← Chapters

ရိုမန်လေး၏ လေ့ကျင့်ရေး အကြံပေး

Vol. 71 Ch. 1133

ရိုမန်လေး၏ လေ့ကျင့်ရေး အကြံပေး

Vol. 71 Ch. 1133

“ဝိုး! ဝိုး! ကယ်ပါဦး! မဒမ်-ဒေါ်လေး!”

“ဟေ့ ကောက်ကျစ်တဲ့ လူသား! ငါ အရှုံးပေးတယ်! ဒီအရူးကို ဘေးဖယ်ပေး!”

မြေကြီး တုန်ခါသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

စိုးရိမ်တကြီး အော်ဟစ်သံများ ထွက်ပေါ်နေသော်လည်း ချန်လွေ့က ဘေးမှ အစ်ဇဘယ်လာကို ကြည့်လိုက်ပြီး အလွန် တည်ငြိမ်စွာ ပြုံးလိုက်၏။ သူက ပါးစပ်ဟကာ အစေခံ ကဝေမလေးမှ ခွံ့ကျွေးသော အသားကင်တစ်ဖဲ့ကို ယူပြီး ဇိုလာနှင့် ဖန်ခွက်ချင်း တိုက်လိုက်သည်။

မစ်-နတ်မိမယ်နဂါးက အနီးအနားမှ မှော်ကာကွယ် အစီအရင်၏ တည်ငြိမ်မှုကို အတည်ပြုလိုက်ပြီး ဂဏန်း နှစ်လုံးကို ပြောလိုက်သည်။ “၅၊ ၆။”

အစ်ဇဘယ်လာ၏ အပြာရောင် မျက်လုံးများ လက်သွားပြီး ခေါင်းခါ လိုက်လေသည်။ “၂၊ ၇။”

“၀၊ ၉။” ခီရာက ယုံကြည်ချက် ရှိရှိနှင့် ပြောလိုက်သည်။

လျှပ်စီးလို ပုံရိပ်တစ်ခု လျင်မြန်စွာ ဖြတ်သန်း သွားလေသည်။ ရိုမန်၏ [လျှပ်တပြက်] ပါရမီက အဆုံးစွန်အထိ တိုးတက်လာခဲ့ပြီး သူက ကန့်သတ်ချက်ကို တိုးမြှင့်ရန် လျှို့ဝှက်နည်ပညာအချို့ကိုပင် အသုံးပြုခဲ့သည်။ ကံဆိုးစွာပင် သူက နောက်မှ အရိပ်ကဲ့သို့ လိုက်နေသော ပုံရိပ်ကို မဖယ်ရှား နိုင်ခဲ့ပေ။ အလှည့် အနည်းငယ် အကြာတွင် ရိုမန်၏ အရှိန် အနည်းငယ် နှေးကွေးသွားသည်နှင့် သူက ကြိုးပြတ်သွားသော စွန်တစ်ကောင်လို အဝေးသို့ ကန်ထုတ် ခံလိုက်ရကာ ရွှံ့ထဲ မျက်နှာ စိုက်ကျသွားတော့သည်။

ထိုတိုက်ကွက်က အမှန်တကယ်ပင် မပေါ့သော်လည်း သေစေနိုင်သည်တော့ မဟုတ်။ ၎င်းက ကျောင်းသားတူလေး၏ အင်အားအကုန်ကို လုံးဝကြေမွသွားစေပြီး ခဏ မလှုပ်နိုင်အောင် ပြုလုပ်လိုက်ရုံသာ ဖြစ်သည်။

ရိုမန်ကို အနိုင်ယူပြီးနောက် လှပသော ပုံရိပ်က မရပ်တန့်ခဲ့ပေ။ သူက အခြားဖက် ပြေးနေသော ပါ့ဂ်လီအိုထံသို့ ပိုကြမ်းသော အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

ပါ့ဂ်လီအို တုန်လှုပ်သွားလေသည်။ ‘အဆိပ်နဂါးကြယ်စင်စု’ ကြယ်ချပ်ကာက ကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ အားကောင်းသော အင်အားတစ်ခုက သူ၏ လက်သီးမှ အငွေ့ပျံလာပြီး လှည့်ကာ တိုးဝင်လာသော ပုံရိပ်ကို ထိုးလိုက်၏။

ထိုပုံရိပ်မှာ အရပ်ရှည်ပြီး ချောမော လှပကာ လှုပ်ရှားမှုတိုင်းတွင် ဆွဲဆောင်မှု ရှိနေပြီး [ယုံကြည်မှုချပ်ကာ] အမျိုးသမီး ဗားရှင်းကို ဝတ်ဆင်ထားသည်။ သူက မိန်းကလေးငယ် ဗားရှင်း... အဲ.. အတိအကျ ဆိုရလျှင် အဆင့်(၁) ဒေါသအိုး အခြေအနေရှိ လာလာရီယာပင်။

လေချွန်သံကဲ့သို့ လက်သီးအဟုန်က ပြင်းထန်သော အဆိပ်နှင့် ရောနှောကာ လာလာရီယာထံသို့ သွန်ချသွားလေသည်။ လာလာရီယာ မရှောင်တိမ်းခဲ့ပေ။ သူ၏ ပုံစံက မိန်းကလေးငယ်မှ ပို၍ ဆွဲဆောင်မှု ရှိသော အစ်မကြီးတစ်ဦး အဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ အမြင့်ဆုံးအဆင့်(၂) ဒေါသအိုး ပါရမီကို အသက်သွင်းလိုက်ပြီး လက်သီးဖြင့် ပြန်ထိုးလိုက်၏။

ချန်လွေ့၏ ပတ်ပတ်လည်တွင်ရှိသော မှော်အစီအရင်က ခဏတာ တုန်ခါသွားပြီး တည်ငြိမ်သွားခဲ့သည်။ ထိုအစီအရင်သည် ပတ်ဝန်းကျင်ကို ကာကွယ်ရန် မဟုတ်ဘဲ တိုက်ပွဲ ကြည့်သူ(၄)ဦးကို မထိခိုက်စေရန် ဖြစ်သည်။

ပါ့ဂ်လီအိုနှင့် လာလာရီယာတို့၏ ပုံရိပ်များက တစ်ချိန်တည်း ခွဲထွက်သွား ကြသည်။ သူတို့က အင်အားမျှနေပုံ ရသည်။ သို့သော် အမြင့်ဆုံး ဒေါသအိုး အခြေအနေကို အသက်သွင်းထားသော လာလာရီယာက စွမ်းအား ပြန်ရရှိရာတွင် ပိုမိုကြီးမားသော အားသာချက် ရှိသည်။ အဆိပ်နဂါး မတ်မတ် မရနိုင်ခင်မှာပင် လာလာရီယာက ခန္ဓာကိုယ်ကို ငြိမ်အောင် ထိန်းလိုက်ပြီ ဖြစ်သည်။ ခြေထောက်ကို တစ်ချက် တို့ထိလိုက်သည်နှင့် သူက ပါ့ဂ်လီအို အရှေ့ ချက်ချင်းပေါ်လာ၏။

အစ်မကြီး၏ ညာလက်သီးမှ စုစည်း လိုက်သော စွမ်းအင်က ဧရာမနဂါး လက်သည်း အဖြစ်သို့ ပြောင်းလဲသွားပြီး အမှန်ပင် နဂါးပျံ လက်သီးတစ်ချက်က ပါ့ဂ်လီအိုကို လေထဲ ပင့်တင်လိုက်သည်။

အဆိပ်နဂါး၌ ကြယ်ချပ်ကာရှိသည့်တိုင် ထိုသို့ ပြင်းထန်သော တိုက်ကွက်ကြောင့် မူးဝေသွားခဲ့သည်။ လာလာရီယာ၏ ပုံရိပ်က လေထဲမှ အဆိပ်နဂါးနောက်သို့ မျက်စိတစ်မှိတ် အတွင်း လိုက်မီသွား၏။ ‘ဥက္ကာပြား လက်သီး’ ဆက်တိုက်က ဆရာသခင် အဆိပ်နဂါးကို မီးသွေးတုံး အဖြစ်သို့ ပေါက်ကွဲစေလုနီးပါး ဖြစ်ခဲ့၏။ အကယ်၍ ကြယ်အကာအကွယ်သာ မရှိခဲ့လျှင်...

အကယ်၍ လွန်ခဲ့သော တစ်လကျော် အချိန်ကဆိုလျှင် လာလာရီယာက အမြင့်ဆုံး ဒေါသအိုး ပြောင်းလဲခြင်းနှင့် [စိတ်ဝိညာဉ်နတ်ဆိုးမျက်လုံး] ပါရမီကိုပင် ပေါင်းစပ်လိုက်လျှင်ပင် ပါ့ဂ်လီအိုကို သူ ထိုအဆင့်အထိ အကျပ်ရိုက် စေနိုင်မည် မဟုတ်ပေ။ သို့သော် ယခုအချိန်နှင့် ယခုနေရာ၌ ပါ့ဂ်လီအိုတွင် သာမန် [ယုံကြည်ချပ်ကာ]ထက် သာလွန်သော အဆိပ်နဂါး ကြယ်ချပ်ကာ ရှိနေလျှင်ပင် လာလာရီယာကို မဖိနှိပ် နိုင်တော့ပေ။ ထိုအစား ပြိုင်ဘက်က အခွင့်အရေး ရှာဖွေ၍ ပြင်းထန်သော တိုက်ကွက်တစ်ခု သူ့ကို ပေးခဲ့လေသည်။

ထိုနေရာက စိတ်ပုံရိပ် လေ့ကျင့်ရေး ကွင်းထဲတွင် ဖြစ်သည်။

အထူးစည်းမျဉ်းကြောင့် အဆိပ်နဂါးက မိုးကြိုး ကောက်ရိုက်ုတ်ကို အသုံးမပြု နိုင်ခဲ့ပေ။ သူတို့ နှစ်ဦးလုံး ဆေးရည်မည်း တိုးမြှင့်များ၊ ကြယ်တစ်ပွင့် တိုးမြှင့်မှု၏ သန့်စင်ခြင်း စွမ်းအား၊ ကြယ်အပ်နှင်း စွမ်းအားနှင့် အခြား အရန်စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ သို့တိုင်အောင် ပါ့ဂ်လီအိုက သူ့ထက် အနည်းငယ် သာလွန်သော လာလာရီယာအပေါ် ယခင်က အကြွင်းမဲ့ အားသာချက် ဆုံးရှုံးသွားခဲ့လေသည်။

အရေးအကြီးဆုံးအချက်မှာ ဆရာသခင် အဆိပ်နဂါးတွင် အပြစ်ရှိစိတ် ရှိနေပြီး လာလာလိုလီမှာမူ ဒေါသကြောင့် အသည်းအသန် ဖြစ်နေခြင်းပင်။ အစွမ်းထက်သူနှစ်ဦး တွေ့ဆုံရာတွင် ရဲရင့်သောသူက အောင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ပါ့ဂ်လီအို ယခု အရိုက်ခံနေ ရသည်မှာ ကျိုးကြောင်းဆီလျော်၏။

လွန်ခဲ့သော တစ်လခန့်သို့ ပြန်သွား ကြရအောင်။

ချန်လွေ့က အဖိုးတန်သမီးကို လမ်းပေါ် ခေါ်ဆောင်သွားစဉ် တစ်စုံတစ်ယောက် နောက်သို့ လိုက်နေကြောင်းကို ပင်ကို အသိစိတ်ဖြင့် အာရုံခံမိခဲ့သည်။

သူက အငွေ့အသက်ကို ဖုံးကွယ်ပြီး တန်လည် ချောင်းမြောင်းသူ ဖြစ်လာရာ ချောင်းမြောင်းသူမှာ အမှန်တကယ်တွင် လာလာရီယာ ဖြစ်နေကြောင်းကို သူ တွေ့လိုက်ရသည်။

ထိုအရာမှာ အစသာ ဖြစ်၏။

ထို့နောက် လာလာရီယာက ပို၍ပို၍ မူမမှန်သော အပြုအမူများ လုပ်လာသည်။ ချောင်းမြောင်းခြင်း၊ ချောင်းကြည့်ခြင်း... စသည်ဖြင့်...

ထိုချောင်းကြည့်ခြင်းမှာ အမှန်တကယ် ရေချိုးနေသည်ကို ချောင်းကြည့်ခြင်းပင်။

အကယ်၍ မိန်းကလေးတစ်ယောက်က ချန်လွေ့ရေချိုးသည်ကို ချောင်းကြည့်ပါက အဆင်ပြေမည် ဖြစ်သော်လည်း ၎င်းမှာ အမျိုးသမီးများကိုသာ နှစ်သက်သော လာလာလိုလီ ဖြစ်နေ၏!

သေချာပေါက် ပြဿနာ တစ်ခုခု ရှိနေတယ်။ တစ်ခုခု မသင်္ကာစရာပဲ!

နောက်ဆုံး၌ လာလာရီယာက တစ်နေ့ ချန်လွေ့၏ အိပ်ခန်းထဲသို့ မုန်တိုင်းသဖွယ် ဝင်ရောက်လာခဲ့သည်။

“ဆုံးဖြတ်လိုက်ပြီ! ငါ့ရဲ့ ခန္ဓာကိုယ်နဲ့ အကြွေးဆပ်မယ်!”

ချန်လွေ့က ထိုကဲ့သို့ ပြတ်သားသော စကားကြောင့် မှင်တက်သွား၏။

ချန်လွေ့၏ လက်မောင်းထဲမှ ခီရာနှင့် အစ်ဇဘယ်လာတို့လည်း ထိုအတိုင်းပင်။

ထို့နောက် လာလာလိုလီက ခုန်ပျံ တက်လာပြီး ခြေလက်များ ဆန့်လျက် ကုတင်ကြီးပေါ် လှဲလိုက်သည်။

“လာခဲ့လေ။ ငါ မင်းကို သိုင်းပြိုင်ပွဲမှာ တစ်ခါ၊ နှစ်ယောက်ချင်းပြိုင်ပွဲမှာ တစ်ခါ၊ ပင်လယ်သေမှာ လူငါးယောက်ရဲ့ အသက် အတွက် ၅ခါ၊ ပြီးတော့ နဂါးဧကရာဇ် အတွက် တစ်ခါ အကြွေးတင်ထားတယ်။ စုစုပေါင်း ၈ခါ!”

ချန်လွေ့နှင့် သူ၏ဇနီး နှစ်ဦးက ပြောစရာမဲ့ရင်း အချင်းချင်း ကြည့်နေ၏။

ခန္ဓာကိုယ်ကို ပေးဆပ်တာလား။

အကယ်၍ အခြား တစ်ယောက်သာ ဖြစ်ပါက အစ်ဇဘယ်လာနှင့် ခီရာတို့က ယောက်ျားတစ်ယောက်က မိန်းမများနှင့် ထပ်ပြီး ရှုပ်နေသည်ဟု သေချာပေါက် သံသယ ဝင်ကြပေလိမ့်မည်။ သို့သော် ထိုမိန်းကလေးက သိပ္ပံနည်းမကျပေ...

ချန်လွေ့၏ မျက်လုံးက ရှုပ်ထွေးမှုဖြင့် ပြည့်နှက်နေသည်။ ဟုတ်ပြီ။ မင်းက ခန္ဓာကိုယ်နဲ့ ပြန်ဆပ်မယ်လို့ ပြောတယ်။ ဒါပေမဲ့ ဘာလို့ ငါ ငါ့ရဲ့မိန်းမတွေနဲ့ နှစ်ပါးသွားတော့မယ့် အချိန်မှ ဝင်လာဖို့ ရွေးခဲ့ရတာလဲ။

ခန္ဓာကိုယ်ကို ပေးဆပ်တယ် ဆိုရင်... အင်္ကျီထဲမှာ ဝတ်ထားတဲ့ ဖြူကောင်လို ချပ်ကာက ဘာကြီးလဲ။

ပြီးတော့ အဲဒီလက်.. ဘာလို့ ခီရာရဲ့ တင်ပါးကို တမင် ထိနေတာလဲ။

“ဟေး မင်းရဲ့ လက်စုတ်ကို ရပ်လိုက်!” ချန်လွေ့က ကဝေမလေး၏ တင်ပါးပေါ်မှ လာလာရီယာ၏ မဖွယ်မရာ သူခိုးလက်ကို ပြောစရာမဲ့လျက် ဖမ်းဆုပ်လိုက်သည်။ မိန်းမတောင် ငါ့ဇနီးတွေကို စော်ကားခွင့် မရှိဘူး။ ငါ့ရှေ့မှာဆို ပိုဆိုး!

အမှန်တကယ်မှာ ထိုအရာသည်လည်း လာလာရီယာအတွက် အနည်းငယ် မတရားပေ။ ရင်ပြား လိုလီက အမှန်တွင် စော်ကားရန် ရည်ရွယ်ခြင်း မရှိပေ။ ၎င်းမှာ အလွန် တင်းမာမှုကြောင့် ဖြစ်လာသော အကျင့်ပါနေသည့် လှုပ်ရှားမှု တစ်ခုသာ။

မမျှော်လင့်ဘဲ သူက လာလာရီယာကို ဖမ်းဆုပ်လိုက်ရာ လာလာလိုလီ၏ ဆံပင် ရုတ်တရက် ထောင်သွားသည်။ မူလက ဆန့်ထားသော ခြေလက်များက ချက်ချင်း တောင့်တောင့်ကြီး ဖြစ်သွားတော့သည်။

“ငါ... ငါ ယောက်ျားစုတ် တစ်ယောက် စော်ကားတာ ခံလိုက်ရပြီ!”

ယခင် တိုက်ပွဲနှင့် ပင်လယ်သေတွင် ကယ်တင်မှုတွင် ချန်လွေ့က သူနှင့် တစ်ခါမက ပိုမို ထိတွေ့ခဲ့ဖူးသော်လည်း ထိုအခိုက်အတန့်တွင် လာလာရီယာက အလွန်အမင်း တင်းမာနေ၏။ သူက ဧရာမ နဂါးနက်တစ်ကောင်သို့ ပြောင်းသွားရင်း ရုတ်တရက် အော်ဟစ်လိုက်သည်။

ဘုန်း!

ချန်လွေ့၏ မှင်တက်သော အကြည့် အောက်တွင် အခန်း တစ်ခြမ်းလုံးက ပြောင်းလဲသွားသော နဂါးနက်ကြောင့် ပြိုကျသွားခဲ့လေသည်။

နောက်ဆုံးတွင် အရှုပ်အထွေးများကို ရှင်းလင်းပြီးနောက်တွင် ချန်လွေ့က အစ်ဇဘယ်လာ၏ စိတ်ရှည်လက်ရှည် စုံစမ်းမေးမြန်းမှု ပြီးနောက်တွင် ကိစ္စ တစ်ခုလုံးကို နောက်ဆုံး သိရှိသွားခဲ့သည်။

မည်သို့ပင် ဆိုစေကာမူ ၎င်းက နဂါး၏ ကိုယ့်ကိုယ်ကိုယ် လေးစားမှု၊ အထူးသဖြင့် အတင်း စေ့စပ်ထားသူ၏ သရုပ်ကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်လေသည်။ အမှန်မှာ ထိုအဆင့်တွင် သူနှင့် လာလာရီယာတို့က အနည်းဆုံးတော့ အကောင်းအဆိုး အတူ မျှဝေခံစားသည့် မိတ်ဆွေများ ဖြစ်သည်။ ထိုလိုလီတွင် လိင်စိတ် တိမ်းညွတ်မှု ပြဿနာ ရှိသော်လည်း မဆိုးဝါးပေ။ အကယ်၍ သူ အမှန် ‘ပါဝင်’ လိုလျှင် သူ့ကို အစွမ်းထက် ရဲဘော်ရဲဘက် တစ်ဦးအဖြစ် မှတ်ယူနိုင်သည်။ ထိုသို့သော နားလည်မှု လွဲမှားခြင်း အကြောင်းရင်းမှာ လူယုတ်မာ နှစ်ဦး ဖြစ်သော ပါ့ဂ်လီအိုနှင့် ရိုမန်တို့ ကြောင့်ပင်။

“မင်း တကယ် ပါချင်တာလား။ မင်းရဲ့ အနာဂတ် လေ့ကျင့်ရေး လမ်းကြောင်းက ဒီဟာကြောင့် ပုံသေဖြစ်သွားလိမ့်မယ်။”

“အဲဒီ စွမ်းအားတွေကို စွန့်လွှတ်ဖို့ကို နှမြောနေတာလား။ ဒါမှမဟုတ် ငါ တစ်ခုခု ပေးရမယ်လို့ ပြောချင်တာလား။ ဟွန့် ဟွန့်! ငါတို့ တကယ် အတူတူ အိပ်ရမယ်ဆို ဒီတစ်ကြိမ် အပါအဝင် ကိုးကြိမ် အချိန်မရွေး လုပ်လို့တယ်။ စိတ်ရင်း အပြင် ငါ့ရဲ့ စကားကို တည်ပေးလို့ရတယ်!”

ချန်လွေ့ မျက်လုံးလှန်လိုက်၏။ မင်း ‘စိတ်ရင်း’လို့ ပြောရင် အစ်ဇဘယ်လာကို မကြည့်လို့ မရဘူးလား။

အဲဒီကောက်ကျစ်ပြီးတော့ တပ်မက်တဲ့ အကြည့်က အစ်ဇဘယ်လာရဲ့ ရင်ဘတ်ကို စိုက်ကြည့်မနေလို့ မရဘူးလား။

ပြီးတော့ ‘ခွေးကိုက်ခံရသလိုပဲ’ ဆိုတဲ့ စကားကို မင်းစိတ်ထဲမှာပဲ ထားထားလေ။ ထုတ်မပြောလို့ မရဘူးလား။

...

နောက်ဆုံးတွင် သံတမန် ရေးရာကို ကျွမ်းကျင်သော မဒမ်ဒေါ်လေးသည် လာလာရီယာကို အဖွဲ့ထဲသို့ ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ မာနကြီးသော ရင်ပြား လိုလီနဂါးက အဖြစ်အပျက်မှ မိမိကိုယ်ကို ဆင်ခြေပေးနိုင်ခဲ့ပြီး အလိုရှိသည့်အတိုင်း စစ်မှန်သော တိုးမြှင့်စွမ်းအားကို ရခဲ့သည်။

ဆေးရည်မည်းများနှင့် ကြယ်တစ်ပွင့် တိုးမြှင့်မှု စွမ်းအားအပြည့်အစုံ ရပြီးနောက် တစ်လကြာ ကြယ်တစ်ပွင့် တိုးမြှင့် လေ့ကျင့်မှုနှင့် ပေါင်းစပ်လိုက်ပါက လာလာရီယာ၏ အခြေခံ အုတ်မြစ်နှင့် တိုင်းပြည် ပိုမို၍ ခိုင်မာလာခဲ့သည်။ ထို့နောက်တွင် သူက ကြယ်အပ်နှင်းခြင်း ရရှိခဲ့ရာ သူကို ပို၍ပင် အားကောင်းသွား စေခဲ့လေသည်။ သူက ဆာရီရယ်၏ ဝိညာဉ် စွမ်းအား အများစုကိုလည်း ချေဖျက်နိုင်ခဲ့၏။

စွမ်းအား ရရှိပြီးနောက် လာလာရီယာ ပထမဆုံး လုပ်ခဲ့သောအရာမှာ သူ့ကို အကွက်ချ စီစဉ်ခဲ့သော ရိုမန်နှင့် ပါ့ဂ်လီအိုတို့ကို လိုက်လံ သတ်ဖြတ်ခြင်း ဖြစ်သည်။ စိန်တမ်းလိုက်တမ်း အပြီးတွင် သူက ခြံတစ်ခုလုံးကို ပျက်စီးစေလုနီးပါး ဖြစ်စေခဲ့သည်။ နောက်ပိုင်း ချန်လွေ့က ဖျန်ဖြေရန် ထွက်လာခဲ့သည်။ သူတို့က ပုံမှန်နေ့တွင် စစ်ရပ်စဲရေး ပြုလုပ်ကြမည် ဖြစ်သည်။ သုံးရက်တစ်ကြိမ် သူတို့က ‘တစ်ဦးချင်း ယှဉ်ပြိုင်ခြင်း’ ပြုလုပ်ရန် လေ့ကျင့်ရေးကွင်းသို့ သွားရောက်ရမည်။ ထိုအခါ သူတို့ လက်စားချေနိုင်မည် ဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း...

“မရတော့ဘူး။ အရှုံးပေးပါတယ်!” အပြင်းအထန် တိုက်ခိုက်သံများကြားတွင် ကြောက်မက်ဖွယ် ဆရာသခင် အဆိပ် နဂါးက နောက်ဆုံး၌ ခွေးသေတစ်ကောင် ကဲ့သို့ပင် မြေပြင်ပေါ်သို့ လဲကျသွားပြီး နွမ်းနယ်နေပုံရလေသည်။ အခုခေတ်မှာ အသည်းအသန် ဖြစ်နေတဲ့ အရူး တစ်ယောက်ကို စော်ကားလို့ မရဘူးပဲ။ ငါက ချောလွန်းလို့ နတ်ဘုရားကတောင် မနာလို ဖြစ်ရတယ်။ ငါက အရူးမ သုံးယောက်ကို တကယ် စော်ကားခဲ့တာပဲ!

“ဟွန့်...” လာလာရီယာက နောက်ထပ် သေစေနိုင်သော တိုက်ကွက် တစ်ခုကို မထုတ်လွှတ်ခဲ့ပေ။ ထိုအစား သူက အစ်မကြီးမှ မိန်းကလေးငယ်၊ မိန်းကလေးငယ်မှ လိုလီသို့ တဖြည်းဖြည်း ပြန်ပြောင်းပြီး မောဟိုက်နေလေသည်။ သူက အပြင်းထန်ဆုံး ဒေါသအိုး ပါရမီကို အသက်သွင်း လိုက်သည့်အတွက် စွမ်းအား ကုန်ဆုံးမှုကလည်း အလွန် ကြီးမားသည်။ ကံကောင်းစွာပင် ထိုလေ့ကျင့်ရေးကွင်း၏ စည်းမျဉ်းများမှာ အလွန် ထူးဆန်းပြီး တကယ့် တိုက်ပွဲများကဲ့သို့ တန်ပြန် သက်ရောက်မှုမရှိပေ။ သို့သော် သူက ယခု ဒေါသအိုးကို မသုံးနိုင်တော့ပေ။

“၇မိနစ်နဲ့ ၃၂စက္ကန့်။” အစ်ဇဘယ်လာက အချိန်တိုင်းကိရိယာကို ကြည့်လိုက်၏။ “နောက်ဆုံး ဂဏန်းက ၂။ ငါ နိုင်ပြီ!”

မစ်-နတ်မိမယ်နဂါးနှင့် ကဝေမလေး အစေခံမတို့က သက်ပြင်းချလိုက်ကြပြီး အနည်းငယ် စိတ်ပျက်နေပုံရလေသည်။ ဇိုလာက ပတ်ဝန်းကျင်မှ မှော်အစီအရင်ကို လက်ဖျောက်တစ်ချက် တီးကာ ပယ်ဖျက် လိုက်သည်။

“ဒီည အသီနာ့အချိန်က ငါ့အတွက်ပဲ။” အစ်ဇဘယ်လာ နှုတ်ခမ်းကို စေ့လိုက်ပြီး ပြုံးကာ လောင်းကစားပစ်မှတ် ဖြစ်နေပြီး အတူတူ ပြုံးရွှင်နေရုံသာ တတ်နိုင်သော လူတစ်ယောက်အား မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

မဒမ်-ဒေါ်လေးတော်က ထရပ်လိုက်ပြီး ရိုမန်၏ ဘေးသို့ လာကာ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။ “ရိုမန်လေး မင်း အဆင်ပြေရဲ့လား။”

ရိုမန်က စကားပြောရန် ခွန်အားပင် မရှိတော့လုနီးပါး ဖြစ်နေခဲ့သည်။ သူက အားတင်း၍ ပြုံးလိုက်၏။ အင်အားကြီး တိုင်းပြည်အဆင့်သို့ ရောက်နေသူ တစ်ဦး ဖြစ်သည့်အလျောက် လာလာရီယာ၏ တိုက်ခိုက်မှုအောက်တွင် အကြိမ်ကြိမ် လွတ်မြောက်နိုင်ခဲ့သည်မှာ အတော်လေး အံ့ဩဖွယ် ကောင်းလှပေသည်။

“မင်းရဲ့ အမြန်နှုန်းက လာလာရီယာ မင်းကို ပထမဆုံး အကြိမ် ချက်ချင်း အသတ်ခံရတုန်းကထက်ကို နှစ်ဆကျော် ပိုမြန်နေပြီ။ စွမ်းအားလည်း အများကြီး တိုးလာတယ်။ ဒီလိုမျိုး ‘အထူးလေ့ကျင့်မှု’ အာနိသင်က အတော်လေး သိသာတဲ့ပုံပဲ... နောက်ထပ် အခါ ဒါဇင်လောက်ဆိုရင် အခုလက်ရှိ အဆင့်ကို ကျော်နိုင်ရုံတင် မကဘူး၊ ဆာရီရယ်ရဲ့ ဝိညာဉ်စွမ်းအား ကိုတောင် လုံးဝ စုပ်ယူနိုင်လိမ့်မယ်။ အကြိမ်ရာနဲ့ချီ ထပ်ခါတလဲလဲ လုပ်ရင် ကြယ်နှစ်ပွင့် တိုးမြှင့်မှုက ပြဿနာ မဟုတ်တော့ဘူးလို့ ယုံကြည်တယ်။”

ရိုမန်၏ အပြုံးက မျက်နှာပေါ်တွင် ရုတ်တရက် ခဲသွား၏။ အသေအချာပင် သူက ဒေါ်လေးဖြစ်သူ၌ ‘လှည့်ဖြားခြင်း နတ်ဘုရားမ’ ဘွဲ့ရှိသည်ကို မေ့ခဲ့သည်။ အစ်ဇဘယ်လာက လာလာရီယာကို ပြုံးပြလိုက်၏။ “လာလာရီယာ ငါတို့ မိသားစုက ရိုမန်လေးရဲ့ လေ့ကျင့်မှုက နင့်အပေါ်မှာပဲ မူတည်တော့မယ်။”

လာလာရီယာက အစ်ဇဘယ်လာ အပေါ်တွင် အလှအပကြောင့် သာမက အလွန် ကောင်းမွန်သော အထင်အမြင် ရှိပေသည်။ သူက စွမ်းအား လက်ခံနိုင်ရန် အတွက် နောက်ဆုံး တစ်ကြိမ်တွင် နားချ ကူညီခဲ့သည့် အစ်ဇဘယ်လာ့ ကျေးဇူးကို အမြဲ သတိရနေခဲ့သည်။ သူက ပြုံးလျက် အစွယ်များကို ဖော်ပြလိုက်လေသည်။ “စိတ်ချလိုက်ပါ။ အခုကစပြီး ကျုပ်က သူ့ရဲ့ ကိုယ်ပိုင် လေ့ကျင့်ရေး အကြံပေးပဲ။”

“နေပါဦး...” ရိုမန်က မဒမ်-ဒေါ်လေး၏ တာဝန်ပေးအပ်ခြင်းကို အသည်းအသန် တားဆီးချင်နေသော်လည်း လေ့ကျင့်ရေး အကြံပေးက ရင်ဘတ်ကို နင်းထားရာ သူ စကားမပြောနိုင်ဘဲ နင်သွား၏။

“စိတ်မပူပါနဲ့။ မင်း တစ်ခုခုဖြစ်သွားရင် မင်းအတွက် ဒေလီယာနဲ့ မယ်ဒီလူကို ကောင်းကောင်း စောင့်ရှောက်ပေးမှာပါ။ အိုဟိုဟိုဟိုဟို...”

ရိုမန် ချက်ချင်း မေ့လဲသွား၏။

All Chapters