ဧည့်သည်များ
Vol. 71 Ch. 1134
လာလာရီယာ၏ သောင်းကြမ်းမှု ငြိမ်သက်သွားသောအခါ အမှောင်လ၏ မဒမ်-လော့ဒ်လည်း တံခါးပိတ် လေ့ကျင့်ခြင်း ပြီးမြောက်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင် အသီနာ၏ ပြားချပ်နေခဲ့သော ဝမ်းဗိုက်က ပိုမို၍ ကြီးလာခဲ့သည်။ သူက နောက်ဆုံးတွင် ကိုယ်ဝန်သည် တစ်ဦးနှင့် တူနေပြီ ဖြစ်သည်။ သူ၏စွမ်းအားက မမျှော်လင့်ဘဲ နတ်ဆိုးဧကရာဇ် အထွတ်အထိပ်အဆင့်မှ နတ်ဆိုးအရှင်သခင် အထွတ်အထိပ်သို့ တိုက်ရိုက် တက်လှမ်းသွားခဲ့သည်။
ထိုမျှသာမက အသီနာ ပိုင်ဆိုင်သော ပိုင်နက်သည် အမှန်တွင် တိုင်းပြည်ကဲ့သို့ အားကောင်းသည့် အငွေ့အသက် တစ်ခု ထုတ်ဖော်ပြသခဲ့ပြီး ၎င်းမှာ ပျက်စီးခြင်း စွမ်းအားနှင့် တူနေသည်။ ထိုအရာမှာ အသီနာ၏ အနာဂတ်၌ အထူးအဆင့်သို့ ဝင်ရောက်ရန်မှာ အတော်လေး လွယ်ကူ နိုင်ကြောင်းကို ဆိုလိုပေသည်။
သေချာသည်မှာ ထိုအရာများက သူ၏ ကိုယ်ပိုင် စွမ်းအားကြောင့် လုံးဝ မဟုတ်။ ပဋိသန္ဓေ တည်နေသော ကလေးက အလွန် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့လောက်သည်။ ဖိုက်သွန် ယခင်က အသီနာ၏ ကလေးတွင် ထူးခြားသော ပါရမီများ ရှိကြောင်း ပြောခဲ့သော်လည်း ချန်လွေ့က အသီနာ၏ အဆင့် တိုးတက်မှုကို မျက်စိဖြင့် မြင်တွေ့လိုက်ရာ အံ့သြမိသွားသည်။ ၎င်းက အတိအကျပင် ‘ကလေးကြောင့် မိခင်က ပို၍ တန်ဖိုးရှိ လာသည်’ ဟူ၍ ဖြစ်သည်။ ကတ်သရင်းက ထိုအရာကို နက်နက်ရှိုင်းရှိုင်း နားလည်၏။ အရိပ်နက်အင်ပါယာ၏ ဧကရီအရှင်မတွင် ယခုလက်ရှိ စွမ်းအား ပိုင်ဆိုင်ရန်အတွက် သော်သော်က အကြီးမားဆုံးသော အကြောင်းတရား ဖြစ်ခဲ့သည်မှာ အသေအချာပင်။
ယေဘုယျအားဖြင့် မိဘ၏ စွမ်းအား ကြီးမားလေလေ၊ ကလေး၏ စွမ်းအားနှင့် အလားအလာ ကြီးမားလေလေ ဖြစ်သည်။ အသီနာ၏ ကလေး၌ အလွန်ရှားပါးသော ပျက်စီးခြင်း ဇစ်မြစ် ပါရမီ ရှိသည်။ တဖန် ကလေးက မိခင်ဖြစ်သူ အသီနာကို အားတိုးစေနိုင်ပြီး ထိုမှတဆင့် ကလေးက အစွမ်း အထက်ဆုံး အခြေအနေ၌ မွေးဖွားလာနိုင်မည် ဖြစ်သည်။ ၎င်းမှာ ပင်ကို အသိစိတ် တစ်ခု ဖြစ်သည်။
အသီနာ၏ ကိုယ်ဝန်က ကတ်သရင်းနှင့် ကွဲပြားသည်။ သော်သော်၏ ဝိညာဉ်က မူလက ရင့်ကျက်ပြီး ဖြစ်သည်။ သူက ကတ်သရင်း၏ သွေးနှင့် စွမ်းအားဖြင့်သာ မွေးဖွားလာခဲ့ခြင်း ဖြစ်ပြီး အသီနာ၏ ကလေးမှာမူ အမှန်တကယ်တွင် အစမှစ၍ ဖြစ်သည်။ ထို့ကြောင့် ကလေး၏ ကိုယ်ဝန်ဆောင်ကာလ တိုးလာသည်နှင့် အသီနာ၏ စွမ်းအား ပိုမိုတိုးတက်လာ နိုင်ဖွယ် ရှိလေ၏။
“တကယ်တော့ ကလေးက ဘယ်လိုပဲ အစွမ်းထက်ပါစေ၊ သူ ပျော်ရွှင်ပြီးတော့ ကျန်းမာနေရင် ရပြီ။” အသီနာက အနည်းငယ် ဖောင်းနေပြီး ချောမွေ့သော ဝမ်းဗိုက်ကို ထိလိုက်သည်။ သူ၏ မျက်လုံးများတွင် ချစ်ခင်ကြင်နာသော အမူအရာတစ်ခု ရှိနေပြီး မိခင်ဆန်သော အမူအရာက ချန်လွေ့ကို မှင်တက်စေ၏။
“မင်းပြောတာ မှန်တယ်။” ချန်လွေ့က ခါးကိုင်းလိုက်ပြီး သူ၏နားကို အသီနာ၏ ဗိုက်ပေါ် တင်လိုက်ကာ အားနည်းနေ သေးသော သက်ရှိကို ခံစားလိုက်သည်။ “ကလေးလေး။ မေမေနဲ့အတူ ကျန်းမာပြီး ပျော်ရွှင်ပါစေ။”
အသီနာ ယောက်ျားဖြစ်သူ၏ ဆံပင်ကို သပ်ပေးရင်း နူးညံ့စွာ ပြုံးလိုက်၏။
“ပင်ပန်းသွားပြီ။ အသီနာ။” ချန်လွေ့ ထရပ်ပြီး အသီနာ၏ ပါးပြင်ကို နမ်းလိုက်သည်။
“မပင်ပန်းပါဘူး။ ကျွန်မ ပျော်နေရုံပါ။ ရှင် ဘာတွေ စဉ်းစားနေတာလဲ။”
“ကိုယ်တို့ ပထမဆုံး တွေ့ခဲ့တုန်းက အကြောင်းကို ပြန်တွေးနေတာ။” ချန်လွေ့က အသီနာကို ပွေ့ဖက်ကာ ထိုင်လိုက်သည်။ “အဲဒီ ကြမ်းတမ်းတဲ့ နတ်ဆိုးမလေး။ ပြီးတော့ အဲဒီသနားစရာ ဝီဝီပဟေဠိလေး။”
အသီနာက သူ့ကို ဒေါသတကြီး မျက်လုံးလှန်လိုက်ရာ ချန်လွေ့ ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ဒါပေမဲ့ အဲဒီတုန်းက ရဲရင့်ပြီး ရက်ရောလှပတဲ့ ဓားသမလေးက ကိုယ့်ရဲ့ အချစ်ဆုံး ဇနီးလေး၊ ကိုယ့်ရဲ့ အနာဂတ်ကလေးရဲ့ မေမေဖြစ်လာမယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။”
အသီနာက ချန်လွေ့၏ မျက်လုံးများကို မော့ကြည့်လိုက်ရာ ထိုထဲတွင် ရှောင်လွှဲ၍ မရနိုင်သော ကြင်နာမှုများ ရှိနေ၏။
“ဇိုလာနဲ့ တခြားသူတွေက ပြောတယ်၊ ဒီနေ့တွေက မင်းအတွက်ပဲတဲ့။”
ထိုစကားက ပြင်းပြသော စစ်ပွဲတစ်ခုကို လုံးဝ ဖြစ်စေခဲ့သည်။ အသီနာက ခေါင်းကို မော့လိုက်ပြီး နီရဲသော နှုတ်ခမ်းများက ချန်လွေ့၏ နှုတ်ခမ်းကို တက်ကြွစွာ နမ်းလိုက်သည်။ သူတို့၏ နှုတ်ခမ်းများနှင့် လျှာများ ရစ်ပတ်နေစဉ် အသက်ရှုသံများ မြန်ဆန်လာပြီး ကုတင်ပေါ် ဖြည်းညှင်းစွာ လဲကျသွားခဲ့ကြသည်။
ကိုယ်ဝန်သည်၏ ခန္ဓာဖွဲ့စည်းပုံက ပိုမိုအာရုံခံလွယ်ပြီး ခံစားမှု ဖြစ်လွယ်၏။ အသီနာ၏ ကိုယ်ဝန်ဆောင် ကာလက သာမန် လူသားများနှင့် ကွဲပြားသည်။ ကလေး မွေးဖွားရန် အနည်းဆုံး နှစ် အနည်းငယ် ကြာမြင့်မည် ဖြစ်ရာ ထိုကာလအတွင်း ရှောင်စရာ မလိုပေ။ သာမန်ကာလနှင့် နှိုင်းယှဉ်လျှင် သူက သေချာပေါက် ပိုမို၍ သတိထားရမည် ဖြစ်သည်။
အကြာကြီး တံခါးပိတ် လေ့ကျင့်ပြီး နောက်တွင် ယခု ချစ်ခင်ကြင်နာနေချိန်၌ မိမိကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲလှသည်။
ချန်လွေ့က ယောက်ျားတိုင်း ပိုင်ဆိုင်သင့်သည့် “အဝတ်အစားချွတ်” ပါရမီကို အပြည့်အဝ အသက်သွင်းပြီး အပေါက်ကို အလွယ်တကူ ဖွင့်လိုက်ကာ ပြည့်ဖြိုးသော နေရာကို ကိုင်လိုက်၏။ ကိုယ်ဝန်ကြောင့် ပြည့်ဖြိုးသောနေရာက အမှန်တကယ်တွင် အရွယ်အစား တစ်ခု ပိုကြီးနေသည်။ အဖူးငုံ၏ အရောင်က အနည်းငယ် ပိုမည်းလာပြီး အကွင်းများက ပိုကြီးနေသည်။ ၎င်းတွင် ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေ၏။
အများကြီး စနောက်ခြင်း မပြုမီမှာပင် အသီနာက ရွှံ့လိုပင် ပျော့ပြောင်းစွာ လဲလျောင်းနေပြီ ဖြစ်သည်။ ကာမစိတ်က မထိန်းချုပ်နိုင်အောင် လွှမ်းမိုးလာခဲ့သည်။ မကြာမီတွင် အခန်းက လူကို မျက်နှာနီ ရဲစေသည့် အသံဖြင့် ပြည့်သွားခဲ့သည်။
ခန္ဓာအမျိုးအစားကြောင့် အနည်းငယ် အိပ်ချင်နေသော အသီနာက နောက်တနေ့ မွန်းမတည့်ခင်မှသာ နိုးထလာခဲ့သည်။ ပြုံးဖြီးဖြီး မျက်နှာနှင့် အစေခံမလေး ဝင်လာခဲ့သည်။ အိပ်ယာခင်းများကို သန့်ရှင်းရေးလုပ် ကူညီရင်း သူက မေးလိုက်သည်။ “ဒီညကျရင် အကူအညီ လိုသေးလား။” အမျိုးသမီးအုပ်ချုပ်သူက အမြဲ ရဲရင့်သော်လည်း မျက်နှာနီရဲသွား၏။
သို့သော် နေ့လယ်စာ စားချိန်တွင် မောင်းမဆောင်မှ မိတ်ဆွေများက အသီနာအား စနောက်ခြင်းကို ရပ်တန့် လိုက်ကြ၏။ အကြောင်းမှာ နန်းတော်သို့ ဧည့်သည်နှစ်ဦး ရောက်ရှိလာ၍ပင်။
မြေဒြပ်စင် ဘုရင် မိုးရီနှင့် အမှောင် ဒြပ်စင်ဘုရင် ဟီဂယ်။
ရေဒြပ်စင်ဘုရင် လန်ဘို့စ်သည် မျှော်လင့်ချက်မဲ့ခြင်း အဓိကယဇ်ပလ္လင်ကို တိုက်ခိုက်သည့် တိုက်ပွဲတွင် ဒြပ်စင် နှလုံးသား ကွဲကြေသွားပြီး ရေခဲရုပ်ထု တစ်ခုအဖြစ် ခဲသွားခဲ့သည်။ ချန်လွေ့က ရှီလန်တောင်၏ ပထဝီဘုံသို့ ချက်ချင်း သွားရောက်ပြီး မြေဒြပ်စင်ဘုရင် မိုးရီအား သတင်း ပြောပြလိုခဲ့သော်လည်း သူက သော်သော်ကို လူသား လောကသို့ ‘ရောဂါ’ ကုသရန် ခေါ်ဆောင်သွားရန် အလျင်စလို ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် သူက ရှီလန်တောင်သို့ ကိုယ်တိုင်မသွားခဲ့ဘဲ ဝါလန်ခံတပ်မှ ဗိုလ်ခြေ တပ်မှူး တင်မ်အား မှော်သလင်းကျောက် တစ်ခုကို မိုးရီထံသို့ ပေးအပ်ရန် တောင်းဆိုခဲ့သည်။ မှော်သလင်းကျောက်ထဲတွင် ချန်လွေ့မှ ပြောပြသော မျှော်လင့်ချက်မဲ့ခြင်း အဓိက ယဇ်ပလ္လင်၏ တိုက်ပွဲ အတွေ့အကြုံနှင့် လန်ဘို့စ် ရေခဲရုပ်ထု အဖြစ်သို့ ပြောင်းလဲ သွားသည့် ပင်လယ်ပြင် ကိုဩဒိနိတ်များ ပါဝင်နေသည်။
နောက်ပိုင်း ချန်လွေ့ လူသားလောမှ ပြန်ရောက်လာပြီး သူက ပထဝီဘုံသို့ နောက်တစ်ကြိမ် သွားလိုခဲ့သော်လည်း မြေဒြပ်စင်ဘုရင်က ပထဝီဘုံမှ ထွက်ခွာသွားပြီ ဖြစ်ကြောင်း တင်မ်ထံမှ အစီရင်ခံစာတစ်စောင် လက်ခံရရှိခဲ့သည်။ ချန်လွေ့က မိုးရီသည် အမှောင်ဒြပ်စင် ဘုရင်ကို ရှာဖွေ နေနိုင်ကြောင်းကို ခန့်မှန်းခဲ့သည်။ အသေအချာပင် ယနေ့ ဘုရင်နှစ်ပါးက အမှောင်လသို့ အတူတကွ ရောက်ရှိလာကြသည်။
မြေဒြပ်စင်ဘုရင် မိုးရီက ချန်လွေ့၏ မိတ်ဆွေဟောင်းဖြစ်ပြီး အမှောင်ဒြပ်စင် ဘုရင်ဟီဂယ်က ထိုနေရာမှ လူများ အတွက် သူစိမ်း မဟုတ်ပေ။ အထူးသဖြင့် ထိုစဉ်က ဟီဂယ်နှင့် တိုက်ပွဲဝင်ခဲ့ဖူးသော ပါ့ဂ်လီအိုအတွက် ဖြစ်သည်။ အချိန် ကာလများ ပြောင်းလဲသွားခဲ့သည်။ ထိုစဉ် သေရေးရှင်ရေး ရန်သူသည် ယခုအခါ ဧည့်သည်တစ်ဦး ဖြစ်နေလေပြီ။
“အရင်တစ်ခေါက် မင်း လူသား လောကကို သွားပြီး အလင်းဘုရင် သုံးပါးကို တွေ့တုန်းက ဂေဘရီယယ်နဲ့ (၃)နှစ်သဘောတူညီချက် တစ်ခု တကယ် သတ်မှတ်ခဲ့တာကိုး။” ချန်လွေ့က မီးလျှံခန်းမနှင့် အမှောင်အကျဉ်းထောင် သဲကန္တာရနှင့် ပတ်သက်၍ အတွေ့အကြုံ များကို အကျဉ်းချုံး ဖော်ပြနေသည်ကို ကြားပြီးနောက် မိုးရီက တွေးလိုက်သည်။
“မင်းရဲ့ စွမ်းအား တိုးတက်လာတာက တကယ် အံ့ဩစရာပဲ။” ဟီဂယ်၏ မျက်လုံး၌ အေးစက်သော အလင်းတစ်ခု လင်းလက်သွား၏။ “မင်းတစ်ယောက်ထဲ မကဘူး။ မင်းရဲ့ အဖော်တွေရောပဲ။ မင်းရဲ့ အသိစိတ်တချို့ နိုးထလာတဲ့ပုံပဲ။”
ချန်လွေ့က ပင်လယ်အောက်မှ မျှော်လင့်ချက်မဲ့ခြင်းနယ်မြေတွင် သိဒ္ဓိနဂါး ရိုဒရီဂူးဇ်ကို အနိုင်ယူခဲ့စဉ်က အမှောင် ဘုရင်သုံးပါး၏ ရှေ့တွင် အဆောင်ပစ္စည်း ၇ခုထဲမှ ၂ခုကို ထိန်းချုပ်နိုင်သည့် လျှို့ဝှက်ချက်ကို ဖော်ထုတ်မိခဲ့သည်ကို သတိရသွား၏။ ထိုအချိန်က ဟီဂယ်သည် သူ့ကို အကြံဉာဏ်ခု ပေးခဲ့လေသည်။ အဆောင်ပစ္စည်း ၇ခုလုံးကို အပြည့်အဝ မပေါင်းစပ်မီ မည်သူ့၏ အရှေ့တွင်မဆို ထိုအကြောင်းကို မထုတ်ဖော်ရန်ပင်။ သို့မဟုတ်ပါက စိတ်ကူး၍ မရနိုင်သော ကြောက်မက်ဖွယ်ရာ ကပ်ဘေးတစ်ခုကို ကြုံတွေ့ရလိမ့်မည်။
ထိုအချိန်က ဟီဂယ်သည် သူက ‘တစ်စုံတစ်ယောက်’ ဖြစ်နိုင်ကြောင်းကို မရေမရာ သိရှိပြီး ဖြစ်သည်။
“ကျုပ်မှာ ‘နိုးထခြင်း’ ဆိုတာ မရှိပါဘူး။ ကျုပ်က ခင်ဗျားတို့ စိတ်ကူးပုံဖော်ထားတဲ့ တစ်စုံတစ်ယောက်နဲ့ ကွဲပြားနိုင်ပါတယ်။” ချန်လွေ့ ခေါင်းခါလိုက်သည်။ “ဒါက ဒီနေ့ ဆွေးနွေးရမယ့် ခေါင်းစဉ် ဖြစ်မယ်လို့ ကျုပ် မထင်ဘူး။”
“ဟုတ်တာပေါ့။ မိတ်ဆွေ။” မိုးရီက ခေါင်းညိတ်လိုက်သည်။
“မင်း ဟုတ်ဟုတ် မဟုတ်ဟုတ်၊ မင်းရဲ့ စွမ်းအားက အရည်အချင်း ပြည့်မီလာရင် ငါ မင်းနဲ့ အမှောင်ဒြပ်စင်ကောင်တွေရဲ့ စစ်မှန်တဲ့ အစွမ်းကို သုံးပြီး တရား နည်းလမ်းကျကျ တိုက်ခိုက်ချင်တယ်။” ဟီဂယ်က လှောင်ရယ်လိုက်သည်။ “ငါက ဘယ်တုန်းကမှ မင်းရဲ့ မိတ်ဆွေ မဟုတ်ခဲ့ဘူး။ မိုးရီတောင်မှ အနာဂတ်မှာ မင်းရဲ့ ရန်သူ ဖြစ်လာနိုင်တယ်။”
“ဟီဂယ်!” မိုးရီက ထူးထူးဆန်းဆန်းပင် တင်းမာသောအသံဖြင့် ပြောလိုက်သည်။ “သူက ငါ့ရဲ့မိတ်ဆွေပဲ၊ မြေဒြပ်စင်ဘုရင် တင်မကဘူး။ မြေဒြပ်စင် သံတမန်ကပါ အသိအမှတ် ပြုထားတဲ့ မိတ်ဆွေပဲ။”
“မင်း ဘယ်တုန်းက ဒီလောက် မပြတ်မသား ဖြစ်သွားတာလဲ။” ဟီဂယ်၏ အေးစက်သော အသံတွင် မထီမဲ့မြင် ပြုသည့် အရိပ်အယောင် ပါဝင်နေ၏။ “မင်း သိပါတယ်! မကြာခင် ဒါမှမဟုတ် နောက်ကျရင်... မင်းရော သူရော ကံကြမ္မာရဲ့ ဆုံးဖြတ်ချက် တစ်ခုကို ရင်ဆိုင်ရလိမ့်မယ်။”
“နတ်ဘုရားတွေတောင် ကံကြမ္မာရဲ့ လမ်းကြောင်းကို အပြည့်အဝ မဆုပ်ကိုင် နိုင်ဘူး။ မဟုတ်ရင် ကပ်ဘေးကြီးတွေ ရှိလာမှာ မဟုတ်ဘူး။ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဘယ်သူမှ ကြိုပြီး မခန့်မှန်းနိုင်ဘူး။” မိုးရီက ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ငါက ငါ့ရဲ့ ကိုယ်ပိုင် ကံကြမ္မာကို ဆုပ်ကိုင်ဖို့ ကြိုးစားချင်ရုံပါ။ အနာဂတ် တစ်ခုခု ဒါမှမဟုတ် ပျက်စီးခြင်း မလာခင် ရှုံးနိမ့်ရင်တောင်မှပေါ့။”
ဟီဂယ် ခဏတာ တိတ်ဆိတ်သွား၏။ သူ၏ မျက်လုံး၌ မထီမဲ့မြင် မရှိတော့ပေ။ “မင်းက ငါ့ထက် ပိုရဲရင့်တယ်။ ဒါမှမဟုတ် ပိုမိုက်မဲတယ်ပဲ ပြောရမလား။”
မိုးရီက ဝိုင်ခွက်ကို ဟီဂယ်၊ ချန်လွေ့နှင့် အခြားသူများထံသို့ မြှောက်လိုက်သည်။ “မိုက်မဲတဲ့သူတွေအတွက်။”
ချန်လွေ့က ဒြပ်စင်ဘုရင်နှစ်ပါးအကြား ငြင်းခုံမှုမှ သည်းထိတ်ရင်ဖို လျှို့ဝှက်ချက် အချို့ကို ကြားလိုက်ရသော်လည်း မိုးရီ၏ စကားများက သူ့ကို တိတ်တဆိတ် လှုပ်ရှားသွားစေသည်။ သူ ဝိုင်ခွက်ကို မြှောက်လိုက်၏။ “အနာဂတ် ဘယ်လိုပဲ ဖြစ်ဖြစ်... အခုအတွက် သောက်ကြစို့။”
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ဖန်ခွက်များကို မြှောက်လိုက်ကြသည်။ ဟီဂယ်က သူ၏ ဖန်ခွက်ကို အေးစက်စွာ မြှောက်လိုက်ပြီး တစ်ငုံသောက်လိုက်၏။ “ဟွန့်! ငြီးငွေ့စရာကောင်းတဲ့ အရည်ပဲ။ နည်းနည်း ပျော့သွားတဲ့ အသက်ဓာတ် စမ်းရေက လွဲရင် ဘာမှ လက်တွေ့တန်ဖိုး မရှိဘူး။”
ချန်လွေ့က ထိုသူ၏ အနှောင့်အယှက် ဖြစ်စရာ စိတ်နေသဘောထားကို သိသည်။ အမှန်မှာ သူက မိုးရီနှင့် လန်ဘို့စ်တို့ထံမှ ထိုသို့သော မှတ်ချက်များကို ယခင်က ကြားဖူးသည်။ သူက သဘောမတူဘဲ ရယ်မောပြီး ခွက်ကို နောက်တစ်ကြိမ် မြှောက်လိုက်သည်။ “အပြစ်တင်မှုတွေ အတွက်။”
အပြစ်တင်ခြင်းနှင့် ပတ်သက်လာလျှင် ဟီဂယ်က မာယာရှင် မင်းသမီးလေးထက် များစွာ ညံ့ဖျင်းလှသည်။
ဒြပ်စင်ဘုရင်နှစ်ပါးမှလွဲ၍ မိတ်ဆွေများ ဖန်ခွက်ချင်းတိုက် သောက်လိုက်ကြသည်။ လေထုက ရုတ်တရက် အတော်လေးကို အေးဆေးသွားခဲ့သည်။
“အလင်းဘုရင်သုံးပါး ပြောခဲ့တဲ့ အကျပ်အတည်းရဲ့ နိမိတ်အကြောင်း...” မိုးရီက လေးနက်စွာ ပြောလိုက်၏။ “ငါ၊ လန်ဘို့စ်နဲ့ ဟီဂယ်တို့လည်း အတူတူပဲ ခံစားရတယ်။ မင်း ပင်လယ်သေကို မသွားခင်က အမှောင်ဘုရင်သုံးပါးက ဒီကိစ္စအတွက် တွေ့ဆုံခဲ့ကြတယ်။ အခု အလင်းရောင်ဘုရင်သုံးပါးမှာလည်း ဒီလို နိမိတ်ရှိတယ်လို့ မင်းက ပြောတယ်။ ဒါဆိုရင် ဒါက ဒြပ်စင်အားလုံးအတွက် သတိပေးချက်တစ်ခုဆိုတာ အတည်ပြုလို့ ရနိုင်တယ်။ ဒါက စိတ်ထင်တာမျိုး မဟုတ်လောက်ဘူး။”
“ဒါက အသူရာချောက်နက်လား။” ချန်လွေ့ လက်သီးကို အနည်းငယ် ဆုပ်လိုက်သည်။ “အဓိကယဇ်ပလ္လင် သုံးခုကို ဖျက်ဆီးပြီးတဲ့နောက်မှာ ကျုပ်တို့ အသူရာ ချောက်နက်ရဲ့ စွမ်းအားကို မတားဆီးနိုင်သေးဘူးလား။”
“တကယ်လို့ အသူရာချောက်နက် ကပ်ဘေးရဲ့ အစပိုင်းကတည်းက အဓိက ယဇ်ပလ္လင်သုံးခုကို ဖျက်ဆီးနိုင်ခဲ့ရင် ဒါက အသူရာ ချောက်နက်ရဲ့ အဓိကကုန်းမြေကို ဝင်ရောက်ဖို့ ဇစ်မြစ်ကို လုံးဝဖြတ်တောက် လိုက်တာနဲ့ အတူတူပဲ။ ဒါပေမဲ့ ဒီလောက် နှစ်တွေ ကြာပြီးတဲ့နောက်မှာ အသူရာ ချောက်နက်ရဲ့ သက်ရောက်မှုက ဒီအဓိက ကုန်းမြေရဲ့ ထောင့်ပေါင်းများစွာထဲကို တဖြည်းဖြည်းနဲ့ တိုက်စားဝင်သွားပြီ။ အဓိက ယဇ်ပလ္လင် သုံးခုနဲ့ တခြား ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်းတချို့ကို ဖျက်ဆီးခဲ့ရင်တောင်မှ လျို့ဝှက်ထားတဲ့ လမ်းကြောင်းတွေ ပိုများနေသေးတယ်။”
မိုးရီ ရပ်တန့်လိုက်ပြီး သူ၏မျက်လုံးများ ပိုအလှမ်းဝေးသွား၏။ “အဲဒီမသိသေးတဲ့ အရာတွေ၊ ပြီးတော့ အနာဂတ်တစ်ခုလုံး... ဘာဖြစ်လာမလဲ ဘယ်သူမှ ကြိုပြီးတော့ မခန့်မှန်းနိုင်ဘူး။”
“တကယ်တော့ ဒြပ်စင်ဘုရင်တွေရဲ့ အကျပ်အတည်း ခံစားမှုက အသူရာ ချောက်နက်နဲ့ တိုက်ရိုက် ဆက်စပ်မှု မရှိနေလောက်ဘူး။” ဟီဂယ်ကလည်း ပြောလိုက်သည်။ “ဒီလိုအမြင်က အရမ်း တစ်ဖက်သတ် ဆန်လွန်းတယ်။”
အသူရာချောက်နက်နဲ့ ဒြပ်စင်ဘုရင် သတိပေး လက္ခဏာတွေကြား တိုက်ရိုက် ဆက်စပ်မှု မရှိဘူးတဲ့လား။ ချန်လွေ့ မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။ “အသူရာချောက်နက်ကို ဒြပ်စင်ဘုရင်... ဒြပ်စင်သံတမန်တွေရဲ့ မူလခန္ဓာကိုယ် စွမ်းအားနဲ့ ချိပ်ပိတ်ထားတာလား။”
“မင်းကို ဘယ်သူ ပြောတာလဲ။” မိုးရီပင် ခေါင်းခါလိုက်သည်။
ချန်လွေ့ အံ့အားသင့် သွားခဲ့သည်။ မဟုတ်ဘူးလား။ အလင်းဘုရင်သုံးပါးက အသူရာချောက်နက်ရဲ့ ပင်မချိပ်ပိတ်က လောလောဆယ် ပြဿနာ မရှိဘူးလို့ သေသေချာချာ ပြောခဲ့တာ မှတ်မိတယ်။ အိုး.. ဘုရင်သုံးပါးက အသူရာချောက်နက် ချိပ်ပိတ်က အဆင်ပြေတယ် ဆိုတာကို အာရုံခံနိုင်တယ်လို့ပဲ ပြောခဲ့တာ။ ဒါပေမဲ့ သူတို့က အသူရာချောက်နက်ကို ဒြပ်စင် ဘုရင်တွေက ချိပ်ပိတ်ထားတယ်လို့ ဝန်မခံခဲ့ဘူး။
မိုးရီက စကား လမ်းကြောင်းကို ပြောင်းလိုက်သည်။ “ငါတို့ ဒီနေ့ ဒီကို လာတာ အရေးကြီးတဲ့ ကိစ္စတစ်ခု အတွက်ပဲ။”
ချန်လွေ့ ခေါင်းညိတ်လိုက်သည်။ “ကျုပ်တို့က မိတ်ဆွေတွေပါပဲ။ တစ်ခုခု ပြောစရာရှိရင် ပြောပါ။”
“ငါတို့ ရှာနေတာ မင်း မဟုတ်ဘူး။” ဟီဂယ်၏ မျက်လုံးများက ချန်လွေ့၏ ဘေးသို့ လှည့်သွား၏။ “ငါတို့ ရှာနေတာ သူ့ကို။”
ချန်လွေ့ မျက်မှောင်ကြုတ်လိုက်သည်။ ဟီဂယ် ပြောသော ‘သူ’မှာ မစ်- နတ်မိမယ် နဂါးမှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။