← Chapters

ပဟေဠိအဖြေရှာသူ လာလာရီယာ

Vol. 71 Ch. 1132

ပဟေဠိအဖြေရှာသူ လာလာရီယာ

Vol. 71 Ch. 1132

ခီရာ လေ့ကျင့်ရန် ဆုံးဖြတ်ပြီးနောက် ဇိုလာက သူ့အတွက် မီးနှင့် လေဒြပ်စင် မှော်ပညာ အဓိကထားသည့် လေ့ကျင့်ရေး အစီအစဉ်တစ်ခု အထူး လုပ်ပေးခဲ့သည်။ သူက နေ့စဉ် တရားထိုင်ရန်နှင့် လေ့ကျင့်ရန်အတွက် လေ့ကျင့်ရေးကွင်းသို့ ဝင်ရောက်ရမည် ဖြစ်သည်ည်။ ကဝေမ၏ စိတ်ဝိညာဉ် ပါရမီမှာ အတော်လေး ကောင်းမွန်ပြီး တိုးတက်မှု အမြန်နှုန်းမှာ ချီးကျူးစရာပင်။ ကံဆိုးသည်မှာ သူ၏ စမှတ်က အလွန် နိမ့်ကျနေ၏။ မဟာ နတ်ဆိုးဘုရင်အဆင့် ထိပ်သီးပိုင်းသာ ရှိနေသေးပြီး နတ်ဆိုးဧကရာဇ် အဆင့်သို့ ရောက်ရှိရန် အသင့်ဖြစ်နေလေပြီ။

လေ့ကျင့်ခြင်းအပြင် ခီရာက အစားအသောက်နှင့် လူတိုင်း၏ ဘဝကို စောင့်ရှောက်ရန် ဆက်လက်၍ တာဝန်ယူခဲ့သည်။ ယခင်နှင့် နှိုင်းယှဉ်လျှင် သူ၏ ဘဝက အမှန်တကယ်တွင် ပိုမို၍ ခက်ခဲလာသော်လည်း ပိုမိုပြည့်စုံပြီး ပျော်ရွှင်သည်ဟု ခံစားခဲ့ရသည်။ သူက နေ့စဉ် သတ်မှတ်ထားသော အချိန်တွင် လူတိုင်းကို အတူတကွ ကခုန်ရန် ဆက်လက်၍ ဦးဆောင်နေဆဲပင်။

ခီရာ၏ စွမ်းအားနှင့် တိုးတက်မှုဖြင့် ကြယ်နှစ်ပွင့် အဆင့်တိုးမြှင့်မှုကို မည်သည့် အချိန်တွင် ပြီးမြောက်မည်ကို မသိနိုင်ပေ။ သို့သော် ချန်လွေ့က ယခု သူ့အား ယူလာပေးသော အကူအညီနှင့် စိတ်ဓာတ်ခွန်အားက တစ်နည်းနည်းဖြင့် ကြယ်နှစ်ပွင့် အဆင့်တိုးမြှင့်မှုကို ကျော်လွန်သည်ဟု ခံစားမိလေသည်။

ရိုမန်၊ ဒေလီယာ၊ မယ်ဒီလူနှင့် အခြားသူများ အားလုံး ကြိုးစားအားထုတ် နေကြသော်လည်း အိုလီဖီးရက်စ်တွင် အမြင်သာဆုံး သက်ရောက်မှု ရှိသည်။

အစ်ဇဘယ်လာ၏ အကြံပြုချက် အောက်တွင် ချန်လွေ့က ကလေးမလေး တစ်ယောက်အတွက် ‘အဆင့်တိုးတက်မှု ရန်ပုံငွေ’ တစ်ခု အထူး တည်ပေးခဲ့သည်။ အဆင့်ငယ် တစ်ခုကို ရောက်ရှိတိုင်း သလင်းကျောက်နက်ဒင်္ဂါး ၅သောင်း ဆုချမည်ဖြစ်ပြီး အဆင့်ကြီး ရောက်ပါက သလင်းကျောက်နက်ဒင်္ဂါး ၅သိန်း ရရှိမည် ဖြစ်သည်။ ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို ပြီးမြောက်ပါက သလင်းကျောက်နက်ဒင်္ဂါး ၁၀သိန်း ရရှိပေမည်။

ထိုရန်ပုံငွေကို မိတ်ဆက်လိုက်သည်နှင့် မစ်-နဂါးနက် မျက်လုံးများ စိမ်းသွား၏။ သူက လေ့ကျင့်ရေးကွင်းထဲ သုံးရက်ကြာ နေထိုင်ခဲ့ပြီး အပြင်မထွက်ခဲ့ပေ။ သူ အပြင် ထွက်လာရာ တိုင်းပြည် အဆင့် အလယ်ပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အမှန်မှာ ပင်လယ်သေ ‘ရတနာ ရှာပုံတော်’၌ အိုလီဖီးရက်စ်နှင့် လာလာရီယာ နှစ်ယောက်စလုံးသည် စိတ်ကူး၍ မရနိုင်သော အန္တရာယ်ရှိသည့် တိုက်ပွဲများကို တွေ့ကြုံခဲ့ရသည်။ သူတို့ နောက်ဆုံး ဖမ်းဆီးခြင်း ခံခဲ့ရသော်လည်း အတွေ့အကြုံများစွာကို စုနိုင်ခဲ့သည်။ ယခု သူတို့ အခြေကျသွားပြီ ဖြစ်ရာ အဆင့်ငယ် အောင်မြင်စွာ ဖောက်ထွက် နိုင်ခဲ့သည်မှာ မျှော်လင့်ထားသည့် အတိုင်းပင်။

မစ်-နဂါးနက်က သလင်းကျောက်နက် ဒင်္ဂါး ၅သောင်းကို ဂုဏ်ယူစွာ အိတ်ကပ်ထဲ ထည့်နေသည်ကို မြင်လိုက်ရာ ဒိုဒို၏ မျက်လုံးများလည်း စိမ်းသွားလေသည်။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအား တန်ပြန် သက်ရောက်ရန် (၆)လ သတ်မှတ်ရက် တစ်ဝက်ပင် မပြည့်သေး။ ချွဲကျိကောင်က နေ့စဉ် သတိထားနေသော်လည်း သူတွင် ကံကောင်းချင်စိတ် ရှိနေသည်။ သူက ပုံမှန်ပင် သုံးလကျော် ဖြတ်သန်းခဲ့သည်။ ယခု အိုလီဖီးရက်စ် သလင်းကျောက်နက် ဒင်္ဂါး ၅သောင်းကို အခဲလိုက် အမှန်ပင် ယူသွားသည်ကို မြင်ရာ ဒိုဒို အံကြိတ်ကာ အမှန်တကယ် စိတ်ပိုင်းဖြတ်လိုက်၏။ သူက အိုလီဖီးရက်စ်နောက်သို့ နေ့စဉ် လေ့ကျင့်ရေးကွင်းထဲသို့ လိုက်သွားခဲ့ပြီး ထိုနေရာတွင် ရက်အနည်းငယ်ကြာ နေထိုင်ခဲ့သည်။ အပြင်ထွက်လာချိန် သူက ဆာလောင်နေသော တစ္ဆေတစ်ကောင်လို ဖြစ်နေပြီး အငမ်းမရ စားသောက်ခဲ့သည်။ ထို့နောက် နောက်ထပ် ဝင်သွားပြန်၏။ ထိုသို့နှင့် သံသရာလည်နေခဲ့သည်။

ဆုကြီးကြီးမားမားအောက် ရဲရင့်သော ကောင်မလေး တစ်ယောက် သာမက ရဲရင့်သော ချွဲကျိကောင်လည်း ရှိလာပုံ ရသည်။ ဒိုဒိုက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို မပြီးမြောက်နိုင်လျှင်ပင် အနည်းဆုံးတော့ စွမ်းအားတွင် အဆင့်တက် လာပေမည်။

စိတ်ဓာတ် အကျဆုံး သူကတော့ လာလာရီယာပင်။ မူလက ပါ့ဂ်လီအိုသည် သူ၏ မျက်လုံးထဲ အမှိုက်တစ်ကောင်မျှ ဖြစ်ပြီး သူ့ကို ကြိုက်သလို နင်းနိုင်ခဲ့သည်။ ယခုတွင် ပါ့ဂ်လီအို၏ စွမ်းအားက ခုန်ပျံ ကျော်လွှား တိုးတက်လာခဲ့သည်။ သူက အမှန်တကယ်ပင် ပါ့ဂ်လီအိုကို ယခု မနိုင်တော့ပေ!

အမှန်မှာ ကပ်ရောဂါ နတ်ဘုရား ဖြစ်သော ပါ့ဂ်လီအိုက ယခုအခါတွင် ‘အဆိပ်နဂါးကြယ်စင်စု’ နေအဖွဲ့အစည်း ယုံကြည်မှု စွမ်းအားကို ပိုင်ဆိုင်ထားပြီး ပုံမန်[ယုံကြည်မှုချပ်ကာ]ထက် သာသော ကြယ်ချပ်ကာနှင့် ပေါင်းစပ်လိုက်လျှင် လာလာရီယာက အမှန်ပင် ပြိုင်ဘက် တစ်ဦး မဟုတ်တော့။

ထို့အပြင် ပါ့ဂ်လီအိုတွင် မိုးကြိုး ကောက်ရိုက်တုတ်လည်း ရှိနေသေးသည်။

လာလာရီယာအတွက် အံ့ဩစရာမှာ ထိုမျှနှင့် မရပ်တန့်ခဲ့။ သူ့အရည်အချင်းက နဂါးကျွန်း တစ်ခုလုံးတွင် ထိပ်တန်း ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်က တိုင်းပြည်အဆင့်မှ နတ်ဘုရားတစ်ပိုင်း အဆင့် တက်လှမ်းပြီး နောက်တွင် ဖြစ်သည်။ လာလာလိုလီ၏ လိင်စိတ် တိမ်းညွတ်မှုကို ပြင်းထန်စွာ မထီမဲ့မြင်ပြုခဲ့သော အကြီးအကဲများပင် အမျိုးသမီးချင်း စိတ်ဝင်စားသော နဂါး၏ အရည်အချင်းကို ဝန်ခံခဲ့ရသည်။ သို့သော် ယခုနေရာသို့ ရောက်ရှိပြီးနောက်တွင် လာလာရီယာက သူ့ကိုယ်သူ တိုးတက်မှု အနှေးဆုံး ဖြစ်ကြောင်း တွေ့လိုက်ရ၏။ စမှတ် မြင့်မားခြင်းက မိမိကိုယ်ကို နှစ်သိမ့်ရန် ဆင်ခြေတစ်ခု မဟုတ်ပေ။ သွေးရောင် အင်ပါယာ၏ သိုင်းပြိုင်ပွဲကို ပြန်တွေးကြည့်လျှင် ကတ်သရင်းနှင့် ဇိုလာတို့ တိုင်းပြည်အဆင့်တွင်သာ ရှိခဲ့ပြီး သူ့ထက် များစွာ နိမ့်ကျခဲ့လေသည်။ နှစ်အနည်းငယ်အတွင်း ကက်သရင်းနှင့် ဇိုလာနှစ်ဦးလုံးက နတ်ဘုရား တစ်ပိုင်း အဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွား ကြသော်လည်း သူက နတ်ဘုရားတစ်ပိုင်း အဆင့် ကနဦးပိုင်းတွင်သာ ဝဲနေဆဲပင်။

ရိုမန်နှင့် အစ်ဇဘယ်လာ စွမ်းအားပင် အလွန် လျင်မြန်စွာ တိုးတက်လာခဲ့ပြီး ထိုအရာက မယုံနိုင်စရာပင်။

ဒါတွေအားလုံး အဲဒီလူသားကြောင့်ပဲ! အဲဒီလူသားရဲ့ လက်ရှိ စွမ်းအားက နဂါးဧကရာဇ်ထက်တောင် သာနေပြီ!

ဆေးရည်မည်းတွေ အပြင်ကို သူ့မှာ လျှို့ဝှက်ချက် အများကြီး ရှိလောက်တယ်။ ဥပမာပြောရရင် အရင်တစ်ခေါက်က [လတိုင်းပြည်]က ကြောက်စရာ ဧရာမ ရဲတိုက်လိုမျိုး၊ မရေတွက်နိုင်တဲ့ ထူးဆန်းတဲ့ သတ္တဝါတွေလိုမျိုး...

အခုလက်ရှိ ဇိုလာနဲ့ အခြားသူတွေက ဦးဆောင်နေတယ်။ တိုင်းပြည်အဆင့် အောက်ပိုင်းက လူတွေက မယုံနိုင်စရာ အမြန်နှုန်းနဲ့ စွမ်းအားတွေ တစ်ဆင့်ပြီး တစ်ဆင့် တိုးနေကြတယ်။ ငါ့ကို ကျော်သွားမှာ အနှေးနဲ့အမြန်ပဲ။

လာလာရီယာက ထိုအဖြစ်မှန်ကို လက်မခံနိုင်သော်လည်း ချန်လွေ့ကို မေးမြန်းမည် မဟုတ်ပေ။ ရင်ပြား လိုလီက အမှန်တကယ်တွင် အလွန် မာနကြီး၏။ သူက အမြဲတမ်း ကတိကို တည်ခဲ့ပြီး ကျေးဇူးနှင့် ရန်ငြိုးကို ရှင်းလင်းစွာ ခွဲခြားခဲ့သည်။ သို့သော် ထိုလူသား၏ အရှေ့တွင် သူက ဆုံးရှုံးမှု အများအပြား ခံစားခဲ့ရသည်။ အစပိုင်း ရှုံးနိမ့်ခြင်းမှသည် သိုင်းပြိုင်ပွဲ၌ ရှုံးနိမ့်ခြင်း၊ ပင်လယ်သေတွင် ကယ်တင်ခြင်းအထိ သူက အကြွေးများစွာ တင်ရှိခဲ့ပြီး ပြန်မဆပ်နိုင်ခဲ့ပေ။

ထိုအကြောင်းကြောင့်ပင် ထိုနေရာတွင် သူက မျက်နှာပြောင်တိုက်၍ နေခဲ့သည်။ သို့သော် ယခု ပြန်ဆပ်မည့် အစီအစဉ်မှာ မအောင်မြင်သေးဘဲ သူ၏ အဖေဖြစ်သူ နဂါးဧကရာဇ် ကယ်တင်ခြင်း ခံခဲ့ရသည်။ သူ၏ အကြွေး မကုန်ဆုံးနိုင်တော့ပေ။

ထိုလူသားက မိတ်ဆွေများအကြား တွက်ချက်နေရန် မလိုအပ်ကြောင်း အလေးထားပြီး ပြောနေသော်လည်း လာလာလိုလီက ထိုကဲ့သို့ မထင်ပေ။ အကြွေးတင်ခြင်းမှာ ကဏ္ဍတစ်ခု ဖြစ်ပြီး လာလာလိုလီ၏ တကယ့်ရည်ရွယ်ချက်မှာ လူသားမောင်းမဆောင်မှ ပြိုင်ဘက်ကင်း အလှပဂေးများပင် ဖြစ်သည်။ သူက တစ်ယောက်ချင်းကို တပ်မက်သော်လည်း ကံဆိုးစွာပင် တင်နေသောအကြွေးကြောင့် သူတို့ကို မဖြားယောင်းနိုင်ခဲ့ပေ။ အကြွေး ကျေသွားတာနဲ့ ငါ....အိုဟိုဟိုဟိုဟို...

‘အကြွေးရှင်’အား အကူအညီ တောင်းရမည်မှာ အဆင်မပြေသော်လည်း ရတနာ ရှာဖွေခြင်းနှင့် ပဟေဠိ ဖြေရှင်းခြင်းက နဂါးတစ်ကောင် အနေဖြင့် လာလာရီယာ၏ ဝါသနာများထဲမှ တစ်ခု ဖြစ်ရာ သူ့ကို စိတ်ဓာတ် ကျမနေဘဲ ပြင်းထန်သော စိတ်ဝင်စားမှုကို နှိုးဆွ ပေးခဲ့လေသည်။

ပထမဆုံး စုံစမ်းမေးမြန်းရန် ပစ်မှတ်မှာ သူ၏ ‘ညီမငယ်’ အိုလီဖီးရက်စ်ပင်။

သူ့အဖေ၏ သမီးကို ‘အစ်မ’ ဟူ၍ ခေါ်သင့်သော်လည်း အသက်အရွယ်အရ (အလေးချိန်မှာ အစ်ဇဘယ်လာလောက် မလေးပေ) မစ်-နဂါးနက်က သက်တော်စောင့် ကျင့်ဝတ်ကို ဆက်လက် အခိုင်အမာ ဆုပ်ကိုင်ထားခဲ့သည်။ သူက ဆွေမျိုးကို မကူညီဘဲ သူဌေး၏ လျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် ငြင်းခဲ့သည်။ သို့သော် လာလာရီယာက ထိုညီမ၏ စရိုက်ကို ကောင်းစွာသိနေရာ ရှားပါးသော ကျောက်မျက်တစ်ခုက မစ်- နဂါးနက်၏ ကျင့်ဝတ်ကို အနုတ်တန်ဖိုးသို့ ဆွဲချသွားခဲ့လေသည်။

လာလာလိုလီက မစ်-နဂါးနက်ထံမှ အိုလီဖီးရက်စ်နှင့် အခြားသူများ ဝင်ခဲ့သော အထူး လေ့ကျင့်ရေးကွင်းက သူ ဝင်နိုင်သည့် အရာနှင့် ကွဲပြားနေကြောင်း သိရှိခဲ့သည်။ အိုလီဖီးရက်စ်က အမြင့်ဆုံး အချိန် ဥပဒေသ ဖြစ်သော ၁:၅၀၀ကို ခံစားနိုင်ပြီး အချိန်ကန့်သတ်ချက် မရှိပေ။ ထိုယုံကြည်မှုသစ်သီးကို စားပြီးနောက် လာလာရီယာက အလွန်ဆုံး ၁:၁၀၀ အချိန် ဥပဒေသကိုသာ အသုံးပြုနိုင်ပြီး နေ့စဉ် ပြင်ပအချိန် တစ်နာရီသာ လေ့ကျင့်နိုင်၏။

အမှန်မှာ ထိုအရာက စူပါစနစ် ကွင်းဆက် ပစ်မှတ်များနှင့် ချိတ်ဆက် မထားသော ပစ်မှတ်များ အကြား ခြားနားချက်ပင်။ ချိတ်ဆက်ထားခြင်း မရှိသူက လဲလှယ်ရေး ဌာနမှ ယုံကြည်မှု သစ်သီးကို ရွေးပြီးမှသာ လေ့ကျင့်ရေး စိတ်ပုံရိပ်ကွင်းထဲသို့ ဝင်ရောက်နိုင်သည်။ အချိန်ကန့်သတ်ချက် ရှိရုံမက အမြင့်ဆုံး အာဏာရှိသော အချိန် ဥပဒေသကိုလည်း အသုံးမပြုနိုင်ပေ။ အကယ်၍ သူက ကြယ်နှစ်ပွင့် တိုးမြှင့်မှုကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပြီး နတ်ဘုရားမရာထူး ရခဲ့လျှင် ကြယ်စင်စု နတ်ဘုရားကျောင်းရှိ မူလ လေ့ကျင့်ရေးကွင်းကိုလည်း အသုံးပြု နိုင်မ ဖြစ်သည်။ အချိန်မှာ ၁:၁၀၀၀ အထိ ဖြစ်၏။

ဒီလို လျှို့ဝှက်ချက်တောင် ရှိနေတယ်! လာလာလိုလီ၏ သွားများ ယားလာသည်။ ဒီခြားနားချက် တစ်ခုတည်းက အတော် သိသာတယ်။ ဒီတစ်နာရီကြောင့်တောင်မှ ငါ ပျော်နေခဲ့တာ။

လာလာလိုလီက အကြောင်းရင်းကို မေးသောအခါ သူဌေးအတွက် အနည်းငယ် စိတ်မကောင်းဖြစ်နေသော (အမှန်တကယ် အဆင့်တိုး ရန်ပုံငွေကို ပယ်ဖျက်ခံရမည် စိုး၍) မစ်-နဂါးနက်က မရေမရာ ပြောလိုက်သည်။ “သူဌေးမှာ ကြယ်အပ်နှင်းစင်မြင့် ရှိတယ်။ အဲဒါက နင့်ကို ကိုယ်လုပ်တော် ဖြစ်စေပြီးတော့ အထူး စွမ်းအားတစ်ခု ရစေနိုင်တယ်!”

ကိုယ်လုပ်တော်လား။ အတော်လေး ထင်ရှားသော စကားက လာလာရီယာကို မျက်မှောင်ကြုတ်သွားစေ၏။

လာလာရီယာ မေးမြန်းခဲ့သော ဒုတိယ ပုဂ္ဂိုလ်မှာ သူနှင့်အတူ အခက်အခဲ ဒုက္ခများ ဖြတ်သန်းခဲ့သော မိတ်ဆွေကောင်း တစ်ဦး ဖြစ်သူ အယ်ဒီလိုင်းပင်။ အိုလီဖီးရက်စ်နှင့် ယှဉ်လျှင် အယ်ဒီလိုင်းက လျှို့ဝှက်ချက် ထိန်းသိမ်းရာတွင် အသေအချာပင် ပို၍ ကောင်းမွန်သည်။ သူက မသိကြောင်း ပြသရန် ခေါင်းခါရုံ ခါခဲ့သည်။ အမှန်မှာ ယခင်တစ်ခါ အန္တရာယ်ကို ထည့်စဉ်းစား၍ ချန်လွေ့က သူအား အရေးကြီးသော အခိုက်အတန့်၌ ကြယ်အပ်နှင်းစင်မြင့်တွင် ထားရှိနိုင်ရန် ကြယ်တစ်ပွင့် တိုးမြှင့်မှုနှင့် ကြယ်နှစ်ပွင့် တိုးမြှင့်မှု စွမ်းအားကို ပေးခဲ့၏။ သို့သော် ချန်လွေ့၏ ခွင့်ပြုချက် မရှိဘဲ အယ်ဒီလိုင်းက ထိုလျှို့ဝှက်ချက်ကို ထုတ်ဖော်ရန် မသင့်ဟု ခံစားခဲ့ရသည်။

အယ်ဒီလိုင်း၏ စွမ်းအားမှာ အလွန် အားနည်းပြီး လာလာရီယာ သံသယ မဝင်ခဲ့ပေ။ သူက ဒေလီယာကို မေးရာတွင် ဒေလီယာက ပြောသည်။ “နင် ချန်လွေ့ကို ကိုယ်တိုင်ပဲ မေးသင့်တယ်။”

ဘာမှ အားကိုးမရဘူး... ထိုအချိန် နဂါးတစ်ကောင် ဖြစ်သော ပါ့ဂ်လီအိုက ‘ခင်မင်မှု’ အကူအညီ လက်တစ်ဖက်ကို ဆန့်တန်းပေးခဲ့သည်။

“အဲဒီကောင်မှာ မိန်းမတွေနဲ့... အတူ နေပြီးတော့ သူတို့ရဲ့ စွမ်းအားတွေကို မြှင့်တင်ပေးတဲ့ အတော်လေး ဆိုးယုတ်တဲ့ စွမ်းရည်ရှိတယ်။ ဟမ့် မင်းသိပါတယ်။”

လာလာရီယာက သံသယဖြစ်သော အမူအရာတစ်ခုကို ဖော်ပြခဲ့သည်။ “ဒါဆို မင်းက အခုရောက်နေတဲ့ နေရာကို ရဖို့အတွက် သူနဲ့ ဇာတ်လမ်းရှိခဲ့တာပေါ့။ အတော်လေး စတေးခဲ့ရပုံပဲ။”

ပါ့ဂ်လီအို ဝိုင်သီးလုမတတ် ဖြစ်သွားပြီး ဘေးမှ ရိုမန်က အချိန်မီ ပြောလိုက်သည်။ “လာလာရီယာ။ ငါတို့က ဒီလောက် ရင်းနှီးနေမှတော့ တည့်ပဲ ပြောလိုက်မယ်။ အဲဒီကောင်က မင်းနဲ့မတူတဲ့ အကြိုက် ရှိတယ်။ သူ့မျက်လုံးထဲမှာ မိန်းမတွေပဲ ရှိတယ်။ ဘယ်လောက်လှတဲ့ မိန်းမတွေကို ရထားလဲ မြင်တယ် မဟုတ်လား။ သူ့ရဲ့ အကြီးမားဆုံး စွမ်းရည်က မိန်းမတွေနဲ့ အဲဒီလိုလုပ်ပြီး သူတို့ရဲ့ စွမ်းအားကို အများကြီး တိုးပေးတာပဲ... မင်း သတိမထားမိဘူးလား။ သူ့မိန်းမတွေ အားလုံးရဲ့ စွမ်းအားတိုးတက်မှုက ငါတို့ မိတ်ဆွေတွေထက် ပိုမြန်တယ်လေ။ အထင်ရှားဆုံးက ဇိုလာနဲ့ ကတ်သရင်းပဲ။”

နောက်ဆုံး စကားမှာ အထူးသဖြင့် ယုံကြည်စရာ ကောင်းလှလေသည်။ လာလာရီယာက ခေါင်းညိတ်လိုက်ပြီး ပါ့ဂ်လီအိုကို နောက်တစ်ခါ ကြည့်လိုက်၏။ “ဒါပေမဲ့ ဘာလို့ ပါ့ဂ်လီအိုက နတ်ဘုရား တစ်ပိုင်း အဆင့်ကို ရောက်သွားတာလဲ။”

“ငါ နတ်ဘုရားတစ်ပိုင်း အဆင့်ကို ‌ရောက်သွားတာက...” အဆိပ်နဂါးက မျက်လုံး လှန်လိုက်သည်။ “အဓိက အားဖြင့်တော့ ငါ့ရဲ့ သေသွားတဲ့အဖေ ချန်ထားခဲ့တဲ့ စွမ်းအားကြောင့်ပဲ။ သူက လူသားလောကရဲ့ နဂါးဧကရာဇ် ညီအစ်ကိုပဲ။ ငါ အရင်တစ်ခါ ချန်လွေ့နဲ့ လူသားလောကကို သွားတုန်းက ငါ့ကို ဒီမိုးကြိုးကောက်ရိုက်တုတ် ပေးခဲ့တယ်။”

လာလာရီယာက ထိုပစ္စည်း၏ စွမ်းအားကို တွေ့ကြုံခဲ့ဖူးသည်။ သူက အဆိပ်နဂါး လက်ထဲမှ အဆောင်ပစ္စည်းကို ကြည့်ပြီး နောက်ဆုံး ခေါင်းညိတ်လိုက်၏။

ပါ့ဂ်လီအို ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “မင်း သူ့ကို အကြွေးတင်နေတာမလား။ ဒီအခွင့်အရေးကို ယူပြီး ပြန်ဆပ်လိုက်ပေါ့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။”

“ဖင်ခံလိုက်လေ!” လာလာလိုလီက အဆိပ်နဂါးကို မထီမဲ့မြင် အကြည့်ဖြင့် ကြည့်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။

ဒေါသတကြီး လျှောက်သွားသော လာလာလိုလီ၏ ပုံရိပ်ကို မြင်သောအခါ လောကကြီး ကမောက်ကမ မဖြစ်မည်ကို စိုးရိမ်နေကြသော လူယုတ်မာ နှစ်ဦးက တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ရယ်ကာ ဖန်ခွက် တိုက်လိုက်ကြ၏။

အဆိပ်နဂါးနှင့် ရိုမန်တို့၏ စကားမှာ ဆွဲဆောင်မှုရှိသော်လည်း လာလာရီယာ လုံးဝ မယုံကြည်ခဲ့ပေ။ သူ ရှာဖွေခဲ့သော နောက်ဆုံး ပစ်မှတ်မှာ ချန်လွေ့၏ အမျိုးသမီး ခီရာ ဖြစ်သည်။

မောင်းမဆောင်တွင် လာလာရီယာက ဖက်ရှင်ဒီဇိုင်းနှင့် အစားအသောက်တွင် ကောင်းမွန်သော ကဝေမလေးနှင့် အကောင်းဆုံး ဆက်ဆံရေး ရှိသည်။ သူ၏ ကိုယ်ပေါ်မှ အကျေနပ်ဆုံး အမျိုးသား ဝတ်စုံမှာ ခီရာ၏ ကိုယ်ပိုင်ဒီဇိုင်း ဖြစ်၏။

“ခီရာ... မေးမလို့။ အာ... ချန်လွေ့ မင်းနဲ့ အဲဒီလိုမျိုး လုပ်တဲ့အခါ စွမ်းအားတွေကို တိုးပေးတာလား။”

ခီရာ လန့်သွားလေသည်။ [နှစ်သွယ် လေ့ကျင့်‌ရေး]က မောင်းမဆောင်အဖွဲ့၏ ကိုယ်ရေးကိုယ်တာ ဖြစ်၏။ ဒေလီယာနှင့် အခြားသူများပင် မသိကြ။ လာလာရီယာ ဘယ်လိုသိသွားတာလဲ။

လာလာရီယာက အိုလီဖီးရက်စ်ကဲ့သို့ မည်သည်မှ မသိသော ကောင်မလေး တစ်‌ယောက် မဟုတ်ပေ။ ခီရာက အဖြေပေးရန် တွန့်ဆုတ်နေသော်လည်း သူ၏ တုန်ယင်နေသော အကြည့်သည် အမှန်တရားကို သစ္စာဖောက်လိုက်သည်။ ပါ့ဂ်လီအိုနဲ့ ရိုမန် ပြောခဲ့တာ တကယ် မှန်နေတာပဲ။

ပါ့ဂ်လီအို၏ စကားများက သူ့နားထဲ ပဲ့တင်ထပ်နေပြီး လာလာ၏ မျက်လုံးထဲ ဒေါသမီးများ တောက်လောင်လာခဲ့၏။ အကြွေးဆပ်ရမယ်! အစွမ်း ပိုထက်ရမယ်! မိန်းမလှ မောင်းမဆောင်အတွက်!

ပြီးတော့ အဲဒါက အဘိုးကြီးကို စိတ်မပူရအောင် လုပ်ပေးနိုင်သေးတယ်။ တစ်ချက်ခုတ် လေးချက်ပြတ်ပဲ! တော်လိုက်တဲ့ငါ... အိုဟိုဟိုဟိုဟို...

ဒီစတေးတာကို ခွေးကိုက်ခံရတာလို့ပဲ မှတ်လိုက်မယ်!

All Chapters