← Chapters

မိဖုရားယန်စီ ပါလား

Vol. 63 Ch. 931

မိဖုရားယန်စီ ပါလား

Vol. 63 Ch. 931

လုချန်း ဖြည်းညှင်းစွာ ထရပ်လိုက်ပြီးနောက် သူမ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားသကဲ့သို့ ယွမ်ရှန်ရှန် ခံစားလိုက်ရ၏။ သူမကဲ့သို့ ကောင်းကင်လူသားတစ်ဦးပင် အမှန်တကယ် မခံနိုင်ခဲ့ပေ။

သူ၏ဆရာနှင့် ဘိုးဘေးများကို သစ္စာဖောက်သော ဤတပည့်မိုက်သည် သူမအား အရုပ်တစ်ခုကဲ့သို့ အမှန်တကယ် ဆက်ဆံနေသည်။

မုန်းစရာကောင်းလှ၏။

လုချန်း မတ်တပ်ထရပ်လိုက်သောအခါ ယွမ်ရှန်ရှန်၏ အေးစက်နေသော်လည်း နီမြန်းနေသော ပါးပြင်များက သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဆုတ်ဖြဲလိုသည့်အလား ဒေါသတကြီး စိုက်ကြည့်နေသည်ကို သူသတိပြုမိလိုက်၏။

ထိုမြင်ကွင်းကိုမြင်သောအခါ လုချန်းက ပြုံးလျက်

“လေးစားရတဲ့ ဆရာမ။ ဒါက ဘယ်လိုအမူအရာမျိုးလဲ။ တပည့်က ဒီလောက်ကြာအောင် ပင်ပင်ပန်းပန်း လုပ်ပေးခဲ့တာ။ ကျေးဇူးမတင်ရင်ထားပါ။ ဘာလို့ ဒီလိုမျိုး စိုက်ကြည့်နေရတာလဲ။”

ယွမ်ရှန်ရှန်က စကားမပြောပဲ နေလိုက်၏။ သူမ စကားတစ်ခွန်းပြောလိုက်သည်နှင့် ဤပုန်ကန်တတ်သောတပည့်က သူမအား ဆိုဖာပေါ်သို့ နောက်တစ်ကြိမ် တွန်းလှဲကာ ထပ်မံညှဉ်းပန်းမည်ကို သူမ မလိုလားပေ။

လုချန်းက ယွမ်ရှန်ရှန်၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီး ထိုမှတဆင့် သူမ၏ ငွေဖြူရောင်ဆံပင်များကို ပွတ်သပ်ရန် ရွှေ့လိုက်၏။ ယွမ်ရှန်ရှန်လည်း ရှောင်တိမ်းခြင်းမပြုပေ။ ဤပုန်ကန်သူ၏ လုံးဝမျိုချခြင်းကို ခံလိုက်ရပြီးပြီဖြစ်ရာ ကာကွယ်စရာ ဘာမှမကျန်တော့ချေ။

ယွမ်ရှန်ရှန်၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဖွေးနူးညံ့ပြီး ထိုအဖြူရောင်ထဲတွင် ပန်းရောင်သန်းနေကာ မခံမရပ်နိုင်အောင် ဆွဲဆောင်မှုရှိသော အနုပညာလက်ရာတစ်ခုကဲ့သို့ ဖြစ်နေ၏။

သူ၏အောက်မှ နတ်သမီးက အေးစက်စက်ဟန်ဆောင်နေသော်လည်း မျက်နှာတစ်ခုလုံး နီမြန်းနေသည်ကို မြင်သောအခါ လုချန်းလည်း မထိန်းချုပ်နိုင် ဖြစ်လာသည်။

သို့သော် လုချန်း သူ့ကိုယ်သူ ထိန်းချုပ်ထားဆဲဖြစ်၏။ အကြောင်းမှာ သူ့ကိုစောင့်နေသော ဧည့်သည်များ ရှိနေသောကြောင့် ဖြစ်သည်။ မကြာမီတွင် သူသည် တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ၏ အစီရင်ခံစာမှုများကို နားထောင်ရုံသာမက မင်္ဂလာဆောင်မှ ထွက်ပြေးပြီးမှ သူမဘာသာ ပြန်လာသော ဇနီးသည်နှင့်လည်း တွေ့ဆုံရပေဦးမည်။

ထိုအခိုက်တွင် လုချန်းက ညင်သာစွာကိုင်းညွှတ်ကာ ယွမ်ရှန်ရှန်၏ ပါးလွှာသော နှုတ်ခမ်းများကို နမ်းလိုက်၏။ သူမက ခုခံခြင်းမပြုပဲ လုချန်းအား အနမ်းပေးခွင့်ပြုလိုက်၏။

အနမ်းပေးပြီးနောက် လုချန်းက မတ်တပ်ထရပ်လိုက်ပြီး ယွမ်ရှန်ရှန်၏ လှပသောမျက်ဝန်းများကို စိုက်ကြည့်ကာ ပြုံးလျက်

“လေးစားရတဲ့ ဆရာမ။ ကျွန်တော့်ကို ခဏလေးစောင့်နေပါ။ ကျွန်တော့်ကိစ္စတွေ ပြီးတာနဲ့ ဆရာမနဲ့အတူတူ ကျင့်စဉ်ကျင့်ဖို့ ပြန်လာခဲ့ပါ့မယ်။”

ဤစကားများကို ပြောပြီးနောက် လုချန်းက အခန်းထဲရှိ အစေခံများအား ဝတ်စုံဝတ်ဆင်ခိုင်းလိုက်၏။

မကြာမီပင် လုချန်း နန်းတွင်းစာကြည့်ခန်းသို့ ရောက်ရှိလာ၏။ အခန်းအပြင်ဘက်တွင် အဖြူရောင်အဝတ်အစားများ ဝတ်ဆင်ထားသော လူအချို့ စောင့်ဆိုင်းနေကြသည်။

လုချန်းက နန်းတွင်းစာကြည့်ခန်းသို့ တိုက်ရိုက်သွားရန် အလင်းအရိပ်ကျင့်စဉ်ကို အသုံးပြုခဲ့သောကြောင့် ထိုသူများက သူရောက်ရှိနေပြီဖြစ်ကြောင်း မသိကြပေ။ သူတို့က အပြင်ဘက်တွင် စိုးရိမ်တကြီးဖြင့် စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

ရှဧကရာဇ်သည် အထူးပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ရှဧကရာဇ်ကို မြင်ခြင်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ ဂိုဏ်းချုပ်ကို မြင်ရခြင်းနှင့်တူသည်ဟု ပိုင်ကွမ်းယုက အထူးမှာကြားခဲ့သောကြောင့် သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြ၏။

လုချန်းကို ဘယ်တော့ ရောက်လာမလဲဟု တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ တွေးတောနေစဉ် အမျိုးသမီးအစောင့်တစ်ဦး ထွက်လာပြီး

“မင်းကြီး ရောက်ရှိနေပါပြီ။အထဲကို ကြွပါ။”

ထိုအသံကို ကြားသောအခါ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များလည်း နန်းတွင်းစာကြည့်ခန်းထဲသို့ ချက်ချင်းဝင်ရောက်သွားကြ၏။

အထဲသို့ဝင်ရောက်ပြီး လုချန်းကိုမြင်သောအခါ သူတို့အားလုံး ကြက်သေသေသွားကြ၏။ ရန်ခရိုင်သို့လာရာလမ်းတွင် သူတို့ အလျင်လိုနေခဲ့သဖြင့် ရှဧကရာဇ်အကြောင်းကို မစုံစမ်းမိခဲ့ကြပေ။

သူတို့၏စိတ်ထဲတွင် ရှဧကရာဇ်သည် အဘိုးကြီးတစ်ဦးဖြစ်ရမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ရှဧကရာဇ်သည် အလွန်နုပျိုနေ၏။ ထိုအချက်က ရှဧကရာဇ်၏ အဆင့်အတန်း ဂိုဏ်းချုပ်တစ်ဦးထက်ပင် မြင့်မားသည်ဟု ပိုင်ကွမ်းယု အဘယ်ကြောင့်ပြောခဲ့သည်ကို သူတို့အား အလွန်သိချင်စိတ်ပြင်းပြစေ၏။

တပည့်အုပ်စုလည်း သူတို့၏အတွေးများကို စုစည်းပြီးနောက် လုချန်းအား အလျင်အမြန် ဦးညွှတ်ကာ

“တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ မင်းကြီးအား ဂါရဝပြုပါတယ်။မင်းကြီး သက်တော်ရာကျော် ရှည်ပါစေ။”

လုချန်းက ခပ်တိုတိုပင်

“ထပါ။”

“ကျေးဇူးတင်ပါတယ် မင်းကြီး။”

သူတို့ထရပ်ပြီးနောက် လုချန်းက တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ခေါင်းဆောင်တပည့်ကို ကြည့်ကာ

“ပြောပါဦး။ မြူခိုးဒေသရဲ့ လက်ရှိအခြေအနေက ဘယ်လိုရှိလဲ။ပြီးတော့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းက အဲ့ဒီမှာ အလုံးစုံ အင်အားအရ ဘယ်အဆင့်လောက်မှာ ရှိနေလဲ။”

ဤမေးခွန်းကို ကြားသောအခါ အုပ်စုခေါင်းဆောင် ယိုဝမ်ကွမ်းက

“မင်းကြီး။ လက်ရှိ မြူခိုးဒေသမှာ ထင်ရှားတဲ့ အဓိကဂိုဏ်းကြီး ရှစ်ဂိုဏ်းရှိပါတယ်။ အဲ့ဒီထဲမှာ ကျွန်တော်တို့ တန်ခိုးရှင် တစ်သောင်းဂိုဏ်း၊ မြူခိုးမှော်ဂိုဏ်းနဲ့ လင်ဟူဂိုဏ်းတို့က အင်အားအကြီးဆုံး သုံးခုဖြစ်ပါတယ်။”

“အင်အားအကြောင်း ပြောရမယ်ဆိုရင်တော့ တန်ခိုးရှင် တစ်သောင်းဂိုဏ်းနဲ့ မြူခိုးမှော်ဂိုဏ်းက အကြမ်းဖျင်းအားဖြင့် တန်းတူလောက်ရှိပြီး နှစ်ဖက်စလုံးမှာ ယင်ယန်နယ်ပယ်အဆင့် နှစ်ယောက်စီ ပိုင်ဆိုင်ထားပါတယ်။ ဒါပေမဲ့ ဂိုဏ်းနှစ်ဂိုဏ်းကြား အကြီးစား ပဋိပက္ခတွေ မဖြစ်ပွားဖူးသေးတဲ့အတွက် ကျွန်တော့်လို လက်အောက်ငယ်သားတစ်ယောက်အနေနဲ့ ဘယ်သူက ပိုအားကောင်းတယ်ဆိုတာကို စိတ်ထင်တိုင်း ကောက်ချက်ချဖို့ မသင့်တော်ပါဘူး။”

ဤအချိန်တွင် ယိုဝမ်ကွမ်းက ဆက်လက်၍ “အင်အား အသင့်အတင့်ရှိတဲ့ အဖွဲ့အစည်းတွေကတော့ တော်တော်များများရှိပါတယ်။ မြူခိုးဒေသက ကျယ်ပြောပြီး သူ့ရဲ့နေရာအကျယ်အဝန်းက မတည်ငြိမ်တဲ့အတွက် တခြားကမ္ဘာတွေက အပိုင်းအစတွေက မြူခိုးဒေသထဲကို အဆက်မပြတ် ကျရောက်နေလို့ အင်အားစုတွေနဲ့ ကျင့်စဉ်ကျင့်သူတွေကို ပိုခေါ်ဆောင်လာပါတယ်။”

လုချန်း စဉ်းစားကြည့်လိုက်ရင်း တစ်စုံတစ်ခု သဘောပေါက်သွား၏။ မြူခိုးဒေသရှိ ပြဿနာများသည် အချိန်တိုအတွင်း ဖြေရှင်းနိုင်မည့် အရာမဟုတ်ပေ။

မြူခိုးဒေသရှိ လက်ရှိတည်ရှိနေသော အင်အားစုအားလုံးကို သူတို့ အနိုင်ယူနိုင်လျှင်ပင် မတူညီသောကမ္ဘာများမှ အခြားလူများ မြူခိုးဒေသထဲသို့ ဆက်လက်ကျရောက်နေမည်ဖြစ်သည်။ ၎င်းသည် အချိန်နှင့်နေရာ လှိုင်းထန်သော နေရာတစ်ခု ဖြစ်၏။

အနာဂတ်တွင် မြူခိုးဒေသ၌ ပိုမိုအားကောင်းသော အင်အားစုတစ်ခု ပေါ်ပေါက်လာဦးမည်လား ဆိုသည်ကို မည်သူမှ ကြိုတင်ခန့်မှန်းနိုင်မည်မဟုတ်ပေ။

ထိုအချိန်တွင် ယိုဝမ်ကွမ်းတို့က လုချန်းကို ကြည့်နေကြပြီး ရှဧကရာဇ် လုချန်း တန်ခိုးရှင် တစ်သောင်းဂိုဏ်း၏ အရေးကိစ္စများကို သိမည်မဟုတ်ဟု ယူဆကာ သူ၏ နောက်ဆက်တွဲ မေးခွန်းများကို စောင့်မျှော်နေကြ၏။

သို့သော် လုချန်းက

“ခင်ဗျာတို့ အဝေးကလာရတာဆိုတော့ ပင်ပန်းနေရောပေါ့။ သွားနားကြပါ။”

လုချန်း၏ စကားကိုကြားသောအခါ

ယိုဝမ်ကွမ်းတို့အုပ်စု အံ့အားသင့်သွားကြ၏။

ဒီလောက်ပဲလား။

ဒီမေးခွန်းတစ်ခွန်းပဲလား။

စိတ်ရှုပ်ထွေးသွားကြသော်လည်း ယိုဝမ်ကွမ်းတို့ ဘာမှထပ်မပြောတော့ပဲ ချက်ချင်းဦးညွှတ်ကာ

“ကျွန်တော်တို့ ခွင့်ပြုပါဦး။”

ထို့နောက် ယိုဝမ်ကွမ်းတို့အုပ်စုလည်း နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာသွားကြ၏။

မြူခိုးမှော်ဂိုဏ်းအကြောင်း လုချန်း မေးမြန်းလိုခဲ့သော်လည်း သူပြန်စဉ်းစားလိုက်သည်။ တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ ဤတပည့်များသည် သူတို့၏နေ့ရက်အားလုံးကို ဂိုဏ်းထဲ၌သာ ကုန်ဆုံးကြပြီး သူတို့သိသည့်အရာမှာ မြူခိုးဒေသတွင် လူအများသိသော အကြောင်းအရာများသာ ဖြစ်နိုင်ခြေရှိ၏။

သူတို့ကို မြူခိုးမှော်ဂိုဏ်းအကြောင်း မေးခြင်းက ဝူကျန်းဝမ်နှင့် လီချင်ရို့တို့ သိသလောက် သတင်းအချက်အလက်တောင် ရရှိမည် မဟုတ်ပေ။

မြူခိုးမှော်ဂိုဏ်းအတွင်းမှ လက်ရှိအခြေအနေကို စုံစမ်းရန်အတွက် ထိုဂိုဏ်း၏ တပည့်များကို မေးမြန်းခြင်းက ပို၍သင့်တော်ပေလိမ့်မည်။ ထို့ကြောင့် နဂါးနက်မြို့ရှိ တန်ခိုးရှင် တစ်သောင်းဂိုဏ်း တပည့်များထံသို့ အထူးကိုယ်ရံတော်များမှတဆင့် သူ ညွှန်ကြားပြီးဖြစ်၏။ မကြာမီတွင် မြူခိုးမှော်ဂိုဏ်းမှ တပည့်များကို ရန်ခရိုင်သို့ ခေါ်ဆောင်လာမည်ဖြစ်ပြီး ထိုအခါမှ သူ အေးအေးဆေးဆေး စစ်ဆေးမေးမြန်းနိုင်မည်ဖြစ်၏။

တန်ခိုးရှင် တစ်သောင်းဂိုဏ်းမှ တပည့်များ နန်းတွင်းစာကြည့်ခန်းမှ ထွက်ခွာသွားပြီးနောက် လုချန်းလည်း အလင်းအရိပ်ကျင့်စဉ်ကို ထပ်မံအသုံးပြုကာ မုယန်စီ၏ နန်းဆောင်သို့ တိုက်ရိုက်ရောက်ရှိသွား၏။

ထိုအခိုက်တွင် မုယန်စီသည် ခန်းမကြီးထဲတွင် ရပ်နေကာ ပတ်ဝန်းကျင်ကို ကြည့်ရှုနေ၏။ အကြောင်းတစ်ခုခုကြောင့် သူမ၏နှလုံးသားထဲတွင် ထူးဆန်းသော အန္တရာယ် အငွေ့အသက်တစ်ခု ရုတ်တရက်ပေါ်ပေါက်လာ၏။ လုချန်းတစ်နေရာရာမှ ရုတ်တရက်ထွက်ပေါ်လာပြီး သူမအား ချုပ်ကိုင်လိုင်မည်ဟု အမြဲခံစားနေရ၏။

ထိုလူ သူမအပေါ် ဘာလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်းသိပြီးပါက သူမ ရန်ခရိုင်မှ ချက်ချင်းထွက်ခွာပြီး သူမ၏ပြဿနာကို ဖြေရှင်းရန် နည်းလမ်းရှာမည်ဟု ထိုအချိန်တွင် မုယန်စီ တွေးနေမိ၏။

သူမ အခုအသိချင်ဆုံးက သူမ၏ရောဂါကို ကုသမည့် ဆေးဆိုင်၏ တည်နေရာမဟုတ်ပါ။ ရောဂါ၏ အကြောင်းရင်းဖြစ်၏။

ထိုအကြောင်းရင်း လုချန်းနှင့် ပတ်သက်နိုင်သည်ဟုလည်း သူမ ခံစားနေရသည်။ အကြောင်းရင်းကိုသာ ရှာဖွေနိုင်လျှင် ကျယ်ပြောသော ကျင့်စဉ်လောကကြီးတွင် ဖြေရှင်းရန် နည်းလမ်းတစ်ခုတော့ ရှိရမည်သာ ဖြစ်သည်။

မုယန်စီ အတွေးထဲနစ်မြောနေစဉ် ရုတ်တရက် သူမ၏နောက်မှ ရင်းနှီးသောအသံတစ်ခု ထွက်ပေါ်လာ၏။

“ကြည့်စမ်းပါဦး။ ဘယ်သူပြန်လာတာလဲလို့။”

“အလို။ ဒါ ငါ့ရဲ့ မိန်းမ ယန်စီ မဟုတ်လား။”

ထိုအသံကို ကြားသောအခါ မုယန်စီ လျင်မြန်စွာ လှည့်ကြည့်လိုက်၏။

လုချန်းကို တစ်ဖန်ပြန်မြင်သောအခါ မုယန်စီ၏စိတ်များ ခဏခန့် ရပ်တန့်သွားပြီး သူ့အနားသို့ ပိုမိုချဉ်းကပ်လိုသော ဆန္ဒတစ်ခု ရုတ်တရက်ဖြစ်ပေါ်လာ၏။

လုချန်းက ပြုံးလျက်

“ကိုယ်ရဲ့ မိန်းမ ယန်စီ ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ထင်နေတာ။ တစ်နှစ်လောက်နဲ့ မင်းဘာသာမင်း ပြန်လာလိမ့်မယ်လို့ မထင်ခဲ့ဘူး”

All Chapters