← Chapters

ရှင်က လူယုတ်မာပဲ

Vol. 63 Ch. 933

ရှင်က လူယုတ်မာပဲ

Vol. 63 Ch. 933

လုချန်းကို တားဆီးရန် မဖြစ်နိုင်တော့ကြောင်း သဘောပေါက်သွားသော မုယန်စီလည်း သူမရရှိနိုင်သည့် နောက်ဆုံးနည်းလမ်းကို အသုံးပြုရမည်ဟု သူမ ဘာသာသူမ တွေးလိုက်၏။

ထိုနည်းလမ်းမှာ သူမ၏ ကိုယ်ပိုင် ဆန္ဒအလျောက် ပေးအပ်ခြင်း အပါအဝင် လုချန်းကို ကျေနပ်အောင် လုပ်ဆောင်ရန် ဖြစ်ပေသည်။ သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေအရ ဆက်ဖြစ်နေမည်ဆိုလျှင် သူမ၏ ဘဝက လုချန်း၏ ကစားစရာတစ်ခုသာ ဖြစ်လာတော့မည်ဖြစ်၏။ ထို့အစား သူမဘက်က အစပြုလုပ်ဆောင်ခြင်းက ပို၍ကောင်းမွန်ပေမည်။

သူမ၏ ဆန္ဒအလျောက် ပေးအပ်ခြင်းအားဖြင့် လုချန်း၏ အတင်းအကျပ်ခိုင်းစေခြင်းကြောင့်မဟုတ်ပဲ မိမိ၏ကိုယ်ပိုင်ရွေးချယ်မှုဖြစ်သည်ဟု သူမကိုယ်သူမ နှစ်သိမ့်နိုင်ပေသည်။ ထိုအခါ လုချန်း၏ ကစားစရာ အဖြစ်မဟုတ်တော့ပဲ လုချန်းနှင့် အတူအိပ်ရန် သူမက ရွေးချယ်လိုက်ခြင်းဖြစ်သွားမည်။

မည်သို့ပင်ဆိုစေ သူမသည် ကျင့်စဉ်ကျင့်သူတစ်ယောက်အနေနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်ကာ အပျိုစင်ဘဝကို တန်ဖိုးထားသော်လည်း ယခင်ကကဲ့သို့ မရင့်ကျက်သော ကလေးမလေးတစ်ယောက် မဟုတ်တော့ချေ။ အပျိုစင်ဘဝထက် သူမ၏ အသက်က များစွာ ပို၍အရေးကြီးသည်။

သေချာစွာ စဉ်းစားပြီးနောက် မုယန်စီက လုချန်းကို ပြုံးပြလိုက်ပြီး

“မင်းကြီး။ ကျွန်မ မင်းကြီးကို အလုပ်အကျွေးပြုနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မအပေါ်ထားတဲ့ ထိန်းချုပ်မှုကို လွှတ်ပေးလို့ရမလား။”

“မင်းကြီးက ကျွန်မခန္ဓာကိုယ်ကို အမြဲတမ်း ထိန်းချုပ်နေမယ်ဆိုရင် ကျွန်မက ဒါကို ဆန္ဒရှိရှိနဲ့ လုပ်နေတာဟုတ်မဟုတ် ဘယ်လိုသိမှာလဲ။ ကျွန်မက အစပြုလုပ်ဆောင်တဲ့အခါ ဘယ်လိုဖြစ်မလဲဆိုတာ မင်းကြီး မမြင်ချင်ဘူးလား။”

“ကိုယ့်မိန်းမကို အမြဲတမ်း ထိန်းချုပ်နေမယ်ဆိုရင် သူ့ဘက်က အစပြုလုပ်ဆောင်တဲ့ သာယာမှုကို ဘယ်တော့မှ ခံစားရမှာ မဟုတ်ဘူး။ ကျွန်မပြောတာ ဟုတ်တယ်မလား။”

မုယန်စီ၏ ဆွဲဆောင်မှုရှိသော စကားများကို ကြားသောအခါ လုချန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွား၏။ ဤအမျိုးသမီးတွင် အံ့ဩဖွယ်ကောင်းသော အတွေးအခေါ်များ ရှိပေသည်။

ထို့နောက် သူက

“ကောင်းပြီလေ။ မင်းအပေါ်ထားတဲ့ ကိုယ့်ရဲ့ ထိန်းချုပ်မှုကို လွှတ်ပေးနိုင်တယ်။ ဒါပေမဲ့ မင်း ကိုယ့်မိန်းမ ဖြစ်လာပြီးမှပဲ လုပ်ပေးနိုင်မယ်။”

လုချန်း သဘောတူသည်ကို မြင်သောအခါ မုယန်စီ စိတ်လှုပ်ရှားမှု အနည်းငယ် ခံစားလိုက်ရသည်။ နောက်ဆက်တွဲအနေနှင့် သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရနိုင်သည်ကို သိသော်လည်း ၎င်းသည် သူမ၏ လွတ်လပ်မှုအတွက် ပေးဆပ်ရသည့် တန်ဖိုးအနည်းငယ်သာ ဖြစ်၏။

အဓိကအချက်မှာ...

မုယန်စီ လုချန်း၏ တစ်ကိုယ်လုံးကို ကြည့်လိုက်၏။ လုချန်းသည်လည်း ထူးကဲစွာ ရုပ်ရည်ချောမောသောကြောင့် အခြားအမျိုးသမီးများစွာနှင့် ရှုပ်ပွေနေသော်လည်း သူ့အား ပေးအပ်ရခြင်းကို ဆုံးရှုံးမှုတစ်ခုဟု မခံစားရပေ။ သူသည် ရေချိုးခြင်းကို နှစ်သက်သောကြောင့် သူ သန့်စင်သွားပြီဟု သူမ စိတ်ထဲသဘောထား လိုက်သည်။

ကိုယ့်ကိုယ်ကို အားပေးပြီးနောက် မုယန်စီလည်း အသင့်ပြင်ဆင်ပြီးလျှင်

“ဒါဆိုရင် မင်းကြီး။ ဒီနေ့ ကျွန်မကို မင်းကြီးရဲ့ ထိန်းချုပ်မှုကနေ လွှတ်ပေးပါ။ ကျွန်မက သေချာပေါက်... အွန်း”

မုယန်စီ စကားမဆုံးမီတွင် လုချန်းက ကိုင်းညွှတ်ကာ သူမ၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ လုချန်း ဤမျှ စိတ်မရှည်ဖြစ်လိမ့်မည်ဟု မုယန်စီ မမျှော်လင့်ထားခဲ့ပေ။

သို့သော် ဒါက အရေးမကြီးတော့ပါ။ မည်သို့ပင်ဖြစ်စေ အနှေးနှင့်အမြန် သူတို့ ထိုအရာကို လုပ်ဆောင်ရမည်သာ ဖြစ်သည်။

လုချန်း၏ အနမ်းများ ပြင်းထန်လာသည်နှင့်အမျှ မုယန်စီ တဖြည်းဖြည်း အားနည်းလာပြီး သူမ၏ အသိစိတ်များ ဝေဝါးလာခဲ့သည်။

မုယန်စီ၏ ပျော့ပျောင်းသော ခန္ဓာကိုယ်ကို ထိတွေ့ရင်း ပြင်းပြသော စိတ်ဆန္ဒရှိခြင်းက ဘယ်လိုလဲဆိုတာကို လုချန်း တစ်ဖန်ပြန်၍ ခံစားလိုက်ရ၏။ မုယန်စီ၏ ခန္ဓာကိုယ်သည် အလွန်နူးညံ့ပြီး ထိတွေ့ရတာ အလွန် သက်သောင့်သက်သာရှိလှသည်။

ဟုတ်ပါသည်။ လုချန်း၏ အမျိုးသမီးများ၏ ခန္ဓာကိုယ်များအားလုံးမှာ အတော်လေး နူးညံ့ကြ၏။

သို့သော် မုယန်စီနှင့် ဤမျှလောက် နီးကပ်စွာရှိနေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သောကြောင့် အလွန်ပြင်းထန်သော ဆန်းသစ်သည့် ခံစားမှုတစ်ခု ရှိနေသည်။

ထိုအချိန်တွင် မုယန်စီ၏ မျက်လုံးများ နွမ်းလျနေ၏။ လုချန်း၏ အနမ်းက ဤမျှ ပြင်းထန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ အနမ်းတစ်ချက်မျှဖြင့် သူမ လုံးဝ အရှုံးပေးလိုက်ရသလို ခံစားခဲ့ရပြီး အသက်ရှူရန်ပင် ခက်ခဲလာခဲ့သည်။

သူမ၏ အခြေအနေအတွက် မုယန်စီ အလွန်စိုးရိမ်နေပြီ ဖြစ်၏။ သူမ၏ စိတ်ဝိညာဉ် စွမ်းအားကို လုံးဝ အသုံးမပြုနိုင်တော့ကြောင်း ယခု မုယန်စီ သဘောပေါက်သွားသည်။

ဆိုလိုသည်မှာ ဤအခြေအနေများအောက်တွင် ကာမဘီလူး လုချန်းသည် သူမအပေါ် သူအလိုရှိသမျှကို လုပ်ဆောင်နိုင်ပြီး သူမဘက်က လုံးဝ ခုခံနိုင်မည် မဟုတ်ချေ။

ဤအချက်က လုချန်းတွင် သူတို့အပေါ် ထိန်းချုပ်နိုင်သည့် နည်းလမ်းအချို့ အမှန်တကယ် ရှိနေကြောင်း မုယန်စီအား အတည်ပြုပေးလိုက်သကဲ့သို့ ဖြစ်၏။ မဟုတ်လျှင် ဤကာမဘီလူး၏ ခန္ဓာကိုယ်ကို ထိမိသည့် အခါတိုင်း သူမ အဘယ်ကြောင့် လုံးဝအားနည်းသွားပြီး သူနှင့် ရင်းနှီးချင်သော အတွေးများ ဖြစ်ပေါ်လာရမည်နည်း။

သူမ၏ ကံကြမ္မာကို တွေးတောရင်း မုယန်စီ စိတ်ထဲ သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်၏။ သို့သော် ဤအရာအားလုံးက တန်သည်ဟု သူမ တွေးထားလိုက်သည်။ ထိန်းချုပ်မှုကို ချိုးဖျက်ပြီးပါက သူမ ဤကာမဘီလူးထံမှ လုံးဝ လွတ်မြောက်နိုင်ပေမည်။

ထို့နောက် သူမ မြူခိုးဒေသသို့ ထွက်ပြေးနိုင်ပြီး ဤကာမဘီလူး သူမကို ရှာချင်လျှင်ပင် အရမ်း လွယ်ကူလိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် မုယန်စီ မသိခဲ့သည်မှာ လုချန်းက သူမကို ချက်ချင်း အပြည့်အဝ သိမ်းပိုက်ရန် လုံးဝ ရည်ရွယ်ထားခြင်း မရှိကြောင်း ဖြစ်သည်။

သူ၏ အတွေးက ရိုးရှင်း၏။ မုယန်စီက စိတ်အားထက်သန်စွာ အစပြုလုပ်ဆောင်နေသောကြောင့် သူက သူမကို ပို၍ပင် စိတ်အားထက်သန်စေမည်ဖြစ်သည်။ ပထမဦးစွာ မုယန်စီကို အချိုအနည်းငယ် ပေးမည်။ ထို့နောက် သူမကို မရေမရာဖြစ်အောင် ထားခဲ့မည်ဖြစ်သည်။ နောက်ဆုံးတွင် သူမ သည်းမခံနိုင်တော့သည့်အခါ သူ့ထံသို့ ပြေးလာပြီး တောင်းပန်လိမ့်မည် ဖြစ်၏။

ထူးခြားသော ဆွဲဆောင်မှုရှိသည့် နတ်သမီးတစ်ပါးဖြစ်သော မုယန်စီ‌အပေါ် တစ်ကြိမ်တည်းနှင့် လိုရင်းသို့ လုချန်း မသွားချင်ပေ။

ခဏခန့် ပြင်းပြင်းထန်ထန် နမ်းရှိုက်ပြီးနောက် မုယန်စီလည်း အမှန်တကယ်ပင် သူမ၏ စိတ်ဆန္ဒများကို မထိန်းချုပ်နိုင်တော့ပဲ သူမ၏ လက်များက လုချန်း၏ ခန္ဓာကိုယ်ပေါ်တွင် လျှောက်သွားလာ၏။

သို့သော် လုချန်းက သူမကို အခွင့်အရေးမပေးခဲ့ပေ။ သူက မုယန်စီ၏ လက်များကို တိုက်ရိုက်ဆွဲကိုင်ကာ သူ၏လက်တစ်ဖက်ဖြင့် သူမ၏ လက်နှစ်ဖက်လုံးကို မြှောက်၍ လက်ကောက်ဝတ်များကို ဖိကပ်ထားပြီး သူ့ကို ဆက်လက်ထိတွေ့နေခြင်းမှ တားဆီးလိုက်သည်။

သို့သော် ထိုဖြစ်စဉ်အတွင်း လုချန်း၏ အနမ်းများက မရပ်တန့်ခဲ့ပေ။ သူ၏ လက်တစ်ဖက်ကမူ သူမ၏ ဝမ်းဗိုက်ပေါ်သို့ ကျရောက်သွားလေသည်။

လုချန်း၏ ထိတွေ့မှုကို ခံစားရသောအခါ

သူမ၏ တစ်ကိုယ်လုံး ရုတ်တရက် မီးစွဲလောင်သွားသလို မုယန်စီ ခံစားလိုက်ရပြီး ကာမစိတ်ကြွဆေးမိထားသကဲ့သို့ အလွန် မသက်မသာဖြစ်ကာ မကြာမီ သက်သာရာမရလျှင် သေဆုံးသွားနိုင်သကဲ့သို့ ခံစားလာရသည်။

ဤအခိုက်အတန့်တွင် မုယန်စီက လုချန်းအား စိတ်ဆွနေပုံပေါက်စေရန် သူမ၏ခါးကို ယိမ်းလိုက်ပြီး သူက သူမအပေါ် တစ်စုံတစ်ခု လုပ်ဆောင်လိမ့်မည်ဟု မျှော်လင့်နေ၏။

ကံမကောင်းစွာဖြင့် လုချန်းက သူမကိုဆက်တိုက်နမ်းနေခဲ့သည်။ မုယန်စီ သူမ၏ အတိုင်းအတာတစ်ခုသို့ ရောက်လုနီးပါးတွင် လုချန်းက ရုတ်တရက် သူမ၏ လက်များကို လွှတ်ပေးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်နှင့်ခွာကာ မတ်တပ်ရပ်လိုက်သည်။

မုယန်စီ ကြက်သေသေသွား၏။

ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် သူမက လုချန်းကို ကြည့်ကာ

“မင်းကြီး... ဘာလုပ်နေတာလဲ...”

လုချန်းက ပြုံး၍

“ တောင်းပန်ပါတယ်။ ကိုယ် လုပ်စရာကိစ္စတချို့ ရှိသေးတာကို ရုတ်တရက် သတိရသွားလို့။ ဒီနေ့အတွက် ဒီမှာပဲ ရပ်ကြရအောင်။ နောက်ရက်အနည်းငယ်အတွင်း မင်းဆီကို ကိုယ် ထပ်လာခဲ့မယ်။”

သူ စကားဆုံးသည်နှင့် တစ်ပြိုင်နက် လုချန်း ပျောက်ကွယ်သွားပြီး မုယန်စီအား လူသူကင်းမဲ့နေသော ခန်းမကျယ်ကြီးထဲတွင် ထားရစ်ခဲ့သည်။

မုယန်စီ မှင်သက်သွား၏။

သူမ သတိပြန်ဝင်လာသောအခါ အားငယ်စိတ်ပျက်စွာဖြင့်

“လုချန်း ရှင်က လူယုတ်မာပဲ”

ဟု ကျိန်ဆဲလိုက်သည်။

မုယန်စီသည် လူအတစ်ယောက် မဟုတ်ပေ။ လုချန်း ဘာစဉ်းစားနေသည်ကို သူမ သိသာစွာ မြင်နိုင်၏။ ထိုလူယုတ်မာသည် သူမကို ကစားနေခြင်း၊ စနောက်နေခြင်း၊ အရှက်ခွဲနေခြင်းသာ ဖြစ်သည်။

မုယန်စီ ဒေါသထွက်နေသော်လည်း လုချန်းက ထွက်ပြေးသွားခဲ့ပြီဖြစ်၍ တစ်ယောက်တည်း လူးလွန့်နေရုံမှလွဲ၍ သူမ ဘာမှမတတ်နိုင်တော့ချေ။

မုယန်စီထံမှ ထွက်ခွာပြီးနောက် လုချန်း နန်းတွင်းစာကြည့်ခန်းသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ချင်ယူရှန် ရောက်လာသည်နှင့် ကြုံကြိုက်သွားသည်။

ဂါရဝပြုပြီးနောက် ချင်ယူရှန်က

“မင်းကြီး။ စောနက မိဖုရားမုက ကျွန်တော်တို့ကမ္ဘာကို ကျူးကျော်ခဲ့တဲ့ လင်ဟူဂိုဏ်းရဲ့ ခေါင်းဆောင်ကို ပြန်ခေါ်လာပါတယ်။ သူ့ကို မင်းကြီးကိုယ်တိုင် စစ်ဆေးမေးမြန်းချင်ပါလား။”

သူသည် ကျူးကျော်သူများ၏ ခေါင်းဆောင်ငယ်တစ်ဦးဖြစ်သောကြောင့် သာမန်ကျူးကျော်သူတစ်ဦးထက် ပို၍သိမည်မှာ သေချာ၏။ လုချန်းက

“ဟုတ်ပြီ။ သူ့ကို စစ်မေးရမယ်။ အခုပဲ သွားမယ်။”

ထို့နောက် လုချန်း အကျဉ်းထောင်သို့ ဆက်သွားလိုက်သည်။

လေဝမ်တသည် ညှဉ်းပန်းနှိပ်စက်ဖို့ အသုံးပြုသည့် သစ်သားတိုင်တွင် ချည်နှောင်ခံထားရပြီး သူ၏ ညှပ်ရိုးကို သံချိတ်ဖြင့် ဖောက်ထွင်းထားသောကြောင့် သူ၏စွမ်းရည်များမှာ လုံးဝ ပျက်စီးသွားပြီ ဖြစ်သော်လည်း သူကတော့ မောက်မာစွာ အော်ဟစ်နေဆဲ ဖြစ်၏။

“ဒီလို နိမ့်ကျတဲ့ကမ္ဘာက အောက်တန်းစားတွေ။ မင်းတို့က ငါ့ကို ဒီလိုဆက်ဆံရဲတယ်။ မြူခိုးဒေသရဲ့ ကန့်သတ်ချက်တွေ ပျက်သွားတာနဲ့ လင်ဟူဂိုဏ်းက မင်းတို့အားလုံးကို သတ်ပစ်မှာ သေချာတယ်။”

“အောက်တန်းစားတစ်သိုက်။ ငါ့ကို အခုလွှတ်ပေးစမ်း။”

ထိုအော်ဟစ်သံကို ကြားသောအခါ လုချန်းက ခပ်လှောင်လှောင် ရယ်မောလိုက်ပြီး အကျဉ်းထောင်အတွင်းရှိ လေဝမ်တအား

“ခင်ဗျားသာ တကယ်လို့ အစွမ်းထက်နေတယ်ဆိုရင် အောက်တန်းစားတစ်သိုက်ကြောင့် ဘယ်လိုလုပ်ပြီး မစွမ်းမသန် ဖြစ်သွားရတာလဲ။ အဲ့ဒါက ခင်ဗျားကို အောက်တန်းစားတစ်ယောက်ထက်တောင် ပိုနိမ့်ကျပြီး ပိုပြီးတော့တောင် ယုတ်ညံ့သွားစေတာ မဟုတ်ဘူးလား”

All Chapters