← Chapters

ငါ့ရဲ့ခွင့်ပြုချက်တောင်းပြီးပြီလား

Vol. 24 Ch. 347

ငါ့ရဲ့ခွင့်ပြုချက်တောင်းပြီးပြီလား

Vol. 24 Ch. 347

ကောင်းကင်အလွှာကျင့်ကြံသူ ဆယ်ဦးခန့်၏ တိုက်ခိုက်မှုများသည် လေဟာနယ်၏ စုပ်ယူခြင်း ခံလိုက်ရသည့် အလား ပျောက်ကွယ်သွားသည်။

“မဟုတ်သေးဘူး...၊ နောက်ဆုတ်ကြ...”

ဟူကျောင်းယွမ်သည် လေဟာနယ်၏ ထူးဆန်းမှုကြောင့် လက်အောက်ငယ်သားများကို အလောတကြီး အမိန့်ပေးလိုက်၏။

သို့သော် မဆိုသလောက် နောက်ကျသွားရသည်။

“ဝုန်း...၊ ဝုန်း...”

ထိုသူများ ပစ်လွှတ်လိုက်သည့် စွမ်းအင်လှိုင်းများက လေဟာနယ်မှ ပြန်လည် ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များကို ထိမှန်သွား၏။

ကောင်းကင်အလွှာ ဆယ်ဦးဆန့်သည် သူတို့စွမ်းအင်လှိုင်းများ၏ ပြန်လည်သက်ရောက်မှုကြောင့် ကောင်းကင်ထက်မှ အရုပ်ကြိုးပြတ် ကျဆင်းသွားရသည်။

သို့သော် ကျဆင်းသည့် အရှိန်ကို ပြန်လည်ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။ စွမ်းအင်လှိုင်းများ ထိမှန်မှု့နှင့် အတူ သူ၏ အသက်စွမ်းအင်များ ချုပ်ငြိမ်းသွားခဲ့ခြင်းကြောင့်ပင်။

“ဘယ်လို...”

ဟူကျောင်းယွမ်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားသည်။

‘လေဟာနယ်ထဲမှာ ဖုံးကွယ်ထားတာလား..’

ထိုလေဟာနယ်သည် ပြန်လည်တုန့်ပြန်မှု ပြုနိုင်နေ၏။ သူက တွေးဆမှု များစွာနှင့် သုံးသပ်ပြီးနောက် ချက်ချင်းဆိုသလို လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်၏။

“ကျားနတ်ဘုရားရဲ့ ဖြိုခွဲခြင်း အစီအရင်ချက်ချင်းဖွင့်...”

ဟူကျောင်းယွမ် အမိန့်ပေးလိုက်သည်နှင့် တပြိုင်နက် နယ်မြေသခင် လေးဦးက အလျှင်အမြန် ထွက်ပေါ်လာကာ လင်းရှန်တောင်တန်းအနီး ချည်းကပ်လိုက်၏။

ထို့နောက် တူညီသည့် လက်အသွင်များ ပြုလုပ်လိုက်ချိန်တွင် သူတို့၏ နောက်တွင် ကြီးမားသည့် အနီရောင်ကျား၏ ပုံရိပ်များ ထွက်ပေါ်လာသည်။

“ဝေါင်း...”

၎င်းပုံရိပ်များသည် အစစ်မှန်အလား ဟိန်းဟောက်မှုများပင် ပြုနိုင်ကြ၏။

အနီရောင်ကျားပုံရိပ်လေးခုက သူတို့၏ ကြီးမားသည့် ခြေချောင်းများနှင့် လေဟာနယ်ကို ဆောင့်နင်းသည့် အသွင် ပြုလုပ်လိုက်သည်။

ထိုအချိန်တွင် နယ်မြေသခင်လေးဦး၏ ရှေ့တွင် မီးကဲ့သို့ နီရဲနေသည့် အရောင်များနှင့် အစီအရင်စက်ဝန်းလေးခု ပေါ်ထွက်လာ၏။

၎င်းစက်ဝန်းများသည် ပျောက်ကွယ်နေသည့် လင်းရှန်တောင်တန်းကို ချိန်ရွယ်ထားသည့် အမြှောက်လေးခုအလား ဖြစ်တည်နေသည်။

“ဖြိုခွဲစမ်း...”

နယ်မြေသခင်လေးဦးက သူတို့၏ လက်များကို တင်းတင်းကြပ်ကြပ် ထိကပ်ထားပြီး သံပြိုင် ကြွေးကြော်လိုက်သည်။

အနီရောင်စက်ဝန်းလေးခုသည် ချက်ချင်းဆိုသလို လှုပ်ရှားလာပြီး အနီရောင် အလင်းတန်းလေးခု ပေါ်ထွက်လာ၏။

“ရွှီး...”

၎င်းသည် လျှပ်စီးအလား လျင်မြန်လှသည့် အရှိန်နှင့် လင်းရှန်တောင်တန်းကို ဦးတည်သွားသည်။

ထိုအလင်းတန်း ထွက်ပေါ်လာသည်နှင့် လေထုတွင် ပြင်းထန်သည့် ဖိနှိပ်မှု ဖြစ်ပေါ်လာကာ သိပ်သည်းလှသည့် လင်းထျန်ဘုံ၏ လေဟာနယ်သည် အက်ရာများထင်လာ၏။

ထိုမျှ ကြမ်းတမ်းသည့် အလင်းတန်းသည် လင်းရှန်တောင်တန်းကို ထိန်မှန်တော့မည် အချိန်တွင် မိုးခြိမ်းသံတမျှ ပြင်းထန်သည့် ကြိမ်းမောင်းသံ ပေါ်ထွက်လာ၏။

“ထွက်သွားစမ်း...”

“ဝုန်း...”

ဟွမ်း၏ အသံထွက်ပေါ်လာသည်နှင့် တပြိုင်နက် ကျားနတ်ဘုရား၏ ဖြိုခွဲခြင်း အစီအရင်မှ ပေါ်ထွက်လာသည့် အလင်းတန်းသည် သူ၏ ရှေ့မှထားဆီးခံလိုက်ရသည့်အလား ရပ်တန့်သွားရသည်။

“ဝုန်း...”

ထိုမျှမကသေး..၊ ၎င်းသည် အသံလှိုင်းကြောင့် တုန်ခါလာကာ ရပ်တန့်နေသည့် တည်နေရာတွင် ကြီးမားသည့် ပေါက်ကွဲမှုနှင့်အတူ ပျက်ပြယ်သွား၏။

“အဟွတ်..”

အစီအရင် ထိန်းချုပ်ထားသည့် နယ်မြေသခင်လေးဦးက ချက်ချင်း သွေးအန်လိုက်ရသည်။

ဟွမ်း၏ အသံလှိုင်း ဝင်ရောက်လာမှုကြောင့် သူတို့က အစီအရင်ကို ထိန်းချုပ်နိုင်စွမ်းကင်းလွတ်သွားကာ ကိုယ်တွင်းသွေးများ ဖရိုဖရဲဖြစ်သွားသည်။

ထိုအသံကြောင့်ပင် ကောင်းကင်အလွှာကျင့်ကြံသူများ၏ နားစည်များ အက်ကွဲသွားသည့်အလား ခံစားလိုက်ရသည်။

ထိုမျှ မကသေး၊ သူတို့၏ နားအတွင်းမှ သွေးများစွာ စီးကျလာလေကာ ကောင်းကင်အလွှာ ကျင့်ကြံသူများသည် အလဲလဲအပြိုပြို ဖြစ်သွားကြ၏။

ဟူကျောင်းယွမ်အပါအဝင် ကောင်းကင်ကျားမျိုးနွယ်မှ နယ်မြေသခင်များသည် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

အသံလှိုင်းတွင် ပြင်းထန်သည့် ဖိအားတစ်ချို့ပါဝင်နေပြီး သူတို့ကိုပင် တုန်လှုပ်မှုကို ပေးစွမ်းနေ၏။

ဟူကျောင်းယွမ်သည် နားကွဲလုမတက် ကျယ်လောင်သည့် လေသံနှင့် ပြန်လည် အော်ဟစ်လိုက်၏။

“လေဟာနယ် နောက်မှာ ပုန်းကွယ်နေတာ မရှက်ဘူးလား...၊ ထွက်ခဲ့စမ်း...”

ထို့နောက် ဝတ်ရုံဖြူနှင့် လူငယ်တစ်ဦး လေဟာနယ်အတွင်းမှ ထွက်ပေါ်လာသည်ကို တွေ့မြင်လိုက်ကြရသည်။

‘နယ်မြေဘုရင်တစ်ဦးလား...၊ မဟုတ်သေးဘူး...၊ သူ့ဆီက ဝိညာဉ်သန္ဓေသားကိုတောင် မခံစားမိဘူး...’

ဟူကျောင်းယွမ်က ဟွမ်းကို တွေ့မြင်လိုက်ရချိန်တွင် ပေါ်ထွက်လာသည့် ပထမဆုံး အတွေးပင်။

“လျှပ်စီးမျိုးနွယ်ခေါင်းဆောင်နဲ့ နယ်မြေဘုရင်ရဲ့ ကိုယ်လုပ်တော်ကို သတ်ဖြတ်တာ မင်းလား...”

ဟူကျောင်းယွမ်က ဒေါသတကြီး လေသံနှင့် မေးခွန်းထုတ်လိုက်၏။

‘ဘယ်လောက်တောင် မောက်မာလိုက်သလဲ...’

သူတို့ကို အမှိုက်ဟုပင် နာမ်စားသုံးနေသည်။ ထိုအရာကို သည်းခံနိုင်စွမ်း မရှိတော့ပေ။

“လင်းရှန်တောင်တန်းကနေ စက္ကန့်ပိုင်းအတွင်းထွက်သွား...”

“မဟုတ်ရင် အညှာအတာမရှိ သတ်မယ်...အမှိုက်တွေ..”

ဟွမ်းက ဟူကျောင်းယွမ်ကို အေးစက်သည့် အကြည့်နှင့် ကြည့်ကာ မောက်မာစွာ ဆိုလိုက်သည်။

သူ၏ အသွင်သည် တည်ငြိမ်နေ၏။ လက်နှစ်ဖက် နှောက်ပစ်ကာ ကောင်းကင်ထက်တွင် ရပ်တည်နေမှုသည် သူ၏ မောက်မာမှုကို ပိုမို ထင်ရှားသွားစေသည်။

သူသည် ထိုသို့ အမှိုက်များ ရောက်ရှိလာမည်ကို ကြိုတင်တွက်ဆထားပြီးဖြစ်၏။ သို့သော် ထိုသူများရောက်ရှိလာမှုသည် တွေးထားသည်ထက် မြန်ဆန်နေသည်။

“ဘာကွ...”

ဟူကျောင်းယွမ်၏ နောက်ရှိ နယ်မြေသခင်များသည် ဒေါသတကြီးဖြစ်ကုန်၏။ သူတို့ကို ဤသို့ မည်သူမျှ မဆက်ဆံဖူးချေ။

ထိုလူငယ်က သူတို့ကို လမ်းဘေးခွေးများကဲ့သို့ပင် မောင်းထုတ်နေသည်။ သူတို့၏ သည်းခံနိုင်မှုသည် အကန့်အသတ်သို့ ရောက်ရှိလာ၏။

ဟွမ်း၏ စကားများသည် ရန်သူများက စကားပင် မပြောနိုင်ပဲ ဒေါသတကြီး တိုက်ခိုက်မှုများ ဖြစ်ပွားစေနိုင်သည့် စွမ်းအင်မျိုး ရှိနေသည်။

နယ်မြေသခင်များ၏ အရှိန်အဝါက ကမ္ဘာမြေ တုန်ဟီးသည့် အလား ကြမ်းတမ်းစွာ ထွက်ပေါ်လာ၏။

သူတို့၏ လက်နှစ်ဖက်သည် ကျား၏ လက်များအသွင်ပြောင်းလဲသွားပြီးနောက် ဟွမ်းကို ဦးတည်၍ ကုတ်ခြစ်လိုက်သည့် အသွင်ဆောင်လိုက်သည်။

“သေလိုက်စမ်း...”

ထိုသူများထံမှ ကြီးမားသည့် လက်သည်းချက်များ ထွက်ပေါ်လာပြီး ဟွမ်းထံသို့ မြန်ဆန်စွာ တိုးဝင်လာ၏။

လက်သည်းချက်များ ဟွမ်း၏ ခန္ဓာကိုယ်နှင့် မဝေးကွာတော့သည့် တည်နေရာသို့ ရောက်ရှိချိန်တွင် ထူးဆန်းစွာနှင့် အေးစက်သည့် အငွေ့အသက်များ ပေါ်ထွက်လာသည်။

အေးစက်သည့် အငွေ့အသက်များကြောင့် ဟွမ်း၏ တည်နေရာတစ်ဝှိုက်ရှိလေထုသည် အေးခဲလာပြီးနောက် ခရမ်းရောင်ရေခဲလွှာများအဖြစ် ဖြစ်တည်လာ၏။

ထိုရေခဲအလွှာများသည် သိပ်သည်းလာပြီး တိုးဝင်လာသည့် လက်သည်းချက်များကို တားဆီးလိုက်သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

များစွာသည့် လက်သည်းများက တရကြမ်း တိုးဝင်နေသော်လည်း ခရမ်းရောင်ရေခဲလွှာသည် ခြစ်ရာမျှ မထင်ဟပ်သည့် အလားပင်။

“ဘယ်လို...”

ဟူကျောင်းယွမ်သည် မှင်သက် အံ့ဩသွားရ၏။ နယ်မြေသခင်များ၏ တိုက်ခိုက်မှုသည် သာမန်စွမ်းအားနှင့် နယ်မြေသခင်များ မဆိုထားနှင့် အထွတ်ထိပ် နယ်မြေသခင်တစ်ဦးပင် အသာယာတားဆီးနိုင်စွမ်းမရှိပေ။

ခရမ်းရောင်ရေခဲများနှင့် ဖုံးလွှမ်းနေသည့် တည်နေရာကို အာရုံစိုက်ကြည့်လိုက်သည်။

တဖြည်းဖြည်းနှင့် ရေခဲအလွှာသည် ပါးလျလာပြီး ပျောက်ကွယ်သွား၏။

ထိုရေခဲအလွှာ၏ နောက်မှာ ကြွေရုပ်အလားချောမွတ်သည့် အသားအရည်နှင့် နုနယ်သည့် မျက်နှာလေးကို ပိုင်ဆိုင်ထားသည့် မိန်းကလေးငယ်လေးကို တွေ့လိုက်ရ၏။

ထို့ပြင် သူမ၏ နောက်တွင် နယ်မြေသခင်အဆင့်၏ အရှိန်အဝါများနှင့် လူငယ်သုံးဦးလည်း ရပ်တည်နေသည်။

သူတို့သည် ဟွမ်း၏ ရှေ့မှ မြဲမြံစွာရပ်တည်နေပြီး ကြောက်မက်ဖွယ် အရှိန်အဝါများကို ဖော်ထုတ်ထားသည်။

ထိုမိန်းကလေး၏ ဆံနွယ်များသည် ခရမ်းရောင်သမ်းနေပြီး သူမ၏ မျက်နှာလေးနှင့် မလိုက်ဖက်သည့် အေးစက်မှုများကို သယ်ဆောင်ထားသည်။

ထို့အပြင် သူမ၏ အေးစက်သည့် မျက်ဝန်းများတွင် ခရမ်းရောင်လှိုင်းတစ်ချို့ ဖြတ်ပြေးနေ၏။

ဟူကျောင်းယွမ်က ထို့သို့ မျက်ဝန်းများနှင့် အကြည့်ချင်းဆုံတွေ့သွားချိန်တွင် အရိုးခိုက်မတက် အေးစက်မှုကို ခံစားလိုက်ရသည်။

“ဘယ်လို..”

သူ့ စိတ်အတွင်း မေ့လျော့နေဟန်ရှိသည့် စိုးထိတ်မှုတစ်ချို့ ဝင်ရောက်လာ၏။ ထိုသို့ ခံစားချက်မျိုး မရရှိဖူးတော့သည်မှာ နယ်မြေသခင်တစ်ဦးဖြစ်လာသည့် အချိန်ကတည်းကပင်။

ဟူကျောင်းယွမ်နှင့် နယ်မြေသခင်များ တုန်လှုပ်နေချိန်တွင် အေးစက်လွန်းသည့် ကြိမ်းမောင်းသံ ပေါ်ထွက်လာ၏။

“ငါ့ရဲ့ဆရာ့ကို တိုက်ခိုက်ချင်တာလား...၊ ငါ့ရဲ့ခွင့်ပြုချက်တောင်းပြီးပြီလား...”

All Chapters