← Chapters

သေမျိုးကမ္ဘာသို့ ဆင်းသက်ခြင်း

Vol. 4 Ch. 46

သေမျိုးကမ္ဘာသို့ ဆင်းသက်ခြင်း

Vol. 4 Ch. 46

ယနေ့သည် အလွန်အရေးကြီးသည့် နေ့ ဖြစ်သည်။

ကျောင်းသားသစ်များထဲမှ ပထမဆုံးအဖွဲ့သည် သေမျိုးကမ္ဘာသို့ ဆင်းသက်တော့မည်။

အန်လင်း၊ ရွှမ်ယွမ်ချန်နှင့် စုရှောင်လန်တို့သည် အတန်းပိုင်ဆရာ ဖြစ်သူ ဓားအင်မော်တယ် လင်းရှောင်၏ ဦးဆောင်မှုဖြင့် ကောင်းကင်ဘုံပိုင်နက်၏ တောင်ပိုင်း ကောင်းကင် တံခါးပေါက်သို့ ဦးတည် နေကြသည်။

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်သည် လွင့်မျောနေသည့် ကုန်းမြေကြီးပေါ်တွင် တည်ဆောက်ထားပြီး ကောင်းကင်ဘုံ ပိုင်နက်၏ နယ်နိမိတ်တစ်ခု အဖြစ်သတ်မှတ်သည်။ ကောင်းကင်ဘုံ ပိုင်နက်၏ နယ်နိမိတ်တစ်ခု ဖြစ်သော်လည်း အစွန်အဖျားဒေသတွင် တည်ရှိသည်။

ကောင်းကင်ဘုံပိုင်နက်၏ အဓိက နယ်နိမိတ်သည် ပို၍ကြီးမားသည့် လွင့်မျောနေသော ကုန်းမြေကြီးပေါ်တွင် တည်ရှိသည်။

စုစည်းညီညွတ် ကျင့်ကြံခြင်း ကျောင်းတော်နှင့် နှိုင်းယှဉ်မည် ဆိုပါက မြို့ကြီးတစ်မြို့နှင့် ရွာငယ် တစ်ရွာကဲ့သို့ပင် ကွာခြားလှသည်။

ကောင်းကင် တည်နေရာ ရွှေ့ပြောင်းခြင်း တံခါးပေါက်ရှိသည့် တောင်ပိုင်း ကောင်းကင် တံခါးပေါက်သို့ ရောက်ရှိရန် အန်လင်းတို့သည် မိုင်ငါးရာတိတိ ပျံသန်းကြရသည်။

သေမျိုးကမ္ဘာသို့ ဆင်းသက်ကာ ထမ်းဆောင်ရမည့် တာဝန်မှာ ခွန်လွန် တောင်တန်းများ ပေါ်တွင် တည်ရှိသည့် နတ်ဆိုးစေတီကို ချိပ်ပိတ်ထားသည့် တံဆိပ်တော်အား ပိုမို ခိုင်ခံ့လာစေရန် ပြုလုပ်ရမည် ဖြစ်သည်။ ထို့အပြင် လတ်တလော သတင်းများအရ သေမျိုးကမ္ဘာတွင် သောင်းကျန်းလျက် ရှိနေသည့် ပြိတ္တာ ဘုရင်အားလည်း အမြစ်ဖြတ် သုတ်သင်ရမည် ဖြစ်သည်။

သေမျိုးကမ္ဘာတွင် စက်ဆုပ်ဖွယ်ရာ မကောင်းဆိုးဝါး လေးမျိုးရှိသည်။ တစ္ဆေ၊ ပြိတ္တာ၊ သရဲနှင့် ဘီလူး ... ။

တစ္ဆေနှင့် ပြိတ္တာတို့တွင် အသိစိတ်သာလျှင် ရှိကြသည်။ သရဲနှင့် ဘီလူးတို့သည် လိမ်ပိန်ပြီး ပရမ်းပတာ အခြေအနေတွင် ရှိကြသည်။

ထိုမကောင်းဆိုးဝါးများအား ခွန်အားအလိုက် အမျိုးအစား လေးမျိုး ခွဲခြားနိုင်သည်။ နယ်ရုပ်၊ စစ်သူကြီး၊ ဘုရင်နှင့် ဧကရာဇ် ... ။

နယ်ရုပ် အဆင့်ရှိ မကောင်းဆိုးဝါးသည် တာအိုခန္ဓာ အဆင့် ၅ ကျင့်ကြံသူနှင့် တူညီသည်။

စစ်သူကြီးအဆင့်ရှိ မကောင်းဆိုးဝါးသည် တာအိုခန္ဓာ အဆင့် ၁၀ ကျင့်ကြံသူနှင့် တူညီသည်။

ဘုရင်အဆင့်ရှိ မကောင်းဆိုးဝါးသည် စိတ်ဝိညာဉ် ပျိုးထောင်ခြင်း ကနဦးအဆင့် ကျင့်ကြံသူနှင့် တူညီသည်။ ထိုအဆင့်သို့ ရောက်ရှိသွားသည့် မကောင်းဆိုးဝါး များအား သေမျိုးကမ္ဘာရှိ ကျင့်ကြံသူများ အနေဖြင့် ရင်ဆိုင်ရန် အလွန် ခက်ခဲပေသည်။ ထို့ကြောင့် သေမျိုးကမ္ဘာရှိ ဌာနခွဲသည် ကောင်းကင်ဘုံ ပိုင်နက်အား အထူးဆက်သွယ်ရေး လမ်းကြောင်းမှ တစ်ဆင့် သတင်း ပေးပို့ရသည်။

ဧကရာဇ်အဆင့်ရှိ မကောင်းဆိုးဝါးသည် အနည်းဆုံး ဝိညာဉ်ဖွဲ့စည်းခြင်း တစ်ပိုင်း အဆင့်သို့ ရောက်နေပေသည်။ ထိုအဆင့်ရှိ မကောင်းဆိုးဝါး ပေါ်ပေါက်လာလျှင် သေမျိုးကမ္ဘာတွင် ရုတ်ရုတ်သဲသဲ အဖြစ်အပျက်များ ဖြစ်ပေါ်စေသည်။

အန်လင်း ဦးဆောင်သည့် အဖွဲ့အား ပေးအပ်လိုက်သည့် တာဝန်သည် အလွန်အမင်း ခက်ခဲသည်ဟု မဆိုနိုင်ပေ။

အဆိုးဝါးဆုံး အခြေအနေတွင် ရွှမ်ယွမ်ချန်၏ အင်္ကျီနောက်မြီးတွင် ပုန်းအောင်နေနိုင်သည် မဟုတ်ပါလား။ သူတစ်ဦးတည်းနှင့်ပင် ကျောင်းတော်မှ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း အလယ်အဆင့် ကျင့်ကြံသူများအား အနိုင်ယူ နိုင်ပေသည်။ ထို့အပြင် ကိုးပြည်ထောင်နိုင်ငံ တစ်ဝှမ်းရှိ စိတ်ဝိညာဉ် ပျိုးထောင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများသည် သူအား အနိုင်ရရှိဖို့ မဖြစ်နိုင်။

အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သည့် အတွက် အန်လင်း၏ တာဝန်သည် ရွှမ်ယွမ်ချန်အပါအဝင် အခြားသူများထက် ကြီးလေးပေသည်။

ဟုတ်သည်။ သူ့တွင် လူကြုံမှာလိုက်သည်များ ဝယ်ရပေဦးမည်။

တောင်ပိုင်း ကောင်းကင် တံခါးပေါက်တွင် နဂါးရုပ်ပုံများစွာဖြင့် တန်ဆာ ဆင်ထားသည့် ကျောက်စိမ်း တိုင်လုံးကြီး နှစ်ခုသည် ကောင်းကင်ဆီသို့ မီတာရာပေါင်းများစွာ ထိုးထွက်နေသည်။

ထိုတိုင်လုံးကြီး နှစ်ခုအကြားတွင် ရောင်စုံအလင်းတန်းများ ပါဝင်သည့် မျက်နှာပြင် တစ်ခုသည် အနည်းငယ် လှိုင်းဂယက် ထလျက် ရှိနေသည်။

နတ်စစ်သူကြီး နှစ်ဦးသည် လက်နက်များ ကိုင်ဆောင်ကာ ရပ်နေလျက် တောင်ပိုင်း ကောင်းကင် တံခါးပေါက်အား စောင့်ကြပ်လျက် ရှိသည်။

ထိုနတ်စစ်သူကြီး နှစ်ဦး၏ ခန္ဓာကိုယ်မှနေ အလွန်များပြားကာ အားကောင်းသည့် အငွေ့အသက်များ ထုတ်လွှတ်လျက် ရှိသည်။ အန်လင်းတို့အဖွဲ့ ရောက်ရှိလာသည်ကို မြင်သည့် အခါတွင် အနည်းငယ် ခေါင်းညိတ်ကာ အသိအမှတ်ပြုသည်။

ဓားအင်မော်တယ် လင်းရှောင်သည် နတ်စစ်သူကြီး တစ်ဦးထံသို့ စာရွက်စာတမ်း တချို့အား ကမ်းလိုက်သည်။ ထိုစာရွက် စာတမ်းများထဲတွင် သူတို့ ထမ်းဆောင်ရမည့် တာဝန် အသေးစိတ် ပါသည့် အပြင် ပစ်မှတ်၏ တည်နေရာကို ဖော်ပြထားသည့် မြေပုံလည်း ပါရှိသည်။

“မင်းတို့အားလုံးက ခွန်လွန် တောင်တန်းကို သွားမှာပေါ့ ...  ဟမ့် ...  ပစ်မှတ်ရဲ့ တည်နေရာက ရုံမြို့မှာ ရှိတဲ့ ပိုင်ရန် ဘုရားကျောင်း ...  ရတယ် ...  ကိစ္စမရှိဘူး ... ” နတ်စစ်သူကြီးက ခေါင်းညိတ် လိုက်ပြီးနောက် ရောင်ပြန် မျက်နှာပြင်တစ်ခု ပေါ်လာရန်အတွက် အင်မော်တယ် မန္တန်တစ်ခုအား သုံးလိုက်သည်။

အားပါးပါး ...  အရမ်းတောက်ပတာပဲ ...

အန်လင်းမှာ ကြည့်နေရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်တောင် တဖျပ်ဖျပ် ခတ်နေမိသည်။

သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားတွေမှာ ပါတဲ့ဟာမျိုး ဟုတ်တယ်မလား ...  အင်မော်တယ် မန္တန်တွေက ဒီလိုမျိူး ဖန်တီးရင် သုံးလို့ရတာလား ...

“ဒီထဲကို အရင်ဝင် ... ” နတ်စစ်သူကြီးသည် အန်လင်းနှင့် အခြားသူများအား လက်ဝှေ့ယမ်း ပြသည်။

ထိုသို့ကြားသည့်အခါတွင် အန်လင်းဦးဆောင်၍ ရောင်စုံကာလာများ ယှက်ပြေးနေသည် ကြီးမားသည့် တံခါးပေါက်အတွင်းသို့ လမ်းလျှောက် ဝင်သွားလိုက်သည်။

အလင်းမျက်နှာပြင်အား ဖြတ်သန်း လာပြီးသည့်နောက်တွင် သူ့ပတ်ပတ်လည်သည် မှုန်မှိုင်း မည်းနက်နေသည်ကို တွေ့လိုက်ရသည်။ ဦးတည်ရာမရှိ၊ မြေပြင်သည်လည်း မရှိ။ များပြားစွာ ပြန့်ကျဲနေသည့် ခေးအောစ့်များ အလယ်တွင် ရောက်ရှိနေခြင်း ဖြစ်သည်။

တံခါးပေါက်အား သုံးဦးစလုံး ဖြတ်သန်းပြီးသည့်နောက်တွင် နတ်စစ်သူကြီးသည် ပစ်မှတ်၏ တည်နေရာအား ရွေးချယ်လိုက်သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ... ” ဓားအင်မော်တယ် လင်းရှောင်သည် လက်နှစ်ဖက်အား လက်ခုပ် သဏ္ဌာန်ပြုကာ နတ်စစ်သူကြီး နှစ်ဦးအား အရိုအသေပေးကာ ကျေးဇူးတင်ကြောင်း ပြလိုက်သည်။

“မလိုပါဘူး ...  ဒါက ကျုပ်တို့ရဲ့ တာဝန်ပဲ ... ” ရောင်စုံမျက်နှာပြင်အား ဖန်တီးလိုက်သည့် နတ်စစ်သူကြီးမှ တုံ့ပြန် ပြောဆိုလိုက်သည်။

ရုတ်တရက်ဆန်စွာပင် သူ့နှာခေါင်းတစ်ဝိုက် ယားယံလာသည်။

ထို့နောက် ပါးစပ်ကို ဖွင့်လိုက်သည်။

“ဟတ်ချိုး” နတ်စစ်သူကြီး နှာချေလိုက်သည်။ မတော်တဆ ဆိုသလို ရောင်ပြန် မျက်နှာပြင်ပေါ်ရှိ ‘တည်နေရာရွှေ့ပြောင်းမည်’ ဆိုသည့် ခလုတ်အား ဖိလိုက်မိသည်။

“အာ ...  သေစမ်း ... ” နတ်စစ်သူကြီးသည် ဓားအင်မော်တယ် လင်းရှောင်အား တောင်းပန် တိုးလျှိုးစွာဖြင့် ကြည့်လာသည်။

ဓားအင်မော်တယ် လင်းရှောင် : “ ... ”

လှပသည့် ဂြိုဟ်ပြာ တစ်လုံးပေါ်တွင် စိတ်ဝိညာဉ် စွမ်းအားများ ပြည့်လျှံနေသည့် သာယာ ကြည်နူးဖွယ် ကောင်းသည့် တောင်တစ်လုံး ရှိသည်။

ထိုသာယာ ကြည်နူးဖွယ်ကောင်းသည့် တောင်ပေါ်တွင် ကြီးကျယ် မြင့်မြတ်သည့် ပန်းလေး တစ်ပွင့် ပွင့်ဖူးလျက် ရှိသည်။

ကျွန်မက ပန်းပွင့်လေးရဲ့ စိတ်ဝိညာဉ်ပါ ...

ကျွန်မ နေ့စဉ်ပြုလုပ်တဲ့ အရာတွေကတော့ ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  ပျော်ရွှင်စွာနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

နေသာတဲ့ နေ့တွေမှာလည်း ကျွန်မက ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  ပျော်ရွှင်စွာနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လ ဝီရိယရှိရှိ ကျင့်ကြံတယ် ...

မိုးတွေ ဆက်တိုက်ရွာတဲ့ နေ့တွေမှာလည်း ကျွန်မက ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  ကြိုးကြိုးစားစားနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

နွေဦးနေခြည်တွေ အကန့်အသတ်မဲ့ ဖြာကျနေတဲ့ အခါမှာလည်း ကျွန်မက ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  ပျော်ရွှင်အားရစွာ နေရောင်ခြည်ကို စုပ်ယူပြီး အစာ ချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

နွေနေပူတဲ့ နေ့တွေမှာလည်း ကျွန်မ ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  ‌ဝမ်းမြောက်စွာနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

ဆောင်းဦးလေတွေ တိုက်ခိုက်တဲ့ အချိန်မှာလည်း ကျွန်မ ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  စိတ်မချမ်းမြေ့စွာနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

ဆောင်းနှင်းပွင့်တွေ တပွင့်ချင်း ကြွေကျရင်လည်း ငြိမ်းအေးစွာနဲ့ အမြစ်တွေကို ကြီးထွားစေတယ် ...  စိတ်အား ထက်သန်စွာနဲ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  လုံ့လဝီရိယရှိရှိ ကျင့်ကြံတယ် ...

...

ရှင်တို့အားလုံး ဒီနေရာကို မြင်ရတာ အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်တယ်လို့များ ခံစားမိသလားရှင် ...

အဲဒါကြောင့် ကျွန်မက အင်မော်တယ် တစ်ယောက် ဖြစ်လာဖို့အတွက် ကျင့်ကြံနေရတာပေါ့ ...  ရှင်တို့ အားလုံးကတော့ သေမျိုးသာသာပဲလေ ...  အဟင်းဟင်း ...

ကျွန်မက တစ်နေ့ပြီးတစ်နေ့ နေရောင်ခြည်ကို စုပ်ယူပြီး အစာချက်လုပ်တယ် ...  တစ်နှစ်ပြီး တစ်နှစ် ဝီရိယရှိရှိ ကျင့်ကြံတယ် ...

ကျွန်မတော့ဖြင့် သိပ်ကို ပျင်းတာပါပဲရှင် ...  ဒါပေမဲ့လည်း ကျွန်မကတော့ တစ်ချိန်လုံး ဇွဲမလျှော့ခဲ့ဖူးဘူး ...

ဒီနေ့ကတော့ ကျွန်မအောင်မြင် ပြီးမြောက်တဲ့ နေ့လေ ...  ဒီနေ့က ကျွန်မရဲ့ အင်မော်တယ် အဆင့် မတက်လှမ်းခင် နောက်ဆုံးသော နေ့လေးပေါ့ရှင် ...

ကျွန်မက တစ်ရက်လောက်လေးပဲ ကြိုးစားဖို့ လိုတော့တယ် ...  ဒီနေ့ကို ကျော်လွန် သွားပြီဆိုရင်တော့ ကျွန်မရဲ့ နေ့လေးပဲပေါ့ ...

ဒီနေ့ လေက အရမ်းကို ဆူညံတာပဲရှင် ...  အဲဒီ အသံတွေထဲမှာ နွေးထွေးမှုတွေလည်း ပါနေသလိုလို ...

ကျွန်မက ဂုဏ်ယူစွာနဲ့ ခေါင်းကို အသာမော့လိုက်တယ် ...  ကောင်းကင်မှာ နေမင်းကြီးက အရမ်းကို ထွန်းတောက် နေတယ်လေ ...  ပြီးတော့ ...  အ ... . ဖင် ...  ဖင်တုံကြီး တစ်ခု ...

ခံစားချက်တွေ မကောင်းဘူးရှင် ...

ကောင်းကင်ပေါ်က ဖင်တုံကြီးက တဖြည်းဖြည်းနဲ့ နီးနီးလာပြီး ဘုရားရေ ...  သူကျလာနေတာ ကျွန်မ တည့်တည့်ကိုရှင့် ...

မဖြစ်နိုင်ဘူး မဟုတ်လား ...  ကျွန်မရဲ့ကံက အဲလောက်တောင် မဆိုးဝါးလောက်ပါဘူး ...  ဟုတ်တယ် မဟုတ်လား ...

ကျွန်မက ပင်ပင်ပန်းပန်းနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ရတယ် ...  အင်မော်တယ် အဆင့်ကို တက်လှမ်းဖို့ တစ်ရက်ပဲ လိုတော့တဲ့အချိန်မှာ ကျွန်မက ဖင်တုံကြီးတစ်ခုရဲ့ ဖိကြိတ်ခြင်းခံပြီး သေဆုံးရတော့မယ်တဲ့လား ...

“ကယ်ကြပါဦးရှင် ...  ပန်းလေးတစ်ပွင့်က သေရပါတော့မယ် ... ”

ပန်းပွင့်လေးရဲ့ စိတ်ဝိညာဉ်က ကျယ်လောင်စွာ အော်ဟစ်နေသည့် အတွက်ကြောင့် အနီရောင် ပန်းပွင့်မှနေ တလက်လက် ထနေသည့် နှင်းပေါက်များ ပေါ်ထွက်လာသည်။

ဘန်း ...

ဖင်တုံကြီးက ပြုတ်ကျလာပြီးနောက် ပန်းပွင့်လေးအား မြေပြင်တွင် ကြိတ်ချေမိလိုက်သည်။

“အို့ ...  အို့ ...  အို့ ... ” ခန့်ညားချောမောသည့် လူငယ်လေး တစ်ယောက်သည် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ကာ သူ့နောက်ကျောအား ပွတ်နေလေသည်။

ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည့် လူငယ်လေးသည် သေမျိုးကမ္ဘာတွင် ထမ်းဆောင်ရမည့် တာဝန်တွင် ဦးဆောင်ရမည့် အန်လင်းမှလွဲ အခြားမရှိ။

“အား ... .”

ကောင်းကင်မှနေ ခန္ဓာကိုယ်တစ်ခု ပြုတ်ကျလာပြီး အန်လင်းပေါင်ပေါ်သို့ အရှိန်ဖြင့် ထိုးကျလာသည်။

ဘန်း ...

နောက်ထပ် ဖုန်တစ်လုံး ထလာပြန်သည်။ ထိုတစ်ကြိမ်တွင် ပြုတ်ကျလာသူမှာ စုရှောင်လန် ဖြစ်သည်။

ကံကောင်းသည်မှာ သူမ ပြုတ်ကျသည့် နေရာတွင် အန်လင်းက ကူရှင်သဖွယ် ရှိနေသည့်ကြောင့် ဒဏ်ရာများစွာ ရမသွားချေ။

စုရှောင်လန်သည် အနည်းငယ် ရှက်သွေးဖြာ သွားသည်။ သူမသည် ပျာယာခတ် သွားပြီးသည့်နောက် အန်လင်းပေါင်ပေါ်မှ ထကာ မတ်တတ် ရပ်လိုက်သည်။

“ကျေးဇူးပဲ ... ” စုရှောင်လန်က အန်လင်းအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

“မလိုပါဘူးဟ ...  ရိုးရိုးသားသား ပြောရရင်တော့ ငါက ကူရှင်အဖြစ် မလုပ်ချင်ပါဘူးနော် ... ” အမျိုးသမီးတစ်ယောက်အား အရှက်ရအောင် ပြုလုပ်မိသည့် ခံစားချက်သည် ကောင်းမွန်ခြင်း မရှိ။ အန်လင်းသည် စုရှောင်လန်၏ ထုထောင်းခြင်းကိုပင် ခံရပြီဟု တွေးလိုက်မိသေးသည်။

စုရှောင်လန်  “ ... ”

ဝှစ် ...

အမျိုးသားတစ်ဦးသည် လေကို ဖြတ်သန်းကာ ဓားပေါ်တွင် ရှိနေပြီး သူ၏ အလွန်အမင်း ခန့်ညားသည့် မျက်နှာတွင် တောင်းပန်တိုးလျှိုးသည့် အမူအရာဖြင့် ရှိနေသည်။

“ကျောင်းသူ စုရှောင်လန် နဲ့ ကျောင်းသား အန်လင်း ရေ ...  တောင်းပန်ပါတယ်နော် ... ”

“မင်းတို့ နှစ်ယောက်သွားပြီး နည်းနည်းလောက်ကြာမှ ငါ့ကို နေရာ ရွှေ့ပြောင်း ပေးလိုက်တာလေ ...  မဟုတ်ရင် မင်းတို့အခုလိုမျိူး ဖြစ်နေမှာ မဟုတ်ဘူး ... ”

ထိုအမျိုးသားသည် ရွှမ်ယွမ်ချန်ဖြစ်ပြီး ဓားပေါ်မှ ခုန်ဆင်းလာကာ ရိုးသားစွာ တောင်းပန် နေလေသည်။

အန်လင်းက ခေါင်းခါလိုက်ပြီးနောက် “ဒါက မင်းအမှား မဟုတ်ပါဘူး ...  ငါတို့ တစ်ခုခုကို အပြစ်တင်မယ် ဆိုရင် အဲဒီ သောက်တည်နေရာ ရွှေ့ပြောင်းခြင်းကိုပဲ အပြစ်တင်ရမှာ ...  ငါတို့ကို ဒီလိုမျိုး အမြင့်ကြီးကို ပို့လိုက်တယ်လေ ...  တာအိုခန္ဓာ အဆင့်ပဲ ရှိသေးတဲ့ ကျင့်ကြံသူတွေက ပျံနိုင်တယ်လို့များ ထင်နေကြလား မသိပါဘူး ... ”

တောင်ပိုင်း ကောင်းကင် တံခါးပေါက်ရှိ အစောင့်နှစ်ဦးအား အတော်လေး နာကြည်းနေမိသည်။ သူ၏ ကျင့်ကြံခြင်း အခြေခံက နိမ့်ကျကာ အရိုးများက သန်မာခြင်း မရှိလျှင် သေမျိုးကမ္ဘာသို့ တာဝန် ထမ်းဆောင်ရန် ဆင်းသက်ရာမှ ပြုတ်ကျပြီးသေသည့် ပထမဆုံးကျောင်းသား ဖြစ်သွားလိမ့်မည်ပင်။

ထိုအချိန်မှာပင် သိမ်မွေ့ညင်သာသည့် အသံတစ်သံသည် သူ့အောက်မှနေ ထွက်ပေါ် လာခဲ့သည်။

“အား ...  ရှင့်ရဲ့ ဖင်တုံကြီးကို ကျွန်မ အပေါ်ကနေ ဖယ်ပါဦး သေချင်းဆိုးကြီးရဲ့ ...  ရှင်က ပန်းလေး တစ်ပွင့်ကို ဖိကြိတ်ထားတယ်ရှင့် ... ”

ထိုအသံသည် အန်လင်းအား အနည်းငယ် ထိတ်လန့်သွားစေသည်။ အလျင်စလိုပင် ခုန်ထ လိုက်ပြီးနောက် မြေပြင်အား ကြည့်လိုက်သည်။

သူထိုင်နေသည့် မြေပြင်ပေါ်တွင် ပိပြားလျက် ရှိနေသော နူးညံ့လှပသည့် ပန်းပွင့်လေး တစ်ပွင့်အား မြင်လိုက်ရသည်။

စိမ်းစိုနေသည့် ပင်စည်သည် ကျိုးကြေလျက် ရှိကာ ထိုမှနေ ရဲရဲနီသည့် အရည်များ စီးကျလျက် ရှိနေပေသည် ... .။

**

All Chapters