← Chapters

ဆုံးဖြတ်လိုက်ပြီ

Vol. 71 Ch. 1135

ဆုံးဖြတ်လိုက်ပြီ

Vol. 71 Ch. 1135

“ကျွန်မကိုလား...” ဇိုလာသည်ပင် အံ့ဩသွား၏။

“ဟုတ်တယ်။ မင်းပဲ.... ဒြပ်စင် နတ်ဘုရားမ သရဖူက အသိအမှတ် ပြုထားတဲ့သူ။” ဟီဂယ်က အဓိကကို စကားတစ်ခွန်းတည်း ပြောလိုက်သည်။

ဒြပ်စင်နတ်ဘုရားမသရဖူကြောင့်လား။ ချန်လွေ့ ပို၍ မျက်မှောင်ကြုတ်သွားသည်။ ထိုအဆောင်ပစ္စည်းကို မူလက ဇိုလာသည် နတ်သူငယ် ရှေ့ဖြစ်ဟော အလူစီယာ၏ ကံစမ်းမဲဆုတွင် ရရှိခဲ့ခြင်း ဖြစ်သည်။ သဘာဝသစ်ပင် တာဝန်ကို လက်ခံသည့် အတွက် အပြန်အလှန်အားဖြင့် သူနှင့် ဇိုလာတို့က ဖဲတစ်ချပ်စီ ဆွဲခွင့်ရရှိခဲ့သည်။ ဆွဲလိုက်သော ဖဲချပ်၏ ပုံစံမှာ ချန်လွေ့ အလွန်ရင်းနှီးသော ရှေးဟောင်းမှော်ဖဲချပ် ‘ကြမ္မာတိုက်ပွဲ’ ဖြစ်သည်။ ရလဒ်အနေဖြင့် ဇိုလာက အလွန်ပင် ကံကောင်းခဲ့ပြီး ရွှေရောင်ဘုရင်ပြီးလျှင် အစွမ်းအထက်ဆုံး ဖြစ်သော အဓိကဖဲချပ် ‘ငွေရောင်ဘုရင်မ’ ကို ဆွဲနိုင်ခဲ့ပြီး သူကမူ အားအနည်းဆုံး ဆင့်ပွားဖဲချပ် ‘သစ်သား’ ကို ဆွဲနိုင်ခဲ့၏။

‘ငွေရောင်ဘုရင်မ’က အဆောင်ပစ္စည်း ဒြပ်စင်နတ်ဘုရားမသရဖူ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ၎င်းက ဇိုလာ၏ [ဒြပ်စင်၆ခုတိုင်းပြည်] လျို့ဝှက်နက်နဲမှုကို ပိုမို၍ နားလည် သဘောပေါက်ရန်နှင့် နတ်ဘုရားတစ်ပိုင်းသို့ ဖောက်ထွက်ရန်ပင် အရေးကြီး အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သို့သော် ဒြပ်စင်ဘုရင်များက ထိုပစ္စည်းကို မြင်ရာတွင် ထူးဆန်းသော သဘောထား ရှိနေသည်ကို ချန်လွေ့ တွေ့ရှိခဲ့သည်။ အမှန်မှာ ထိုကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေက ဇိုလာ [ဒြပ်စင်၆ခု တိုင်းပြည်] ကိ နားလည်သဘောပေါက်ပြီး နောက်တွင်မှ ပေါ်ပေါက်ခဲ့သော်လည်း အကြောင်းရင်းအမှန်ကိုမူ မသိရသေးပေ။ ယနေ့တွင် ထိုသို့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းရန် အချိန်ကျရောက်ပြီ ဖြစ်နိုင်၏။

ချန်လွေ့က မိုးရီကို တည့်တည့် ကြည့်လိုက်သည်။ “ကျုပ် တိကျတဲ့ အကြောင်းရင်းကို သိချင်တယ်။ ကျေးဇူး ပြုပြီးတော့ ငြင်းတာတွေ ဒါမှမဟုတ် မရေရာတဲ့ ရှင်းပြချက်တွေ မပေးပါနဲ့။”

“အိပ်စက်နေတဲ့ အရာတစ်ခုက နိုးထ လာတဲ့ပုံပဲ။ ဒါက ခန့်မှန်းလို့ မရနိုင်တဲ့ အကျိုးဆက်တွေ ယူဆောင်လာလိမ့်မယ်၊ ဒါကြောင့် ငါတို့က ဇိုလာရဲ့စွမ်းအားကို လိုအပ်တယ်။” မိုးရီက ထိုအရာ၏ အမည်ကို ပြောလိုက်သည်။ “ဒြပ်စင် နတ်ဘုရားမ တောင်ဝှေး။”

‘ဒြပ်စင်နတ်ဘုရားမတောင်ဝှေး’ ဟူသော အမည်က ဇိုလာ ပိုင်ဆိုင်ပြီး ဖြစ်သော ဒြပ်စင်နတ်ဘုရားမသရဖူ၏ ပုံရိပ်များကို စိတ်ထဲ ပေါ်လာစေသည်။ ချန်လွေ့ ချက်ချင်း တုံ့ပြန်ပြီး မေးသည်။ “အဆောင်ပစ္စည်းလား။ ဒါမှမဟုတ် အဆောင်ပစ္စည်းအစုံရဲ့ နောက်တစ်ပိုင်းလား။”

“ဟုတ်တယ်။” မိုးရီက ခေါင်းညိတ် လိုက်သည်။ “ဒြပ်စင်တွေ ထိန်းချုပ်တဲ့ နတ်ဘုရား ချန်ထားခဲ့တဲ့ ဒြပ်စင် နတ်ဘုရားမရဲ့ စစ်အသုံးအဆောင်က အဆောင်ပစ္စည်း ၃ခုနဲ့ ဖွဲ့စည်းထားတယ်။ ဒြပ်စင်နတ်ဘုရားမသရဖူ၊ ဒြပ်စင်နတ်ဘုရားမတောင်ဝှေးနဲ့ ဒြပ်စင်နတ်ဘုရားမဝတ်ရုံပဲ။”

“ဒြပ်စင်တွေ ထိန်းချုပ်တဲ့ နတ်ဘုရားမ ဟုတ်လား။”

ဟီဂယ်က ပြန်ဖြေသည်။ “ဟုတ်တယ် ဒြပ်စင်နတ်ဘုရားမပဲ။ အခု ငါတို့ ဇိုလာရဲ့ အကူအညီနဲ့ ဒြပ်စင်နတ်ဘုရားမ တောင်ဝှေးကို ထိန်းချုပ်ချင်တယ်။ တကယ်လို့ အောင်မြင်ခဲ့ရင် ဇိုလာက ဒီအဆောင်ပစ္စည်းကို ပိုင်ဆိုင်နိုင်ရုံတင် မကဘူး။ သူရဲ့ စွမ်းအားလည်း နတ်ဘုရား-ယောင် အဆင့်ကို ရောက်သွားမယ်။”

မစ်-နတ်မိမယ်နဂါးက ‘နတ်ဘုရား-ယောင် အဆင့်ကို ရောက်သွားမယ်’ ဟူ၍ ကြားရာ သူ၏ ခရမ်းရောင်မျက်လုံးများ လင်းလက်သွား၏။ ပါ့ဂ်လီအိုနှင့် အခြား သူများလည်း တုန်လှုပ်သော အမူအရာကို ပြသခဲ့သည်။ အကြောင်းမှာ နတ်ဘုရား-ယောင်က နတ်ဘုရားနှင့် အနီးဆုံးအဆင့် ဖြစ်၍ပင်။ နတ်ဘုရား တစ်ပိုင်းနှင့် နတ်ဘုရား-ယောင်အကြားရှိ စွမ်းအား ကွာဟချက်မှာ ကမ္ဘာနှင့်ချီ ကွာခြား၏။ မှန်ပေသည်။ နတ်ဘုရား တစ်ပိုင်းမှ နတ်ဘုရား-ယောင်သို့ တက်လှမ်းခြင်းက တိုင်းပြည်အဆင့်မှ နတ်ဘုရားတစ်ပိုင်း အဆင့်သို့ တက်လှမ်းခြင်းထက် ပိုခက်၏။ နတ်ဘုရား-ယောင်အတွက် အခက်ခဲဆုံး အရာမှာ နတ်ဘုရား-ယောင် ဘဝနှင့် နတ်ဘုရား-ယောင် တိုင်းပြည် စုစည်းရန် ဖြစ်သည်။ အက်ဂ်လက်စ်က နှစ်၁၀၀၀ အချိန်ယူခဲ့ပြီး ရိုဒရီဂူးဇ်၏ နတ်ဘုရား-ယောင် နဂါးစွမ်းအားအမြုတေကို ရရှိပြီး နောက်မှပင် နတ်ဘုရား-ယောင်ဘဝကို စုစည်းနိုင်ခဲ့သည်။ ယခုတွင် ဟီဂယ်က ဇိုလာသည် နတ်ဘုရား-ယောင်အဆင့်သို့ တက်လှမ်းနိုင်သည် ဟူ၍ ပြောလိုက်၏။ မည်သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။

“တကယ်လို့ တကယ်လို့ ကျရှုံးသွား ခဲ့ရင်ကော...” ချန်လွေ့က ဟီဂယ်၏ အကျိုးကျေးဇူးများအကြောင်း စကားများကြောင့် လှည့်စားမခံခဲ့ပေ။ သူ အဓိက စိုးရိမ်သည်မှာ ဇိုလာ နတ်ဘုရား-ယောင်အဆင့်သို့ တက်လှမ်းနိုင်မနိုင် မဟုတ်ဘဲ သူ၏ ဘေးကင်းလုံခြုံမှုကိုပင်။

မိုးရီ အနည်းငယ် စဉ်းစားပြီး အဖြေကို ပြောသည်။ “ငါတို့ရဲ့ အပြည့်အဝ ပံ့ပိုးမှုနဲ့ ဆိုရင်တော့ သူရဲ့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ ဒါပေမဲ့ သူ ကျရှုံးခဲ့ရင်တော့ ဒြပ်စင်နတ်ဘုရားမသရဖူကို ဆုံးရှုံးရမယ်။ ပြီးတော့ သူ၏ စွမ်းအားလည်း ဆုတ်ယုတ် သွားမယ်။ နောက် ဒြပ်စင်၆ခုတိုင်းပြည် စွမ်းအားလည်း အသက်သွင်းနိုင်တော့မှာ မဟုတ်ဘူး။”

မနာလို ဖြစ်နေပုံရသော ဆရာကြီး အဆိပ်နဂါးအပါအဝင် လူတိုင်းက တိတ်ဆိတ်သွားကြသည်။

ဒြပ်စင်နတ်ဘုရားမသရဖူက ကိစ္စမရှိပေ။ သို့သော် [ဒြပ်စင်၆ခု တိုင်းပြည်]မှာ နတ်မိမယ်နဂါး၏ အစွမ်း အထက်ဆုံး တိုင်းပြည် ပါရမီ ဖြစ်သည်။ ဇိုလာက ၎င်းကို ကျွမ်းကျင် ပိုင်နိုင်ရန် အသက်ကို စွန့်စားခဲ့သည်။ ချန်လွေ့ အခက်အခဲများ အကြားမှ ရရှိခဲ့သော ဒြပ်စင်၆ခု ဇစ်မြစ်စွမ်းအားလည်း ရှိသည်။ ဇိုလာ၏ အစွမ်းအထက်ဆုံး တိုက်ကွက် “[ဒြပ်စင်အမျက်]”ကလည်း ဒြပ်စင်၆ခု တိုင်းပြည်စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။

သာမန် နတ်ဘုရားတစ်ပိုင်း အဆင့် အထွတ်အထိပ်အဆင့်က နတ်ဘုရား-ယောင်သို့ သွားရာလမ်းကို မည်သို့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ သို့သော် နတ်ဘုရား-ယောင်အဆင့် တက်လှမ်းရန် ကျရှုံးခဲ့ပါက ထိုကဲ့သို့ ကြီးမားသော အန္တရာယ်လည်း ရှိမည်မဟုတ်ပေ။ ၎င်းကို ဆုံးဖြတ်ရမည်မှာ ဇိုလာသာ ဖြစ်သည်။

ချန်လွေ့နှင့် ဇိုလာတို့၏ အသံများ တပြိုင်နက်တည်းနီးပါး ထွက်လာခဲ့သည်။

“မဖြစ်ဘူး!”

“ကောင်းပြီ!”

ငြင်းလိုက်သူမှာ ချန်လွေ့ ဖြစ်ပြီး သဘောတူသူမှာ ဇိုလာ ဖြစ်သည်။

ချန်လွေ့က ဇိုလာကို ခေါင်းခါပြ လိုက်သော်လည်း ဇိုလာ၏ ခရမ်းရောင် မျက်လုံးထဲ ရှားရှားပါးပါး ပြတ်သားမှုကို သူ မြင်တွေ့လိုက်ရသည်။ ဇိုလာက ချန်လွေ့ကို နောက်ထပ် မကြည့်တော့ပေ။ သူ မြေဒြပ်စင်ဘုရင်ကိုသာ မေးလိုက်၏။ “ရှင်တို့ ကျွန်မဆီကို အထူးတလည် လာခဲ့ကြတာဆိုတော့ ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ရမယ်။ တကယ်လို့ ကျွန်မ ငြင်းခဲ့ရင် ဘယ်လို ထူးခြားတဲ့ အရာတွေ ဖြစ်လာနိုင်မလဲ။”

“ဒြပ်စင် ဘုရင်တွေရဲ့ သတိပေး လက္ခဏာက အဲဒီထဲက ဖြစ်နိုင်တယ်။” မိုးရီ သက်ပြင်းချလိုက်၏။ “တကယ်တော့ ဒြပ်စင်နတ်ဘုရားမတောင်ဝှေး နိုးထမှုက နည်းနည်း ရုတ်တရက်ဆန်တယ်။ ဒါက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ပိုစောနေတယ်။ တကယ်လို့ လန်ဘို့စ်ရဲ့ ရေဒြပ်စင်နှလုံးသားသာ မကွဲအက်ခဲ့ရင် အခြေအနေ ဒီလောက် မဆိုးလောက်ဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ်ခဲ့ရင်တောင်မှ ငါတို့က ဇိုလာကို အကူအညီ တောင်းမှာပဲ။ ဘာလို့လဲဆို သူက ဒြပ်စင်နတ်ဘုရားမ သရဖူက အသိအမှတ် ပြုထားတဲ့သူ မို့လို့ပဲ။ ဒါက အောင်မြင်နိုင်ခြေ အများကြီး တိုးစေမှာ။ ဒြပ်စင်နတ်ဘုရားမတောင်ဝှေး နိုးထလာတာနဲ့ ထိန်းချုပ်လို့မရတော့ဘူး။ တကယ်လို့ ဒါက အပြောင်းအလဲတစ်ခုခု ဖြစ်စေခဲ့ရင် အကျိုးဆက်တွေက အသူရာ ချောက်နက်ထက် မနိမ့်တဲ့ ကြောက်စရာ ကပ်ဘေးတစ်ခုတောင် ဖြစ်စေနိုင်တယ်။”

တကယ် အသူရာချောက်နက်ထက် မနိမ့်တဲ့ ကြောက်စရာ ကပ်ဘေးတစ်ခု ရှိနေသေးတာလား။ ချန်လွေ့ တုန်လှုပ် သွားခဲ့လေသည်။

ဇိုလာ ခေါင်းညိတ်သည်။ “ကောင်းပြီ၊ ကျွန်မ ကတိပေးတယ်။”

“ဇိုလာ!”

“ကျွန်မက ရှင့်ရဲ့ အမျိုးသမီးဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့...” နတ်မိမယ်နဂါး နှုတ်ခမ်းကို ကိုက်လိုက်သည်။ “ကျွန်မမှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိတယ်။ ဒါက ကျွန်မရဲ့ ရွေးချယ်မှုပဲ။”

ဇိုလာက ချန်လွေ့ကို ပုံမှန်အားဖြင့် ချန်လွေ့ကို နားထောင်လေ့ ရှိသော်လည်း သူ၏ အဓိပ္ပာယ်နှင့် အသံနေအသံထားမှာ အံ့ဩစရာကောင်းအောင် ပြတ်သားနေ၏။

ချန်လွေ့ ဒေါသမထွက်ပေ။ သူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ။ ကိုယ် လိုက်ခဲ့မယ်။”

“မဖြစ်နိုင်လောက်ဘူး။” ထိုကဲ့သို့ ပြောလိုက်သူမှာ မိုးရီ ဖြစ်သည်။ မြေဒြပ်စင်ဘုရင် သက်ပြင်းချလိုက်၏။ “ဘာလို့လဲဆိုရင်တော့ အဲဒီနေရာက ဒြပ်စင်လောက၊ ဒြပ်စင်ကောင်တွေရဲ့ လောက ဖြစ်လို့ပဲ။”

အသီနာက မေးလိုက်သည်။ “ဘာလို့ ချန်လွေ့က ဒြပ်စင်လောကကို သွားလို့ မရတာလဲ။”

“ဒြပ်စင်လောကက သာမန်ဘုံတွေနဲ့ မတူဘူး။ ကုန်းမြေတစ်ခုလုံး အပေါ်မှာ အားကောင်းတဲ့ အင်အားတစ်ခု မရှိရင် အတည်ပြုထားတဲ့ ဒြပ်စင်သံတမန်တွေပဲ လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်တယ်။”

“ဒြပ်စင်သံတမန်လား။” အထက်ဆုံး ဉာဏ်ပညာရှိသော အစ်ဇဘယ်လာက တစ်စုံတစ်ခုကို နားလည်သွားပုံရသည်။

“ဇိုလာကို ဒြပ်စင်နတ်ဘုရားမသရဖူက အသိအမှတ် ပြုလိုက်တဲ့အချိန် သူ့မှာ နောက်ထပ် သရုပ်တစ်ခု ရှိနှင့်ပြီးသားပဲ။ အဲဒါက ဒြပ်စင်သံတမန်ပဲ။”

ဒြပ်စင်သံတမန်! ချန်လွေ့က တိတ်တဆိတ် လက်သီးဆုပ်လိုက်၏။ အဲဒီမျိုးမစစ် ရှေ့ဖြစ်ဟော အလူစီယာက ဒီလောက် အရေးကြီးတဲ့ ကိစ္စကို တကယ် ဖုံးကွယ်ထားခဲ့တာပဲ!

အစ်ဇဘယ်လာက နောက်တစ်ကြိမ် မေးလိုက်သည်။ “ဇိုလာရဲ့ ဒီဒြပ်စင် သံတမန်က ရှင်တို့နဲ့ မတူဘူးလား။”

“ဒြပ်စင်သံတမန်က ဒြပ်စင်တွေကို အမိန့်ပေးတဲ့သူဖြစ်ပြီးတော့ ဒြပ်စင်တွေရဲ့ စွမ်းအားတွေကို သာမန် အဆင့်ထက် ကျော်အောင် အမြင့်ဆုံး အဆင့်အထိ ထုတ်ဖော်နိုင်တယ်။” မိုးရီက ရှင်းပြသည်။ “ဒြပ်စင်လောထဲက ကျုပ်ကို ပင်မ ဒြပ်စင် သံတမန်လို့ ခေါ်လို့ရနိုင်တယ်။ ဒါက အမြင့်ဆုံးအဆင့် ဒြပ်စင်သံတမန်ပဲ။ ဒြပ်စင်လောကမှာ ပင်မ ဒြပ်စင် သံတမန် ၆ယောက်ပဲ ရှိတယ်။”

အမြင့်ဆုံးအဆင့် ပင်မ ဒြပ်စင်သံတမန် ၆ယောက်က အဓိကကုန်းမြေမှ ဒြပ်စင် ဘုရင်၆ပါးနှင့် အသေအချာ ကိုက်ညီ၏။ ဒြပ်စင်ဘုရင်က ပင်မ ဒြပ်စင်သံတမန်၏ ကိုယ်ပွား ဖြစ်နိုင်သည်။ ကန့်သတ်ချက် တစ်ခုခုကြောင့် အဓိက ကုန်းမြေတွင် ပေါ်ထွက်လာသော ဒြပ်စင်ဘုရင်များက နတ်ဆိုးအရှင်သခင်အဆင့် စွမ်းအားသာ ထုတ်ဖော်နိုင်၏။

ဇိုလာက ပြောသည်။ “ကျွန်မတို့ ဘယ်တော့ သွားကြမှာလဲ။”

“စောလေ ကောင်းလေပဲ။”

ဇိုလာ စဉ်းစားလိုက်သည်။ “ဒါဆိုရင် မနက်ဖြန် သွားတာပေါ့။”

“ကောင်းပြီ!” ဟီဂယ် ထရပ်လိုက်၏။

“တောင်းပန်ပါတယ်။” မိုးရီက ချန်လွေ့ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည်။ “တခြားနည်းလမ်းသာ ရှိခဲ့မယ်ဆိုရင် ဇိုလာကို ဒီအန္တရာယ်နဲ့ ရင်ဆိုင်စေမှာ မဟုတ်ဘူး။ ငါ သူကို အစွမ်းကုန် ကာကွယ်ပါ့မယ်။ အလွန်ဆုံး တစ်နှစ်ပဲ။ ပြီးရင် သူပြန်လာနိုင်မှာပါ။”

ချန်လွေ့ ခေါင်းညိတ်လိုက်ပြီး ဘာကိုမှ ထပ်မပြောတော့ပေ။

“သွားကြမယ်။ မိုးရီ။ မနက်ဖြန်မနက် ငါတို့ ပြန်လာခဲ့မယ်။”

မိုးရီနှင့် ဟီဂယ်တို့က နန်းတော်မှ ထွက်သွားပြီးနောက် အခြားသူများလည်း အလိုက်တသိ ထွက်ခွာသွားကြရာ ဇိုလာနှင့် ချန်လွေ့တို့ နှစ်ဦးတည်းသာ ကျန်တော့သည်။

နတ်မိမယ် နဂါးက ချန်လွေ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်စဉ် ချန်လွေ့က စကားတစ်ခွန်းကို ပြောနှင့်ပြီး ဖြစ်သည်။

“တောင်းပန်ပါတယ်။”

ဇိုလာက အံ့ဩသော အမူအရာကို ပြသခဲ့သည်။ ချန်လွေ့ ခေါင်းခါလိုက်၏။ “ဒါတွေ အားလုံးက ကိုယ့်အမှားပဲ။”

“မဟုတ်ပါဘူး။”

“ဇိုလာ ကိုယ် နားလည်ပါတယ်။” ချန်လွေ့ သက်ပြင်းချလိုက်သည်။ “မင်း သဘောတူခဲ့တဲ့ အကြောင်းရင်းက သိဒ္ဓိ အလင်းတောင်က အကျပ်အတည်းကို ကျော်လွှားဖို့ အကူအညီပေးချင်လို့ပဲ။ မင်းက နတ်ဘုရား-ယောင် အဆင့်ကို အမြန်ဆုံး ရောက်ချင်နေတာ။ ငါ့မှာ စွမ်းအား လုံလုံလောက်လောက် ရှိခဲ့ရင် မင်း ဒီလို စွန့်စားစရာလိုမှာ မဟုတ်ဘူး။”

“ဟုတ်ပါတယ်။ ဒါပေမဲ့ ကွက်တိတော့ မဟုတ်ဘူး။” ဇိုလာ၏ ခရမ်းရောင် မျက်လုံးထဲ၌ နူးညံ့မှုကို ပြသနေခဲ့သည်။ “ကျွန်မက ရှင့်ရဲ့ဘေးမှာ ရှိနေချင်ရုံပါ။ ကျွန်မ တစ်ယောက်တည်း မဟုတ်ဘူး။ ရင်းနီ၊ အသီနာနဲ့ တခြားသူတွေလည်း ဒီလိုပဲ တွေးကြတယ်။ လူတိုင်းရဲ့ နည်းလမ်းက မတူဘူး။ ဥပမာအားဖြင့် ခီရာက နောက်ကွယ်ကနေ တိတ်တဆိတ် ရပ်တည်ပြီး ထောက်ခံပေးဖို့ပဲ။ ကျွန်မက ရှင့်ရဲ့ ဂရုစိုက်မှုကို ခံစားရတာကို နှစ်သက်ပေမယ့် ရှင့်ဘေးမှာ ရပ်တည်ပြီး အစွမ်းထက်တဲ့ ရန်သူကို အတူတကွ ရင်ဆိုင်ချင်တယ်။”

သဘောပေါက်သော အရိပ်အယောင် တစ်ခုက ချန်လွေ့၏ မျက်လုံးများတွင် လင်းလက်သွား၏။ သူက စဉ်းစားရင်း ခေါင်းညိတ်လိုက်သည်။ “အင်း။ ဒါက မင်းရဲ့ လွတ်လပ်ခွင့်ပဲ။ ပြီးတော့ မင်းရဲ့ ရွေးချယ်မှုလည်း ဟုတ်တယ်။”

“စိတ်ဆိုးသွားလား။” မစ်-နတ်မိမယ် နဂါးက အနည်းငယ် စိုးရိမ်နေပြီး သူ၏ လက်မောင်းကို ကိုင်လိုက်သည်။

ထိုစကားက သူ ခုနက ပြောခဲ့သော စကားများ ဖြစ်သည်။ လူများစွာ၏ ရှေ့တွင် သူက ကိုယ့်ယောက်ျားအတွက် မျက်နှာကို မထောက်ခဲ့ပေ။ ထိုအရာမှာ ကြီးမားသော အပြစ်တစ်ခု ဖြစ်သည်။

“ဘာလို့ဆိုးရမှာလဲ။” ချန်လွေ့က သူ၏ မျက်နှာကို နမ်းလိုက်၏။

“ကိုယ် ဆုံးဖြတ်လိုက်ပြီ။”

“ဘာကိုလဲ။”

“အရင်ဆုံး တစ်ခုခု အမြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။” ချန်လွေ့ ရယ်လိုက်ပြီး ဇိုလာကို ပွေ့ချီလိုက်သည်။ “ကိုယ့်ရဲ့ နတ်ဘုရားမလေး။ တစ်နှစ် ဆိုတာက တိုတောင်းတဲ့အချိန် မဟုတ်ဘူး။”

“ဘာပြောတာလဲ။”

အသေအချာပင် နတ်ဘုရားမတစ်ပါးက ဟန်ဆောင်ငေးငိုင်နေ၏။

နောက်တစ်နေ့တွင် ဇိုလာက မိုးရီနှင့် ဟီဂယ်တို့နှင့်အတူ အမှောင်လမှ ထွက်ခွာ သွားခဲ့သည်။

မကြာမီတွင် ချန်လွေ့က သူ၏ ဆုံးဖြတ်ချက်အမှန်ကို လူတိုင်း၏ ရှေ့တွင် ပြောပြခဲ့သည်။

“ဘာပြောတယ်။ မင်းက လေ့ကျင့်ဖို့ အပြင်ထွက်မလို့ ဟုတ်လား။”

“အင်း...” ချန်လွေ့က သေချာစွာ ပြန်ဖြေလိုက်သည်။ “ရင်းနှီးတဲ့နေရာကို စွန့်ခွာပြီးတော့ အာရုံပျံ့လွင့်မှု အားလုံးကို ဘေးဖယ်ထားမယ်။ ပြီးရင် နေ့တိုင်းကို အဆုံးအဖြတ် တိုက်ပွဲ မတိုင်ခင် နောက်ဆုံး နေ့ရက်လိုပြီး သဘောထား ပြီးတော့ စိတ်နှစ်ပြီး လေ့ကျင့်မယ်။”

“မင်း ဆေးမှားသောက်လာတာလား။ ကောက်ကျစ်တဲ့လူလား။”

“ဆာ-ဦးလေး။ ခင်ဗျား အပြင်မှာ ဖောက်ပြန်တာ မိသွားလို့ ခိုလှုံဖို့ အပြင်သွားချင်နေတာလား။”

“တကယ်တော့ ဒါက ဟိုးကတည်းက ရှိခဲ့တဲ့ စိတ်ကူး တစ်ခုပါ။” ချန်လွေ့ ခေါင်းခါလိုက်သည်၊ “လူတိုင်း ကြိုးစား နေကြတာလေ။ ကျုပ်လည်း လက်ပိုက်ပြီး ကြည့်မနေနိုင်ဘူး။ ကျုပ် ဆုံးဖြတ်ပြီးပြီ။ အလွန်ဆုံး ၂နှစ်ပဲ။ ပြီးရင် သေချာပေါက် ပြန်လာခဲ့မယ်။”

သူ၏ အသံထဲမှ ခိုင်မာမှုကို ခံစားရင်း ပါ့ဂ်လီအိုနှင့် ရိုမန်တို့ နှစ်ဦးစလုံး ရယ်မောလိုက်၏။ ခဏတိတ်ပြီးနောက် အသီနာက ပြောလိုက်သည်။ “ရှင်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပါပဲ။”

“ကျွန်မတို့ ရှင့်ကို ထောက်ခံတယ်။” အစေခံ ကဝေမလေး၏ မျက်လုံးများ အနည်းငယ် နီရဲနေ၏။

“တစ်ယောက်တည်း အရာအားလုံးကို တိတ်တိတ်လေး ရင်ဆိုင်လို့ မရဘူး။” အစ်ဇဘယ်လာ ခဏစဉ်းစားပြီးနောက် ထပ်ပြောလိုက်သည်။

“အင်း။” ချန်လွေ့ ခေါင်းညိတ်လိုက်၏။

“တခြားမိန်းမတွေ ထပ်မရှာနဲ့။”

“တခြားမိန်းမတွေနဲ့ စကားမပြောနဲ့။”

“တခြားမိန်းမတွေနဲ့ မဖောက်ပြန်နဲ့။”

“တခြားမိန်းမတွေ ပြန်ခေါ်မလာနဲ့။”

“ကလေးမွေးဖို့ လူသားလောကမှာ တခြား မိန်းမတွေကို တိတ်တိတ်လေး သွားမရှာနဲ့။”

ချန်လွေ့ - “...”

All Chapters