အခန်း (၄၉၉)
Vol. 23 Ch. 499
အလျင်အမြန်ပင်၊ အချို့သော နတ်ဂိုဏ်းငယ် လေးများသည် ထိုက်ယန်တောက်တောင်တော် နှင့် မဟာမိတ် ဖွဲ့ရန် စတင်အဆိုပြုလာကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းဝင်ချင်သူ အရေအတွက်လည်း တိုးလာသည်။ သဘာဝအတိုင်း သခင် ကျင့်ရီ သည် ထိုသို့သောမြင်ကွင်းကို မြင်ရသည်မှာ ပျော်ရွှင်နေသည်။ သို့သော် သူသည် ဤလူများကို ဆက်လက်အော်ဟစ်ဆူပူနေခွင့်မပြုခဲ့ပေ။ ထိုအစား သူသည် လက်နှစ်ဖက်ကို ဖြန့်ပြီး အနည်းငယ်ဖိချကာ ဟန်းဆိုင်းတခုထုတ်ဖော်လိုက်သည်၊ ပြီးတော့ နူးညံ့သော နတ်စွမ်းအင် သည် နေရာတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ ဤသည်မှာ မူလက ဆူညံနေသောမြင်ကွင်းကို ငြိမ်သက် သွားစေခဲ့သည်။
"ကျွန်တော့်ရဲ့ နတ်မိတ်ဆွေ များ၊ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ ထိုက်ယန်တောက်တောင်တော် နဲ့ မဟာမိတ် ဖွဲ့ချင်တဲ့သူတိုင်း နတ်ဂိုဏ်း ညီလာခံ ပြီးနောက် ကျနော်တို့ရဲ့စာရင်းကိုင်နတ်မင်း (နတ်အိပ်ချအာ) ကို သတင်းပို့နိုင်ပါတယ်။"
သူ စကားပြောနေစဉ် သခင် ကျင့်ရီ သည် သူ့ဘေးက စင်ပေါ်ရှိနတ်တပါး ကို လက်ညှိုးထိုးလိုက်သည်။ နောက်တစ်ယောက်က ဖြည်းဖြည်းချင်း ရှေ့သို့ လျှောက်လာပြီး အနည်းငယ်ဦးညွတ်လိုက်ပြီးနောက် ပြန်ဆုတ်သွားခဲ့သည်။ ထိုနတ် ၏ ခေါင်းပေါ်ရှိ မြင့်မားသော သရဖူ က တကယ်ကို မှတ်မိ လွယ်တယ်လို့ ပြောရမှာပဲ။(ယဲ့ယွီတို့ကိုလာရောက်ဖိတ်ကြားသောနတ်)
သခင် ကျင့်ရီ သည် လက်တစ်ဖက်ကို သူ့နောက်ကျောတွင် ထားပြီး ဆက်လက်ပြောသည်၊ "ကောင်းပြီ၊ ကျွန်တော် ပြောဖို့လိုအပ်တာအားလုံးကို ပြောပြီးပါပြီ။ ကောင်းကင်ဘုံ မှာ ဘေးဆိုး ကျရောက်ပြီးကတည်းက ကျွန်တော်တို့ရဲ့ ထိုက်ယန်တောက်တောင်တော် ဟာ နတ်များသောင်းချီစုဝေးမှုညီလာခံ ကို ကျင်းပတဲ့ ပထမဆုံး နတ်ဂိုဏ်း ပဲ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့က နတ်မိတ်ဆွေ အားလုံးရဲ့ ထောက်ခံမှု အတွက် ကျေးဇူးတင်ဖို့ ဆုလက်ဆောင် အချို့ကို သဘာဝအတိုင်း ပေးရပါမယ်။"
သူ၏အသံပြီးဆုံးသွားသည်နှင့်အမျှ ရတနာသေတ္တာ များကို ကိုင်ထားသော နတ်ဘုရား သုံးပါးသည် သူ့နောက်မှ ထွက်လာခဲ့သည်။ သူတို့သည် စင်ရှေ့သို့ ရောက်လာပြီး သူတို့၏ လက်ထဲက ရတနာသေတ္တာ များကို ဖွင့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် မျက်စိစူး သော အလင်းရောင်တစ်ခု ပေါ်လာသည်။ ယဲ့ယွီသည် အလေးအနက်ထား၍ ရှေ့ကိုကြည့်လိုက်သည်။ နတ်ရတနာ သုံးခု လေထဲတွင် မျောနေသည် ကို မြင်လိုက်ရသည်။ ၎င်းတို့သည် အစိမ်းရောင် ပေတံ ၊ နတ်ဓား တစ်လက်နှင့် ရှေးဟောင်း အနက်ရောင် နတ်ဝတ်စုံ တစ်ထည် ဖြစ်သည်။
အပေါ်တွင် ပါရှိသော နတ်စွမ်းအင် လှိုင်းနှုန်း များကို ကြည့်ခြင်းအားဖြင့်။
အစိမ်းရောင် ပေတံ နှင့် နတ်ဓား သည် အဆင့်နိမ့် နှင့် အလယ်အဆင့် နတ်လက်နက် များ အသီးသီးဖြစ်သည်။ ထို မှင်ရောင် နတ်ဝတ်စုံ ၏ အဆင့်ကို ဆုံးဖြတ်ရန် ခက်ခဲသည်။
၎င်းသည် အလွှာ မြူခိုး တစ်ခုရှိနေသလိုပင် လူတိုင်း၏ နတ်အာရုံဖြင့်ထိုးဖောက်စမ်းစစ်မှုကို လုံးဝ ဖုံးကွယ် ထားသည်။ သို့သော် ယဲ့ယွီသည် ၎င်းသည် ရှန်ကွမ်းကျိုကျိုနှင့် ပိုင်မြောက်လန်တို့ ပြောခဲ့သော ထိပ်တန်း နတ်ဝတ်စုံ ဖြစ်သင့်သည်ဟု ချက်ချင်း အတည်ပြု လိုက်သည်။
ဤအရာသုံးခု ပေါ်လာသည်ကို မြင်သောအခါ။
နတ်ဘုရား များ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် လောဘအရောင်များတောက်ပလာခဲ့သည်။ ကောင်းကင်ဘုံ တွင်ပင် နတ်လက်နက် အရေအတွက်က အရမ်းမများလှပေ။ တစ်ဦးလျှင် နတ်လတ်နက်တခုပိုင်ဆိုင်နိုင်ခြင်းလုံးဝမရှိပေ၊မဟုတ်ဘူး၊ တိတိကျကျပြောရရင် နတ်ဘုရား နှစ်ဆယ်လောက်မှာ နတ်လက်နက် တစ်ခုပိုင်ဆိုင်ခြင်းသည် အလွန်ကောင်းမွန်သည်ဟု ယူဆသည်။ ကောင်းသော နတ်လက်နက် များသည် နတ်ဘုရား များကို တိုက်ပွဲအတွင်းရန်သူများကိုအသာစီးရရန် တိုက်ပွဲ၏ ရေစီးကြောင်း ကို ပြောင်းလဲရန် သေချာပေါက် ကူညီပေးနိုင်သည်။
သူတို့က ဒါကို တကယ် မမျှော်လင့်ခဲ့ကြဘူး။
ထိုက်ယန်တောက်တောင်တော် က အရမ်း ခမ်းနား တယ်။
သူက မှော်လက်နက် သုံးခုကို ဆုလက်ဆောင် အဖြစ် ထုတ်ယူခဲ့သည်။
ဒါ့အပြင် သူတို့အားလုံးက မှင်ရောင် နတ်ဝတ်စုံ ကို အာရုံစိုက် ထားကြသည်။
နားမလည်နိုင်လောက်အောင်ဆန်းကျယ်တဲ့ရတနာတွေဟာ အလွန်တန်ဖိုးမြင့်မားသောအရာ များ ဖြစ်ရမည်။
ဒါ့အပြင် သူတို့ရဲ့ ရတနာတွေကို အစဉ်လိုက်ထားသိုစီစဉ်မှု က အရာအားလုံးကို ချက်ချင်း ဖော်ပြ နေသည်။
အဆင့်နိမ့် နတ်လက်နက် ၊ အလယ်အဆင့် နတ်လက်နက် ၊ ဒါဆိုကျန်တဲ့ မှင်ရောင်နတ်ဝတ်စုံက အဆင့်မြင့်လက်နက်ဖြစ်နေတာသေချာပြီလေ၊
ဒါက ထိပ်တန်း နတ်လက်နက် ဖြစ်ရမည်။
မှင်ရောင် ဝတ်စုံ ၏ နတ်စွမ်းအင် လှိုင်းနှုန်း များကိုမည်သူမျသေချာစွာ ထောက်လှမ်းနိုင်ခြင်းမရှိသောငြားလည်း
ဒါက ထိပ်တန်း နတ်လက်နက် တစ်ခုရဲ့ ထူးခြားတဲ့ လက္ခဏာ ဖြစ်နိုင်တယ်။
ခဏတာအတွက် မြင်ကွင်းက ထပ်မံ ဆူညံ လာခဲ့သည်။
ဒီအချိန်မှာ ယဲ့ယွီသည် ငယ်ရွယ်တဲ့ နတ်ဘုရား တစ်ပါးက သူ့ထိုင်ခုံမှ ရုတ်တရက် ထရပ်နေသည်ကို မြင်လိုက်ရသည်။
သူ၏ မျက်လုံးများက မှင်ရောင် နတ်ဝတ်စုံ အပေါ်တွင် စူးစိုက်နေသည်။
သူ၏ အသက်ရှူနှုန်းက လျင်မြန်ပြီး သူ၏ အမူအရာက ပုံမှန်မဟုတ်ဘဲ စိတ်ပိုင်းဖြတ်ထားသည် ။
သူသည် သူ၏ လက်ကို မြှောက်ပြီး သူ့ရှေ့တွင် လက်သီးကို ဆုပ်ထားသည်၊ မှင်ရောင် နတ်ဝတ်စုံ ကို ရယူရန် စိတ်ပိုင်းဖြတ်ထား သည့်အလား ဖြစ်သည်။
ရိုးရိုးသားသားပြောရရင် ဒီလူက အောင်မြင်မှု မရသေးတဲ့ စိတ်ကူးယဉ် ဝတ္ထု တွေထဲက အဓိကဇာတ်ကောင် နဲ့ နည်းနည်းဆင်တူပါတယ်။
သူ၏ ဘုံ က မမြင့်မားသေးရင်တောင် ပတ်ဝန်းကျင်နဲ့ မကိုက်ညီတဲ့ ကမူးရူးထိုး ပုံစံ က တကယ်ကို ပြဇာတ်မင်းသားနဲ့တော်တော်လေးတူပါတယ်။
သခင် ကျင့်ရီ သည် သူ၏လက်ကို အနည်းငယ်မြှောက်လိုက်သည်၊ ပြီးတော့ လှေကားကိုးဆယ့်ကိုးထစ်ပါသော ရှည်လျားသည့် လှေကား တစ်ခု ပေါ်လာခဲ့သည်။
နတ်ရတနာ သုံးခုသည်လည်း အမြင့်ဆုံး လှေကားထိပ်သို့ ပျံသန်းသွားခဲ့သည်။
" နှိမ့်ချတဲ့ မိသားစု မှာ မွေးဖွားတာက ရှက်စရာ မဟုတ်ပါဘူး၊ ခဏတာအတွက် စိတ်ဓာတ်နိမ့် နေတာက ယာယီ သာ ဖြစ်ပါတယ်။
ဒီနေ့ သာမန် လူတွေက မနက်ဖြန်မှာ ကောင်းကင်ဘုံ ရဲ့ ထွန်းတောက် တဲ့ ကြယ် တွေ ဖြစ်လာမှာမဟုတ်ဘူးလို့ ဘယ်သူမှ မပြောရဲဘူး။
ဒါကြောင့် မျှတမှု ရှိဖို့အတွက် ကျွန်တော်တို့ ထိုက်ယန်တောက်တောင်တော် က နတ်လက်နက် များကို ရယူဖို့ ပြိုင်ပွဲအသေးလေးတခုစီစဉ်ထားပေးပါတယ်။
ဒီ မှော်လက်နက် က နတ်ဘုံကျင့်ကြံမှုအဆင့် ကိုစမ်းသပ်တာမဟုတ်ပဲ ပြင်းပြတဲ့စိတ် ဆန္ဒ ကိုသာ စမ်းသပ်ပါတယ်။
သင့်ရဲ့ ဆန္ဒ က ပိုမို ခိုင်မာ လေ ပိုမို မြင့်မားတဲ့ လှေကားထစ် ကို တက်နိုင်လေပဲ။
ဒီ မှော်လက်နက် သုံးခုကို ပလ္လင် ပေါ်တွင် အမြင့်ဆုံး လျှောက်နိုင်သော နတ်ဘုရား သုံးပါးကို ဆုချမှာဖြစ်ပါတယ်။
ပထမနေရာသည် စတုရောင်ခြည်မှင်ဝါးနတ်ဝတ်စုံ ၊ ဒုတိယနေရာသည် ကောင်းကင်နဂါး ကျောက်ဓား ၊ တတိယနေရာသည် ပန်းရောင်ခြည်နတ်ပေတံ ဖြစ်ပါတယ်။
သင်က မှော်လက်နက် ကို ရယူဖို့ စိတ်ဝင်စားရင် ဒီကိုလာပြီး စမ်းကြည့်နိုင်ပါတယ်။
ဒါပေမယ့် ကြိုတင်လိုအပ်ချက် တစ်ခုရှိတယ်၊ အနည်းဆုံး လှေကားထစ် ငါးဆယ် တက်ရမယ်၊ တက်နိုင်သူတယောက်မှမရှိခဲ့ရင် နတ်လက်နက် က ကျွန်တော်တို့ ထိုက်ယန်တောက်တောင်တော် ကပဲ ပိုင်ဆိုင်လိမ့်မယ်" ဟု ပြောလိုက်သည်။
သခင် ကျင့်ရီ သည် စတင်ကာယှဉ်ပြိုင်နိုင်ကြောင်း အမူရာ ပြုလုပ်ပြခဲ့သည်။
ချက်ချင်းဆိုသလိုပင် နတ်ဂိုဏ်းများ ၏ နတ်သခင် ဒါဇင်အနည်းငယ်သည် အလင်းဖြာထွက်ပြီးနေရာရွှေ့ပြောင်းကာ စင်ရှေ့သို့ ရောက်လာသည်။
သူတို့အတွက် ဒါက လှေကားထစ် ငါးဆယ်လောက်လေးသာ မဟုတ်ဘူးလား။
နတ်လက်နတ်ကိုသာပိုင်ဆိုင်ရမယ်ဆိုရင် ဧဝရက်တောင်လည်းတက်ရမှာပဲလေ။
ယဲ့ယွီသည် အလျင်အမြန်မလုပ်ဆောင်ဘဲ ငယ်ရွယ်သော နတ်ဘုရား ကို ကြည့်လိုက်သည်၊ သူကလည်း သူ့ထိုင်ခုံတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူက စင်ရှေ့သို့ သွားဖို့ ရည်ရွယ်ချက်မရှိပေ။
ဒီအချိန်မှာ ကျုံးနွမ်ရှု က လာပြီး တိုးတိုးလေး မေးသည်၊ "သင်က အဲ့ဒီလူကို ကြည့်နေတာကို ကျွန်မ သတိထားမိ တယ်။ သင်က သူ့ကိုလည်း ဘယ်လိုသိတာလဲ"
ယဲ့ယွီသည် ခေါင်းအနည်းငယ်ယမ်းလိုက်ပြီး သာမန်အားဖြင့် "ကျွန်တော် သူ့ကို မသိပါဘူး၊ ကျွန်တော်က သူ့ကို တစ်နေရာမှာ အရင်က မြင်ဖူးတယ်လို့ ခံစားရုံပါပဲ။
ဘာလဲ၊ အမက သူ့ကို သိတာလား" ဟု ပြောလိုက်သည်။
ကျုံးနွမ်ရှု က တိုးတိုးလေး "ကျွန်မက သူ့နဲ့ အရင်က ဆက်ဆံဖူး တယ်။ သူက ထျန်လေမန် ရဲ့ သခင်ဖြစ်ပြီး သူ့နာမည်က တုမ်ယန်ဖန်း ပါ။
သူက အတော်လေး စွမ်းရည် ရှိတယ်၊ ဒါပေမယ့် အရမ်း မာနကြီး တယ်။
ကျွန်မ သူ့ကိုလုံးဝကြည့်မရဘူး၊ မုန်း တယ်" ဟု ပြောလိုက်သည်။
ဟုတ်တယ်၊ ဒါက ရှန်ကွမ်းကျိုကျိုနှင့် ပိုင်ရှီးချူးတို့ ပြောနေကြတဲ့ တုမ်ယန်ဖန်း လို့ နာမည်ပဲ။
ယဲ့ယွီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
ကျုံးနွမ်ရှု ၏ ဒေါသထွက် နေသောအကြည့်ကို ကြည့်ပြီး သူက ညင်သာစွာ "အမက သူ့ကို မုန်း တယ်ဆိုတော့ ကျွန်တော်လည်း သူ့ကို မုန်း စပြုလာပါပြီ" ဟု ပြောလိုက်သည်။
သူတို့ရဲ့ စကားပြောဆိုမှုကို နားထောင်ပြီး။
ကျော်လန်ချင်သည် အပြင်လူ တစ်ယောက်လို ဘေးမှာ ရပ်နေခဲ့သည်။
စကားဖြတ် ဖို့အတွက် လုံးဝနေရာမရှိဘူး။
ဒါက သူမကို အရမ်း ဝမ်းနည်း စေခဲ့သည်။
တစ်ချိန်တည်းမှာပင် နတ်ဂိုဏ်း ၏ သခင် ဒါဇင်အနည်းငယ်သည် ကောင်းကင်သို့တက်ကာ ပလ္လင်လှေခါး သို့ တစ်ပြိုင်နက်တည်း ကြိုးစားကာ တက်ခဲ့ကြသည်။
သူတို့ ပထမဆုံး လှေကားထစ်ကို တက်ပြီးနောက်။
သူက သူ့မျက်လုံးများကို တင်းတင်းပိတ်ထားပြီး ကြီးမားသောဖိအားကြောင့် အတော်လေးခံစားရခက်နေကြကာ ရှက်ရွံ့နေပုံရသည်။
အသက်ရှူချိန် အနည်းငယ်အတွင်း လူငါးဦးသည် နောက်သို့ ဆုတ်ခွာသွားခဲ့သည်။
သူတို့သည် ချွေး များရွှဲနေပြီး သူတို့၏ မျက်လုံးများက ကြောက်ရွံ့မှုဖြင့် ပြည့်နေသည်၊ သူတို့က ကြောက်စရာကောင်းတဲ့အရာတစ်ခုခုနဲ့ တွေ့ဆုံခဲ့ရသည့်အလား ဖြစ်သည်။
လှေကားပေါ်တွင် ကျန်ရှိနေသေးသူများသည် အားလုံး တုန်ခါ နေပြီး ဘယ်အချိန်မဆို ပြုတ်ကျတော့မလိုတုန်ခါနေကြသည်။
နောက်ဆုံးတွင် သူတို့၏တောင့်ခံနိုင်စွမ်းသည် လက်ဖက်ရည် တစ်ခွက်သောက်ချိန် ၏ တစ်ဝက်ထက်ပင် အချိန်မပိုခဲ့ပါ။
ဤ နတ်ဂိုဏ်း ၏ သခင် ဒါဇင်အနည်းငယ်အနက် တစ်ဦးတည်းသာ ဒုတိယလှေကားထစ်သို့ တက်နိုင်ခဲ့သည်။
တခြားသူတွေအတွက်ကတော့ သူတို့အားလုံးကိုယ့်နေရာကို မျက်နှာများနီမြန်းကာ ပြန်လာ ခဲ့ကြသည်။
ပတ်ပတ်လည်က လူတွေ ဒီအရာကို မြင်တဲ့အခါ ဘာဖြစ်တာလဲဆိုတာကို မေးဖို့ ရှေ့သို့ လာကြသည်။
နောက်ဆုတ်ပြီး ထွက်ခွာခဲ့သော နတ်ဂိုဏ်း ၏ အသင်တဦးသည် ပထမလှေကားထစ်ကို တက်ပြီးနောက်တွင် သူတို့ရဲ့ အတွင်းစိတ် နတ်ဆိုး များကို တွေ့ဆုံရလိမ့်မည်ဟု ပြောခဲ့သည်။
အချိန်မီ နောက်ဆုတ်တာက မကောင်းတဲ့အရာ မဟုတ်ပါဘူး။
သင်က ၎င်းနဲ့ အရမ်းကြာကြာ တိုက်ခိုက်ခဲ့ရင် အတုအယောင် အတွင်းစိတ် နတ်ဆိုး သည် အမှန်တကယ် အတွင်းစိတ် နတ်ဆိုး အဖြစ်သို့ ပြောင်းလဲသွားနိုင်ပြီး ဒါကနတ်ဘုရားအသက်ကိုပင် ဖျက်ဆီး နိုင်ပါတယ်။
ဤအရာကို ကြားပြီးနောက်။
နတ်ဂိုဏ်း ခေါင်းဆောင်များစွာသည် သခင် ကျင့်ရီ ကို စိုက်ကြည့်လိုက်ကြသည်။
ခင်ဗျားကြီးကကျုပ်တို့ကိုလာပီးစနောက် နေတာလား။
ကျင့်ကြံမှု ကို ကျင့်သုံး တဲ့သူတွေက အတွင်းစိတ် နတ်ဆိုး တွေကို အကြောက်ဆုံးဆိုတာကို သင် မသိဘူးလား။
သင်ကသာ ဂရုမစိုက်ခဲ့ရင် တွင်းနက် ထဲကို ကျသွားလိမ့်မယ်၊ ပြီးတော့ သင့် ရဲ့ ခန္ဓာကိုယ်ကို အတွင်းစိတ် နတ်ဆိုး တွေက လုံးဝ ထိန်းချုပ် လိမ့်မယ်။
သတ်ဖြတ်ဖို့သာ စိတ်ထဲမှာ သိတဲ့ လမ်းလျှောက် အလောင်းဇွမ်ဘီတကောင် ဖြစ်လာမယ်။
ဒါက လုံးဝ ဟာသ မဟုတ်ဘူး!
သခင် ကျင့်ရီ သည် တည်ငြိမ်ပြီး အေးဆေးပုံရနေဆဲ ဖြစ်သည်။
သူက ညင်သာစွာ "ကျွန်တော့်ရဲ့ နတ်မိတ်ဆွေ များ၊ ကျွန်တော် အစကတည်းက ကောင်းကင်ပလ္လင် ကို တက်ခြင်းသည် နတ်ဘုရား ၏ စိတ်ပိုင်းဖြတ်မှု ကို စမ်းသပ်ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အတွင်းစိတ် နတ်ဆိုး တွေကလည်း စမ်းသပ်မှု တစ်ခုပါပဲ" ဟု ပြောလိုက်သည်။
၅၀၀ ဆက်ရန်