← Chapters

ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ခြင်း

Vol. 63 Ch. 939

ရင်သွေးကမ္ဘာတစ်ခု ပျိုးထောင်ခြင်း

Vol. 63 Ch. 939

ယုလျှံစီသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏ ထုတ်လွှတ်လိုက်သော စိတ်ဝိညာဉ် စွမ်းအားကို မထိန်းချုပ်နိုင်ခဲ့ပေ။ အထူးသဖြင့် သူတို့သည် မတည်ငြိမ်သော နေရာနှင့် အချိန်တို့ တည်ရှိရာ မြူခိုးဒေသ၏ အစွန်းတွင် ရှိနေခြင်းကြောင့် ဖြစ်သည်။

ယုလျှံစီ သူ၏ စိတ်ဝိညာဉ် စွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူတို့၏ နတ်လှေလည်း ပြင်းထန်စွာ ယိမ်းထိုးလာခဲ့သည်။

ထိုအချိန်တွင် တပည့်တစ်ဦးက

“မကောင်းတော့ဘူး။ ဒီနေရာက စုတ်ပြဲတော့မယ်။”

ယုလျှံစီသည် သူ၏ စိတ်ဝိညာဉ် စွမ်းအားကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်ပြီး နတ်လှေကို တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်ရန်အတွက် နတ်လှေ၏ ထိန်းချုပ်ခန်းသို့ အလျင်အမြန် သွားခဲ့သည်။

ထို့နောက်တွင် နတ်လှေ ပေါ်ရှိ လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များအားလုံးသည် အာကာသနှင့် အချိန်ကြားရှိ အက်ကွဲကြောင်းများကြောင့် လှေ စုတ်ပြဲမသွားစေရန် စုပေါင်းအင်အားဖြင့် ထိန်းချုပ်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် နောက်တစ်ခဏ၌ ကြီးမားသော ဝဲဂယက်တစ်ခု နတ်လှေအောက်တွင် ပေါ်လာပြီး ၎င်းကို စုပ်ယူသွားခဲ့၏။

အချိန်မည်မျှ ကြာသွားသည်မသိ နတ်လှေသည် စကြဝဠာအတွင်းသို့ လွင့်စင်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကြယ်စုများကို မြင်သောအခါ ယုလျှံစီတို့အဖွဲ့ အနည်းငယ် ကြောင်သွားကြသည်။

နတ်လှေပေါ်တွင် လဲကျနေခဲ့သော တပည့်များလည်း ပြန်ထလာကြ၏။

ယုလျှံစီက

“မြန်မြန်လုပ်။ ကြယ်တာရာပြ မြေပုံကို ထုတ်ပြီး ငါတို့ရဲ့ တည်နေရာကို သတ်မှတ်ကြ။”

မကြာမီတွင် လျှို့ဝှက်လဝန်းနန်းတော်၏ တပည့်များသည် ကြယ်တာရာပြ မြေပုံကို ထုတ်ယူကာ သူတို့၏ တည်နေရာကို လျင်မြန်စွာ အကဲဖြတ်ခဲ့ပြီး တပည့်တစ်ဦးက ယုလျှံစီထံ ချဉ်းကပ်ကာ

“အစ်ကိုယု။ ကျွန်တော်တို့ လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြတ်သန်းခဲ့တဲ့ နေရာကို ရောက်နေပါတယ်။ နတ်လှေ လမ်းကြောင်းပြ မှတ်တမ်းကို စစ်ဆေးကြည့်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်က ဒီနေရာမှာ ကျွန်တော်တို့ ခဏနား နေခဲ့ဖူးပါတယ်။”

ယုလျှံစီ အနည်းငယ် ဆွံ့အသွားခဲ့၏။ အာကာသ အက်ကွဲကြောင်းက သူတို့ကို ဤမျှဝေးကွာသော နေရာသို့ ပို့ဆောင်လိုက်ပြီလား။

ထိုအခိုက်အတန့်တွင် ယုလျှံစီ၏ မျက်နှာအမူအရာ အလွန်ဆိုးရွားနေသည်။ ဤဆယ်နှစ်တာ ကာလအတွင်း သူတို့သည် နတ်လှေဖြင့် အစွမ်းကုန် ခရီးနှင်ခဲ့ပြီးမှ ထျန်းချန်ကမ္ဘာ၏ တည်နေရာသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ အာကာသဝင်ပေါက်မရှိပါက ထျန်းချန်ကမ္ဘာသို့ ပြန်သွားရန် နောက်ထပ် ဆယ်နှစ်နီးပါး အချိန်ပေးရမည် ဖြစ်သည်။

ဒါက သူတို့၏ အချိန်ကို ဖြုန်းတီးခြင်း မဟုတ်ပါလား။

ထျန်းချန်ကမ္ဘာကို ရှာဖွေရန် အ‌တော်မလွယ်ကူခဲ့ပေ။ ထိုအမျိုးသမီးကို ရှာတွေ့ခါနီးမှ အာကာသ အက်ကွဲကြောင်းနှင့် ကြုံတွေ့ရပြီး တဖန် အဝေးသို့ ပို့ဆောင်ခံလိုက်ရသည်။

ခဏအကြာတွင် ယုလျှံစီ သက်ပြင်းချလိုက်ပြီး

“ကဲလေ။ ငါတို့ ထျန်းချန်ကမ္ဘာရဲ့ တည်နေရာကို ရှာတွေ့ပြီးပြီပဲ။ နောက်ထပ် ဆယ်နှစ် အချိန်ကုန်တာ ဘာမှ မဟုတ်ပါဘူး။ အရင်က အချိန်ကုန်ခဲ့တဲ့ နှစ်တစ်ရာနဲ့စာရင် ဆယ်နှစ်ဆိုတာ မပြောပလောက်ပါဘူး။”

သူခုနက ထျန်းချန်ကမ္ဘာကို အာရုံကြည့်ခွင့်ရခဲ့သည်။ အတွင်း၌ မည်သည့် အင်အားကြီး ပုဂ္ဂိုလ်မျှ မရှိပေ။ ထို့ကြောင့် သူတို့ ထျန်းချန်ကမ္ဘာထဲသို့ ပြန်လည်ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် မည်သည့် အတားအဆီးမှ မကြုံတွေ့ရပဲ ယွမ်ရှန်ရှန်ကို တိုက်ရိုက် ဖမ်းဆီးနိုင်မည်ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ယုလျှံစီ တစ်စုံတစ်ခုကို စဉ်းစားမိပြီးနောက်

“နန်းတော်ကို သတင်းပို့လိုက်။ ငါတို့ ယွမ်ရှန်ရှန်ရဲ့ တည်နေရာကို ရှာတွေ့ပြီလို့ ပြောလိုက်။”

“ဟုတ်ကဲ့။”

…….

စနစ် အဆင့်မြှင့်တင်ပြီးနောက် လုချန်း၏ နေ့စဉ်ဘဝသည် များစွာ ပြောင်းလဲမသွားခဲ့ပေ။ သူသည် နေ့ဘက်တွင် အစိုးရအရေးကိစ္စများကို ကိုင်တွယ်ပြီး ညဘက်တွင် သူ၏ ဇနီးများနှင့် ဆက်ဆံရေးကို ဆက်လက် ပျိုးထောင်နေဆဲ ဖြစ်သည်။

စနစ်က သူတို့ ကလေးမရနိုင်ဟုသာ ပြောခဲ့ခြင်းဖြစ်သာဖြစ်သည်။ သူ၏ ဇနီးများနှင့် နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို မကျင့်သုံးနိုင်ဟု မပြောခဲ့ပေ။

…..

ညချမ်းအချိန်။

ချူးယုချင်၏ အိပ်ခန်း။

ဤအခိုက်အတန့်တွင် ချူးယုချင်သည် ကုတင်ပေါ်တွင် အဝတ်အစား ဖရိုဖရဲဖြင့် လဲလျောင်းနေပြီး လုချန်းက သူမအပေါ် မှီကာ လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို လေ့ကျင့်ရာတွင် ကူညီပေးနေသည်။

အချိန်မည်မျှ ကြာသွားသည်မသိ လုချန်းက သူမကို လှည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်၏။

သူမ၏ မျက်လုံးများသည် ဝေဝါးနေပြီး ပါးပြင်များသည် ဆွဲဆောင်မှုရှိစွာ နီမြန်းနေသဖြင့် လုချန်း စိတ်လှုပ်ရှားသွားခဲ့သည်။

ထို့နောက် ချူးယုချင်က ရုတ်တရက်

“ချန်းလေး။ ဒေါ်လေး... ကလေးတစ်ယောက် ထပ်လိုချင်တယ်...”

ချူးယုချင်၏ စကားက မည်သည့် ယောကျ်ားကိုမဆို တပ်မက်စိတ်သည် နိုးကြွလာမည်ဖြစ်သည်။ ယခုအခိုက်အတန့်တွင် လုချန်းလည်း အပါအဝင် ဖြစ်သည်။ သူ၏ အတွင်းမှ တပ်မက်ခြင်း မီးတောက်များ ချက်ချင်း ဟုန်းခနဲ တောက်လောင်လာသော်လည်း မကြာမီ ပြန်လည် အေးစက်သွားပြန်သည်။

ကလေးယူခြင်းသည် သူ၏ ကံနှင့် သွေးမျိုးဆက်စွမ်းအားကို ခွဲဝေပေးရသည်ဟု စနစ်က ပြောပြီးနောက်တွင် သူ ကလေးယူလိုစိတ် လုံးဝ ပျောက်ဆုံးသွားခဲ့သည်။ သို့သော်လည်း သဘာဝအတိုင်း ယောကျ်ားတစ်ယောက်အနေနှင့် လုချန်း၏ ဗီဇစိတ်ထဲတွင် ချူးယုချင်၏ ဖိတ်ခေါ်မှုကို လုံးဝ မငြင်းပယ်ချင်သော အရာတစ်ခု ရှိနေသည်။

ထိုအခိုက်အတန့်တွင် လုချန်းက ချူးယုချင်၏ လှပသော မျက်နှာကို ပွတ်သပ်ရင်း ပြုံးလျက် မေးလိုက်သည်။

“ ဒေါ်လေးက ဘာလို့ ရုတ်တရက် ကလေးထပ်လိုချင်ရတာလဲ။ တကယ်လိုချင်တာလား ဒါမှမဟုတ် ကျွန်တော့်ကို စိတ်လှုပ်ရှားအောင် လုပ်နေတာလား။”

မည်သို့ပင်ဖြစ်စေ သူတို့သည် ထိုသို့သော ကိစ္စများတွင် ပါဝင်နေဆဲဖြစ်ရာ ချူးယုချင်က သူ့ဒေါသကို ဆွပေးနေခြင်းလား သို့မဟုတ် တကယ် ကလေးလိုချင်နေခြင်းလား ဆိုတာကို လုချန်း မခွဲခြားနိုင်ခဲ့ပေ။

လုချန်း၏ မေးခွန်းကြောင့် မှင်သက်သွားသော ချူးယုချင်လည်း စိတ်ရှုပ်ထွေးသွားပြီး

“ဘာလို့မှန်း မသိဘူး။ ခုနက ရုတ်တရက် မင်းနဲ့...”

“ဒေါ်လေးကို...”

“ကိုယ်ဝန်ရှိအောင်...”

“လုပ်စေချင်မိတာ...”

ချူးယုချင်၏ မျက်နှာသည် ပြောနေရင်း ပို၍ နီမြန်းလာပြီး သူမ၏ အသံသည် ခြင်တစ်ကောင်၏ အသံကဲ့သို့ တိုးညှင်းသွားသည်။

လှပသော အမျိုးသမီးတစ်ယောက် ဤမျှ ရှက်သွေးဖြာနေသည်ကို မြင်သောအခါ လုချန်း ဆက်လက် မထိန်းနိုင်တော့ပေ။ သူက နောက်တစ်ကြိမ် ကိုင်းညွတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းများကို သူ၏ နှုတ်ခမ်းဖြင့် ပိတ်လိုက်ကာ ချူးယုချင်အား အပြည့်အဝ ဝန်ဆောင်မှုပေးရန် စိတ်နှစ်မြှုပ်လိုက်သည်။

အချိန်မည်မျှ ကြာသွားသည်မသိ စိတ်လှုပ်ရှားမှုတွင် နစ်မြောနေဆဲဖြစ်သော လုချန်း၏ နားနားတွင် အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရသည်။

[ချူးယုချင်နှင့်အတူ ရင်သွေးကမ္ဘာတစ်ခုကို ဖန်တီးနိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ ပုံသဏ္ဍာန်မဲ့ သဲကို ဆုချလိုက်သည်။]

ရုတ်တရက် ပေါ်ထွက်လာသော စနစ်၏ အသံက လုချန်းကို အတော်လေး တုန်လှုပ်သွားစေသည်။

စနစ်၏ ကြေညာချက်များသည် ယခင်က စက်သံဖြင့် ဖြစ်သောကြောင့် သူသည် ထိုအသံကို ကျင့်သားရနေခဲ့ပြီး ရင်းနှီးမှု ပြုလုပ်နေသော အခိုက်အတန့်များတွင်ပင် လုံးဝ လျစ်လျူရှုနိုင်ခဲ့သည်။

သို့သော် အခုတော့ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ စနစ် အဆင့်မြှင့်တင်ပြီးနောက် ကြေညာချက်သည် လူသားတစ်ဦး၏ အသံနှင့် တထေရာတည်း တူနေခဲ့ရာ တစ်စုံတစ်ယောက်က သူ့ကို အမြဲတစေ စောင့်ကြည့်နေသည်ဟူသော ခံစားချက်ကို ဖြစ်ပေါ်စေပြီး သူ့အား အလွန်အမင်း မသက်မသာ ဖြစ်စေသည်။

အခန်းထဲတွင် သူတို့ကို အစေခံသော အစေခံများ အမြဲရှိနေပြီး မျက်လုံးများစွာက စောင့်ကြည့်နေ‌ကြသော်လည်း ဒါကမတူပါ။ တစ်ခါတစ်ရံ သူသည် သူ၏ ဇနီးများနှင့် ဖဲကစားတတ်သည့် အချိန်မှာပင် စောင့်ကြည့်ခံရသည်ဟု မခံစားခဲ့ရပေ။ အကြောင်းမှာ သူ၏ အမြင်တွင် သူတို့အားလုံးသည် အတွင်းလူများ ဖြစ်သောကြောင့် ဖြစ်သည်။

သို့သော် ထိုအခိုက်အတန့်တွင် စနစ်၏ ကြေညာချက်က သူနှင့်မရင်းနှီးစွာ ထွက်ပေါ်လာခဲ့သည်။

လုချန်း ခဏခန့် ရပ်တန့်သွားသည်။ ဤအချိန်တွင် ချူးယုချင်က သူ့ကို ချစ်ခင်မြတ်နိုးစွာဖြင့် စိုက်ကြည့်နေပြီး သူ၏ တုံ့ပြန်မှုကို အံ့ဩနေသည်။

လုချန်း လှုပ်ရှားမှု မပြုသည်ကို မြင်သောအခါ ချူးယုချင်က လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ချက်ချင်း အသက်သွင်းလိုက်၏။ ထွက်ပေါ်လာသည့် အေးစက်သော လေကို ရှူသွင်းလိုက်ရင်း သူက ချူးယုချင်ကို ကြည့်ကာပြုံးလျက်

“ဒေါ်လေး ဘယ်တုန်းက ဒီလောက်ဆိုးတတ်သွားတာလဲ။”

ချူးယုချင်၏ မျက်နှာ အလွန်နီမြန်းသွားပြီး ဘာမှပြန်မဖြေခဲ့ပေ။ လုချန်း၏ အမျိုးသမီးအဖြစ် အကြာကြီး နေထိုင်ခဲ့ပြီး သူ့အတွက် ကလေးနှစ်ယောက်ပင် မွေးဖွားပေးခဲ့သော်လည်း သူမ သူ၏ရှေ့တွင် အနည်းငယ် ရှက်ကြောက်နေဆဲဖြစ်သည်။

ဟုတ်ပါသည်။ ဤလှပသော အမျိုးသမီး၏ ဤ ရှက်စိတ်သည်ပင် လုချန်းကို အဆုံးမရှိ တပ်မက်စေသောအရာ ဖြစ်သည်။

လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ဖြင့် လုချန်းကို ဆက်လက် ကူညီရန် ချူးယုချင် ပြင်ဆင်နေစဉ် ရုတ်တရက် သူမ၏ ခန္ဓာကိုယ်အတွင်း၌ အသစ်အဆန်း တစ်စုံတစ်ရာ ပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ထိုအရာသည် သူမ၏ ခန္ဓာကိုယ်အတွင်း၌ အမှန်တကယ် ရှိနေပုံမပေါ်သော်လည်း ၎င်း၏ တည်ရှိမှုကို သူမ အာရုံခံနိုင်ခဲ့၏။ ၎င်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ကမ္ဘာတစ်ခုကဲ့သို့ ဖြစ်နေသည်။

ချူးယုချင် အနည်းငယ် မှင်သက်သွားသည်။

ချူးယုချင်၏ အမူအရာ အနည်းငယ် ပုံမှန်မဟုတ်သည်ကို မြင်သောအခါ လုချန်းက ချက်ချင်းပင်

“ ဒေါ်လေး ဘာဖြစ်တာလဲ။”

ချူးယုချင် သတိပြန်ဝင်လာပြီး စိတ်ရှုပ်ထွေးစွာဖြင့်

“ဘာလို့မှန်း မသိဘူး။ ဒေါ်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ နေရာတစ်ခု ရှိနေသလို ရုတ်တရက် ခံစားလိုက်ရတယ်။ ဒေါ်လေး အဲ့ဒါကို အာရုံခံလို့ရတယ်၊ ဒါပေမဲ့...”

ချူးယုချင်၏ စကားကို ကြားသောအခါ ဒါက သူတို့ခေါ်သော ရင်သွေးကမ္ဘာ ဖြစ်ရမည်ဟု လူချန်း စိတ်ထဲ တွေးလိုက်သည်။

သို့သော်လည်း ပြောရမည်ဆိုလျှင် ဤအရာက ထူးဆန်းလှသည်။ သူ၏ ဇနီးများသည် ရင်သွေးကမ္ဘာတစ်ခု မွေးဖွားနိုင်ရန် လုံလောက်သော ကံကြမ္မာကို စုပ်ယူရန် လိုအပ်သည်ဟု စနစ်က ပြောခဲ့ဘူးသည် မဟုတ်ပါလား။

စနစ် အဆင့်မြှင့်တင်ပြီး မကြာမီမှာပင် ချူးယုချင်၏ အတွင်း၌ ကမ္ဘာတစ်ခု ပျိုးထောင်နိုင်ရခြင်းက ဘာ့ကြောင့်လဲ။

လုချန်း ထိုကိစ္စကို အလွန်အမင်း မစဉ်းစားတော့ပေ။ သူက ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ချူးယုချင်၏ ဖရိုဖရဲဖြစ်နေသော ဆံပင်များကို ပွတ်သပ်ရင်း နှစ်သိမ့်ပေးလိုက်သည်။

“ဒေါ်လေးချူး။ မကြောက်ပါနဲ့။ ဒါက ပုံမှန်ပါပဲ။”

လုချန်း၏ စကားကို ကြားသောအခါ ယခုဖြစ်ပျက်နေသည်များကို လုချန်း နားလည်လောက်သည်ဟု သိရှိကာ ချူးယုချင် စိတ်အေးသွားသည်။

လုချန်းက ဆက်လက်၍

“ဒေါ်လေးချူး။ ကျွန်တော့်မှာ ဒေါ်လေးအတွက် သတင်းဆိုးတစ်ခု ရှိတယ်။”

ချူးယုချင် တုန်လှုပ်သွားပြီးနောက်

“ဘာသတင်းဆိုးလဲ။ ပြောသာပြောပါ။”

လုချန်းက

“ကျွန်တော်တို့ အနာဂတ်မှာ ကလေးရဖို့ ခက်ခဲနိုင်ပုံပဲ။”

ဒါက...

ချူးယုချင် ခဏခန့် ငေးငိုင်သွား၏။ သူမ၏ မိခင်စိတ်သည် မကြာသေးမီကမှ တိုးပွားလာခဲ့ခြင်းဖြစ်သည်။ အကြောင်းရင်းကို မသိသော်လည်း သူမ၏ အတွင်းစိတ်ထဲမှ အသံတစ်သံက လုချန်းအတွက် ကလေးများ ပိုမွေးပေးရန် တိုက်တွန်းနေခဲ့သည်။

ယခု လုချန်းက အနာဂတ်တွင် သူတို့ ကလေးရရန် ခက်ခဲမည်ဟု ရုတ်တရက် ပြောလိုက်သည်။ သို့သော် သူမ၏ တုန်လှုပ်မှုကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး

“ချန်းလေးက အခု မူလအစကမ္ဘာ နယ်ပယ်အထိတောင် ကျင့်ကြံပြီးပြီ။ ဒေါ်လေးလည်း အခု ကောင်းကင်လူသား စွမ်းအားရှင် ဖြစ်နေပြီ။ ဒါကြောင့် ကလေးရဖို့က တကယ်တော့ မလွယ်ပါဘူး။”

လုချန်းက

“ကျွန်တော်တို့ရဲ့ အဆင့်ကြောင့်ချည်းပဲ မဟုတ်ဘူး။”

ချူးယုချင် စူးစမ်းလိုသွားပြီး

“တခြားအကြောင်းရင်းတွေ ရှိသေးလို့လား။”

လုချန်းက

“ဟုတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရဲ့ အထူးခန္ဓာကိုယ် ဖွဲ့စည်းပုံတစ်ခုကို နိုးထလာလို့ပဲ။ အနာဂတ်မှာ ကျွန်တော်တို့ မျိုးဆက်ပွားဖို့ ခက်ခဲလိမ့်မယ်။ အခု ဒေါ်လေး ခံစားနေရသလိုမျိုး ရင်သွေးကမ္ဘာတွေကိုပဲ မွေးထုတ်နိုင်တော့မှာ။”

ဒါက...

လုချန်း၏ စကားကို ကြားသောအခါ ထိုကမ္ဘာ၏ တည်ရှိမှုကို ချူးယုချင် ထပ်မံ အာရုံခံလိုက်ရသည်။ ၎င်းသည် အလွန် သေးငယ်နေသေးသော်လည်း အသက်ဓာတ်များဖြင့် ပြည့်နှက်နေပြီး အချို့သော သစ်ပင်ပန်းမန်များနှင့် တိရစ္ဆာန်များကိုပင် ထောက်ပံ့နေပြီ ဖြစ်သည်။

ချူးယုချင် နားလည်ရခက်နေသည်။ သူတို့၏ ဆက်ဆံမှုက ဒီလိုမျိုး ကမ္ဘာတစ်ခုကို မည်သို့ ဖြစ်ပေါ်စေနိုင်သနည်း။

ချူးယုချင် တစ်ယောက်တည်း ရှုပ်ထွေးနေသည်တော့ မဟုတ်ပါ။ လုချန်းကိုယ်တိုင်ပင် နားမလည်ခဲ့ပေ။ သို့သော် ထိုနားမလည်နနိုင်မှုကို သူစိတ်မပူပါ။ ရင်သွေးကမ္ဘာများ မွေးဖွားခြင်းက သူ၏ ဇနီးများကို ထိခိုက်မှု မရှိသရွေ့ လက်ခံနိုင်စရာရှိသည်။

လုချန်း၏ ရှင်းပြချက်ကို ကြားပြီးနောက် ချူးယုချင်သည် စိတ်အေးသွားပြီး

“ဒေါ်လေး နားလည်ပါပြီ။”

ချူးယုချင် လုံးဝ စိတ်ပျက်နေပုံမပေါ်သည်ကို မြင်သောအခါ လုချန်းက ပြုံးလျက်

“ဒေါ်လေးချူး။ စိတ်မကောင်း မဖြစ်ဘူးလား။ ကလေးတွေ ပိုလိုချင်တဲ့ ဆန္ဒက အခု ပျက်စီးသွားပြီ မဟုတ်လား။”

ချူးယုချင်က မျက်နှာနီမြန်းလျက်

“ဒေါ်လေး ဘာဖြစ်သွားမှန်း မသိဘူး။ ရုတ်တရက် မင်းနဲ့ ကလေးတွေ အများကြီး လိုချင်မိတယ်။ ဒါပေမဲ့ ဒေါ်လေးတို့မှာ ကလေးနှစ်ယောက် ရှိပြီးသားဆိုတော့ မျိုးဆက်တွေ ထပ်မလိုတော့ပါဘူး။”

“ပြီးတော့... အနာဂတ်မှာ ဒေါ်လေးတို့ မွေးထုတ်တဲ့ ကမ္ဘာငယ်လေးတွေထဲမှာ သက်ရှိတွေ မွေးဖွားလာခဲ့ရင် အဲ့ဒီသက်ရှိတွေကိုလည်း တို့ရဲ့ မျိုးဆက်တွေလို့ မှတ်ယူနိုင်တာပဲ။”

ချူးယုချင်၏ အတွေးများကို ကြားသောအခါ လုချန်း စိတ်အေးသွားသည်။ စောနက ချူးယုချင် ကလေးမရနိုင်ခြင်းအတွက် စိတ်ဆင်းရဲနေမည်ကို စိုးရိမ်နေခဲ့သည်။

ထိုစဉ် လုချန်းက

“ကောင်းပြီ၊ ဒီအကြောင်းတွေ ဆက်မပြောတော့ဘူး။ ကျွန်တော်တို့မှာ ရှည်လျားတဲ့ ညတစ်ည ရှိသေးတယ်။ ကျွန်တော်တို့ အတူတူ မွေးထုတ်လိုက်တဲ့ ကမ္ဘာကို သေသေချာချာ စူးစမ်းလေ့လာခွင့်ပြုပါ။”

ထိုစကားကို ကြားသောအခါ ချူးယုချင်၏ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ဤကောင်လေးက ဘယ်လို မဖွယ်မရာ စကားများကို ပြောနေရတာလဲ။

ထို့နောက် လုချန်း သူ၏ လှုပ်ရှားမှုကို ပြန်လည် စတင်လိုက်သည်။ ချူးယုချင်လည်း အခြားသော အတွေးများကို ဆက်မတွေးတော့ပဲ လုချန်း၏ ကျင့်ကြံရေးကို ကူညီရန် လျှို့ဝှက်ဆန်းကြယ်မိန်းမပျိုကျင့်စဉ်ကို ဆက်လက် အသုံးပြုခဲ့သည်။

…….

ထိုအချိန်။

ချန်ယွမ်ကမ္ဘာ။

နန်းတော်၌။

ဖီးနစ်ဝတ်ရုံကို ဆင်မြန်းထားသော မိဖုရားခေါင် ရှန်ဝူသည် နန်းဆောင်၏ ခန်းမထဲ၌ ရပ်နေသည်။

သူမ၏ မျက်စိရှေ့တွင် လုချန်းနှင့် ချူးယုချင်တို့၏ ထိုရင်းနှီးနေသော အပြုအမူကို မြင်တွေ့နေရသည်။

လုချန်းနှင့် ချူးယုချင်တို့ကြားမှ အရာအားလုံးကို ကြည့်ရင်း မိဖုရားခေါင် ရှန်ဝူက

“အရင်တုန်းက ရှင်က ကျင့်စဉ်ကိုပဲ အာရုံစိုက်ပြီး ကျွန်မကို အကြိမ်ကြိမ် ငြင်းပယ်ခဲ့တယ်။ အခုတော့ ရှင်လည်း မိန်းမတွေရဲ့ ကြောက်စရာကောင်းတဲ့ ဆွဲဆောင်မှုကြောင့် ဖောက်ပြန်ပျက်စီးသွားပြီ။ ရှင့်ရဲ့ ကျင့်စဉ် စိတ်နှလုံးကို ဖျက်ဆီးခံလိုက်ရပြီ။ ရှင့်ရဲ့ မှတ်ဉာဏ်တွေ ပြန်နိုးထလာတဲ့အခါ ရှင် ဘယ်လိုခံစားရမလဲဆိုတာ ကျွန်မသိချင်လိုက်တာ။”

ဟု သူမဘာသာ လှောင်ပြောင် ရေရွတ်လိုက်သည်။

မိဖုရားခေါင် ရှန်ဝူ၏ စကားများ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရုတ်တရက် သူမ၏ ဦးနှောက်သည် မူးဝေသွားပြီး ခန္ဓာကိုယ်လည်း ယိမ်းယိုင်သွားသည်။

All Chapters