← Chapters

မိုးကြိုးစွမ်းအင်၏ ဖီဆန်မှု

Vol. 24 Ch. 358

မိုးကြိုးစွမ်းအင်၏ ဖီဆန်မှု

Vol. 24 Ch. 358

“လင်းရှန်တောင်ပေါ်မှာ... မင်းနှစ်သက်တဲ့ နေရာကို ရွေးနိုင်တယ်...”

ဟွမ်းက ကျန်းချီချီကို တုန့်ပြန်ရန် အခွင့်အရေး မပေးတော့ချေ။ သူ့မအတွက် နေရာစီစဉ်ပေးလိုက်၏။

ကျန်းချီချီက ထပ်မံပြောဆိုချင်သော်လည်း ဟွမ်း၏ အမူအယာကြောင့် သူမ၏ စကားများကို ပြန်လည်မြိုသိပ်လိုက်သည်။

ကျန်းချီချီက တံဆိပ်ပြားကို ယူဆောင်သွားလိုက်ပြီးနောက် ငြင်သာသည့် ခြေလှမ်းများနှင့် ခန်းမ အတွင်းမှ ထွက်ခွာသွား၏။

ဟွမ်းက သူမ၏ အသွင်ကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။ ထိုမိန်းကလေးက စိတ်ထားနူးညံ့လှ၏။

နောက်ရက်များတွင်တော့ ကျန်းချီချီက ဟွမ်းရှန့်နန်းတော်နှင့် အနည်းငယ် အသားကျလာသည်။ ထို့အပြင် ယွဲ့ဝူယောင်နှင့် သူမ၏ ဆက်ဆံရေးက တိုးတက်လာ၏။

ယွဲ့ဝူယောင်က သူမကို ယခင်က ကဲ့သို့အပြင်လူဟူသည့် ဆက်ဆံရေးမျိုးနှင့် မဆက်ဆံတော့ပေ။

ထို့အပြင် ကျန်းချီချီက အေးခဲစွမ်းအင်များနှင့် ပတ်သက်သည့် နည်းစနစ်များကို သင်ကြားပေးခဲ့သည်။

ယွဲ့ဝူယောင်က သူမ၏ သင်ကြားပေးမှုများကို ဂရုတစိုက် မှတ်သားကာ ကျင့်ကြံနေ၏။

ထို့အပြင် ချီဟူက ကောင်းကင်ကျားသွေးစက် ဝါးမြိုခြင်းကို အောင်မြင်သွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ ကြမ်းတမ်းသည့် စွမ်းအင်များ လည်ပတ်နေပြီး အရှိန်အဝါက နယ်မြေသခင်တစ်ဦးနှင့် တန်းတူလုနီးပါးဖြစ်လာ၏။

သို့သော် သူက နယ်မြေသခင်အဆင်ပ မရောက်သေးချေ။ ဟူကျောင်းယွမ်၏ နယ်မြေသခင်ဖြစ်ခဲ့သည့် အရှိန်အဝါကြောင့် ချီဟူ၏ ခန္ဓာကိုယ်ရှိ သွေးများက ကြမ်းတမ်းလာသည်။

သူ၏ ခန္ဓာကိုယ်က ဟူကျောင်းယွမ်တို့နှင့် တန်းတူလောက်အထိ ကြီးမားလာခဲ့၏။

ထို့အပြင် သူလျှောက်လှမ်းတိုင်း သူ၏ ခြေရာများတွင် မီးများ လောင်ကျွမ်းနေခဲ့သည်။

“ဟားဟား...”

ချီဟူက နှစ်လိုအားရသည့် လေသံနှင့် အော်ဟစ် ရယ်မောလိုက်၏။

“ဘုန်း...”

“ခန္ဓာကိုယ်ကျုံစမ်း...”

ဟွမ်းက ကိုယ့်ကိုယ်ကို အထင်ကြီးနေဟန်ရသည့် ချီဟူကို ပိတ်ခေါက်လိုက်သည်။ အကောင်ကြီးကြီးဖြစ်နေသည့် အသွင်က သူ၏ မျက်လုံးထဲ အသားမကျပေ။

ထို့အပြင် ဖျတ်လို့ဖျတ်စီးနှင့် နန်းတော်ကိုပင် မီးရှို့ရန်ကြံရွယ်နေ၏။

ချီဟူက စွမ်းအင်များ တိုးတက်လာသော်လည်း ဟွမ်းရိုက်သည့် ဒဏ်ကြောင့် ငိုလုမတက်ဖြစ်သွားသည်။ သို့သော်ကြီးမားသည့် ကျားအသွင်နှင့် ငိုချင်နေသည့်ပုံစံက မည်သိုမျှ မလိုက်ဖက်ပေ။

ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်က ကျုံဝင်သွားကာ မူလအရွယ်အစားလေးအတိုင်းဖြစ်သွား၏။

ဟွမ်းက ချီဟူကို စေ့စေ့စပ်စပ်ကြည့်ရှုရင်း ခေါင်းညိတ်လိုက်မိသည်။ ထိုသွေးစက်က အလကားဖြစ်ခဲ့ဟန် မရချေ။

ထိုသို့နှင့် အချိန်များစီးဆင်းလာရင်း တစ်လခန့်မျှ ကြာမြင့်သွားသည်။

ထိုစဉ်တွင် လင်းရှန်တောင်ပေါ်တွက် ထူးဆန်းသည့် မိုးကြိုး ရိုက်ခတ်သံများပေါ်ထွက်လာ၏။

“ဂျိန်း...”

ဟွမ်းက ခန်းမ အတွင်းမှ အလျင်အမြန်နှင့် မိုးကြိုးများ ပေါ်ထွက်ရာသို့ အလျင်အမြန် သွားရောက်လိုက်သည်။

ထိုအချိန်တွင် မိုးကြိုးများက ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေခြင်း ဖြစ်သည်ကို တွေ့ရှိလိုက်၏။

ကျောက်ဝမ်အာက ကောင်းကင်ထက်သို့ လွင့်မြောနေရင်း သူမ၏ ဆံနွယ်များက လွင့်မြောနေသည်။

ထို့အပြင် သူမ၏ ခန္ဓာကိုယ်များ မိုးကြိုးစီးကြောင်းများက အဆက် မပြတ် ပေါ်ထွက်နေပြီး သူမအနီးနား ရှိ အရာဝထ္တုများကို ထိခတ်ကုန်ကာ ပျက်စီးမှုများ ဖြစ်ပေါ်လာ၏။

ထို့မျှပင် မကသေး...၊ မိုးကြိုးတန်းကြီးက လင်းရှန်တောင်ပေါ်ရှိ ကျင့်ကြံသူများအားလုံးကို လွှမ်းခြုံသွားခဲ့သည်။

ကျင့်ကြံသူများက သူတို့၏ ရင်တွင်း စိုးထိတ်မှုများစွာ ခံစားလာရ၏။ မိုးကြိုးများက သူတို့အား ဖိနှိပ်ထားသည့် အသွင်ဖြစ်ပေါ်နေသည်။

“ဒါ...၊ ဝမ်အာက ပိုင်နက်ကို မတော်တဆ ဖော်ထုတ်မိသွားတာထင်တယ်...”

ကျန်းချီချီက ကျောက်ဝမ်အာ၏ အခြေအနေကိုကြည့်ရင်း စိတ်လှုပ်ရှားသည့်လေသံနှင့် မှတ်ချက်ပြုလိုက်၏။ သူမ၏ အရွယ်နှင့် ပိုင်နက် ထုတ်ဖော်နိုင်ခြင်းက အလွန်အံ့ဩဖွယ်ကောင်းလှသည်။

ထို့နောက် ဟွမ်းက သူ၏ လက်ကို အသာဝှေ့ယမ်းလိုက်ကာ စွမ်းအင်များဖော်ထုတ်လိုက်သည်။ ထိုစွမ်းအင်များကြောင့် လင်းရှန်တောင်ပေါ်မှ မိုးကြိုးစွမ်းအင်၏ ဖိအား သက်ရောက်နေသည့် ကျင့်ကြံသူများက အသက်ရှုချောင်သွားခဲ့၏။

“ဝမ်အာက ပိုင်နက်ကို မထိန်းချုပ်နိုင်သေးဘူး...”

ဟွမ်းက အခြေအနေကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။ ကျောက်ဝမ်အာက မိုးကြိုးစွမ်းအင်များ၏ လွှမ်းမိုးမှုကို ခံထားရဟန်ရှိသည်

ဟွမ်းက ကျောက်ဝမ်အာကို ကူညီရန်ပြင်ဆင်နေချိန်တွင် ကျန်းချီချီက တားမြစ်လိုက်၏။

“ဟွမ်း...၊ သူမရဲ့ စိတ်ဝိညာဉ်ထဲ အတင်းအကြပ်ဝင်ရောက်ရင် ရှင့်ရဲ့ စွမ်းအင်ကို သူမ ခံနိုင်စွမ်းမရှိလောက်ဘူး...”

ဟွမ်း၏ စိတ်စွမ်းအင်က သန်မာလွန်းသည်။ ထိုသို့ အရာမျိုးကို ကျောက်ဝမ်အာ၏ စိတ်ဝင်ညာဉ်က ခံနိုင်ရည် ရှိမရှိ မသေချာပေ။

ထိုသို့ အတင်းအကြပ်ဝင်မိပါက သူမ၏ စိတ်ဝိညာဉ်က ပြိုကွဲသွားနိုင်၏။ ထို့ကြောင့် ဟွမ်းက တုန့်ဆိုင်းသွားသည်။

‘သူမ ကိုယ်တိုင် ကြိုးစားရတော့မယ်...’

ဟွမ်းက စိတ်ပူမိသွား၏။ သူက ကျောက်ဝမ်အာ၏ အခြေအနေကို လွတ်သွားမည်စိုးသည့်အလား မျက်တောင် မခပ်ကြည့်နေသည်။

ကျောက်ဝမ်အာ၏ အခြေအနေက မိုး၏စွမ်းအင်နှင့် သူမ၏ စိတ်ဝိညာဉ် အားပြိုင်နေရဟန်ရှိ၏။

ကျောက်ဝမ်အာ၏ မိုးကြိုးစွမ်းအင်က ယခင်က မိုးကြိုးအသွင်နဂါးထံမှ ရယူခဲ့ခြင်းဖြစ်သည်။

သူမနှင့်ပေါင်းစပ် ပေးခဲ့စဉ်က မိုးကြိုးစွမ်းအင်က နာခံစွာနှင့် ငြင်းပယ်ခြင်း မရှိခဲ့သော်လည်း ယခုတွင် ပြန်လည်ရုန်းကန်ရန် ကြိုးစားနေသည့်အလားပင်။

ယွဲ့ဝူယောင်တို့လည်း ကျောက်ဝမ်အာ၏ အဖြစ်ကို စိတ်ပူစွာကြည့်ရှုနေကြ၏။ သူမတို့ အနေနှင့် ဂျုနီယာညီမငယ်လေးကို အကူအညီပေးနိုင် ဖြစ်နေသည်။

“ဝှစ်...”

ထိုအချိန်တွင် အိပ်ချင်မူးတူးအသွင်နှင့် လင်းရှု့က ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်လာခဲ့သည်။ သူမက အချိန်တိုင်း အိပ်နေသော်လည်း အိပ်ရေး မဝဟန်ပင်။

“လင်းရှု့၊ မင်းမှာ... နည်းလမ်းရှိလား...”

ဟွမ်းက လင်းရှု့ထွက်ပေါ်လာမှုကြောင့် အနည်းငယ်မျှော်လင့်မိသွား၏။ ထိုစဉ်က မိုးကြိုးနဂါး၏ နောက်ဆက်တွဲ ဖြစ်ရပ်ကို သူမက ဖြေရှင်းခဲ့ခြင်းပင်။

သို့သော် သူ၏ တပည့်မလေးကို ‘တံတွေးနဲ့ မထွေးနှင့်..’ ဟု ပြောဆိုချင်မိ၏။

ထိုမိန်းကလေးက မြင်သမျှအရာတိုင်း တံတွေးနှင့် ထွေးကာ ဖြေရှင်းတက်သောကြောင့်ပင်။

ဟွမ်း၏ ပူပန်မှုက ဖြစ်မလာချေ။ ဤတစ်ကြိမ်တွင် လင်းရှု့က တံတွေးနှင့် ထွေးခြင်း မရှိတော့ပဲ ကျောက်ဝမ်အာ၏ အနားကို ရောက်ရှိသွားသည်။

ထူးဆန်းသည်မှာ မိုးကြိုးများက အဆက်မပြတ် ရိုက်ခတ်နေသော်လည်း လင်းရှု့ကို တစ်ချက်မျှ မထိခဲ့ပေ။ မိုးကြိုးများက လင်းရှု့အနားရောက်သည်နှင့် ပျက်ပြယ်သွားသည့်အလားပင်။

ထို့နောက် လင်းရှု့က သူမ၏ သေးငယ်သည့် လက်ကလေးနှင့် ကျောက်ဝမ်အာ၏ နဖူးကို တို့ထိလိုက်သည်။

ထိုအချိန်တွင် မိုးကြိုးများက ငြင်းဆန်လိုသည့်အလား ပို၍ ရုန့်ရင်းကြမ်းတမ်းလာ၏။

သို့သော် လင်းရှု့က နှာမှုတ်သံတစ်ချက်ပြုကာ သူမ၏ နောက်တွင် ရွှေရောင်သစ်ပင်၏ ပုံရိပ်ထွက်ပေါ်စေ၏။ ရွှေရောင်သစ်ပင် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် မိုးကြိုးများကို စတင်ဖိနှိပ်လိုက်သည်။

မိုးကြိုးများ မည်သို့ပင် ကြမ်းတမ်းနေပါစေ ရွှေရောင်အလင်းတန်းများက ဖိနှိပ်နေကာ ကျောက်ဝမ်အာ၏ ဝိညာဉ်ပင်လယ် အတွင်း ဆက်တိုက် ဝင်ရောက်နေ၏။

တဖြည်းဖြည်းနှင့် မိုးကြိုးများ၏ ပုန်ကန်မှုက ငြိမ်သက်လာသည်။ ၎င်းက လင်းရှု့ကို မလွန်ဆန် နိုင်တော့သည့်အလားပင်။

လင်းရှန်းတောင်ပေါ်မှ မိုးကြိုးများကင်းစင်သွားချိန်တွင် လင်းရှု့က ရိုးရှင်းသည့် လက်အသွင်ပြုလုပ်လိုက်သည်။

ထိုအချိန်တွင် သေးငယ်သည့် စက်ဝန်းသဏ္ဌာန် အစီအရင်ငယ်လေး ထွက်ပေါ်လာ၏။

၎င်းကို ကျောက်ဝမ်အာ၏ ဝိညာဉ်ပင်လယ်အတွင်းသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်သည်။

သို့မှသာ ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအင်များက အပြီးတိုင်ပျောက်ကွယ်သွားပြီး ကျောက်ဝမ်အာက အိမ်မောကျနေသည့် အသွင်သို့ ပြောင်းလဲသွား၏။

ထိုအချိန်တွင် ဟွမ်းက ကျောက်ဝမ်အာ၏ ခန္ဓာကိုယ်လေးကို အလျင်အမြန် ဖမ်းထိန်းလိုက်သည်။

“သူမက မိုးကြိုးစွမ်းအင်နဲ့ အသားကျဖို့ လိုသေးတယ်ထင်တယ်...”

ဟွမ်းက အိမ်မောကျနေသည့် ကျောက်ဝမ်အာကို ကြည့်ရင်း ရေရွတ်မိသွား၏။

ထို့နောက် သူမကို ကောင်းမွန်စွာ အနားယူစေရန် ယွဲ့ဝူယောင်ကို တာဝန်ပေးလိုက်သည်။ ယွဲ့ဝူယောင်က ကျောက်ဝမ်အာကို သယ်ဆောင်သွားကာ သူမ၏ အဆောင်သို့ ပို့ဆောင်လိုက်၏။

ထိုအချိန်တွင် လင်းရှု့က ရွှေရောင်သစ်ပင်ကို ပြန်လည်ရုတ်သိမ်းလိုက်ရင်း ငိုက်မြည်းနေသည့် အသွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

ဟွမ်းက လင်းရှု့၏ အသွင်ကြောင့် အနည်းငယ်အားနာသွားလေ၏။ သူမက စွမ်းအင်များပြန်လည်စုစည်းနေသော်လည်း ဟွမ်းကြောင့် ပြန်လည်ထုတ်ဖော်နေရသည်။

ထို့ကြောင့်ပင် သူမ၏ စွမ်းအင်များ အပြည့်အဝ မရရှိသေးခြင်း ဖြစ်နိုင်၏။

All Chapters