← Chapters

စနစ် အဆင့်မြှင့်တင်ခြင်းလား

Vol. 63 Ch. 937

စနစ် အဆင့်မြှင့်တင်ခြင်းလား

Vol. 63 Ch. 937

စနစ်ကို အကြိမ်များစွာ ခေါ်သော်လည်း တုံ့ပြန်မှုမရှိသဖြင့် သူ အမြဲတမ်း နိုင်ငံရေး တာဝန်များကို ကိုင်တွယ်လေ့ရှိသော ထိုင်ခုံပေါ်တွင် လုချန်း လေးလံစွာ ထိုင်ချလိုက်သည်။ သို့သော် သူ၏ မျက်နှာပေါ်မှ ထိတ်လန့်မှုများ ပျောက်ကွယ်သွားပြီး ရုတ်တရက် ခပ်ပါးပါး အပြုံးတစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

လှပသော အိပ်မက်တစ်ခု အဆုံးသတ်တော့မည်ဟု သိလိုက်ရခြင်းက သူ့အား သက်သာရာရစေသကဲ့သို့ ရုတ်တရက် အလွန်အမင်း ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။

စနစ်ကို ရရှိခဲ့သည့်နေ့မှစ၍ ယင်း၏နောက်ကွယ်တွင် ကြံစည်မှုတစ်ခု ရှိရမည် သို့မဟုတ် စနစ်သည် နောက်ဆုံးတွင် သူ့ကို စွန့်ခွာသွားလိမ့်မည်ကို သူ သိထားခဲ့သည်။

ထို့ကြောင့် စနစ်ရှိနေသေးချိန်တွင် ယင်းကို အပြည့်အဝ ပျော်ရွှင်စွာ အသုံးချရမည်ဟု သူ သဘောပိုက်ထားခဲ့သည်။

ယခု သူ ပျော်ရွှင်နိုင်သမျှ အရာအားလုံးကို ပျော်ရွှင်ခဲ့ပြီး ဖြစ်၏။ အကယ်၍ ယခင်ဘဝမှာသာဆိုလျှင် သူ ယခုပိုင်ဆိုင်ထားသော အာဏာနှင့် ရာထူးကို ဘယ်တော့မှ ရရှိနိုင်မည်မဟုတ်သလို ဤမျှများပြားသော လှပသည့် ဇနီးမယားများများကိုလည်း ပိုင်ဆိုင်နိုင်မည် မဟုတ်ပေ။

ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက်များအရ သူသည် ယခင်ဘဝက လိုချင်ခဲ့သော အရာအားလုံးကို ရရှိခဲ့ပြီးဖြစ်၍ သူ့တွင် မကျေနပ်ချက်များ မရှိခဲ့ပေ။

ထို့နောက် လုချန်း သူ့ဘာသူရေရွတ်လိုက်သည်။

“လာစမ်းပါစေ။ ဒီအရာတွေရဲ့ နောက်ကွယ်မှာ တကယ် ဘယ်သူရှိနေလဲ။ ဘယ်သူက အရာအားလုံးကို ထိန်းချုပ်နေလဲဆိုတာ ငါ သေချာကြည့်ရသေးတာပေါ့။”

အမှန်တရားကို ရင်ဆိုင်ရန် သူ စိတ်ပိုင်းဖြတ်လိုက်ချိန်မှာပင် မည်သည့်အရာမှ ဖြစ်မလာသည်ကို လုချန်း သတိပြုမိလိုက်သည်။

စနစ်သည် တိတ်ဆိတ်နေဆဲဖြစ်ပြီး အခြားမည်သည့် ဖြစ်ရပ်မှ မရှိခဲ့ပေ။

ဒါက…

လုချန်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ် စွမ်းအားကို ချက်ချင်း လည်ပတ်စေလိုက်သည်။ သူ၏ စိတ်ဝိညာဉ် စွမ်းအားနှင့် အခြားအရာအားလုံးမှာ ရှိနေဆဲဖြစ်ပြီး စနစ်တစ်ခုသာ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

သူပိုင်ဆိုင်သမျှသည် စနစ်၏ကျေးဇူးကြောင့်ဟု အစက သူ ထင်ခဲ့ပြီး ယခု စနစ်ပျောက်ကွယ်သွားသောအခါ စနစ်မှတစ်ဆင့် သူရရှိခဲ့သော အရာအားလုံးသည်လည်း ပျောက်ကွယ်သွားလိမ့်မည်ဟု ထင်ခဲ့သည်။

မမျှော်လင့်ပဲ သူရရှိခဲ့သော အရာများက စနစ်နှင့်အတူ ပျောက်ကွယ်မသွားခဲ့ပေ။

ထူးဆန်းလိုက်တာ။

ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။

လုချန်း ဇဝေဇဝါဖြစ်သွားသည်။ စနစ် ပျောက်ကွယ်သွားပြီဖြစ်ရာ ယင်း၏နောက်ကွယ်မှ အရာအားလုံးသည် ယခု ပေါ်ထွက်လာသင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် မည်သည့်အရာမှ မဖြစ်ပျက်ရသနည်း။

လုချန်း ဇဝေဇဝါဖြစ်နေစဉ်မှာပင် ရုတ်တရက် ရင်းနှီးသော အမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

[ဒင်...ဂုဏ်ယူပါတယ် သခင်… တီ… ဆုလာဘ်ရရှိ… တီ…]

ဟမ်....

စနစ်၏ အသံသည် တစ်စုံတစ်ခုက နှောင့်ယှက်နေသကဲ့သို့ ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည်။

လုချန်းသည် လုံးဝ နားမလည်နိုင် ဖြစ်သွားသည်။ ဘာတွေဖြစ်နေတာလဲ။

ထို့နောက် သူ၏ စိတ်ထဲမှတစ်ဆင့် နောက်တစ်ကြိမ် မံခေါ်လိုက်ပြီး

“စနစ်။ မင်း ဘာဖြစ်နေတာလဲ”

စနစ်က လုချန်း၏ အသံကို တုံ့ပြန်ခြင်းမရှိသေးပေ။ နောက်တစ်ခဏတွင် စနစ်မှ ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာသည်။

[စနစ် တိုက်ခိုက်ခံနေရ…]

[မိမိကိုယ်ကို ပြုပြင်ရန် ကြိုးစားနေ…]

[ပြုပြင်မှု မအောင်မြင်…]

[နောက်တစ်ကြိမ် ပြုပြင်ရန် ကြိုးစားနေ…]

[ပြုပြင်မှု မအောင်မြင်…]

[ပြုပြင်မှု မအောင်မြင်…]

…….

ဆက်တိုက်ဆိုသလိုပင် [ပြုပြင်မှု မအောင်မြင်] ဟူသော စာတန်းများ လုချန်း၏ ရှေ့တွင် ပေါ်လာခဲ့သည်။

လုချန်း မှင်သက်သွား၏။

သူ၏ စနစ်ကို တိုက်ရိုက်ပစ်မှတ်ထားနိုင်စွမ်းရှိသော မည်သည့်အဆင့်ပုဂ္ဂိုလ်က လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သနည်း။

အဆက်မပြတ်ပေါ်ထွက်နေသော အသိပေးချက်များကို လုချန်း စိုက်ကြည့်နေစဉ်မှာပင် ရုတ်တရက် စနစ်၏ အသံ ပြောင်းလဲသွားသည်။

“ပြုပြင်မှု မအောင်မြင်ပါ။ သားသမီးများစွာဆုလာဘ်များစွာ စနစ်မှ အလိုအလျောက် ဆင့်ကဲပြောင်းလဲရန် တောင်းဆိုသည်…”

“ဆင့်ကဲပြောင်းလဲမှု အောင်မြင်သည်”

“ပြင်ပဗိုင်းရပ်စ်ကို တွေ့ရှိသည်။ ဖယ်ရှားရန် တောင်းဆိုသည်”

“ဖယ်ရှားမှု အောင်မြင်သည်”

……

ထွက်ပေါ်လာသော အသံများကို ကြားရသောအခါ လုချန်းလည်း ခဏခန့် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

စနစ်၏ ကြေညာသံသည် ယခင်ကကဲ့သို့ အမျိုးသမီးအသံပင် ဖြစ်သော်လည်း စက်သံ လုံးဝမပါဝင်တော့ပေ။ ယခင် စနစ်၏ ကြေညာသံသည် စက်ရုပ်တစ်ရုပ် စကားပြောနေသကဲ့သို့ ဖြစ်သော်လည်း ယခုမူ လူအစစ်တစ်ယောက် စကားပြောနေသကဲ့သို့ ဖြစ်၏။

တန်ခိုးကြီးပုဂ္ဂိုလ်တစ်ဦးဦးက နောက်ကွယ်မှနေ၍ သူ့အား လှည့်စားနေသလောဟု လုချန်း သံသယဝင်လာသည်။

လုချန်း အတွေးထဲနစ်မြောနေစဉ် စနစ်၏ အချက်ပေးသံ နောက်ဆုံးတွင် တစ်ဖန်ပြန်လည် ထွက်ပေါ်လာခဲ့သည်။

“သားသမီးများစွာ ဆုလာဘ်များစွာ စနစ်မှ သခင်အား ဝန်ဆောင်မှုပေးရန် အသင့်ရှိပါပြီ။”

စနစ်၏ ကြေညာသံသည် အေးစက်နေဆဲဖြစ်သော်လည်း သိသိသာသာပင် ခံစားချက်ပိုပါဝင်လာသည်ဟု ထင်ရသည်။ လုချန်းလည်း ကြောင်အမ်းအမ်းဖြင့်

“အမ်။ မင်္ဂလာပါ”

ထို့နောက် လုချန်းက သတိဖြင့်

“စနစ်။ ဒါက ဘာဖြစ်တာလဲ”

စနစ်က ချက်ချင်းပင် ပြန်လည်ဖြေကြားခဲ့သည်။

[စနစ်သည် ယခုလေးတင် အမည်မသိ အင်အားစုတစ်ခု၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပါသည်။ ယခု ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီဖြစ်သောကြောင့် စိတ်မပူပါနှင့် သခင်]

လုချန်းက

“ဪ။ ဒီလိုကိုး”

လုချန်းက ချက်ချင်းပင်

“ဒါဆို ကျွန်ုပ်ရဲ့ စနစ်ဆုလာဘ်ကရော”

[စနစ်ဆုလာဘ်မှာ ဖေးဟုန် တန်ခိုးရှင် လှေပျံဖြစ်ပြီး ထုတ်ပေးပြီး ဖြစ်ပါသည်။ အမည်မသိ အင်အားစု၏ လွှမ်းမိုးမှုကြောင့် ဖုန်းယင်ကျွန်းသို့ သခင်ကိုယ်တိုင်သွားရောက်၍ လက်ခံရယူရန် လိုအပ်ပါသည်]

တန်ခိုးရှင် လှေပျံ....

ဖုန်းယင်ကျွန်းပေါ်ရှိ အထူးကိုယ်ရံတော်များ ရှာဖွေတွေ့ရှိခဲ့သော အဆောက်အအုံကို လုချန်း ချက်ချင်း တွေးမိလိုက်သည်။ လျှို့ဝှက်ဆန်းကြယ်သော ထိုအဆောက်အအုံသည် အမှန်တော့ ဖေးဟုန် တန်ခိုးရှင် လှေပျံဟု ခေါ်တွင်သည့်အရာ ဖြစ်ပုံရပြီး အမြဲတမ်း ထိုနေရာတွင် ရှိနေခဲ့သော်လည်း သတ်မှတ်ထားသော အချိန်မတိုင်မီအထိ သူ မရရှိနိုင်ခဲ့ခြင်းသာ ဖြစ်သည်။

ထိုသို့တွေးမိရင်း လုချန်း တိတ်ဆိတ်သွားသည်။ စနစ်၏ အသံ ပြောင်းလဲသွားသဖြင့် သူ အနည်းငယ် အသားမကျ ဖြစ်နေသည်။ ထို့ပြင် အကြောင်းအရင်းကို သူ မရှင်းပြနိုင်သော်လည်း စနစ်သည် သာမန် ပရိုဂရမ်များနှင့် မတူတော့ပဲ သီးခြားလူတစ်ဦးနှင့် ပိုတူသည်ဟု သူ ခံစားနေရသည်။

အထူးသဖြင့် အသံသည် လူအစစ်တစ်ယောက်၏ အသံနှင့် အလွန်တူနေသည်။

ထို့နောက် လုချန်းက

“စနစ်။ ကျွန်ုပ်ရဲ့ မိဖုရားတွေက ကလေးမွေးရင် ဆုလာဘ်တွေ ဆက်ရဦးမှာပဲ မဟုတ်လား။”

ဒါက လောလောဆယ် လုချန်း၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှု ဖြစ်သည်။ စနစ်တွင်ကြီးမားသော ပြောင်းလဲမှု ဖြစ်ပွားခဲ့သည်။ ကလေးများအတွက် ဆုလာဘ်များ ဆက်လက်ရရှိဦးမည်လားဆိုတာကို သူ မသေချာနိုင်တော့ပေ။

လုချန်း၏ စကားဆုံးသည်နှင့် စနစ်၏ အချက်ပေးသံ ထွက်ပေါ်လာသည်။

[စနစ် အဆင့်မြှင့်တင်ပြီးနောက် သခင်၏ ကိုယ်ဝန်မရှိသေးသော ဇနီးမယားများ လူသားရင်သွေးကို မွေးဖွားနိုင်တော့မည် မဟုတ်ပါ။]

ထိုအသိပေးချက်ကို ကြားသောအခါ လုချန်းသည် မျက်မှောင်ကြုတ်သွားသည်။

ဘာကိုဆိုလိုချင်တာလဲ......

လူသားရင်သွေး မမွေးဖွားနိုင်တော့ဘူးဆိုတော့...

မိစ္ဆာကောင်များကို မွေးဖွားမည်ဟု ဆိုလိုခြင်းလား။

လုချန်းက

“ဒါက ဘာအဓိပ္ပာယ်လဲ”

[သခင်၏ မျိုးရိုးသည် အထူးမျိုးရိုးဖြစ်ပါသည်။ မွေးဖွားလာသော ရင်သွေးတစ်ဦးစီတိုင်းတွင် သခင်၏ ကံကြမ္မာနှင့် သွေးသားမျိုးဆက် စွမ်းအား၏ အစိတ်အပိုင်းတစ်ခုစီကို ခွဲဝေပေးသွားရမည် ဖြစ်သည်။ အကယ်၍ သခင် ကလေးများ ဆက်လက်မွေးဖွားနေပါက သခင် ဧကရာဇ် အဆင့် ရောက်နိုင်မည့် အလားအလာများကို ယုတ်လျော့သွားစေနိုင်သည်။]

ဒါက…

လုချန်းက နားမလည်နိုင်စွာဖြင့်

“ဒါက မင်း အစကပြောခဲ့တာနဲ့ ဘယ်လိုကွာခြားသွားတာလဲ။ ကလေးတွေ ပိုများများမွေးလေ ဆုလာဘ်တွေ ပိုရလေလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား။ အခုကျတော့ ကလေးတွေရှိရင် ငါ့ရဲ့ ကံကြမ္မာကို ခွဲဝေပေးသွားမယ်လို့ ပြောနေပြန်ပြီလား။”

စနစ်က

[ယခင်က စနစ်သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး သခင်အား ရင်သွေးများ ပိုမိုမွေးဖွားရန် သွေးဆောင်ကာ ထိုမှတစ်ဆင့် သခင်၏ ကံကြမ္မာနှင့် သွေးမျိုးဆက် စွမ်းအားကို အဆက်မပြတ် ခွဲဝေစေခဲ့ပါသည်။ စနစ်သည် ယခု ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါသည်။]

စနစ်၏ စကားကို ကြားသောအခါ လုချန်းက နှာခေါင်းရှုံ့လိုက်ပြီး

“ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက မင်းပြော နေတာပဲ။ မင်း အရင်ကပြောခဲ့တာ အမှန်လား၊ အခုပြောနေတာ အမှန်လားဆိုတာ ဘယ်လိုလုပ်သိမှာလဲ။”

စနစ်က ဆက်လက်၍

“သခင့်အနေနှင့် မယုံကြည်ရန် ရွေးချယ်နိုင်သော်လည်း အခြား လုပ်စရာမရှိပါ။”

နောက်တစ်ခဏတွင် လုချန်း မည်သူမည်ဝါဖြစ်ကြောင်း အချက်အလက်များ ပေါ်ထွက်လာသည်။

[အမည်: လုချန်း]

[ဇစ်မြစ်: ချန်ယွမ်ကမ္ဘာ ရှန်ယွဲ့မင်းဆက် ဧကရာဇ် ရှန်ဝူ၏ နဝမမြောက်သားတော်]

[အဆင့်နယ်ပယ်: မူလအစကမ္ဘာနယ်ပယ် အဆင့်တစ်]

[ကျင့်စဉ် နည်းစနစ်များ: အတွင်းအားမန္တာန်ကျင့်စဉ် [ပြီးပြည့်စုံ]၊ ပြန်လည်သန်စွမ်းစေ‌သောစွမ်းအား [ပြီးပြည့်စုံ]၊ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ် [ပြီးပြည့်စုံ]၊ စုပ်ယူခြင်း ပညာ [ပြီးပြည့်စုံ]၊ အလင်းအရိပ်ပြောင်းခြင်း [ပြီးပြည့်စုံ]၊ စိတ်နှလုံး ထိန်းချုပ်ခြင်း ပညာ [ပြီးပြည့်စုံ]

[နတ်စွမ်းရည်: ဉာဏ်အလင်းပွင့်ခြင်း]

[လက်နက်များ: လူသတ် လှံတံ (မြေအဆင့်)၊ နတ်ဘသတ် ဓား (ကောင်းကင်အဆင့်)]

[ထိုးဖောက်ဝင်ရောက်ခဲ့သော ကမ္ဘာများ: ၀]

သူ၏ ရှေ့မှ စနစ်မျက်နှာပြင်ကို မြင်သောအခါ လုချန်း တိတ်ဆိတ်သွားသည်။

သူ့တွင် အခြား မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားတစ်ခု ဘယ်လိုရှိနေရသနည်း။

လုချန်းက

“ငါက ဆွမ်ဧကရာဇ်ရဲ့ သားတော် မဟုတ်ဘူးလား”

ထိုအခါ စနစ်က

[လွန်ခဲ့သော နှစ်ပေါင်းရာချီက ဧကရာဇ်

ရှန်ဝူသည် ပြန်လည်ဝင်စားရန်အတွက် ခန္ဓာကိုယ်တစ်ခုကို ရွေးချယ်သန့်စင်ရန် သူ၏ သားသမီးအားလုံးကို သတ်ဖြတ်ခဲ့ပါသည်။ ထို့နောက် သူတို့၏ ဝိညာဉ်များကို ဝိညာဉ်ပုတီးစေ့များထဲတွင် ထည့်သွင်းပြီး ကမ္ဘာအသီးသီးသို့ ပျံ့နှံ့စေကာ ကြွယ်ဝသော လေ့ကျင့်ရေး အထောက်အပံ့များဖြင့် ပြင်ဆင်ပေးခဲ့ပါသည်။ ဤအထောက်အပံ့များသည် ပုံစံအမျိုးမျိုးဖြင့် ရောက်ရှိလာပြီး ဧကရာဇ် ရှန်ဝူ၏ သားသမီးများ တန်ခိုးကြီးထွားလာစေရန်အတွက် ရည်ရွယ်ပါသည်။]

[ဤစနစ်သည် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု၏ လွှမ်းမိုးမှုကို ခံခဲ့ရပြီး သခင်အား ရင်သွေးများ ပိုမိုမွေးဖွားရန် သွေးဆောင်ကာ သခင်၏ သွေးမျိုးဆက်နှင့် ကံကြမ္မာကို ပျက်စီးစေပြီး သခင်၏ တန်ခိုးအင်အားတိုးတက်မှုကို နှေးကွေးစေခဲ့ပါသည်။]

All Chapters