အန္တရာယ်ကျလာရင်ထွက်သွားမယ်
Vol. 24 Ch. 357
ကျန်းချီချီက ချန်တောက်လင်၏ စကားများကြောင့် အနည်းငယ် စိတ် ရှုပ်ထွေးသွား၏။ သို့သော်လည်း အသေအချာ သုံးသပ်ပြီးနောက်တွင် ဟွမ်းက ထိုသို့သူမျိုး မဖြစ်နိုင်ကြောင်း တွေးမိသွားသည်။
ထို့အပြင် သူမနှင့် ဆုံတွေ့ခဲ့သည့် တစ်လျောက်လုံး မကောင်းသည့် အသွင်မျိုး တစ်ခါမျှ မတွေ့ရှိခဲ့ဖူးပေ။ ထိုမျှမကသေး၊ သူမအပေါ်တွင်လည်း မိတ်ဆွေတစ်ဦးကဲ့သို့သာ သဘောထားသည်ကို ခံစားမိ၏။
ကောင်းကင်ကျားမျိုးနွယ်၏ နယ်မြေဘုရင်ကဲ့သို့ သဘောထားမျိုး မရှိဟု မှတ်ချက်ချထားသည်။
ထို့ကြောင်ဘ သူမ၏ စီနီယာအစ်ကိုပြောသည်များနှင့် မည်သို့မျှ ဆက်စပ်၍ မရချေ။
ထို့ကြောင့် ချန်တောက်လင်ကို သံသရဝင်ကာ မေးလိုက်ခြင်းဖြစ်၏။ သူမ၏ စီနီယာအစ်ကိုထံတွင် မဟုတ်က၊ ဟုတ်က အကြံအစည်များ ရှိနေတက်သည်။
“ဒီလိုအကြောင်းအရာတွေကို စီနီယာအစ်ကိုက မဟုတ်မှန်ပဲ ပြောပါ့မလား...”
ချန်တောက်လင်က ကျိန်ဆိုခြင်းပြုတော့မည့် အသွင်နှင့် ဆိုလိုက်၏။ ထို့နောက် သူက ကျောက်ပြားတစ်ချပ်ကို ထုတ်ယူက ကျန်းချီချီကို ပေးအပ်လိုက်သည်။
“ဒါက နန်းတော်သခင်ကိုယ်တိုင် ပေးအပ်လိုက်တဲ့ တံဆိပ်ပြားပဲ...”
ချန်တောက်လင်က လေးနက်သည့် လေသံနှင့် ဆိုလိုက်၏။
ထို့အပြင် လျှပ်စီးမျိုးနွယ် မရှိတော့သောကြောင့် ဟွမ်းရှန့်နန်းတော်သည် လျှပ်စီးနယ်မြေတွင် အင်အားကြီးနန်းတော်တစ်ခုဖြစ်လာတော့မည်ဖြစ်သည်။
ထိပ်သီးဂိုဏ်းများ ပေါင်းစည်းလျင်တောင် ဟွမ်းရှန့်နန်းတော်ကို မဖိနှိပ်နိုင်ကြောင်း ထပ်လောင်းပြောဆိုလိုက်၏။
ကျန်းချီချီက မသင်္ကာသည့် အသွင်နှင့် တုန့်ဆိုင်းနေပြီးနောက် တံဆိပ်ပြားကို ယူလိုက်သည်။ ထို့နောက် သူမ၏ စွမ်းအင်များစီးဆင်းလိုက်ချိန်တွင် ဟွမ်း၏ အငွေ့အသက်များ ပေါ်ထွက်လာလေ၏။
“ဒါ....”
ကျန်းချီချီ၏ မျက်ဝန်းအိမ်များကာ အလွန်ကျယ်ပြန့်သွားကာ မယုံနိုင်ဖြစ်နေသည့် အမူယာနှင့် မှင်သက်နေသည်။
ထိုအရာသည် ဟွမ်း၏ စိတ်စွမ်းအင်များ ဖြစ်နေ၏။ စိတ်စွမ်းအင်သည် ကိုယ်တိုင်ထည့်သွင်းခြင်း မရှိပဲ မည်သူမျှ အခြားသူတစ်ဦး၏ အငွေ့အသက်ပါရှိအောင် လုပ်ဆောင်နိုင်ခြင်း မရှိချေ။
“မဖြစ်နိုင်...”
ကျန်းချီချီက ငြင်းဆိုရန်ကြိုးစားသော်လည်း သူမ၏ စကားသံက တိုးလျသွား၏။ သူမက လက်ခံရန် ခက်ခဲသော်လည်း သူမကိုယ်တိုင် ကြုံ့တွေ့နေရပြီးဖြစ်သည်။
ချန်တောက်လင်သည်တော့ အမူအယာကို ထိန်းသိမ်းထားဆဲပင်။
ထို့နောက် ကျန်းချီချီက ခက်ခဲသည့် ဆုံးဖြတ်ချက်ချပြီးကာ ချန်တောက်လင်ကို ဆိုလိုက်၏။
“မဖြစ်နိုင်ဘူး...၊ ကျွန်မကိုယ်တိုင် အတည်ပြု မေးရလိမ့်မယ်...”
သူမက လုံးဝ မဖြစ်နိုင်ကြောင်း ယုံကြည်ချင်နေဆဲပင်။ ထို့ကြောင့် သူမကိုယ်တိုင် အတည်ပြုရန် ကြံရွယ်ကာ နှင်းဖုံးတောင်ထွတ်မှ အလျင်အမြန် ထွက်ခွာသွားတော့၏။
ချန်တောက်လင်၏ စိတ်တွင်း သက်ပြင်းချလိုက်မိတော့သည်။
ကျန်းချီချီ အလောတကြီးထွက်ခွာသွားသည်ကို ကြည့်ကာ အနည်းငယ် စိတ်မကောင်းဖြစ်မိသွား၏။
သာမန်စကားနှင့်ဆိုလျင် သူမက ဟွမ်းရှန့်နန်းတော်သို့ သွားရောက်ရန် လုံးဝငြင်းဆန်မည်ဖြစ်ကြောင်း သိရှိထားသည်။ ထို့ကြောင့် ရွေးချယ်စရာမရှိသည့် အဆုံး ဇာတ်လမ်းဆင်လိုက်ရ၏။
“နန်းတော်သခင်က...ငါ့ကို သတ်တော့ မသတ်လောက်ဘူးမလား...”
ကျန်းချီချီအဖြစ်မှန်သာ သိရှိသွားပါက ကျန်းချီချီထံမှ အမျက်ဒေါသကို ရင်ဆိုင်ရမည့်အပြင် အသရေဖျတ်ခံရသည့် နန်းတော်သခင်က ဒီအတိုင်း လွှတ်မပေးလောက်ချေ။
သူ၏ အနာဂတ်အကြောင်းတွေးက အနည်းငယ် ရင်လေးသွား၏။ သို့သော်လည်း မည်သည့် ပြစ်ဒဏ်မဆို ခံယူရန် အသင့် ပြင်ထားသည်။
ထို့ကြောင့် ကျန်းချီချီက ဟွမ်းရှန့်နန်းတော်သို့ စိတ်တို နေသည့် အသွင်နှင့် ရောက်ရှိလာခြင်းပင်။
“တစ်ခုခု အထင်လွဲနေတာရှိလား...”
ဟွမ်းက ကျန်းချီချီထံမှ ထူးဆန်းသည့် စကားများကြောင့် နားမလည်နိုင်သည့် အသွင်နှင့် မေးခွန်းထုတ်လိုက်၏။
ကျန်းချီချီက ဟွမ်း၏ အမူအယာကြောင့် ရှင်းမပြလည်း နားလည်သွားခဲ့လေပြီ...။
သူမ၏ စိတ်အတွင်း ချန်တောက်လင်ကို နှင်းဖုံးတောင်ထွတ်မှ ကန်ချရန် တေးမှတ်ထားလိုက်သည်။
“ကျွန်မ အထင်လွဲမိသွားတယ်...”
ကျန်းချီချီက အားနာသည့် လေသံနှင့် ဆိုလိုက်၏။
ဟွမ်း “...”
‘ဘာတွေဖြစ်လဲဆိုတာကို ရှင်းပါဦး...’
သူ၏ စိတ်တွင်း အော်ငေါက်ချင်မိသွားသည်။ သို့သော် သူ၏ တည်ငြိမ်သည့် အသွင်ကို ထိန်းထားရမည်ဖြစ်သောကြောင့် ထူးဆန်းသည့် အမူအယာများ မထုတ်ဖော်တော့ပေ။
ကျန်းချီချီထံမှ အဖြစ်အပျက်များကို လိုက်မှီရန် အတော်ပင် ကြိုးစားလိုက်၏။
“ကျွန်မ...နောက်မှ ထပ်ပြီး ဟွမ်းရှန့်နန်းတော်ကို အလည်လာပါ့မယ်...၊ ကျွန်မကို ခွင့်ပြုပါဦး...”
ဟွမ်း၏ အမူအယာနှင့်ပင် သူမအတွက် လုံလောက်သွားပြီဖြစ်သည်။ ထို့ကြောင့် ဟွမ်းကို နှုတ်ဆက်ကာ ထွက်ခွာသွားရန်ပြင်လိုက်၏။
ထိုအချိန်တွင် ဟွမ်း၏ တည်ငြိမ်သည့် အသံက ထွက်ပေါ်လာသည်။
“မင်း...နှင်းဓားဂိုဏ်းကို ပြန်သွားရင်...၊ သူတို့ကိုပါ ဆွဲချသလိုဖြစ်သွားလိမ့်မယ်...”
ကျန်းချီချီ သူ၏ စိတ်စွမ်းအင်ပါဝင်သည့် ကျောက်ပြားနှင့်အတူ ဟွမ်းရှန့်နန်းတော်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
သို့သော် ချန်တောက်လင် မည်သို့ ပြောဆိုလိုက်သောကြောင့် ဟွမ်းရှန့်နန်းတော်သို့ ဒေါသများနှင့်အတူ ရောက်ရှိလာခြင်းကို နားမလည်နိုင်ချေ။
ချန်တောက်လင်နှင့် ဆုံတွေ့ပါက မေးမြန်းကြည့်ဦးမည်ဟု ဆုံးဖြတ်လိုက်၏။
သို့သော် ကျန်းချီချီ၏ အမူအယာများကြောင့် တစ်ချို့တစ်ဝက်ကို ခန့်မှန်းမိသွား၏။
ဟွမ်း၏ စကားကြောင့် ကျန်းချီချီ၏ ခြေလှမ်းများ တုန့်ဆိုင်းသွားသည်။ သူမက အတည်ပြုချင်သောကြောင့် မေးခွန်းထုတ်လိုက်၏။
“ရှင်...၊ ဘာကိုဆိုလိုတာလဲ...”
“နှင်းလစံအိမ်...”
ဟွမ်း၏ တိုတောင်းသည့် အဖြေကြောင့် ကျန်းချီချီ၏ ခန္ဓာကိုယ်လေးက အနည်းငယ်တုန်ယင်သွားသည်။
လက်ရှိတွင် သူမ တွေးပူမိသည့် အကြောင်းအရာမှာ ထိုကိစ္စပင်ဖြစ်၏။ သူမ မည်သို့ ရင်ဆိုင်ရမည်ကို မသိရှိသေးချေ။
ထို့ကြောင့် ဤရက်ပိုင်းတွင် သူမ၏ စွမ်းအင်များကို နှင်းလစံအိမ်က မခံစားမိစေရန်သာ မျှော်လင့်နေခဲ့သည်။
ထိုအကြောင်းများကို ဟွမ်း မည်သို့ သိရှိခဲ့သည်ကို မေးနေစရာမလိုတော့ချေ။ သူမ၏ စီနီယာအစ်ကို အာချောင်ခဲ့ခြင်းဖြစ်မည်မှာ ကျိန်းသေပင်။
ချန်တောက်လင်ကို နှင်းဖုံးတောင်ထွတ်မှ အကြိမ်တစ်ရာမက ကန်ချမည်ဟု ဆုံးဖြတ်လိုက်သည်။
သူမ၏ အတွေးများမှ ရုန်းထွက်ပြီးနောက် စိတ်ရှုပ်ထွေးနေသည့် လေသံနှင့် ဟွမ်းကို မေးလိုက်၏။
“ဟွမ်းရှန့်နန်းတော်ကို ဆွဲချမိမှာကိုရော မစိုးရိမ်ဘူးလား...”
“မစိုးရိမ်ဘူး...”
ဟွမ်းက ပြတ်သားသည့် လေသံနှင့် ချက်ချင်း ဖြေလိုက်၏။ ထို့နောက် ထပ်လောင်း ပြောဆိုလိုက်သည်။
“အခုချိန်အထိ ဟွမ်းရှန့်နန်းတော်ကို ဆွဲချနိုင်တဲ့သူ မရှိသေးဘူး...”
ဟွမ်း၏ စကားသည် မောက်မာပုံပေါက်နေသော်လည်း သူက ယုံကြည်မှုရှိခြင်းပင်။
ကျန်းချီချီက ဟွမ်း၏ လေသံကြောင့် မှင်သက်မိသွား၏။ ထိုသူ၏ အသွင်က အလွန်ခန့်ညားနေပြီး ယုံကြည့်မှု အပြည့်ရှိနေသည့် အလားပင်။
“ဟွမ်းရှန့်နန်းတော်ကို ဝင်ဖို့ စိတ်ကူးရှိရင် မင်းအတွက် နေရာတစ်ခုပေးနိုင်တယ်...”
ဟွမ်းက ကမ်းလှမ်းစကားဆိုလိုက်၏။
“ကျွန်မ...”
ကျန်းချီချီက ဆုံးဖြတ်ချက်ချရန် ချည်တုံချတုံဖြစ်နေသည်။ သူမက နှင်းဓားဂိုဏ်းတွင် ဆက်လက်နေထိုင်ပါက တစ်ချိန်ချိန် အန္တရာယ်ကျရောက်လာမည်မှာကျိန်းသေပင်။
၎င်းကို နှင်းဓားဂိုဏ်းက မည်သူမျှ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
သို့သော် ဟွမ်းကိုလည်း ထိုသို့ ဒုက္ခမျိုးနှင့် ရင်မဆိုင်စေချင်ပေ။ သူမ ဆုံးဖြတ်ချက်ချရန် တွေဝေနေ၏။
သူမက အတွေးပင်လယ်တွင်း နစ်မြောနေကာ သူမ၏ နှုတ်ခမ်းပါးလေးများက နှိမ့်ချည်မြင့်ချည်နှင့် အတက်အကျ များစွာဖြစ်ပေါ်နေသည်။ သို့သော် အသံထွက်ပေါ်လာခြင်း မရှိသေးချေ။
ဟွမ်းက မည်သည့်စကားမျှ ထပ်မပြောတော့ပေ။ သူ၏ ဘက်မှ တက်နိုင်သည့် စကားကို ပြောခဲ့ပြီး ဖြစ်သည်။
ထို့အပြင် သူမကို ဟွမ်းရှန့်နန်းတော်တွင် နေထိုင်ရန် အတင်းအကြပ် ဖိအားပေးမည်မဟုတ်ပေ။
နေလိုခြင်း၊ မနေလိုခြင်းသည်တော့ ကျန်းချီချီ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်၏။
သူသည် ကျန်းချီချီ၏ တုန့်ပြန်မှုကို ငြိမ်သက်စွာ စောင့်ဆိုင်းနေ၏။
ထိုအချိန်တွင် ကျန်းချီချီက သူမ၏ မျက်ဝန်းများက ကြည်လင်လာပြီး ဟွမ်းကို ကြည့်ကာ ဆိုလိုက်သည်။
“ကျွန်မ...၊ ဟွမ်းရှန့်နန်းတော်မှ နေချင်ပါတယ်...၊ ဒါပေမဲ့ ကျွန်မကြောင့် အန္တရာယ်ကျရောက်လာရင် ထွက်ခွာသွားချင်တယ်...”
သူမက ထူးဆန်းသည့် တောင်းဆိုချက်မျိုးနှင့် ပြောလိုက်သည်။ သူမအတွက်နှင့် မည်သူကိုမျှ နစ်နာစေလိုခြင်း မရှိချေ။
“ဟွမ်းရှန့်နန်းတော်ရဲ့ အဖွဲ့ဝင်ဖြစ်သွားရင် ကောင်းခြင်း၊ ဆိုးခြင်းကို ဟွမ်းရှန့်နန်းတော်နဲ့ အတူရင်နိုင်ပေးလိမ့်မယ်...”
ဟွမ်းက လင်းရှု့၏ စွမ်းအင်များနှင့် ကျောက်ပြားတစ်ချပ်ကို ကျန်းချီချီထံပေးအပ်လိုက်၏။ ဟွမ်းက ကျန်းချီချီ၏ ‘ဒါပေမဲ့’ နောက်က စကားကို လက်မခံပေ။
အန္တရာယ်ကျရောက်တိုင်း အဖွဲ့ဝင်ကို လက်လွတ်လိုက်ပါက ဟွမ်းရှန့်နန်းတော်၏နာမည်က မြောင်းထဲ ရောက်သွားပေလိမ့်မည်။