အချစ်ကြောင့် အမုန်းပွားခဲ့သော အမျိုးသမီး
Vol. 63 Ch. 940
သူမ၏ ဦးနှောက်ထဲတွင် ခဏတာ မူးဝေသွားပြီးနောက် မိဖုရားခေါင် ရှန်ဝူ သူမ၏ ခန္ဓာကိုယ်ကို လျင်မြန်စွာ ပြန်လည်ထိန်းချုပ်လိုက်ပြီး သူမ၏ ခံစားချက်ကင်းမဲ့နေလေ့ရှိသော မျက်နှာပေါ်တွင် ရှုပ်ထွေးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
“ဘာဖြစ်နေတာလဲ။ ငါ့ရဲ့ ကံကြမ္မာက ဘာလို့ လျော့နည်းနေရတာလဲ။”
ယင်ယန်စွမ်းအားကို လျင်မြန်စွာ ထုတ်လွှတ်ပြီး သူမ၏ ကံကြမ္မာ စီးဆင်းမှုကို စစ်ဆေးကြည့်ရာ သူမ၏ ကံကြမ္မာသည် ထျန်းချန်ကမ္ဘာရှိ ချူးယုချင်ထံသို့ စုပ်ယူခံနေရသည်ကို တွေ့ရှိလိုက်ရသည်။
မိဖုရားခေါင် ရှန်ဝူ၏ မျက်ခုံးများ တွန့်သွားပြီး သူမ၏ အမူအရာသည် ပို၍ပင် အေးစက်လာသည်။
ထျန်းချန်ကမ္ဘာမှ ချူးယုချင်သည် သူမ သာမန်ကာလျှံကာ ဖန်တီးခဲ့သော ကိုယ်ပွားတစ်ခုမျှသာ ဖြစ်ရာ သူမ၏ ကံကြမ္မာကို မည်သို့ ခိုးယူနိုင်မည်နည်း။
ခဏမျှ စဉ်းစားပြီးနောက် သူမ၏ လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ နောက်တစ်ခဏတွင် သူမနှင့် ချူးယုချင်ကြားရှိ အကြောင်းတရား ဆက်နွှယ်မှု လုံးဝ ပြတ်တောက်သွားခဲ့သည်။
ဤအရာကို အဆုံးသတ်ရန် အချိန်တန်ပြီ ဖြစ်သည်။
ယခုမှစ၍ ချူးယုချင်သည် ချူးယုချင်သာဖြစ်ပြီး မိဖုရားခေါင် ရှန်ဝူသည် မိဖုရားခေါင် ရှန်ဝူသာ ဖြစ်သည်။
လွန်ခဲ့သော နှစ်တစ်သောင်းက ကွေ့ရိဂိုဏ်း၏ သူတော်စင်မဖြစ်သူ ချူးယုချင်သည် ရှန်ယွဲ့မင်းဆက်မှ မင်းသား လုချန်းကို ချစ်ကြိုက်ခဲ့သည်။ လုချန်း၏ ကျင့်စဉ်အဖော် ဖြစ်လာရန် ချူးယုချင်သည် သူ့အပေါ် ထားရှိသော သူမ၏ အချစ်ကို အသည်းအသန် ပြသခဲ့သော်လည်း လုချန်းကတော့ တာအိုကျင့်စဉ်ကို လိုက်စားရန် လုံးဝ စိတ်ပိုင်းဖြတ်ထားခဲ့ပြီး သူ၏ မျက်လုံးထဲတွင် အမျိုးသမီးများအတွက် နေရာမရှိခဲ့ပေ။
သူက ချူးယုချင်ကို တည့်တည့်ပင် တစ်ချက်မှ မကြည့်ခဲ့ပေ။ နောက်ဆုံးတွင် ဧကရာဇ် ရှန်ဝူက ချူးယုချင်အတွင်းရှိ ဖရိုဖရဲ စိတ်ဝိညာဉ် ခန္ဓာကို တွေ့ရှိသွားပြီး သူ၏မိဖုရားခေါင်အဖြစ် တင်မြှောက်ရန် ကွေ့ရိဂိုဏ်းအား အမိန့်ပေးခဲ့သည်။ သူမ၏ ဖရိုဖရဲ စိတ်ဝိညာဉ် ခန္ဓာ ရင့်ကျက်လာသည်ကို စောင့်ဆိုင်းပြီးနောက် သူ့အတွက် စွမ်းအင် လွှဲပြောင်းရာ ခန္ဓာအဖြစ် အသုံးပြုရန် ဖြစ်သည်။
ထိုသို့ဖြင့် ချူးယုချင်၏ အချစ်များ အမုန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ အကယ်၍ လုချန်းသာ သူမကို အစောပိုင်းက လက်ခံခဲ့ပြီး သူမ၏ အပျိုစင်ဘဝကို သိမ်းပိုက်ခဲ့ပါက သူမ၏ ဖရိုဖရဲ စိတ်ဝိညာဉ် ခန္ဓာ အသုံးဝင်တော့မည် မဟုတ်ပေ။ ထိုအခါ သူမလည်း ဧကရာဇ် ရှန်ဝူ၏ ကျင့်ကြံရေး ကိရိယာဘဝသို့ ရောက်ရှိမည် မဟုတ်ဟု ချူးယုချင် ယုံကြည်သည်။
လွန်ခဲ့သော နှစ်တစ်ထောင်က ဧကရာဇ် ရှန်ဝူသည် သူ၏ သားတော်များအားလုံးကို ပြန်လည်ခေါ်ယူကာ သတ်ဖြတ်ခဲ့ပြီး သူတို့၏ ဝိညာဉ်များကို ဝိညာဉ် ပုတီးစေ့များထဲသို့ ထည့်သွင်းကာ စမ်းသပ်မှုများအတွက် ကမ္ဘာအသီးသီးသို့ ပစ်ချခဲ့သည်။
လုချန်းကို လက်တုံ့ပြန်သည့်အနေဖြင့် ချူးယုချင်သည် ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးကို အသုံးပြု၍ သူ၏ ကံကြမ္မာထဲသို့ တစ်စုံတစ်ခု ထည့်သွင်းခဲ့သည်။
ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးသည် ထူးခြားသော အရာတစ်ခု ဖြစ်ပြီး ၎င်းကို အသုံးပြုခြင်းဖြင့် လူတစ်ဦး၏ ဘဝလမ်းကြောင်းကို အတိုင်းအတာတစ်ခုအထိ ဆုံးဖြတ်နိုင်စွမ်း ရှိသည်။
မင်းသားအားလုံး၏ ဝိညာဉ်များကို ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးဖြင့် လွှမ်းမိုးပြီးနောက် သူတို့သည် သူတို့ လက်ခံနိုင်သော နည်းလမ်းဖြင့် ဆက်လက် အင်အားကြီးထွားလာမည်ဖြစ်ပြီး ထို့နောက် ဧကရာဇ် ရှန်ဝူက သူတို့အတွက် ကြိုတင်ပြင်ဆင်ထားသော အရင်းအမြစ်များနှင့် ကြုံတွေ့ရမည် ဖြစ်သည်။
ဥပမာအားဖြင့် အကယ်၍ မင်းသားတစ်ပါးသည် လူဝင်စားခြင်း သဘောတရားကို လက်ခံနိုင်ပါက ကျောက်တုံးက မှားယွင်းသော မှတ်ဉာဏ်တစ်ခုကို ဖန်တီးပြီး မိမိကိုယ်ကို လူဝင်စားတစ်ဦးဟု ယုံကြည်သွားမည် ဖြစ်သည်။ ကောင်းကင်ဘုံ ပြောင်းလဲခြင်း ကျောက်တုံး၏ လွှမ်းမိုးမှုအောက်တွင် သူသည် သူ၏ အတိတ်ဘဝမှ မှားယွင်းသော မှတ်ဉာဏ်များအတိုင်း ဆက်လက် အင်အားကြီးထွားလာမည် ဖြစ်သည်။
အကယ်၍ မင်းသားတစ်ပါးသည် “လက်စွပ်ထဲမှ ပညာရှိအဘိုးအို” ဇာတ်လမ်းပုံစံကို လက်ခံနိုင်ပါက ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးသည် အကြောင်းတရား ဆက်နွှယ်မှုကို ထိန်းချုပ်နိုင်ပြီး ထိုကမ္ဘာတွင် ဆင်းရဲနွမ်းပါးသော အင်အားကြီး ဝိညာဉ်တစ်ခုကို ပေါ်ပေါက်စေမည် ဖြစ်သည်။
ချူးယုချင်သည် ကောင်းကင်ဘုံ ပြောင်းလဲခြင်း ကျောက်တုံးကို ကိုယ်တိုင် အသုံးပြုကာ လုချန်းအား မှားယွင်းသော မှတ်ဉာဏ်အချို့ ထည့်သွင်းပေးခဲ့ပြီး သူ၏ အတိတ်ဘဝက နတ်ဆိုးဂိုဏ်းဝင်တစ်ဦးဖြစ်သည်ဟု ယုံကြည်စေကာ စုံတွဲကျင့်စဉ်ဖြစ်သော နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ကို ကျင့်သုံးခြင်းဖြင့် အဆက်မပြတ် အင်အားကြီးထွားလာနိုင်သည်ဟု ထင်မြင်စေခဲ့သည်။
လုချန်းသည် ဧကရာဇ် ရှန်ဝူ၏ သားတော်ဖြစ်ပြီး အထူးသွေးမျိုးရိုးကို ပိုင်ဆိုင်ထားသူဖြစ်ရာ သူ့၌ ကလေးများလေလေ သူ၏ ကံကြမ္မာနှင့် သွေးမျိုးရိုးစွမ်းအားများ ပို၍ ကွဲပြားသွားကာ ပျောက်ကွယ်သွားမည်ဖြစ်၏။ ထိုအရာက သူ့အတွက် ကြီးမားသော ကံဆိုးမှု တစ်ခု ဖြစ်သည်။
နဂါးဖီးနစ်ယင်ယန်ကျင့်စဉ်ဖြင့် ရေတိုတွင် သူ၏ စွမ်းအားကို တိုးတက်စေနိုင်ပြီး အတိုင်းအတာတစ်ခုအထိ မြှင့်တင်နိုင်ခဲ့သည့်တိုင် သူ၏ အလုံးစုံ အောင်မြင်နိုင်စွမ်း အလားအလာများ လုံးဝ ကန့်သတ်ခံလိုက်ရပြီး ဧကရာဇ်အဆင့် ဖြစ်လာရန် ဘယ်သောအခါမှ မလွယ်ကူတော့ပေ။
ချူးယုချင်၏ ကြိုးကိုင်မှုအောက်တွင် လုချန်းသည် စမ်းသပ်မှုများတွင် ပါဝင်နေသော အခြားမင်းသားများထက် နှစ်ပေါင်းရာနှင့်ချီ၍ နောက်ကျပြီးမှ ပြန်လည်မွေးဖွားခဲ့ရ၏။ ထို့ပြင် သူမက ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအင်ကို မြူခိုးဒေသထဲသို့ ချိတ်ပိတ်ထားခဲ့သဖြင့် ထျန်းချန်ကမ္ဘာ၏ စိတ်ဝိညာဉ် စွမ်းအင်များ အလွန်ရှားပါးလာပြီး ကျင့်ကြံရန် ပို၍ ခက်ခဲစေခဲ့သည်။
လုချန်း၏ တန်ခိုးကြီးထွားလာနိုင်သည့် မည်သည့် မည်သည့် ဖြစ်နိုင်ခြေကိုမဆို သူမ လုံးဝ ချိတ်ပိတ်ထားခဲ့သည်ဟု ဆိုနိုင်သည်။
လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က လုချန်း၏ လူဝင်စားခြင်း သံသရာ စတင်ခါနီးတွင် ချူးယုချင်လည်း သူ တစ်စတစ်စ ကျဆုံးသွားပုံကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုလိုစိတ်ဖြင့် ထျန်းချန်ကမ္ဘာသို့ ပို့ရန် ကိုယ်ပွားတစ်ခုကို တမင်တကာ ဖန်တီးခဲ့သည်။
ကိုယ်ပွားကို ထျန်းချန်ကမ္ဘာသို့ ပို့ဆောင်လိုက်သောအခါ ၎င်းက မြူခိုးဒေသ၏ မှော်အစီအရင်များကို ခဏခန့် ပျောက်ကွယ်သွားစေခဲ့၏။ ထိုအချိန်သည် ဝူကျန်းဝမ်နှင့် လီချင်ရို့တို့၏ ဆရာမ ထျန်းချန်ကမ္ဘာသို့ ဝင်ရောက်လာခဲ့သည့် အချိန်လည်း ဖြစ်သည်။
မူလက ချူးယုချင်သည် ကိုယ်ပွားမှတစ်ဆင့် လုချန်း၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ရန် ဆန္ဒရှိခဲ့သည်။ သို့သော် မမျှော်လင့်ပဲ ကိုယ်ပွားသည် ထျန်းချန်ကမ္ဘာသို့ ရောက်ရှိသောအခါ သူမ၏ ဝိညာဉ်နှင့် ဆက်သွယ်မှုအားလုံးနီးပါး ပြတ်တောက်သွားခဲ့သည်။ ချူးယုချင်လည်း ထိုဖြစ်စဉ်ကို ကောင်းကင် ပြောင်းလဲခြင်း ကျောက်တုံးကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်ဟု ယူဆကာ များများစားစား မစဉ်းစားခဲ့ပေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် သူမနှင့် ကိုယ်ပွားကြားတွင် အကြောင်းတရား ဆက်နွှယ်မှုတစ်ခု ကျန်ရှိနေသေးသည်။ ဤဆက်နွှယ်မှုကြောင့် သူမ ချူးယုချင်၏ မျက်လုံးများမှတစ်ဆင့် လုချန်း ဘာလုပ်နေသည်ကို မြင်နိုင်သေးသော်လည်း ထို့ထက်ပို၍တော့ ချုပ်ကိုင်၍ မရနိုင်ပေ။
သို့သော်လည်း ဒါက ချူးယုချင်အတွက် လုံလောက်ခဲ့သည်။ အကြောင်းမှာ သူမ၏ ကိုယ်ပွားအပေါ် လုချန်း အစွမ်းကုန် ကြိုးစားနေသည်ကို မြင်ရတိုင်း သူမ၏ တကယ့်ခန္ဓာကိုယ်က လက်စားချေမှု၏ ကြည်နူးဖွယ် ခံစားချက်ကို ခံစားရသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ တစ်ချိန်က အမျိုးသမီးများကို စိတ်မဝင်စားပဲ ကျင့်ကြံခြင်းကိုသာ စွဲလန်းခဲ့သော လုချန်းသည် လူဝင်စားဖြစ်ပြီးနောက် အမျိုးသမီးများ၏ ခန္ဓာကိုယ်ပေါ်တွင် လဲလျောင်းဖို့သာ သိသောသူတစ်ယောက် ဖြစ်လာခဲ့တော့သည်။ လုချန်း ထိုအခြေအနေသို့ ကျဆင်းသွားခြင်းက ချူးယုချင်အတွက် အကောင်းဆုံး လက်စားချေမှု ပုံစံတစ်ခု ဖြစ်သည်။
မိဖုရားခေါင် ရှန်ဝူ သူမ၏ ကိုယ်ပွားနှင့် အကြောင်းတရား ဆက်နွှယ်မှုကို လုံးဝ ဖြတ်တောက်လိုက်သည်နှင့် သူမ၏ မျက်စိရှေ့မှ မြင်ကွင်းသည်လည်း ပျောက်ကွယ်သွားခဲ့သည်။
သူမ၏ လက်စားချေမှု ပြီးမြောက်ခဲ့ပြီ ဖြစ်သည်။ ဧကရာဇ် ရှန်ဝူက လုချန်းကို လက်လျှော့ခဲ့ပြီး ဖြစ်သည့်အပြင် လုချန်းကလည်း သူ၏ ကိုယ်ပိုင် အခြေခံအုတ်မြစ်များကို ဖျက်ဆီးခဲ့ပြီးပြီဖြစ်သည်။ ဒါက သူ ဘယ်သောအခါမှ တန်ခိုးကြီးထွားနိုင်တော့မည် မဟုတ်ဟု ဆိုလိုသည်။
ထို့ပြင် ထျန်းချန်ကမ္ဘာတွင် ကောင်းကင်နတ်ဆိုးတစ်ကောင် ရှိနေသည်။ လုချန်း မသေနိုင်သော်လည်း သူသည် ကောင်းကင်နတ်ဆိုးကြောင့် သူ အပြင်းအထန် ဒဏ်ရာရနိုင်ပြီး မသန်စွမ်းသူတစ်ဦး ဖြစ်လာကာ သူ၏ အချိန်မကုန်မချင်း မပြည့်စုံသော ထျန်းချန်ကမ္ဘာတွင် နေထိုင်ရပြီး မြူမှုန်ဘဝသို့ ပြန်လည်ရောက်ရှိရန် ကံကြမ္မာက ဖန်တီးသွားမည်ဖြစ်သည်။
ထိုစဉ် မိဖုရားခေါင် ရှန်ဝူ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။ ချက်ချင်းပင် သူမ၏ ဟန်ပန်ကလည်း မယိမ်းမယိုင် ခိုင်မာသွားသည်။
လုချန်း၏ ကိစ္စ ပြီးဆုံးသွားပြီဖြစ်သည်။ ယခု ဧကရာဇ် ရှန်ဝူကို ရင်ဆိုင်မည့် နည်းလမ်းကို စဉ်းစားရမည့် အချိန်ဖြစ်သည်။
သူ၏ စွမ်းအင် လွှဲပြောင်းရာ ခန္ဓာအဖြစ် အသုံးပြုခံရပြီး နောက်ဆုံးတွင် စွမ်းအားအစုပ်ယူခံရ၍ သေဆုံးသွားရမည့် အဖြစ်ကို သူမ လုံးဝ မလိုလားပေ။ သူမ၏ ဖရိုဖရဲ ခန္ဓာသည် နှစ်တစ်သောင်းမပြည့်မီ ရင့်ကျက်လာနိုင်သည်ဟု သူမ ခံစားမိသည်။ ထိုအချိန်အ တောအတွင်း ဧကရာဇ် ရှန်ဝူကို တန်ပြန်နိုင်မည့် နည်းလမ်းကို သူမ ရှာဖွေရမည် ဖြစ်သည်။
……..
လုချန်းနှင့် ချူးယုချင်တို့ ဆက်လက်အလုပ်များနေကြသည်။ အကြောင်းရင်း မသိသော်လည်း ချူးယုချင်က ပို၍ တက်ကြွလာပြီး ပို၍ ရင့်ကျက်ကာ ဆွဲဆောင်မှုရှိလာသည်ကို လုချန်း ရုတ်တရက် သတိပြုမိလိုက်သည်။
ချူးယုချင်က သူမ၏ လက်များဖြင့် လုချန်းကို ရစ်ပတ်ထားရင်း သူ၏ မျက်လုံးများထဲသို့ ချစ်ခင်စွာ စူးစိုက်ကြည့်ကာ
“ချန်းလေး။ ဒေါ်လေးကို သေခွင့်ပေးပါ...”
သူ၏ ရှေ့မှ ချူးယုချင်ကို ကြည့်ရင်း သူမ အခြားသူတစ်ယောက် ဖြစ်သွားပြီလားဟု လုချန်း တွေးမိသည်။ သို့သော်လည်း
ထိုပြောင်းလဲမှုများကို လုချန်း ဂရုမစိုက်ခဲ့ပေ။ ထိုပြောင်းလဲမှုက ချူးယုချင်အပေါ် သူ၏ အောင်နိုင်လိုစိတ်များကိုသာ တိုးပွားစေသည်။
မကြာမီတွင် သေဆုံးပြီး ပြန်လည် အသက်ရှင်လာသည့် ခံစားချက်ကို ချူးယုချင် တွေ့ကြုံခံစားလိုက်ရသည်။
……..
နောက်တစ်နေ့ နံနက်ခင်း။
လုချန်း နိုးလာသောအခါ လှပသော အမျိုးသမီး၏ နူးညံ့သော ခန္ဓာကိုယ်ကို ခံစားမိပြီး ချက်ချင်း အတွေးအချို့ ပေါ်လာသော်လည်း သူ အကောင်အထည် မဖော်ခဲ့ပေ။
သူ၏ ရင်ဘတ်ပေါ်တွင် လဲလျောင်းနေသော ချူးယုချင်ကို ညင်သာစွာ ပွတ်သပ်ရင်း စနစ်ကို စိတ်ထဲမှ မေးလိုက်သည်။
“စနစ်။ ငါ့ရဲ့ဇနီးတွေ ရင်သွေးကမ္ဘာတွေ ကိုယ်ဝန်ဆောင်ပြီးနောက်မှာ သူတို့နဲ့ ရင်းရင်းနှီးနှီး နေလို့ရသေးလား။”
စနစ်က
“ရပါတယ်။ ထိုသို့ပြုလုပ်ခြင်းက ရင်သွေးကမ္ဘာ၏ ကြီးထွားမှုကို အရှိန်မြှင့်ပေးနိုင်ပြီး ရင်သွေးကမ္ဘာ ရင့်ကျက်သွားချိန်တွင် ပိုပြီး ကြီးမားသော ဆုလာဘ်များကို ရရှိနိုင်မှာပါ။”
လုချန်းက ဆက်လက်၍
“ဇနီးတစ်ယောက်က ကလေးကမ္ဘာ ဘယ်နှစ်ခု ကိုယ်ဝန်ဆောင်နိုင်လဲ။”
စနစ်က
“မရေမတွက်နိုင်အောင်ပါ။ သခင်ရဲ့ ဇနီးတွေက ကိုယ်ဝန်ဆောင်ဖို့ အခြေအနေတွေနဲ့ ကိုက်ညီနေသမျှ သခင် လိုချင်သလောက် ကလေးကမ္ဘာတွေ ရနိုင်ပါတယ်။”
လုချန်းလည်း နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ပဲ သူ မနေ့က ရရှိခဲ့သော ဆုလာဘ်များကို စစ်ဆေးရန် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်သည်။
[ပုံသဏ္ဍာန်မဲ့ သဲ : ထျန်းချန်ကမ္ဘာကို ပြုပြင်ရန် လိုအပ်သော ပစ္စည်း။]
စနစ်က အဆင့်မြှင့်တင်ပြီးသော်လည်း ယခင်ကဲ့သို့ပင် ကပ်စေးနဲနေဆဲဟု လုချန်း စိတ်ထဲတွေးလိုက်သည်။
ထျန်းချန်ကမ္ဘာကို ပြုပြင်ရန် ပစ္စည်းတစ်ခုတည်း ပေးတာလား။
ယခုအချိန်တွင်တော့ ထိုပစ္စည်းကသူ့အတွက် သိပ်အသုံးမဝင်ပေ။
ထို့နောက် လုချန်းက
“ဒီကမ္ဘာကို ပြုပြင်ဖို့ ဘာပစ္စည်းတွေ ထပ်လိုသေးလဲ။”
စနစ်က
“ ပုံသဏ္ဍာန်မဲ့ မိုးမခပင် တစ်ပင် လိုနေသေးပါတယ်။”
“ပုံသဏ္ဍာန်မဲ့ မိုးမခပင်က ကမ္ဘာ့အပင်ကြီးအဖြစ် ကြီးထွားနိုင်ပါတယ်။ အဲ့ဒါရှိရင် ဒီကမ္ဘာက သူ့ရဲ့ မူလအခြေအနေကို ပြန်ရောက်နိုင်မှာပါ။”
ထိုအခါမှ လုချန်းလည်း သူ၏ ကလေးများကို လွယ်ထားသော ရွှီလင်လုံနှင့် ပိုင်ချင်းချင်းတို့ကို ရုတ်တရက် သတိရသွားသည်။ ယခု စနစ်က အဆင့်မြှင့်တင်ပြီး ဆုလာဘ်များ ရရှိပုံ ပြောင်းလဲသွားပြီဖြစ်ရာ သူတို့၏ ဗိုက်ထဲမှ ကလေးများ မွေးဖွားပြီးနောက်တွင် သူ ဆုလာဘ်များ ရရှိဦးမှာလားဟု သူ တွေးမိသည်။
ထိုသို့ စိတ်ထဲတွင် တွေးရင်း လုချန်းက
“စနစ်။ ငါ့ရဲ့ ကိုယ်ဝန်ဆောင် ဇနီးတွေရဲ့ ကလေးတွေ မွေးပြီးရင် ဆုလာဘ်တွေ ရှိသေးမှာလား။”
ဟု အလျင်အမြန် မေးလိုက်သည်။
စနစ်က
“ သခင် စိတ်ပူစရာမလိုပါဘူး။ ရသင့်ရထိုက်တဲ့ ဆုလာဘ်တွေကို ပေးအပ်သွားမှာပါ။”
စနစ်၏ အဖြေကို ကြားသောအခါ လုချန်း စိတ်အေးသွားသည်။ သူနှင့် သူ၏ ဇနီးနှစ်ဦး အလကား အလုပ်ရှုပ်သွားခြင်းကို သူ ခွင့်မပြုနိုင်ပေ။
လုချန်းလည်း နောက်ထပ် မေးခွန်းများ ဆက်မမေးတော့ပေ။ သူ၏ စိတ်ထဲ လုံးဝလစ်ဟာနေသော်လည်း သူ၏ လက်များက ချူးယုချင်၏ ခန္ဓာကိုယ်ကို ဆက်လက် ပွတ်သပ်နေသည်။
ထိုအခိုက်အတန့်တွင် ချူးယုချင်လည်း နိုးလာသည်။ သူမ၏ မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်ရာ လုချန်း၏ လက်က ကစားနေသည်ကို မြင်လိုက်ရသည်။
ချူးယုချင်လည်း သူ့ကို လူဆိုးလေးဟု စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ချူးယုချင်၏ ကြွက်သားများ အနည်းငယ် ကျုံ့သွားသည်ကို ခံစားမိသောအခါ သူမ နိုးနေပြီဟု လုချန်း သိလိုက်ပြီး
“မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။”
ဟု ပြုံးလျက် မေးလိုက်သည်။
ထိုမေးခွန်းကြောင့် ချူးယုချင်၏ မျက်နှာသည် အနည်းငယ် နီမြန်းသွားပြီး
“မင်းရှိနေရင် ဘာပဲဖြစ်ဖြစ် ကောင်းကောင်း အိပ်ပျော်နိုင်ပါတယ်။”
ထိုအဖြေက လုချန်းကို အံ့အားသင့်သွားစေသည်။ ဤသို့ တက်ကြွသော အဖြေကို သူမထံမှ သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထိုအခိုက်တွင် ချူးယုချင်က သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်သည်။ သူတို့သည် စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်နေဆဲဖြစ်သောကြောင့် ချူးယုချင် လှုပ်လိုက်သည်နှင့် လုချန်းလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်ရန် ခက်ခဲသွားသည်။
မနေ့ညက ကစားပွဲကို ဆက်ရန် စဉ်းစားနေစဉ် ချူးယုချင်က ရုတ်တရက်
“ချန်းလေး။ ဒေါ်လေးရဲ့ ခန္ဓာကိုယ်မှာ တစ်ခုခု ထူးဆန်းနေသလို ရုတ်တရက် ခံစားရတယ်။”
လုချန်းက
“ဘာဖြစ်လို့လဲ။ ဘယ်နေရာမှာ နေမကောင်းဖြစ်လို့လဲ။”
ကလေးကမ္ဘာများ သန္ဓေတည်ခြင်း ဖြစ်စဉ်သည် အစကတည်းက ပုံမှန်သဘာဝနှင့် ဆန့်ကျင်နေသော ဖြစ်စဉ်ဖြစ်သည်။
အဆင့်တစ်ခုအထိ ကျင့်ကြံခြင်းဖြင့် မိမိ၏ ခန္ဓာကိုယ်အတွင်း၌ ကမ္ဘာများ ဖွင့်လှစ်နိုင်သည်ဟုသာ ကြားဖူးခဲ့သော်လည်း
ယောကျ်ားမိန်းမ ကိစ္စများတွင် ပါဝင်ခြင်းဖြင့် ရင်သွေးကမ္ဘာတစ်ခု သန္ဓေတည်နိုင်သည်ကိုမူ ယခုမှ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။
ထို့ကြောင့် သူ၏ ဇနီးများ၏ အခြေအနေကို လုချန်း အနည်းငယ် စိုးရိမ်မိသည်။ ရင်သွေးကမ္ဘာများ သန္ဓေတည်ခြင်းက သူတို့အပေါ် ဘေးအန္တရာယ်အချို့ ဆောင်ကြဉ်းလာမည်ကို သူအလွန် ကြောက်ရွံ့နေသည်။
ချူးယုချင်က အနည်းငယ် ဇဝေဇဝါဖြစ်ဟန်ဖြင့်
“ဘယ်နေရာမှာမှ နေမကောင်းဖြစ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့...”
ချူးယုချင် ဆက်မပြောပဲ တုံ့ဆိုင်းနေသည်။
သူမ မည်သည့်နေရာတွင် မသက်မသာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မပြောနိုင်သည်ကို မြင်သောအခါ လုချန်းက စိတ်ထဲမှ ချက်ချင်း မေးလိုက်သည်။
“စနစ်။ ရင်သွေးကမ္ဘာတစ်ခု သန္ဓေတည်ခြင်းက ဇနီးတွေရဲ့ ကျန်းမာရေးကို မထိခိုက်ဘူး မဟုတ်လား။”
စနစ်က
“လုံးဝ ထိခိုက်မှု မရှိပါဘူး။ ထိခိုက်မှု မရှိတဲ့အပြင် ကလေးကမ္ဘာကနေ တုံ့ပြန်မှုကို ရရှိပြီး အကျိုးကျေးဇူး အတော်များများကိုလည်း ရရှိမှာပါ။”
လုချန်း တစ်စုံတစ်ခု ပြောရန် ပြင်ဆင်နေစဉ် စနစ်၏ အသိပေးချက်တစ်ခု သူ၏ ရှေ့တွင် ပေါ်လာသည်။
[အမည် : ချူးယုချင်]
[အချက်အလက်: သခင်၏ ဇနီး၊ ချန်ယွမ်ကမ္ဘာ ရှန်ယွဲ့မင်းဆက်မှ မိဖုရားခေါင် ရှန်ဝူ၏ ကိုယ်ပွားတစ်ခု၊ အတိတ်က သခင်သည် သူမ၏ ကျင့်စဉ်အဖော်ဖြစ်ရန် သဘောမတူခဲ့သည့်အတွက် လက်စားချေသည့်အနေဖြင့် သခင်၏ ကျဆုံးခန်းကို မျက်မြင်ကိုယ်တွေ့ ကြည့်ရှုရန် ချူးယုချင်ကို ဖန်တီးခဲ့သည်။ မိဖုရားခေါင် ရှန်ဝူသည် သူမ၏ လက်စားချေမှု ပြီးမြောက်ပြီဟု ယုံကြည်ကာ ယခုအခါ ဤကိုယ်ပွားနှင့် အကြောင်းတရား ဆက်နွှယ်မှုကို ဖြတ်တောက်လိုက်ပြီ ဖြစ်သောကြောင့် ချူးယုချင်သည် အမှန်တကယ် လွတ်လပ်သူ ဖြစ်သွားပြီ ဖြစ်သည်။]
[အမှတ် : ၉၇]
[နှစ်သက်မှု : ၁၀၀]