← Chapters

စွမ်းအား

Vol. 71 Ch. 1139

စွမ်းအား

Vol. 71 Ch. 1139

ခြံဝင်းထဲတွင် လူအုပ်ကြီးက ပြန်လည် ရောက်ရှိလာသော ချန်လွေ့ကို ဝန်းရံထားကြသည်။ သူတို့က ကြွေးကြော်၊ ဝမ်းမြောက်၊ အပြစ်တင်နှင့် မထီမဲ့မြင် ပြုလုပ်နေကြပြီး စည်ကားနေသည်၏။

“ရှင်က တကယ် ‘အချိန်မှန်’တာပဲ။ နောက်ဆုံးနေ့ရောက်မှ ပြန်လာတယ်။ ဒီရက်တွေမှာ လူတချို့က နေ့တိုင်း အတွေးလွန်ပြီး အာရုံပျံ့လွင့် နေကြတယ်။ အဲဒါကြောင့် သူတို့ ချက်ပြုတ်နေရင်း သကြားနေရာ ဆားသုံးပြီးတော့ ရှာလကာရည်ကို ဝိုင်အနေနဲ့ သုံးတယ်။ ကျွန်မတို့ အပြစ်မဲ့တဲ့လူတွေ အဆိပ်မိလို့ သေလုနီးပါးဖြစ်နေပြီ။” အစ်ဇဘယ်လာ ထိုသို့ ပြောသော်လည်း သူ၏မျက်ခုံးနှင့် မျက်လုံးထောင့်များမှာ ဖုံးကွယ်ထား၍ မရနိုင်သော ဝမ်းသာမှုများ ပြည့်နေသည်။

“သော်သော် သိတယ်။ အဲဒါ ဒေါ်လေး ခီရာပဲ။” ချန်လွေ့၏ လက်မောင်းထဲမှ သော်သော်က ‘တရားခံ’၏ အမည်ကို ချက်ချင်းပြောလိုက်၏။ ကလေးမလေးပင် သားကောင် တစ်ဦး ဖြစ်ပုံရသည်။

အစေခံကဝေမက ‘အဆိပ်ခတ်ခြင်း’ အတွက် အပြစ်ရှိစိတ် အနည်းငယ်မျှမရှိဘဲ တခစ်ခစ် ရယ်လိုက်သည်။

“တောင်းပန်ပါတယ်။ ဒါက ကိုယ့်ရဲ့ အမှားပါ။ နောက်ကျမှ ပြန်လာခဲ့တယ်။” ချန်လွေ့က သူ၏ဇနီးနှင့် မိတ်ဆွေများက သူ့အတွက် စိုးရိမ်နေကြသည်ကို သိသည်။ စနောက်ခံရပြီးနောက် ချန်လွေ့သည် မိခင်နိုင်ငံနှင့် ပြည်သူလူထုထံ အပြစ်များ ဝန်ခံခဲ့သည်။

“ရှင် ပြန်လာရင် ရပါပြီ။” သူ၏ဘေးမှ အသီနာက သူ၏လက်ကို တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။ ထိုနေရာကို မောင်းမဆောင်က အထူး ဖယ်ထားခြင်း ဖြစ်သည်။ အသီနာက ယခု အဖိုးတန်ဆုံး မိခင်လောင်း ဖြစ်သည်။ သော်သော်မှလွဲ၍ သူက ‘အမြင့်ဆုံး’ အဆင့်အတန်း ရှိသည်။

“လူတိုင်းရဲ့ စွမ်းအားက အတော်လေး မြန်မြန် တိုးတက်လာတာပဲ!” ချန်လွေ့က သူ၏ ဆွေမျိုးများကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ “ဇိုလာ မင်း အောင်မြင်သွားပြီလား။ မင်းရဲ့စွမ်းအားက နတ်ဘုရား-ယောင် အလယ်ပိုင်းကို ရောက်တော့မှာပဲ... အဲ... လာလာရီယာက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းကို ရောက်နေပြီလား။ အစ်ဇဘယ်လာနဲ့ အိုလီဖီးရက်စ်တို့လည်း တိုင်းပြည်အဆင့် အထွတ်အထိပ်မှာ။ ပြီးတော့ ဒေလီယာ...”

မစ်-နတ်မိမယ်နဂါးက ကျေနပ်စွာ ပြုံးလိုက်ပြီး လက်ထဲမှ တောင်ဝှေးကို ပြသလိုက်သည်။ ၎င်းက အစွမ်းထက် ဒြပ်စင်တုန်ခါမှုကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ဒြပ်စင်နတ်ဘုရားမတောင်ဝှေး ဖြစ်လောက်သည်။ ထိုအဆောင်ပစ္စည်းကို ရရှိခဲ့သည့် ဖြစ်စဉ်နှင့် ထို့နောက် ဒြပ်စင် လောက၌ လေ့ကျင်ခြင်းက အတော်လေး အန္တရာယ်များသည်ဟု ဖော်ပြနိုင်သည်။ စိတ်ကူးမရနိုင်အောင် ခက်ခဲသော်လည်း ဇိုလာက နောက်ဆုံးတွင် ဇွဲလုံ့လရှိရှိဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သူ၏ အလွန် ပျော်ရွှင်သော ပုံစံကို မြင်တွေ့နိုင်သည်။ ယခင်က အခက်အခဲ ပင်ပန်းမှုအားလုံးမှာ ထိုက်တန်ခဲ့ပေသည်။

ရင်ပြား လိုလီ၏ ထူးခြားသော ရယ်သံ။ သူ့မှာ မိန်းမလှတွေ အများကြီး ရှိတဲ့ မုန်းတီးစရာအချက်ကလွဲရင် ဒီလူသားက လုံးဝ ရွံရှာစရာ မကောင်းဘူး။ သူက မိတ်ဆွေ တစ်ယောက်လို ခံစားရတယ်။ အရေးအကြီးဆုံးက သူ ပြန်လာတော့ ဒီမိန်းမလှတွေ စိတ်ဓာတ် တက်ကြွပြီး လှပလာကြတာပဲ။ မဒမ်-လာလာရီယာ အတွက်မူ မျက်စိပသာဒ ဖြစ်စေသော အရာပင်။ တကယ်လို့သာ ငါ သူတို့ထဲက နှစ်ယောက်လောက်နဲ့ ငြိနိုင်ခဲ့ရင်...

ဆရာသခင် အဆိပ်နဂါးက အနည်းငယ် မျက်နှာနီရဲသွားသည်။ သူက လွန်ခဲ့သော ၂နှစ်က နတ်ဘုရားတစ်ပိုင်း အဆင့် ကနဦးပိုင်းတွင် ရှိခဲ့ပြီး ယခုအခါတွင် ထိုအဆင့်မှာပင် ရှိနေသေးသည်။ သူက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းနှင့် တစ်လှမ်းသာ ကွာဝေးသော်လည်း သူ အဆင့်မတက် နိုင်သေး။ ယှဉ်ကြည့်လျှင် အစ်ဇဘယ်လာက နတ်ဘုရားတစ်ပိုင်း အဆင့် အတားအဆီးကို ခပ်ရေးရေးလေး ထိတွေ့နေပြီဖြစ်ကာ အိုလီဖီးရက်စ်က တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေရင်း ရိုမန်က တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်သည်။ ပျင်းရိသော ဒိုဒိုပင်လျှင် ဖိုက်သွန်၏ ဖိအားပေးမှုနှင့် အစ်ဇဘယ်လာ၏ သွေးဆောင်မှု အောက်တွင် တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အကယ်၍ ပါ့ဂ်လီအိုသာ အဆင့်တက်ရန် မကြိုးစားပါက သူ လာလာရီယာကို မမီနိုင်ခင် နောက်မှ ကောင်များ သူ့ကို ကျော်သွားလိမ့်မည်။

ဖိုက်သွန်၏ အသံ ထွက်ပေါ်လာသည်။ “ဆာ။ တံခါးဝမှာ ရှင် ကျွန်မကို ပေးခဲ့တဲ့ ခံစားချက်... နည်းနည်း ထူးဆန်းတယ်။”

“ဒါက... တကယ် နည်းနည်း ထူးဆန်းတာ အမှန်ပဲ။” ဖိုက်သွန် ပြောသည့် အတိုင်းပင် ဇိုလာက တွေးရင်း ခေါင်းညိတ်လိုက်သည်။

ပါ့ဂ်လီအိုလည်း တုံ့ပြန်လိုက်သည်။ “ဟုတ်တယ်။ သူ့ရဲ့ တည်ရှိမှုကို မခံစားရ သလိုမျိုးပဲ။ ဒါက...”

“‘သဘာဝ’ပဲ။” လာလာရီယာက ဆက်ပြောသည်။ “မင်းက သဘာဝထဲကို လုံးဝ ပေါင်းစပ်သွားပြီးတော့ ကျောက်တုံး တစ်တုံး ဒါမှမဟုတ် လေပြေတစ်ခုလို သာမန် ဖြစ်နေတယ်။ ဒါ ထူးခြားတယ်လို့ မခံစားရရုံတင် မကဘူး။ မင်းရဲ့ အဆင့်ကို လုံးဝ မခံစားမိတော့ဘူး။”

“အပေါ်ယံအဆင့် မပြောင်းသေးဘူး။ သူ နတ်ဘုရားတစ်ပိုင်း အထွတ်အထိပ်မှာ ရှိနေတုန်းပဲ။” ဖိုက်သွန်က မျက်မှောင် ကြုတ်လိုက်သည်။ “တစ်ခုခု ပြောင်းလဲ သွားရမယ်လို့ ကျွန်မ ပင်ကိုအသိစိတ်က ပြောနေတယ်။ ဒါပေမဲ့ ကျွန်မ အဲ့ဒါကို မခံစားမိဘူး။”

“ကျုပ် ရှက်မိပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ရင်တော့ ဘာမှမပြောင်းခဲ့ဘူး။” ချန်လွေ့ ခေါင်းခါသည်။ “တကယ်တော့... ဒီ၂နှစ်အတွင်းမှာ ကျုပ် အချိန်အများစုကို လမ်းလျှောက်ရင်း၊ စိတ်ရဲ့ အစနဲ့အဆုံးကို စူးစမ်း ရှာဖွေရင်းနဲ့ပဲ ကုန်ဆုံးခဲ့တယ်။ ဒီအခြေအနေကို ကျော်လွန်ဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် ကျရှုံးခဲ့တယ်။”

ကျရှုံးခဲ့တယ် ဟုတ်လား။ လူတိုင်း အံ့ဩသွားကြသည်။ အစ်ဇဘယ်လာက သတိအရှိဆုံးဖြစ်ပြီး အဓိက စကားလုံး တစ်ခုကို ချက်ချင်း ဆုပ်ကိုင်လိုက်သည်၊ “ရှင်ပြောတဲ့... ‘ဒီအခြေအနေ’ဆိုတာက ဘာကို ပြောတာလဲ။”

“ ‘ဒီအခြေအနေ’လေ။” ချန်လွေ့က ပခုံးတွန့်လိုက်သည်။

“‘လောက’ ပြင်ပ အခြေအနေလား။” ဖိုက်သွန် သဘောပေါက်သွားသည်။

“အင်း...” ချန်လွေ့ ပြောနေသော အရာမှာ သာမန် အခြေအနေ နတ်ဘုရား တစ်ပိုင်း နယ်ပယ် ဖြစ်ပြီး ၎င်းက အတားအဆီး တစ်ခုကို ကိုယ်စားပြုသည်။ အကယ်၍ ဖောက်ထွက်ရန် အခွင့်အရေး တစ်ခုကို ရှာတွေ့ပါက ကြယ်ခြောက်၆ပွင့် ဆင့်ကဲ ပြောင်းလဲခြင်း တစ်ခုလုံးက စစ်မှန်သော ပြောင်းလဲခြင်း တစ်ခုကို ကြုံတွေ့ရနိုင်ပေသည်။

“ရှင့်ရဲ့ လေ့ကျင့်ရေး လမ်းကြောင်းက သာမန်အသိကို ကျော်လွန်သွားခဲ့ပြီ။” ဖိုက်သွန် စဉ်းစားရင်း ပြောလိုက်သည်။ “ကျွန်မ မေးချင်တာ တစ်ခုပဲ။ ရှင့်မှာ နတ်ဘုရား-ယောင် အထွတ်အထိပ်နဲ့ ယှဉ်ပြိုင်နိုင်တဲ့ စွမ်းအား ရှိနေပြီလား။”

“သိပ်တော့ မသေချာဘူး၊ ဒါပေမဲ့... စမ်းကြည့်လို့ရပါတယ်။” ချန်လွေ့က သူ၏ သမီးလေးကို နမ်းလိုက်ပြီး သော်သော်ကို ခီရာထံသို့ လွှဲပေးကာ ထရပ်လိုက်သည်။

“အတော်လေး ယုံကြည်မှု ရှိနေပုံပဲ။” ဖိုက်သွန်၏ မျက်မှောင်ကြုတ်လိုက်ရာ လူတိုင်း တုန်လှုပ်သွားကြသည်။ သူတို့ အဝေးသို့ တယ်လီပို့ခြင်း ခံလိုက်ရပြီး အလယ်တွင် ချန်လွေ့နှင့် ဖိုက်သွန် နှစ်ဦးတည်းသာ ကျန်ရစ်တော့သည်။

အနီးအနားမှ နေရာလွတ်က မီးခိုးများ ဖုံးလွှမ်းနေသော ရွှံ့နွံတစ်ခု အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားလေသည်။ ကောင်းကင်က မှိုင်းညို့နေ၏။ မီးခိုးများ ဖုံးလွှမ်းနေသော ရွှံ့နွံမှ အပင်များနှင့် မြေကြီးက အများအားဖြင့် အနက်ရောင် ဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ပေးစွမ်းနေသည်။

ချန်လွေ့က ထိုအငွေ့အသက်တွင် ပါဝင်သော ကြီးမားသော စွမ်းအားက အစပိုင်းတွင် ဆာရီရယ်ကို ရင်ဆိုင်ခဲ့စဉ်က ထက်ပင် ပိုမို၍ အားကောင်းသည်ကို သေသေချာချာ အာရုံခံမိသည်။ သူ အနည်းငယ် တုန်လှုပ်သွားသည်။ “ဒါက ခင်ဗျားရဲ့ အထွတ်အထိပ် အဆင့်လား။”

“မဟုတ်ဘူး။ ဒါက အဲဒီတုန်းက ကျွန်မရဲ့ အထွတ်အထိပ်အခြေအနေထက် နည်းနည်း ပိုပြီးတော့ အစွမ်းထက်တယ်။” ဖိုက်သွန်က အနည်းငယ် ဂုဏ်ယူစွာ ပြုံးလိုက်သည်။ “ဒါက ဆာရီရယ်ရဲ့ ဝိညာဉ်နဲ့ ရှင် ကျွန်မကို ပေးခဲ့တဲ့ ထူးဆန်းတဲ့လောကရဲ့ စွမ်းအားကြောင့်ပဲ။ ကျွန်မသာ သိဒ္ဓိအလင်းတောင်ကို တက်ပြီး မိုက်ကယ်နဲ့ တိုက်ခိုက်ရင်တောင် သူ့ကို ယှဉ်ပြိုင်နိုင်တဲ့ ယုံကြည်မှု ရှိတယ်။”

ဖိုက်သွန်၏ မျက်လုံးများက ချန်လွေ့ အပေါ် စူးစိုက်နေပြီး အသံနေအသံထား ပြောင်းလဲသွား၏။ “ရှင့်ရဲ့ လွန်ခဲ့တဲ့ ၂နှစ်အတွင်း ‘လောက’နဲ့ အဆက်အသွယ် ဖြတ်ပြီး လေ့ကျင့်ခဲ့တာက ရှင့်ရဲ့ နတ်ဘုရား-ယောင် ပြောင်းလဲခြင်းက ပိုပြီးတော့ အစွမ်းထက်လာအောင် ရှင့်ရဲ့ ကိုယ်ပိုင် အခြေခံစွမ်းအား အရည်အသွေး ပြောင်းလဲမှု တစ်ခုခု ဖြစ်ပေါ်စေဖို့လား။ ဒါမှမဟုတ် ဒီထက်ပိုတဲ့ ဖောက်ထွက်မှု တစ်ခုအတွက်လား။”

“ဖိုက်သွန်ဆိုတဲ့ အတိုင်းပဲ။” ချန်လွေ့ အံ့ဩသွားသည်။ “ဒါက လုံးဝတော့ မဟုတ်ပေမယ့် အလှမ်း မဝေးသေးပါဘူး။ အနည်းဆုံးတော့ အကြောင်းရင်းရဲ့ အစိတ်အပိုင်းတစ်ခုက ဒီအတိုင်းပါပဲ။”

“ဒါဆိုရင် နောက်ဆုံး ပြောင်းလဲခြင်း စွမ်းအားကို ကြည့်ခွင့်ပြုပါ။ ကျွန်မ ရှင့်ကို သတိပေးလိုက်မယ်။ ခင်ဗျား ‘လောက’နဲ့ ပေါင်းစပ်တဲ့အခါ သိပ်ပြီး အံ့ဩမသွားနဲ့။” ထိုသို့ပြောပြီးနောက်တွင် ချန်လွေ့က ကြောက်မက်ဖွယ်ကောင်းသော ဖိနှိပ်မှု အင်အားက မျက်နှာထံသို့ တိုက်ခတ် လာသည်ကို ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် ချက်ချင်း မလှုပ်ရှားနိုင်တော့ဘဲ အသက်ပင်ရှူရန် ခက်ခဲသွားခဲ့သည်။

ချန်လွေ့က လွန်ခဲ့သော ၂နှစ်အတွင်း မူလ ခန္ဓာကိုယ်နှင့် စိတ်၏ လေ့ကျင့်မှုကို အာရုံစိုက်ခဲ့သည်။ သူက စူပါစနစ်ထဲသို့ တမင်တကာ မဝင်ရောက်ခဲ့ပေ။ ယခု ဆာရီရယ်ထက်ပင် အစွမ်းထက်လှသော ဖိုက်သွန်ကို ရင်ဆိုင်ရာတွင် သူက သာမန် အခြေအနေတွင် သူ့ကို မကိုင်တွယ်နိုင်။ အတွေးတစ်ချက် ပြောင်းလိုက်သည်နှင့် သူက ၂နှစ်ကြာ အသုံးမပြုခဲ့သော [ဓူဝံကြယ်ခရမ်းအသွင်ပြောင်းခြင်း]ကို နောက်ဆုံး အသက်သွင်းလိုက်သည်။

ခရမ်းရောင်ကြယ်အလင်းက [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်]ကို ချက်ချင်း ပြည့်နှက်သွားပြီး အနက်ရောင် လောကမှာ ဖောက်ထွင်းမြင်နိုင်သွား၏။ ဖိုက်သွန် ရယ်လိုက်သည်။ မရေမတွက် နိုင်သော အနက်ရောင် မီးခိုးများက တိုင်းပြည်မှ ထွက်လာပြီး တောက်ပသော ကြယ်ရောင်ကို အဖူးမှာပင် သတ်ရန် ကဲ့သို့ပင် ချန်လွေ့ကို ပတ်ရစ်သွားသည်။

အနက်ရောင် မီးခိုးထဲတွင် လွှမ်းမိုး နိုင်သော အရှိန်အဝါတစ်ခု ရှိနေသည်။ တိုင်းပြည် အပြင်ဘက်မှ လူတိုင်းပင် ၎င်းကို ခံစားမိသည်။ ဇိုလာ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ အကြောင်းမှာ ဖိုက်သွန်က တိုင်းပြည်၏ အစွမ်းအထက်ဆုံး စွမ်းအားကို တိုက်ရိုက် အသုံးပြုခဲ့၍ပင်!

နတ်မိမယ်နဂါးက ယခု နတ်ဘုရား-ယောင် အလယ်ပိုင်းနှင့် နီးစပ်နေပြီဖြစ်ပြီး သူ့တွင် ဒြပ်စင်နတ်ဘုရားမသရဖူနှင့် ဒြပ်စင်နတ်ဘုရားမတောင်ဝှေး ဟူသော အဆောင်ပစ္စည်းနှစ်ခု ရှိနေသည်။ သို့သော် ဖိုက်သွန်၏ အရှိန်အဝါကို ရင်ဆိုင်ရလျှင် ချက်ချင်း ကြေမွသွားပေလိမ့်မည်။

အနက်ရောင် မီးခိုးက တဖြည်းဖြည်းနှင့် ထူထဲလာခဲ့သည်။ ခဏလေးအတွင်းမှာပင် ချန်လွေ့ လုံးဝ လွှမ်းမိုးခံလိုက်ရသည်။ ခရမ်းရောင် ကြယ်အလင်းရောင်လည်း သူ့ကို ချုပ်နှောင်ထားသော ဧရာမ ပိုးအိမ် တစ်ခုကဲ့သို့ လျင်မြန်စွာ ပိတ်ဆို့ခြင်း ခံလိုက်ရသည်။

အနက်ရောင် ပိုးအိမ်ထဲမှ ချန်လွေ့က ဘာမှမမြင်နိုင်ဘဲ အသိစိတ် တစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော သေခြင်း စွမ်းအား ရှိသည့် အဆုံးမဲ့ အမှောင်ထုသာ ရှိနေသည်။

ဖိုက်သွန်၏ မျက်လုံးများတွင် အံ့ဩမှု ရုတ်တရက် လင်းလက်သွားလေသည်။ အနက်ရောင် ပိုးအိမ်က ရုတ်တရက် ကွဲအက်သွားပြီး ယခင်ထက် အဆပေါင်း များစွာ တောက်ပမှုကို ဖော်ပြနေသည်။ ထို့နောက် အနက်ရောင် ပိုးအိမ်တစ်ခုလုံး စုတ်ပြဲသွားခဲ့သည်။ ပေါက်ကွဲလာသော ပြင်းထန်သည့်အလင်းရောင်က တိုက်ပွဲကို ကြည့်နေသော လူတိုင်းကို တည့်တည့် မကြည့်နိုင် ဖြစ်စေပြီး သူတို့အားလုံး မျက်လုံးမှိတ်လိုက်ကြသည်။

ချန်လွေ့က [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]၏ စိတ်ကူးမနိုင်သော စွမ်းအားကို အံ့ဩသင့်စွာ ခံစားလိုက်ရပြီး ဖိုက်သွန်က အဘယ်ကြောင့် “သိပ်ပြီး အံ့ဩမသွားနဲ့” ဟူ၍ ပြောခဲ့သည်ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။ အကြောင်းမှာ ထိုအချိန်တွင် စူပါစနစ်မှ ပြသလာသော ယုံကြည်မှုနှင့် အသက် စွမ်းအားက လွန်ခဲ့သော ၂နှစ်ကထက် အဆပေါင်းများစွာ အစွမ်းထက်နေ၍ပင်!

ထိုသို့ စွမ်းအားက [ဓူဝံကြယ်ခရမ်း အသွင်ပြောင်းခြင်း]၏ စွမ်းအားကို တိုက်ရိုက် သက်ရောက်ခဲ့ပြီး ဖိုက်သွန်၏ ချုပ်နှောင်ခြင်း စွမ်းအားကို မျှော်လင့် ထားသည်ထက် ပိုမိုလွယ်ကူစွာ စုတ်ဖြဲ ပစ်လိုက်သည်။

ချန်လွေ့ ချက်ချင်း တုံ့ပြန်လိုက်သည်။ ကြယ်နှစ်ပွင့် တိုးမြှင့်မှု!

ကြယ်နှစ်ပွင့် တိုးမြှင့်မှု ပြီးခဲ့သော ‘နတ်ဘုရားများ’က သူ၏စိတ်ထဲချက်ချင်း ပေါ်လာခဲ့သည်။ သူ အာရုံခံမိလိုက်ရာ ထိတ်လန့်သွားသည်။

အတော်လေး များတာပဲ!

အာရုံလွင့်သွားစဉ် မျက်နှာချင်းဆိုင်မှ ဖိုက်သွန်က ပြောင်းလဲမှု တစ်မျိုးမျိုးကို ကြုံခဲ့ရပြီး ကောင်းကင်မှ အနက်ရောင် မီးခိုးများက အနက်ရောင် အတောင်ပံ တစ်စုံ အဖြစ်သို့ စုစည်းသွားခဲ့သည်။ သူ၏ ကိုယ်ပေါ်တွင် အနီရင့်ရောင်နှင့် အနက်ရောင်တို့ ပါဝင်သော လှပသော ချပ်ကာတစ်ခု ရှိနေသည်။ ၎င်းမှာ နတ်ဆိုးဘုံ၏ ကျောက်မျက်ရတနာကဲ့သို့ ဖြစ်နေပြီး အမှောင်နှင့် နက်ရှိုင်းသော အလင်းကို ထုတ်ဖော်ပြသနေ၏။

ချန်လွေ့သည် ဖိုက်သွန်၏ ထိုသို့သော [ယုံကြည်မှုချပ်ကာ] မျိုးကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထိုအရာမှာ စူပါစနစ်၏ ကြယ်ချပ်ကာနှင့် သူ၏ ကိုယ်ပိုင်ချပ်ကာ ပေါင်းစပ်မှု ဖြစ်နိုင်သည်။ သူ၏ တိုင်းပြည်လည်း ပေါင်းစပ်သွားပြီ ဖြစ်သည်။ ဇိုလာ၏ နှစ်ထပ်တိုင်းပြည်နှင့် မတူပေ။ ဖိုက်သွန်က နှစ်ခုကို တစ်ခုတည်း အဖြစ် လုံးဝပေါင်းစပ်လိုက်သည် ဖြစ်ရာ စွမ်းအားမှာ ပို၍ပင် ကြီးမားလှ၏။

လာလာရီယာလည်း ထိုသို့သော ပေါင်းစပ်မှုကို ကြိုးစားနေခဲ့သော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

[ယုံကြည်မှုချပ်ကာ]ကို ဝတ်ထားသော ဖိုက်သွန်က အသေအချာပင် အစွမ်းကုန် ထုတ်ပြနေပြီ ဖြစ်သည်။

“ကြမ္မာဆိုး အမည်နာမနဲ့!” ဖိုက်သွန် လက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သော စွမ်းအားက ချန်လွေ့ထံ တိုးဝင်လာသည်။ အနီရောင်အလင်းက အမှောင်ထုထဲတွင် ပေါ်လွင်နေပြီး အချိန်မရွေး ပေါက်ကွဲ ထွက်တော့မည့်အလား ထင်ရ၏။

ချန်လွေ့လည်း ညာဘက်လက်ကို မြှောက်လိုက်ရာ လည်ပတ်နေသော ကြယ်မှုန်များက ဧရာမ နေအဖွဲ့အစည်း တစ်ခုကဲ့သို့ အနီရင့်ရောင် အလင်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။ စွမ်းအားနှစ်ခု ချက်ချင်း တိုက်မိသွားပြီး တိုင်းပြည် တစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော အင်အားနှစ်ခုအောက် တုန်ခါသွား၏။

တိုက်ပွဲကို ကြည့်ရှုနေသော လူတိုင်းက နေရာလွတ်မှာ ပြင်းထန်စွာ တွန့်လိမ် သွားသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ဝိညာဉ်များပါ တွန့်လိမ်သွားသလိုပင်။

“ဘုန်း!”

စွမ်းအားအစုအဝေးနှစ်ခု တစ်ချိန်တည်း ဗလာနတ္ထိအဖြစ်သို့ ပြောင်းလဲသွားသည်။ သူတို့က အင်အားမျှနေကြသည်။

လူတိုင်း၏ အသိစိတ်ထဲမှ ဝိညာဉ် တွန့်လိမ်သည့် ခံစားချက် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ဖိုက်သွန် လှုပ်ရှားလိုက်သည်။ “ဒါက ရှင်ပြောတဲ့ ‘ကျရှုံးသွား’တဲ့ စွမ်းအားလား။”

ချန်လွေ့ ခေါင်းညိတ်သည်။ “အင်း။ ကျုပ် ပြောခဲ့သလိုပဲ။ ကျုပ် အဆင့်တက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။”

ဖိုက်သွန်က သူ့ကို နက်နက်ရှိုင်းရှိုင်း ကြည့်လိုက်သည်။ [ကြမ္မာဆိုး ကပ်ဘေး တိုင်းပြည်] တဖြည်းဖြည်း ပျောက်သွားပြီး ချန်လွေ့သည်လည်း ကြယ်ချပ်ကာကို သိမ်းဆည်းလိုက်သည်။

ခုနက အစွမ်းသဘော တိုက်ခိုက်မှု တစ်ခုသာဖြစ်သည်။ အကယ်၍ သူတို့ ဆက်လက် တိုက်ခိုက်ပါက ထိန်းချုပ်ရန် ခက်ခဲလိမ့်မည်။ ဘေးမှ အခြားသူများကို ထိခိုက်မိပါက ဆုံးရှုံးမှုနှင့် မတန်ပေ။

“စေတန်သာ အခု ရှင့်ရဲ့ရှေ့မှာ ရှိနေရင်တောင် အနိုင်ရဖို့ သေချာမှာ မဟုတ်ဘူး။ နောက်ထပ် သုံးလေးနှစ် ဆိုရင်... ဟွန့်... အဲဒီကောင်က ရှင့်ကို ၁၀နှစ် အချိန်ပေးခဲ့တာကို သေချာပေါက် နောင်တရမယ်လို့ ကျွန်မ ထင်တယ်။ ရှင် ‘အောင်မြင်’ပြီးရင် ရောက်မယ့် အဆင့်ကို ရုတ်တရက်ကြီး မျှော်လင့်နေမိတယ်...”

“ဒါနဲ့ နှိုင်းယှဉ်ရင် ခင်ဗျားပြောခဲ့တဲ့ ‘အံ့ဩစရာ’က ကျုပ်ကို ပိုပြီးတော့ အံ့အားသင့်စေတယ်။ ကျုပ် ခုနက အသက်သွင်းခဲ့တဲ့ အသွင်ပြောင်း စွမ်းအားက ထင်ထားတာထက် ကျော်လွန် သွားခဲ့တယ်။” ချန်လွေ့က ကစားပွဲကို ကြည့်ရှုနေသော ဆွေမျိုး အုပ်စုကို ကြည့်လိုက်သည်။ “ဒီလို ‘အံ့ဩစရာ’ကို ဘယ်လို ဖော်ပြရမလဲဆိုတာ မသိဘူး။ ‘စိတ်လှုပ်ရှားတယ်’ ဆိုတဲ့ အသုံးအနှုန်းက အပေါ်ယံဆန်သလိုပဲ။”

“ရှင် ဒီ‘အံ့ဩစရာ’ စွမ်းအားကို ပိုပြီး ရင်းနှီးအောင်နဲ့ ပေါင်းစပ်ဖို့ လိုသေးတယ်။ မကြာခင် သိဒ္ဓိအလင်းတောင် ခရီးစဉ်က အဲဒီဗိုလ်ကျတဲ့ အကောင် သုံးယောက်ကို တကယ့် အံ့ဩစရာတွေ ယူလာပေးမယ် ဆိုတာ ကျွန်မ ယုံကြည်တယ်။”

“ဒါပေါ့။ ကျုပ်မှာ ဒီယုံကြည်မှုနဲ့ ပြတ်သားမှု ရှိတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်တည်း မဟုတ်လို့ပဲ။ ဒါကြောင့် ကျုပ် ဒီနေ့ ဒီအချိန်အထိ ရောက်လာခဲ့တာ။”

ဖိုက်သွန်က ပျံသန်းလာနေသော သော်သော်နှင့် နောက်မှ ရယ်မောနေသော လူများကို ကြည့်လိုက်ပြီး တိုးညင်းစွာ သက်ပြင်းချလိုက်၏။ “ရှင့်မှာရှိတာက...”

“ဟမ်...” ချန်လွေ့က ဖိုက်သွန်ကို ကြည့်လိုက်သော်လည်း ဖိုက်သွန်က ဆက်၍ မပြောတော့ပေ။ သူ၏ပုံရိပ် စတင်၍ မှေးမှိန်လာသည်။

ချန်လွေ့က ထိုအကြောင်း စဉ်းစားရန် အချိန်မရှိလိုက်။ အကြောင်းမှာ သော်သော် ပြေးဝင်လာ၍ပင်။ ချန်လွေ့ ပြုံးလိုက်ပြီး အဖိုးတန်သမီးကို ပွေ့ဖက်လိုက်၏။

All Chapters