← Chapters

ရွေးချယ်စရာမရှိပါ

Vol. 63 Ch. 938

ရွေးချယ်စရာမရှိပါ

Vol. 63 Ch. 938

စနစ်၏ အဖြေကို ကြားသောအခါ လုချန်းသည် အတွေးနက်သွားသည်။

အမှန်အတိုင်းပြောရလျှင် စနစ်၏ စကားများကို ယုံကြည်ရန် သူ့အတွက် အလွန်ခက်ခဲနေပြီဖြစ်သည်။

စနစ်သည် သူ့အား ကလေးများစွာ ရယူရန် သွေးဆောင်ခဲ့ပြီးမှ ယခုတော့ ကလေးများရရှိခြင်းသည် သူ၏ သွေးမျိုးဆက် စွမ်းအားကို အမှန်တကယ် စုပ်ယူသွားခဲ့ပြီး သူ၏ ကံတရားကိုလည်း ခွဲဝေပေးခဲ့သည်ဟု လာပြောနေသည်။

ဒါက ထောင်ချောက်တစ်ခု မဟုတ်နိုင်ဘူးလား။

“လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်ခု၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်” ဟူသော စကားမျှလောက်က ရှင်းလင်းချက်အဖြစ် အမှန်တကယ် လုံလောက်နိုင်မှာလား။

သို့သော် စနစ်က တစ်စုံတစ်ခုကို ဖုံးကွယ်ထားနိုင်သည်ကို လုချန်းသိနေသော်လည်း အမှန်တရားကို စူးစမ်းလေ့လာရန် လုံလောက်သော အင်အား မရှိသေးသောကြောင့် စနစ်က သူ့အတွက် သတ်မှတ်ပေးထားသော လမ်းကြောင်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းနိုင်သည်။

အကယ်၍ သူ ကလေးများ ဆက်လက်မွေးဖွား၍ မရတော့ပါက စနစ်၏ ဆုလာဘ်များကို မည်သို့ ဆက်လက်ရရှိနိုင်မည်နည်း။

ထိုသို့ဆိုလျှင် စနစ်က အသုံးမဝင်တော့ဟု ဆိုလိုသည် မဟုတ်ပါလား။

ထိုအတွေးနှင့်အတူ လုချန်းက ဒေါသစွက်၍

“မင်းက သားသမီးများစွာနှင့် ဆုလာဘ်များစွာ စနစ်ပဲ။ ဒါပေမဲ့ အခု ငါက ကလေးတွေ ပိုမွေးလည်း ဆုလာဘ်တွေ မရနိုင်တော့ဘူးဆိုရင် မင်းက ငါ့အတွက် ဘာအသုံးဝင်တော့မှာလဲ။”

စနစ်က

“သခင်သည် ကလေးများ မွေးဖွားခြင်းဖြင့် ဆုလာဘ်များ မရရှိနိုင်သော်လည်း သခင်နှင့် သခင်၏ ဇနီးမယားများသည် ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်နိုင်ပါသည်။ သခင်၏ ဇနီးမယားများက ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်နိုင်သမျှ ကာလပတ်လုံး သူတို့သည် များပြားသော ဆုလာဘ်များကို ရရှိနိုင်ဆဲ ဖြစ်ပါသည်။”

လုချန်းလည်း နားမလည် ထပ်ဖြစ်သွားကာ “ရင်သွေးကမ္ဘာ... အဲ့ဒါက ဘာလဲ”

စနစ်က

“ထျန်းချန်ကမ္ဘာကဲ့သို့သော ကမ္ဘာငယ်များနှင့် တူပါသည်”

လုချန်း နားမလည်သေးပဲ

“အဲ့ဒါကို ဘယ်လို ပျိုးထောင်ရမှာလဲ”

စနစ်က

“ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ခြင်းသည် ကလေးတစ်ယောက်ကို ပျိုးထောင်သကဲ့သို့ ဖြစ်ပါသည်”

လုချန်း အနည်းငယ် ကြောင်သွားသည်။ ကလေးများ မွေးဖွားခြင်းကို သူ ကောင်းစွာနားလည်၏။ မျိုးဆက်ပြန့်ပွားရေးနှင့် ပတ်သက်လျှင် သူ့ထက်ပို၍ သိသူမရှိနိုင်တော့ပေ။ သို့သော် ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ခြင်းကတော့ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ခြင်းနှင့် မျိုးဆက်ပြန့်ပွားခြင်းတို့က တူညီတဲ့ လုပ်ငန်းစဉ် မျိုးပဲလား။

သို့သော်...

တစ်စုံတစ်ခု မှားယွင်းနေသည်ဟု လုချန်း ခံစားလိုက်ရသည်။

ကလေးများ မွေးဖွားခြင်းသည် သူ၏ ကံတရားနှင့် သွေးမျိုးဆက် စွမ်းအားဟုခေါ်သော အရာကို များစွာ ခွဲဝေပေးခဲ့ပြီး ဖြစ်၏။ အကယ်၍ သူ ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ပါက သူ၏ ကံတရားကို ရင်သွေးကမ္ဘာတစ်ခုထဲသို့ ခွဲဝေပေးရဦးမည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် အနာဂတ်တွင် သူ ပို၍ပင် ကံဆိုးသွားမည်ဖြစ်သည်။

ထို့နောက် လုချန်းက

“ကလေးတွေ မွေးတာက ငါ့ရဲ့ ကံတရားကို ခွဲဝေပေးပြီးသားပဲ။ ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ရင် အထဲမှာ သက်ရှိပေါင်း ဘယ်လောက်ရှိမယ်မှန်းတောင် မသိနိုင်ဘူး။ ငါ့ရဲ့ ကံတရားကို ပိုပြီးတောင် ခွဲဝေပေးရမှာ မဟုတ်ဘူးလား။”

စနစ်က

“သခင်သည် ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်ပြီးပါ သင်၏ ကံတရားကို

မယုတ်လျော့စေရုံသာမက တိုးပွားစေမည် ဖြစ်ပါသည်။”

“အကယ်၍ ရင်သွေးကမ္ဘာတွင် သက်ရှိပုံစံများ ပေါ်ပေါက်လာပါက ထိုသက်ရှိပုံစံများ၏ ကံတရားသည် သခင်နှင့် ချည်နှောင်ထားမည် ဖြစ်သည်။ သူတို့၏ စုပေါင်းကံတရားသည် သခင်၏ ကံတရားဖြစ်လာပါလိမ့်မည်။”

“အရေးကြီးဆုံးမှာ ရင်သွေးကမ္ဘာတစ်ခုကို ပျိုးထောင်သည့် အကြိမ်တိုင်းတွင် သခင်နှင့်ဇနီးမယားများသည် စကြဝဠာမူလ စွမ်းအား၏ အစိတ်အပိုင်းတစ်ခုကိုလည်း ရရှိမည် ဖြစ်ပါသည်။”

လုချန်းက

“စကြဝဠာမူလ စွမ်းအားက ဘာအသုံးဝင်လို့လဲ”

စနစ်က

“မည်သည့် ဧကရာဇ်မဆို တောင့်တမည့် စွမ်းအားတစ်ခု ဖြစ်ပါသည်။ စကြဝဠာမူလ စွမ်းအားကို ရရှိခြင်းသည် စကြဝဠာ၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခြင်းနှင့် ညီမျှပြီး သခင်၏ စွမ်းအားကို လျင်မြန်စွာ တိုးမြှင့်ပေးနိုင်ပါသည်။”

လုချန်း ခဏခန့် စဉ်းစားလိုက်ပြီးနောက် ပြုံးလျက်

“အကျိုးကျေးဇူးတွေပဲရှိပြီး အားနည်းချက်တွေမရှိဘူးဆိုတာကိုတော့ ငါမယုံဘူး”

မည်သို့ပင်ဆိုစေ စနစ်သည် ယခင်က သူ့အား ကလေးများမွေးဖွားရန် သွေးဆောင်ခဲ့ပြီး ယင်း၏ အကျိုးဆက်အနေဖြင့် သူ၏ ကံတရားနှင့် သွေးမျိုးဆက် စွမ်းအားတို့ ခွဲဝေပေးခဲ့ရသည်။

အမှန်အတိုင်းပြောရလျှင် သူ၏ လက်ရှိ အဆင့်နယ်ပယ်နှင့် သူ၏ ကံတရားနှင့် သွေးမျိုးဆက် စွမ်းအားတို့ ခွဲဝေပေးခဲ့ရသည့် အကျိုးဆက်ကို သူ မခံစားနိုင်သေးပေ။

ဤအရာနှစ်ခုက အလွန် နားလည်ရခက်သည်ဟုသာ သူ ခံစားရ၏။ အထူးသဖြင့် သွေးမျိုးဆက် စွမ်းအား ဖြစ်သည်။ ကံတရားမှာမူ ပင်ကိုအားဖြင့် ဖမ်းဆုပ်မရသော အရာဖြစ်သောကြောင့် နားလည်ရန် ပိုလွယ်ကူပြီး ခွဲဝေပေးခဲ့ရလျှင်ပင် သိသာထင်ရှားမည် မဟုတ်ပေ။

သို့သော် သွေးမျိုးဆက် စွမ်းအားသည် လူတစ်ယောက်၏ ကိုယ်အတွင်း၌ တည်ရှိသင့်သည် မဟုတ်လားး။ သူက သူ၏ သွေးမျိုးဆက် စွမ်းအားကို မည်သည့်အချိန်က ခွဲဝေပေးခဲ့ဖူးသနည်း။ သူ၏ ဇနီးမယားများနှင့် ဆက်ဆံရေး တည်ဆောက်ရင်း သူ၏ သွေးမျိုးဆက် စွမ်းအားကို ခွဲဝေပေးလိုက်ရခြင်း ဖြစ်နိုင်လား။

ဒီလောက်နဲ့တော့ မဖြစ်နိုင်လောက်ပေ။

လုချန်း၏ စကားကို ကြားသောအခါ စနစ်က

“သခင့်တွင် ရွေးချယ်စရာမရှိပါ”

ကောင်းပြီလေ…

သူ့တွင် ရွေးချယ်စရာမရှိသည်ကို လုချန်းလည်း သိပါသည်။ သူသည် ယခု စနစ်၏ စကားကိုသာ နားထောင်နိုင်သည်။

မည်သို့ပင်ဖြစ်စေ တစ်နေ့နေ့တွင် စနစ်၏ ချည်နှောင်မှုများမှ သူ လွတ်မြောက်မည်ဖြစ်ပြီး ထိုအခါ မည်သူက စနစ်ကို အမှန်တကယ် ထိန်းချုပ်နေသည်ကို သူ မြင်တွေ့လိုသည်။

လုချန်းက ဆက်ပြောသည်။

“ငါ့ရဲ့ ဇနီးမယားတွေကို ကလေးတွေမွေးခိုင်းဖို့… အိုး မှားလို့… ရင်း‌သွေး ကမ္ဘာငယ်တွေ မွေးဖွားဖို့က လွယ်လား။”

စနစ်က

“လွယ်ကူပါသည်။ သခင်၏ ဇနီးမယားများသည် အခြေအနေများနှင့် ကိုက်ညီရန်အတွက် အခြားကမ္ဘာများမှ ကံကြမ္မာအချို့ကို စုပ်ယူရန်သာ လိုအပ်ပါသည်။”

လုချန်း ဟက်ကနဲ ရယ်လိုက်ရင်း နှာခေါင်းရှုံ့လိုက်သည်။ သူထင်သည့်အတိုင်းပင် စနစ်က မကောင်းကြံနေခဲ့သည်။

လုချန်းက

“အခြားကမ္ဘာတွေရဲ့ ကံကြမ္မာကို ရယူဖို့အတွက် ငါက အဲ့ဒီကမ္ဘာတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ ကံကြမ္မာကို ရယူဖို့ သိမ်းပိုက်ရမှာလား။”

စနစ်က

“သခင် ထိုသို့ နားလည်နိုင်သော်လည်း အခြားနည်းလမ်းတစ်ခုမှာ သခင်သည် အခြားကမ္ဘာမှ အင်အားကြီးသူများကို အခြားကမ္ဘာ၏ ကံကြမ္မာ၏ အစိတ်အပိုင်းတစ်ခုအား သခင်၏ ဇနီးမယားများနှင့် ဆန္ဒအလျောက် မျှဝေပေးစေရန်အတွက် အကျိုးအကြောင်းပြော၍ တောင်းဆိုနိုင်ပါသည်”

လုချန်း နောက်တစ်ကြိမ် လှောင်ပြုံး ပြုံးလိုက်သည်။

အကျိုးအကြောင်းပြော၍ တောင်းဆိုရမယ်တဲ့လား။

အခြားကမ္ဘာမှ လူများကို လူမိုက်များဟု စနစ်က တကယ် ထင်နေတာလား။ ထိုသူများက သူတို့၏ ကံကြမ္မာကို သူနှင့် မျှဝေဖို့ ဆန္ဒရှိမယ်တဲ့လား။

ဒါကစဉ်းစားစရာတောင် မလိုပေ။

ကံကြမ္မာသည် ကမ္ဘာတစ်ခုအတွက် အလွန်အရေးကြီးပြီး အခြားကမ္ဘာမှ လူများက အဘယ်ကြောင့် သူတို့၏ ကံကြမ္မာကို သူနှင့် ဆန္ဒအလျောက် မျှဝေပေးမည်နည်း။

လုချန်းဆက်မစဉ်းစားတောပေ။

ယခု ပိုစဉ်းစား‌နေလျှင်လည်း အသုံးမဝင်ပေ။ သူ၏အင်မားကြီးထွားလာမှသာလျှင် စနစ်၏ နောက်ကွယ်မှ ကြံစည်မှုကို သူ သိရှိနိုင်မည် ဖြစ်သောကြောင့် ဆက်လက်တက်လှမ်းသွားရန်သာ ရှိသည်။

ထိုအခိုက်တွင် လုချန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး

“ကျင့်စဉ်အဆင့်ကို မြှင့်တင်ဖို့ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ဆက်သုံးလို့ရသေးလား။”

စနစ်က

“နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်သည် သခင်၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်အတွက် အဓိက လေ့ကျင့်ရေး နည်းစနစ် ဖြစ်နေဆဲဖြစ်သော်လည်း အခြားနည်းစနစ်များကိုလည်း လေ့ကျင့်နိုင်ပါသည်။”

လုချန်း ခဏခန့် စဉ်းစားလိုက်သည်။ နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်မှတစ်ဆင့် သူ၏ ကျင့်စဉ်အဆင့် ဆက်လက်တိုးတက်စေနိုင်လျှင် လုံလောက်ပြီ ဖြစ်သည်။

သူ တစ်လှမ်းချင်းစီသာ လျှောက်လှမ်းသွားမည် ဖြစ်သည်။

……….

တစ်ချိန်တည်းမှာပင်။

မြူခိုးဒေသ။

ရုတ်တရက် ပျံသန်းနေသော လှေပျံတစ်စင်း၏ ဦးပိုင်းသည် ထူထပ်သော မြူခိုးများကြားမှ ပေါ်ထွက်လာခဲ့သည်။ ထိုလှေပျံသည် အလွန်ကြီးမားပြီး တောင်ငယ်တစ်လုံးနှင့် တူ၏။

အောက်ဘက်မှ တောက်ပနေသော ကျောက်စိမ်းပြားများကို မြင်သောအခါ လှေပေါ်မှ လူများ အလွန် စိတ်လှုပ်ရှားနေကြသည်။

“ထျန်းချန်ကမ္ဘာ။ ငါတို့ နောက်ဆုံးတော့ တျန်းချန်ကမ္ဘာကို ရှာတွေ့ပြီ။”

“ကောင်းလိုက်တာ။ အဲ့ဒီမိန်းမကို ရှာတွေ့နိုင်ရင် ငါတို့ရဲ့ တာဝန် ပြီးမြောက်ပြီ။”

“မဟုတ်ဘူး။ ဒါ ထျန်းချန်ကမ္ဘာ မဟုတ်ဘူး။ ဒါက ထျန်းချန်ကမ္ဘာရဲ့ အစွန်းမှာ ရှိတာ။ အာကာသ မတည်ငြိမ်ဘူး။ ငါတို့ အမြန်ဆက်သွားရမယ်။”

ထိုအခိုက်တွင် လှေဦးပိုင်းတွင် ရပ်နေသော အမျိုးသားက မြူခိုးပြင်ကြီးကို ကြည့်ရင်း ခံစားချက်ဖြင့်

“နှစ်တစ်ရာ ကြာပြီးနောက်မှာတော့ ငါတို့ နောက်ဆုံးတော့ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို ရှာတွေ့ခဲ့ပြီ။”

“အဲ့ဒီမိန်းမကို ပြန်ခေါ်သွားနိုင်ရင် ကြီးမားတဲ့ဂုဏ်ထူးဆောင်မှုတစ်ခုပဲ။ နန်းတော်သခင်က ငါ့ကို ဆုချီးမြှင့်မှာ သေချာတယ်။”

ထိုအမျိုးသား၏ စကားဆုံးသည်နှင့် အခြားအသံတစ်ခု ထွက်ပေါ်လာသည်။

“အစ်ကိုယု။ ညီမယွမ်က ကျွန်တော်တို့နဲ့အတူ ပြန်မလိုက်ချင်ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။”

ထိုစကားကို ကြားသောအခါ ယုလျှံစီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး

“ဒါကို သူ ဆုံးဖြတ်ခွင့်မရှိဘူး”

“သူက ငါတို့ လျှို့ဝှက်လဝန်းနန်းတော်အတွက် အရေးကြီးတယ်။ အထူးသဖြင့် သူ့ရဲ့ နတ်ဝိညာဉ်ခန္ဓာပေါ့။ သူ့ကို လွှဲပြောင်းပေးမှ ငါတို့ လျှို့ဝှက်လဝန်းနန်းတော်အတွက် ရှင်သန်ဖို့ မျှော်လင့်ချက် နည်းနည်းရှိမှာ။”

ရာစုနှစ်များစွာက သူတို့၏ ကမ္ဘာတွင် ပါရမီရှင်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုသူ၏ အရည်အချင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်း၏။

ထိုသူသည် အခွင့်အရေးကြီးများကို အမြဲတမ်း ဆုပ်ကိုင်နိုင်ခဲ့ကာ အသက်နှစ်ဆယ်ကျော်အရွယ်တွင် သူတို့၏ ကမ္ဘာတွင် အင်အားအကြီးဆုံး ဖြစ်လာခဲ့သည်။

ဤလူငယ်သည် ယွမ်ရှန်ရှန်၏ နတ်ဝိညာဉ်ခန္ဓာကို တပ်မက်ခဲ့ပြီး သူမအား ကျင့်စဉ် မီးဖိုအဖြစ် အသုံးပြုရန် ရည်ရွယ်ခဲ့သည်။ ထို့ကြောင့် ယွမ်ရှန်ရှန် ထွက်ပြေးခဲ့ရ၏။

နောက်ပိုင်းတွင် ထိုလူငယ်က ယွမ်ရှန်ရှန်ကို နှစ်တစ်ထောင်အတွင်း ရှာမတွေ့ပါက လျှို့ဝှက်လဝန်းနန်းတော်ကို ချေမှုန်းမည်ဟု ရာဇသံ ပေးခဲ့သည်။ ထိုသို့ဖြင့် လျှို့ဝှက်လဝန်းနန်းတော်လည်း ယွမ်ရှန်ရှန်ကို ရှာဖွေရန်အတွက် တပည့်အများစုကို စေလွှတ်ခဲ့ရသည်။

နောက်ပိုင်းတွင် လျှို့ဝှက်လဝန်းနန်းတော်၏ နန်းတော်သခင်သည် ထျန်းကျိစံအိမ်တော်မှတစ်ဆင့် ယွမ်ရှန်ရှန် ထျန်းချန်ကမ္ဘာတွင် ရှိနေသည်ကို ရှာဖွေတွေ့ရှိခဲ့၏။ ထို့နောက် လျှို့ဝှက်လဝန်းနန်းတော်သည် ထျန်းချန်ကမ္ဘာ၏ တိကျသော တည်နေရာကို စကြဝဠာထဲတွင် ရှာဖွေရန် မရေမတွက်နိုင်သော နတ်လှေပျံများကို စေလွှတ်ခဲ့သည်။

ထိုအခိုက်တွင် ယုလျှံစီသည် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်၍ မြူခိုးဒေသတစ်ခုလုံးကို စူးစမ်းရှာဖွေလိုက်သည်။

ထျန်းချန်ကမ္ဘာ၏ အခြေအနေများကို သူ သေချာစစ်ဆေးလို၏။ အရင်ဆုံး အင်အားကြီး ရန်သူများ ရှိမရှိ စစ်ဆေးရမည်။

All Chapters