← Chapters

ပြန်ရောက်လာခြင်း

Vol. 71 Ch. 1138

ပြန်ရောက်လာခြင်း

Vol. 71 Ch. 1138

ခရမ်းရောင် လနှစ်စင်းက ကောင်းကင် အမြင့်ပေါ်၌ အမှောင် တောက်ပမှုကို ထုတ်လွှတ်နေပြီး လွန်ခဲ့သော ၂နှစ်က အေးစက်မှုလိုမျိုးပင်။

ခြံဝင်းထဲတွင် အစေခံ ကဝေမလေးက ပါးပြင်များကို ကိုင်ကာ ကောင်းကင်ကို ငေးမောကြည့်နေ၏။

“ခီရာ။ နင် အရူးထနေပြန်ပြီလား။”

“ဟမ်...” ခီရာ သတိပြန်လည်လာပြီး နောက်နေသော အစ်ဇဘယ်လာကို ကြည့်လိုက်၏။ “တစ်ယောက်ယောက်ကို သတိရနေရုံပါ။ ရှင်ရော မရဘူးလား။”

“ဟမ့် မရပါဘူး။” အစ်ဇဘယ်လာက မသိစိတ်ဖြင့် ပခုံးတွန့်လိုက်သော်လည်း ၎င်းက ယောက်ျား တစ်ယောက်၏ အကျင့် ဖြစ်ကြောင်း မေ့သွားခဲ့သည်။ “အဲဒီလူက အပြင်မှာ ပျော်နေလို့ အိမ်ပြန်ဖို့တောင် မေ့နေလောက်ပြီ။ သူက အများဆုံး ၂နှစ်ပဲ ကြာမယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ ဒီနေ့က ၂နှစ်ရဲ့ နောက်ဆုံးနေ့ ဖြစ်နေပြီ။ အခုထိ ပြန်မလာသေးဘူး။”

“သူ့ကို သတိမရဘူး ပြောခဲ့တာမလား။ ရင်းနီ။ ရက်အရေအတွက်ကို ဘယ်လိုလုပ် ဒီလောက် မှတ်မိနေတာလဲ။” ဒေလီယာ ရယ်လိုက်၏။

ဒေလီယာ ဘေးနားမှ အသီနာ၏ ဖောင်းနေသော ဝမ်းဗိုက်ကို ကြည့်ရင်း အစ်ဇဘယ်လာ၏ မျက်လုံးများတွင် မနာလိုသော အမူအရာ တစ်ခု လင်းလက် သွားသည်။ “လွန်ခဲ့တဲ့ သုံးလေးရက်က နင်တို့ အဲဒီ‘လောက’မှာ မတွေ့ဘူးလား။ အရင်က မာယာရှင် မျိုးနွယ်စုဆီကို ပြန်သွားတဲ့ ဟယ်လင်က အဲဒီ‘လောက’ရဲ့ နတ်ဘုရားမ ဖြစ်သွားပြီ။ ဟယ်လင် ဘာမှ မပြောပေမယ့် အဲဒီကောင်က ငါတို့ကို ထားခဲ့ပြီးတော့ ပင်လယ်သေကို ခရီးထွက်သွားပြီးတော့ လှပတဲ့ မာယာရှင် မင်းသမီးလေးနဲ့ ပတ်သက်ခဲ့တာကတော့ သေချာနေပြီ။”

“ဟယ်လင်က အမြဲတမ်း ငါတို့ရဲ့ မိတ်ဆွေပဲ။ ချန်လွေ့ကို ကယ်တင်ဖို့ အတွက် သူ့ရဲ့ အဖိုးတန်ဆုံး မာယာရှင် နှလုံးသားကို ပေးခဲ့တယ်။ သူက ဒဏ်ရာ အပြင်းအထန် ရခဲ့ပြီးတော့ ဆံပင်တွေ ငွေရောင် ပြောင်းသွားခဲ့တယ်။ သူ အခုထိ ပြန်မကောင်းသေးဘူး။” အသီနာ သက်ပြင်းချလိုက်၏။ “အဲဒီအချိန်မှပဲ ဟယ်လင်က သူ့ကို သဘောကျနေမှန်း ငါတို့ သိခဲ့ရတာ။ ဒါပေမဲ့ သူက အဲဒါကို နှလုံးသားထဲမှာပဲ သိမ်းထားခဲ့တယ်။ တကယ်လို့ ချန်လွေ့က ပေးဆပ်ချင်စိတ် ရှိတဲ့ ဒီလို မိန်းမမျိုးကို ဘာမှ မဖော်ပြခဲ့ရင် သူက ငါတို့ရဲ့ယောက်ျား ဖြစ်လာမှာ မဟုတ်ဘူး။ ပြီးတော့ ဟယ်လင် အဲဒီ ‘လောက’ရဲ့ နတ်ဘုရားမ ဖြစ်လာတာက ချန်လွေ့ရဲ့ စွမ်းအား တိုးတက်ဖို့အတွက် အကျိုးကျေးဇူး ကြီးကြီးမားမား ရှိတယ်။”

“အသီနာ။ နင် အရမ်းရက်ရောတာပဲ။ ဒီလို မယားအငယ်ကို သည်းမခံသင့်ဘူး!” ပြောလိုက်သူက အံကြိတ်နေသော အဲလစ် ဖြစ်သော်လည်း မယားအငယ် တစ်ဦး ဖြစ်ရခြင်း၏ အသိစိတ် လုံးဝ မရှိပေ။ တကယ် မယားအငယ် မယ်ဒီလူက မကြားဟန်ဆောင်ကာ အယ်ဒီလိုင်းနှင့် တိုးတိုးလေး စကားပြောနေ၏။

အဲလစ်က ဟယ်လင်ကို မမုန်းပေ။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ၎င်းမှာ မနာလိုခြင်း၊ အားကျခြင်းနှင့် မုန်းတီးခြင်း ဖြစ်သည်။ ငါလည်း ‘မင်းသမီးနှလုံးသား’ ကို အစ်ကို့ဆီ ပေးခဲ့တာပဲ။ ဘာလို့ အစ်ကိုက ငါ့ကို ‘နမ်း’ရုံပဲ နမ်းရတာလဲ။ နောက်ထပ် ရှေ့ဆက်တာမျိုး မရှိဘူး။ ဟို ဖတ်ဖတ်ဖတ် ဆိုတာကို ထားလိုက်ဦး...

ပြီးတော့ အဲဒီ‘လောက’ရဲ့ နတ်ဘုရားမ၊ ငါက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပထမဆုံး ရခဲ့တာ။ ဘာလို့ အခုထိ မအောင်မြင် ရသေးတာလဲ။ မြေခွေးမနဲ့ ဒေလီယာလို ရင်သားကြီးပြီးတော့ ဦးနှောက်မရှိတဲ့ တိုက်ခိုက်ရေး အမျိုးအစား မိန်းမတွေကို ထားလိုက်ဦး၊ တိုက်ခိုက်ရေး အမျိုးအစား မဟုတ်တဲ့ ခီရာ၊ အယ်ဒီလိုင်း၊ ဟယ်လင်နဲ့ တခြားသူတွေတောင် အောင်မြင်သွားပြီ!

“ငါထင်တာကတော့...” အစ်ဇဘယ်လာက အဲလစ်ကို ကြည့်ရင်း အတွေးထဲတွင် နစ်မြောသွားခဲ့သည်။ “ငါတို့ရဲ့ အုပ်ချုပ်သူ အသစ် တော်ဝင် မင်းသမီးလေးက ပင်လယ်သေကို စစ်တပ် စေလွှတ်ပြီး မာယာရှင် လက်ထဲက အစ်ကိုကို ကယ်ချင်နေတာလား။”

အသီနာ၏ ခန္ဓာအမျိုးအစားနှင့် သူ၏ သန္ဓေသားကြောင့် ၂နှစ်ကျော်ကြာ ကိုယ်ဝန်ဆောင်ခဲ့ပြီး မမွေးဖွားသေးပေ။ ရှီရာက အကြိမ်ကြိမ် စဉ်းစားပြီးနောက် အသီနာ၏ တောင်းဆိုမှုကို နောက်ဆုံး သဘောတူညီခဲ့ပြီး သူ့အား အမှောင်လ၏ အုပ်ချုပ်သူ ရာထူးနှင့် အင်ပါယာ၏ တတိယ ဗိုလ်ချုပ်ရာထူးမှ နုတ်ထွက်ခွင့် ပြုခဲ့သည်။ အကျိုးဆက် အနေဖြင့် အမှောင်လ အုပ်ချုပ်သူကို မင်းသမီးလေး အဲလစ်က ယာယီ တာဝန်ယူခဲ့ပြီး တတိယ ဗိုလ်ချုပ်ကို လူစီဖာ တော်ဝင်မိသားစုမှ ဆာရန်ဒီ တာဝန်ယူခဲ့သည်။

အပြင်လူများ၏ မျက်စိထဲတွင် ၎င်းက ကြယ်ကြွေတမန် အင်ပါယာရှိ ဧကရီ ရှီယာ၏ လှည့်ကွက် ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်မှာ သြဇာကြီးမားလာသော ဝေးလ်စ်မိသားစုကို ထိန်းချုပ်ရန်ပင်။

ရှေးယခင်ကတည်းက ယခုအချိန်အထိ အုပ်ချုပ်သူထက် သာလွန်ခြင်းက အုပ်ချုပ်သူများ၏ အထိခိုက်မခံဆုံးသော အရာ ဖြစ်သည်။ ကြယ်ကြွေတမန် အင်ပါယာ၏ ဗိုလ်ချုပ်သုံးဦး အနက် ဂျော့ချ်နှင့် အသီနာတို့က ရာထူးနှစ်ခုကို ရယူထားကြသည်။ အသီနာက ကြယ်ကြွေတမန် အင်ပါယာမှ အကြီးဆုံး နယ်မြေ၏လော့ဒ် ဖြစ်သည်။ သူက ဗိုလ်ခြေ အများစုကို ထိန်းချုပ်ရုံသာမက ကြီးမားလှသော စည်းစိမ်ဥစ္စာကိုလည်း ထိန်းချုပ်ထား၏။ ၎င်းက အုပ်ချုပ်သူကို သေချာပေါက် သံသယ ဖြစ်စေလိမ့်မည်။

ရှီရာ ပထမဆုံး ထီးနန်းတက်စဉ်က အခြေခံ အုတ်မြစ် မခိုင်မာသေးခြင်းနှင့် ဗိုလ်ချုပ်ကြီးဂျော့ချ်က အိမ်ရှေ့မင်းသား ဂါရမ်း၏ မျိုးဆက်ကို သစ္စာစောင့်သိသူ တစ်ဦး ဖြစ်နေပြီး အသီနာကလည်း အမှောင်လ၏ ‘ဝန်ကြီးဟောင်း’ တစ်ဦး ဖြစ်ရာ သူတို့ အားအဖကို အားကိုးခဲ့သည်။ ယခု ကြယ်ကြွေတမန် အင်ပါယာကို လုံးဝ ထိန်းချုပ်နိုင်သွားပြီ ဖြစ်နေရာ အချိန် ကြာမြင့်စွာ ချုပ်တည်းထားခဲ့သော ရှီရာက နောက်ဆုံး အစွယ်များကို ပြသခဲ့သည်။ အမြင်စူးရှသူများ အတွက်မူ ထိုအရာမှာ အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စ တစ်ခုသာ ဖြစ်သည်။

အမှောင်လ နယ်မြေသည် ရှီရာ၏ အခြေစိုက်စခန်းဟောင်း ဖြစ်ပြီး ၎င်းက ယခုအခါ နတ်ဆိုးဘုံတွင် အစည်ကားဆုံး နယ်မြေ ဖြစ်သည်။ ရှီရာ၏ ညီမတော် အဲလစ်က တာဝန်ယူခြင်းမှာ သဘာဝ အတိုင်းပင် ကျိုးကြောင်း ဆီလျော်လှ၏။

‘လျော်ကြေး’အနေဖြင့် ဗိုလ်ချုပ်ဂျော့ချ် ရက်ရောသော ဆုလာဘ်ကို ရရှိခဲ့ပြီး အသီနာကိုလည်း ဒုခ်ဘွဲ့ ပေးအပ်ခဲ့သည်။ မမွေးဖွားသေးသော ကလေးပင်လျှင် ဘွဲ့တစ်ခု ရှိသည်။ အသီနာ ကိုယ်ဝန် ရှိနေသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ကလေး၏ ဖခင်မှာ ကြယ်ကြွေတမန် အင်ပါယာအတွက် ကြီးမားသော အကျိုးပြုမှုများ ပြုခဲ့သော အတွင်းရေး ဉာဏ်ကြီးရှင် ချန်လွေ့ ဖြစ်လောက်သည်။ သို့သော် ထိုသူက မကြာသေးမီ နှစ်များအတွင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုလူသား သေဆုံးသွားပြီ ဖြစ်ကြောင်း ကောလာဟလများစွာ ရှိခဲ့ပြီး ၎င်းက အမျိုးသမီးလော့ဒ် (အမျိုးသမီးဗိုလ်ချုပ်) ကို တပ်မက်စေခဲ့သည်။ လူစီဖာ တော်ဝင် မိသားစုဝင်တစ်ဦး လက်ထပ်ခွင့်တောင်းရန် ရောက်ရှိလာခဲ့သော်လည်း အသီနာ၏ ဆဲဆို မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။ အချိန် ကြာလာသည်နှင့်အမျှ မည်သူမျှ မိမိကိုယ်ကို အရှက်မခွဲရဲတော့ပေ။

အမှန်တကယ်၌ အသီနာ၏ ဗိုက်ထဲမှ ကလေးမျာ ဧကရီ ရှီရာ၏ ကြင်ရာတော် မင်းသားနှင့် သက်ဆိုင်သည်ကို မည်သူမျှ စိတ်ကူးမိလိမ့်မည် မဟုတ်ပေ။ (ဧကရီ ရှီရာ သစ္စာဖောက်ခံရတာလား။)

အစ်ဇဘယ်လာ၏ လှောင်ပြောင်မှုကို ကြားလိုက်ရာ အဲလစ်က နှုတ်ခမ်းများကို မကျေမနပ်ဖြင့် တွန့်လိုက်သည်။ “ဟွန့် ဟွန့်! ကျွန်မ စစ်တပ်လွှတ်ရင် ပထမဆုံး ဖျက်ဆီးမှာက ရှင့်ရဲ့ မြေခွေးခြံဝင်းပဲ။”

“ကံဆိုးချင်တော့ မင်းသမီးလေး ဒုက္ခမပေးအောင် သူ့ရဲ့ အစ်မ ငါ့ကို ဗိုလ်ခြေနှစ်ခု စေလွှတ်ခွင့် ဟိုးကတည်းက ပေးထားခဲ့တယ်။” အစ်ဇဘယ်လာက ပြုံးလိုက်ပြီး မှော်တပ်မှူး တံဆိပ်တစ်ခုကို ထုတ်ပြလိုက်သည်။ “နင်က သာမန် မြို့စောင့်တပ်သားတွေကိုပဲ စေလွှတ်လို့ ရနိုင်တာ။ ငါတို့ စစ်ရေးလေ့ကျင့်မှု တစ်ခု လုပ်ကြမလား။”

စစ်ရေးလေ့ကျင့်ဖို့လား။ မြို့စောင့်တပ်နဲ့ သွေးနီ၊ မီးလျှံ ဗိုလ်ခြေ။ အဲလစ် စိတ်ဓာတ်ကျသွားသည်။ အစ်ကို့ရဲ့ စကားအတိုင်းဆိုရင် ဒါက မြို့တော် အုပ်ချုပ်ရေးအဖွဲ့နဲ့ လက်နက်ကိုင်ရဲတပ်ဖွဲ့ ဖြစ်နေပြီ။ အနိုင်ကျင့်တာမဟုတ်ဘူးလား။

“မင်းသမီးကောင်း တစ်ယောက်က မြေခွေးနဲ့ မတိုက်ခိုက်ဘူး။ ဟွန့် ဟွန့်၊ ကျွန်မ ရှင့်ကို လွှတ်ပေးလိုက်မယ်။”

မြေခွေးမတစ်ယောက်ကလည်း ဂရုမစိုက်ပေ။ သူက လက်မောင်းထဲမှ သော်သော်၏ ဆံပင်ကို သပ်ပေးရင်း မိတ်ဆွေ ဘက်တီကို ပြုံးပြလိုက်သည်။ ကလေးမလေးက ခုနက စကားနည်းနည်း ပြောပြီးတော့ အိပ်ပျော်သွားခဲ့တယ်။ ဒါက အံ့ဩစရာတော့ မဟုတ်ဘူး။ သူ မနက်က လူတိုင်းနဲ့ အပြင်ထွက် လည်ခဲ့ပြီးတော့ စိတ်လှုပ်ရှားနေခဲ့တယ်။ ပြန်လာတော့ ပင်ပန်းနေရောပေါ့။

“အစ်မ! ကျွန်မ ပြန်လာပြီ!” ခြံထဲ ဆောက်ထားသော မှော်တယ်လီပို့တံခါးမှ စိတ်လှုပ်ရှားနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ စိတ်အား ထက်သန်သော မစ်-နဂါးနက်ပင်။

အိုလီဖီးရက်စ်က လွန်ခဲ့သော ၁နှစ်က ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို နားလည် သဘောပေါက်ခဲ့ပြီး သလင်းကျောက်နက် ဒင်္ဂါး ၁၀သိန်းဆုကို ရခဲ့သည်။ ထိုကဲ့သို့ များပြားလှသော သလင်းကျောက်နက် ဒင်္ဂါးပမာဏက ကပ်စေးနှဲ တစ်ဦးလည်း ဖြစ်သော ဒိုဒိုကို လှုံ့ဆော်ပေးခဲ့သည်။ အကျိုးအမြတ်တပ်မက်သော ချွဲကျိကောင်က မမျှော်လင့်ဘဲ ဖိုက်သွန် အနောက်သို့ လိုက်သွား၍ [ကြမ္မာဆိုး ကပ်ဘေးတိုင်းပြည်]သို့ သွားလေ့ကျင့်ရန် ကမ်းလှမ်းခဲ့သည်။ နောက်ဆုံးတွင် သူက သိပ်မကြာခင်က ဆန္ဒ ပြည့်ဝခဲ့သည်။

လောဘကြီးပြီး ပျင်းရိသော ဒိုဒိုနှင့် နှိုင်းယှဉ်လျှင် မစ်-နဂါးနက်က ပိုက်ဆံကို ပိုမို၍ စွဲလမ်းပုံရသည်။ လောဘက ကောင်းမြတ်သော အရည်အချင်းတစ်ခု ဖြစ်သည်ဟူသော နဂါး ရည်ရွယ်ချက်ကို အခြေခံ၍ သူက သလင်းကျောက်နက် ဒင်္ဂါး ၁၀သိန်းရပြီးနောက် မကျေနပ်ခဲ့ပေ။ ထို့ကြောင့် သူက အဆင့်တိုးတက်မှုဆု အပေါ်သို့ မျက်စိကျနေခဲ့သည်။

အဆင့်ငယ်တွင် ၅သောင်းနှင့် အဆင့်ကြီးတွင် ၅သိန်း ရမည့် ဆုများက ‘ဘယ်လောက်ပဲဖြစ်ဖြစ် ပိုက်ဆံဆိုရင် အကုန်ယူမယ်’ ဟူသည်ကို ယုံကြည်သော မစ်-နဂါးနက်အတွက် နည်းပါးသော ပမာဏ မဟုတ်ပေ။ လွန်ခဲ့သောလတွင် မစ်-နဂါးနက် လာလာရီယာ အနောက်သို့ လိုက်၍ [ကြမ္မာဆိုးကပ်ဘေးတိုင်းပြည်] သို့ နောက်တစ်ခါ လေ့ကျင့်ရန် သွားခဲ့ပြီး တိုင်းပြည်အဆင့် အထွတ်အထိပ်သို့ ရောက်ရှိကာ အပိုဆု ၅သိန်း ရရှိခဲ့သည်။

“အိုလီဖီးရက်စ်။ နင့်ရဲ့ စွမ်းအားက တိုင်းပြည်အဆင့် အထွတ်အထိပ်ကို ရောက်သွားပြီပဲ။ တော်တယ်!” အစ်ဇဘယ်လာက သော်သော်ကို ခရိုဘီလက်စ်ထံသို့ လွှဲပေးပြီး ထရပ်ကာ ပြေးဝင်လာသော မစ်-နဂါးနက်ကို ပွေ့ဖက်လိုက်၏။ သူက ခေါင်းညိတ် လိုက်သည်။ “ငါ နင့်ကို ခဏနေရင် အပိုဆု ပေးမယ်။”

“အစ်မက အရမ်း ကြင်နာတာပဲ!” မစ်-နဂါးနက် အလွန် ဝမ်းသာသွားသည်။ သူက ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိပြီး ပတ်လည်ကို ကြည့်လိုက်၏။ “သူဌေးက ဘယ်မှာလဲ။ ပြန်မလာ သေးဘူးလား။”

ထိုစကား ထွက်ပေါ်လာသည်နှင့် အမျိုးသမီး အားလုံးက ဝမ်းနည်းသော အမူအရာများကို ပြသခဲ့ကြသည်။

“အဲဒီကောင်က မလာသေးဘူး။ ကတိ မတည်တဲ့ ယောက်ျားတွေက မယုံရဆုံးပဲ။ ပြီးတော့ ငါ့လို စကားတည်တဲ့လူတွေကမှ ယုံကြည်လို့ရတာ။ အိုဟိုဟိုဟိုဟို...”

ရယ်သံကို နားထောင်ရုံဖြင့် ရင်ပြား လိုလီ လာလာရီယာ ဖြစ်ကြောင်းကို သိနိုင်သည်။

“လာလာရီယာ! အိုလီဖီးရက်စ်!” အဲလစ်လည်း ပျော်ရွှင်စွာ ထရပ်လိုက်၏။ လာလာရီယာနှင့် အိုလီဖီးရက်စ်တို့က အဲလစ်ကို မျှဝခံစားနိုင်သည့် မိတ်ဆွေများ ဖြစ်ကြသည်။ အကြောင်းမှာ ထိုစဉ်က ပြားချပ်ခဲ့သော အိဗ်နှင့် အလျန်ပင်လျှင် ယခုအခါ လှပသော မိန်းကလေးများ အဖြစ်သို့ ကြီးပြင်းလာ၍ပင်။ အားနည်းပြီး ပိန်လှီသော အယ်ဒီလိုင်း၏ ရင်သားပုံစံပင် အနည်းငယ် ပုံပေါ်နေပြီ ဖြစ်သည်။ အဲလစ် တစ်ဦးတည်းသာ အရပ်နှင့် ရင်သား အရင်အတိုင်း ရှိနေဆဲဖြစ်ပြီး ၎င်းမှာလည်း မင်းသမီးလေးအတွက် အရှုပ်ထွေးဆုံး ကိစ္စပင်။

“မင်းက စကားတည်တယ် ဟုတ်လား။ အဲဒီတုန်းက မင်း ခဏခဏ ပြောခဲ့တယ်။ မင်းခန္ဓာကိုယ်နဲ့ အကြွေးဆပ်မယ်လို့လေ။ အခုထိ မင်း အဲဒီကောင်ရဲ့ ကုတင်ပေါ်ကို မတက်ရသေးဘူး။” နောက်မှ သဟဇာတ မဖြစ်သောအသံမှာ အတူ ပြန်လာခဲ့သော ပါ့ဂ်လီအို ဖြစ်သည်မှာ သေချာပေသည်။ လာလာရီယာ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်ပြီးနောက် လွန်ခဲ့သော ၂နှစ် အတွင်း သူက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းသို့ တက်ရောက်နိုင်ခဲ့သည်။ ပါ့ဂ်လီအိုက နတ်ဘုရားတစ်ပိုင်းအဆင့် အလယ်ပိုင်းနှင့် တစ်လှမ်း လိုနေသေး၏။ မိုးကြိုးကောက်ရိုက်တုတ် ရှိလျှင်ပင် သူက ထိုကြမ်းတမ်းသော လိုလီ၏ ပြိုင်ဘက် မဟုတ်နေရာ မနာလို ဖြစ်သည်ကို ရှောင်လွဲ၍ မရနိုင်ပေ။

“ငါ အရှုံးကို ဝန်ခံတယ်။ ဒီကောင်က သတ္တိမရှိပြီးတော့ အကောင်းမကြိုက်ဖို့ ဘယ်သူက ပြောလို့လဲ။ ငါ့ကိုယ်ကိုငါ ပေးအပ်တဲ့အခါ သူ လက်မခံရဲခဲ့ဘူးလေ။” လာလာလိုလီက ရဲရင့်စွာ ပြောလိုက်၏။

“အဲဒီကောင်က အမြဲတမ်း အကောင်း မကြိုက်တတ်ဘူး။ သူရဲ့ အတိကျဆုံး အချိန်က မင်းကို တွေ့ခဲ့တုန်းကပဲ။” အဆိပ်နဂါးက လက်ထဲမှ ဝိုင်ပုလင်းမှ တစ်ငုံသောက်ရင်း ပြုံးဖြီးဖြီး လုပ်နေ၏။ “ရိုမန်လေး။ အရင် တစ်ခေါက်တုန်းက မင်း ဒီလို ပြောခဲ့တာ။ ဟုတ်တယ်မလား။”

ချီးကိုဟုတ်! လာလာရီယာ အကြည့်ကို ခံစားမိရာ ရိုမန်လေးက အဆိပ်နဂါးကို သူ့အား ပါဝင်ပတ်သက်စေသည့်အတွက် သေလောက်အောင် ကျိန်ဆဲလိုက်သည်။ လာလာရီယာက ယခုအခါတွင် သူ၏ ‘လေ့ကျင့်ရေးနည်းပြ’ ဖြစ်နေလေပြီ။ ထို ‘နည်းပြ’က သူ၏လက်ရှိစွမ်းအားအတွက် အထောက်အကူ ဖြစ်သော်လည်း သူကို စော်ကားမိပါက လေ့ကျင့်ရေးထဲတွင် လက်စားချေပြီး သူ့ရဲ့ တတိယမြောက် ခြေထောက်ကို ချိုးပစ်မည် ဖြစ်သည်။

ရိုမန်သည် မကြားဟန်ဆောင်ကာ တန်းတန်းမတ်မတ် လျှောက်သွားခဲ့သည်? “အချစ်လေး ဒေလီယာ! အချစ်လေး မယ်ဒီလူ! ကိုယ် နောက်ဆုံးတော့ အဆင့် တက်သွားပြီ! အနမ်းတစ်ပွင့်နဲ့ ဆုချပါဦး!”

မယားငယ် မာဒီလူ သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း မလှုပ်မယှက် ထိုင်နေသော တရားဝင် ဇနီးကို ကြည့်လိုက်ပြီး နောက်တစ်ကြိမ် ထိုင်ချလိုက်၏။

ရိုမန်၏ မျက်နှာက မြို့ရိုးကဲ့သို့ ထူထဲလှသည်။ သူက အမျိုးသမီးနှစ်ဦး၏ အလယ်သို့ တန်းတန်းမတ်မတ် သွားပြီး ရှက်ရွံ့ခြင်း မရှိဘဲ ပွေ့ဖက်လိုက်သည်။ ဒေလီယာက ရိုမန်ကို ရန်လိုသော အကြည့်ဖြင့် စိုက်ကြည့်ပြီးနောက်တွင်မှ သူ့ကို ညင်သာစွာ နမ်းလိုက်သည်။ မယားငယ်က တရားဝင် ဇနီး၏ ခြေရာ အတိုင်း လိုက်ပါခဲ့သည်။

“မင်း ဘာလို့ အဓိက နေရာကို လုယူနေတာလဲ။ ဒီည ဇာတ်လိုက်က မင်း မဟုတ်ဘူး!” အဆိပ်နဂါးက ရိုမန်လေး ဘယ်ညာပွေ့ဖက်နေသည်ကို အနည်းငယ် မနာလို ဖြစ်သွားသည်။ သူက မစ်-မြနဂါးထံ လျှောက်သွားပြီး သရုပ်ပြအဖြစ် နမ်းလိုက်ရန် ကြိုးစားသော်လည်း မျက်လုံးစိမ်းဖြင့် ကြည့်နေသော မစ်-မြစိနဂါး၏ တွန်းထုတ်ခြင်း ခံလိုက်ရ၏။ “ဝိုင်နံ့တွေနဲ့။ သော်သော်နဲ့ ဝေးဝေးနေ!”

ဘက်တီလေး၏ လက်မောင်းထဲတွင် အေးအေးဆေးဆေးနှင့် အိပ်နေသော သော်သော်ကို မြင်ရာ အဆိပ်နဂါးက ကံမကောင်းခြင်းကို ဝန်ခံရုံ တတ်နိုင်ပြီး ဘေးတွင် ထိုင်ချလိုက်ကာ အပြစ်တင်ရန် မမေ့ခဲ့ပေ။ “ဒီနေ့က နောက်ဆုံးနေ့ပဲ။ အဲဒီကောင် တကယ် မလာသေးဘူး။ ။ ငါ အလကား ပြန်လာခဲ့ရတယ်။”

“ဟွမ့်! သူ့ကို အကောင်း မကြိုက်ဘူး လို့တောင် ပြောခဲ့သေးတယ် မဟုတ်လား။ မင်းက တုံ့ပြန်မှုအနှေးဆုံး သူပဲဆိုတာ မသိဘူးပဲ!”

အသံ ထွက်လာသည်နှင့် ဆရာသခင် အဆိပ်နဂါး၏ မျက်နှာ တဆတ်ဆတ် တုန်သွားခဲ့ပြီး အသံမထွက်တော့ပေ။ နတ်ဆိုးဘုံ တစ်ခုလုံးကို ကြည့်လိုက်ရင် ရက်စက်တဲ့ ‘အရူးမ’ တစ်ယောက်တည်းပဲ ဒီလိုမျိုး ရိုးသားတာ။ သူ့ဘေးနားမှာက ဟန်ဆောင် ငေးငိုင်ရတာကို ကြိုက်တဲ့ အရူးမ တစ်ယောက် ရှိနေသေးတယ်။ သူနဲ့ငါ ငြင်းရန် ငါပဲ ခံရမှာ။

ထိုအခိုက်တွင် အိပ်ပျော်နေသော သော်သော်က ရုတ်တရက် နိုးလာပြီး ဝေဝါးသော မျက်လုံးတွင် အံ့ဩမှုများ ပြည့်နှက်နေ၏။

“ဖေဖေ!”

အတောင်ပံတစ်စုံက ကလေးမလေး၏ နောက်တွင် ပေါ်ထွက်လာခဲ့ပြီး သူက တံခါးဝဆီသို့ ပျံသန်းသွားခဲ့သည်။

ပါ့ဂ်လီအို လန့်သွား၏။ ဖိုက်သွန်က သူ့ကို ဘာကြောင့် ‘တုံ့ပြန်မှုအနှေးဆုံး’ ဟူ၍ ပြောခဲ့ကြောင်းကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

အဲဒီကောင် တကယ်ပဲ ပြန်လာပြီ!

ခြံဝင်းထဲ တစ်ယောက်ပြီးတစ်ယောက် ထရပ်ပြီး တံခါးဝသို့ လျှောက်သွားခဲ့သည်။

ဖိုက်သွန် တစ်ဦးသာ မလှုပ်မယှက် ရပ်နေဆဲ ဖြစ်ပြီး သူ၏ မျက်လုံးများက အထီးကျန်မှု ယဲ့ယဲ့ဖြင့် ကောင်းကင်မှ ခရမ်းရောင်လကို ကြည့်နေလေ၏။

All Chapters