← Chapters

ကဝေမလေး၏ အတွေးများ

Vol. 71 Ch. 1131

ကဝေမလေး၏ အတွေးများ

Vol. 71 Ch. 1131

နတ်ဘုရား-ယောင် အဆင့် အထွတ်အထိပ်၏ ယုံကြည်မှု နားလည် သဘောပေါက်ခြင်းက သာမန် တိုင်းပြည် အဆင့် သို့မဟုတ် နတ်ဘုရားတစ်ပိုင်း အဆင့်တစ်ယောက် ရရှိနိုင်သောအရာမျိုး မဟုတ်ပေ။ စွမ်းအားတွင် အရေးကြီးသော အဆင့်သို့ ရောက်ရှိသွားသော ပါ့ဂ်လီအို အတွက် ဆာရီရယ်၏ ဝိညာဉ်စွမ်းအား အစအနက အောင်မြင်ရန်အတွက် အကူ အဖြစ် သတ်မှတ်နိုင်လေသည်။ သူက ချောချောမွေ့မွေ့ပင် ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း ပြီးစီးသွားခဲ့လေသည်။

နတ်ဘုရား-ယောင် အထွတ်အထိပ်၏ ဝိညာဉ်စွမ်းအားက အလွန် အစွမ်းထက် လှပေသည်။ ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်းက ဝိညာဉ်စွမ်းအားကို လုံးဝ ချေဖျက်နိုင်ခြင်း မဟုတ်ပေ။ အဆိပ်နဂါးကို ဥပမာ ထားပါ။ ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း ပြီးနောက် သူက ဝိညာဉ်စွမ်းအား အပြည့်အဝ မပေါင်းစပ် ရသေးပေ။ ကံကောင်းစွာပင် ပါ့ဂ်လီအိုက နတ်ဘုရားတစ်ပိုင်း စွမ်းအားအဆင့်ကို လုံးဝ တည်ငြိမ်သွားခဲ့ပြီး အသစ်ရရှိ ထားသော စူပါစနစ် တိုင်းပြည်စွမ်းအားနှင့် ပေါင်းလိုက်သည့်အခါ ထိုဝိညာဉ်စွမ်းအား အစအနကို လုံးဝစုပ်ယူနိုင်ရန် အချိန် ကြာလိမ့်မည် မဟုတ်ပေ။

အစ်ဇဘယ်လာက ကြယ်နှစ်ပွင့် တိုးမြှင့်မှု ပြီးမြောက်သွားခဲ့သော်လည်း သူ၏ နယ်ပယ်က နတ်ဘုရားတစ်ပိုင်းသို့ မရောက်သေးသည့်အတွက် အသက်နှင့် ယုံကြည်မှု၏ စွမ်းအား အစစ်အမှန်ကို မထုတ်နိုင်သေးပေ။ ထို့ကြောင့် ဆာရီရယ်၏ ဝိညာဉ်စွမ်းအားကို ချေဖျက်ရာတွင် သူ့အတွက် ပိုမို၍ ခက်ခဲပေလိမ့်မည်။ ကျန်နေသေးသော ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း မပြီးမြောက် သူများကိုမူ ပြောစရာပင် မလိုပေ။

သို့သော်လည်း ဖိုက်သွန်ပြောသည့် အတိုင်း အစ်ဇဘယ်လာက ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်းကို ထိုအဆင့်၌ နားလည် သွားခဲ့ရာ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ ရောက်ရှိရန် လေ့ကျင့်ရေးက ချောမွေ့ နေမည်ဖြစ်ပြီး အထူးသဖြင့် အခက်ခဲဆုံး တိုင်းပြည် အစစ်အမှန်နှင့် အသက် ပြဿနာကို ကြိုတင် ဖြေရှင်းထားပြီးသား ဖြစ်နေလေပြီ။

ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း ပြီးမြောက် သွားခဲ့သော ပါ့ဂ်လီအိုက အတော်လေး မြောက်ကြွမြောက်ကြွ ဖြစ်နေခဲ့သည်။ သူက လူတိုင်းအရှေ့၌ တမင်တကာပင် [ယုံကြည်မှုချပ်ကာ] အသစ်ကို အမြဲပင် ထုတ်ကြွားနေခဲ့သည်။ ရိုမန်က အစပိုင်း ဂရုမစိုက်သော်လည်း အစ်ဇဘယ်လာက အမှန်တကယ်ပင် ကြယ်နှစ်ပွင့် တိုးမြှင့်ခြင်း ပြီးမြောက်သွားခဲ့ပြီး ၎င်းက ပါ့ဂ်လီအိုထက်ပင် စောနေသေးကြောင်း ကြားရာ အေးဆေး မနေနိုင်တော့ပေ။

မဒမ်-ဒေါ်လေးက ဥပမာ ပြခဲ့ပြီးပြီပဲ။ တိုင်းပြည်အဆင့် ရှိတဲ့ ပါ့ဂ်လီအိုကို ကျော်ပြီးတော့ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို စောပြီးတော့ ပြီးခဲ့တယ်။ ဘယ်ဖီဂေါ တော်ဝင် မိသားစုဝင် တစ်ဦးအနေဖြင့် ခေါင်းဆောင်ကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေလို့ မဖြစ်ဘူး။

ချန်လွေ့က ၂နှစ်ကျော် အတွင်းတွင် ဆာရီရယ်နည်းတူ အစွမ်းထက်သည့် ရန်သူ ၃ဦးကို ရင်ဆိုင်ရန် သိဒ္ဓိအလင်း တောင်သို့ သွားရောက်ရမည် ဖြစ်သည်။ ၉နှစ်ကျော်လျှင် ဆာရီရယ်ထက်ပင် အစွမ်းထက်သော စေတန်နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရမည် ဖြစ်သည်။ ရိုမန်က ဖိုက်သွန် ပြောသလို ဝန်ထုပ်ဝန်ပိုး ဖြစ်မလာချင်။ သူနှင့် သူ့ဇနီး နှစ်ဦးလုံးက ကြယ်နှစ်ပွင့် တိုးမြှင့်မှု၏ စွမ်းအားနှင့် နတ်ဘုရား-ယောင် အထွတ်အထိပ် အဆင့် ဝိညာဉ် စွမ်းအားကို လက်ခံထားပြီး ဖြစ်သည်။ သူတို့ထဲမှ အနည်းဆုံး တစ်ဦးက ရှေ့မှလူများ၏ ခြေလှမ်းကို အမီလိုက်ရမည် ဖြစ်သည်။

ယောက်ျားတစ်ယောက်နဲ့ ခေါင်းဆောင်ရဲ့ အကောင်းဆုံးမိတ်ဆွေ တစ်ယောက်အနေနဲ့ ငါ့မှာ လုံးဝ တာဝန်ရှိတယ်။

ရိုမန် အပြင်ထွက်ပြီး အိမ်ထောင်သည် အမျိုးသမီးများနှင့် ပရောပရည် မလုပ်ဘဲ ထူးထူးဆန်းဆန်းပင် လေ့ကျင့်ရေးကွင်း၌ တစ်နေကုန် လေ့ကျင့်နေသည်ကို မြင်ရာ ချန်လွေ့ အနည်းငယ် အပြစ်ရှိသလို ခံစားမိခဲ့သည်။ သို့သော် ဒေလီယာက သူ့ကို လက်မထောင်ပြပြီး မယ်ဒီလူက အမှောင်လမှ အမျိုးသမီးအားလုံးကိုယ်စား ကျေးဇူးတင်လွှာတစ်စောင် ပေးပို့လိုက်ရာ တစ်မြို့တည်းနေ အမျိုးသမီးများအတွက် လုပ်ပေးခဲ့သည်မှာ မလုံလောက်သေးဟု ချန်လွေ့ ရုတ်တရက် ခံစားလိုက်ရ၏။

“ချန်လွေ့။ ထမင်းစားချိန်ရောက်ပြီ။” ကဝေမ အစေခံမလေး၏ အသံက ချန်လွေ့ အတွေးကို နှောင့်ယှက်လိုက်၏။

ချန်လွေ့ ခေါင်းညိတ်ပြီး ထရပ်ကာ အနည်းငယ် စိတ်ကျနေသော ခီရာကို ကြည့်လိုက်သည်။ သူက ရှေ့သို့ ခြေလှမ်း တိုးလိုက်ပြီး ကဝေမလေး၏ လက်ကို ကိုင်လိုက်၏။ “ခီရာ အဆင်ပြေရဲ့လား။”

“ဘာမှမဖြစ်ပါဘူး။”

ယခုတလော ကဝေမလေး စိတ်ဓာတ် ကျနေသည်မှာ အသေအချာပင်။ အသီနာ၏ ကိုယ်ဝန်က ပျက်စီးခြင်း ဇစ်မြစ် စွမ်းအားကြောင့် ဖြစ်ပြီး ဖန်တီးခြင်း ဇာစ်မြစ်ကို အလင်းဒြပ်စင် ခန္ဓာအမျိုးအစား ရှိသူသာ ကိုယ်ဝန် ရနိုင်ကြောင်း သိခဲ့ရာ အစေခံမလေး၏ အမေဖြစ်ရန် အစီအစဉ် လုံးဝ ပျက်စီး သွားခဲ့သည်။ သူက မျက်နှာပြင်ပေါ်တွင် များများစားစား မပြသသော်လည်း ချန်လွေ့က သူ၏ နှလုံးသားအောက်ခြေမှ စိတ်ဓာတ် ကျဆင်းမှုကို ခံစားမိနိုင်၏။ နေ့စဉ် ‘ကိုယ်ဝန်ဆောင်အက’ ဦးဆောင် ကလေ့ရှိသော လန်းဆန်း တက်ကြွသည့် ပုံစံကို သူ မမြင်နိုင်တော့ပေ။

“ဒီနေ့ ဘာစားမှာလဲ။” ချန်လွေ့က တမင်တကာ အကြောင်းအရာ တစ်ခုကို ပြောလိုက်သည်။

“ခရမ်းမှိုဟင်းချို၊ အမဲကင်၊ ဆလတ် အသားလွှာ၊ အာလူးကြော်၊ ဖရုံပြာဆော့စ်၊ အုန်းသီးပေါင်မုန့်၊ ထမင်းနီ...”

စီးပွားရေး လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ နေထိုင်မှုအဆင့်အတန်း တိုးတက်ခြင်းနှင့် ကုန်စည်များ လည်ပတ် ရောင်းဝယ် ဖောက်ကားခြင်းတို့ကြောင့် နတ်ဆိုးဘုံ၏ အတော်အတန် ရိုးရှင်းသော ချက်ပြုတ်နည်းများကလည်း ကြွယ်ဝပြီး အမျိုးစုံလာ၏။ တော်ဝင် မိသားစုများသာ စားနိုင်သော အရသာရှိသည့် အစားအစာ များစွာကို ပြည်သူများ၏ အိမ်များတွင် တွေ့မြင်လာရသည်။

ချန်လွေ့က ၎င်းတွင် ‘အကူ’ နေရာမှ ပါဝင်ခဲ့သည်။ ‘အနုပညာတိုင်း အထူးပြုမှု ရှိသည်’ ဟူသော စကားအတိုင်း သူ၏ အချက်အပြုတ် စွမ်းရည်က ထိုအဆင့်၌ မလုံလောက်တော့ပေ။ သို့သော် ကြင်ရာတော်မင်းသားနှင့် မင်းသမီးစံအိမ် အဓိက ရှယ်ယာရှင် တစ်ဦးအနေဖြင့် သူ၏ လက်ထဲတွင် ထူးချွန်သော စားဖိုမှူးများ ရှိနေသည်။ မှတ်ဉာဏ်ထဲမှ အစားအစာကို အကြမ်းဖျင်း ပြောလိုက်ရုံဖြင့် ထိပ်တန်း စားဖိုမှူးများက စိတ်ကူး ပုံဖော်ပြီး ဖန်တီးပေလိမ့်မည်။ မှန်ပေသည်။ ပါဝင်ပစ္စည်း အတော်အမျိုးမျိုးကြောင့် အရာများစွာ အနည်းငယ် ပြောင်းသွားပြီး နတ်ဆိုးဘုံ လက္ခဏာများ ပါဝင်သော အစားအစာ ဖြစ်လာခဲ့လေသည်။

နတ်ဆိုးဘုံ၏ ကောက်ပဲသီးနှံများမှာ အဓိကအားဖြင့် ဂျုံနှင့်ပဲများ ဖြစ်သည်။ ဂျုံကို ဂျုံမှုန့်အဖြစ် ကြိတ်၍ ပေါင်မုန့် ပြုလုပ်ကြသည်။ ဂျုံများကို တိုက်ရိုက် စားသုံးသူ များများစားစား မရှိပေ။ ဆန်က ချန်လွေ့၏ မှော်မြေ လူကြိုက်များလာပြီး နောက်မှသာ ရေပန်းစားလာခဲ့ပြီး အဓိက အားဖြင့် ယခင်ဘဝမှ နှစ်သက်မှုကြောင့် ဖြစ်သည်။

“ဒါပဲလား။ ဟိုအားတိုးစွပ်ပြုတ် ဘာလို့ မရတော့တာလဲ။” ချန်လွေ့ တမင်တကာ နောက်လိုက်သည်။ ထိုဟင်းချိုမျိုးက ‘ကိုယ်ဝန်ဆောင်အက’နှင့် လိုက်သော ထုတ်ကုန်တစ်ခု ဖြစ်သည်။ ၎င်းက သူ၏ ဖွားဖက်‌တော်ကို မယုံနိုင်လောက်အောင် မာကျောစေသည့် မရှိမဖြစ် အရာတစ်ခု ဖြစ်ပြီး သက်ရောက်မှုကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။

“ကျွန်မ အဲဒါကို မလုပ်တော့ဘူး။” ခီရာက မျက်လွှာချကာ နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ပြီးတော့...”

“ကိုယ် ပြောကြည့်မယ်။” ချန်လွေ့ အနည်းငယ် ပြုံးလိုက်သည်။ “မင်းက ဂျိုအန်နာကို အုပ်ချုပ်မှုရေးရာ ကိစ္စတွေ အတွက် အတွင်းရေးမှူး တာဝန် ပေးချင်တယ်။ အဲဒါမှ အစ်ဇဘယ်လာနဲ့ တခြား သူတွေနဲ့အတူ လေ့ကျင့်လို့ရမှာ။ ဟုတ်တယ်မလား။”

ခီရာက အံ့ဩသော အမူအရာ ပြသလိုက်သည်။ “ဘယ်လိုသိတာလဲ။”

“အရူးမလေး။ မင်းကို နေ့တိုင်း စောင့်ကြည့်နေတဲ့ ယောက်ျားဆီကနေ ဒီလိုမျိုး လှုပ်ရှားမှုလေးတွေကို ဘယ်လို ဖုံးကွယ်ထားနိုင်မှာလဲ။” ချန်လွေ့က ကဝေမလေး၏ ဆံပင်ကို သပ်လိုက်၏။

ခီရာ သက်ပြင်းချလိုက်သည်။ “ကျွန်မ အ‌တော်လေး ရုပ်ဝါဒီ ဆန်နေလား။ ရှင့်အတွက် ကလေး မမွေးပေးနိုင်ဘူး ဆိုတာ သိမှ လေ့ကျင့်ဖို့ စဉ်းစားမိတာ။”

“ဒါက ရုပ်ဝါဒီဆန်တာ မဟုတ်ပါဘူး။ မိုက်မဲတာ။” ချန်လွေ့ လေးနက်စွာ ပြောလိုက်သည်။ “မင်းက လေ့ကျင့်မှပဲ ကိုယ့်ကို ကူညီနိုင်တယ်လို့ ထင်တာလား။ အိမ်ထဲမှာရှိတဲ့ ထမင်းတစ်နပ်တိုင်းက မင်း ဂရုတစိုက် ရွေးချယ် ချက်ပြုတ်ထားတဲ့ ရလဒ်တွေပဲ။ မင်းရဲ့ အချက်အပြုတ်က ငါ့ထက် အများကြီး သာတယ်။ ဒါက မင်းရဲ့ စိတ်နှစ်ထားတဲ့ ရလဒ်ပဲ။ ဒီအတွက် မင်းရဲ့ အကြိုက်ဆုံး အဝတ် ဒီဇိုင်းကိုတောင် စွန့်လွှတ်ခဲ့တယ်။ မင်းက လူတိုင်းရဲ့ ဘဝကို စောင့်ရှောက်ရုံတင် မကဘူး။ အသီနာကို အုပ်ချုပ်ရေးရာ ကိစ္စတွေမှာ ကူညီတယ်။ သူ့ကို စောင့်ရှောက်တယ်။ ကိုယ့်ကို စောင့်ရှောက်ရတယ်။ ပြီးတော့ သော်သော်ကို စောင့်ရှောက်တယ်။ မင်း ရှိနေလို့ ဒီအသေးအဖွဲ ကိစ္စတွေကို ကိုယ် စိတ်မပူရတော့ဘူး။ ကိုယ် လုပ်ချင်တာကို အာရုံစိုက် လုပ်နိုင်တယ်။ စိတ်ပါလက်ပါ လုပ်နိုင်တယ်။ မင်းက ကိုယ့်နောက်မှာ ရပ်တည်ပေးနေတဲ့ အရေးအကြီးဆုံး အမျိုးသမီးပါ။ မင်းက အစားထိုးလို့ မရတဲ့သူ တစ်ယောက်ပဲ။”

ချန်လွေ့၏ စကားများက ချဲ့ကား ပြောဆိုခြင်း မဟုတ်ပေ။ ဘေးချင်းယှဉ် တိုက်ခိုက်ခဲ့သော ထိုအမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် သူ၏ နောက်ကွယ်မှ တိတ်တဆိတ် ပံ့ပိုးပေးခဲ့သော ခီရာလည်း ရင်ထဲထိစေပြီး တန်ဖိုးထားစေခဲ့သည်။

ခီရာ၏ မျက်လုံးများက ရုတ်တရက် နီရဲလာပြီးနောက် ချန်လွေ့က သူ့ကို လက်မောင်းထဲသို့ ပွေ့ဖက်လိုက်သည်။ “ဒီလောက်ကောင်းတဲ့ မိန်းမက ကိုယ့်အတွက် ကလေး မွေးပေးချင်တယ် ဆိုတာနဲ့တင် အတော်လေး ကျေနပ်မိတယ်။ ဒါပေမဲ့ သူက ‘ရုပ်ဝါဒီဆန်တယ်’ လို့ ပြောတယ်ဆိုတော့ စိတ်မကောင်းစရာပဲ။ ဒါက မိုက်မဲတာ မဟုတ်ရင် ဘာလဲ။”

ကဝေမက ချန်လွေ့၏ လည်ပင်းတွင် လက်ကို ရစ်ပတ်လိုက်ပြီး စိုစွတ်နေသော မျက်လုံးများက ချန်လွေ့ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ကာ ပခုံးများ အနည်းငယ် တုန်ခါနေလေသည်။

“ဂျိုအန်နာက ပြည်တွင်းရေးနဲ့ စီးပွားရေးကို အမြဲတမ်း တာဝန်ယူခဲ့တာ။ သူ့ရဲ့စွမ်းရည်ကို လူတိုင်း သိမြင်ပြီးသားပဲ။ သူက အတွင်းရေးမှူး တစ်ယောက်ဖြစ်ဖို့ လုံလောက်တဲ့ အရည်အချင်း ရှိတယ်။ သူ့ကို သုံးလေးရက်လောက် ရင်းနှီးအောင် လမ်းပြပေးလိုက်။ ပြီးရင် အားလုံး သူ့ကို လွှဲပေးလိုက်။”

“လေ့ကျင့်တာ သဘောတူတယ်ပေါ့။” ခီရာ၏ မျက်ရည် ဝဲနေသော မျက်လုံးတွင် အံ့ဩသော အမူအရာ ပေါ်လာပြီး ခေါင်းမော့လိုက်၏။

ချန်လွေ့က ခေါင်းညိတ်လိုက်သည်။ “ဒါပေါ့။ မင်း တကယ် လုပ်ချင်တာကို လုပ်လို့ရတယ်။ မင်း အမြဲတမ်း ကိုယ့်ကို ထောက်ခံခဲ့သလို ကိုယ်လည်း မင်းကို အမြဲတမ်း ထောက်ခံသွားမှာပါ။”

“သိပ်ကောင်းတယ်။” ကဝေမငယ်က အလွန် ဝမ်းမြောက် သွားပြီးနောက် အနေရခက်နေရင်း ပြောလိုက်သည်။ “ဒါပေမဲ့ ကျွန်မရဲ့ စွမ်းအား အတော်လေး အားနည်းတယ်။ ကျွန်မက အနိမ့်ဆုံးပဲ။”

“ဒါက မင်း လူတိုင်းကို စောင့်ရှောက် နေရလို့ပါ။ မင်းမှာ စိတ်တည်ငြိမ်အောင် လေ့ကျင့်ဖို့ အချိန်နဲ့အင်အား မရှိဘူး။ တကယ်တော့ မင်းရဲ့ ပါရမီက တော်တော် ကောင်းပါတယ်။ အထူးသဖြင့် စိတ်ဝိညာဉ် စွမ်းအားပေါ့။ ပြီးတော့ မင်းက မီးနဲ့ လေဒြပ်စင် စွမ်းအားမှာ တော်တယ်။ မှော်ပညာရှင်လမ်းကို လျှောက်မယ်ဆိုရင် ကြယ်အပ်နှင်းခြင်း၊ ဆေးရည်မည်းတွေနဲ့ လေ့ကျင့်ရေးကွင်းလို အရန်စွမ်းအားတွေနဲ့ ဆိုရင် မင်းရဲ့ အစွမ်းကို ခပ်မြန်မြန် တိုးတက်စေနိုင်မှာ သေချာတယ်။ ဒါပေမဲ့ လေ့ကျင့်ရေးလမ်းကြောင်းက အမြန်လို အနှေး ဖြစ်တတ်တယ်။ ဒါကြောင့် မင်း မဆင်မခြင် ရှေ့ဆက်လို့ မဖြစ်ဘူး။ အချိန်ရရင် ဇိုလာ၊ ဒေလီယာနဲ့ အစ်ဇဘယ်လာတို့ကို အကြတောင်း။ သူတို့က မှော်ပညာ ကျွမ်းတယ်။”

“သိပါပြီ။ တကယ်တော့ ကျွန်မက အတွင်းရေးမှူး ဝန်ထုပ်ဝန်ပိုးကိုပဲ ဖယ်ချ လိုက်တာပါ။ လူတိုင်းရဲ့ ဘဝအတွက် ဆက်ပြီးတော့ တာဝန်ယူသွားမှာပါ။” ကဝေမငယ်က လက်သီး ဆုပ်လိုက်ပြီး စိတ်ဓာတ်ကျ နေသည်ကို ဖယ်လိုက်၏။ “ကျွန်မ ကြိုးစားမှာပါ။ လေ့ကျင့်တာပဲ ဖြစ်ဖြစ်၊ တခြားအရာတွေပဲ ဖြစ်ဖြစ်။ အထွတ်အထိပ် အဆင့် မဖြစ်နိုင်ရင် တောင်မှ ထိပ်တန်းအဆင့် အထူးစားဖိုမှူး တစ်ယောက်တော့ ဖြစ်ရမယ်။”

“မင်းက အထူးစားဖိုမှူး တစ်ယောက် ဖြစ်နေပါပြီ။ မစ်-ခီရာ။” ချန်လွေ့က သူ၏ ဆံပင်ကို သပ်လိုက်သည်။ “တကယ်တော့ ကလေးတောင် ရနိုင်တယ်။”

“ကလေး ရနိုင်တယ် ဟုတ်လား။” ကဝေမလေး၏ နားများ ထောင်သွား၏။

ချန်လွေ့ သူ၏ ပါးပြင်ကို နမ်းလိုက်ပြီး နားနားကပ်ရင်း ပြောလိုက်သည်။ “အသီနာ ကလေးရဖို့ ပျက်စီးခြင်း ဇစ်မြစ်ရဲ့ စွမ်းအားက အခန်းကဏ္ဍ တစ်ခုကနေ ပါဝင်တာ မှန်ပေမယ့် ဒါက နည်းနည်း ဆန်းတယ်။ ပြီးတော့ ဒါက တစ်ခုတည်းသော နည်းလမ်း မဟုတ်ဘူး။ ဖိုက်သွန်ရဲ့ ခန့်မှန်းချက်အရ ဆိုရင်တော့ ပုံမှန် နည်းလမ်းနဲ့လည်း အခွင့်အရေး အတော်လေး ရှိနေသေးတယ်။”

ခီရာ၏ မျက်လုံးများ လက်သွား၏။ သူ၏နှလုံးသားထဲတွင် ရစ်ပတ်နေခဲ့သော အထုံး နောက်ဆုံး ပြေလျော့သွားသည်။ ထို့နောက် သူ့မျက်နှာ နီမြန်းလာ၏။ “နားလည်ပါပြီ။”

၁၀စက္ကန့် ကြာပြီးနောက် -

ချန်လွေ့၏ ခန္ဓာကိုယ် အနည်းငယ် တုန်သွားပြီး နဖူးမှ ချွေးများ ထွက်လာ၏။ “အာ မင်း ‘နားလည်’တာ မြန်လွန်းတယ်။”

ကဝေမလေး၏ လက်က သူ၏ ဝမ်းဗိုက် အောက်ပိုင်းကို ‘သဘောပေါက်စွာဖြင့်’ ထိလိုက်ခြင်း ဖြစ်သည်။

“ခဏနေပါဦး! ထမင်းစားချိန်ရောက်ပြီ မဟုတ်လား။” ချန်လွေ့က ကဝေမလေး၏ လက်ကို အမြန် ကိုင်လိုက်သော်လည်း ကဝေမလေး၏ လျှာက သူ့နားရွက်ကို လျက်လိုက်ရာ သူ၏ အမွေးအမှင်များ ထောင်သွား၏။

“မစားခင် လေ့ကျင့်ခန်း နည်းနည်း လုပ်တာက အစာချေတာကို အကူအညီ ဖြစ်စေလိမ့်မယ်။” ကဝေမလေးက နူးညံ့ နီရဲနေသော နှုတ်ခမ်းကို သပ်လိုက်ပြီး ချန်လွေ့၏ ရင်ဘတ်ပေါ်တွင် လက်ဖြင့် စက်ဝိုင်းများ ရေးဆွဲရင်း တခစ်ခစ် ရယ်နေလိုက်သည်။

သူ၏ ‘စနောက်ခြင်း’မျှဖြင့် ချန်လွေ့၏ တစ်နေရာတွင် မထိန်းချုပ်နိုင်ဘဲ ဇီဝကမ္မ ဆိုင်ရာ တုံ့ပြန်မှုတစ်ခု ဖြစ်ပေါ်ခဲ့၏။ ကဝေမ၏ စိတ်ဝိညာဉ် ပါရမီက အလွန် ပြင်းထန်သည်မှာ အသေအချာပင်။

ချန်လွေ့ တံတွေးကို အသည်းအသန် မျိုချပြီး အမြန် ပြောလိုက်သည်။ “အခု အချိန်မရတော့ဘူး။ ပါ့ဂ်လီအိုနဲ့ တခြား သူတွေက ခြံထဲမှာ ညစာစားဖို့ စောင့်နေ ကြတုန်း ရှိနေသေးတယ်။ ပြီးတော့ သော်သော်လည်း ဒီမှာ ရှိတယ်။ အရင်ဆုံး ညစာသွားစားမယ်လေ။ ဒီနေ့ အသီနာရဲ့ အလှည့် မဟုတ်လား။ သူ အခု တံခါးပိတ် လေ့ကျင့်နေတယ်။ ညကျ ကိုယ် မင်းကို လာတွေ့မယ်လေ။ ဘယ်လိုလဲ။”

ငါ အခု ကဝေမလေးဆီမှာ ကျသွားရင် အပြင်က နှစ်ကောင် နောက်ပြောင်တာ သေချာပေါက် ခံရမှာပဲ။ ပြီးတော့ ငါ့ရဲ့ အဖိုးတန် သမီးလေး သော်သော်လည်း ဒီမှာ ရှိနေသေးတယ်။ လာလာရီယာက သူ့ရဲ့ ငယ်ဘဝပညာရေးမှာ ကျရှုံးခဲ့လို့ မကောင်းတဲ့ စံနမူနာ တစ်ခု ရှိနေတယ်။ သတိထားတာက ပိုကောင်းမယ်။

“ရှင် ပြောတာနော်။” ခီရာ ပြုံးလိုက်ပြီး ဖြားယောင်းသော ပါရမီကို သိမ်းလိုက်ကာ မျက်စိတစ်ဖက် မှိတ်ပြလိုက်လေသည်။ “ကျွန်မ ညကျရင် ရှင် အကြိုက်ဆုံး ဝတ်စုံတွေနဲ့ စောင့်နေမယ်။ တခြား တောင်းဆိုမှုလေးတွေ ရှိရင်လည်း ဖြည့်ဆည်းပေးနိုင်ပါတယ်။”

“ဘယ်လို တောင်းဆိုမှုလေးတွေလဲ။ မင်း အရင် စခဲ့တာ မဟုတ်ဘူးလား။” ချန်လွေ့ ပြောစရာစကား မဲ့သွား၏။ ကဝေမ မိသားစုက အချို့သော ကဏ္ဍ၌ အတက်ကြွဆုံးနှင့် အပွင့်လင်းဆုံး ဖြစ်ပြီး အက်စ်မိုဒက်စ် တော်ဝင်မိသားစုထက်ပင် သာလွန်သည်။ အချို့သော ပုံစံများက အမျိုးသားတစ်ဦး၏ ပိုင်ဆိုင်လိုစိတ်ကို အကြီးမားဆုံးသော အတိုင်းအတာအထိ ကျေနပ်စေနိုင်သော်လည်း ရံဖန်ရံခါတွင် အရသာအပြောင်းအလဲ တစ်ခုသာ ဖြစ်၏။

“ဟုတ်လို့လား။ မမှတ်မိဘူးကော။” ကဝေမလေးက သူ့ကို အပြစ်ကင်းသော အကြည့်ဖြင့် ကြည့်လိုက်၏။

“ဟုတ်ပါပြီ။ ကိုယ် အရင် စခဲ့တာပါ။ ကိုယ်က လူဆိုးပါ။” ချန်လွေ့ အရှုံးပေး လိုက်ရသည်။ “အပြင်ထွက်ပြီး ထမင်းစား ရအောင်လေ။”

“ခဏနေဦး!”

“အမ်...”

“အားတိုးစွပ်ပြုတ် လုပ်လိုက်ဦးမယ်! နောက်မှသွားတော့!”

“....”

ကိုယ့်ဒုက္ခ ကိုယ်ရှာမိပြန်ပြီ ထင်တယ်။ ချန်လွေ့က ခေါင်းကို ကုတ်လိုက်ပြီး တိုက်ခိုက်ချင်စိတ် ပြန်ရရှိသွားသော ကဝေမလေးကို ကြည့်ကာ သူ၏စိတ် ပိုမိုပေါ့ပါးသွားသလို ခံစားလိုက်ရသည်။

All Chapters