲလိုက်သည်။

အင်မော်တယ်ရှားဂိုဏ်းတွင် ကြောက်မက်ဖွယ်ကောင်းသော ဂုဏ်သတင်းနှင့် အင်အားရှိသော်လည်း၊ ချောင်ပိတ်ခံရသည့်အခါ၊ သူတို့တွင် တန်ပြန်တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

"ဟုတ်တယ်၊ အိမ်ငှားခတိုးတာတစ်ခုတည်း မဟုတ်ဘူး။ စိတ်ဝိညာဉ်ဆန်နဲ့အသားဈေးတွေလည်း တက်နေပြီးတော့ ခွဲတမ်းနဲ့ ရောင်းနေတာ။ မင်းတို့ အင်မော်တယ်ရှားဂိုဏ်းက ငါတို့ကို အသက်ရှင်ဖို့ လမ်းမပေးချင်တော့တာလားကွ။"

"ငါတို့က တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုပေမဲ့ အနိုင်ကျင့်ဖို့ လွယ်တဲ့သူတွေ မဟုတ်ဘူး။ မင်းတို့ ငါတို့ကို အရမ်းဖိအားပေးလွန်းရင်တော့ သေတဲ့အထိ တိုက်ခိုက်သွားရုံပဲ ရှိတော့တယ်။"

တစ်ကိုယ်တော်ကျင့်ကြံသူများစွာမှာ ဒေါသထွက်နေကြပြီး အင်မော်တယ်ရှားဂိုဏ်းမှ ကင်းလှည့်သမားများကို စူးစိုက်ကြည့်နေကြသည်။

အယောက်စီတိုင်းသည် သူတို့၏တိုက်ကွက်များအား အသက်သွင်းကာ တိုက်ပွဲတစ်ခု စတင်ရန် ပြင်ဆင်လိုက်ကြသည်။

ကင်းလှည့်သမားများသည်လည်း အသင့်ပြင်လိုက်ကြသည်။ မည်သို့ပင်ဖြစ်စေ၊ ဤတစ်ကိုယ်တော်ကျင့်ကြံသူများ ပုန်ကန်ခဲ့ပါက၊ သူတို့သည်လည်း အထိအခိုက်နည်းမည် မဟုတ်ပေ။

"မင်းတို့က ပုန်ကန်ချင်နေကြတာလား။”

ထိုစကားများကို ကြားသောအခါ အင်မော်တယ်ရှားဂိုဏ်းမှ အရာရှိ ဖန်ဇယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"မင်းတို့အားလုံးက အင်မော်တယ်ရှားဂိုဏ်းရဲ့ အရင်းအမြစ်တွေကို စားသုံးပြီး အင်မော်တယ်ရှားဂိုဏ်းရဲ့ အိမ်တွေမှာ နေထိုင်နေကြတာ၊ ဒါပေမဲ့ ဝိညာဉ်ကျောက်တုံးလေး နည်းနည်းပေးဖို့ကို တွန့်ဆုတ်နေကြတယ်။ မင်းတို့အားလုံး အခု အသက်ရှင်နေတာ ငါတို့ အင်မော်တယ်ရှားဂိုဏ်းရဲ့ အကာအကွယ်ကြောင့်ဆိုတာ နားလည်ထားကွ။ အိမ်ငှားခ မပေးချင်ရင် မီယွင်မြို့ကနေ ထွက်သွားလို့ရတယ်။ အဲ့ဒီ မိစ္ဆာလမ်းစဥ် ကျင့်ကြံသူတွေက မင်းတို့ကို အသက်ရှင်ခွင့်ပေးမလား ကြည့်ကြတာပေါ့။"

သူသည် ရှိနေသော ကျင့်ကြံသူများကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူ၏အကြည့်များမှာ မထီမဲ့မြင်ပြုမှုများဖြင့် ပြည့်နှက်နေသည်။

ဘာရယ်..။

ထိုစကားများကို ကြားသောအခါ တစ်ကိုယ်တော်ကျင့်ကြံသူများ၏ မျက်နှာများမှာ သွေးဆုတ်ဖြူရော်သွားကြသည်။ သူတို့ တိတ်ဆိတ်သွားပြီး ပြန်မပြောနိုင်ကြတော့ပေ။

သူတို့သည် မီယွင်မြို့မှ အမှန်တကယ်ထွက်ခွာသွားပါက၊ သူတို့သည် တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ စုတ်ဖြဲခြင်းကို သံသယဖြစ်ဖွယ်မရှိ ခံရပေလိမ့်မည်။

လူနည်းစု လွတ်မြောက်နိုင်သော်လည်း အများစုမှာ မုချ ပျက်စီးရပေမည်။

မီယွင်မြို့တွင် သူတို့ဘဝသည် ခက်ခဲကြမ်းတမ်းသော်လည်း အနည်းဆုံးအားဖြင့် မိမိအသက်အား ကောင်းစွာ ထိန်းသိမ်းထားနိုင်သေး၏။

မီယွင်မြို့မှသာ ထွက်ခွာရပါက သေမင်းခံတွင်းသို့ ခုန်ဆင်းသည့်နှယ် ဖြစ်ပေမည်။

"အေး၊ ငါတို့က မင်းတို့ကို အတင်းအကျပ်လုပ်နေတာ မဟုတ်ဘူး။ အိမ်ငှားခတိုးမြှင့်တာက အားလုံးရဲ့အကျိုးအတွက်ပဲ။”

တစ်ကိုယ်တော်ကျင့်ကြံသူများ ငြိမ်သက်သွားသည်ကို မြင်သောအခါ အရာရှိ ဖန်ဇယ်မှာ အတော်လေး ကျေနပ်သွားသည်။

သူ၏လေသံမှာ နူးညံ့သွားကာ "မီယွင်မြို့ရဲ့ ကြီးမားတဲ့ ဒုတိယအဆင့် အစီအရင်ကြီးက စွမ်းအင်အဖြစ် ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုအပ်တယ်။ ဒီဝိညာဉ်ကျောက်တုံးတွေမရှိရင် အစီအရင်က ရပ်တန့်သွားမှာ သေချာတယ်။ အဲ့ဒီလိုဖြစ်ပြီး မီယွင်မြို့ ကျိုးပေါက်သွားရင် ငါတို့အားလုံး သေကြမှာပဲ။ မင်းတို့ရဲ့ ငှားခကို တိုးတာက မလွှဲသာလို့ပဲ။ ငါတို့ကောက်ခံတဲ့ အပိုဝိညာဉ်ကျောက်တုံးတွေနဲ့ ငှားခတွေအားလုံးက မင်းတို့ကို ကာကွယ်ဖို့နဲ့ မီယွင်မြို့ရဲ့ အစီအရင် လည်ပတ်နိုင်ဖို့အတွက်ပဲ။ ဒီဝိညာဉ်ကျောက်တုံးတွေက မင်းတို့ရဲ့အသက်ကို ဝယ်ယူဖို့ သုံးနေတာပဲ။ ဒီလောက်ရိုးရှင်းတဲ့ အခြေခံသဘောတရားကို နားမလည်ကြဘူးလား။"

"ဒါက..။”

ကျင့်ကြံသူများမှာ အံ့အားသင့်သွားပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားကြသည်။

မည်သို့ပင်ဖြဈ်စ၊ အကယ်၍ မြူခိုးတိမ်တိုက်မြို့သည်သာ အမှန်တကယ် ထိုးဖောက်ခြင်းခံရပါက ရှိနေသော ကျင့်ကြံသူများထဲမှ တစ်ဦးတစ်ယောက်မျှ ရှင်သန်နိုင်မည်မဟုတ်ပေ။

ဝိညာဉ်ကျောက်တုံးအချို့ ပေးဆောင်ခြင်းဖြင့် မီယွင်မြို့ အစီအရင်၏ လုပ်ဆောင်ချက်ကို ထိန်းသိမ်းနိုင်ပါက၊ ၎င်းမှာ ကျိုးကြောင်းဆီလျော်သော လှုပ်ရှားမှုတစ်ခု ဖြစ်ပေသည်။

"အင်း၊ ဒီအခြေအနေကနေ ထွက်ပေါက်တစ်ခုတော့ ရှိပါသေးတယ်။"

ထိုအခိုက်တွင် အုပ်ချုပ်သူ ဖန်ဇယ်က သူ၏လေသံကို ပြောင်းကာ ဆက်ပြောလိုက်သည်။

"မင်းတို့ တကယ်ပဲ ငှားရမ်းခက ဈေးကြီးလို့ မတတ်နိုင်ဘူး၊ အစားအစာအတွက် ဝိညာဉ်ကျောက်တုံး မရှိဘူးဆိုရင် ငါတို့ ကင်းလှည့်အဖွဲ့ထဲကို ဝင်ပြီး အဖွဲ့ဝင်တစ်ယောက် ဖြစ်လာနိုင်တယ်။"

"ဒီလိုလုပ်ခြင်းအားဖြင့် မင်းတို့ အခမဲ့တည်းခိုခွင့်ရရုံသာမက တစ်နေ့သုံးနပ်လည်း အခမဲ့ရမယ်။ ကင်းလှည့်အဖွဲ့က မင်းတို့ရဲ့ အစားအသောက်၊အဝတ်အစား ဘာမှ စိုးရိမ်စရာမရှိအောင် သေချာပေါက် အာမခံတယ်။"

"အေးပေါ့ကွာ၊ မင်းတို့မှာ ဝိညာဉ်ကျောက်တုံးမရှိသလို ကင်းလှည့်အဖွဲ့ဝင်လည်း မလုပ်ချင်ဘူးဆိုရင်တော့ စိတ်မကောင်းပါဘူး။ မီယွင်မြို့က လတ်လျားလတ်လျားကောင်တွေကို အလိုမရှိဘူး။ မင်းတို့ သေရလိမ့်မယ်။"

သူ၏လေသံသည် နက်ရှိုင်းသော အေးစက်မှုနှင့် ကြောက်မက်ဖွယ်ရာ သတ်ဖြတ်လိုသောစိတ်တို့ဖြင့် ပြည့်နှက်နေသည်။

ငွေပေးမည်လော၊ အလုပ်လုပ်မည်လောသာ ရွေးချယ်စရာရှိပေသည်။ မီယွင်မြို့တွင် အလကားနေထိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။

All Chapters