← Chapters

အစကတည်းကရှုပ်နေပြီးသား

Vol. 24 Ch. 359

အစကတည်းကရှုပ်နေပြီးသား

Vol. 24 Ch. 359

လင်းရှု့က ကိစ္စများပြီးဆုံးသွားသည့် နောက် ဟွမ်း၏ ဝိညာဉ်ပင်လယ်အတွင်းသို့ ဝင်ရောက်သွားကာ ပြန်လည်အိပ်စက်နေတော့သည်။

ထိုအချိန်တွင် ကျန်းချီချီက ဟွမ်း၏ အနားသို့ ရောက်ရှိလာကာ အနည်းငယ် မေးခွန်းထုတ်လိုက်၏။

“ဟွမ်း...၊ ဝမ်အာရဲ့ မိုးကြိုးစွမ်းအင်က ဘယ်ကနေရရှိလာတာလဲ...”

ဟွမ်းက စိတ်မရှိသည့် အလားနှင့် ပြန်လည် အဖြေပေးလိုက်ကာ ဖြစ်ပုံများကို ပြောပြလိုက်၏။

ကျန်းချီချီ “...”

သူမက ပြောစရာစကားပင် ပျောက်ဆုံးသွားခဲ့သည်။ ဟွမ်း မလုပ်ရဲသည့် အရာ မရှိတော့ဟုပင် တွေးမိလိုက်၏။ ထို့နောက် သူမက ဟွမ်းကို သတိပေးစကားဆိုလိုက်သည်။

“မိုးကြိုးနဂါးက...၊ မိုးပြာနဂါးနန်ဗိမာန်ရဲ့ ကြယ်နယ်မြေက ဆင်းသက်လာတာ ဖြစ်နိုင်တယ်...”

“မိုးပြာနဂါးဗိမာန်...၊ ကြယ်နယ်မြေလား...”

ဟွမ်းက အံ့ဩဟန်နှင့် မေးခွန်းထုတ်မိလိုက်၏။

“အဖေက ကျွန်မငယ်စဉ်တုန်းက ကြယ်နယ်မြေတွရဲ့ အကြောင်းအချို့ကို ပြောခဲ့ဖူးတယ်...”

ကျန်းချီချီက သူမ သိသလောက်ပြန်လည်မျှဝေပေးလိုက်သည်။

“နီးစပ်တဲ့ ဂြိုဟ်တွေအားလုံး စုပေါင်းပြီး ကြယ်နယ်မြေ တစ်ခုဖြစ်လာတယ်...၊ ဒီလောကကြီးကို ကြယ်နယ်မြေ လေးခုနဲ့ခွဲခြားပြီး သတ်မှတ်ထားတယ်...”

“လင်းထျန်းဘုံက... မိုးပြာနဂါးဗိမာန်ရဲ့ ကြယ်နယ်မြေထဲမှာရှိတယ်...၊ ဒါကြောင့် သူမရဲ့ မိုးကြိုးစွမ်းအင်က မိုးပြာနဂါးဗိမာန်က ရောက်ရှိလာတာဖြစ်လိမ့်မယ်...”

ကျန်းချီချီက သုံးသပ်ပြောဆိုလိုက်၏။ နဂါးများနှင့် ပတ်သက်သည့် စွမ်းအင်များက မိုးပြာနဂါးဗိမာန်တွင်သာ ရှိနေတက်သောကြောင့်ပင်။

ကျန်းရွှမ်လုက သူ၏ သမီးကို မိုးပြာနဂါးကြယ်နယ်မြေအကြောင်း ရှင်းပြခဲ့ကာ ပြင်ပ လောက၏ ကြီးမားပုံနှင့် အန္တရာယ်အမျိုးမျိုး ရှိတက်ပုံတို့ကို နားလည်နိုင်စေရန် ရည်ရွယ်ခဲ့ခြင်းပင်။

သို့မှသာ ကျန်းချီချီက သူမ၏ စွမ်းအင်များကို သိုဝှက်ကာ တိတ်တဆိတ် နေပေလိမ့်မည်။ သူက သေဆုံးသွားရမည်ကို သိရှိခဲ့သောကြောင့် ကျန်းချီချီအတွက် စိတ်ချရစေရန် ကြိုးစားခဲ့ခြင်းဖြစ်၏။

ဟွမ်းက အနည်းငယ် အတွေးနက်သွား၏။

‘မိုးပြာနဂါးတွေက ကမ္ဘာငယ်ကို လွှမ်းမိုးနိုင်တဲ့ပုံပဲ...’

မဟုတ်လျှင် သူ့အား ထိုသို့ အပြစ်ပေးမိုးကြိုး အသုံးပြုခဲ့မည်မဟုတ်ပေ။ ထို့အပြင် ကံကြမ္မာကို ထိန်းချုပ်ရန်ကြိုးစားကြခြင်း အတွက် အံ့ဩမိသည်။

သို့သော် လင်းရှု့က မိုးပြာနဂါးများနှင့် ဆက်နွယ်နေဟန်ရှိ၏။ မဟုတ်လျင် ဤသို့ ထိန်းချုပ်နေနိုင်မည် မဟုတ်ပေ။

ထို့နောက် ဟွမ်းက သူ့အတွေးများကို စုစည်းပြီး သိလိုစိတ်နှင့် မေးခွန်းထုတ်လိုက်၏။

“အခြားကြယ်နယ်မြေတွေကရော ဘာတွေလဲ...”

သို့သော် ကျန်းချီချီက ခေါင်းခါယမ်းက ဖြေလိုက်သည်။

“မိုးပြာနဂါးဗိမာန်ရဲ့ ကြယ်နယ်မြေတင်ပဲ အဆုံးအစမဲ့တယ်လို့ထင်ရအောင် ကြယ်ပြောတယ်တဲ့...၊ အခြားကြယ်နယ်မြေတွေကို ရောက်ဖို့ မလွယ်ကူဘူးဆိုပြီး ရှင်းပြချက် မပေးခဲ့‌ဘူး...”

‘ရှင်းချန်ဖုန်းကို နယ်မြေသခင်အထက်က ကျင့်ကြံမှုကို မေးရလိမ့်မယ်...’

ဟွမ်းက ထိုသို့ အတွေးဝင်ရောက်လာ၏။ သူက ကျင့်ကြံခြင်းလမ်းစဉ်နှင့် သွေဖယ်နေသောကြောင့် အထူးတလည် စိတ်ဝင်စားမှု မရှိခဲ့ချေ။

သို့သော် ကြယ်နယ်မြေများကိုပင် ထိန်းချုပ်နိုင်သူများ၏ ကျင့်ကြံမှုများကို သိရှိရန် လိုအပ်သေးသည်။

“ကြယ်နယ်မြေတွေလား...”

ဟွမ်းက တီးတိုးရေရွတ်လိုက်၏။

ကျန်းချီချီက ဟွမ်းကို စူးစိုက် ကြည့်ရင်း ခပ်ယဲ့ယဲ့ သက်ပြင်ချမိသွားသည်။

ဟွမ်းရှန့်နန်းတော်တွင် အမှောင်မျိုးနွယ်နှင့် ရှုပ်ထွေးသွားစေနိုင်သည့် တပည့်တစ်ဦး၊ မိုးပြာနဂါးဗိမာန်ကို လှုပ်ခါသွားစေနိုင်သည့် တပည့်တစ်ဦးနှင့် နတ်လိပ်ပြာမျိုးနွယ်၏ သွေးများစီးဆင်းနေသည့် တပည့်တစ်ဦးတို့ရှိနေကြ၏။

ထို့အပြင် ယွဲ့ဝူယောင်၏ စွမ်းအင်များကြောင့် နှင်းလစံအိမ်တော်၏ မျက်စိကျခြင်းကိုလည်း ခံရနိုင်သည်။

ကျန်းချီချီက သူမ မရှိလျင်တောင် ဟွန်းရှန့်နန်းတော်က အန္တရာယ်များစွာ ဖိတ်ခေါ်ထားပြီး ဖြစ်၏။

ထို့ကြောင့် သူမက ဟွမ်းရှန့်နန်းတော်တွင်နေ၍ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ ယွဲ့ဝူယောင်ကို နှင်းလစံအိမ်သို့ မရောက်စေလိုခြင်းကြောင့်လည်း ဖြစ်၏။

ထိုအချိန်တွင် ဟွမ်းတို့နှစ်ဦးရှိရာသို့ နယ်မြေသခင်စွမ်းအင်များနှင့် ပုံရိပ်သုံးခုရောက်ရှိလာသည်။

“ကျွန်တော်...နယ်မြေသခင်အဆင့်ရောက်သွားပြီ...”

ထျန်းယက အားရဝမ်းသာနှင့် ဆိုလိုက်၏။ သူက အလွန်အမင်း ပျော်ရွှင်နေသည်။ သို့သော် သူသည် ပိုင်နက်ထုတ်ဖော်နိုင်ခြင်း မရှိသေးချေ။

“ကြိုးစားရင်းနဲ့ ရရှိလာလိမ့်မယ်...”

ဟွမ်းက ထျန်းယကို ချီးကျုးရင်း နှစ်သိမ့်လိုက်၏။ သို့သော် ပိုင်နက်ဆိုသည်က မည်သည့်အရာမှန်း မသိရှိသည့်သူအချင်းချင်း နှစ်သိမ့်နေကြခြင်းပင်။

“အရှင်...”

ဝမ်မုန့်ယွင်က ပြောပြောဆိုဆိုနှင့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ကာ သူမ၏ ပိုင်နက်ကို ထုတ်ဖော်လိုက်သည်။

ဟွမ်းတို့ တည်ရှိရာနေရာက ပုံရိပ်ယောင် တစ်ခုအတွင်းသို့ ကျရောက်သွား၏။ သို့သော် မည်သို့ ကျရောက်သွားသည်မှန်း မှန်းဆရခက်ခဲသည်။

ဝမ်မုန့်ယွင်၏ ပိုင်နက်တွင် ပုံရိပ်ယောင်များက အစစ်အမှန်အလား တည်ရှိနေပြီး သန်မာသည့် စိတ်စွမ်းအင်မရှိပါက ခွဲခြားနိုင်မည်မဟုတ်ပေ။

အစစ်အမှန်မှ အတုအယောင်များသို့ ပြောင်းလဲသွားကာ အတုအယောင်များက အစစ်အမှန်ဖြစ်တည်လာခြင်းပင်။

ရန်သူများက သူမ၏ ပုံရိပ်ယောင်များတွင် ပိတ်မိနေကာ အသက်ပင် သေဆုံးသွားနိုင်သည်။ သူမထက် များစွာသာလွန်သည့် စွမ်းအင်ကို ပိုင်ဆိုင်ထားခြင်း မရှိပါက ပုံရိပ်ယောင်အတွင်း ကျရောက်နေမှန်းတောင် သိလိုက်မည်မဟုတ်ပေ။

ကျန်းချီချီလည်း ဝမ်မုန့်ယွင်၏ ပိုင်နက်ကြောင့် အံ့ဩသွား၏။ ထိုသို့ ထူးခြားသည့် ပိုင်နက်များက ရှားပါးလှသည်။

ဟွမ်းက ဝမ်မုန့်ယွင်၏ ပိုင်နက်ကို ချီးကျုးရပြန်၏။ ထို့အပြင် သူမတို့က နယ်နေဘုရင်အဆင့်နှင့် နီးကပ်နေကြပြီဖြစ်သည်။

ထို့နောက်ဟွမ်းက တိတ်တဆိတ်သာ ရပ်နေသည့် မော့ရွှယ်အာကို မေးလိုက်၏။

“ရွှယ်အာ...မင်းရဲ့ ပိုင်နက်က ဘယ်လိုမျိုးလဲ...”

“ကျွန်မ ပိုင်နက်က ဒီမှာ ထုတ်ဖို့ အဆင်မပြေလောက်ဘူး...”

မော့ရွှယ်အာက သူမ၏ ပိုင်နက် မထုတ်ဖော်လိုကြောင်း ပြောလိုက်၏။

ဟွမ်းက သူမကို နားလည်လိုက်သည်။ သူမ၏ နတ်ဆိုးစွမ်းအင်များက သာမန်ကျင့်ကြံသူများနှင့် သွေဖယ်နေ၏။

ထို့ကြောင့် ဤနေရာတွင် ထုတ်ဖော်လိုက်ပါက ကျင့်ကြံသူများ အတွက် စိုးရိမ်ရသည်။ ထို့ကြောင့် မော့ရွှယ်အာက မလိုအပ်ပဲ ထုတ်ဖော်ခြင်း ပြုမည်မဟုတ်ပေ။

ထိုမိန်းကလေးက ဤနောက်ပိုင်းတွင် ပို၍ တိတ်ဆိတ်လာသည်ကို ခံစားမိ၏။ ဟွမ်းက သူမနှင့် မည်သို့ ပြောဆိုရမည်မှန်း မစဉ်းစားတက်ချေ။

ထို့ကြောင့် ဝမ်မုန့်ယွင်ကို တာဝန်ပေးထားလိုက်သည်။

သူတို့သုံးဦးထွက်ခွာသွားချိန်တွင် ကျန်းချီချီက တီးတိုးရေရွတ်လိုက်၏။

“အဲ့ဒီမိန်းကလေးရဲ့ စွမ်းအင်တွေက ထူးခြားနေတယ်...”

ဟွမ်းက ပြန်လည်တုန့်ပြန်ခြင်း မရှိပဲ တိတ်တဆိတ်သာ နေလိုက်တော့သည်။ မော့ရွှယ်အာ၏ အကြောင်းက ရှင်းပြရန် ခက်ခဲ၏။

နောက်ရက်တွင်တော့ ကျောက်ဝမ်အာက ပြန်လည်နိုးထလာခဲ့သည်။ သူမ၏ အဖြစ်ကို တွေးမိကာ အလွန်အားနာမိသွား၏။

“လင်းရှု့ကြောင့် အဆင်ပြေသွားပြီ...၊ ဘာမှ စိတ်ရှုပ်မနေနဲ့တော့...”

ဟွမ်းက သူမကို ဖြောင်းဖျလိုက်သည်။

“ဟုတ်ကဲ့ပါ..ဆရာ..”

မိုးကြိုးစွမ်းအင်က သူမ၏ မွေးရာပါ စွမ်းအင်မဟုတ်သောကြောင့် ရုန်းကန်မှုကို ခံစားရခြင်းဖြစ်သည်။

ထို့ကြောင့် လင်းရှု့က ကျောက်ဝမ်အာ၏ ဝိညာဉ်ပင်လယ်တွင် ချိတ်ပိတ်ထားသည့် တံဆိပ်တစ်ခုကို ပြု‌လုပ်ပေးခဲ့ခြင်းပင်။

ထိုတံဆိပ်ကြောင့် ကျောက်ဝမ်အာက မိုးကြိုးစွမ်းအင်များကို ဖိနှိပ်လာနိုင်သည်။

ယခင်က မိုးကြိုးစွမ်းအင်များက သူမနှင့် ပနာသင့်ခဲ့သော်လည်း ပိုင်နက်တစ်ခုကို ရရှိချိန်တွင် စတင်ရုန်းကန်ကာ သူမကို ထိန်းချုပ်ရန်ကြိုးစားခဲ့ခြင်းဖြစ်သည်။

“ဒါပေမဲ့ တံဆိပ်ကိုပဲ အားမကိုးနဲ့...၊ ကိုယ်တိုင် ထိန်းချုပ်နိုင်အောင်လုပ်..”

ဟွမ်းက ထပ်မံပြောဆိုလိုက်၏။ ထို့နောက် ဆက်လက်ညွှန်ကြားလိုက်သည်။

“မင်းရဲ့ ဆရာတူ အစ်ကိုတွေနဲ့...ဒီနယ်မြေက လူငယ်တစ်ချို့ကို စူးစမ်းချေ...”

“ဟုတ်ကဲ့ပါ..ဆရာ..”

လုရှင်းယန်တို့က ပြိုင်တူဖြေလိုက်၏။

ဟွမ်းက တပည့်လက်ခံပွဲ အခမ်းအနားကို မပြုလုပ်သေးပေ။ နယ်မြေက ရှုပ်ထွေးနေဆဲကြောင့်ပင်။

ထို့ကြောင့် လုရှင်းယန်တို့ကို ညွှန်ကြားမှုပြုကာ တပည့်အချို့ ရှာစေခြင်းဖြစ်သည်။ ထို့အပြင် လုရှင်းယန်တို့တွင် ကိုယ်ပိုင်ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိနေပြီဖြစ်၏။

ထို့ကြောင့် သူကိုယ်တိုင် ပါဝင်စရာမလိုတော့ချေ။

လုရှင်းယန်တို့က အချိန်မဆိုင်းတော့ပဲ လင်းရှန်းတောင်ပေါ်မှ ဆင်းသက်သွားကြသည်။ ထို့နောက်ဟွမ်း၏ ယာဉ်ပျံနှင့် မြို့တစ်ခုကို ဦးတည်ကာ ထွက်ခွာသွားတော့၏။

သို့သော် ဤခရီးတွင် ယွဲ့ဝူယောင်က လိုက်ပါခဲ့ခြင်း မရှိချေ။ သူမက ကျန်းချီချီထံမှ နည်းစနစ်များကို လေ့လာနေသောကြောင့်ပင်။

All Chapters