← Chapters

အခန်း (၄၉၁)

Vol. 23 Ch. 491

အခန်း (၄၉၁)

Vol. 23 Ch. 491

ရှိကျင်းရှီးသည် လျင်မြန်စွာ နောက်ဆုတ်လိုက်သည်။

သူ့ရှေ့က ပြာလဲ့လဲ့ ပုံရိပ်ကို စိုက်ကြည့်ရင်း သူ့နှလုံးသားထဲမှာ အဆုံးမဲ့ဒေါသကို ခံစားလိုက်ရသည်။

ဒါက အရမ်းများလွန်းတယ်၊ တကယ်ကို အရမ်းများလွန်းတယ်!

သူ့ဝိဥာဉ်ရဲ့ အမျှင် က အခု သရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခံစားနေရသည်။

သူက ရုတ်တရက် ကျင့်ကြံမှု ကျဆင်းနေတဲ့ အခြေအနေထဲကို ဘာကြောင့် ရောက်သွားပြီး သူ အိပ်ပျော်နေတုန်းကတည်းက စောစောစီးစီး နိုးလာရတာလဲဆိုတာကို အံ့ဩစရာမရှိတော့ပါဘူး။

ဝိဥာဉ်ကို သန့်စင်ခံခဲ့ရတာကိုး။

ဒါက ရွှေနတ်ဘုရားအဆင့် တစ်ဦးအတွက် ကြီးမားတဲ့ ရှက်စရာနဲ့ သိက္ခာထိခိုက်ခံရသော အရှက်ရစရာ ဖြစ်သည်!

ရှိကျင်းရှီးသည် ဟိန်းလိုက်ပြီး သူ့ရှေ့က သရဲကို လုံးဝဖျက်ဆီးပစ်ဖို့ အဆင်သင့်ဖြစ်နေသည်။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီအရာကို ပြန်ယူလို့မရဘူး။

တခြားသူတွေ မြင်လို့ ရှက်ရတာထက် သူ့ကို တိုက်ရိုက်သတ်ပစ်တာက ပိုကောင်းတယ်။

သို့သော်လည်း ဒီနေရာမှာ သရဲတစ်ကောင်တည်း မရှိပါဘူး။

ရှိကျင်းရှီးက နီးကပ်လာတဲ့အခါ။

သရဲရာပေါင်းများစွာက ဟိန်းလိုက်ပြီး ရှိကျင်းရှီးရဲ့ကိုယ်ခန္ဓာကို ပတ်ကာ သူ့ကို မရပ်မနား စားပွဲသောက်ပွဲကြီးတခုကိုတွေ့ရသလို ကိုက်ဖြတ်ခြင်းကိုစတင်လိုက်ကြသည်။

ထူထဲတဲ့ သရဲအရိပ်ငွေ့တွေနဲ့ အေးစက်လှသောမြုူမှုန်တွေက နေရာကို လုံးဝ ဖုံးလွှမ်းသွားခဲ့သည်။

ဒီလိုအရာမျိုးက စိတ်ဝိဥာဉ်အသိစိတ်ကို တခြားနေရာကို ကူးပြောင်းမသွားနိုင်အောင် လုံးဝ ဖယ်ထုတ်ပစ်နိုင်တယ်။

ဒါကြောင့် နတ်ဘုရားက အကူအညီတောင်းခံခြင်းကို သူလက်အောက်ငယ်သားတွေဆီကို မပို့နိုင်တော့ပါဘူး။

သရဲတပ်မကြီးတခုလုံး က ရှိကျင်းရှီး ကို လုံးဝနစ်မြုပ်သွားစေတဲ့အချိန်မှာ။

မျက်တောင်တစ်ခတ်အတွင်း အဖြူရောင်အလင်းတစ်ခု လင်းလက်သွားသည်။

ပတ်ပတ်လည်က သရဲအားလုံးကို ဧရာမဗုံးတစ်လုံးဖောက်ခွဲလိုက်သလို အသံကျယ်ကြီးမြည်ဟိန်းကာ ရုတ်တရက် တွန်းထုတ်ပစ်လိုက်သည်။

ရှိကျင်းရှီးက အဖြူရောင် စက္ကူထီးကို ကိုင်ပြီး ပေါ်လာသည်။

သူက ထီးလက်ကိုင်ကို လှည့်လိုက်တဲ့အခါ ထိခိုက်မှုစွမ်းအားတစ်ခု ပေါ်လာခဲ့သည်။

ဒါက ပတ်ပတ်လည်က သရဲအများအပြားကို အနီးအနားကို မရောက်နိုင်တော့အောင် လုပ်လိုက်သည်။

ဒီအချိန်မှာပဲ ရှိကျင်းရှီး က ဒီသရဲတွေဟာ တကယ်တော့ နတ်ဘုရားတွေရဲ့ ဝိဥာဉ်တွေဖြစ်တယ်ဆိုတာကို နောက်ဆုံးတော့ ရှာဖွေတွေ့ရှိခဲ့သည်။

သူ့ထက် အဆင့်ပိုကောင်းတဲ့ သူတို့ထဲက အနည်းငယ်တောင် ရှိနေသေးသည်။

ဒါက လုံးဝမယုံကြည်နိုင်စရာပဲ!

သရဲတွေ ဒီလောက်များနေတာ၊ သူတို့ကို ထိန်းချုပ်ထားတဲ့ နတ်ဆိုးလက်နက် က ဘယ်မှာလဲ။

ရှိကျင်းရှီးက သူ့လက်ချောင်းများကို ညင်သာစွာ ထိကာ ဟန်းဆိုင်းတခုကိုထုတ်ဖော်လိုက်သည်။

စက္ကူထီးက ဖြည်းဖြည်းချင်း လည်ပတ်ပြီး အပေါ်ကို ပျံတက်သွားကာ နေရာတခုလုံးကို လင်းလက်စွာ ကျရောက်နေတဲ့ ကြယ်အလင်းကို ထုတ်လွှတ်ပြီး အကာရံတခုကိုဖန်တီးကာ အပြင်မှ သရဲအားလုံးကို သူ့ကိုတိုက်ခိုက်ခြင်းမပြုနိုင်စေရန် ဖယ်ထုတ်ထားသည်။

ပြီးတော့ စက္ကူထီးက ပေနှစ်ဆယ်အကွာခန့်အထိထပ်ပြီးကြီးမားလာကာ

ရှိကျင်းရှီးရဲ့ ညာလက်ရဲ့ဟန်းဆိုင်းတခုထပ်မံထုတ်ဖော်လိုက်သည်နှင့်

စက္ကူထီးက တောက်ပတဲ့ အလင်းတစ်ခုအဖြစ် ပေါက်ကွဲသွားသည်။

ပတ်ပတ်လည်က ထူထဲတဲ့ သရဲမမြူမှုန်တွေကို လုံးဝဖယ်ရှားပစ်လိုက်သည်။

ဒီအချိန်မှာပဲ ရှိကျင်းရှီး က သူ့ရှေ့မှာ မလှမ်းမကမ်းမှာ ကြီးမားတဲ့ ဝိဥာဉ်ဆင့်ခေါ်နဖူးစည်း တစ်ခု ရပ်နေတာကို အံ့ဩစွာ တွေ့ရှိခဲ့သည်။

ဒါက ဒီသရဲတွေကို ထိန်းချုပ်ထားတဲ့ မှော်လက်နက်လား။

ရှိကျင်းရှီးရဲ့ မျက်နှာက စိတ်လှုရှားမှုများ ပြင်းထန်လာပြီး သူက အဖြူရောင် စက္ကူထီးအရှိန်ဝါကို မှီပြီး ရှေ့ကို ပြေးသွားသည်။

ပတ်ပတ်လည်က သရဲအားလုံးကို ပြင်းထန်စွာ ရိုက်ထုတ်ပစ်လိုက်သည်။

မကြာမီ။

ရှိကျင်းရှီးသည် ဝိဥာဉ်ဆင့်ခေါ်နဖူးစည်း ဆီသို့ ရောက်လာပြီး သူ့လက်ဖဝါးတစ်ချက်နဲ့ ဖျက်ဆီးဖို့ ပြင်ဆင်လိုက်သည်။

နဖူးစည်းက ညင်သာစွာ ယိမ်းထိုးသွားသည်။

နောက်တစ်စက္ကန့်အတွင်းမှာပင် ယဲ့ယွီက သူ့လက်ထဲမှာ လှံ တစ်ခုနဲ့ ရုတ်တရက်ပေါ်လာပြီး သူ့ရဲ့စွမ်းအားအားလုံးနဲ့ ရှေ့ကို ခုတ်ချလိုက်သည်။

ရှိကျင်းရှီးက အလွန်လျင်မြန်စွာ တုံ့ပြန်ပြီး လျင်မြန်စွာ နောက်ဆုတ်လိုက်ပေမယ့် သူက တစ်လှမ်းနောက်ကျနေခဲ့တုန်းပဲ။

ညာဘက်လက်မောင်းပေါ်မှာ အရာတစ်ခု ကျန်ခဲ့သည်။

ရွှေရောင်သွေးများ မိုးစက်ပွင့်များသဖွယ် ပတ်ပတ်လည်မှာ လွင့်မျောနေသည်။

ရှိကျင်းရှီးက ဒဏ်ရာကို မယုံနိုင်စွာ ကြည့်လိုက်သည်။

ကိုယ်ခန္ဓာပေါ်က ဒဏ်ရာတွေက ဘာမှမဟုတ်ပါဘူး။ခနနေရင်သူ့ရဲ့ နတ်ဘုရားကုသမှုနဲ့ပြန်ကောင်းလာမှာ။

သူ့ကို တကယ်အံ့ဩစေတာက ဒဏ်ရာ မဟုတ်ခဲ့ဘူး။

အဲ့ဒီအစား မူလက ပြည့်စုံတဲ့ ဝိဥာဉ်ရဲ့ နောက်ထပ်အမျှင် တစ်ခုကို ထပ်ပြီး ယူသွားခြင်း ဖြစ်သည်။

ဒီအရာမတိုင်ခင်က ရှိကျင်းရှီး က နတ်သတ်ဝိဥာဉ်ဖျက်လှံ က ဝိဥာဉ်ကို ဆုတ်ဖြဲကာ ဝိဉာဉ်အပိုင်းစကို ခိုးယူနိုင်တယ်ဆိုတာကို သိခဲ့သည်။

ဒါပေမယ့် ဒီလုပ်ငန်းစဉ်က အလွန်ခက်ခဲရှုပ်ထွေးပြီး ဖြစ်နိုင်ခြေက အလွန်သေးငယ်သည်။

ဒါပေမယ့် ယဲ့ယွီမှာ ဘာဖြစ်နေတာလဲ။ သူက တစ်ကြိမ်ပဲ ဒဏ်ရာရခဲ့ပေမယ့် သူ့ရဲ့ဝိဥာဉ်က ချက်ချင်းလုယက်ခံခဲ့ရတာလား။

ဒါက အရမ်းကံကောင်းလို့လား။

ရှိကျင်းရှီးက တွန့်ဆုတ်နေတဲ့အချိန်မှာပဲ။

အစိမ်းရောင် နွယ် ရှစ်ခုက ရုတ်တရက် ပေါက်လာပြီး သူ့ရဲ့ကိုယ်ခန္ဓာကို ချက်ချင်းထိုးဖောက်သွားသည်။

ဒါ့အပြင် ၎င်းသည် သွေးနှင့် စွမ်းအင်များကို အလွန်အံ့ဩစရာကောင်းသည့် အရှိန်ဖြင့် ရူးသွပ်စွာ စုပ်ယူနေသည်။

အသက်ရှူချိန်အနည်းငယ်မျှသာ ကြာမြင့်သည်။

ရှိကျင်းရှီးပတ်လည်က နတ်စွမ်းအင် ရဲ့ လှိုင်းတုန်ခါမှုက နတ်ကောင်းကင် အဆင့်သို့ ကျဆင်းသွားခဲ့သည်။

ယဲ့ယွီက သူ့ရှေ့မှာ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။

သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေသည်။

တကယ်တော့ ရှိကျင်းရှီး က ဝူဝေမျှော်စင် ဆီကို ရောက်လာတာကို သူ မြင်လိုက်တဲ့အချိန်တုန်းက ယဲ့ယွီက သူ့ကို ဘယ်လိုသတ်ရမလဲဆိုတာကို တွေးထားပြီးသား ဖြစ်သည်။

အထူးသဖြင့် ရှိကျင်းရှီး က ရွှေနတ်ဘုရားအဆင့် ကို ဝင်ရောက်ခဲ့တယ်ဆိုတာကို ကြားပြီးတဲ့နောက်မှာ။

ငါ ပိုပြီး မင်းစွမ်းအားတွေကိုစုပ်ယူချင်လွန်းလို့ ယားယံလာသလို ခံစားရတယ်။

ဒီလို သန့်စင်တဲ့သွေးက မဟာသဲကန္တာရသွေးနွယ် အတွက် အကောင်းဆုံးအာဟာရ ဖြစ်သည်မှာ သေချာသည်။

ဒါပေမယ့် ကံမကောင်းစွာပဲ ဝူဝေမျှော်စင် မှာ မော်ကျိုမင် လို့ခေါ်တဲ့ လူစိမ်းတစ်ယောက် ရှိနေခဲ့သည်။

ယဲ့ယွီက သဘာဝအတိုင်း ထူးဆန်းပီး အားလုံးကလိုချင်နေတဲ့ မြေရိုင်းသွေးနွယ်ကိုထုတ်သုံးဖို့ မလုပ်နိုင်ဘူး၊ ဒါကြောင့် သူက ဒီနေရာကိုပဲ ရှိကျင်းရှီးကလိုက်လာအောင် ဆွဲဆောင်နိုင်ခဲ့တယ်။

အရင်က နတ်သတ်ဝိဥာဉ်ဖျက်လှံ ပဲဖြစ်ဖြစ်၊ ဝိဥာဉ်ဆင့်ခေါ်နဖူးစည်း ရဲ့ သရဲပဲဖြစ်ဖြစ်။

ဒီအရာတွေအားလုံးက ရှိကျင်းရှီး ရဲ့အာရုံကို ဆွဲဆောင်ဖို့ပဲ၊ သူ့ကို သတိချွတ်ယွင်းစေပြီး မဟာသဲကန္တာရသွေးနွယ် ကို စုပ်ယူခြင်းလုပ်ဖို့ အခွင့်အရေးပေးဖို့ ရည်ရွယ်ချက်ပဲ။

အခုကြည့်ရတာ အရာအားလုံးက အဆင်ပြေနေပုံရသည်။

ရှိကျင်းရှီးက မယုံနိုင်စွာ ငုံ့ကြည့်လိုက်သည်။

သူက ညင်သာစွာ "မဟာသဲကန္တာရသွေးနွယ်၊ ဝိဥာဉ်ဆင့်ခေါ်နဖူးစည်းလား။ မင်း ကိုယ်ပွားသုံးခုခန်းမ ကလား" လို့ ရေရွတ်လိုက်သည်။

ကိုယ်သုံးခုခန်းမ ။

ဒီနာမည်ကို ယဲ့ယွီကြားဖူးတာ ဒါဒုတိယအကြိမ်မြောက်ပဲ။

နောက်ဆုံးတစ်ကြိမ် ကြားခဲ့ရတာက အဲ့ဒီ နတ်ဆိုး ဝူဖူ ရဲ့ပါးစပ်ကနေ ဖြစ်သည်။

ဒီ နတ်ဆိုးဂိုဏ်း က အရမ်းနာမည်ကြီးနေတာလား။

ယဲ့ယွီက မဖြေခဲ့ဘူး၊ ဒါပေမယ့် မဟာသဲကန္တာရသွေးနွယ် က သူ့ရဲ့သွေးနဲ့ စွမ်းအင်အားလုံးကို စုပ်ယူဖို့အတွက် ရှိကျင်းရှီး ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

ဒါပေမယ့် နောက်တစ်ယောက်က ဒီလိုမျိုး သေချင်ပုံမရဘူး။

သူက ပြင်းပြင်းထန်ထန် ရုန်းကန်ခဲ့ပြီး သူ့လက်ထဲက စက္ကူထီးကို ပစ်ချလိုက်ကာ သူ့လက်တွေနဲ့ တာအို ပုံသဏ္ဌာန်ဟန်းဆိုင်းတွေ လုပ်ခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း တာအိုစွမ်းအင် ပုံရိပ်ရဲ့ ပေတစ်ထောင်မြင့်တဲ့ ဝိဥာဉ် က ထပ်ပေါ်လာခဲ့သည်။

ကံမကောင်းစွာပဲ ၎င်းသည် ချက်ချင်းဆိုသလို တစ်စစီမကွဲခင် တစ်ခဏသာ ပေါ်လာခဲ့သည်။

သိသာပါတယ်။ မဟာသဲကန္တာရသွေးနွယ် ရဲ့ အရှိန်က အများကြီး ပိုမြန်သည်။

နောက်ဆုံးမှာ ရှိကျင်းရှီးရဲ့သွေးနဲ့ စွမ်းအင်တွေက လုံးဝစုပ်ယူခံလိုက်ရပြီး သူက နေရာမှာပဲ သေဆုံးသွားခဲ့သည်။

ပြီးတော့ မဟာသဲကန္တာရသွေးနွယ် ကလည်း သူ့ရဲ့ဆန္ဒအတိုင်း ကြီးမားသောတိုးတက်မှုလှိုင်းကြီးတစ်ခုကို ရရှိခဲ့သည်။

သူက အဓိက အဆင့်နှစ်ခုနီးပါးကို ဖြတ်ကျော်ပြီး နတ်ကောင်းကင်နတ် ဘုံရဲ့ နောက်ပိုင်းအဆင့်ကို ဝင်ရောက်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ ၎င်းက ယဲ့ယွီကို နတ်စွမ်းအင် တွေ အများကြီး ပြန်ပေးခဲ့သည်။

ကံမကောင်းစွာပဲ ဒါက သူ့ကို အဆင့်တက်ချိုးဖျက်ကာ ထိုးဖောက်ဖို့အတွက် မလုံလောက်ခဲ့ပါဘူး။

ဒါပေမယ့် သူ့ရဲ့ မူလဘုံအတားဆီးက တော်တောလေး လျော့ပါးသွားခဲ့ပြီ။ သူက မဟာသဲကန္တာရသွေးနွယ် က ရွှေနတ်ဘုရားအဆင့် ကို ထိုးဖောက်တဲ့အခါ သူ အဆင့်ကိုချိုးဖျက်ထိုးဖောက်မယ့်နေ့ ဖြစ်လိမ့်မယ်လို့ ယုံကြည်သည်။

"ဟား ဟား.."

ပြောရရင် ဒီအရာက တော်တော်ကောင်းတယ်။ သွေးအလုံအလောက်ရှိရင်

မဟာသဲကန္တာရသွေးနွယ် က အချိန်တိုအတွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းတဲ့ ဘုံတစ်ခုကို အဆင့်တက် ထိုးဖောက်ဖို့ လုံးဝဖြစ်နိုင်ပါတယ်။

ဒီစွမ်းရည်က တကယ်ကို အံ့ဩစရာကောင်းပါတယ်။

သို့သော် ယဲ့ယွီက အချိန်အကြာကြီး သက်ပြင်းမချခဲ့ပါဘူး။

လူတစ်ယောက်လာနေတာကို သူ သတိထားမိတဲ့အခါ။

သူက မဟာသဲကန္တာရသွေးနွယ် နဲ့ ဝိဥာဉ်ဆင့်ခေါ်နဖူးစည်း အားလုံးကို ချက်ချင်းသိမ်းဆည်းလိုက်သည်။

သူ့လက်ချောင်းဖျားကို နောက်တစ်ကြိမ် လှုပ်ရှားလိုက်တာနဲ့ ရှိကျင်းရှီး ရဲ့ ကိုယ်ခန္ဓာက အမှုန့် အဖြစ် ပြောင်းလဲသွားခဲ့သည်။

ယဲ့ယွီက ရှိကျင်းရှီး ရဲ့ ကိုယ်ခန္ဓာကို မထားခဲ့တာက တခြားသူတွေက သူ့ရဲ့ကိုယ်ခန္ဓာထဲက သွေးနဲ့ စွမ်းအင်တွေ ပျောက်ကွယ်သွားတာကို သိမှာကို ကာကွယ်ဖို့ပဲ ဖြစ်သည်။

ဒါကြောင့် ပြဿနာကို လုံးဝဖယ်ရှားပစ်ရမယ်။

ဒီအရာအားလုံးကို လုပ်ပြီးနောက် သူက မြောက်ဘက်ကို ကြည့်လိုက်သည်။

မကြာမီ ပုံရိပ်အနည်းငယ်က လျင်မြန်စွာ ရောက်လာခဲ့သည်။

သူတို့က ပိုင်မြောက်လန်၊ ပိုင်ရှီးချူး၊ ရှန်ကွမ်းကျိုကျို၊ ကျိုးလန်ချင်နှင့် မော်ကျိုမင်တို့ ဖြစ်သည်။

မူလက ဒီလူတွေရဲ့ခွန်အားကြောင့် သူတို့က ကြာကြာကတည်းက ရောက်သင့်တယ်။

ဒါပေမယ့် ယဲ့ယွီက သူတို့ မမြင်သင့်တဲ့အရာကို မမြင်စေချင်ခဲ့ဘူး။

သူ ထွက်ခွာတဲ့အချိန်မှာ ဝူဝေမျှော်စင် အပေါ်မှာ အတားအဆီးများစွာကို ထားခဲ့တယ်။

ဒါကြောင့် သူတို့က နောက်ကျခဲ့ကြတာ။

ပိုင်ရှီးချူး၊ ရှန်ကွမ်းကျိုကျိုနှင့် အခြားသူတွေက ယဲ့ယွီက ထိခိုက်ဒဏ်ရာမရှိတာကို မြင်လိုက်တဲ့အခါ သူတို့က ချက်ချင်းသက်ပြင်းချလိုက်ကြသည်။

မော်ကျိုမင်က သတိထားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ရှုပ်ထွေးစွာ "ရှိကျင်းရှီး ဘယ်မှာလဲ" လို့ မေးလိုက်သည်။

"နေရာတိုင်းမှာ!"

ယဲ့ယွီရဲ့ ရိုးရှင်းတဲ့ လေးလုံးစကားက မော်ကျိုမင်ကို အရမ်းအံ့ဩစေပြီး သူက နောက်သို့ ပြန်ဆုတ်မသွားဘဲ မနေနိုင်ခဲ့ဘူး။

သူတို့က နေရာတိုင်းမှာ ရှိနေတယ်၊ သူတို့က ဒီလောက်အထိ အစွမ်းထက်လား။

သူ့ရဲ့ ကြောက်လန့်နေတဲ့အမူအရာကို မြင်လိုက်တဲ့အခါ ယဲ့ယွီက ညင်သာစွာ "စိတ်မပူပါနဲ့၊ သူက ခုနက ဒီလမ်းခရီးကို ဖြတ်သွားတဲ့ အရမ်းအစွမ်းကောင်း တဲ့နတ်ဘုရားတစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတာ။ သူ့ရဲ့ကိုယ်ခန္ဓာက အမှုန့် ဖြစ်သွားခဲ့တာ၊ ဒါကြောင့် နေရာတိုင်းမှာ ရှိနေတာ သဘာဝပါပဲ" လို့ ပြောလိုက်သည်။

မော်ကျိုမင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ညင်သာစွာ "ဖြတ်သွားတဲ့ လူစွမ်းကောင်း လား။ အဲ့ဒီလူက ဘယ်သူလဲ" လို့ ရေရွတ်လိုက်သည်။

"သူက ဘယ်သူလဲဆိုတာကို ကျွန်တော် ဘယ်လိုသိမှာလဲ။ ကံကောင်းစွာပဲ သူ သေသွားပြီ၊ ဒါက ကောင်းတဲ့အရာတစ်ခုပဲ"

ယဲ့ယွီက သူ့ကို ဒီလောက်အထိ ရှင်းပြမနေတော့ဘူး။

ထို့နောက် သူက မိန်းကလေးတွေအားလုံးကို ပြန်ခေါ်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ လူသားဘုံ မှာရှိတဲ့ ချင်းယွင်ဂိုဏ်း ၏ လက်ငါးချောင်းတောင်ထွတ် ပေါ်မှာ လူသစ်တစ်ယောက် ကောင်းကင်ဘုံကို တက်လှမ်းလာခဲ့သည်!

၄၉၂ ဆက်ရန်

All Chapters