← Chapters

အဆုံးမဲ့ အမှောင်ထု

Vol. 24 Ch. 349

အဆုံးမဲ့ အမှောင်ထု

Vol. 24 Ch. 349

“ချီးတဲ့မှ...”

ဟူကျောင်းယွမ်နှင့် နယ်မြေသခင်များက ဆဲရေးမိကာ ယာဉ်ပျံကို အစောတလျင် စွန့်ခွာလိုက်ရသည်။

“ဝုန်း...”

ပေါက်ကွဲမှုများက မရပ်တန့်သည့် အပြင် ငရဲကိုးဘုံမီးတောက်ကြောင့် ယာဉ်ပျံတစ်ခုလုံး လောင်ကျွမ်းသွားရသည်။

“မင်းတို့ တရားလွန်သွားပြီကွ...”

ဟူကျောင်းယွမ်၏ ဒေါသများ မထိန်းနိုင်တော့ပဲ ပေါက်ကွဲလာတော့၏။ သူ၏ ခန္ဓာကိုယ်မှ ရုန့်ရင်းကြမ်းတမ်းသည့် အရှိန်အဝါများ တဟုန်ထိုးပေါ်ထွက်လာသည်။

သူက ချိန်းခြောက်မှုပြုကာ ဆုတ်ခွာရန် တွေးတောထားခဲ့၏။ လက်ရှိအနေအထားတွင် တိုက်ပွဲဖြစ်ပါက ဆုံးရှုံး နစ်နာမှု ပိုမိုကြီးမားလာပေမည်။

ကောင်းကင်အလွှာ ကျင့်ကြံသူအများအပြား ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။

သို့သော် နယ်မြေဘုရင်နှင့် ချိန်းခြောက်ခဲ့သော်လည်း ဂရုစိုက်ဟန်မရချေ။ ထို့ပြင် သူတို့ကို ထွက်ခွာခွင့်ပင် မပေးတော့ချေ။

ထို့ကြောင့် တိုက်ခိုက်ရပေတော့မည်။ သို့သော် ရုတ်တရက် ပြောင်းလဲသွားသည့် ပတ်ဝန်းကျင်၏ အခြေအနေကြောင့် တုန်လှုပ်သွားရပြန်သည်။

“ဒါက...”

သူတို့၏ အနီးတစ်ဝှိုက်ရှိ ကောင်းကင်သည် တဖြည်းဖြည်းနှင့် မှောင်မည်းလာ၏။ သူတို့က ထိတ်လန့်စွာ ရေရွတ်လိုက်ရသည်။

“အမှောင်စွမ်းအင်...”

အမှောင်ထုသည် ဟူကျောင်းယန်နှင့် နယ်မြေသခင်များကို ဝါးမြိုသွားသည့်အလား သူတို့သည် အမှောင်ထု အတွင်းရောက်ရှိသွား၏။

“ဒီကောင်လေးက အမှောင်မျိုးနွယ်ဝင်လား...”

လျှပ်စီးနယ်မြေမှ ဂိုဏ်းချုပ်များက ထပ်မံ တုန်လှုပ်ရပြန်သည်။

အမှောင်မျိုးနွယ်ဆိုသည်က ကောင်းကင်ကျားမျိုးနွယ်အောက် မလျော့ကျသည့် အဆင့်အတန်းနှင့် အင်အားများကို ပိုင်ဆိုင်ထားသည့် မျိုးနွယ်ဖြစ်၏။

ထို့အပြင် လင်းထျန်းဘုံတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် မျိုးနွယ်ကြီးတစ်ခုပင်။ ကောလဟာလများအရ နယ်မြေဘုရင်နှစ်ဦးရှိနေသည်ဟုပင် ကြားဖူးကြသည်။

သို့သော် လျှပ်စီးနယ်မြေနှင့် အလှမ်းဝေးသောကြောင့် အတိအကျ သိရှိခြင်းတော့ မရှိချေ။

ဟွားရှီးယင်က မှင်သက်သွားမိပြန်သည်။

‘အမှောင် မျိုးနွယ်ဝင်ကို တပည့်အဖြစ်ခေါ်ထားနိုင်တာလား...၊ ဒါကို အမှောင်မျိုးနွယ်က သိသွားရင် ဘယ်လိုများ တုန့်ပြန်လိမ့်မလဲ...’

ဂိုဏ်းချုပ်များ၏ အကြည့်က ဟွမ်းအပေါ် ပြိုင်တူ ကျရောက်လာ၏။

ကိုယ်တိုင်ပင်မက တပည့်များပင် ထူးခြားလွန်းနေသည်။

ဟွမ်းက သူ့အပေါ် ကျရောက်နေသည့် အကြည့်များကို လျစ်လျုရှု့ထား၏။ သူက တည်ငြိမ်သည့် မျက်ဝန်းများနှင့်သာ သူ၏ ရှေ့ရှိ အမှောင်ထုကို ကြည့်ရှု့နေသည်။

“မင်းက အမှောင်မျိုးနွယ်ကလား...၊ မင်းတို့ အမှောင်မျိုးနွယ်နဲ့ ကောင်းကင်ကျားမျိုးနွယ်က ရန်ငြိုးမရှိဘူး...၊ ဘာကြောင့်နှောက်ယှက်နေတာလဲ...”

ဟူကျောင်းယွမ်သည် တုန်လှုပ်နေသည့် လေသံနှင့် မေးခွန်းထုတ်လိုက်၏။

အကြောင်းမှာ လျှိုမင်ယွမ်သည် အမှောင်ထုကို သယ်ဆောင်လာသောကြောင့်ပင်။ လင်းထျန်းဘုံတွင် အမှောင်ထုကို လိုသလို အသုံးချနိုင်သူများမှာ အမှောင်မျိုးနွယ်သာရှိ၏။

လျှိုမင်ယွမ်က အမှောင်ထုတွင် နယ်မြေသခင်များစွာကို ပိတ်လှောင်လိုက်၏။ နယ်မြေသခင်များက အမှောင်ထုကို တွန်းလှန်ရန်ကြိုးစားနေသော်လည်း တွန်းလှန်လေလေ၊ နစ်မြုပ်လေလေ ဖြစ်နေသည်။

“အမှောင်မျိုးနွယ်က ကျုပ်နဲ့ ဘယ်လိုမှ မသက်ဆိုင်ဘူး...၊ ပြီးတော့ ခင်ဗျား...”

လျှိုမင်ယွမ်က အမှောင်မျိုးနွယ်နှင့် ပတ်သက်မှု မရှိကြောင်း ပြောဆိုပြီးနောက် သူ၏ လက်တစ်ဖက်ကို မြှောက်ကာ ဆိုလိုက်၏။

“ခင်ဗျားတို့က လင်းရှန်တောင်ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာပြီး ဆရာနဲ့ စီနီယာအစ်မကို စော်ကားတဲ့ အတွက်သေရမယ်...”

ထိုသူများက ရောက်ရှိလာပြီးနောက် မဆိုင်းမတွနှင့် ဟွမ်းကို တိုက်ခိုက်ခဲ့ကြသည်။ ထိုအရာက သူ့အား ဒေါသထွက်စေခဲ့၏။

သူသည် ယခင်က အားနည်းလှ၏။ တစ်ချိန်လုံး သူ၏ ကြီးမြတ်သည့် ဆရာဖြစ်သူနှင့် စီနီယာများ၏ ကာကွယ်မှုအောက်တွင်နေခဲ့ရသည်။

ထို့အပြင် တစ်ကောင်ကြွက်ဘဝမှ သူ၏ ဆရာနှင့် တွေ့ပြီးနောက်ပိုင်း နွေးထွေးမှုနှင့် မိသားစုဟူသည့် အဓိပ္ပါယ်ကို သိရှိလာခဲ့ရ၏။

သူ၏ ခွန်အား သန်မာလာချိန်တွင် ရန်သူများကို စီနီယာများကိုယ်စား ရှင်းလင်းပစ်ရပေမည်။

ထို့အပြင် ယွဲ့ဝူယောင်အပေါ် ရိုင်းစိုင်းစွာ ကြည်ရှုသူများကို သတ်ဖြတ်ပစ်ရန်ပင် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

“မင်း...”

“မင်းကိုမင်း...ဟုတ်လှပြီထင်နေတာလား...၊ ကောင်လေး...ငါက အခြားနယ်မြေသခင်တွေအများကြီးကြောင့် တိုက်ပွဲမဖြစ်ချင်ရုံပဲ...၊ ဒါပေမဲ့ မင်းကိုတော့ ဆုံးမပေးရလိမ့်မယ်...”

ဟူကျောင်းယွမ်က ရုတ်ရင်းကြမ်းတမ်းစွာ ဆိုလိုက်၏။ သူက အဆုံးအရှုံးများမည် စိုးသောကြောင့် မတိုက်ခိုက်လိုပေ။ သို့သော် ယခုတွင်တော့ လျှိုမင်ယွမ်က ဖိအားပေးနေပြီ ဖြစ်သောကြောင့် မတိုက်ခိုက်၍ မရတော့ချေ။

သူတို့၏ ခန္ဓာကိုယ်မှ ‘တဂျွတ်ဂျွတ်’ နှင့် အရိုးအက်ကွဲသံများပေါ်ထွက်လာ၏။ ထို့အတူ သူတို့၏ ခန္ဓာကိုယ်သည်လည်း ပိုမို၍ မြင့်မားလာကာ ကြီးမားသည့် အနီရောင်ကျားများ အသွင်သို့ ပြောင်းလဲသွားသည်။

“မင်းတစ်ယောက်ထဲနဲ့ ငါတို့ကို ကန့်သတ်နိုင်မယ်ထင်နေလားကွ...”

ကျားအသွင်ပြောင်းလဲသွားသည့် နယ်မြေသခင်များက စွမ်းအင်များဖော်ထုတ်ကာ လျှိုမင်ယွမ်ထံ ဦးတည်လာ၏။

“သေစမ်း...”

သူတို့၏ ကြီးမားသည့် လက်သည်းကြီးများနှင့် လျှိုမင်ယွမ်ကို ရိုက်ချလိုက်သည်။

“ဟမ့်...”

လျှိုမင်ယွမ်သည် ဂရုမစိုက်သည့် အသွင်နှင့် နှာတစ်ချက်မှုတ်လိုက်သည်။ ထို့နောက် တည်နေရာတွင် ပြည့်နှက်နေသည့် အမှောင်ထုကို ခြေထောက်ဖြင့် နင်းချဟန်ပြုလိုက်၏။

“အဆုံးမဲ့ အမှောင်ထု...”

ထိုသို့ ရေရွတ်လိုက်သည်နှင့် တပြိုင်နက် နယ်မြေသခင်များက သီးခြား အမှောင်ထုအတွင်းသို့ ကျရောက်သွားတော့သည်။

နယ်မြေသခင်များ၏ တိုက်ခိုက်မှု ပြုလုပ်နေချိန်တွင် ရုတ်ချည်းဆိုသလို သားရဲများစွာ ထွက်ပေါ်လာကာ တားဆီးခံလိုက်ရ၏။

ထို့အပြင် အမှောင်စွမ်းအင်များ၏ ကန့်သတ်မှုသည် သူတို့အပေါ်တွင် များပြားလာသည်။ အမှောင်ထုက နယ်မြေသခင်များကို ဆွဲချနေသည့်အသွင်ဖြစ်လာသောကြောင့် သူတို့သည် ရုန်းကန်နေရ၏။

“ဘယ်လို...”

“မင်းက ပိုင်နက်တောင် ထုတ်ဖော်နိုင်နေပြီလား...”

ဟူကျောင်းယွမ် အလွန်မင်း တုန်လှုပ်သွား၏။ သူသည် မယုံနိုင်သည့် လေသံနှင့် မေးခွန်းထုတ်လိုက်သည်။

ပိုင်နက်ထုတ်ဖော်နိုင်သည့် နယ်မြေသခင်တစ်ဦးသည် နယ်မြေဘုရင်ဖြစ်ရန် နီးစပ်နေပြီဟု ဆိုနိုင်၏။ သို့သော် ရာပိုင်းမျှ သက်တမ်းနှင့် လူငယ်က ပိုင်နက်တစ်ခု ဖော်ထုတ်နိုင်နေပြီဖြစ်သည်။

ပိုင်နက်ကို ထုတ်ဖော်နိုင်သည့် နယ်မြေသခင်များ၏ ခွန်အားသည် သာမန်နယ်မြေသခင်များ ယှဉ်နိုင်စွမ်းမရှိပေ။

မယုံနိုင်ဖွယ်အတိ ကောင်းလွန်းနေ၏။

“ခင်ဗျားဘယ်လိုထင်လဲ...”

လျှိုမင်ယွမ်က မေးခွန်းထုတ်လိုသည့် လေသံနှင့် ဆိုကာ သူ၏ လက်ကို ဝှေ့ယမ်းလိုက်၏။

ထိုအချိန်တွင် နယ်မြေသခင်များ၏ အနီးအနားတွင် အမှောင် အငွေ့အသက်များ ဖုံးလွှမ်းနေသည့် ပုံရိပ်ယောင်သားရဲများက စတင်တိုက်ခိုက်လိုက်ကြသည်။

“ဘုန်း..”

“ဘုန်း...”

၎င်းတို့သည့် ကြမ်းကြုတ်သည့် အသွင်နှင့် နယ်မြေသခင်များကို တိုက်ခိုက်မှု ပြုနေ၏။ သူတို့သည် ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း နယ်မြေသခင်တစ်ဦး၏ ခွန်အားများနှင့် ညီမျှနေသည်။

အမှောင်ထု အတွင်း ကောင်းကင်ကျားများနှင့် ပုံရိပ်ယောင်သားရဲများ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။

“သေစမ်း...”

ဟူကျောင်းယွမ်သည် လျှိုမင်ယွမ်ကို ပြင်းထန်သည့် စွမ်းအင်လှိုင်းနှင့် ပစ်လွှတ်လိုက်သည်။

သူ၏ ဒေါသက အဆုံးအစွန်သို့ ရောက်ရှိနေပြီး ဖြစ်၏။

သို့သော် လျှိုမင်ယွမ်၏ ရှေ့တွင် အမှောင်စွမ်းအင်များရစ်သီလာကာ ဟူကျောင်းယွမ်၏ စွမ်းအင်များကို တားဆီးလိုက်သည်။

“သေရမဲ့သူက ခင်ဗျားပဲ...”

လျှိုမင်ယွမ်က သူ၏ လက်နှင့် ဟူကျောင်းယွမ်ကို ရိုက်ချလိုက်၏။

အမှောင်အငွေ့အသက်များနှင့် ပြည့်နှက်နေသည့် လက်ဝါးကြီးတစ်ခု ထွက်ပေါ်လာကာ ဟူကျောင်းယွမ်ကို ဖိနှိပ်လိုက်သည်။

“ငါ့ကို အဲ့ဒီလိုဖိနှိပ်ဖို့ လွယ်ကူမယ်ထင်နေလား...”

ဟူကျောင်းယွမ်က သူ၏ နောက်တွင် ကောင်းကင်ကျား၏ ပုံရိပ်ကို ထုတ်ဖော်ကာ အမှောင်လက်ဝါးကြီးကို တားဆီးလိုက်၏။

“ဝုန်း...”

လက်ဝါးကြီးက ပြင်းထန်သည့် အင်အားနှင့် ဟူကျောင်းယွမ်အပေါ်ကျရောက်သွားသည်။

“လူငယ်တစ်ယောက်ကို မတိုက်ခိုက်နိုင်ဘူး ဆိုတာကို ငါမယုံဘူးကွ...”

ဟူကျောင်းယွမ်က အသံနက်ကြီးနှင့် အော်ဟစ်လိုက်၏။

ကောင်းကင်ကျားပုံရိပ်သည် လက်နှစ်ဖက်နှင့် မှောင်လက်ဝါးကြီးကို ထိန်းထားရ၏။ သို့သော် ဟူကျောင်းယွမ်၏ မျက်နှာတွင် အလွန်အမင်း ရုန်းကန်နေရဟန်ပေါ်သည်။

သူက အံကို တင်းတင်းကြိတ်ကာ ခုခံနေသော်လည်း လျှိုမင်ယွမ်၏ ပိုင်နက်အတွင်း ကျရောက်နေပြီး သူ၏ စွမ်းအင်များကို အပြည့်အဝ ထုတ်ဖော်နိုင်စွမ်း မရှိပေ။

“သေလိုက်စမ်း...”

လျှိုမင်ယွမ်က သူ၏ လက်ကို ဖိချလိုက်၏။

“ဘုန်း...”

ကောင်းကင်ကျားပုံရိပ်သည် အမှောင်လက်ဝါးအောက်တွင် ပျက်ပြယ်သွားရတော့သည်။

ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် တပြိုင်နက် ဟူကျောင်းယွမ်က ခုခံနိုင်စွမ်းကင်းမဲ့ကာ အမှောင်လက်ဝါးအောက် ရောက်ရှိသွား၏။

All Chapters