အခန်း (၄၉၂)
Vol. 23 Ch. 492
ချင်းယွင်ဂိုဏ်း ၏ အပြင်ဘက်တွင် ကျင့်ကြံသူတစ်ထောင်နီးပါး ဝရုန်းသုန်းကားဖြင့် စုဝေးခဲ့ကြသည်။
ထြိသူများက ဂိုဏ်းအတွင်းသို့ ဝင်ပြီး ကြည့်ဖို့ရန် ဆူပူအော်ဟစ်ခဲ့ပြီး ဒဏ္ဍာရီလာ ကောင်းကင်ဘုံသို့တက်ရာနေရာ ကို မြင်ချင်ခဲ့သည်။
အကြောင်းပြချက်က ရိုးရှင်းပါတယ်။
မကြာသေးမီက လများအတွင်း ချင်းယွင်ဂိုဏ်း ၏ လက်ငါးချောင်းတောင်ထွတ် ပေါ်တွင် လူသုံးဦး ဆက်တိုက် ကောင်းကင်ဘုံသို့ တက်ခဲ့တယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေသည်။
ဒီလိုမျိုး အလွန်မြင့်မားတဲ့ ကြိမ်နှုန်း က ဒီနေရာကို ကျုံ့ကျိုးတိုက်ကြီး နှင့် ကျင့်ကြံမှုလောက တစ်ခုလုံးအတွက် ဘုရားကျောင်းတခုလို ကိုးကွယ်ချင်စိတ်တွေဖြစ်လာစေပြီး ဘုရားဖူးထွက်သလိုလာရမည့်နေရာတစ်ခု ဖြစ်လာစေခဲ့သည်။
နှစ်ပေါင်း ထောင်ပေါင်းများစွာအတွင်း ကောင်းကင်ဘုံသို့တက်ရောက်သူ မရှိခဲ့ပါဘူး။
သင်တို့က အရမ်းကိုကောင်းနေကြပါလားကွာ ၊လူ့လောကရဲ့ အတားအဆီး စည်းမျဉ်းတွေကို တကယ်ချိုးဖောက်ပြီး ကောင်းကင်ဘုံကို တက်ခဲ့ကြတယ်၊ ပြီးတော့ အကြိမ်များစွာတောင် တက်ခဲ့ကြတယ်။
ဒါကသိပ်ပီးမရိုးရှင်းနိုင်ဘူး သေချာပေါက်တခုခုရှိနေတယ်လို့ ယူဆကြတယ်။
ဒါကြောင့် ကျင့်ကြံသူအများအပြားက ကောင်းကင်ဘုံသို့တက်ရောက်သူ သုံးဦး ဘယ်နေရာက လာတယ်ဆိုတာကို သိချင်စိတ်နဲ့ ဒီနေရာကို ရောက်လာခဲ့ကြတယ်။
ဒီနေရာကို လာပြီး ကံကောင်းစေတဲ့မီးခွက်တွေဘာတွေကောက်ရလို့ ပွတ်တိုက်ကြည့်ခဲ့ရင် နတ်ဝိဥာဉ်ထွက်လာပြီးဆုတောင်းပြည့်ခြင်းကံကြမ္မာ အချို့ကိုတောင်မှရကောင်းရနိုင်ပါတယ် လို့တချို့ကစိတ်ကူးတောင်ယဉ်နေကြတယ်။
ဟုတ်ပါတယ်။ ချင်းယွင်ဂိုဏ်း က ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စကိုမှ လူအထင်ကြီးအောင် ကောလဟာလတွေ ဖြန့်နေတယ်လို့ ယုံကြည်တဲ့ လူနည်းစုလည်း ရှိပါတယ်။
သူတို့က သူတို့လုပ်နေတဲ့အရာအားလုံးကို ရပ်လိုက်ပြီး လိမ်လည်မှုဆန့်ကျင်ရေးအဖွဲ့အဖြစ် သတင်းတုတွေကို တိုက်ခိုက်ဖို့ လာခဲ့ချင်ခဲ့ကြတယ်။
ဒါပေမယ့် ချင်းယွင်ဂိုဏ်း က ကျုံ့ကျိုးတိုက်ကြီး ရဲ့ သန့်ရှင်းသောနေရာငါးခု ထဲက တစ်ခုဖြစ်ပါတယ်။
ကိစ္စက အမှန်ဖြစ်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ သာမန် ကျင့်ကြံသူတစ်ဦးက ဒါကို လိမ်ညာမှုတစ်ခုအဖြစ် ဘယ်လိုလုပ် ထုတ်ဖော်နိုင်မှာလဲ။
ဒီလူတွေအားလုံးကို ချင်းယွင်ဂိုဏ်း အပြင်ဘက်မှာ ပိတ်ဆို့ပြီးနောက်။
သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေက ပိုပြီးတော့ ရိုင်းစိုင်း ခက်ထန်လာခဲ့သည်။
ဒါက ချင်းယွင်ဂိုဏ်း ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စကားလုံးတွေ နဲ့လှည့်စားပြီး အားလုံးရဲ့အထင်ကြီးမှုကို ခြူယူတဲ့နည်းလမ်းဖြစ်တယ်လို့ အလွန်သေချာစွာ ယုံကြည်ကြသည်။
မဟုတ်ရင် သူတို့က ကောင်းကင်ဘုံသို့တက်ရာနေရာ ကို ဘာလို့ မပြသရဲရမှာလဲ။
ဒါမှမဟုတ် စွမ်းရည်ရှိရင် အခုပဲ နောက်တယောက် ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ကိုချိုးဖျက်ပြီး တိုက်ရိုက် တက်ပြလိုက်လေ။
ဒီအကြောင်းကို ကြားလိုက်ရတဲ့အခါ ချင်းယွင်ဂိုဏ်း မှာရှိတဲ့လူတိုင်းက အရမ်းဒေါသထွက်ရမလား ရယ်မောရမလားဝေခွဲမရဖြစ်နေခဲ့ကြသည်။
မင်းတို့က ကောင်းကင်ဘုံသို့တက်ခြင်း ကို တကယ်ဟာသတစ်ခုလို့ ထင်နေတာလား။
မင်းတို့ကတက်ပြပါဆိုပီး ဒီလိုပြောရုံနဲ့ တက်လို့ရမလား။
သို့သော်လည်း ဒီအငြင်းပွားမှုက မပြီးသေးပါဘူး။
သူ့နောက်က လက်ငါးချောင်းတောင်ထွတ် ပေါ်မှာ တောက်ပတဲ့အလင်းတစ်ခု ပေါ်လာခဲ့သည်။
ကြီးမားတဲ့ ဓားရိပ် တစ်ခုက ကောင်းကင်ထဲသို့ တည့်တည့်တက်သွားပြီး အသံကျယ်ကြီးပေးကာ တိမ်တွေကို ထောင်ပေါင်းများစွာ ချက်ချင်းခွဲလိုက်ပြီး အပြာရောင်ကောင်းကင်ကို ထုတ်ဖော်လိုက်သည်။
"ရွှမ်း....."
အိပ်မက်ဆန်တဲ့ နေရောင်ခြည်များ သက်တံ့ရောင်များဖြာကျကာ ကျဆင်းလာသည်။
ကောင်းကင်မှာ ကြီးမားတဲ့ ကောင်းကင်တံခါး တစ်ခု ပေါ်လာသည်။
အလွန်ပြင်းထန်သောစွမ်းအင်တစ်ခုက လေကိုခွင်းကာ ကမ္ဘာတစ်ခုလုံးကို ရုတ်တရက် လှည့်ပတ်သွားသည်။
ချင်းယွင်ဂိုဏ်း ၏ တပည့်အားလုံးသည် မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
ဒါက အရမ်းဂုဏ်ယူစရာကောင်းတယ်။
ဒီလူက ဘယ်သူလဲ။ သူက တကယ်ကို ဘာသတိပေးချက်မှ မရှိဘဲ ကောင်းကင်ဘုံကို တက်သွားခဲ့တယ်။
ဘာအံ့ဩစရာလဲ။
ချင်းယွင်ဂိုဏ်း တပည့်တစ်ဦးက လက်ငါးချောင်းတောင်ထွတ် ရဲ့ဦးတည်ရာကို လက်ညှိုးထိုးပြီး "ကြည့်စမ်း၊ ငါတို့ပြောရင် တကယ်ကို တက်နိုင်တယ်" လို့ အော်လိုက်သည်။
မူလက လိမ်လည်မှု ကို ထုတ်ဖော်ဖို့ လာခဲ့တဲ့ တခြားဂိုဏ်းသားတွေက ရုတ်တရက် စကားမပြောနိုင်တော့ဘူး။
သို့သော် သူ့ရဲ့ ဂုဏ်သတင်းကြောင့် ဒီကိုရောက်လာတဲ့ ကျင့်ကြံသူတွေကတော့ နေရာမှာပဲ ဒူးထောက်ပြီး သူ့ကို ကိုးကွယ်ခဲ့ကြသည်။
နှစ်ပေါင်း ထောင်ပေါင်းများစွာကြာပြီးနောက် ကျင့်ကြံမှုလောက မှာ တကယ်ကို တစ်စုံတစ်ယောက်က ကောင်းကင်ဘုံကို ထပ်မံတက်ရောက်ခဲ့သည်။
ဒါက ကောင်းကင်သို့လမ်း က ပိတ်ဆို့နေတယ်ဆိုတဲ့ ဒဏ္ဍာရီကို ပျက်ရယ်ပြုလိုက်သလိုဖြစ်စေခဲ့သည်။
ငါတို့လဲကြိုးစားရင်ကောင်းကင်ဘုံကိုတကယ် တက်နိုင်တယ်!
ပိုဆိုးတာကတော့ တချို့လူတွေက ထိုင်ပြီး မျက်ရည်တွေ ပေါက်ကွဲထွက်ခဲ့ကြတယ်။
သူတို့အားလုံးက ချင်းယွင်ဂိုဏ်း ကို ဝင်ရောက်ဖို့ တောင်းဆိုခဲ့ကြသည်။
သင််တို့ သဘောမတူရင် ဒီနေရာမှာပဲ သေသည်အထိ ငိုလိမ့်မယ်!
သူတို့ရဲ့ နှလုံးသားထဲမှာ ချင်းယွင်ဂိုဏ်း က နဂါးတကယ်ထွက်ပေါ်ရာနေရာ ဖြစ်တယ်လို့ ယုံကြည်ကြတာ ဖြစ်နိုင်တယ်။
မဟုတ်ရင် ဘာလို့ ဒီလောက်တိုတောင်းတဲ့အချိန်မှာ ကောင်းကင်ဘုံသို့တက်ရောက်သူ များစွာ ပေါ်လာရတာလဲ။
ချင်းယွင်ဂိုဏ်း မှာရှိတဲ့ လူတိုင်းက ဒီအကြောင်းကို ဘာမှမတတ်နိုင်ဘူးလို့ ခံစားခဲ့ကြရပါတယ်။
ဒါနဲ့ပဲ သူတို့ရဲ့ကောင်းကင်ဘုံတက်လှမ်းချင်စိတ်ကို အလွန်ပြင်းထန်စေကာ လူတိုင်းလူတိုင်းနတ်ပြည်ကို တကယ်ကို တက်ချင်ခဲ့ကြတယ်။
လက်ငါးချောင်းတောင်ထွတ် ပေါ်မှာ။
အလင်းတန်းများက လင်မြောက်ရွှေအပေါ်မှာ ထွန်းလင်းနေသည်။
လွန်ခဲ့တဲ့ နှစ် ၃၀,၀၀၀ က အပြင်းထန်ဆုံး အန္တရာယ်ရှိတဲ့ နတ်ဆိုး အဖြစ် လူအများကြား ချီးမြှင့်ခံရတဲ့လူက ဒီအချိန်မှာ နောက်ဆုံးတော့ ကောင်းကင်ဘုံကို တက်ရောက်သွားခဲ့ပါတယ်။
သူ့ပတ်လည်မှာ မရေမတွက်နိုင်တဲ့ ဓားရိပ် တွေက စက်သွားများပမာ သူမကိုလွှမ်းခြုံရင်း တဝှီးဝှီးမြည်ကာ လွတ်လွတ်လပ်လပ် သွားလာနေသည်။
ဓားဆန္ဒ က အမြင့်ဆုံးနှင့် အရာရာကိုပိုင်းဖြတ်နိုင်သော အစွမ်းဆုံးအဆင့်ကို ရောက်ရှိသွားခဲ့သည်။
အမျိုးသမီးတွေက သူမကို လက်ပြနှုတ်ဆက်ခဲ့ကြသည်။
လူအများစုရဲ့ မျက်လုံးတွေက မနာလိုမှုနဲ့ မင်္ဂလာရှိမှုတွေနဲ့ ပြည့်နှက်နေပေမယ့် တစ်ယောက်တည်းရဲ့မျက်လုံးတွေက ရှုပ်ထွေးမှုတွေနဲ့ ပြည့်နေခဲ့သည်။
ဒါက ဟုန်လွမ်းပဲ ဖြစ်သည်။
တိတိကျကျပြောရရင် ဒါက မှန်ကန်ပါတယ်။
ဟုန်လွမ်းက လင်မြောက်ရွှေထက် ပိုပြီးတော့ စောစော နာမည်ကြီးခဲ့သည်။
ဒါ့အပြင် သူမက ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် ရဲ့ ထိပ်ဆုံးကို အရင်ကတည်းက ရောက်ခဲ့ပြီး ကောင်းကင်ဘုံသို့တက်ခြင်း ကနေ တစ်လှမ်းပဲ ကွာခဲ့ပါတယ်။
ယုတ္တိရှိရှိပြောရရင် ပိုင်မြောက်လန်ပြီးရင် သူမက အရင်ဆုံး တက်သင့်ခဲ့တာ။
ဒါပေမယ့် ဒီအချိန်ကာလအတွင်းမှာ။
ဟုန်လွမ်း ဘယ်လိုပဲ သီးသန့်ကျင့်ကြံကျင့်ကြံ၊ သူမက အဲ့ဒီ အတားဆီး မျဉ်း ကို ဘယ်တော့မှ ထိုးဖောက်နိုင်ခဲ့ခြင်း မရှိပါဘူး။
နောက်ဆုံးမှာတော့ သူမက ကောင်းကင်ဘုံတက်လှမ်းခြင်းနယ်ပယ် ရဲ့ ထိပ်ဆုံးမှာသာ ရှိနေခဲ့ပြီး ရှေ့ကို ဆက်သွားနိုင်ခြင်း မရှိပါဘူး။
ဒါက ဟုန်လွမ်းကို အလွန်ဝမ်းနည်းစေခဲ့သည်။
ပြောရရင်ငါ့ရဲ့လင်ညီအစ်မတွေ ဒုက္ခရောက်ရင် ကျွန်မ ပျော်မှာမဟုတ်ပါဘူး။
ဒါပေမယ့် ညီမတွေက ချစ်လင်ရှိရာနတ်ပြည်ကို အရင်တက်လှမ်းသွားတာက သူမအတွက်အတော်လေးအောင့်သက်သက်ဖြစ်စရာ ကိစ္စဖြစ်သည်။
ဘာလို့ အကြောင်းပြချက်မရှိဘဲ ဒီလောက်အထိ အလျင်စလိုလုပ်နေရတာလဲ။
ခနလောက်တောင်မှငါ့ကို မစောင့်နိုင်ဘူးလား။
"ညီအစ်မတို့ရေ။ ကျေးဇူးပြုပြီးမင်းတို့ အကောင်းဆုံးကြိုးစားကြပါ။ ကျွန်မက ကောင်းကင်ဘုံကို အရင်သွားပြီး ကျွန်မရဲ့ အရှင်ကို ရှာမယ်၊ ပြီးတော့ချစ်ညီအမတို့ လာဖို့ ကျွန်မ စောင့်နေပါမယ်"
လင်မြောက်ရွှေက သူ့အစ်မတွေကို လက်ပြနှုတ်ဆက်ခဲ့ပြီး နောက်ဆုံးတော့ သူ့ရဲ့ပုံရိပ်က ကောင်းကင်ထဲမှာ ပျောက်ကွယ်သွားခဲ့သည်။
ပြီးတော့ စူးယောင်ကလည်း လင်မြောက်ရွှေရဲ့ ပုံတူကို အမြန်ဆုံးဆွဲပြီးသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒါက အမှတ်တရတစ်ခု ဖြစ်နိုင်ပါတယ်။
သူမက စုတ်တံကို ချတော့မယ့်အချိန်မှာပဲ။
ကျောက်စိမ်းသားလိုလက်တစ်ဖက်က ပုံဆွဲဘုတ်ပေါ်ကို ဖိလိုက်သည်။
ဧကရာဇ်ဝတ်စုံ ကို ဝတ်ဆင်ထားတဲ့ လီရူဝမ်က အရမ်းလေးလေးနက်နက် "တစ်လခွဲနေရင်ညီမလေးအနေနဲ့ အမရဲ့ပုံတူကို ဆွဲနိုင်ပါတယ်။ အဲ့ဒီအခါကျရင် ငါကောင်းကင်ဘုံကို တက်လိမ့်မယ်" လို့ ပြောလိုက်သည်။
စူးယောင်က မျက်တောင်ခတ်လိုက်သည်။
ဒါက ဘာလဲ၊ ကြိုတင်စာရင်းပေးတာလား။
"ဆယ်ရက်၊ ကျွန်မက ဆယ်ရက်ပဲ လိုတယ်။ စူးယောင်အစ်မရေ ၊ ကျွန်မရဲ့ပုံတူကို အရင်ဆုံး ဆွဲနိုင်ပါတယ်"
ကျိုရွင်ချွင်က အရမ်းကို ခက်ထန်တဲ့ အမူအရာနဲ့ ထရပ်လိုက်သည်။
နတ်ဘုရား အဖြစ် ဘဝပြန်လည်စတင် ခြင်း။
သူမက အဲ့ဒီနောက်ဆုံး ခြေလှမ်း ကို ဘယ်အချိန်မှာ လှမ်းမယ်ဆိုတာကို တိတိကျကျ သိခဲ့သည်။
ပြီးတော့ အရေးကြီးဆုံးကတော့ သူက လီရူဝမ်ကို ကျော်ဖြတ်နိုင်တာက လူတွေကို အရမ်းစိတ်သက်သာရာ ရစေခဲ့သည်။
လီရူဝမ်ရဲ့မျက်နှာက ရေခဲလို အေးစက်နေပြီး သူက ကျိုရွင်ချွင်ကို ရန်လိုတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေသည်။
သူက သွားတွေကို ကြိတ်ပြီး "ကိုးရက်၊ ကိုးရက်ကြာပြီးရင် ကျွန်တော် တက်လိမ့်မယ်" လို့ ပြောလိုက်သည်။
ကျိုရွင်ချွင်က သူ့ခေါင်းကို အနည်းငယ်ပင့်လိုက်ပြီး "အိုး၊ ကျွန်မ မှားယွင်းစွာ မှတ်မိခဲ့တာလား။ ရှစ်ရက်ဆိုရင် ဘယ်လိုလဲ။ ကျွန်မက ရှစ်ရက်ကြာရင် တက်လိမ့်မယ်" လို့ ပြောလိုက်သည်။
"ခုနစ်ရက်!"
"ကျွန်မအတွက်က ခြောက်ရက်!"
"ငါးရက်၊ ငါးရက်ပဲ!"
သူတို့ရဲ့ဘေးမှာ လီရူဝမ်နဲ့ ကျိုရွင်ချွင်တို့ ငြင်းခုံနေတာကို နားထောင်ပြီး မိန်းကလေးတွေက အရမ်းဖိအားခံစားခဲ့ရသည်။
ရှင်တို့အားလုံးက ဒီလောက်အထိ ယုံကြည်မှုရှိကြတာလား။
ကျွန်မတို့က ကောင်းကင်ဘုံသို့တက်ခြင်း က အချိန်အကြာကြီးယူရတယ်လို့ ဘာလို့ အမြဲခံစားနေရတာလဲ။
အထူးသဖြင့် ဟုန်လွမ်း၊ သူမက သက်ပြင်းကို ပြင်းပြင်းထန်ထန် မချဘဲ မနေနိုင်ခဲ့ဘူး။
---
ပြီးတော့ နောက်တစ်ဖက်မှာ။
ကောင်းကင်ဘုံမှာ။
လင်မြောက်ရွှေက နတ်ဂိုဏ်း ရဲ့ အပျက်အစီးများဆီကို ရောက်လာခဲ့တဲ့အခါ သူက ကောင်းကင်ဘုံကို ခုမှ တက်ရောက်ခဲ့တာ ဖြစ်သည်။
သူမက ပတ်ပတ်လည်က အရာအားလုံးကို ကြောင်တောင်တောင် ကြည့်နေခဲ့သည်။
သူမက အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။
ဘာတွေဖြစ်နေတာလဲ။
ဒါက လူတိုင်း တမ်းတနေတဲ့ ကောင်းကင်ဘုံရဲ့ပုံစံလား။
လင်မြောက်ရွှေ မသိလိုက်တာက။
ဒီအချိန်မှာပဲ အမှောင်ထဲမှာ မျက်လုံးတစ်စုံက သူမကို စိုက်ကြည့်နေခဲ့သည်။
ပြီးတော့ အချိန်ကြာလာတာနဲ့အမျှ ၎င်းက ဖြည်းဖြည်းချင်း ရှေ့ကို ရွေ့လျားသွားကာ လင်မြောက်ရွှေထံချည်းကပ်လာသည်။
၎င်းက အနီးကပ်ရောက်တော့မယ့်အချိန်မှာပဲ။
လင်မြောက်ရွှေက သူ့ခြေချောင်းကိုခုန်ရန်အားယူလိုက်ကာ ပျံထွက်သွားသည်။
ထိုအရိပ်ကခိုးကြောင်ခိုးဝှက်အနေထားဖြင့်သာဆက်ရှိနေခဲ့သည်။
---
နောက်တစ်ဖက်မှာ။
ယဲ့ယွီ၊ ပိုင်ရှီးချူးနှင့် အခြားသူတွေက ဝူဝေမျှော်စင် ကို ပြန်လာခဲ့သည်။
မော်ကျိုမင်က ခဏတာ တွန့်ဆုတ်နေခဲ့ပီးမှ
သူကလည်း နောက်ကလိုက်လာခဲ့သည်။
လူတွေ ဝိုင်းရံထားတဲ့ ယဲ့ယွီကို ကြည့်ပြီး သူက ပြောဖို့တွန့်ဆုတ်နေပုံရသည်။
နောက်ဆုံးမှာတော့ ယဲ့ယွီက သူ့ကို စကားစပေးလိုက်သည်။
"တစ်ခုခုပြောစရာရှိရင် ပြောလိုက်။
တွန့်ဆုတ်နေတာကမင်းရဲ့ပုံစံနဲ့ မတူဘူး။
ခုနကသေတော့မယ့်အချိန်မှာ အရမ်းစကားများနေတာ မဟုတ်ဘူးလား။"
ဒီစကားတွေက မော်ကျိုမင်ရဲ့မျက်နှာကို ပူလောင်စေခဲ့သည်။
ရိုးရိုးသားသားပြောရရင် အဲ့ဒီအချိန်တုန်းက သူက ရှိကျင်းရှီး ရဲ့ တိုက်ခိုက်မှုကို သူ့ရဲ့အသက်ကိုရင်းကာတားဆီးဖို့ တကယ်ရည်ရွယ်ခဲ့တာ။
ဒါကြောင့် စကားအနည်းငယ်ပိုပြောမိခဲ့တာ၊ ဒါပေမယ့် ဒါက လူချင်းတွေ့တဲ့အချိန်မှာ ထပ်မံထုတ်ပြောခံရမယ်လို့ မမျှော်လင့်ခဲ့ဘူး။
ဒါက လူတွေကို လူမှုရေးအရသေသွားသလို ခံစားရစေခဲ့သည်။
"အင်း၊ အရင်က ဖြစ်ခဲ့တာတွေကို မပြောကြတော့ဘူး။
ကျွန်တော်ပြောချင်တာက ရှိကျင်းရှီး သေဆုံးတဲ့အခါသခင်လေးတို့က သူ့ပတ်ပတ်လည်မှာ တန်ဖိုးရှိတဲ့ ပုလဲ တစ်ခု တွေ့ခဲ့လား။
တွေ့ခဲ့တယ်ဆိုရင် ကျွန်တော်တို့ မော်မိသားစု ကို ပေးလိုက်ပါ။ ကျွန်တော်တို့ကအရှင်နတ်မင်းတို့ကို ကောင်းကောင်းမွန်မွန် လက်ဆောင်ပြန်ပီးဆက်သပါလိမ့်မယ်"
၄၉၃ ဆက်ရန်